← Chapters

အလင်းသို့ ပြန်သွားခြင်း

Vol. 81 Ch. 1245

အလင်းသို့ ပြန်သွားခြင်း

Vol. 81 Ch. 1245

ထိုမြင်ကွင်းသည် အဝေးမှ မင်းသားကြီးနှင့် လူသားအုပ်စုကို မယုံကြည်နိုင်မှုကြောင့် နှလုံးတုန်ယင်သွားစေသည်။

ရွှီချင်းနှင့် မင်းသားမင်နန်ကြားမှ တိုက်ပွဲသည် သူတို့၏ အကဲဖြတ်နိုင်စွမ်းထက် အမှန်တကယ် ကျော်လွန်နေသည်။

သေခြင်းရှင်ခြင်းကို ပြောင်းပြန်လှန်ပစ်နိုင်သော အချိန်နိယာမသည် အမှန်တကယ် အံ့ဖွယ်ကောင်းသည်။ ထို့ပြင် ရွှီချင်းက လက်ဝှေ့ယမ်းလိုက်ရုံဖြင့် တားမြစ်လက်နက်အများကြီးကို ထိန်းချုပ်နိုင်သွားသည်။

ထိုထဲမှ တားမြစ်လက်နက်သုံးခုသည် အစောနက မင်းသားမင်နန်အသုံးပြုသွားခဲ့သော တားမြစ်လက်နက်များ ဖြစ်ကြသည်။

အချိန်တိုလေးအတွင်းမှာ ရွှီချင်းသည် တူညီသော တားမြစ်လက်နက်သုံးခုကို အမှန်တကယ် ထုတ်ဖော်ပြခဲ့သည်။ သို့ဖြစ်၍ ဤအခိုက်အတန့်မှာ စကားလုံးနှစ်လုံးသည် သူတို့အားလုံး၏ စိတ်ထဲမှာ တူညီစွာ ထွက်ပေါ်လာကြသည်။

မွန်းစတား…

မွန်းစတားသဖွယ် တည်ရှိမှုသာလျှင် ကြောက်မက်ဖွယ်ကောင်းသော ထိုသို့နားလည်နိုင်စွမ်းကို ပိုင်ဆိုင်နိုင်ပေသည်။

ကျောက်ရှာအလင်းသည်ပင် ပုံမှန်စံသတ်မှတ်ချက်များအရ ထိုသို့အဆင့်ကို ရောက်ရှိရန် မဖြစ်နိုင်ပေ။ ဤသည်မှာ ရွှီချင်းက သူ၏ နတ်ဘုရားစိတ်ဆန္ဒကို မြောက်များစွာသော ဆင်ခြင်နားလည်မှုများဖြင့် ပေါင်းစပ်ပြီးနောက် ထွက်ပေါ်လာသော ရလဒ်ဖြစ်သည်။ ယင်းက သူ၏ နားလည်နိုင်စွမ်းကို စိတ်ကူးမယဉ်နိုင်သော အဆင့်ထိ ရောက်ရှိသွားအောင် တွန်းပို့ပေးခဲ့သည်။

အတိတ်တွင် အိမ်ရှေ့စံမင်းသားနှင့် မင်းသမီးမင်မိန်သည်ပင် ရွှီချင်း၏ နားလည်နိုင်စွမ်းကို ထိတ်လန့်သွားခဲ့ကြသည်။ သို့ဖြစ်၍ တခြားလူများကို ထည့်ပြောနေရန် မလိုပေ။

သို့ဖြစ်၍ ဤအခိုက်အတန့်မှာ မင်းသားမင်နန်သည် နှလုံးတုန်လာသည်။ သူ၏ နှလုံးသားထဲမှ လှိုင်းလုံးများသည် ကောင်းကင်အထိ ထိုးတတ်သွားပြီး သူ၏ အသိစိတ်ထဲမှာ ခပ်အုပ်အုပ် မိုးခြိမ်းသံအဖြစ် ပြောင်းလဲသွားသည်။

ထိုမိုးခြိမ်းသံသည် သူ၏ အသက်ရှူသံကို မြန်ဆန်လာစေပြီး သူ၏ ခန္ဓာကိုယ်ကို အလိုအလျောက် အနောက်ဆုတ်သွားစေသည်။ သူက ရွှီချင်း၏ ဘေးမှ တားမြစ်လက်နက်များကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ သူက အကောင်းဆုံး ကြိုးစားလိုက်ပြီး သူ၏ စိတ်ခံစားချက်များကို ဖိနှိပ်လိုက်သည်။

“ မင်း… ”

