← Chapters

ရွေးပြီးပြီလား

Vol. 5 Ch. 46

ရွေးပြီးပြီလား

Vol. 5 Ch. 46

[ ဒီမှာ အခြေခံ မဟာနာလန်ထူဆေးလုံး ၁၀လုံး ရှိတယ်။ အဲဒီထဲက ၉လုံးမှာ မီးအဆိပ် ပါတယ်။ မင်းမှာ သန့်စင်တဲ့ ဆေးလုံး တစ်လုံးတည်းကို ဖော်ထုတ်ဖို့ အမွှေးတိုင် တစ်တိုင်စာ အချိန် ရှိတယ်။ တကယ်လို့ မင်း အောင်မြင်ရင် ဒီကိစ္စကို ပြီးဆုံးတယ်လို့ သတ်မှတ်မယ် ]

ရှောင်ယိဖုန်း၏ မျက်လုံးများက ဆေးလုံးများပေါ်တွင် ဝေ့ကြည့်လိုက်သည်။

အဆင့်နိမ့် ဆေးလုံးများက မီးအဆိပ်ဖြင့် ညစ်ညမ်းနေပါက မြင်သာသော အနက်ရောင် အစက်များ ရှိတတ်သည်။

တစ်ချက်ကြည့်လိုက်လျှင် ထိုဆေးလုံးများထဲမှ မည်သည့်အရာကမျှ ပုံမှန်မဟုတ်ခြင်းကို မပြသပေ။

သူ အမြန် သဘောပေါက်လိုက်သည်။

လီချင်းရန် နောက်ကွယ်မှ စီနီယာက သူ့ကို ထောင်ချောက်ဆင်နေခြင်း ဖြစ်သည်။

ထိုဆေးလုံးများက အမြင် တစ်မျိုးတည်းဖြင့် ခွဲခြားရန် မဖြစ်နိုင်အောင် တမင်တကာ ဖုံးကွယ်ထားခြင်း ဖြစ်သည်။

သို့သော် သူက သာမန် အဂ္ဂိရတ်ပညာရှင် တစ်ဦးလား...

ရှောင်ယိဖုန်း လှောင်ပြုံး ပြုံးလိုက်သည်။

သူ၏ မွေးရာပါ ရီမုစိတ်ဝိညာဉ်အရင်းအမြစ်ကြောင့် သူက ဆေးဝါးနှင့် သဘာဝအားဖြင့် ဆက်စပ်မှု ရှိသည်။

သူ၏ အနံ့ခံအာရုံ တစ်ခုတည်းကပင် ရိုးရှင်းသော ဆေးလုံးများ၏ ပါဝင်ပစ္စည်းများကို ခွဲခြား သိမြင်စေနိုင်သည်။

သို့သော် ပို၍ အစွမ်းထက်သည်မှာ သူ၏ အရသာခံခြင်းပင်။

သူက အဆင့်မြင့် ကျင့်ကြံသူများပင် သတိမထားမိနိုင်သော ဆေးလုံး အဆိပ်အတောက်များကို ထောက်လှမ်းနိုင်သည်။

ထိုစမ်းသပ်မှုအတွက် သူ့ထက် ပိုမိုသင့်လျော်သူ မရှိပေ။

“စီနီယာ။ ကျွန်တော်သာ အဆိပ်သင့် ဆေးလုံးတွေကို ဖော်ထုတ်နိုင်ရင် ဘာဖြစ်မလဲ...”

ချက်ချင်း လက်ခံမည့်အစား သူက လီချင်းရန် နောက်ကွယ်ရှိ လေဟာနယ်ဘက်သို့ ကြည့်လိုက်သည်။

ယနေ့ သူ ယွင်ကျိမို၊ ကျန်းဟန်ရှောင် နှင့် မုပိုင်ရွှမ်တို့အတွက် လက်စားချေလိမ့်မည်။

သူက ချီရှောင်းတောင်ထိပ်၏ ဂုဏ်သတင်းကို ပြန်လည် အဖတ်ဆယ်ပေလိမ့်မည်။

[ တကယ်လို့ မင်း အောင်မြင်ရင် ဒီကိစ္စကို ပြီးဆုံးခွင့် ပေးမယ် ]

ရှောင်ယိဖုန်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။

ဒီစီနီယာနဲ့ လီချင်းရန်ကြားက ဆက်ဆံရေးက ဘာလဲ။ သူက လီချင်းရန်ကိုယ်စား ခွင့်လွှတ်ပေးမယ်လို့ ပြောနေတယ်။

သို့သော် သူ၏ မေးခွန်းများကို သူ၏ စိတ်ထဲတွင်သာ ထားလိုက်၏။

သူက ရိုသေစွာ ဦးညွှတ်လိုက်သော်လည်း စိန်ခေါ်မှု အရိပ်အယောင် ပါဝင်နေသည်။

“စီနီယာ။ ကျွန်တော်သာ ကျွမ်းကျင်မှုကို သက်သေပြနိုင်ရင် ကျွန်တော့်ရဲ့ အပေါင်းအသင်း တပည့်တွေကို ကိုယ်တိုင် ကုသပေးပြီးတော့ ဂိုဏ်းချုပ်ဝူကို ယွင်ကျိမိုရဲ့ ပြစ်ဒဏ်ကို ရုပ်သိမ်းပေးခိုင်းဖို့ ကျွန်တော် တောင်းဆိုပါတယ်...”

