ကြည်လင်သော အသံ(က)
Vol. 91 Ch. 1408
အနန္တအသိဉာဏ်သည် နတ်ဘုရားများသာ ပိုင်ဆိုင်နိုင်သော နိယာမအစွမ်းတစ်မျိုး ဖြစ်သည်။
အနန္တအသိဉာဏ်ကြောင့် ၎င်းတို့က လျှို့ဝှက်ဆန်းကြယ်ပြီး ရှိန်လောက်ဖွယ်ကောင်းသော စွမ်းရည်များကို ပိုင်ဆိုင်ထားကြသည်။
အမှန်မှာ ကျင့်ကြံသူအများစု၏ နှလုံးသားထဲတွင် နတ်ဘုရားများ၏ အနန္တအသိဉာဏ်သည် ကပ်ဘေးဟု အဓိပ္ပာယ်ရသည်။
အဘယ့်ကြောင့်ဆိုသော် အနန္တအသိဉာဏ်ဖြင့်ဆိုလျှင် အတိတ်နှင့် အနာဂတ်သာမက သူတို့၏ ကံကြမ္မာသည်ပင် ထိန်းချုပ်ခံရလိမ့်မည်။ သူတို့က ယင်းကို မချိုးဖြတ်နိုင်သလို မပြောင်းလဲပစ်နိုင်ပေ။
အတိုင်းအတာတစ်ခုထိဆိုရလျှင် ယင်းကို နယ်ပယ်ဟုလည်း အဓိပ္ပာယ်ဖွဲ့နိုင်သည်။
အသံနတ်ဘုရားအခွင့်အာဏာကို ရွှီချင်းနားမလည်ခင်ကတည်းက နတ်ဘုရားများ၏ အနန္တအသိဉာဏ်အပေါ် သူ၏ နားလည်မှုက ကျင့်ကြံသူအများစုထက် သာလွန်ခဲ့သည်။ သို့သော်လည်း နတ်ဘုရားများဖြင့် နှိုင်းယှဉ်မည်ဆိုလျှင် သူက ယခုမှ ဉာဏ်အလင်းရလာသော ကလေးငယ်တစ်ယောက်မျှသာ ဖြစ်သည်။
ယခု သူက ဤနတ်ဘုရားအခွင့်အာဏာကို ဆင်ခြင်နားလည်ပြီး ထိန်းချုပ်နိုင်သွားသည့်အခါ ယခင်က သူ၏ နားလည်ထားမှုက လုံးဝပြောင်းလဲသွားသည်။
တစ်နည်းဆိုရလျှင် အနန္တအသိဉာဏ်အပေါ် သူ၏ နားလည်မှုက မြင့်မားသော အမြင့်တစ်ခုထိ ရောက်ရှိသွားသည်။
အသံနတ်ဘုရားအခွင့်အာဏာသည် အနန္တအသိဉာဏ်၏ အရေးကြီးသော တစ်စိတ်တစ်ပိုင်းဖြစ်သည်။
ယင်းက အသံအားလုံးကို ထိန်းချုပ်နိုင်သည်။
ယင်းက အနန္တအသိဉာဏ်ဂိတ်တံခါးကို ဖွင့်လှစ်ရန် သော့တစ်ချောင်းဖြစ်သည်။
ဤနတ်ဘုရားအခွင့်အာဏာကို ထိန်းချုပ်နိုင်ခြင်းထက်စာလျှင် ဤသို့ထိန်းချုပ်နိုင်ရန် သူတွေ့ကြုံခဲ့ရသော အရာက ရွှီချင်းအတွက် ပိုပြီးတန်ဖိုးကြီးမားသည်။
ယင်းက သူ့ကို တစ်ခါမှမဖြစ်ပေါ်ဖူးသော ဈာန်ဝင်စားမှုကို ပေးသည်။
‘ ဒီတော့… အဲ့ဒါက နတ်ဘုရားအခွင့်အာဏာကို ’
‘ နတ်ဘုရားအခွင့်အာဏာက ဘဝကို ပိုင်ဆိုင်ထားတယ်… ဒါပေမဲ့ အဲ့ဒါက တကယ်တော့ ဘဝမဟုတ်ဘူး… အဲ့ဒါက လှည့်ပတ်သွားလာနေသော ဒြပ်မဲ့တည်ရှိမှုတစ်ခုနဲ့ ဆင်တူတယ်… မင်းက အဲ့ဒါကို ဆင်ခြင်နားလည်ဖို့ ကြိုးစားတဲ့အခါ အဲ့ဒါက ဘဝရှိလာပြီး မင်းကို ထိန်းချုပ်ဖို့ ကြိုးစားလာလိမ့်မယ်… ဒါပေမဲ့ မင်းက အဲ့ဒါကို ဆင်ခြင်နားလည်မယ့်အစား အာရုံခံကြည့်ဖို့ ကြိုးစားမယ်ဆိုရင် အဲ့ဒါက ဘဝမရှိတော့ဘူး ”