သူက စကားဆုံးအောင် မပြောနိုင်ခဲ့ပေ။

အဘယ့်ကြောင့်ဆိုသော် ရွှီချင်းက နောက်အခိုက်အတန့်မှာ ပိုပြီးအံ့ဖွယ်ကောင်းသော ထိတ်လန့်စရာကိစ္စကို လုပ်ဆောင်ခဲ့သောကြောင့် ဖြစ်သည်။ ယင်းက လူတိုင်းကို အံ့ဩသွားစေသည်။

ရွှီချင်းသည် ညာလက်ကို မြှောက်လိုက်ပြီး ကြယ်တာရာကောင်းကင်ကို မော့ကြည့်လိုက်သည်။ နောက်အခိုက်အတန့်မှာ ကျယ်လောင်သော ပေါက်ကွဲမှုသည် ကောင်းကင်ပေါ်မှာ မြည်ဟိန်းထွက်လာသည်။

ထိုအသံသည် နတ်ဘုရားတစ်ပါး၏ ဟိန်းသံနှင့် ဆင်တူသည်။ ထိုဟိန်းသံက လောကတစ်ခွင်သို့ ပဲ့တင်ထပ်သွားသည့်အခါ ကောင်းကင်ပေါ်မှ ကြယ်များသည် အရောင်မှေးမှိန်သွားကြသည်။

ကြယ်ကိုးလုံးသည်သာ ထိန်ထိန်လင်းစွာ ဆက်ပြီး တောက်ပနေကြသည်။

ကြယ်အလင်းရောင်သည် မြေပြင်ပေါ်သို့ ဖြာဆင်းကျလာပြီး ဧရာမလက်ချောင်းလေးချောင်းကို ဖွဲ့စည်းလိုက်သည်။ ထိုလက်ချောင်းလေးချောင်းသည် မင်းသားမင်နန်ကို ပစ်မှတ်ထားလိုက်ကြသည်။

ဤသည်မှာ မင်းသားမင်နန်အသုံးပြုခဲ့သော အင်မော်တယ်စွမ်းအင်(၃၆)မျိုးထဲမှ ကြယ်ကိုးလုံးဖိနှိပ်ခြင်းလက်ချောင်း ဖြစ်သည်။

“ မဖြစ်နိုင်တာ ”

မင်သားမင်နန်သည် သူ၏ စိတ်ကို တည်ငြိမ်အောင် ဆက်ပြီး မချုပ်ထိန်းနိုင်တော့ပေ။

“ အင်ပါယာအဆင့်ကျင့်ကြံခြင်းအတတ်ပညာကို တာအိုမျိုးစေ့မရှိဘဲ သင်ယူဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ”

ရွှီချင်းက တည်ငြိမ်စွာ အသက်ရှူသွင်းလိုက်သည်။

ဤလောကထဲမှ အဆုံးမဲ့သော စွမ်းအားသည် ရွှီချင်း၏ ပါးစပ်ထဲသို့ မြန်ဆန်စွာ တိုးဝင်သွားသည်။ အမှန်မှာ ဘေးပတ်ဝန်းကျင်တွင် ကြီးမားသော ဝဲကတော့တစ်ခုပင် ထွက်ပေါ်လာသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ရွှီချင်း၏ စုပ်ယူအားက မည်မျှအားကောင်းကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။

အရပ်မျက်နှာပေါင်းစုံမှ စွမ်းအားကို စုပ်ယူဝါးမျိုပြီးနောက် ရွှီချင်း၏ ရုပ်ခန္ဓာကိုယ်စွမ်းအားသည် တစ်ဟုန်ထိုး တိုးမြှင့်သွားသည်။

(၁၇)ကြိမ် ဆက်တိုက်အသက်ရှူခြင်း…

လောက၏ အရောင်သည် ပြောင်းလဲသွားပြီး လေသည် တဟူးဟူး တိုက်ခတ်လာသည်။ လူတိုင်းကို နှလုံးတုန်သွားစေမည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။

မင်းသားမင်နန်၏ အမူအရာသည် မည်းမှောင်သွားသည်။

“ အခု မင်းထုတ်ဖော်ပြတာက တကယ့် အင်ပါယာအဆင့် ကျင့်ကြံခြင်းအတတ်ပညာ မဟုတ်ဘူး… အဲ့ဒါက ပုံတူပွားထားရုံပဲ… ကျင့်ကြံခြင်းအတတ်ပညာရဲ့ တကယ့်အနှစ်သာရက မင်းဆီမှာ မရှိဘူး ”

“ ဒါပေမဲ့ ဒီတိုက်ပွဲက အဓိပ္ပာယ်မရှိတော့ဘူး ”

