ငရဲကို ငါမှ မဝင်ရင် ဘယ်သူဝင်မလဲကွာ (က)
Vol. 38 Ch. 577
“ဟမ်”
ရွှီချင်း ရုတ်တရက်ဆိုလိုက်သော စကားများကို နားမလည်ဟန်ဖြင့် ခေါင်းဆောင်က အံ့အားသင့်သွားသည်။
“ဒါက ငါနဲ့ ဘယ်လိုသက်ဆိုင်နေတာလဲ။ ဘာတွေဖြစ်နေတာလဲ။ ချင်းလေး ငါဘာဆက်လုပ်သင့်လဲ။ တကယ်လို့ ဒါက ငါ့ရဲ့ စာအတွက် မဟုတ်ခဲ့ရင်..”
ရွှီချင်းက ခေါင်းဆောင်ကို စိုက်ကြည့်လိုက်သည်။
ခေါင်းဆောင်က ချောင်းတစ်ချက်ဟန့်လိုက်သည်။
“တကယ်လို့ ဒါက ဒီစာအတွက် မဟုတ်ခဲ့ရင်..”
သူ့အမူအရာသည် လေးနက်သွားကာ တည်ကြည်စွာ ပြောလိုက်သည်။
“ငါမင်းကို ပြောချင်နေတာကြာခဲ့ပြီ။ ငါတို့ ကျင့်ကြံသူတွေဆိုတာ တစ်ဦးထဲ နေဖို့လိုတယ်။ ဒါမှသာ ငါတို့မှာ သံမဏိလို ခိုင်မာတဲ့ စိတ်ဓာတ်ရှိပြီး ယုံကြည်ချက်တွေကို ပြီးမြောက်အောင်မြင်နိုင်လိမ့်မယ်။ ဒါမှသာ ငါတို့က အခက်အခဲတွေအားလုံးကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်လိမ့်မယ်”
“မိန်းမလား.. ဒါက ပန်းသီး တစ်လုံးလောက်တောင် အရသာရှိရဲ့လား”
ခေါင်းဆောင်က အားရပါးရ ပန်းသီးကို တစ်ကိုက် ကိုက်ပြီး အထင်သေးသော အမူအရာကို ပြလိုက်သည်။
“ဒါတွေက ငါတို့လမ်းကို ပိတ်ဆို့နေတဲ့ အတားအဆီးတွေ တောင်ကြီးတွေပဲ။ သူတို့က ငါတို့ရဲ့ ဓါးဆွဲထုတ်တဲ့ လျင်မြန်မှုတွေကို သက်ရောက်စေတဲ့ ခြေကျင်းတွေ၊ ငရဲလိုဟာတွေပဲ။ မင်းက ဒါကို သေချာပေါက် ဂရုစိုက်ရမယ်။ လူအိုကြီးသုံးဆီက မသင်နဲ့။ အရင်တုန်းက ငါမင်းကို နတ်မိမယ် ကျစ်ရွှမ်ဆီကို တပည့်ခံဖို့ အကြံပေးတာကလဲ လုံးဝ ဟာသတစ်ခုပဲ”
ထိုအရာများကို ကြားပြီးနောက် ရွှီချင်း၏ မျက်နှာ အမူအရာက ပြောင်းသွားသည်။ သူသည် ထိုကိစ္စကို ဂရုတစိုက် တွေးတောလိုက်သည်တွင် ခေါင်းဆောင်ပြောသည်က အဓိပ္ပါယ်ရှိသည်ဟု ခံစားရသည်။ သူက ခေါင်းညိတ် သဘောတူလိုက်သည်။
“အစ်ကိုကြီးပြောတာ မှန်တယ်။ ဒါဆို ကျုပ်က ခင်ဗျားကို နယ်မိမယ်ကျစ်ရွမ်ရဲ့ မိတ်ဆွေနဲ့ မိတ်ဆက်မပေးတော့ဘူး”
