← Chapters

လူငယ်တွေက သိုင်းပညာအကျင့်သီလမရှိကြဘူး(ဃ)

Vol. 54 Ch. 841

လူငယ်တွေက သိုင်းပညာအကျင့်သီလမရှိကြဘူး(ဃ)

Vol. 54 Ch. 841

“ အဲ့ဒါက တကယ်ထိရောက်တယ် ”

သို့တိုင် ရွှီချင်းသည် အဖိုးအို၏ သေတ္တာကို အဝေးသို့ လွှတ်ပစ်လိုက်ဆဲပင်။ ယခင်က သူသည် သေတ္တာနှင့်ပတ်သက်ပြီး မည်သည့်အမှားအယွင်းမှ အာရုံမခံမိသော်လည်း သူမသိနိုင်သော တခြားထောက်လှမ်းနည်းများ မရှိနိုင်ကြောင်း မသေချာပေ။

သို့သော်လည်း သူက သေတ္တာကို အဝေးသို့ မလွှတ်ပစ်ခင် အဆိပ်တချို့ကို သေတ္တာထဲမှာ ထည့်သွင်းခဲ့သည်။ ထို့နောက် သူက တခြားမျိုးနွယ်ခြားများထံမှ လုယက်လာခဲ့သော သေတ္တာကို သိုလှောင်ပစ္စည်းအဖြစ် အသုံးပြုကာ ဤဧရိယာထဲမှ ဖြည်းဖြည်းချင်း ထွက်သွားသည်။

ရွှီချင်းထွက်သွားပြီး တစ်ရက်ကြာပြီးနောက် ထူးဆန်းသော လူသားအဖိုးအိုသည် သေတ္တာပစ်ခဲ့သော နေရာတွင် ရုတ်တရက် ထွက်ပေါ်လာသည်။

သူက တစ်ခဏကြာ ရှာပြီးနောက် သေတ္တာကို ရှာတွေ့သွားသည်။

သို့သော်လည်း သေတ္တာကို ထိတွေ့လိုက်သည်နှင့်ချက်ချင်း အဖိုးအို၏ အမူအရာသည် ပြောင်းလဲသွားပြီး ယင်းကို အဝေးသို့ အမြန်လွှတ်ပစ်လိုက်သည်။ သူက အဆိပ်ဖြေဆေးလုံးများကို ချက်ချင်း ထုတ်ယူလိုက်ပြီး ဝါးမျိုလိုက်သည်။ တစ်ချိန်တည်းမှာ သူက ကျိန်ဆဲလိုက်သည်။

“ ဘာလဲကွ… တခြားဒေသကြီးက လူငယ်တွေအားလုံးက အကျင့်စာရိတ္တပျက်ပြားလှချည်လား… လူကြီးသူမက ပေးတဲ့ပစ္စည်းကို လွှတ်ပစ်ရုံတင်မကဘူး အဆိပ်ပါ ထည့်ထားသေးတယ်… လူငယ်တွေက သိုင်းပညာအကျင့်သီလ မရှိကြဘူး ”

အဖိုးအိုသည် မကျေမနပ်ပြောပြီး ထွက်သွားရန် ပြင်လိုက်သည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ သူက ခေါင်းငုံ့ကြည့်လိုက်လေရာ ပုပ်သိုးဆွေးမြေ့နေသော သူ၏ လက်ကို မြင်သွားသည်။ သူသောက်သုံးလိုက်သော အဆိပ်ဖြေဆေးလုံးများက အာနိသင်မရှိသည်ကို မြင်သောအခါ အဖိုးအိုသည် ဆွံ့အသွားသည်။

“ ယီးပဲ… ဒါဘယ်လိုအဆိပ်လဲဟ ”

အဖိုးအို၏ နှလုံးက တဒုန်းဒုန်း ခုန်မြည်လာနေစဉ် ရွှီချင်းသည် သူ၏ အရှေ့မှာ တုန်ယင်နေသော ကြေးမုံပုံရိပ်ယောင်မျိုးနွယ်ဝင်တစ်ဦးကို အေးတိအေးစက် ကြည့်လိုက်သည်။ အစက တစ်ဖက်လူတွင် ရဲဘော်ရဲဘက်သုံးဦးရှိသည်။ သူတို့သည် ကျယ်ပြောသော ဤဧရိယာကြီးကို ချိတ်ပိတ်ပြီး စုံစမ်းစစ်ဆေးရန် မျိုးနွယ်စုမှ စစ်ကူစေလွှတ်ထားသူများ ဖြစ်ကြသည်။