သူက စကားပြောပြီးနောက် အနောက်လှည့်လိုက်ပြီး အဝေးသို့ ထွက်ပြေးသွားသည်။

သူက ဆက်ပြီး မတိုက်ခိုက်ချင်တော့ပေ။ သူ့မှာ နည်းလမ်းများစွာနှင့် ဝှက်ဖဲများစွာ ကျန်ရှိနေသေးသော်လည်း အကယ်၍ သူက ယင်းတို့အားလုံးကို အသုံးပြုမည်ဆိုလျှင်ပင် တစ်ဖက်လူကို သတ်နိုင်လိမ့်မည်မဟုတ်ကြောင်း ခံစားနေမိသည်။

သူ့မှာ သေခြင်းရှင်ခြင်းကို ပြောင်းပြန်လှန်ပစ်နိုင်သော နည်းလမ်းတစ်ခုရှိသော်လည်း ယင်းကို ရွှီချင်းအရှေ့မှာ ထုတ်မပြချင်ပေ။

ရန်သူကို ပျိုးထောင်ပေးနေရသော ခံစားမှုသည် အလွန်ရွံစရာကောင်းသည်။

ထို့ကြောင့် သူက မြန်ဆန်စွာ ထွက်ပြေးနေခြင်း ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူက မိုးကုပ်စက်ဝိုင်းဆီသို့ ရောက်ရှိသွားပြီး မကြာခင် ဤနေရာမှ ထွက်သွားနိုင်တော့မည်။

ရွှီချင်းက မင်းသားမင်နန်ကို စိုက်ကြည့်လိုက်သည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်စဉ် တည်ငြိမ်သော အသံက သူ၏ ပါးစပ်ထဲမှ မြည်ဟိန်းထွက်လာသည်။

“ မင်းက ကြိုက်တဲ့အချိန် တိုက်ခိုက်နိုင်ပြီး ကြိုက်တဲ့အချိန် ထွက်သွားနိုင်တယ်လို့ ထင်နေတာလား ”

သူ၏ စကားဆုံးသွားသည့်အခိုက် လက်ချောင်းလေးချောင်းသည် ကောင်းကင်ပေါ်မှ ဆင်းသက်လာကြပြီး မင်းသားမင်နန်ဆီသို့ ဦးတည်သွားကြသည်။ ယင်းတို့က မင်းသားမင်နန်၏ အရပ်လေးမျက်နှာစလုံးကို ပိတ်ဆို့လိုက်ကြသည်။

“ ချိပ်ပိတ်စမ်း ”

ရွှီချင်း၏ စကားဆုံးသွားသည်နှင့် ကြယ်လက်ချောင်းလေးချောင်းသည် မင်းသာမင်နန်၏ ဝိညာဉ်နှင့် တည်နေရာပြောင်းရွှေ့မည့် အခွင့်အရေးကို ချိပ်ပိတ်လိုက်သည်။

တစ်ချိန်တည်းမှာ သေခြင်းအရှိန်အဝါကို သယ်ဆောင်ထားသော သက်တံ့လေးခုသည် ရွှီချင်း၏ ဘေးမှ ပျံသန်းထွက်သွားကြသည်။ ၎င်းတို့က ကောင်းကင်ကို ဖြတ်သန်းသွားကြပြီး မင်းသားမင်နန်ဆီသို့ မြန်ဆန်စွာ ချဉ်းကပ်သွားကြသည်။

ရွှီချင်း၏ ဤတစ်ကြိမ် တန်ပြန်တိုက်ခိုက်မှုသည် အင်ပြည့်အားပြည့် ထွက်ပေါ်လာသည်။ ကောင်းကင်သည် ဝေဝါးလာပြီး တိမ်တိုက်များသည် လှုပ်ရှားထကြွလာသည်။ ကီလိုမီတာ(၅၀၀)အကျယ်အဝန်းကို လွှမ်းခြုံနိုင်သော ဧရာမအကျဉ်းထောင်သည် ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။

အကျဉ်းထောင်သည် မြေပြင်ပေါ်သို့ ချက်ချင်း ဆင်းသက်လာသည်။

အကျဉ်းထောင်ထဲတွင် အချုပ်ခန်းအများအပြားရှိကြောင်း မည်သူမဆို မြင်နိုင်လိမ့်မည်။ အချုပ်ခန်းအများစုတွင် အကျဉ်းသားများဖြင့် ပြည့်နှက်နေကြသည်။ တချို့သည် လူသေကောင်ပမာ အသိစိတ်ကင်းမဲ့နေကြပြီး တချို့သည် အရူးကဲ့သို့ ရယ်မောနေကြသည်။ တချို့သည် ဝမ်းနည်းစွာ ငိုကြွေးနေကြပြီး တချို့သည် အော်ဟစ်နေကြသည်။

သက်ရှိအားလုံး၏ အသင်္ချေပုံစံအမျိုးမျိုးက ဤနေရာမှာ စုဝေးနေကြသည်။

ထို့ပြင် ခေါင်းကြီးနှင့် တခြားလူများသည် ထူးဆန်းစွာ အော်ငိုနေကြသည်။ နတ်ဘုရားလက်ချောင်းသည်လည်း အချုပ်ခန်းများကို အကြမ်းပတမ်း ထုရိုက်နေသည်။