‘ အဲ့ဒါက ဝိရောဓိဖြစ်စရာကောင်းတယ်… အဲ့ဒါကို နားလည်တဲ့ လူတွေက နားလည်နိုင်တယ်… နားမလည်တဲ့ လူတွေက ဘယ်တော့မှ အဲ့ဒါကို နားလည်နိုင်မှာ မဟုတ်ဘူး ’
ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။
နတ်ဘုရားအခွင့်အာဏာကို နားလည်သဘောပေါက်မှုနှင့်အတူ မရေမတွက်နိုင်သော နတ်ဘုရားအဆင့် အသိဉာဏ်ဗဟုသုတများက ရွှီချင်း၏ အသိစိတ်ထဲမှာ ထွက်ပေါ်လာကြသည်။
ထိုအသိဉာဏ်ဗဟုသုတများထဲမှာ ရှေးဟောင်းအငွေ့အသက် ကိန်းအောင်းနေသည်။ ဗဟုသုတတချို့က အသုံးဝင်ပြီး တချို့ဗဟုသုတများသည်တော့ ရှုပ်ထွေးပြီး နားလည်ရခက်ခဲသည်။ သို့သော်လည်း မည်သို့ဖြစ်ပါစေ ထိုဗဟုသုတများ၏ အဓိကလုပ်ဆောင်မှုက သူ့ကို အသိပေးရန် ဖြစ်သည်။
ယင်းက ဤနတ်ဘုရားအခွင့်အာဏာကို အသုံးပြုရန် အရည်အချင်းပြည့်မီသူများကို ယင်းအား မည်သို့အသုံးပြုနိုင်ကြောင်း ပြောပြပေးနေသည်။
ထိုသတင်းအချက်အလက်သည် သဘာဝအလျောက် မြင်တွေ့နိုင်သောအရာ မဟုတ်ချေ။ ယင်းက ဖရိုဖရဲဖြစ်သော စိတ်ဆန္ဒတစ်ခု ဖြစ်သည်။ ယင်းက ဤနတ်ဘုရားအခွင့်အာဏာအား အသုံးပြုရန် အရည်အချင်းပြည့်မီသော လူတိုင်း၏ အသိစိတ်ပင်လယ်ထဲမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ယင်းက ပင်ကိုယ်ဗီဇအလျောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
နားလည်ခြင်းနှင့် ယင်းကို ကျွမ်းကျင်ခြင်းသည် ရှည်လျားသော လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။
ဤနတ်ဘုရားအခွင့်အာဏာကို အသုံးပြုရန် အရည်အချင်းပြည့်မီသူများသည် ယင်း၏ အနှစ်သာရကို ဖမ်းဆုပ်မိပြီး ယင်းကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သော တစ်ဦးတည်းသောသူ ဖြစ်လာသည့်အခါ တခြားနတ်ဘုရားများထံမှ ဤနတ်ဘုရားအခွင့်အာဏာနှင့် သက်ဆိုင်သော သတင်းအချက်အလက်များက အလိုအလျောက် ဖယ်ရှားခံရလိမ့်မည်။
ယင်းက နတ်ဘုရား၏ နတ်ဘုရားအခွင့်အာဏာ အဆင့်မြင့်တတ်မှု ဖြစ်သည်။ အတိအကျဆိုရလျှင် ယင်းက နတ်ဘုရားကျင့်ကြံခြင်း၏ အရေးကြီးဆုံး အဓိကကျောရိုးမ ဖြစ်သည်။
