← Chapters

အခွင့်အာဏာ၏ အရင်းအမြစ်(က)

Vol. 102 Ch. 1570

အခွင့်အာဏာ၏ အရင်းအမြစ်(က)

Vol. 102 Ch. 1570

မြို့အပြင်ဘက်တွင် ရွှီချင်းနှင့် သက်လတ်ပိုင်းအမျိုးသားက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

မိုးရေစက်များက လေထဲမှာ လွင့်မျောနေကြပြီး စူးရှသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ထုတ်လွှတ်နေကြသည်။

မိုးရေကန့်လန့်ကာအောက်တွင် ပုံရိပ်နှစ်ခုက ပြင်းထန်သော အားပြိုင်မှုကို ဖွဲ့စည်းနေကြသည်။

တစ်ယောက်က ပြိုင်ဘက်ကင်းအောင် ချောမောခန့်ညားပြီး လေထဲမှာ မျောလွင့်နေသည်။ သူ၏ မျက်လုံးထဲမှာ ထူးဆန်းသော အလင်းရောင်က မှိတ်တုတ်မှိတ်တုတ် လင်းလက်နေပြီး သူ၏ ဆံပင်ရှည်က တဖျပ်ဖျပ်လှုပ်ခတ်နေသည်။

တခြားတစ်ယောက်က မီးခိုးဖြူရောင်ဆံပင်နှင့် သက်လတ်ပိုင်းအမျိုးသားဖြစ်သည်။ သူ၏ မျက်နှာက ကျက်သရေရှိသော်လည်း သူ၏ အမူအရာက အနည်းငယ် သုန်မှုန်နေသည်။

သူတို့ကြားတွင် မြို့ဂိတ်တံခါးက စည်းခြားထားသည်။

မိုးရေစက်များက ထက်ရှသော ဓားများသဖွယ် ဖွဲ့စည်းနေကြသည်။ ရွှီချင်းက လက်မြှောက်လိုက်သည့်အခါ မိုးရေဓားများက မြို့ထဲမှ သက်လတ်ပိုင်းအမျိုးသားကို ပစ်မှတ်ထားလိုက်ကြသည်။

အချိန်က ဤအခိုက်အတန့်မှာ ရပ်တန့်သွားဟန် ရ၏။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည်သာ နှစ်ဖက်စလုံးထံမှ မြှောက်တတ်လာသည်။

မည်သည့်ဘက်ကမှ ချက်ချင်း တိုက်ခိုက်ရန် မရွေးချယ်ပေ။

ရွှီချင်းက လေ့လာစောင့်ကြည့်နေသည်။ ဤသည်မှာ တခြားတစ်ယောက်၏ တာအိုအမှတ်အသားများကို ပထမဆုံးအကြိမ် သူထိန်းချုပ်ဖူးခြင်း ဖြစ်သည်။ သူ၏ အတွေးများကို အတည်ပြုနိုင်ရန် တစ်ဖက်လူက ပိုပြီးလှုပ်ရှားရလိမ့်မည်။

သက်လတ်ပိုင်းအမျိုးသားသည်လည်း လေ့လာစောင့်ကြည့်နေသည်။ ထို့ပြင် သူက မိုးရေထဲမှ ဘေးပတ်ဝန်းကျင်ကိုလည်း လေ့လာစောင့်ကြည့်နေသည်။

ဤမိုးအခွင့်အာဏာသည် သူ၏ တာအိုအမှတ်အသားများမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ အမှတ်ငါးကြယ်တာရာစက်ဝန်းမှ ကျင့်ကြံသူတစ်ယောက်အနေဖြင့် သူက အုပ်ချုပ်သူအဆင့်သို့ မတတ်လှမ်းမီ တိုက်ပွဲပေါင်းများစွာကို ဆင်နွှဲခဲ့ဖူးသည်။