ရွှီချင်းကိုမြင်သောအခါ သူတို့သည် သူ့ကို တားဆီးလိုက်ကြပြီး သိုလှောင်အိတ်ကို စစ်ဆေးကြည့်ရန် မေးသည်။

လွန်ခဲ့သောရက်များတွင် ရွှီချင်းသည် ထိုသို့ကိစ္စမျိုးကို အကြိမ်ပေါင်းများစွာ တွေ့ကြုံခဲ့ရသည်။ သူတစ်ယောက်တည်း စစ်ဆေးခံရခြင်းမဟုတ်ချေ။ ကြေးမုံပုံရိပ်ယောင်မျိုးနွယ်သည် ကောင်းကင်မျက်နှာဖုံးမျိုးနွယ်မှလွဲ၍ ကျန်မျိုးနွယ်ခြားအားလုံးကို လိုက်လံစစ်ဆေးနေခြင်း ဖြစ်သည်။

သို့ဖြစ်၍ ရွှီချင်းက လှုပ်ရှားခဲ့ခြင်းဖြစ်သည်။ သူက အဖွဲ့ဝင်တချို့ကို သတ်ဖြတ်ပြီးနောက် ဤမျိုးနွယ်ခြားကို အရှင်ဖမ်းဆီးလိုက်ပြီး ရင်းနှီးစွာ ဆက်သွယ်ပြောဆိုသည်။

“ အဆင့်မြင့် ကောင်းကင်မီးသလင်းကျောက်တွေကို လိုက်ပြီးစုဆောင်းရတဲ့ ရည်ရွယ်ချက်က အဲဒါတွေကို အနီရောင်လဗိမာန်ဆီ ပေးအပ်ဖို့ပါ… ”

“ အနီရောင်လဘုရားကျောင်းက နှစ်တစ်ရာပြည့်တိုင်း ရောက်ရှိလာပြီး ကောင်းကင်ဘုံမီးတောက်ပင်လယ်ရဲ့ အနက်ပိုင်းထဲက အက်ကွဲကြောင်းရဲ့ အောက်မှာ မျောလွင့်လေ့ရှိပါတယ်… အဲ့ဒါက ဒီအနီးနားက မျိုးနွယ်စုအသီးသီးရဲ့ လက်ဆောင်ပဏ္ဍာတွေကို လာပြီးသိမ်းယူတာပါ… ကောင်းကင်မီးသလင်းကျောက်က သူတို့ကို ပေးအပ်ရမယ့် လက်ဆောင်ပဏ္ဍာတွေထဲက တစ်မျိုးပါ ”

“ အဲ့ဒါအပြင် သူတို့ရောက်လာတဲ့အကြိမ်တိုင်း တခြားတောင်းဆိုမှုတွေ ပြုလုပ်ပါတယ်… မျိုးနွယ်စုတိုင်းက သူတို့စိတ်ကျေနပ်အောင် လုပ်ဆောင်ပေးရပါတယ် ”

ရွှီချင်း၏ အရှေ့မှ ကြေးမုံပုံရိပ်ယောင်မျိုးနွယ်ဝင်သည် တုန်တုန်ယင်ယင်ဖြင့် ပြန်ဖြေသည်။

သူ၏ တစ်ကိုယ်လုံးသည် ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။ အထူးသဖြင့် သူ၏ နဖူးပေါ်မှ ကြေးမုံအပိုင်းအစ ဖြစ်သည်။ ကြေးမုံပေါ်တွင် အက်ကွဲရာဆယ်ခုထက်မနည်းရှိပြီး နတ်ငါးအရိုးဆူးချွန်သည် သူ၏ ဦးခေါင်းအရှေ့မှာ မျော့လွင့်နေသည်။

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ ဤသည်မှာ လမ်းတစ်လျှောက်တွင် သူစစ်ဆေးမေးမြန်းခဲ့သည် စတုတ္ထမြောက် ကြေးမုံပုံရိပ်ယောင်မျိုးနွယ်ဝင် ဖြစ်သည်။ သူတို့အားလုံး၏ အဖြေသည် တစ်ခုတည်း ဖြစ်သည်။ ကောင်းကင်ဘုံမီးတောက်ပင်လယ်ထဲသို့ ရောက်ရှိနေသော ကြေးမုံပုံရိပ်ယောင်မျိုးနွယ်၏ မျိုးနွယ်စောင့်ရှောက်သူအကြောင်းကိုလည်း သူက မေးမြန်းခဲ့သည်။

