← Chapters

လူတိုင်းမှာ လှည့်ကွက်ကိုယ်စီ ရှိတယ်

Vol. 104 Ch. 1596

လူတိုင်းမှာ လှည့်ကွက်ကိုယ်စီ ရှိတယ်

Vol. 104 Ch. 1596

ဤအခိုက်အတန့်မှာ ကောင်းကင်ပေါ်မှ မိုးသောက်အင်မော်တယ်မြစ်ရေက ဆက်လက် ကျဆင်းလာနေပြီး ရွှီချင်း၏ ဒြပ်စင်ငါးမျိုးစက်ဝန်းဖြင့် မျှခြေညီနေသည်။

သို့သော်လည်း ထိုမျှခြေညီမှုက ယာယီသာဖြစ်ကြောင်း ရွှီချင်း သိသည်။

အများဆုံး ယင်းက အသက်ရှူချိန်အနည်းငယ်မျှသာ ကြာမြင့်လိမ့်မည်။

ထိုမိုးသောက်အင်မော်တယ်မြစ်ရေကို လုံးဝ လွင့်ပြယ်စေနိုင်မည့် နည်းလမ်းက တစ်ခုတည်းသာ ရှိသည်။ ယင်းက လီမုန့်တုကို သတ်ပစ်ရန် ဖြစ်သည်။

တစ်ဖက်လူ သေဆုံးသွားသည်နှင့် မန္တန်က သူ့အလိုအလျောက် ပျက်ပြယ်သွားလိမ့်မည်။

သို့ဖြစ်၍ လီမုန့်တု အနောက်ဆုတ်သွားသည်နှင့်ချက်ချင်း…

ရွှီချင်းက အလွန်မြန်ဆန်သော အလျင်ကို အသုံးပြုလိုက်လေရာ သူ၏ အနောက်တွင် ကြွင်းကျန်ပုံရိပ်များ ထွက်ပေါ်လာကြသည်။ ယင်းက စူးရှသော အသံပေါက်ကွဲမှုကိုပင် ဖြစ်ပေါ်စေသည်။

သူ၏ အလျင်က အလွန်မြန်ဆန်လေရာ အချိန်သည်ပင် နှေးကွေးသွားဟန် ရသည်။

သူ၏ မျက်လုံးထဲမှ အေးစက်မှုက ပိုပြီးထင်ရှားလာသည်။ သူက ဘယ်လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖွဲ့စည်းလိုက်ပြီး အောက်သို့ ဖိချလိုက်သည်။

ချက်ချင်းဆိုသလို လေဟာနယ်အစွမ်းက ထွက်ပေါ်လာသည်။

လောက၏ အရောင်က ပြောင်းလဲသွားပြီး လေကြမ်းများ တိုက်ခတ်လာသည်။ ကောင်းကင်ပေါ်တွင် တိမ်တိုက်များ ကင်းစင်သွားသည်။ ဟင်းလင်းပြင်က ပရမ်းပတာဖြစ်သွားပြီး နယ်မြေလွတ်များက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။

ထိုနယ်မြေလွတ်များက သီးခြားလေဟာနယ်တစ်ခုကို ဖန်တီးလိုက်ပြီး လီမုန့်တု၏ ဘေးပတ်ပတ်လည်မှာ ထွက်ပေါ်လာကြသည်။ ယင်းတို့က သူ၏ လွတ်မြောက်နိုင်သော လမ်းကြောင်းများကို ပိတ်ဆို့လိုက်ပြီး သူ၏ တည်နေရာပြောင်းရွှေ့ခြင်းကို ကန့်သတ်လိုက်သည်။

လီမုန့်တုက နှလုံးတုန်သွားသည်။

သူ၏ အရှေ့မှ လူက သာမန်မဟုတ်ကြောင်း သူသိသည်။ သူက အမှန်တရားအမိန့်တော်ဖြင့် တာအိုချောက်ကမ်းပါးပေါ်မှာ တစ်ဖက်လူ၏ သတင်းအချက်အလက်များကို စစ်ဆေးမေးမြန်းခဲ့သည်။ သို့ဖြစ်၍ ထိုလူက ရှိန်လောက်စရာကောင်းသော တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားကြောင်း သူသိသည်။ သို့တိုင်အောင် သူ့ဘက်မှ ကြိုတင်ပြင်ဆင်ထားသော်လည်း ဤတိုက်ပွဲက သူ့အတွက် အလွန်ခက်ခဲနေဆဲပင်။

ရွှီချင်းနှင့် တိုက်ခိုက်သည့်အခါ အကြွင်းမဲ့ အာရုံစိုက်မှုကို လိုအပ်သည်။ နည်းနည်းလေးမှ သတိလက်လွတ်ဖြစ်၍ မရပေ။ တဒင်္ဂမျှ သတိလက်လွတ်ဖြစ်ခြင်းက ရွှီချင်းအား ပြိုင်ဘက်ကို ဖိနှိပ်နိုင်စေမည့် အခွင့်အရေးတစ်ခုကို ပေးလိမ့်မည်။ ဥပမာ ယခု သူတွေ့ကြုံနေရသော အခြေအနေမျိုး ဖြစ်သည်။

