← Chapters

ကလေးကို လွှတ်ပေးပါနော်

Vol. 61 Ch. 957

ကလေးကို လွှတ်ပေးပါနော်

Vol. 61 Ch. 957

ရွှီချင်း၏ အသံသည် လောကတစ်ခွင် ပဲ့တင်ထပ်သွားသည်။ အနက်ရောင်မုန်တိုင်းသည် ဝုန်းခနဲ မြည်ဟိန်းသွားပြီး ထိုဧရိယာတစ်ဝိုက်ကို လွှမ်းခြုံသွားသည်။ ထို့နောက် မိုးကြိုးသွားများသည် မုန်တိုင်းနောက်မှ လိုက်ပါလာပြီး လျှပ်စီးစက်ကွင်းများကို မြေပြင်တစ်လျှောက် ပျံ့နှံ့သွားစေသည်။

မုန်တိုင်း၏ အရှိန်အဟုန်သည် အလွန်အံ့ဖွယ်ကောင်းပြီး ကောင်းကင်နှင့် မြေပြင်သည်ပင် အရောင်ပြောင်းလဲသွားရသည်။

အရိပ်လေးသည် ထိုအခိုက်အတန့်မှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေသည်။

၎င်း၏ နှလုံးသားသည် လှုပ်ခါလာသည်။

ဤအခိုက်အတန့်မှာ ယခင်က ၎င်းလုပ်ဆောင်ခဲ့သော ကြိုးစားအားထုတ်မှုများနှင့် အပင်ပန်းခံမှုများသည် ထိုက်တန်သည်ဟု ခံစားမိသွားသည်။ သခင်သည် ၎င်းအပေါ် လက်မလျော့ခဲ့ပေ။

၎င်းကို ချုပ်နှောင်ထားကြသော ဝတ်ရုံဖြူကျင့်ကြံသူအုပ်စုထဲမှာ သုံးယောက်သည် ဝိညာဉ်နတ်သူငယ်အဆင့်ဖြစ်ပြီး အဖွဲ့ခေါင်းဆောင်သည် တာအိုပျိုးထောင်ခြင်း ဝိညာဉ်သိုက်အဆင့် ကျင့်ကြံသူ ဖြစ်သည်။

သို့တိုင် သခင်သည် ၎င်းကို ကယ်တင်ရန် ရွေးချယ်ခဲ့သည်။

သို့ဖြစ်၍ ၎င်းက ကျေးဇူးတင်ခြင်း၊ ဝမ်းနည်းပူဆွေးခြင်းနှင့် အသည်းခိုက်အောင် နာကျင်သော စိတ်ခံစားချက်များကို အမြန်ပို့လွှတ်လိုက်သည်။ ၎င်းက ပိုပြီးပြင်းထန်စွာ ရုန်းကန်လာသည်။

မုန်တိုင်းထဲမှ ဝေဝါးဝါးပုံရိပ်သည် တစ်လှမ်းချင်း လျှောက်လှမ်းလာသည်။ သူက နီးကပ်လာသည်နှင့်အမျှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားသည် ပိုပြီးပြင်းထန်လာသည်။

အဖြူရောင်သည် အစိမ်းရောင်သဲကန္တာရထဲမှ မုန်တိုင်းများထဲမှာ မကြာခဏ ထွက်ပေါ်လာတတ်သည်။ သို့သော်လည်း အနက်ရောင်က ပေါ်ထွက်မလာခဲ့သည်မှာ နှစ်ပေါင်းရာချီကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း ဤအခိုက်အတန်မှာ အနက်ရောင်မုန်တိုင်းသည် ဝတ်ရုံဖြူအုပ်စု၏ မျက်စိအောက်မှာ အထင်အရှား ရှိနေသည်။ သူတို့သည် မအံ့ဩဘဲ မနေနိုင်ကြပေ။

အထူးသဖြင့် ဒုဓလီပန်းသော်လည်းကောင်း သို့မဟုတ် သဲမှုန်သော်လည်းကောင်း မုန်တိုင်းအနားသို့ ချဉ်းကပ်သွားသည်နှင့် ချက်ချင်း အရောင်ပြောင်းလဲသွားပြီး အနက်ရောင်မုန်တိုင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်လာကြောင်း အာရုံခံမိသွားသည့်အခါ ဖြစ်သည်။

ဤသည်မှာ ဒဏ္ဍာရီလာ အနက်ရောင်လေနှင့် တစ်ပုံစံတည်း တူညီသည်။

လူတိုင်းသည် ထိတ်လန့်သွားကြပြီး မုန်တိုင်းထဲမှ ဝေဝါးဝါးပုံရိပ်ကို ကြည့်လိုက်ကြသည်။ တချို့သည် မသိစိတ်မှ အလိုအလျောက် အနောက်ဆုတ်သွားကြသည်။