မျိုးနွယ်စောင့်ရှောက်သူ၏ ကျင့်ကြံခြင်းအခြေခံသည် ဝိညာဉ်သိုက်အဆင့် ဖြစ်သည်။ ထို့အပြင် ကြေးမုံပုံရိပ်ယောင်မျိုးနွယ်၌ ဝိညာဉ်သိုက်အဆင့်ကျင့်ကြံသူသုံးယောက် ရှိသည်။ သူတို့ဆီမှာ လျှို့ဝှက်ရတနာသိုက်မည်မျှရှိကြောင်းကိုတော့ သာမန်မျိုးနွယ်ဝင်များက မသိကြပေ။

ဖြစ်နိုင်သည်မှာ ကောင်းကင်မျက်နှာဖုံးမျိုးနွယ်၏ အခြေအနေသည်လည်း ထိုအတိုင်းပင် ဖြစ်နိုင်၏။

“ ဗလာနတ္ထိအဆင့်မရှိဘူးလား ”

ရွှီချင်းသည် အနည်းငယ် အံ့ဩသွားသည်။

ဗလာနတ္ထိအဆင့်ကျင့်ကြံသူမရှိကြောင်း သူမယုံကြည်ပေ။ ထို့အပြင် ဗလာနတ္ထိအဆင့်တစ်ယောက်မှ မရှိလျှင်ပင် ဝိညာဉ်သိုက်အဆင့် ပညာရှင်ကျင့်ကြံသူများက သူ့အား ခြိမ်းခြောက်နိုင်ဆဲပင်။

သို့ဖြစ်၍ ရွှီချင်းသည် ပိုပြီး သတိထားလာသည်။ သူက နတ်ငါးအရိုးဆူးချွန်ကို တစ်ချက်ကြည့်လိုက်သည်။

နတ်ငါးအရိုးဆူးချွန်ထဲမှ ကျင်းကန်းဂိုဏ်းဘိုးဘေးသည် ရွှီချင်း၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွားသည်။ သူက နတ်ငါးအရိုးဆူးချွန်ဖြင့် ကြေးမုံပုံရိပ်ယောင်မျိုးနွယ်ဝင်၏ နဖူးပေါ်မှ ကြေးမုံအပိုင်းအစပေါ်သို့ တိုက်ရိုက် ထိုးဖောက်လိုက်သည်။ အက်ကွဲသံတစ်သံ ထွက်ပေါ်လာသည့်အခါ ကြေးမုံပုံရိပ်ယောင်မျိုးနွယ်ဝင်၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်သည် ဖျက်ဆီးခံလိုက်ရသည်။

သူ၏ ဝိညာဉ်နတ်သူငယ်များသည်တော့ အစောနကတည်းက ရွှီချင်း၏ လုယက်ခြင်းခံခဲ့ရသည်။

ရွှီချင်းက ထိုနေရာမှ ထွက်ခွာသွားသည့်အခါ သူ၏ အနောက်တွင် ကောင်းကင်မိစ္ဆာခန္ဓာကိုယ်ဆယ်ခုကျော်သည် မျောလွင့်နေကြသည်။

သူတို့က တစ္ဆေများအလား အေးစက်စက် အရှိန်အဝါကို ထုတ်လွှတ်နေကြပြီး ရွှီချင်း၏ ဘေးပတ်ပတ်လည်မှာ မျောလွင့်နေကြသည်။ ယင်းက ရွှီချင်း၏ တစ်ကိုယ်လုံးကို မကောင်းဆိုးဝါးအငွေ့အသက်ဖြင့် ပြည့်နှက်သွားစေသည်။

“ ဘာပဲဖြစ်ဖြစ် အရင်ထွက်သွားတာ အကောင်းဆုံးပဲ ”

ရွှီချင်းသည် နှုတ်ဆိတ်သွားပြီး ကမ်းစပ်ဆီသို့ ပျံသန်းသွားသည်။

သူကိုယ်၌ပင် ကောင်းကင်ဘုံမီးတောက်ပင်လယ်၏ ဤဧရိယာထဲမှာ အချိန်ကြာကြာ မနေနိုင်ပေ။ အပူသည် အလွန်ကြောက်စရာကောင်းသည်။ ချော်ရည်ပေါက်ကွဲမှု ဖြစ်ပေါ်လာသည့်အခါတိုင်း ယင်းက ဤနေရာမှ အပူချိန်ကို အဆပေါင်းများစွာ ပို၍မြင့်တတ်သွားစေမည်။

သူ၏ ခန္ဓာကိုယ်က တောင့်ခံနိုင်သော အကန့်အသတ်သို့ ရောက်လုနီးပါးဖြစ်နေကြောင်း ရွှီချင်း အာရုံခံမိသည်။ သို့ဖြစ်၍ သူက တခြားဦးတည်ရာသို့ပြောင်းလဲပြီး သူ၏ သက်စောင့်မီးအိမ်များကို ဆက်လက် မသန့်စင်ပစ်ခင် ကမ်းစပ်သို့ပြန်ပြီး အနားယူမည် ဖြစ်သည်။