ခေါင်းဆောင် အံ့အားသင့်သွားသည်။ သူ၏မျက်လုံးများသည် ကျယ်သွားခဲ့ပြီး စားလက်စပန်းသီးကို ရပ်လိုက်သည်။
“ဘာပြောလိုက်တယ်။ ငါ့ကို မိတ်ဆက်ပေးမယ်။ ဟုတ်လား”
ရွှီချင်းက အနည်းငယ် အားနာဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
“စီနီယာအစ်ကိုကြီး၊ ကျွန်တော် မှားသွားတယ်။ အစက ပြည်ထဲရေးရုံးတော်က စီနီယာလီရှစ်တောက်ဟာ သူမကို တစ်စုံတစ်ယောက်နဲ့ မိတ်ဆက်ပေးဖို့ ကျွန်တော့်ကို ပြောထားတယ်။ ကျွန်တော် အမြင်ကျဉ်းသွားတယ်။ စီနီယာအစ်ကိုကြီးရဲ့ ယုံကြည်မှုနဲ့ စိတ်ဓာတ်ခိုင်မာမှုကို သက်ရောက်သွားနိုင်တာ မတွေးလိုက်မိဘူး”
“လီရှစ်တောက် ဟုတ်လား။ စိတ်ဝင်စားစရာပဲ။ အင်း.. သူမက လှလား”
ခေါင်းဆောင်က ရုတ်တရက် ထမေးသည်။
“လုံးဝ မိုက်တယ်”
ရွှီချင်းက အံ့အားသင့်ဟန်နှင့် ခေါင်းညိတ်ပြသည်။
ခေါင်းဆောင်က လှိုက်ခနဲ ဖြစ်သွားသည်။ သို့သော် သူ့ကိုယ်သူ ထိန်းချုပ်ရန် အကောင်းဆုံး ပြန်ကြိုးစားလိုက်သည်။ မတ်တပ်ရပ်လျက် သူ၏ လက်နှစ်ဖက်ကို နောက်သို့ ပစ်လိုက်သည်။ ထို့နောက် သက်ပြင်းအရှည်ကြီး ချလိုက်သည်။
“ဂျူနီယာ ညီလေး.. မင်းရဲ့ စီနီယာအစ်ကိုကြီးက တစ်ယောက်ထဲ ဖြစ်ခဲ့တာ ၂၆ နှစ်တောင် ကြာခဲ့ပြီ။ ဒါက နည်းနည်း ကြာလွန်းတယ်”
ခေါင်းဆောင်က ရွှီချင်းဘက်သို့ ပြန်လှည့်ပြီး ကြည့်လိုက်သည်။
“ကျွန်တော်တို့ ကျင့်ကြံသူတွေဆိုတာ တစ်ကိုယ်ထဲ ဖြစ်နေဖို့ လိုတယ်လေ”
ရွှီချင်းက အားနာစွာ ဆိုသည်။
“ကျင့်ကြံသူတစ်ယောက်ရဲ့ ဘဝမှာ ယှဉ်ပြိုင်မှု၊ မှော်ပညာ၊ ကြွယ်ဝခြင်းနဲ့ မြေယာတွေ ရှိတယ်။ ဒီအထဲမှာမှ ယှဉ်ပြိုင်မှုက အဓိကပဲ”
ခေါင်းဆောင်က တည်ကြည်စွာ ဆိုသည်။
“လမ်းမှာ ပိတ်နေတဲ့ တောင်တွေ ကျောက်စိုင်တွေဆို”
ရွှီချင်းက စိုးရွံ့စွာ ဆိုပြန်သည်။
“ငါတို့က တောင်ကို ဘယ်လို ဖြတ်ကျော်ရမလဲ ဆိုတာ မသိရင်ပေါ့”
ခေါင်းဆောင်က ခပ်တည်တည်နှင့် ပြောသည်။
“သူတို့က ကျွန်တော်တို့ ဓားတွေရဲ့ လျင်မြန်မှုကို သက်ရောက်စေမယ့် ခြေကျင်းတွေ ငရဲလိုဟာတွေဆို”