ရွှီချင်းက ထိုသို့အခွင့်အရေးကို ဖန်တီးယူရာတွင် အလွန်အတွေ့အကြုံများသူ ဖြစ်သည်။

ထို့ကြောင့် လီမုန့်တုသည် သူ့ကို နာမည်ကျော်ကြားစေခဲ့သော ယခင်တိုက်ပွဲများထက် ပိုပြီးအာရုံစိုက်လာရသည်။

ထိုအတွေးများက လီမုန့်တု၏ စိတ်ထဲမှာ လျှပ်တစ်ပြက် ထွက်ပေါ်လာသော်လည်း ယင်းက သူ၏ ပြန်လည်တုံ့ပြန်မှုကို အနှောင့်အယှက်မဖြစ်စေပေ။ သူ၏ ဘေးပတ်ပတ်လည်မှ လေဟာနယ်က ချိပ်ပိတ်ခံထားရသည့်တိုင် သူက လျှာကိုက်လိုက်ပြီး သွေးတစ်ပွက်ကို ထွေးထုတ်လိုက်သည်။

သူက သူ့ကိုယ်ပိုင်သွေးကို အသုံးပြု၍ သွေးရောင်မှော်သင်္ကေတများကို ဖွဲ့စည်းလိုက်သည်။

တစ်ချိန်တည်းမှာ သူ၏ ဘေးပတ်ပတ်လည်မှ ကြေးမုံများက ထွန်းလင်းလာကြပြီး သူ့အပေါ်သို့ ကျရောက်လာတော့မည့် လေမုန်တိုင်းကို ခုခံတားဆီးလိုက်သည်။

သို့သော်လည်း တူညီသော နည်းလမ်းများကို နောက်တစ်ကြိမ် အသုံးပြုခြင်းက ရွှီချင်းကို ဆန့်ကျင်တိုက်ခိုက်ရာတွင် အောင်မြင်နိုင်ခြေ နည်းပါးသည်။ အကယ်၍ ထိုနည်းလမ်းက ပြစ်ချက်မဲ့နေလျှင် ကိစ္စမရှိပေ။

သို့သော်လည်း ကြေးမုံပန်းအတတ်ပညာက ပြစ်ချက်မဲ့အဆင့်မှာ ရှိမနေကြောင်း ထင်ရှားသည်။

ယင်းကို ပထမအကြိမ် အသုံးပြုခဲ့စဉ်ကတည်းက ရွှီချင်းက ထိုကြေးမုံများ၏ အလုပ်လုပ်ပုံကို ကောင်းမွန်စွာ နားလည်ခဲ့သည်။

ထိုအတတ်ပညာသည် အကျိုးတရားနှင့် အကြောင်းတရားကို ကြိုးကိုင်ခြယ်လှယ်နိုင်သောအရာ မဟုတ်ပေ။ ယင်းအစား လေဟာနယ်ကို ထိန်းချုပ်နိုင်သော အစွမ်းထက် စွမ်းရည်တစ်မျိုး ဖြစ်သည်။

ယင်းက လေဟာနယ်ကို ထိန်းချုပ်ပြီး အလင်းပြန်ခြင်းနိယာမမှတဆင့် ထပ်ဆင့်ဒိုင်မန်းရှင်းများကို ဖန်တီးနိုင်သည်။ ထိုနည်းဖြင့် ယင်းက သေစေနိုင်သော တိုက်ခိုက်မှုများကို တိတ်တဆိတ် တားဆီးကာကွယ်ပေးလိမ့်မည်။

ထိုအတတ်ပညာ၏ ပြစ်ချက်များက နက်ရှိုင်းစွာ ဖုံးကွယ်ခံထားရသော်လည်း ယင်းတို့က တည်ရှိနေဆဲပင်။

ထိုအတတ်ပညာ၏ အဓိကအားနည်းချက်က ယင်း၏ အလင်းပြန်ခြင်းနိယာမနှင့် ထပ်ဆင့်ဒိုင်မန်းရှင်းများသာ ဖြစ်သည်။

ရွှီချင်းက ထိုအတတ်ပညာကို တန်ပြန်ရန် သူ့ကိုယ်ပိုင် လေဟာနယ်အစွမ်းကို အသုံးပြု၍ ထိုထပ်ဆင့်ဒိုင်မန်းရှင်းများကို သီးခြားခွဲထုတ်ပစ်လိုက်သည်။

အလင်းပြန်ခြင်းနိယာမကို တန်ပြန်ရန်အတွက်တော့ သူက အရိပ်လေးကို ဆင့်ခေါ်လိုက်သည်။

အရိပ်လေး၏ ခန္ဓာကိုယ်က အမှောင်ထုအဖြစ် ပြောင်းလဲသွားပြီး အလွန်ကျယ်ပြောသော ဧရိယာကို ဖုံးအုပ်သွားသည်။

ထိုနည်းဖြင့်ဆိုလျှင် ကြေးမုံများပေါ်မှာ အနက်ရောင်သာလျှင် ပုံရိပ်ပြန်သွားလိမ့်မည်။ ထို့ပြင် ယင်း၏ ထပ်ဆင့်ဒိုင်မန်းရှင်းများက သီးခြားခွဲထုတ်ခံထားရသဖြင့် ကြေးမုံပန်းအတတ်ပညာက အများကြီး ပိုအားနည်းသွားသည်။

ထိုအချက်အားလုံးကို ဖော်ပြရန် အချိန်အတော်ကြာသော်လည်း အမှန်မှာ ယင်းတို့က မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။