သူက တိုက်ပွဲများစွာကို တိုက်ခိုက်ခဲ့ပြီး သူ၏ ထူးချွန်ပြောင်မြောက်သော အရည်အချင်းကို အမှီပြု၍ အုပ်ချုပ်သူအဆင့်သို့ အတင်းအဓမ္မ တတ်လှမ်းနိုင်ခဲ့သည်။

အုပ်ချုပ်သူအဆင့်သို့ တတ်လှမ်းပြီးနောက် သူ၏ ကျင့်ကြံခြင်းအုတ်မြစ်ကို မပျိုးထောင်နိုင်ခင် အစွမ်းထက် ရန်သူတစ်ယောက်ဖြင့် သူတွေ့ဆုံခဲ့သည်။

ထိုတိုက်ပွဲတွင် သူက ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့ပြီး ကံကောင်းထောက်မ၍ လွတ်မြောက်သွားခဲ့သည်။ သို့သော်လည်း သူ၏ ဒဏ်ရာများက အလွန်ဆိုးဝါးသောကြောင့် သူ၏ ကျင့်ကြံခြင်းလမ်းစဉ်က ဖြတ်တောက်ခံလိုက်ရသည်။

ထို့နောက် သူက စိတ်ဓာတ်ကျသွားပြီး ဤနယ်စွန်နယ်ဖျားမှာ အခြေချခဲ့သည်။

ဤတစ်ကြိမ်တွင် သူက အမဲလိုက်ပွဲတော်မှာ ပါဝင်ရန် စိတ်ဓာတ်ပြတ်သားစွာ ဆုံးဖြတ်ချက်ချခဲ့သည်။ အမှန်မှာ သူက ထိုသို့ဆုံးဖြတ်ရန် အချိန်အကြာကြီး စဉ်းစားခဲ့ရသည်။

သို့သော်လည်း သူ၏ ပထမဆုံးတိုက်ပွဲမှာ ဤသို့အခြေအနေဖြင့် တွေ့ကြုံရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

သူက အုပ်ချုပ်သူဖြစ်လာပြီးနောက် တိုက်ပွဲအများကြီးကို မဆင်နွှဲခဲ့ဖူးသော်လည်း ဤသို့အလားတူအခြေအနေကို ကြားဖူးနားဝရှိသည်။

ယေဘုယျအားဖြင့် အခွင့်အာဏာတူညီသော ရန်သူဖြင့် ရင်ဆိုင်ရသည့်အခါ အခွင့်အာဏာအပေါ် နက်ရှိုင်းစွာ ပိုပြီးနားလည်ထားသူက ပိုပြီးအားသာချက်ရှိလိမ့်မည်။

“ အခွင့်အာဏာက အင်မော်တယ်သန္ဓေသားလောင်းကို ဖွဲ့စည်းပေးတဲ့ အင်မော်တယ်တာအိုကနေ ဆင်းသက်လာတာ ဖြစ်တယ် ”

“ အင်မော်တယ်တာအိုက ကောင်းကင်ဘုံတာအိုနဲ့ ဆင်တူပေမဲ့ ဒြပ်ထည်မရှိဘူး… အဲ့ဒါက ဒြပ်မဲ့တည်ရှိမှုတစ်ခုပဲ… အဲ့ဒါက နတ်ဘုရားတွေ ပိုင်ဆိုင်ထားတဲ့ ကြယ်တာရာစက်ဝန်းရဲ့ စွမ်းအားကို ကျင့်ကြံသူတွေအတွက် လုယက်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုပဲ ”

“ ကြယ်တာရာစက်ဝန်းတစ်ခုစီက တမူထူးခြားပြီး လျှို့ဝှက်ဆန်းကြယ်တယ်… ကြယ်တာရာစက်ဝန်းထဲက စွမ်းအင်သဲလွန်စတွေက နတ်ဘုရားတွေနဲ့ တိုက်ရိုက် ဆက်သွယ်နေတယ်… နတ်ဘုရားတစ်ပါးက အဲ့ဒီသဲလွန်စတွေကို အာရုံခံနိုင်တဲ့အခါ အဲ့ဒါတွေက နတ်ဘုရားအခွင့်အာဏာတွေ ဖြစ်လာလိမ့်မယ် ”