ဝူတွမ်ထျန်း၏ မျက်နှာအမူအရာ မှောင်မိုက်သွား၏။

ဒီကောင်လေး အတင့်ရဲလိုက်တာ။ လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားကြီးပုဂ္ဂိုလ်နဲ့ ညှိနှိုင်းဖို့ ကြိုးစားနေတာလား...

တစ်ချိန်တည်းမှာပင် တာအိုပညာရှင် ချင်းရွှမ်းက ကျေနပ်စွာဖြင့် မုတ်ဆိတ်ကို ပွတ်သပ်လိုက်သည်။

ရှောင်ယိဖုန်းက လီချင်းရန်ကို အဆိပ်ခတ်ခဲ့သည်ဟု သူ မယုံကြည်ပေ။

ထို့ပြင် ယခု သူ၏ တပည့်က ကိုယ့်ကိုယ်ကိုယ် အရဲစွန့်ပြီး အရည်အချင်းရှိသူ ဖြစ်ကြောင်း သက်သေပြနေသည်။

ဒါ... ဒါက သူ လေ့ကျင့်ပေးခဲ့တဲ့ တပည့်မျိုးပဲ...

ချန်ဟွိုက်အန်က ဖြစ်နိုင်ခြေများကို တွက်ချက်ရင်း မျက်နှာပြင်ကို စိုက်ကြည့်နေ၏။

မှားယွင်းခြင်းမရှိသော ဆေးလုံးကို ‌ရှောင်ယိဖုန်း မှန်ကန်စွာ ဖော်ထုတ်နိုင်မည့် အခွင့်အရေး - ၀%။

စနစ်၏ အကဲဖြတ်ချက်...

သူ တိတ်တဆိတ် ရယ်မောလိုက်၏။

“ဒီကောင် အရူးပဲ...”

ကောင်းပြီလေ။ သူ့ကိုယ်သူ မြှုပ်ဖို့ ကျွင်းတူးချင်ရင် ဘာလို့ တားရမှာလဲ...

သူက ဆက်သွယ်ရေး အဆောင်ကို ဖိရင်း လှောင်ပြုံး ပြုံးလိုက်သည်။

“ရတယ်။ ကိစ္စမရှိဘူး။ တကယ်တော့ ငါ မင်းကို သုံးကြိမ် စမ်းခွင့် ပေးမယ်။ ဒါပေမဲ့ မင်း သုံးကြိမ်စလုံး ကျရှုံးရင် ဆေးလုံး ၁၀လုံးလုံးကို မင်း စားရမယ်...”

ချင်းယွန်ဂိုဏ်း ရင်ပြင်သို့ ပြန်သွားသောအခါ လူတိုင်းက လျှို့ဝှက်ဆန်းကြယ်သော အသံ၏ တုံ့ပြန်မှုကို စိုးရိမ်စွာ စောင့်ဆိုင်းနေကြ၏။

ရှောင်ယိဖုန်းက မကြောက်မရွံ့သော ဟန်ဆောင်မှုကို ဆက်လက် ထိန်းထားသော်လည်း အတွင်းထဲတွင် သူ ထိတ်လန့်နေသည်။

သူ လွန်သွားပြီလား...

ဒီစီနီယာက အာဃာတ ထားမလား...

မည်သို့ပင်ဆိုစေကာမူ သူ၏ စကားများက အတော်လေး မရိုမသေ ဖြစ်ခဲ့သည်။

[ သဘောတူတယ် ]

အသံက တည်ငြိမ်သော်လည်း အမိန့်ဆန်စွာ ထွက်ပေါ်လာ၏။

[ မင်းမှာ သုံးကြိမ် စမ်းခွင့် ရှိတယ်။ တကယ်လို့ မင်း အကုန်လုံး ကျရှုံးရင် ဆေးလုံးတိုင်းကို မင်း သောက်ရမယ် ]

ရှောင်ယိဖုန်း သက်ပြင်းချလိုက်ပြီး သက်သာရာ ရသွား၏။

ယုံကြည်မှုရှိသော အပြုံးတစ်ခုက သူ့မျက်နှာပေါ်သို့ ပြန်ရောက်လာသည်။

“စီနီယာက ရက်ရောလှပါပေတယ်။ ကျွန်တော် ကတိပေးပါတယ်...”