ကြေးမုံများ ကန့်သတ်ခံလိုက်ရသည်နှင့်ချက်ချင်း ရွှီချင်း၏ အင်မော်တယ်အတတ်ပညာက အသက်ဝင်လာသည်။

ပထမဆုံး သူခိုးခြောက်ယောက်လှည့်စားခြင်းက အသက်ဝင်လာသည်။

စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုးက လီမုန့်တု၏ စိတ်ထဲမှာ မိစ္ဆာတစ်ကောင်နှယ် ထွက်ပေါ်လာသည်။ ယင်းက သူ၏ စိတ်ခံစားချက်များကို အစွန်းအထင်းဖြစ်စေပြီး သူ၏ စိတ်ဆန္ဒကို ဝါးမျိုလိုက်ကာ သူ၏ တာအိုနှလုံးသားကို ယိမ်းယိုင်သွားစေသည်။

နောက်တစ်ခုက ခွေးငါးကောင်အင်မော်တယ်ကာကွယ်ခြင်း ဖြစ်သည်။

ကပ်စေးနှဲခြင်းခွေးက ဗိမာန်ထဲသို့ ဝင်ရောက်သွားပြီး လီမုန့်တု၏ မှတ်ဉာဏ်များထဲသို့ ပေါင်းစပ်သွားသည်။

၎င်းက ဂိတ်တံခါးတစ်ခုကို ဖွင့်လှစ်လိုက်ပြီး လောဘခွေးကို အထဲသို့ ဝင်ရောက်လာစေသည်။

လောဘခွေးက သူ၏ ဝိညာဉ်ကို ချုပ်နှောင်လိုက်သည်။

ထို့နောက် လိမ်ညာသည့် ခွေးက ဖွဲ့စည်းသွားပြီး သူ့ကို သေခြင်းရှင်ခြင်းသံသရာစက်ဝန်းဆီသို့ ပို့လွှတ်ရန် ကြိုးစားလိုက်သည်။ ထို့နောက် နတ်ဆိုးခွေးက ရောက်ရှိလာပြီး သူ့ကို ငရဲပြည်သို့ ပို့ဆောင်ရန် ကြိုးစားလိုက်သည်။

နောက်ဆုံးမှာတော့ မဆင်မခြင်ခွေးက ထွက်ပေါ်လာပြီး သူ၏ လူသားအသွင်ကို ထာဝရ ဆုံးရှုံးသွားစေသည်။

နှလုံးကွဲကြေသော အော်သံက လီမုန့်တု၏ ပါးစပ်ထဲမှ ထွက်ပေါ်လာသည်။

သူ၏ မျက်နှာက ရှုံ့မဲ့သွားပြီး သူ၏ ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်သွားသည်။ သူတိုက်ခိုက်ခဲ့ဖူးသော တိုက်ပွဲများစွာထဲတွင် ထိုသို့မန္တန်မျိုးကို တစ်ခါမှ သူမတွေ့ကြုံဖူးပေ။ အတိအကျဆိုရသော် ယင်းက မန္တန်တစ်ခုမဟုတ်ပေ။

အစွမ်းထက်သော ကျိန်စာတစ်ခုနှင့် ပိုပြီးဆင်တူသည်။

ယင်းက သူ့ကို ဒွါရခုနစ်ပေါက်မှ သွေးစီးကျစေပြီး သူ၏ ဝိညာဉ်သုံးခုနှင့် စိတ်ဝိညာဉ်ခုနစ်ခုကို အော်ဟစ်ညည်းညူစေသည်။ သူ၏ မှတ်ဉာဏ်များသည်လည်း ဖရိုဖရဲဖြစ်သွားသည်။

ရွှီချင်း၏ လူသတ်ကွက်က မပြီးဆုံးသေးပေ။ ယင်းက ယခုမှ အစသာ ရှိသေးသည်။

ကြေးမုံများက ကန့်သတ်ခံထားရပြီး အင်မော်တယ်အတတ်ပညာများက ဖရိုဖရဲအခြေအနေကို ဖန်တီးပေးလိုက်သည်။ ထို့နောက် ထိတ်လန့်ဖွယ်ကောင်းသော ဓားစွမ်းအင်က ပေါ်လျှိုးလာသည်။

ယင်းက ရွှီချင်းကို အဖိုးကိုးပေးခဲ့သော ဓားစွမ်းအင်အမျှင်တန်းသုံးခုအနက် နောက်ဆုံးအမျှင်တန်းဖြစ်သည်။

ဓားစွမ်းအင်က ကောင်းကင်ပေါ်တွင် ထွန်းလင်းသွားပြီး ကြီးမားသော အဖျက်စွမ်းအားနှင့်အတူ ထက်ရှသော ဓားပုံရိပ်တစ်ခုကို ဖွဲ့စည်းသွားသည်။ ထိုဓားက ၎င်း၏ လမ်းကြောင်းအရှေ့မှာရှိသော အရာအားလုံးကို ဖြတ်သန်းသွားပြီး လီမုန့်တုကို ပိုင်းဖြတ်လိုက်သည်။

လီမုန့်တု၏ ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်သွားပြီး ဓားဒဏ်ရာက သူ၏ ရင်ဘက်ပေါ်မှာ ထွက်ပေါ်လာသည်။ သွေးက သူ၏ ရင်ဘက်ပေါ်မှ ဒလဟော စီးကျလာသည်။