သူတို့၏ မျိုးနွယ်သည် တခြားမျိုးနွယ်များနှင့် ခြားနားပြီး ကန္တာရကို ကာကွယ်ရန် တာဝန်ရှိသည်။ အစိမ်းရောင်သဲကန္တာရထဲမှ သားရိုင်းကောင်အများစုသည် သူတို့၏ အိမ်မွေးသတ္တဝါများ ဖြစ်ကြသည်။

ထို့ကြောင့် သူတို့က အရိပ်လေးကို ပစ်မှတ်ထားရခြင်း ဖြစ်သည်။

လွန်ခဲ့သော နှစ်ဝက်အတွင်းမှာ အရိပ်လေးသည် သဲကန္တာရထဲမှ သားရိုင်းကောင်များကို အမြဲမပြတ် ဖမ်းဆီးခဲ့သည်။ ထိုကိစ္စသည် သူတို့၏ မျိုးနွယ်ကို မကျေမနပ် ဖြစ်စေသည်။ သို့သော်လည်း အဖြူရောင်လေ မထွက်ပေါ်လာသေးသဖြင့် ရှေးဟောင်းမဟာမိတ်ကြောင့် သူတို့သည် အပြင်သို့ လက်လွတ်စပယ် မထွက်ဝံ့ကြချေ။

သူတို့သည် အရိပ်လေးကို အာရုံစိုက်ခဲ့ကြပြီး အရိပ်လေး၏ စွမ်းရည်များကို ရှေးဟောင်းစာအုပ်တချို့မှတဆင့် အတည်ပြုခဲ့ကြသည်။ သို့ဖြစ်၍ အဖြူရောင်လေ ထွက်ပေါ်လာသည့်အခါ သူတို့အဖွဲ့သည် အရိပ်လေးကို ဖြေရှင်းရန် မျိုးနွယ်စုထံမှ တာဝန်လက်ခံခဲ့ကြသည်။ သူတို့သည် ကောင်းချီးပေးခံထားရသော မြင့်မြတ်ရတနာဖြင့်အတူ အရိပ်လေးကို မြေကြီးပေါ်မှာ တံစို့ထိုးစိုက်နိုင်ခဲ့သည်။

အစကတော့ ထိုအခြအနေသို့ ရောက်ရှိသွားလျှင် သူတို့၏ တာဝန်သည် ပြီးမြောက်သွားပြီ ဖြစ်သည်။ သူတို့သည် အရိပ်လေးကို အပြစ်ဒဏ်ပေးရန် မျိုးနွယ်စုဆီသို့ ခေါ်ဆောင်သွားရုံသာ လိုအပ်တော့သည်။

သို့သော်လည်း အဖွဲ့ခေါင်းဆောင်ဖြစ်သော ဝတ်ရုံဖြူကျင့်ကြံသူသည် ထိုမျှဖြင့် မကျေနပ်နိုင်ပေ။ အရိပ်လေးမှာ သခင်ရှိကြောင်း သူပြောနိုင်သည်။ သို့ဖြစ်၍ သူက အပြင်ထွက်ခွင့်ရထားသည့် ဤအချိန်အခါလေးမှာ အရိပ်လေးသာမက ၎င်း၏ သခင်ကိုပါ ဖမ်းဆီးချင်သည်။

သို့သော်လည်း အနက်ရောင်မုန်တိုင်း ထွက်ပေါ်လာခြင်းသည် သူတို့အားလုံးကို စိတ်မသက်မသာ ခံစားရစေသည်။

သူတို့မျိုးနွယ်သည် သဲကန္တာရထဲမှာ မျိုးဆက်ပေါင်းများစွာကြာအောင် နေထိုင်ခဲ့ကြပြီး သူတို့၏ မွေးရာပါစွမ်းရည်အရ အဖြူရောင်လေ၏ ကျူးကျော်ဝင်ရောက်မှုကို လျစ်လျူရှုနိုင်ကြသည်။ ဤကန္တာရအပေါ် သူတို့၏ နားလည်မှုသည် အပြင်လူများထက် အများကြီး ကျော်လွန်သည်။

သို့ဖြစ်၍ အနက်ရောင်မုန်တိုင်းသည် မည်သည့်အဓိပ္ပာယ်ရကြောင်း ရှင်းလင်းစွာ သူတို့နားလည်ထားကြသည်။

ဤအခိုက်အတန့်မှာ အဖွဲ့ခေါင်းဆောင်သည် မုန်တိုင်းထဲမှ ဝေဝါးဝါးပုံရိပ်ကို စိုက်ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ တစ်ဖက်လူ၏ ကျင့်ကြံခြင်းအားလှိုင်းအတတ်အကျသည် သိပ်မမြင့်မားပေ။ သို့သော်လည်း အနက်ရောင်မုန်တိုင်းသည် သူ့အား စိုးရိမ်စေသည်။