မည်သို့ဖြစ်ပါစေ ကောင်းကင်ဘုံမီးတောက်ပင်လယ်၏ ဤဧရိယာထဲမှာ မျိုးနွယ်နှစ်စုမှ ကျင့်ကြံသူအများအပြား စုဝေးရောက်ရှိနေကြသည်။

ထို့အပြင် နေနာရီသက်စောင့်မီးအိမ်၏ အထူးစွမ်းရည်များကို လေ့လာရန် လုံခြုံသော နေရာတစ်နေရာကို သူရှာဖွေချင်သေးသည်။

ဤရက်များတွင် ရွှီချင်းသည် သက်စောင့်မီးအိမ်ကို စစ်ဆေးလေ့လာခဲ့သော်လည်း သူ၏ ဘေးပတ်ဝန်းကျင်၌ အန္တရာယ်များဖြင့် ပြည့်နှက်နေသောကြောင့် သူ၏ စိတ်ကို အေးဆေးတည်ငြိမ်အောင် မထိန်းထားနိုင်ခဲ့ပေ။

“ ပြီးတော့ ဟိုအဖိုးကြီး… သူ့ရဲ့ သရုပ်က ဘာပါလဲ ”

ရွှီချင်းသည် လူသားအဖိုးအိုနှင့်ပတ်သက်ပြီး ကြေးမုံပုံရိပ်ယောင်မျိုးနွယ်ဝင်ကို မေးမြန်းခဲ့သေးသည်။ သို့သော်လည်း တစ်ဖက်လူသည် သူ၏ သရုပ်ဖော်ပြမှုကို မမှတ်မိချေ။

ဖြစ်နိုင်သည်မှာ အဖိုးအိုထုတ်ဖော်ပြထားသော အသွင်အပြင်က အတုအယောင် ဖြစ်နိုင်သည်။

ယင်းက ရွှီချင်းကို ပိုပြီးသတိထားလာစေသည်။

ထိုသို့ဖြင့် ခုနစ်ရက်ကုန်ဆုံးသွားသည်။ ရွှီချင်းသည် သတိကြီးစွာထားနေရင်း နောက်ဆုံးမှာတော့ ကောင်းကင်ဘုံမီးတောက်ပင်လယ်ထဲမှ ထွက်ခွာသွားပြီး ကမ်းစပ်သို့ ရောက်ရှိသွားသည်။

ထိုနေရာသို့ရောက်သွားသည့်အခါ သူက လူသူကင်းမဲ့သော စွန့်ပစ်တောင်ကုန်းတစ်ခုကို ရွေးချယ်လိုက်ပြီး ယာယီတည်းခိုရန် ဂူတစ်ဂူကို တူးဖော်လိုက်သည်။ ထို့နောက် စည်းချအစီအရင်များကို ဂူထဲမှာ အစီအမံပြုလုပ်လိုက်သည်။

လုံခြုံရေးအစီအစဉ်အားလုံးကို ပြုလုပ်ပြီးနောက် ရွှီချင်းသည် ဂူထဲမှာ တင်ပျဉ်ခွေထိုင်လိုက်သည်။ သို့မှသာ သူက စိတ်သက်သာရာရသွားပြီး သက်ပြင်းချနိုင်သွားတော့သည်။

လုံခြုံမှုအငွေ့အသက်ကို ခံစားမိသွားသောအခါ သူက ထပ်ပြီး မတုံ့ဆိုင်းနေတော့ပေ။ သူ၏ အသိစိတ်ကို နေနာရီသက်စောင့်မီးအိမ်ထံသို့ ပို့လွှတ်လိုက်ပြီး သူ့သွေးမျိုးစက်၏ လမ်းညွှန်မှုမှတဆင့် သက်စောင့်မီးအိမ်၏ အထူးစွမ်းရည်များကို ဂရုတစိုက် တူးဖော်လေသည်။

မျက်စိတစ်မှိတ်အတွင်း ခုနစ်ရက် ကုန်လွန်သွားသည်။

မှောင်မည်းသော ဂူထဲတွင် ရွှီချင်းသည် ဖြည်းညင်းစွာ မျက်လုံးပြန်ဖွင့်လိုက်သည်။ စိတ်လှုပ်ရှားသော အရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ ပေါ်လျှိုးလာသည်။

“ ငါသိပြီ ”

All Chapters