ချက်ချင်းဆိုသလို ရွှေကျီးကန်းက ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်မီးတောက်များကို မှုတ်ထုတ်လိုက်သည်။ လေထဲမှာ ထိုမီးတောက်များက အနက်ရောင်လှံအဖြစ် ဖွဲ့စည်းသွားသည်။ အနက်ရောင်မီးတောက်ပင်လယ်ထဲမှ ပြေးထွက်လာသော ရွှီချင်းက လှံကို ချက်ချင်း ဖမ်းဆုပ်လိုက်သည်။

တစ်ချိန်တည်းမှာ သူ၏ ခန္ဓာကိုယ်ထဲမှ ကျင့်ကြံခြင်းအခြေခံက ပေါက်ကွဲထွက်လာပြီး အချိန်နှင့် လေဟာနယ်က တစ်ပြိုင်နက် အသက်ဝင်လာကြသည်။

သူ၏ ခန္ဓာကိုယ်ပေါ်မှ စွမ်းအင်အားလုံးက လှံထဲသို့ ပေါင်းစည်းသွားကြသည်။

သူက လှံကို ကျစ်ကျစ်ပါအောင် ဆုပ်၍ အရှေ့သို့ ထိုးစိုက်လိုက်သည်။

ဝုန်းခနဲ မြည်သံက ပဲ့တင်ထပ်သွားသည်။ လှံက အဖိုးကိုး၏ ဓားစွမ်းအင် ကျရောက်သွားခဲ့သော နေရာဆီသို့ ထိုးဖောက်သွားသည်။

ယင်းက အသွေးအသားကို ဖြတ်ကျော်သွားပြီး လီမုန့်တု၏ နှလုံးကို တိုက်ရိုက် ဖောက်ထွင်းသွားသည်။

ထိုအခါ ကောင်းကင်ပေါ်မှ ကျဆင်းလာနေသော မိုးသောက်အလင်းက ပျောက်ကွယ်သွားပြီး ဒြပ်စင်ငါးမျိုးက သူ့ဆီသို့ ပြန်ရောက်လာကြသည်။

သို့သော်လည်း ရွှီချင်းက နည်းနည်းမှ စိတ်မအေးနိုင်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ၏ သူငယ်အိမ်က ကျုံ့သွားသည်။ သူက အလောင်းကို ဖျက်ဆီးပစ်မည့် အတွေးကို လက်လျော့လိုက်ပြီး ချက်ချင်း အနောက်ဆုတ်သွားသည်။

သူ၏ အလျင်က အလွန်မြန်ဆန်လေရာ သူက နေရာမှ ချက်ချင်း ပျောက်ကွယ်သွားသည်။

သူ၏ ခန္ဓာကိုယ်က အနောက်ဆုတ်သွားသည်နှင့်တစ်ပြိုင်နက် ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲမှုက လီမုန့်တု၏ အလောင်းထံမှ ရုတ်တရက် ပေါ်လျှိုးလာသည်။

ယင်းက ကီလိုမီတာငါးရာကို ဖုံးလွှမ်းသွားသည်။

ထိုဧရိယာအတွင်းမှာရှိသော အရာအားလုံးက ဗလာနတ္ထိအဖြစ် ဖျက်ဆီးခံလိုက်ရသည်။

ရွှီချင်း၏ အမူအရာက တည်ကြည်လေးနက်သွားသည်။ ဤအခိုက်အတန့်မှာ သူက မိုင်တစ်ထောင်အဝေးမှာ ရှိနေသည့်တိုင် သူ့အရှေ့မှ ပေါက်ကွဲမှု၏ ကြီးမားသော အန္တရာယ်ကို အာရုံခံမိဆဲပင်။

အကယ်၍ သူသာ အစောနက ခြေတစ်လှမ်း နောက်ကျသွားမည်ဆိုလျှင် အသက်မသေလျှင်ပင် ဒဏ်ရာအပြင်းအထန် ရရှိသွားလိမ့်မည်။

တစ်ချိန်တည်းမှာ အက်ရှရှအသံက ဗလာနတ္ထိအဖြစ် ဖျက်ဆီးခံလိုက်ရသော ဧရိယာထဲမှ ဖြည်းညင်းစွာ ပျံ့လွင့်လာသည်။

“ ငါ့ရဲ့ တတိယမြောက်အခွင့်အာဏာကို မဖြစ်မနေ ထုတ်သုံးရဖို့ ဖိအားပေးနိုင်တယ်ဆိုတော့ မင်းက တကယ်ပဲ ထူးခြားသာလွန်ပါတယ် ”

ထိုအသံ ပဲ့တင်ထပ်သွားသည်နှင့် လီမုန့်တုက အပျက်အစီးနယ်မြေထဲမှ တစ်လှမ်းချင်း လျှောက်လှမ်းလာသည်။

သူ၏ အဝတ်အစားများက ဆုတ်ပြဲနေသော်လည်း သူ၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာအားလုံးသည်တော့ ပျောက်ကင်းသွားကြသည်။

သူ၏ အရှိန်အဝါဖြစ်စေ၊ သူ၏ အခြေအနေဖြစ်စေ၊ သို့မဟုတ် သူ၏ ကျင့်ကြံခြင်းအခြေခံဖြစ်စေ အရာအားလုံးက မူလအထွတ်အထိပ်သို့ ပြန်ရောက်သွားသည်။