“ ပုံမှန်ဆိုရင် ကျင့်ကြံသူတွေက အဲ့ဒီအစွမ်းကို မပိုင်ဆိုင်နိုင်ကြဘူး… ဒါပေမဲ့ အင်မော်တယ်သန္ဓေသားလောင်းကို ဖွဲ့စည်းတဲ့ အတောအတွင်း ကျင့်ကြံသူတွေက အဲ့ဒါကို နတ်ဘုရားတွေနည်းတူ စုပ်ယူနိုင်ကြတယ်… ပြီးသွားရင် အဲ့ဒါကို သူတို့ရဲ့ မူလဇစ်မြစ်ထဲမှာ ပေါင်းစပ်လိမ့်မယ် ”

“ ဒါကြောင့် အခွင့်အာဏာတူညီတဲ့ တခြားလူတွေနဲ့ တွေ့ဆုံတာက မဖြစ်နိုင်တဲ့အရာ မဟုတ်ဘူး ”

သတ်လတ်ပိုင်းအမျိုးသားက စဉ်းစားတွေးတောလိုက်သည်။ သူက စိတ်အေးအေး ထားလိုက်သည့်အခါ စူးရှသော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ဒီလိုအခြေအနေကို အရင်က တစ်ခါမှ ငါမတွေ့ကြုံဖူးဘူးဆိုပေမဲ့ အဲ့ဒါကို မချိုးဖြတ်နိုင်တာတော့ မဟုတ်ဘူး… ဘာပဲပြောပြော သူက ဝိညာဉ်စုစည်းခြင်းအဆင့်မှာပဲ ရှိသေးတယ်… အုပ်ချုပ်သူတစ်ပါး မဟုတ်ဘူး… တကယ်လို့ သူက ကောင်းကင်အရွေးချယ်ခံဖြစ်ရင်တောင် သူ့ရဲ့ လုပ်နိုင်စွမ်းမှာ သေချာပေါက် အကန့်အသတ်ရှိရမယ် ”

နောက်အခိုက်အတန့်မှာ သက်လတ်ပိုင်းအမျိုးသားက အရင်ဆုံး လှုပ်ရှားလိုက်သည်။

သူက ညာလက်ကို ရုတ်တရက် မြှောက်လိုက်ပြီး သူ၏ ရင်ဘက်ကို အကြင်နာမဲ့စွာ ထိုးစိုက်လိုက်သည်။

မိုးခြိမ်းသံပမာ ကျယ်လောင်သော မြည်သံက ပဲ့တင်ထပ်သွားသည်။

သူ၏ တစ်ကိုယ်လုံးက တုန်ယင်သွားပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှ အပေါက်များထဲမှ သွေးစီးကျလာသည်။

သွေးစီးကျလာသည်နှင့်ချက်ချင်း ယင်းက မိုးရေထဲသို့ ချက်ချင်း ပေါင်းစပ်သွားသည်။ မျက်တောင်တစ်ခတ်အတွင်းမှာ မိုးက သွေးမိုးအဖြစ် ပြောင်းလဲသွားသည်။

တစ်ချိန်တည်းမှာ သူ၏ စိတ်ဆန္ဒက သွေးမြူခိုးကြောင့် ပိုပြီးအားကောင်းလာသည်။

သူက သွေးမြူခိုးကို ကြားခံနယ်အဖြစ် အသုံးပြုလိုက်ပြီး သွေးမိုးကို ထိန်းချုပ်လိုက်သည်။ သူက သူ့ကိုယ်ပိုင်သွေးကို အသုံးပြု၍ ရွှီချင်း၏ ထိန်းချုပ်မှုကို တွန်းလှန်လိုက်ပြီး သူ၏ အခွင့်အာဏာကို ပြန်လည်ရယူလိုက်သည်။