ချက်ချင်းဆိုသလို (ဃ၁၃၂)၏ ချိပ်ပိတ်ခြင်းစွမ်းအားသည် တစ်ဟုန်ထိုး မြင့်တတ်သွားပြီး မြေပြင်ပေါ်သို့ မြန်ဆန်စွာ ဆင်းသက်လာသည်။

ကြယ်လက်ချောင်းလေးချောင်း၏ ချိပ်ပိတ်ခြင်းစွမ်းအားကြောင့်မဟုတ်လျှင် မင်းသားမင်နန်သည် (ဃ၁၃၂)၏ ထိန်းချုပ်မှုအောက်မှာ လွတ်မြောက်နိုင်လိမ့်မည်။ မည်သို့ဖြစ်ပါစေ (ဃ၁၃၂)သည် မြေပြင်ပေါ်သို့ ဆင်းသက်လာရန် အချိန်လိုအပ်သည်။ ဤသည်မှာ (ဃ၁၃၂)၏ အားနည်းချက်များထဲမှ တစ်ချက်ဖြစ်သည်။

သို့သော်လည်း ယခုအချိန်မှာ မင်းသားမင်နန်သည် မလွတ်မြောက်နိုင်တော့ပေ။

လက်ချောင်းလေးချောင်း၏ ချိပ်ပိတ်မှုသည် မင်သားမင်နန်၏ တန်ပြန်တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော်လည်း သူက အနည်းငယ် နှောင့်နှေးသွားခဲ့သည်။ နောက်အခိုက်အတန့်မှာ လောကကြီးသည် မည်းမှောင်သွားသည်။

(ဃ၁၃၂)သည် လူသားလောကဆီသို့ ကျဆင်းလာသည်။

ဗုန်း…

၎င်းက မင်းသားမင်နန်အပါအဝင် ကီလိုမီတာ(၅၀၀)အတွင်းမှာရှိသော အရာအားလုံးကို အကျဉ်းထောင်ထဲသို့ ထည့်သွင်းလိုက်သည်။

ချက်ချင်းဆိုသလို ကံကြမ္မာဆိုးနှင့် မေ့လျော့ခြင်းသည် စတင်ထွက်ပေါ်လာသည်။ တားမြစ်လက်နက်လေးခုသည် အတူတကွ ယှက်ထွေသွားကြပြီး မြန်ဆန်စွာ ရောက်ရှိလာကြသည်။ မင်းသာမင်နန်သည် အသက်ရှူမြန်လာသည်။ ထိုအကျဉ်းထောင်က မည်မျှကြောက်စရာကောင်းကြောင်း သူအာရုံခံနိုင်သည်။ ထို့ကြောင့် သူက ချိပ်တံဆိပ်လက်သင်္ကေတများစွာကို ဖွဲ့စည်းလိုက်ပြီး ဤနေရာမှ ရုန်းထွက်ရန် ကြိုးစားလိုက်သည်။

တားမြစ်လက်နက်လေးခုသည် သူ့အနောက်သို့ လိုက်ဖမ်းနေကြသည်။ ၎င်းတို့က ကောင်းကင်ပေါ်မှ ဆင်းသက်လာသည့်အခါတိုင်း ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားကို ထုတ်လွှတ်လိမ့်မည်။

ဝုန်းခနဲ မြည်ဟိန်းသံများသည် ပဲ့တင်ထပ်သွားသည်။

ချက်ချင်းဆိုသလို မရေမတွက်နိုင်သော အော်သံများသည် အကျဉ်းထောင်ထဲမှ ထွက်ပေါ်လာသည်။ သူတို့ထဲမှာ ခေါင်းကြီး၏ အော်သံသည် အစူးရှဆုံး ဖြစ်သည်။

“ အကျဉ်းသားတစ်ယောက်က အကျဉ်းထောင်ကို ဖျက်ဆီးပြီး ငါတို့ရဲ့ စည်းလုံးမှုကို ချိုးဖြတ်ချင်နေတယ် ’

ထိုအခါ အချုပ်ခန်းတံခါးများက ချက်ချင်း ပွင့်သွားကြပြီး ပုံရိပ်များက အချုပ်ခန်းထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြသည်။ သူတို့က မင်းသားမင်နန်ဆီသို့ ရက်စက်ကြမ်းကြုတ်သော အမူအရာနှင့်အတူ ပြေးသွားကြသည်။