ရွှီချင်းက ခေါင်းဆောင်ကို ကြည့်လိုက်သည်။
ခေါင်းဆောင်၏မျက်နှာက မဲညစ်သွားသည်။ သူက ဓားခန်းဆောင်၏ ပြတင်းပေါက်အပြင်ဘက်မှ ကမ္ဘာလောကကြီးက ကြည့်လျက် သက်ပြင်းကို ညင်သာစွာ ချလိုက်သည်။
“ငါမှ ငရဲကို မဝင်ရင် ဘယ်သူဝင်မလဲကွာ”
ရွှီချင်းက ခေါင်းဆောင်ကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။ ခေါင်းဆောင်က အဆုံးထိ ဟန်မပျက်သွားပဲ မျက်နှာပြောင်စွာ ရွှီချင်းကို ကြည့်သည်။
အချိန်များစွာ ကြာပြီးနောက်၊ ရွှီချင်းက သက်ပြင်းချလျက် ခေါင်းညိတ်သည်။
“ခေါင်းဆောင် ကျွဲကောသီး များများစားပါ”
ခေါင်းဆောင် အကြီးအကျယ်စိတ်လှုပ်ရှားသွားပြီး သူက ရွှီချင်း ကျွဲကောသီးများအကြောင်း ထပ်ပြောသည်ကို စိတ်ထဲ ရှိဟန်မတူပေ။ သူက ရွှီချင်းဘေးကို လှစ်ခနဲ ကပ်သွားလိုက်ပြီး ပန်းသီးကြီး သုံးလုံးကို ယူလိုက်သည်။ ဝင်းပသော မျက်နှာနှင့် ရွှီချင်းထံ ကမ်းပေးလိုက်သည်။
“ဂျူနီယာ ညီလေး၊ စီနီယာအကိုကြီးက မင်းကို အရှက်မရစေရပါဘူး။ သတင်းကောင်းကို မျှော်နေမယ်နော်”
ထို့နောက်တွင်တော့ ခေါင်းဆောင်သည် ပြုံးရွှင်စွာ ထွက်ခွာသွားသည်။
စီနီယာအစ်ကိုကြီး၏ ကျောပြင်ကို ကြည့်ရင်း ရွှီချင်းက အတွေးနက်နေခဲ့သည်။ စီနီယာအစ်ကိုကြီး၏ စကားများမှာ ရှေ့နောက်မညီသော်လဲ အခြားတစ်ဘက်တွင် အရင်ဆုံးပြောခဲ့သော စကားများက အဓိပ္ပါယ်ရှိသည်ဟု ခံစားနေရဆဲပင်။
“ခိုင်မာတဲ့ စိတ်ကသာ တစ်စုံတစ်ယောက်ကို တည်ကြည်စေတယ်”
ရွှီချင်းက ရေရွတ်လိုက်သည်။ ထို့နောက် မျက်လုံးများကို မှိတ်လိုက်ပြီး အာရုံတို့ကို စုစည်းကာ တရားထိုင်လိုက်သည်။
မျက်စိတစ်မှတ်အတွင်း လေးရက်တာ ကုန်ဆုံးသွားသည်။
ထိုလေးရက်အတောအတွင်း ရွှီချင်းက အရေးမပါသော အတွေးများကို ဖြတ်တောက်ကာ နှလုံးတစ်ချက်ခုန်တိုင်း ပေါ်လာသော လှိုင်းများကိုသာ အာရုံစူးစိုက်နေလိုက်သည်။ သူ၏ စိတ်အခြေအနေကို ယင်ဟွမ်ပြည်တွင် ရှိနေစဉ်ကကဲ့သို့ ပြန်လည်ထိန်းသိမ်းလိုက်ပြီး လောကအသေးစည်းမျဉ်းနှင့် လိုက်လျောညီထွေဖြစ်ခြင်းတွင် သူ့ကိုယ်သူ မြှုပ်နှံလိုက်တော့သည်။