သို့ဖြစ်၍ သူက အလျင်စလို မလုပ်ဆောင်ပေ။ ယင်းအစား သူက သူ၏ အဖွဲ့သားများကို လက်ဟန်ခြေဟန် ပြလိုက်ပြီး တိုးညင်းစွာ ပြောသည်။

“ လွန်ခဲ့တဲ့ခြောက်လအတွင်းမှာ မင်းရဲ့ နတ်ဆိုးဝိညာဉ်ကောင်က ငါတို့မျိုးနွယ်ရဲ့ သတ္တဝါတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်… သဲကန္တာရရဲ့ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးခဲ့တယ်… ပြီးတော့ ငါတို့ရဲ့ အာဟာရဓာတ်တွေကို ခိုးယူခဲ့တယ် ”

“ ဒီလိုလုပ်ဆောင်မှုတွေကို ငါတို့မျိုးနွယ်က ခွင့်မလွှတ်နိုင်ဘူး… ဒါကြောင့် ရက်စက်ကြမ်းကြုတ်တဲ့ ဒီနတ်ဆိုးဝိညာဉ်ကောင်ကို ဖမ်းဆီးဖို့ မျိုးနွယ်က ငါတို့ကို တာဝန်ပေးခဲ့တယ်… တစ်ဆက်တည်းမှာ ငါတို့မျိုးနွယ်ရဲ့ ဘိုးဘေးတွေနဲ့ တခြားလူတွေကိုယ်စား မင်းကို မေးခွန်းတစ်ခု မေးမယ်… ဒီလိုလုပ်ရတဲ့ မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ ”

“ ငါ့မျိုးနွယ်စုက မင်းနဲ့ ဘာရန်ငြိုးမှမရှိဘူး… အဲ့ဒီအတွက် မင်း ငါ့မျိုးနွယ်စုကို ဖြေရှင်းချက်ပေးရမယ် ”

မုန်တိုင်းထဲမှ ဝေဝါးဝါးပုံရိပ်သည် ခြေလှမ်းကို ရပ်တန့်လိုက်သည်။

ရွှီချင်းသည် အကျိုးအကြောင်းဆီလျော်သူ ဖြစ်သည်။ တစ်ဖက်လူ၏ စကားသည် အဓိပ္ပာယ်ရှိဟန် ရသည်။ သို့ဖြစ်၍ သူက တစ်ခဏကြာ စဉ်းစားပြီးနောက် တည်ငြိမ်စွာ ပြောသည်။

“ ကောင်းပြီ… နစ်နာကြေးအနေနဲ့ မင်းဘာကိုလိုချင်လဲ ”

ဝတ်ရုံဖြူကျင့်ကြံသူသည် အံ့အားသင့်သွားပြီး မျက်လုံးမှေးကျဉ်းလိုက်သည်။ တစ်ဖက်လူက တကယ် သဘောတူလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။ သို့ဖြစ်၍ တစ်ခဏ တွေးတောပြီးနောက် သူက ပြောသည်။

“ ပထမအနေနဲ့ ငါ့မျိုးနွယ်စုကနေ မင်းလုယက်သွားတဲ့ သတ္တဝါတွေက စုစုပေါင်း(၅၃၁)ကောင် ရှိတယ်… သူတို့တစ်ကောင်စီက ဝိညာဉ်ကျောက်တုံးတစ်သိန်း တန်ဖိုးရှိတယ် ”

“ ဒုတိယအနေနဲ့ ဒီဝိညာဉ်ကောင်ကို မျိုးနွယ်စုဆီ ငါတို့ခေါ်ဆောင်သွားမယ် ”

ထိုစကားကိုကြားသောအခါ အရိပ်လေးသည် ရုတ်တရက် တုန်ယင်လာသည်။ ၎င်းက ကြောက်လန့်သော စိတ်ခံစားချက်ကို ထုတ်လွှတ်လိုက်သည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ ၎င်းက တစ်စုံတစ်ခုကို အာရုံခံမိသွားပြီး ဘေးပတ်ဝန်းကျင်ကို စစ်ဆေးလေ့လာလိုက်သည်။

၎င်းက မည်သည့်အရာကိုမှ အာရုံမခံမိသည့်အလား ဟန်ဆောင်လိုက်ပြီး အကြောက်တရားကို ဆက်လက်ထုတ်ဖော်လိုက်ကာ အော်ဟစ်ညည်းညူသည်။