ယင်းက သူ၏ တတိယမြောက် အခွင့်အာဏာဖြစ်သည်။ ထိုအခွင့်အာဏာက ကောင်းကင်ဘုံဖီဆန်သော စွမ်းအားကို ပိုင်ဆိုင်ထားပြီး ယင်းကို ပြန်လည်အားဖြည့်ခြင်းဟု ခေါ်သည်။

လီမုန့်တုက ဖြည်းညင်းစွာ လမ်းလျှောက်နေရင်း ရွှီချင်းကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ တည်ကြည်လေးနက်မှုက အထင်အရှား ထွက်ပေါ်နေသည်။ ထို့ပြင် စိတ်ရှုပ်ထွေးမှုသည်လည်း တစ်စွန်းတစ်စ ထွက်ပေါ်နေသည်။

“ ငါမင်းနဲ့ မတွေ့ခင်မှာ ငါ့ရဲ့ ပါရမီက အထွတ်အထိပ်မှာရှိတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်မှတ်ခဲ့တယ်… တစ်စုံတစ်ယောက်က ငါ့ထက် သာလွန်တယ်ဆိုရင်တောင် အဲ့လောက်အများကြီး မသာလွန်သင့်ဘူး ”

“ အဲ့ဒါက ဒီနေ့မတိုင်ခင်အထိပဲ… ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံက အစောပိုင်းအဆင့် အုပ်ချုပ်သူဆိုပေမဲ့ မင်းက ဝိညာဉ်စုစည်းခြင်းအဆင့်မှာပဲ ရှိသေးတယ်… ဒါတောင် မင်းရဲ့ တိုက်ပွဲစွမ်းအားက ငါနဲ့ သရေကျတယ်… ဒီတော့ ပါရမီအရဆိုရင် ငါက မင်းထက် နိမ့်ကျတယ်… ဒါပေမဲ့ ဒီလောကမှာ ဘယ်အရာမှ အကြွင်းမဲ့ မှန်ကန်တယ်ဆိုတာ မရှိဘူး ”

“ သောက်ရေးမပါတာတွေ မပြောနဲ့ ”

ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။

အတိတ်၌ စကားလုံးများပေါ် မှီငြမ်း၍ စည်းချအစီအရင်ကို အသက်သွင်းခဲ့သော အုပ်ချုပ်သူတစ်ပါးနှင့် တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ရွှီချင်းက ဤနည်းလမ်းကို သတိကြီးစွာထားခဲ့သည်။ သို့ဖြစ်၍ သူက တစ်ဖက်လူ၏ စကားကို ကြားဖြတ်ပြောလိုက်သည်။ တစ်ချိန်တည်းမှာ သူ၏ ညာမျက်လုံးထဲမှ ပယ်ဖျက်ခြင်းအခွင့်အာဏာက အသက်ဝင်လာသည်။

သူက ဘေးပတ်ဝန်းကျင်မှ သဲလွန်စအားလုံးကို ပယ်ဖျက်လိုက်သည်။

ယင်းကို လီမုန့်တုကြားသောအခါ သူ၏ အကြည့်က လေးနက်သွားသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး အရှေ့သို့ ဝှေ့ယမ်းလိုက်သည်။

ချက်ချင်းဆိုသလို ပန်းပေါင်းစုံရနံ့က လေထဲမှာ ပြည့်နှက်သွားသည်။ လီမုန့်တုကို ဗဟိုပြု၍ မရေမတွက်နိုင်သော ပန်းပွင့်များက လေထဲမှာ ထွက်ပေါ်လာကြပြီး ကီလိုမီတာသန်းပေါင်းများစွာဆီသို့ ပြန့်ကျဲသွားကြသည်။

အဆုံးမဲ့သော ဧရိယာက ရောင်စုံပန်းပွင့်ပင်လယ်အဖြစ် ပြောင်းလဲသွားသည်။

ရောင်စုံပန်းပွင့်ပင်လယ်ထဲတွင် တချို့က လှပပြီး တချို့က အရုပ်ဆိုးကြသည်။ တချို့က ပုပ်သိုးဆွေးမြေ့နေပြီး တချို့က ချောက်ချားဖွယ်ကောင်းကြသည်။

ထို့ပြင် ယင်းတို့အားလုံးက အဆိပ်ပန်းပင်များ ဖြစ်ကြသည်။

မရေမတွက်နိုင်သော အဆိပ်ပန်းပင်များမှ ထုတ်လွှတ်လိုက်သော ပန်းပေါင်းစုံရနံ့က အလွန်ပြင်းထန်သော ဒြပ်ပေါင်းအဆိပ်တစ်မျိုးအဖြစ် ပြောင်းလဲသွားသည်။

ထိုအဆိပ်က ရွှီချင်းကို ချက်ချင်း လွှမ်းခြုံသွားသည်။

အကယ်၍ တခြားတစ်ယောက်သာဆိုလျှင် သူတို့က ဤသို့အခြေအနေမျိုးမှာ သေခြင်းရှင်ခြင်းကပ်ဘေးဖြင့် သေချာပေါက် ရင်ဆိုင်ရလိမ့်မည်။ သို့သော်လည်း ရွှီချင်း၏ အပင်တာအိုက အလွန်နက်နဲသိမ်မွေ့သော အဆင့်သို့ ရောက်ရှိနေသည်။ သူ့မှာ မည်သည့်ဆေးပင်မှ မရှိသော်လည်း ဆေးလုံးအများအပြား ရှိသည်။