ပိုပြီးအံ့ဖွယ်ကောင်းသည့်အချက်မှာ (ဃ၁၃၂)၏ လှောင်ချိုင့်သည် စတင်ကျုံ့သွားနေခြင်း ဖြစ်သည်။ ယင်းက ပြင်းထန်သော ချေမွခြင်းအင်အားတစ်ခုကို ဖြစ်ပေါ်စေပြီး လှောင်ချိုင့်ထဲမှ မင်းသားမင်နန်ကို လှုပ်ရှားရခက်ခဲစေသည်။

ကံကြမ္မာဆိုးသည် လုံးဝပေါ်လျှိုးလာပြီး မေ့လျော့ခြင်းသည် ပိုပြီးသိပ်သည်းလာသည်။ ထိုစွမ်းအင်နှစ်မျိုး၏ အကျိုးသက်ရောက်မှုများသည် စတင်အသက်ဝင်လာကြသည်။

တစ်ချိန်တည်းမှာ ရွှီချင်းသည် (ဃ၁၃၂)၏ အရှေ့မှာ မျက်စိတစ်မှိတ်အတွင်း ထွက်ပေါ်လာသည်။ သူက လက်မြှောက်လိုက်ပြီး အောက်သို့ ဖိချလိုက်သည့်အခါ သူ၏ ကြောက်စရာကောင်းသော ရုပ်ခန္ဓာကိုယ်စွမ်းအားက ဝိညာဉ်လှုပ်ခတ်စေနိုင်သော အင်အားအဖြစ်သို့ ပြောင်းလဲသွားသည်။

မင်းသားမင်နန်သည် သွေးတစ်ပွက်အန်လိုက်ရပြီး သူ၏ ခန္ဓာကိုယ်သည် ရပ်တန့်သွားသည်။ သူ၏ အနောက်မှ တားမြစ်လက်နက်လေးခုသည် သူ့ကို နောက်တစ်ကြိမ် ထပ်မီသွားကြသည်။ သူက တန်ပြန်တိုက်ခိုက်ရန်အတွက် သူ၏ နတ်ဘုရားစွမ်းရည်အား အသုံးပြုရန် ပြင်လိုက်သည်။

သို့သော်လည်း မတော်တဆမှုတစ်ခု ဖြစ်ပွားလာသည်။ ထို့ကြောင့် အသက်ဝင်လာနေသည့် သူ၏ နတ်ဘုရားစွမ်းရည်သည် ရုတ်ချည်း ရပ်တန့်သွားသည်။ သူက နတ်ဘုရားစွမ်းရည်ကို နောက်တစ်ကြိမ် အသက်သွင်းရန် ကြိုးစားလိုက်သော်လည်း တဒင်္ဂ နောက်ကျသွားခဲ့သည်။

အနက်ရောင်လှံသည် လျှပ်စီးတန်းပမာ အမြန်နှုန်းဖြင့် သူ၏ နောက်ကျောကို ထိုးဖောက်သွားပြီး ကျယ်လောင်သော ပေါက်ကွဲမှုတစ်ခုကို ဖြစ်ပေါ်စေသည်။

မင်းသားမင်နန်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏ အမူအရာသည် ရက်စက်ကြမ်းကြုတ်သွားသည်။ သူ၏ ခန္ဓာကိုယ်သည် အနက်ရောင်အလင်း တောက်ပလာသည်။ ယင်းက တြိဂံပုံသဏ္ဍာန် အတွင်းပိုင်းအကာအကွယ်တစ်ခုကို ဖန်တီးလိုက်သည်။ အကာအကွယ်သည် မြန်ဆန်စွာ လှည့်ပတ်သွားပြီး ကျန်ရှိသော တားမြစ်လက်နက်သုံးခုကို တားဆီးလိုက်သည်။

သို့သော်လည်း ယင်းက မြန်ဆန်စွာ ချဉ်းကပ်လာနေသော ရွှီချင်း၏ လက်သီးကို မတားဆီးနိုင်ခဲ့ပေ။

လက်သီးက ဆင်းသက်လာသည့်အခါ အနက်ရောင်အလင်း အကာအကွယ်သည် ပြိုကွဲသွားသည်။ မင်းသားမင်နန်သည် သွေးတစ်ပွက်အန်လိုက်ရသည်။ သူက မန္တန်တစ်ခုကို အသုံးပြုချင်သည်။ သို့သော်လည်း စိတ်ရှုပ်ထွေးမှုက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။

မေ့လျော့ခြင်း…

သုံးခွခက်ရင်းသည် မြန်ဆန်စွာ ပျံသန်းလာပြီး မင်းသာမင်နန်၏ ဝမ်းဗိုက်ကို ဖောက်ထွင်းသွားသည်။

အနက်ရောင်ဆေဘာဓားရှည်သည် ပျံသန်းထွက်လာပြီး သူ၏ ခါးကို ဖြတ်တောက်သွားသည်။

သူ၏ ခန္ဓာကိုယ်က နှစ်ပိုင်းခွဲထွက်သွားသည်နှင့်ချက်ချင်း သွေးနီရောင်တိုက်ပွဲပုဆိန်သည် အမြန်ရောက်ရှိလာပြီး အကြမ်းပတမ်း ခုတ်ပိုင်းလိုက်သည်။