“ နတ်ဘုရားသက်ရှိတွေက နတ်ဘုရားအရင်းအမြစ်တွေကို စုဆောင်းရတယ်… နတ်ဘုရားအရင်းအမြစ်ရဲ့ သိပ်သည်းမှုက အဆင့်တစ်ခုထိ ရောက်ရှိသွားတဲ့အခါ သူတို့က နတ်ဘုရားမီးတောက်ကို ထွန်းညှိနိုင်ပြီး နတ်ဘုရားတစ်ပါးဖြစ်လာလိမ့်မယ် ”
“ အဲ့ဒီအခါကျရင် အရင်က သူတို့စုဆောင်းခဲ့တဲ့ နတ်ဘုရားအရင်းအမြစ်တွေ၊ ဆင်ခြင်နားလည်မှုတွေနဲ့ သူတို့ရဲ့ နတ်ဘုရားအသိဉာဏ်ပေါ်မူတည်ပြီး နတ်ဘုရားအခွင့်အာဏာတစ်ခုကို ရေးတေးတေး နားလည်လာလိမ့်မယ်… အဲ့ဒီနောက် သူတို့က နတ်ဘုရားအခွင့်အာဏာကို အသုံးပြုဖို့ အရည်အချင်းပြည့်မီလာလိမ့်မယ် ”
“ နတ်ဘုရားအခွင့်အာဏာရဲ့ အနှစ်သာရကို ဖမ်းဆုပ်မိပြီး နားလည်နိုင်ဖို့က နတ်ဘုရားမီးတောက်အဆင့်ရဲ့ အဓိကရည်ရွယ်ချက်ပဲ… အဲ့ဒီအဆင့်က ခက်ခဲပြီး အန္တရာယ်များတယ်… တကယ်လို့ အဲ့ဒါကို ဖမ်းဆုပ်မိပြီဆိုရင် မင်းက နတ်ဘုရားယဇ်ပလ္လင်အဆင့်ကို တတ်လှမ်းနိုင်လိမ့်မယ် ”
“ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ရဲ့ နတ်ဘုရားသုံးပါးက နတ်ဘုရားနယ်မြေရဲ့ အဆင့်တတ်တဲ့စွမ်းအားကို ငှားယူပြီး ပြစ်ချက်မဲ့အဆင့်ကို တတ်လှမ်းသွားကြတယ်… အခု ငါနားလည်သွားတဲ့ ပုံစံအရဆိုရင် နတ်ဘုရားနယ်မြေရဲ့ အဆင့်တတ်တဲ့စွမ်းအားက သူတို့ကို သက်ဆိုင်ရာနတ်ဘုရားအခွင့်အာဏာတွေရဲ့ အနှစ်သာရကို ဖမ်းဆုပ်နိုင်အောင် ကူညီပေးလိုက်တာ ဖြစ်မယ် ”
“ အခု သူတို့အတွက် နတ်ဘုရားယဇ်ပလ္လင်အဆင့်ဆီ လမ်းကြောင်းက ပွင့်သွားပြီ… ဆိုလိုတာက သူတို့က ဒီအဆင့်ကို ပြီးမြောက်တော့မယ်… သူတို့က သူတို့ရဲ့ နတ်ဘုရားအခွင့်အာဏာတွေကို ပြီးပြည့်စုံလုနီးပါး နားလည်သွားပြီး အနှစ်သာရကို ဖမ်းဆုပ်နိုင်သွားကြပြီ ”
“ ဧကရီကျတော့… သူက အထွတ်အထိပ် အုပ်ချုပ်သူအဆင့်နဲ့ လူသားမျိုးနွယ်ရဲ့ ကမ္မစွမ်းအားကို အသုံးပြုပြီး ခြေတစ်လှမ်းတည်းနဲ့ နတ်ဘုရားယဇ်ပလ္လင်အဆင့်ကို ရောက်သွားတယ်… ဆိုလိုတာက သူက နတ်ဘုရားအခွင့်အာဏာကို အသုံးပြုနိုင်တဲ့ အဆင့်ကို ကျော်လွှားပြီး အဲ့ဒါကို တိုက်ရိုက် ထိန်းချုပ်နိုင်သွားတယ် ”