သို့သော်လည်း သူက အပြည့်အဝ မအောင်မြင်ခဲ့ပေ။

ရွှီချင်း၏ အန္တိမရေဒြပ်စင်က ပိုပြီးထူးခြားဟန် ရ၏။ သွေးကြောင့် သူ၏ စိတ်ဆန္ဒက ပိုပြီးအားကောင်းလာသည့်တိုင် သက်လတ်ပိုင်းအမျိုးသားက မိုးအခွင့်အာဏာကို တစ်ဝက်သာ ပြန်ထိန်းချုပ်နိုင်သွားသည်။

နောက်အခိုက်အတန့်မှာ မိုးရေကန့်လန့်ကာက ရွှီချင်းနှင့် သက်လတ်ပိုင်းအမျိုးသားကြားတွင် နှစ်ပိုင်းကွဲထွက်သွားသည်။

မြို့၏ ဂိတ်တံခါးအတွင်းဘက်မှ လေထဲမှာ သွေးမိုးဖြင့် ပြည့်နှက်နေသည်။ သွေးညှီနံ့က လေထဲမှာ လှိုင်လှိုင်သင်းနေသည်။

ဂိတ်တံခါး၏ အပြင်ဘက်တွင်တော့ မိုးရေက ကြည်လင်သန့်ရှင်းသည်။

မျက်စိတစ်မှိတ်အတွင်းမှာ မိုးရေစက်များက ထက်ရှသော ဓားများ၊ ရုပ်သေးရုပ်များနှင့် ရေတာအိုမန္တန်များအဖြစ် ပြောင်းလဲသွားကြသည်။

အဝေးမှ လှမ်းကြည့်လျှင် မိုးရေစစ်တပ်နှစ်ခုက ထိပ်တိုက် တိုက်ခိုက်နေကြဟန် ရသည်။

ကျယ်လောင်သော မြည်သံက လောကကို တိုက်ရိုက် တုန်လှုပ်သွားစေသည်။ ကောင်းကင်က အရောင်ပြောင်းလဲသွားပြီး မြေပြင်က တုန်လှုပ်သွားသည်။ မြို့ထဲမှ မရေမတွက်နိုင်သော ကျင့်ကြံသူများက ထိတ်လန့်ချောက်ချားသွားကြသည်။ မြို့၏ ဂိတ်တံခါးသည်တော့ အပိုင်းပိုင်းအစစ အက်ကွဲသွားပြီး ဖုန်မှုန့်သို့ ပြောင်းလဲသွားသည်။

ရွှီချင်းနှင့် သက်လတ်ပိုင်းအမျိုးသားသည်တော့ တန်ပြန်သက်ရောက်အားကို အသီးသီး ခံစားလိုက်ကြရသည်။

သူတို့နှစ်ယောက်စလုံး အနောက်ဆုတ်သွားကြသည်။

သို့သော်လည်း သူတို့၏ အမူအရာက ကွဲပြားခြားနားကြသည်။

သက်လတ်ပိုင်းအမျိုးသား၏ အမူအရာက ပိုပြီးအရုပ်ဆိုးသွားသည်။

ရွှီချင်းသည်တော့ သူ၏ အကြည့်ထဲမှာ တိုက်ပွဲစိတ်ဆန္ဒဖြင့် ပြည့်နှက်နေသည်။

အစောနက သူက ချက်ချင်း မတိုက်ခိုက်ခဲ့ခြင်းမှာ သတင်းအချက်အလက် စုဆောင်းချင်ပြီး သူ၏ အတွေးကို အတည်ပြုချင်သောကြောင့် ဖြစ်သည်။