မုန်တိုင်းထဲမှ ဝေဝါးဝါးပုံရိပ်သည် တစ်ခဏကြာ တိတ်ဆိတ်သွားပြီး ခေါင်းခါလိုက်သည်။

“ အရမ်းများလွန်းတယ်… ငါမတတ်နိုင်ဘူး… မင်းနည်းနည်း လျှော့ပေးနိုင်မလား ”

ဝတ်ရုံဖြူကျင့်ကြံသူသည် မုန်တိုင်းကို ကြည့်လိုက်သည်။ ထို့နောက် ရွှီချင်းကို ကြည့်လိုက်သည်။

“ ဒီမုန်တိုင်းကို ဖွဲ့စည်းတဲ့နည်းလမ်း ငါတို့ကို မင်းပေးမယ်ဆိုရင်တော့ ဝိညာဉ်ကျောက်တုံးတွေကို (၃၀)ရာခိုင်နှုန်း ငါလျှော့ပေးမယ်… ဒါပေမဲ့ ဒီနတ်ဆိုးဝိညာဉ်ကောင်ကို ငါတို့ခေါ်ဆောင်သွားရမယ် ”

ရွှီချင်းသည် တိတ်ဆိတ်သွားသည်။ ထိုပမာဏကိုလည်း သူမတတ်နိုင်သေးပေ။

ဤသည်မှာ သူက အကျိုးအကြောင်းမဆီလျော်ခြင်းမဟုတ်ပေ။ တစ်ဖက်လူ၏ တောင်းဆိုမှုက အကျိုးအကြောင်းမဆီလျော်ခြင်း ဖြစ်သည်။

သူတို့ဘက်က အကျိုးအကြောင်းမဆီလျော်မှတော့ နစ်နာကြေးပေးရန် မလိုအပ်တော့ပေ။

ရွှီချင်းသည် အရှေ့သို့ တည်တည်ငြိမ်ငြိမ် ခြေတစ်လှမ်းတိုးလိုက်သည်။

သို့သော်လည်း သူက ခြေတစ်လှမ်းတိုးလိုက်သည်နှင့်ချက်ချင်း ဝတ်ရုံဖြူကျင့်ကြံသူသည် ရုတ်တရက် ခုန်လိုက်သည်။ တစ်ချိန်တည်းမှာ သူ၏ ဘေးမှ ရဲဘော်ရဲဘက်များသည် ချိပ်တံဆိပ်လက်သင်္ကေတများကို ဖွဲ့စည်းလိုက်ကြသည်။

ချက်ချင်းဆိုသလို ဘေးပတ်ဝန်းကျင်မှ သဲမုန်တိုင်းသည် ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားပြီး အရပ်မျက်နှာအဘက်ဘက်မှ စုဝေးရောက်ရှိလာသည်။ ယင်းက အနက်ရောင်မုန်တိုင်းကို ရိုက်ခတ်သွားသည်။

“ ငါတို့အပြင်မထွက်တာ အတော်ကြာသွားခဲ့ပုံပဲ… အပြင်လောကက ကျင့်ကြံသူတွေက အဲ့လောက်တုံးအရလား… သူက ငါတို့ကို အစီအရင်ခင်းကျင်းဖို့ အခွင့်အရေးတစ်ခု တကယ်ကြီး ပေးခဲ့တာပဲ ”

ဝတ်ရုံဖြူကျင့်ကြံသူသည် စိတ်ထဲမှာ နှာခါင်းရှုံ့လိုက်ပြီး သူ၏ ရဲဘော်ရဲဘက်များနှင့် အတူတကွ ပူးပေါင်းလိုက်ကာ အံ့ဖွယ်ကောင်းသော အဖြူရောင်သဲမုန်တိုင်းတစ်ခုကို ဖွဲ့စည်းလိုက်သည်။ ယင်းက လေထဲမှာ အလွန်ကြီးမားသော ပိုးကောင်တစ်ကောင်၏ အသွင်ပုံစံ ဝေဝေဝါးဝါး ဖြစ်ပေါ်လာသည်။ ဧရာမပိုးကောင်သည် အနက်ရောင်မုန်တိုင်းနှင့် အထဲမှ ပုံရိပ်ကို ဝါးမျိုချင်နေသည့်အလား ဟိန်းဟောက်လိုက်လေသည်။

ကျယ်လောင်သော ဟိန်းသံသည် လောကတစ်ခွင် ပဲ့တင်ထပ်သွားသည်။

သို့သော်လည်း ထိုဝတ်ရုံဖြူကျင့်ကြံသူများသည် အနက်ရောင်မုန်တိုင်းကိုသာ အာရုံရောက်နေကြသဖြင့် အရိပ်လေးထံမှာ မူမမှန်သော အပြောင်းအလဲများ ဖြစ်ပေါ်နေသည်ကို သတိမပြုမိကြပေ။