မည်သို့ဖြစ်ပါစေ ဆေးလုံးများကို ဆေးဖက်ဝင်အပင်များဖြင့် သန့်စင်ထားလေရာ ယင်းတို့ထဲတွင် သူလိုအပ်သော ပစ္စည်းများ ပါဝင်ကြသည်။

ရွှီချင်းက လျှင်မြန်သော လက်လှုပ်ရှားမှုကို ပြုလုပ်လိုက်ပြီး သိုလှောင်အိတ်ထဲမှ ဆေးလုံးတချို့ကို ဂရုတစိုက် ရွေးချယ်လိုက်သည်။ ဆေးလုံးတစ်လုံး ထွက်ပေါ်လာသည့်အခါတိုင်း သူက ယင်းကို ချေမွလိုက်ပြီး အထဲမှ ပါဝင်ပစ္စည်းများကို ဆွဲထုတ်လိုက်သည်။ ထို့နောက် သူက အပင်တာအိုအပေါ် သူ၏ နက်နဲသိမ်မွေ့သော နားလည်သဘောပေါက်မှုကို အသုံးပြု၍ ပါဝင်ပစ္စည်းအမျိုးမျိုးကို လေထဲမှာ ရောနှောချိန်ညှိလိုက်သည်။

ထိုနည်းဖြင့် သူက ဤနေရာမှ အဆိပ်ကို ပျက်ပြယ်စေသည်။

သူက အဆိပ်ကို လုံးလုံးမပျက်ပြယ်စေနိုင်သော်လည်း သူ၏ လက်ရှိတိုက်ပွဲစွမ်းအားက အဆိပ်၏ ကျန်ရှိသော အာနိသင်ကို ခုခံတားဆီးနိုင်သည်။

သို့သော်လည်း ရွှီချင်းက ဆေးလုံးများကို ထုတ်၍ ဘေးပတ်ဝန်းကျင်မှ အဆိပ်ကို ဖယ်ရှားလိုက်သည်နှင့်ချက်ချင်း လီမုန့်တုက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ သူ၏ ခြေဖဝါးအောက်တွင် ကျယ်လောင်သော အသံပေါက်ကွဲမှုတစ်ခု ထွက်ပေါ်လာသည်နှင့် သူက မိုင်တစ်ထောင်အကွာအဝေးသို့ ချက်ချင်း ဖြတ်ကျော်သွားပြီး ရွှီချင်း၏ အရှေ့မှာ ထွက်ပေါ်လာသည်။

သူက လက်သီးဖြင့် ထိုးလိုက်သည်။

ရွှီချင်းက ခေါင်းမော့လိုက်ပြီး တန်ပြန်တိုက်ခိုက်လိုက်သည်။

ကျယ်လောင်သော ပေါက်ကွဲသံများက ချက်ချင်း ထွက်ပေါ်လာကြသည်။ လီမုန့်တု၏ တိုက်ခိုက်မှုများက မုန်တိုင်းတစ်ခုနှင့် ဆင်တူပြီး ရပ်တန့်ရန် ခက်ခဲသည်။ သူက ခုခံမှုအပိုင်းကို လျစ်လျူရှုထားပြီး သူ၏ ခန္ဓာကိုယ်နှင့် မန္တန်များကို အသုံးပြု၍ ထိပ်တိုက် တိုက်ခိုက်သည်။

ထိုနည်းလမ်းက ယခင် သူအသုံးပြုခဲ့ဖူးသော နည်းလမ်းများဖြင့် လုံးဝ ကွဲပြားခြားနားသည်။

လေမုန်တိုင်းသဖွယ် တိုက်ခိုက်မှုများဖြင့် ရင်ဆိုင်ရသောအခါ ရွှီချင်းက အစွမ်းကုန် ထုတ်သုံးလိုက်သည်။ သူ၏ လက်ထဲမှ အနက်ရောင်လှံက ထွန်းလင်းတောက်ပလာပြီး ဒြပ်စင်ငါးမျိုးအခွင့်အာဏာများက အင်ပြည့်အားပြည့် ပေါက်ကွဲထွက်လာကြသည်။ အချိန်နှင့် လေဟာနယ်သည်လည်း အသက်ဝင်လာကြသည်။

စက္ကန့်ပိုင်းအတွင်းမှာ နှစ်ဖက်စလုံးက အလွန်အားကောင်းသော တိုက်ခိုက်မှုများကို ဖလှယ်လိုက်ကြသည်။

ဝုန်းခနဲ မြည်သံက တဒင်္ဂမျှပင် တိတ်ဆိတ်မသွားပေ။

ဒဏ်ရာများသည်တော့ ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာကြသည်။ သူ၏ ဝိညာဉ်သည်ပင် ချွင်းချက်မဟုတ်ပေ။

ယင်းက သူ၏ တစ်ကိုယ်လုံးကို သွေးလွှမ်းသွားစေသည်။ သွေးက သူ၏ ပါးစပ်ထဲမှလည်း စီးကျလာသည်။