ပြင်းထန်သော သေခြင်းရှင်းခြင်းကပ်ဘေးသည် မင်းသားမင်နန်၏ အမူအရာကို ပျက်ယွင်းသွားစေသည်။ ထိုသို့အရေးကြီးအခိုက်အတန့်မှာ သူ၏ ဦးခေါင်းပေါ်သို့ ကျဆင်းလာတော့မည့် တိုက်ပွဲပုဆိန်ကို အမြန်တိမ်းရှောင်လိုက်လေရာ ပုဆိန်သည် သူ၏ ဦးခေါင်းအစား ညာဘက်ပခုံးကို ခုတ်ပိုင်းမိသွားသည်။

ဗုန်းဟူသော ပေါက်ကွဲသံနှင့်အတူ သူ၏ အပေါ်ပိုင်းခန္ဓာကိုယ်သည် ထက်ခြမ်းခုတ်ပိုင်းခံလိုက်ရသည်။

သွေးသည် ရေပန်းသဖွယ် ဒလဟော ပန်းထွက်လာသည်။ မင်းသားမင်နန်သည် နာကျင်စွာ အော်ဟစ်ညည်းညူလိုက်ပြီး မြန်ဆန်စွာ အနောက်ဆုတ်သွားသည်။ သူက အနောက်ဆုတ်သွားနေရင်း မန္တန်တစ်ခုကို အသုံးပြုရန် ဆက်လက် ကြိုးစားလိုက်သည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ ကျင်းကန်းဂိုဏ်းဘိုးဘေး၏ သံချောင်းက ပျံသန်းထွက်လာပြီး သူ၏ နဖူးကို ထိုးစိုက်သွားသည်။

ပြင်းထန်သော အင်အားသက်ရောက်မှုကြောင့် မင်းသားမင်နန်၏ ခန္ဓာကိုယ်သည် အနောက်သို့ လွင့်စင်သွားသည်။

နောက်အခိုက်အတန့်မှာ ရွှီချင်း၏ ပုံရိပ်သည် မင်းသားမင်နန်၏ အနောက်မှာ ထွက်ပေါ်လာသည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည့်အခါ သူက ညာလက်ကို မြှောက်လိုက်ပြီး ဓားမြှောင်တစ်လက်ကို ထုတ်လိုက်သည်။ ထို့နောက် သူက လက်ဆန့်တန်းလိုက်ပြီး မင်းသားမင်နန်၏ လည်ပင်းကို အကြင်နာမဲ့စွာ လှီးဖြတ်လိုက်သည်။

ဦးခေါင်းပြတ်သည် လေထဲသို့ လွင့်စင်သွားသည်။

ရွှီချင်း၏ သတ်ဖြတ်ခြင်းလုပ်ဆောင်မှုများသည် အစီအစဉ်တကျရှိပြီး အဆင်ပြေချောမွေ့သည်။

သူက မင်းသားမင်နန်ကို တိုက်ရိုက် သတ်ဖြတ်လိုက်သည်။

ရွှီချင်း၏ အလေ့အကျင့်ကြောင့် သူက ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ တားမြစ်အဆိပ်စွမ်းအားသည် ပျံ့နှံ့ထွက်လာပြီး မင်းသားမင်နန်၏ ကျန်ရှိသော ကိုယ်အင်္ဂါများကို လွှမ်းခြုံသွားကာ ယိုယွင်းပျက်စီးစေသည်။

မြန်ဆန်စွာ ကျုံ့နေသော (ဃ၁၃၂)သည် ဤအခိုက်အတန့်မှာ ရပ်တန့်သွားသည်။ အကျဉ်းထောင်ထဲမှ အကျဉ်းသားအားလုံးသည် ထူးဆန်းသော ရယ်သံကို ထုတ်ဖော်လိုက်ကြသည်။

သို့သော်လည်း ရွှီချင်း၏ အမူအရာသည် မည်းမှောင်သွားသည်။

အဘယ့်ကြောင့်ဆိုသော် (ဃ၁၃၂)ထဲတွင် မင်းသားမင်နန်၏ ဝိညာဉ်က ရှိမနေသောကြောင့် ဖြစ်သည်။

တစ်နည်းအားဖြင့် ထိုလူက မသေဆုံးသေးပေ။

အေးစက်စက် အလင်းသည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ အစိမ်းရောင်မီးခိုးငွေ့များသည် အစောနက မင်းသားမင်နန်သေဆုံးသွားခဲ့သော နေရာမှာ ရုတ်တရက် ထွက်ပေါ်လာကြသည်။ မီးခိုးငွေ့များက အတူတကွ စုစည်းသွားသည့်အခါ အသံတစ်သံက ပဲ့တင်ထပ်လာသည်။ ထို့နောက် မီးခိုးငွေ့များက မင်းသားမင်နန်၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ဖွဲ့စည်းသွားသည်။