ဖုံးကွယ်ခြင်းစွမ်းအင်ကို အပြည့်အဝ ထုတ်လွှတ်ထားသော ပုံရိပ်တစ်ခုသည် မည်သူမှ သတိပြုမိခြင်းမခံရဘဲ အရိပ်လေး၏ ဘေးနားသို့ ရောက်ရှိလာသည်။ ထိုသူက အရိပ်လေးကို ထိုးစိုက်ထားသော ဓားမြှောင်ကို တစ်ခဏကြာအောင် စူးစမ်းလေ့လာနေလေသည်။

ထိုသူသည် ရွှီချင်းမှလွဲ၍ တခြားလူမဟုတ်ပေ။

မုန်တိုင်းထဲမှ ဝေဝါးဝါး ပုံရိပ်သည်တော့ ကျင်းကန်းဂိုဏ်းဘိုးဘေးဖြစ်သည်။

သူတို့သည် အရိပ်လေးကို ထောက်ချောက်ဆင်ပြီး ဖမ်းချုပ်ထားနိုင်လေရာ သာမန်အုပ်စုမဟုတ်နိုင်ကြောင်း ရွှီချင်း သတိပြုမိသည်။ သို့ဖြစ်၍ ယင်းက ထောက်ချောက်ဖြစ်ရမည်ဟု သူခန့်မှန်းမိသည်။ သို့ဖြစ်၍ သူက ကျင်းကန်းဂိုဏ်းဘိုးဘေးကို မုန်တိုင်းအတွင်းမှာ ထွက်ပေါ်လာစေပြီး ထိုအုပ်စု၏ စိတ်အာရုံကို ဆွဲဆောင်ခိုင်းထားသည်။

သူသည်တော့ တိတ်တဆိတ် ပုန်းကွယ်နေပြီး အရိပ်လေး၏ ဘေးသို့ မြန်ဆန်စွာ ရောက်ရှိလာသည်။ အစကတော့ သူသည် အရိပ်လေးကို တိတ်တဆိတ် ကယ်တင်ပြီး ဤနေရာမှ ထွက်ခွာသွားရန် စီစဉ်ထားခဲ့သည်။

သို့သော်လည်း ရွှေရောင်ဓားမြှောင်သည် အလွန်ထူးခြားသည်။ ဓားမြှောင်မှ ထုတ်လွှတ်နေသော အရှိန်အဝါသည် အရိပ်လေးကို အစဉ်မပြတ် ဖိနှိပ်နေရုံသာမက ရွှီချင်းကိုပင် နှလုံးတုန်ယင်သွားစေသည်။

ထိုဓားမြှောင်ကို သွေးမျိုးစက်စွမ်းအားက ထိန်းချုပ်နေခြင်းဖြစ်ကြောင်း သူအာရုံခံနိုင်သည်။ အကယ်၍ သူ့မှာ သင့်တော်သော သွေးမျိုးစက်မရှိလျှင် ၎င်းကို ဖယ်ရှားပစ်ရန် ခက်ခဲလိမ့်ပေမည်။

ဓားမြှောင်မှာ သိမ်မွေ့သော အလင်းရောင်ရှိပြီး ၎င်းက ပြင်ပလောကကိုလည်း အာရုံခံနိုင်ဟန် ရသည်။ အကယ်၍ အသုံးပြုသူက ၎င်း၏ လိုအပ်ချက်နှင့် မကိုက်ညီလျှင် ဓားမြှောင်က ချက်ချင်း ငြင်းပယ်လိမ့်မည်။

သို့ဖြစ်၍ သူက ဓားမြှောင်အား မည်သို့ဆွဲထုတ်နိုင်မည်ကို လေ့လာနေခြင်းဖြစ်သည်။

“ ငါ့မှာ သင့်တော်တဲ့ သွေးမျိုးစက်မရှိရင် ဓားမြှောင်ကို ဆွဲထုတ်နိုင်မှာမဟုတ်ဘူး… ဒါ့အပြင် ဓားမြှောင်ကို ထိလိုက်တာနဲ့ ငါ့ရဲ့တည်ရှိမှုကို ရှာတွေ့သွားပြီး တန်ပြန်တိုက်ခိုက်ခံရလိမ့်မယ် ”

သူက တီးတိုးရေရွတ်လိုက်သည်။

“ ဓားမြှောင်ပေါ်က တလက်လက်တောက်ပနေတဲ့ အလင်းရောင်က အသုံးပြုသူရဲ့ စိတ်အာရုံပေါ်မူတည်ပြီး တစ်ဒင်္ဂအတွင်း အလင်းအမှောင်ကို ပြောင်းလဲနိုင်တယ်… ငါ့အမြန်နှုန်းနဲ့ဆိုရင်တောင် မှောင်သွားတဲ့အချိန်မှာ ဓားမြှောင်ကို ဆွဲထုတ်နိုင်ဖို့ဆိုတာ မသေချာဘူး ”