နောက်ဆုံးတွင်တော့ လေးရက်မြောက်ည၏ ညဉ့်နက်ပိုင်းတွင် သူ၏ သမာဓိကို အသက်ရှုချိန် ၂၀၀၀ ထိရောက်အောင် အောင်မြင်စွာ ထိန်းသိမ်းနိုင်လာခဲ့သည်။
“ငါအခု ကြိုးစားလို့ရပြီ”
ခေတ္တအနားယူပြီးနောက် ရွှီချင်း၏ မျက်လုံးများက တောက်ပလာသည်။ သူက တာဝန်ကျရာကို ချက်ချင်းမသွားသေးဘဲ အထပ် ၉၀ ရှိ နံရံဆေးရေးပန်းချီကမ္ဘာကို ခဏဝင်လိုက်သည်။
လဟာပြင်တွင် လမ်းလျှောက်နေရင်း ရွှီချင်းသည် လုံးဝ ရင်းနှီးနေသော ကြက်ဥအခွံ သဏ္ဍာန် ပါးလွှာသည့် အကာအရံနေရာသို့ ရောက်ရှိသွားခဲ့သည်။ သူက ရှေ့သို့ အလျင်အမြန် ဖြတ်ကျော် ပြေးလွှားခဲ့ပြီး တိမ်တွေထဲမှ ကမ္ဘာငယ်လေး အပေါ်တွင် ပြန်ပေါ်လာခဲ့သည်။
ကြီးမားသော ဖိအားကြီးတစ်ခုက ရုတ်တရက် ဆင်းသက်လာသည်။ ၎င်းသည် တောင်များပြိုကျလာပြီး သူ၏ ရင်ဘတ်ထဲတွင် ကျောက်တုံးများ လိမ့်နေသကဲ့သို့ မမြင်ရသည့် ခံစားချက်တစ်ခုပင်။
ရွှီချင်း၏ ခန္ဓာကိုယ်က တုန်ရီလာပြီး သူ၏ ခန္ဓာကိုယ်က အက်ကွဲသံများပင် ထွက်လာသည်။ သို့သော် အစအဆုံး ရွှီချင်းက အမူအရာပင် ပြောင်းမသွားပေ။
ဤနေရာက သူ့ကိုယ်သူ ပိုမို ကြံခိုင်အောင် လေ့ကျင့်လေ့ရှိသော နေရာဖြစ်သည်။
သူက တောင်ကြီးများ ဖိထားသကဲ့သို့ ခံစားချက်နှင့် အသားကျနေခဲ့ပြီးဖြစ်သည်။
အတိတ်တွင် သူက ထိုမျှနှင့် ရပ်ကောင်းရပ်မည် ဖြစ်သော်လဲ ယနေ့တွင်တော့ အဆုံးထိ မရပ်ခဲ့ဘဲ ရှေ့သို့ တစ်လှမ်း တိုးခဲ့သည်။
သူလှမ်းသော ခြေလှမ်းတိုင်းတွင် ကောင်းကင်နှင့် မြေကြီးကြားမှ ကျယ်လောင်သော တုန်ခါသံကြီးများ ထွက်ပေါ်နေသည်။ ၎င်းသည် ကျောက်တောင်ကြီး မြေပြင်ပေါ် ပြိုကျသကဲ့သို့ ဖြစ်သည်။ လှုပ်ရှားမှုက ကြီးမားခဲ့ပြီး ကောင်းကင်၏ အရောင်ပြောင်းလဲသွားကာ မိုးများလေများပင် တက်လာခဲ့သည်။