သို့သော်လည်း ထူးဆန်းသည့်အရာမှာ လီမုန့်တုက လုံးဝ ထိခိုက်ဒဏ်ရာမရသွားပေ။

အတိအကျဆိုရလျှင် သူက ဒဏ်ရာရသွားသည့်အခါတိုင်း ချက်ချင်း ပြန်ကောင်းမွန်သွားသည်။

ဤသည်မှာ သူ၏ ပြန်လည်အားဖြည့်ခြင်းအခွင့်အာဏာက သူ့ကို အဆုံးမဲ့စွာ ပြန်သက်သာစေနိုင်သည့်အလားပင်။

ထိုမြင်ကွင်းက ရွှီချင်းကို နှလုံးတုန်သွားစေသည်။

ယခုပုံစံအရဆိုလျှင် ပြန်လည်အားဖြည့်ခြင်းအခွင့်အာဏာက တိုက်ခိုက်နေစဉ်အတွင်းမှာလည်း သက်ရောက်မှုရှိဟန် ရသည်။

ထိုသို့အခွင့်အာဏာသည် အမှန်တကယ်ပင် ကောင်းကင်ဘုံဖီဆန်သော စွမ်းအင်ဖြစ်သည်။

ရွှီချင်းသည် ထိုသို့စွမ်းအင်ကို ယခင်က တစ်ခါမှ မမြင်ဖူးပေ။

ယင်းက သူ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။

သို့သော်လည်း သူ့မှာ ပြန်လည်အားဖြည့်ခြင်းအခွင့်အာဏာနှင့် ဆင်တူသော စွမ်းအင်တစ်မျိုး ရှိသည်။ ယင်းက အချိန်နောက်ပြန်ဆုတ်ခြင်း ဖြစ်သည်။ သို့ဖြစ်၍ ထိုသို့အခွင့်အာဏာအကြောင်းကို ကောင်းမွန်စွာ သူနားလည်သည်။

“ ငါ့ရဲ့ အချိန်နောက်ပြန်ဆုတ်တာကလည်း ကောင်းကင်ဘုံဖီဆန်တဲ့ စွမ်းအင်ပဲ… ဒါကြောင့် အဲ့ဒါကို အချိန်တိုအတွင်းမှာ နောက်တစ်ကြိမ် အသုံးပြုဖို့က မဖြစ်နိုင်ဘူး… ဒီတော့ လီမုန့်တုလည်းပဲ… ”

“ … တန်ကြေးတစ်ခု မပေးဆပ်ဘဲ အဲ့ဒါကို နောက်တစ်ကြိမ် အသုံးပြုဖို့ဆိုတာ မဖြစ်နိုင်ဘူး ”

“ သူက ဒီဟာကို အချိန်ကြာကြာ မထိန်းထားနိုင်လောက်ဘူး… ဒါ့အပြင် အခွင့်အာဏာရဲ့ အာနိသင် ပျက်ပြယ်သွားတဲ့အခါကျရင် တန်ကြေးက သေချာပေါက် ထွက်ပေါ်လာလိမ့်မယ် ”

ထိုသို့တွေးမိသောအခါ ရွှီချင်းက အံတင်းတင်းကြိတ်လိုက်ပြီး တန်ပြန်တိုက်ခိုက်နေရာမှ ခုခံမှုဘက်သို့ ကူးပြောင်းလိုက်သည်။ သူက တစ်ဖက်လူ၏ လေမုန်တိုင်းသဖွယ် တိုက်ခိုက်မှုများကို ခုခံတားဆီးနေရင်း အနောက်ဆုတ်သွားသည်။

သူက အချိန်ဆွဲနေသော်လည်း လီမုန့်တု၏ တိုက်ခိုက်မှုများက ပိုပြီးအားကောင်းသန်မာလာသည်။ ယင်းက ရွှီချင်း၏ ဒဏ်ရာများကို ပိုပြီးဆိုးဝါးသထက် ဆိုးဝါးလာစေသည်။ နောက်ဆုံးမှာတော့ သူ၏ တစ်ကိုယ်လုံးက သွေးပုံရိပ်အဖြစ် ပြောင်းလဲသွားသည်။

ယင်းကို မြင်သောအခါ လီမုန့်တု၏ မျက်လုံးထဲတွင် အလင်းတစ်ခု ပေါ်လျှိုးလာသည်။

သူ၏ ပြန်လည်အားဖြည့်ခြင်းအခွင့်အာဏာက ထူးခြားသာလွန်သော်လည်း ယင်းကို အချိန်တစ်ခဏမျှသာ ထိန်းထားနိုင်သည်။ ထို့ပြင် ထိုသို့အသုံးပြုရန် ကြီးမားသော တန်ကြေးကို သူပေးဆပ်ရလိမ့်မည်။ ထိုအခြေအနေ ပျောက်ကွယ်သွားသည်နှင့် သူက တန်ပြန်ဆိုးကျိုးကို ခံစားရလိမ့်မည်။

ထို့ပြင် ယင်းကို အချိန်တိုလေးအတွင်းမှာ နောက်တစ်ကြိမ် သူအသုံးပြုနိုင်လိမ့်မည် မဟုတ်ချေ။

ယခင်က ရွှီချင်းအသုံးပြုခဲ့သော အချိန်နောက်ပြန်ဆုတ်ခြင်းက လီမုန့်တုကို ကြီးကြီးမားမား မစိုးရိမ်စေပုံပေါ်သည်။ သို့သော်လည်း အမှန်မှာ သူက သတိကြီးစွာထားနေခြင်း ဖြစ်သည်။ ရလဒ်အနေဖြင့် သူ၏ လက်ရှိလုပ်ဆောင်မှုများမှာ ရည်ရွယ်ချက်နှစ်ခုရှိသည်။