“ အခွင့်အရေးက တစ်ခါပဲ ရှိတယ်… အဲ့လိုဆိုမှတော့… အချိန်ရပ်တန့်ခြင်းကိုပဲ ငါအသုံးပြုနိုင်တော့မယ် ”

ရွှီချင်း၏ မျက်လုံးထဲမှာ အလင်းရောင်ဖြတ်ပြေးသွားသည်နှင့် ကျယ်လောင်သော ထစ်ချုန်းသံသည် အဝေးမှ ပဲ့တင်ထပ်လာသည်။ အနက်ရောင်မုန်တိုင်းသည် အဖြူရောင်ပိုးကောင်၏ တိုက်ခိုက်မှုအောက်မှာ အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားပြီး အထဲမှ ပုံရိပ်သည် အနောက်ဆုတ်သွားသည်။ ၎င်းသည် နတ်ငါးအရိုးဆူးချွန်သို့ ပြောင်းလဲသွားပြီး သဲကန္တာရထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။

တစ်ချိန်တည်းမှာ အချိန်ရပ်တန့်ခြင်းစွမ်းအားသည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးထွက်လာသည်။

သူက ဓားမြှောင်ပေါ်သို့ အချိန်ရပ်တန့်ခြင်းစွမ်းအားကို အသုံးပြုလိုက်ပြီး ၎င်းကို အေးခဲသွားစေသည်။ နောက်အခိုက်အတန့်မှာ ဓားမြှောင်၏ အလင်းရောင်က အလင်းဘက်မှ အမှောင်ဘက်ခြမ်းသို့ ကူးပြောင်းတော့မည့်အချိန် ရုတ်ချည်း ရပ်တန့်သွားသည်။ ထိုသို့ရပ်တန့်သွားသည့်အချိန်သည် ဓားမြှောင်ပေါ်၌ မည်သည့်အလင်းမှ မရှိတော့သည့်အချိန် ဖြစ်သည်။ ရွှီချင်းသည် ညာလက်ကို အမြန်မြှောက်လိုက်ပြီး ဓားမြှောင်ကို ဆုပ်ကိုင်လိုက်သည်။

သူ၏ ကျင့်ကြံခြင်းစွမ်းအားနှင့် ရုပ်ခွန်အားက ပေါက်ကွဲထွက်လာသည်နှင့် သူက ဓားမြှောင်ကို အပေါ်သို့ အကြမ်းပတမ်း ဆွဲနုတ်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာ သူက ဓားမြှောင်ကို ဆွဲနုတ်နိုင်သွားသည်။ အရိပ်လေးသည် ဝမ်းမြောက်ဝမ်းသာ ချီးမြှောက်လိုက်ပြီး ၎င်း၏ ခန္ဓာကိုယ်ကို လှုပ်ခါလိုက်သည်။ ချက်ချင်းဆိုသလို ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ ဒုဓလီပန်းများသည် ပျောက်ကွယ်သွားကြသည်။ ၎င်းက ရွှီချင်း၏ ခြေဖဝါးအောက်သို့ မြန်ဆန်စွာ ရွေ့လျားသွားပြီး သူ့ဘာသာ ပုန်းအောင်းလိုက်သည်။

ထိုသို့လုပ်ဆောင်ပြီးနောက် ရွှီချင်းသည် ဓားမြှောင်ကို သူ၏ သိုလှောင်အိတ်ထဲသို့ ချက်ချင်း ထည့်သိမ်းလိုက်သည်။ ထို့နောက် သူက အနောက်သို့ ခေါင်းလှည့်မကြည့်တော့ဘဲ အစွမ်းကုန်သုံး၍ ပြေးတော့သည်။ သူ၏ အလျင်သည် အလွန်အံ့ဖွယ်ကောင်းပြီး ကျင်းကန်းဂိုဏ်းဘိုးဘေးသည်လည်း မြန်ဆန်စွာ ရောက်ရှိလာသည်။

အဝေးမှ ဝတ်ရုံဖြူကျင့်ကြံသူများသည်တော့ အနက်ရောင်မုန်တိုင်း ပြိုကွဲသွားသည်နှင့်ချက်ချင်း အရိပ်လေး၏ မူမမှန်မှုကို အာရုံခံမိသွားကြသည်။ သူတို့၏ အမူအရာသည် ချက်ချင်း ပျက်ယွင်းသွားကြသည်။

“ ဒါက အတုယောင်ပဲ ”