“ အလင်းကို ပြန်ရောက်စေ ”

ကြီးမြတ်သော အင်အားတစ်ခုသည် မင်းသားမင်နန်၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။ ယင်းက အချိန်ဥပဒေသနှင့် မသက်ဆိုင်ပေ။ ယင်းအစား ကောင်းချီးပေးမှုနှင့် ပိုပြီးတူညီသည်။

ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်ပြီး ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။

(ဃ၁၃၂)သည် ထိုကောင်းချီးစွမ်းအားအောက်မှာ တုန်ယင်သွားသည်။ မင်းသားမင်နန်သည်တော့ သူ၏ မျက်လုံးက ရုတ်ချည်း ပွင့်သွားသည်။ သူ၏ အမူအရာသည် မည်းမှောင်သွားသည်။ သူက ရွှီချင်းကို စိုက်ကြည့်လိုက်စဉ် သူ၏ မျက်လုံးထဲမှာ ပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ထွက်ပေါ်လာသည်။

“ ငါလည်းပဲ သေခြင်းရှင်ခြင်းကို ပြောင်းပြန်လှန်ပစ်နိုင်တယ်… ငါက မင်းနဲ့ ဆက်ပြီး မတိုက်ခိုက်ချင်ရုံသက်သက်ပဲ… ငါက မင်းကို ဘာမှမလုပ်နိုင်ဘူးလို့ တကယ်ကြီး မင်းထင်နေတာလား ”

သူက စကားပြောလိုက်စဉ် ညာလက်ကို မြှောက်လိုက်သည်။ အနက်ရောင်ကြေးဒင်္ဂါးသည် သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။ သူက ခါးကိုင်းလိုက်ပြီး ကြေးဒင်္ဂါးကို မြေပြင်ပေါ်သို့ အကြမ်းပတမ်း ဖိချလိုက်သည်။

သူ၏ ဖိချမှုကြောင့် (ဃ၁၃၂)၏ မြေပြင်သည် တုန်ယင်သွားပြီး အစိမ်းရောင်စည်းချအစီအရင်တစ်ခုက မင်းသားမင်နန်ကို ဗဟိုထား၍ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

စည်းချအစီအရင်၏ အတွင်းဘက်သည် ဝိုင်းစက်ပြီး အပြင်ဘက်အလွှာသည် တြိဂံပုံသဏ္ဍာန်ရှိကာ အပြင်ဘက်ဆုံးအလွှာသည် စက်ဝိုင်းပုံသဏ္ဍာန်ရှိသည်။ ယင်းတို့က အတူတကွ လှည့်ပတ်သွားကြပြီး ဝုန်းခနဲ မြည်သံများကို ထုတ်လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာ ယင်းက ထူးခြားသော သံလိုက်အိမ်မြှောင်တစ်ခုနှင့် ဆင်တူသည်။

၎င်းပေါ်တွင် မရေမတွက်နိုင်သော မှော်သင်္ကေတများ ရှိသည်။ ဤအခိုက်အတန့်မှာ မှော်သင်္ကေတအားလုံးသည် ရွှေရောင်တောက်ပနေကြသည်။ ထိုထဲမှ မှော်သင်္ကေတခြောက်ခုသည် လေထဲသို့ မြှောက်တတ်သွားကြပြီး တဖြည်းဖြည်း ကြီးမားလာကြသည်။

မှော်သင်္ကေတများ၏ ပုံသဏ္ဍာန်သည် အစဉ်အမြဲ ပြောင်းလဲနေသည်။

ယင်းတို့ ထွက်ပေါ်လာသည့်အခိုက် ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။ မှော်သင်္ကေတတစ်ခုစီသည် အနက်ရောင်ကျောက်တုံးတံခါးအဖြစ်သို့ ပုံပျက်တွန့်လိမ်သွားသည်။ ရှေးဟောင်းအရှိန်အဝါနှင့် သေခြင်းအငွေ့အသက်သည် အေးစက်စက်လေ၏ တိုက်ခတ်မှုနှင့်အတူ ထိုကျောက်တုံးတံခါးထဲမှ ပျံ့လွင့်ထွက်လာသည်။

မှော်သင်္ကေတများသည် ခြောက်ခုသာရှိသော်လည်း ကျောက်တုံးတံခါးသည် ခုနစ်ခု ထွက်ပေါ်လာကြသည်။