ပထမအနေဖြင့် အစတွင် သူပြောခဲ့သော စကားများက သူ၏ အချိန်ကို ကုန်ဆုံးစေခဲ့သလို ရွှီချင်း၏ အချိန်ကိုလည်း ကြန့်ကြာစေခဲ့သည်။

သူ၏ နားလည်ထားမှုအရ ရွှီချင်းအသုံးပြုခဲ့သော အချိန်နောက်ပြန်ဆုတ်ခြင်းစွမ်းရည်က ဆယ့်ငါးမိနစ်ထက် ပိုမကြာနိုင်ဟန် ရ၏။ ဖြစ်နိုင်သည်မှာ ယင်းက အသက်ရှူချိန်ဒါဇင်ခန့်မျှသာ ကြာနိုင်သည်။

ဒုတိယအနေဖြင့် အချိန်နောက်ပြန်ဆုတ်ခြင်းစွမ်းရည်၏ အကန့်အသတ်များကို သူနားလည်ထားသောကြောင့် လီမုန့်တုက သူ၏ အစွမ်းထက်ဆုံး လူသတ်ကွက်များကို မထုတ်ဖော်နိုင် ဖြစ်နေသည်။ သို့ဖြစ်၍ သူက မနားတမ်း ဆက်တိုက် တိုက်ခိုက်နေပြီး ရွှီချင်း၏ ဒဏ်ရာများကို ပိုပြီးဆိုးဝါးလာစေသည်။

ထိုနည်းဖြင့်ဆိုလျှင် အကယ်၍ ရွှီချင်းက အချိန်နောက်ပြန်ဆုတ်နိုင်ဦးမည်ဆိုလျှင်ပင် သို့မဟုတ် သူ၏ ဒဏ်ရာများက အလုံအလောက် မဆိုးဝါးသေးသောကြောင့် တစ်ခဏ တုံ့ဆိုင်းနေမည်ဆိုလျှင် သူက အကောင်းဆုံး အခွင့်အရေးကို ဆုံးရှုံးသွားလိမ့်မည်။ ရလဒ်အနေဖြင့် သူက အချိန်နောက်ပြန်ဆုတ်လိုက်မည်ဆိုလျှင်ပင် အထွတ်အထိပ်အခြေအနေသို့ ပြန်ရောက်နိုင်တော့မည် မဟုတ်ချေ။ ယင်းအစား သူက ဒဏ်ရာများဖြင့် ပြည့်နှက်နေသော အခြေအနေသို့ ပြန်ရောက်သွားလိမ့်မည်။

ယင်းက မကောင်းမှုရလဒ်ဆီသို့ ဦးတည်နေသော သံသရာစက်ဝန်းဖြစ်သည်။

“ အခု သူ့မှာ အဲ့ဒီစွမ်းရည်ရှိမရှိ ငါအတည်ပြုရမယ် ”

“ တကယ်လို့ သူ့မှာ အဲ့ဒီစွမ်းရည်ရှိတယ်ဆိုရင် အဲ့ဒီနည်းလမ်းကို အသုံးပြုဖို့ကလွဲပြီး ငါ့မှာ တခြားရွေးချယ်စရာမရှိတော့ဘူး…”

“ တကယ်လို့ မရှိဘူးဆိုရင် ဒီတိုက်ပွဲက ပြီးသွားပြီ ”

ထိုသို့တွေးမိသောအခါ လီမုန့်တုက ပြန်လည်အားဖြည့်ခြင်းအခွင့်အာဏာ၏ လက်ကျန်အချိန်ကို ခန့်မှန်းလိုက်သည်။ ထို့နောက် သူက သစ်သားပန်းပုရုပ်တစ်ခုကို ထုတ်လိုက်သည်။

သစ်သားပန်းပုရုပ်က အနက်ရောင်ဖြစ်ပြီး မိစ္ဆာအရှိန်အဝါကို ထုတ်လွှတ်နေသည်။ ပန်းပုရုပ်က အဖိုးအိုတစ်ယောက်၏ အသွင်သဏ္ဍာန် ဖြစ်သည်။

၎င်းက တကယ် အသက်ဝင်နေသည့်အလား အောက်မေ့ရသည်။

အဖိုးအို၏ အသွင်ပုံစံသည် အလွန်နာကျင်နေသည့်အလား မျက်နှာရှုံ့မဲ့နေသည်။ သူက အသက်သေဆုံးရန် ခြေတစ်လှမ်းမျှသာ ဝေးကွာတော့ပုံပေါ်သည်။

လီမုန့်တုက အဖိုးအိုပန်းပုရုပ်ကို ထုတ်လိုက်သည်နှင့်ချက်ချင်း ရွှီချင်း၏ မျက်နှာက ရုတ်တရက် မည်းမှောင်သွားသည်။

လီမုန့်တုက ပန်းပုရုပ်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားစဉ် အခြားလက်တစ်ဖက်က သူ၏ ရင်ဘက်ထဲသို့ တိုက်ရိုက် ဖောက်ထွင်းသွားသည်။ သူက နှလုံးကို အပြင်သို့ အကြမ်းပတမ်း ဆောင်ဆွဲလိုက်ပြီး အားကောင်းစွာ ဖျစ်ညှစ်လိုက်သည်။

All Chapters