“ နတ်ဘုရားယဇ်ပလ္လင်အဆင့်ကို ရောက်ဖို့ အရမ်းခက်တယ်… ပြိုင်ဘက်ကင်းပါရမီရှင်တွေတောင် အုပ်ချုပ်သူအဆင့်က ဒီအဆင့်ကို ပြီးမြောက်ဖို့အတွက် အခြေခံအုတ်မြစ်တစ်ခုပဲ… အခုပုံစံအရဆိုရင် ဧကရီက ဟိုးအရင်ကတည်းက နတ်ဘုရားအခွင့်အာဏာတွေကို စတင်လေ့လာခဲ့တာ ဖြစ်မယ်… ဖြစ်နိုင်တာက အာရုဏ်ဦးနေမင်းက အဲ့ဒါကြောင့် ထွက်ပေါ်လာတာ ဖြစ်နိုင်တယ် ”
“ ဒါကြောင့်မို့လို့ သူက နတ်ဘုရားယဇ်ပလ္လင်အဆင့်ကို ခြေချနိုင်သွားတာ ”
“ ပြီးတော့ အစစ်အမှန်နတ်ဘုရားက နွေဦးအင်မော်တယ်နဲ့ အဆင့်တူညီတယ်… သူတို့က ကိုယ်ပိုင်နတ်ဘုရားအခွင့်အာဏာတွေကို အမှန်တကယ် ထိန်းချုပ်နိုင်ကြတဲ့သူတွေပဲ… ဒါကြောင့်မို့လို့ သူတို့ရဲ့ နာမည်မှာ အစစ်အမှန်ဆိုတဲ့ စကားလုံး ပါဝင်နေတာ ”
ရွှီချင်းက နားလည်သွားသည်။
သူက နတ်ဘုရားအသိဉာဏ်များမှတဆင့် ဉာဏ်အလင်းပွင့်သွားသည်။ သူ၏ နားလည်မှုက မှန်ကန်နိုင်သော်လည်း ထိုထဲမှာ ပြစ်ချက်တချို့ရှိနေကြောင်း သူသေချာသည်။
အသေးစိတ်ကိုတော့ အနာဂတ်မှာ သူက အတည်ပြုရလိမ့်မည်။
သို့သော်လည်း သူသေချာနားလည်သွားသော တစ်စုံတစ်ခုရှိသည်။ ထို့ပြင် ယင်းက ယခင်ထက် ပိုပြီးရှင်းလင်းလာသည်။
“ နတ်ဘုရားသက်ရှိတွေက ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူတွေနဲ့ ဆင်တူတယ် ”
“ နတ်ဘုရားမီးတောက်ရဲ့ မတူညီတဲ့ အဆင့်တွေက အုပ်ချုပ်သူရဲ့ မတူညီတဲ့ အဆင့်တွေနဲ့ တူညီတယ် ”
“ နတ်ဘုရားယဇ်ပလ္လင်အဆင့်က ခြေလှမ်းဝက်အင်မော်တယ်တွေနဲ့ တိုက်ခိုက်နိုင်တယ် ”
“ အစစ်အမှန်နတ်ဘုရားက နွေဦးအင်မော်တယ်နဲ့ နှိုင်းယှဉ်နိုင်တယ် ”
“ အစစ်အမှန်နတ်ဘုရားရဲ့ အထက်၊ နွေဦးအင်မော်တယ်ရဲ့ အလွန်က နတ်ဘုရားတွေနဲ့ အင်မော်တယ်တွေအားလုံး ရှာဖွေနေကြတဲ့ လမ်းစဉ်ပဲ… ကံမကောင်းစွာပဲ နတ်ဘုရားကျင့်ကြံခြင်းမှာပဲ အစစ်အမှန်နတ်ဘုရားထက် သာလွန်တဲ့ အဆင့်ရှိတယ်… အဲ့ဒါကို နတ်ဘုရားအရှင်သခင်လို့ ခေါ်တယ် ”
“ အင်မော်တယ်ကျင့်ကြံခြင်းမှာတော့ နွေဦးအင်မော်တယ်ထက် ပိုမြင့်တဲ့အဆင့်ကို ဘယ်သူမှ မရောက်ဖူးတဲ့ပုံပဲ… အရာအားလုံးကို ကိုယ့်ဘာသာ စူးစမ်းရှာဖွေရတယ်… ဒါကြောင့် လျှောက်လှမ်းတဲ့လူတွေရဲ့ မူလဇစ်မြစ်ပေါ်မူတည်ပြီး လမ်းစဉ်တွေက ကွဲပြားသွားကြတယ် ”