နောက်ဆုံးကျောက်တုံးတံခါးသည် မင်းသားမင်နန်၏ အနောက်မှာ ထွက်ပေါ်လာသည်။ ယင်းက တခြားကျောက်တုံးတံခါးခြောက်ခုနှင့် မတူညီဘဲ သေခြင်းအရှိန်အဝါအစား အသက်ဓာတ်ကို ထုတ်လွှတ်နေသည်။

“ လူသား… မင်းက သေချင်နေမှတော့ မင်းရဲ့ အချိန်ဥပဒေသက ငါ့ရဲ့ တားမြစ်လူသတ်ပညာကို ပြောင်းပြန်လှန်ပစ်နိုင်ဦးမလား ကြည့်ကြတာပေါ့‌ ”

‘ တားမြစ်မှော်သင်္ကေတခြောက်ခုနဲ့ ကျောက်တုံးတံခါးခုနစ်ခု ’

သူ၏ အသံက အေးစက်စက်လေနှင့်အတူ ပဲ့တင်ထပ်သွားသည့်အခါ မှော်သင်္ကေတခြောက်ခုသည် စတင်လှည့်ပတ်သွားကြသည်။ မှော်သင်္ကေတများ၏ နောက်ကွယ်မှ ကျောက်တုံးတံခါးများသည် အနည်းငယ် ပွင့်ဟသွားကြသည်။ မြေအောက်လောကမှ အော်ခေါ်သံများသည် ထိုကျောက်တုံးတံခါးများထံမှ ပဲ့တင်ထပ်လာသည်။

သူတို့က ရွှီချင်းကို အော်ခေါ်နေခြင်း ဖြစ်သည်။

ထိုသို့အော်ခေါ်နေစဉ် ရွှီချင်း၏ ဝေဝါးသော ပုံရိပ်သည် ကျောက်တုံးတံခါးခြောက်ခု၏ အပေါ်မှာ ထွက်ပေါ်လာသည်။ ဤသည်မှာ သူက ကျောက်တုံးတံခါးများ၏ ဝါးမျိုခံနေရသည့်အလားပင်။

မှော်သင်္ကေတခြောက်ခုက ပိုပြီးမြန်ဆန်စွာ လှည့်ပတ်လာလေ ဝါးမျိုမှုက ပိုပြီးမြန်ဆန်လာလေ ဖြစ်သည်။

ရွှီချင်း၏ ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။ အက်ကွဲသံများ မြည်ဟိန်းထွက်လာသည်နှင့် သူ၏ ခန္ဓာကိုယ်ပေါ်တွင် ကြီးမားသော အမှတ်အသားခြောက်ခုက ထွက်ပေါ်လာကြသည်။ ယင်းတို့က သူ၏ ဝိညာဉ်ထဲသို့ ဝင်ရောက်သွားကြပြီး သူ၏ ဝိညာဉ်ကို စတင်ဆုတ်ဖြဲနေကြသည်။

ဤသည်ကို မြင်သောအခါ ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်ပြီး ချက်ချင်း ထိုင်ချလိုက်သည်။ သူ၏ ညာလက်ညှိုးသည် သူ့နဖူးနှင့် သုံးလက်မအကွာမှာ ရပ်တန့်သွားသည်။

အရေအတွက်များပြားသော အနက်ရောင်သွေးကြောများသည် သူ၏ နဖူးပေါ်မှာ မြန်ဆန်စွာ ထွက်ပေါ်လာကြသည်။ ယင်းတို့က ထူထဲစွာ စုစည်းသွားသည့်အခါ ရက်စက်ကြမ်းကြုတ်သော တစ္ဆေမျက်နှာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

တစ္ဆေမျက်နှာထွက်ပေါ်လာသည်နှင့်ချက်ချင်း အေးစက်သော လေပြေသည် ပြင်းထန်စွာ တိုက်ခတ်လာသည်။ ဤသည်မှာ မီးအိမ်က လှုပ်ယမ်းနေပြီး အေးစက်သော လေပြေတိုက်ခတ်မှုကြားထဲမှာ ဤလောကကို အလင်းရောင်ပေးနေဟန် ရ၏။

ဤသည်မှာ ငရဲမီးအိမ်(၇)ခုကျိန်စာဖြစ်သည်။

ရွှီချင်းက တားမြစ်အတတ်ပညာကို ဖိနှိပ်ရန် ကျိန်စာအတတ်ပညာကို အသုံးပြုနေခြင်း ဖြစ်သည်။

‘ ဘယ်သူက အရင်သေမလဲ ကြည့်တာပေါ့ ’

ဖြစ်နိုင်သည်မှာ မည်သူက တစ်ဖက်လူ၏ မန္တန်ကို မည်မျှအတိုင်းအတာအထိ တောင့်ခံနိုင်မလဲဆိုသည့်အပေါ်မှာ မူတည်ဟန်ရ၏။

All Chapters