ဤအခိုက်အတန့်မှာ သူက တစ်စုံတစ်ခုကို အတည်ပြုနိုင်သွားသည်။ သူ၏ အန္တိမတာအိုခုနစ်ခုကို အခွင့်အာဏာများအဖြစ် ရှုမြင်ခြင်းက မှန်ကန်ကြောင်း သူအာရုံခံမိသွားသည်။

ထို့ပြင် အစောနက တိုက်ခိုက်မှုမှတဆင့် ရေဒြပ်စင်မှ ထုတ်လွှတ်နေသော လိုအင်ဆန္ဒကိုလည်း သူအာရုံခံမိသွားသည်။

“ ဒီလူရဲ့ မိုးအခွင့်အာဏာကို ဝါးမျိုပြီး အဲ့ဒါကို ငါ့ရဲ့ ရေဒြပ်စင်အတွက် အာဟာရဖြည့်ပေးနိုင်တယ် ”

စူးရှသော အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

မြို့ထဲမှ သက်လတ်ပိုင်းအမျိုးသားက ဝိညာဉ်သတ္ထုတွင်းထဲမှာ သူတွေ့ဆုံခဲ့သော အုပ်ချုပ်သူထက် ပိုပြီးအားနည်းကြောင်းကိုလည်း ခန့်မှန်းနိုင်ခဲ့သည်။

ရွှီချင်း၏ ခန့်မှန်းမှုအရ ဝိညာဉ်သတ္ထုတွင်းကို စောင့်ကြပ်ပေးနေသော အုပ်ချုပ်သူသည် အလယ်အလတ်အဆင့် အုပ်ချုပ်သူနှင့် အလွန်နီးကပ်နေသူ ဖြစ်ရမည်။ သူက အစောပိုင်းအုပ်ချုပ်သူအဆင့်၏ အထွတ်အထိပ်မှာ ဖြစ်သည်။

သူ၏ အရှေ့မှ သက်လတ်ပိုင်းအမျိုးသားသည်တော့ သူ၏ ခန္ဓာကိုယ်ထဲမှာ ဒဏ်ရာဟောင်းများ ရှိနေဟန် ရ၏။ သို့ဖြစ်၍ သူ၏ တိုက်ပွဲစွမ်းအားက အတော်လေး အားနည်းသည်။

“ ဒီလူက အုပ်ချုပ်သူအဆင့်ကို မကြာသေးခင်ကမှ အဆင့်တတ်ခဲ့တာလား ဒါမှမဟုတ် သူ့မှာ ဒဏ်ရာဟောင်းတွေ ရှိနေတာလား ”

“ ဒါဆိုရင် ဒီလူကို သတ်ဖို့အတွက်… အဖိုးကိုးရဲ့ ဓားစွမ်းအင်ကို ငါမလိုလောက်ဘူး ”

ထိုသို့တွေးမိသောအခါ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ရွှီချင်း၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သူက ခန္ဓာကိုယ်ကို ရွေ့လျားလိုက်ပြီး သက်လတ်ပိုင်းအမျိုးသားဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။

သူ၏ ခန္ဓာကိုယ်ထဲမှ ဒြပ်စင်ငါးမျိုးတာအိုက ချက်ချင်း ပေါက်ကွဲထွက်လာသည်။

ချက်ချင်းဆိုသလို ထူးဆန်းသော သဘာဝလွန် အဖြစ်အပျက်တစ်ခုက သူ၏ ဘေးပတ်ပတ်လည်မှာ ထွက်ပေါ်လာသည်။

မြေပြင်က ပရမ်းပတာ လှုပ်ခတ်သွားပြီး မြေကြီးစွမ်းအားက အရူးအမူး ထွက်ပေါ်လာသည်။ ဤသည်မှာ မြေကြီးက ထိုအခိုက်အတန့်မှာ နိုးထလာသည့်အလားပင်။ မြေပြင်နှင့် တောင်တန်းများက ပရမ်းပတာ တုန်လှုပ်သွားကြသည်။

All Chapters