“ အတိတ်မှာ နွေဦးအင်မော်တယ်တွေ ပျောက်ကွယ်သွားရတဲ့ အကြောင်းအရင်းက အဆင့်တတ်ဖို့အတွက် နည်းလမ်းကို လိုက်ရှာဖွေနေကြတာ ဖြစ်မယ် ”
“ ပြီးတော့ နောက်ထပ် အကြောင်းအရင်းက ဒီကြယ်တာရာကောင်းကင်က နတ်ဘုရားတွေအတွက် ဖြစ်နေလို့ပဲ ”
ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး မျက်လုံးဖွင့်လိုက်ကာ သူ့အရှေ့မှ ကျောက်စိမ်းနက်ကို စိုက်ကြည့်လိုက်သည်။
ဤအခိုက်အတန့်မှာ ကျောက်စိမ်းနက်ပေါ်တွင် အက်ကွဲကြောင်းများက ပိုမိုများပြားလာကြသည်။ အဆုံးမှာတော့ ကျောက်စိမ်းနက်သည် ဖုန်မှုန့်သို့ ပြောင်းလဲသွားပြီး လွင့်ပြယ်သွားသည်။
“ အသံနတ်ဘုရားအခွင့်အာဏာကို နတ်ဘုရားအများကြီးက ပိုင်ဆိုင်ထားတာက စိတ်မကောင်းစရာပဲ… ဒါက အသုံးပြုသူအများဆုံး နတ်ဘုရားအခွင့်အာဏာတွေထဲက တစ်ခုပဲ ”
“ တူညီတဲ့ နတ်ဘုရားအခွင့်အာဏာတစ်ခုကို နတ်ဘုရားအများအပြားက ပိုင်ဆိုင်ထားမယ်ဆိုရင် အဲ့ဒီနတ်ဘုရားအခွင့်အာဏာရဲ့ စွမ်းအားက လျော့ကျသွားလိမ့်မယ် ”
“ ဒါပေမဲ့ ဒီနတ်ဘုရားအခွင့်အာဏာကို နတ်ဘုရားတစ်ပါးတည်းကပဲ ပိုင်ဆိုင်ထားမယ်ဆိုရင်တော့ အဲ့ဒါက အရမ်းကြောက်စရာကောင်းတဲ့ နတ်ဘုရားအစွမ်းကို ပေးလိမ့်မယ် ”
ရွှီချင်းက အတွေးနက်သွားသည်။ သူက ဖြည်းညင်းစွာ မျက်လုံးမှိတ်လိုက်ပြီး သူ၏ ဗလာနတ္ထိကုန်းမြေထဲမှ ပဉ္စမမြောက်နတ်ဘုရားအခွင့်အာဏာအပေါ် စိတ်နှစ်ထားလိုက်သည်။
နတ်ဘုရားအရင်းအမြစ်က သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာပြီး တူတစ်လက်သို့ အသွင်ပြောင်းလဲသွားကာ နတ်ဘုရားအမှတ်အသားပေါ်သို့ ထုချလိုက်သည်။
ခေါင်းလောင်းမြည်သံသည် ရွှီချင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ သို့သော်လည်း ထိုအသံက အပြင်သို့ မပျံ့လွင့်သွားပေ။
အပြင်သို့ ပျံ့လွင့်သွားသည်မှာ ကြည်လင်ပြီး အာရုံမခံနိုင်သော လှိုင်းတစ်ခုဖြစ်သည်။
ရွှီချင်း၏ ခန္ဓာကိုယ်ကို ဗဟိုထား၍ ထိုလှိုင်းက အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပျံ့လွင့်သွားသည်။ ယင်းက စေတီအပျက်ကို ချက်ချင်း ဖြတ်သန်းသွားပြီး လျှိုမြောင်တစ်ခုလုံးသာမက အကန့်အသတ်မဲ့သော တားမြစ်ပင်လယ်အထိ ပျံ့လွင့်သွားသည်။