သူတို့က ဒေါသတကြီး အော်ဟိန်းလိုက်ပြီး ရွှီချင်းနောက်သို့ ဝတ်ရုံဖြူကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် လိုက်ဖမ်းကြသည်။ ထိုအခိုက်အတန့်မှာ မြေပြင်သည် တုန်ယင်လာပြီး ပြီးပြည့်စုံသော ဝိညာဉ်သိုက်အဆင့် ကျင့်ကြံခြင်းအားလှိုင်းအတတ်အကျများသည် အဝေးရှိ ကန္တာရထဲမှ ပျံ့လွင့်လာကြသည်။

ထိုမျိုးနွယ်မှ ပညာရှင်ကျင့်ကြံသူများသည် အပြင်လောကမှ အဖြစ်အပျက်ကို အာရုံခံမိသွားကြပြီး အမြန်ပျံသန်းလာကြသည်။

ထိုသို့အရေးကြီးအခိုက်အတန့်မှာ ကြက်တူရွေးလေးသည် အတောင်ပံတဖျပ်ဖျပ်ခတ်လိုက်ပြီး အရင်ဦးဆုံး လွတ်မြောက်ရန် ကြိုးစားသည်။

၎င်းက ရွှီချင်း၏ သေခြင်းရှင်ခြင်းကို ဂရုမစိုက်ပေ။ ယခုအချိန်မှာ ၎င်းက စိတ်ထဲမှာ ဘဝင်မြင့်မှုကို ခံစားမိသွားသည်။ ၎င်းသည် သတင်းပါးရမည့် ၎င်း၏ တာဝန်ကို ထမ်းဆောင်ပြီးသွားပြီ ဖြစ်သည်။ ရွှီချင်းက ၎င်းကို အဆိပ်ခတ်ဝံ့မှတော့ သူ့ကို ကယ်တင်ပေးရန် မျှော်လင့်မနေသင့်ပေ။ ရွှီချင်း၏ သေဆုံးခြင်းသည် ၎င်းနှင့် မည်သို့မှမသက်ဆိုင်ပေ။

သို့သော်လည်း ၎င်းက တည်နေရာပြောင်းရွှေ့တော့မည့်အချိန် ရွှီချင်းသည် ကြက်တူရွေးလေးကို ဖမ်းဆုပ်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ တည်နေရာပြောင်းရွှေ့စမ်း ”

ကြက်တူရွေးလေးသည် နာကျင်မှုကို ခံစားမိသွားပြီး စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ ၎င်းက အကူအညီမဲ့သွားသည်။ သို့ဖြစ်၍ သူတို့နှင့်အတူ တည်နေရာပြောင်းရွှေ့ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ကြက်တူရွေးလေး၏ လုပ်ဆောင်မှုသည် အနည်းငယ် နှေးကွေးနေသည်။

ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်ပြီး လက်ထဲသို့ အားထည့်လိုက်သည်။ ကြက်တူရွေးလေးသည် ချက်ချင်း အော်မြည်လိုက်သည်။ ၎င်း၏ ငှက်မွှေးတစ်ချောင်းက ပြာဖြစ်သွားပြီးနောက် တည်နေရာပြောင်းရွှေ့ခြင်းစွမ်းအားသည် ၎င်း၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။

ဘေးပတ်ဝန်းကျင်မှ အချုပ်အနှောင်အားလုံးကို လျစ်လျူရှုထားလျက် ကြက်တူရွေးလေးသည် ရွှီချင်းနှင့်အတူ ချက်ချင်း ပျောက်ကွယ်သွားသည်။

ငှက်မွှေး၏ ပြာမှုန်များသည်သာ လေထဲမှာ ပြန့်ကျဲသွားသည်။

နောက်အခိုက်အတန့်မှာ ထိုနေရာသည် တုန်ယင်လာပြီး ကြီးမားသော ဝဲကတော့တစ်ခုသည် သဲကန္တာရပေါ်မှာ ထွက်ပေါ်လာသည်။ ယင်းက ကြောက်မက်ဖွယ်ကောင်းသော အားလှိုင်းအတတ်အကျများကို အရပ်မျက်နှာအသီးသီးသို့ ပျံ့လွင့်သွားစေသည်။ ထို့အတူ ဒေါသတကြီး ဟိန်းသံသည် ဘေးပတ်ဝန်းကျင်သို့ မြည်ဟိန်းထွက်သွားသည်။

ထိုတစ်နေရာတည်းမဟုတ်ပေ။ သဲကန္တာရ၏ တခြားနေရာများတွင် တူညီသော ဝဲကတော့ငယ်များ ထွက်ပေါ်လာကြသည်။  သူတို့အားလုံးသည် အစွမ်းကုန်သုံး၍ ဘေးပတ်ဝန်းကျင်ကို စစ်ဆေးရှာဖွေနေကြသည်။