ထိုမြင်ကွင်းသည် အလွန်အံ့ဩဖွယ်ကောင်းနေသော်လဲ အမှန်တွင်မူ ရွှီချင်းက လေးလံသော အရာကြီးတစ်ခုကို ပေါ့ပေါ့ပါးပါး မ,မနိုင်သောကြောင့်ဖြစ်သည်။ သူသည် ကမ္ဘာ၏ စည်းမျဉ်းများကို ခံနိုင်ရည်ရှိနေသည်။ ထို့ကြောင့် သူ၏ ခြေလှမ်းတိုင်းသည် ကမ္ဘာကြီးကို ကြီးမားသော ပြောင်းလဲမှု ဖြစ်နေစေခြင်းဖြစ်သည်။
သူဖြတ်သွားသော နေရာတိုင်းတွင် လျှပ်စီးများလက်၍ မိုးများ ခြိမ်းနေသည်။ ပတ်ပတ်လည်မှ တိမ်များသည် တုန်ဟီးနေပြီး လုံးဝ အံ့အားသင့်ဖွယ်ရာ ဖြစ်နေသည်။
ရွှီချင်းက ဆက်လက်ရွေ့လျားလိုက်သောကြောင့် မြေပြင်ပေါ်တွင် ပုန်းကွယ်နေကြသော လူသားမဟုတ်သည့် မျိုးနွယ်များသည် ရွှီချင်းကို မြင်လျှင် တုန်လှုပ်သွားကြသည်။
ရွှီချင်း၏ အခြေအနေသည် လွတ်လွတ်လပ်လပ်သွားလာနိုင်သည်ထိ မရောက်သေးသည်ကို သူတို့ သိထားသော်လဲ ထိုကဲ့သို့ ပိုဖြစ်လာလေ ပိုပြီးအန္တရာယ်ရှိလေ ဆိုသည်ကို နားလည်ထားကြသည်။
အဘယ်ကြောင့်ဆိုသော် သူက လောကစည်းများကို အပြည့်အဝ မထိန်းချုပ်နိုင်သေးသောကြောင့်ပင်။ ထို့ကြောင့် မလွှဲသာ မရှောင်သာ အမှားလုပ်မိခြင်းဖြစ်သည်။
ဤသည်က ပကတိ အခြေအနေတစ်ခု ဖြစ်သည်။ ရွှီချင်း၏ ခန္ဓာကိုယ်က အနည်းငယ် ဆင်းသက်လာသောကြောင့် ခုနစ် သို့မဟုတ် ရှစ်ခုမြောက်သော ရာသီဥတုပြောင်းလဲမှုများက သူ့ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေသည်။ တခါတရံတွင် ၎င်းသည် အဆိပ်မိုးများ၊ တစ်ခါတစ်ရံတွင် မိုးကြိုးမုန်တိုင်း တစ်ခါတစ်ရံတွင် လေပြင်းမုန်တိုင်းကြီးများ ဖြစ်ကြသည်။
သူ၏ ခြေထောက်အောက်ရှိ မြေသည်လဲ သက်ရောက်ခံရသည်။ ကွင်းပြင်များသည် တောင်များဖြစ်လာ၍ တောင်များသည် ရေကန်များအဖြစ် ဆက်လက်ပြောင်းလဲသွားပြီး တည်ငြိမ်မှု မရှိပေ။ ထိုအရာသည် သူထွက်ခွာသွားမှပင် နေရာတကျ ပြန်ဖြစ်ပေလိမ့်မည်။
ထိုအဖြစ်အပျက် အတောအတွင်း ထိုနေရာရှိ ရာဇဝတ်သားများသည် အကြီးအကျယ် ကံဆိုးမှုကို ခံစားနေရသည်။
ရွှီချင်းခေါင်းငုံ့လိုက်သောအခါ ပထမဆုံး မြင်လိုက်သည်က ကြောက်ရွံ့စွာဖြင့် မြေပြင်ပေါ်တွင် အပြေးအလွှား ပုန်းအောင်းနေကြသော ရာဇဝတ်သားများပင်။