ကြက်တူရွေးလေး၏ တည်နေရာပြောင်းရွှေ့ခြင်းသည်တော့ ယခင်က သူပြောခဲ့သမျှသည် ကြွားဝါခြင်းမျှသာ ဖြစ်သည်။ ၎င်း၏ တည်နေရာပြောင်းရွှေ့နိုင်သော အကျယ်အဝန်းသည် မကြီးမားပေ။ ဤအခိုက်အတန့်မှာ ၎င်းက ကီလိုမီတာတစ်ရာအဝေးမှာ ပြန်ပေါ်လာသည်။

သို့သော်လည်း ယင်းက ကိစ္စမရှိပေ။ ရွှီချင်းသည် ထိုသို့ဖြစ်လာမည်ဟု မျှော်လင့်ထားပြီးသား ဖြစ်သည်။ ကြက်တူရွေးလေးက ပြန်ပေါ်လာသည်နှင့်တစ်ပြိုက်နက် သူက အကြင်နာမဲ့စွာ ထပ်ညှစ်လိုက်သည်။

ကြက်တူရွေးလေးသည် နာကျင်စွာ အော်ဟစ်လိုက်ရပြီး ပိုမိုများပြားသော ငှက်မွှေးများကို ခွာချလိုက်ကာ ထပ်မံ တည်နေရာပြောင်းရွှေ့လိုက်သည်။

ထိုသို့ဖြင့် ရွှီချင်း၏ အတင်းအကျပ်စေခိုင်းမှုအောက်မှာ ကြက်တူရွေးလေးသည် တည်နေရာပြောင်းရွှေ့ပြီး ပြန်ပေါ်လာတိုင်း ငှက်မွှေးများကို ခွာချပစ်နေရသည်။ ထိုသို့ဖြင့် ၎င်းက ရွှီချင်းကို သဲကန္တာရ၏ အစွန်အဖျားဆီသို့ ခေါ်ဆောင်သွားသည်။

အဆုံးမှာတော့ ကြက်တူရွေးလေးသည် အော်ဟစ်ရန် ခွန်အားအများကြီး မကျန်ရှိတော့ပေ။ ၎င်းက စတင်ကျိန်ဆဲလာသည်။

“ မင်းက တိရိစ္ဆာန်လောက်တောင် အသိစိတ်မရှိတဲ့ကောင်… ကြင်နာစိတ်မရှိတဲ့ အရူးကောင် ”

“ မင်း မင်း မင်း… မင်းက ဘာတန်ဖိုးမှမရှိဘူး… မင်းက ခွေးစားခံရမယ့်ကောင်… လူလို အကျင့်စရိုက်မရှိဘူး ”

“ မင်းအရမ်းလွန်နေပြီနော်… မင်းက ကြက်ခြံထဲက ကျောက်တုံး… မင်းက လူယုတ်မာ… ငါသေတော့မယ်… အဖေရေ သားကို လာကယ်ပါဦး ”

ကြက်တူရွေးလေးသည် အကြိမ်ရေဒါဇင်ခန့် တည်နေရာပြောင်းရွှေ့ပေးပြီးနောက် အစိမ်းရောင်သဲကန္တာရ၏ အစွန်အဖျားသို့ ရောက်ရှိလာသောအခါ အသက်ရှူရန် အင်အားအများကြီး မကျန်ရှိတော့ပေ။

“ ကျေးဇူးပြုပြီး… အဲ့လိုမလုပ်ပါနဲ့… ငါက ကလေးပဲရှိပါသေးတယ်… ငါဆက်ပြီး တောင့်မခံနိုင်တော့ဘူး… ”

၎င်း၏ ခန္ဓာကိုယ်သည် အပြင်းအထန် တုန်ယင်လာသည်။ ရွှီချင်းအပေါ် ၎င်း၏ ကြောက်ရွံ့စိတ်သည် အထွတ်အထိပ်သို့ ရောက်ရှိနေသည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ ငှက်မွှေးများသည် ကုန်ဆုံးခါနီးနေပြီ ဖြစ်သည်။ ယခု ၎င်းက ကိုယ်လုံးတီးဖြစ်နေသည့်အလားပင်။

ဤအခိုက်အတန့်မှာ ၎င်းက ရွှီချင်းကို ကြည့်နေသည်။ ၎င်း၏ မျက်လုံးသေးသေးလေးထဲမှာ အကြောက်တရားဖြင့် ပြည့်နှက်နေသည်။ ၎င်း၏ အရှေ့မှ အမူအရာကင်းမဲ့သော ထိုပုဂ္ဂိုလ်သည် မိုးအောက်မြေပြင်ပေါ်တွင် တခြားတစ်ယောက်မရှိသော အကြင်နာမဲ့ဆုံးလူသားဖြစ်ရမည်ဟု ၎င်းက အခိုင်အမာ ယုံကြည်ထားသည်။

‘ လူယုတ်မာကောင် ’

All Chapters