သူက ရှေ့သို့ တက်သွားပြီး ပိုးသားသေတ္တာ ၁၀လုံးရှေ့တွင် ရပ်လိုက်သည်။

ပထမတွင် သူ ဆေးလုံးတိုင်းကို ရှူရှိုက်လိုက်ပြီး ယုံကြည်မှုက မယိမ်းယိုင်သေးပေ။

သို့သော် ထပ်ခါတလဲလဲ လုပ်နေရင်း သူ၏ မျက်နှာအမူအရာ တောင့်တင်းသွား၏။

သူ၏ ပေါ့ပေါ့ပါးပါး သဘောထားကို ပြင်းထန်သော ဆုံးဖြတ်ချက်ဖြင့် အစားထိုးသွားသည်။

ဆေးလုံးများမှာ... လုံးဝ တူညီနေ၏။

သူတို့၏ အပူချိန်၊ ဖွဲ့စည်းပုံ၊ ပါဝင်ပစ္စည်း အချိုးအစား၊ ဆေးဖက်ဝင်အပင် သက်တမ်းတို့ပင်...

အရာအားလုံးက လုံးဝ တူညီနေသည်။

ဒါက ပုံမှန် မဟုတ်ဘူး။

ဘယ်လိုအဆင့် ဆေးဝါးပညာက ဒီလို ချွတ်ယွင်းချက် မရှိတဲ့ ပုံတူပွားခြင်းကို ထုတ်လုပ်နိုင်တာလဲ...

ရှောင်ယိဖုန်း၏ နဖူးမှ ချွေးများ စတင်ကျလာသည်။

“တာအိုပညာရှင် ချင်းရွှမ်း။ ရှောင်ယိဖုန်း ဒီဟာကို ကိုင်တွယ်နိုင်ပါ့မလား...”

ဝူတွမ်ထျန်းက အဂ္ဂိရတ်ပညာရှင် မဟုတ်သော်လည်း ရှောင်ယိဖုန်း ဆေးလုံးများကို ထိုမျှလောက် အလေးအနက်ထား ရှူရှိုက်ပြီး စမ်းသပ်နေသည်ကို မြင်ရာ သူ မျှော်လင့်ချက် ရှိလာသည်။

တာအိုပညာရှင် ချင်းရွှမ်း မျက်လုံးများကို မနည်း ဖွင့်ထားပြီး နှာခေါင်းရှုံ့လိုက်သည်။

“သေချာတာပေါ့။ ငါ့ရဲ့ တပည့်မှာ မွေးရာပါ ရီမုစိတ်ဝိညာဉ်အရင်းအမြစ် ရှိတယ်။ ဒီစိန်ခေါ်မှုက အဓိပ္ပာယ်မရှိဘူး...”

ဝူတွမ်ထျန်း ခေါင်းညိတ်လိုက်ပြီး ရှောင်ယိဖုန်း သူ၏ တောင်ထိပ်သို့ မူလက လျှောက်ထားခဲ့ပုံကို ပြန်လည်၍ အမှတ်ရလိုက်သည်။

တာအိုပညာရှင် ချင်းရွှမ်းက ရုတ်တရက် လုယူသွားခဲ့၏။

သူက အလွန်ပင် ဒေါသထွက်ခဲ့၍ နှစ်ညလုံး အိပ်ရေးပျက်ခဲ့ရလေသည်။

အနီးနားမှ လုချန်ထျန်းက သက်ပြင်းချလိုက်သည်။

အခြေခံအုတ်မြစ်အဆင့်မှ ကျင့်ကြံသူများက အဆိပ်ဒဏ် ခံနိုင်ရည် လုံးဝနီးပါး မရှိပေ။

ရှောင်ယိဖုန်း ဆေးလုံး ၉လုံးကို မှားယွင်းစွာ ဖော်ထုတ်မိပါက ၎င်းတို့ကို သောက်သုံးခြင်းက သူ့ကို အပြီးတိုင် မသန်စွမ်း ဖြစ်စေနိုင်သည်။

“ဒီဆရာကြီးက တကယ် ရက်စက်တာပဲ။” လုချန်ထျန်း လှောင်ပြုံးလိုက်ပြီး လီချင်းရန် နောက်ကွယ်ရှိ လေဟာနယ်ကို စိုက်ကြည့်လိုက်သည်။

“လီချင်းရန်သာ ဒီလို ရက်စက်တဲ့သူနဲ့ အတူရှိနေရင်တော့ အောင်မြင်ရင်တောင် မိစ္ဆာလမ်းစဉ် ကျင့်ကြံသူထက် မပိုဘူး...”

သူ၏ နောက်မှ မုပိုင်ရွှမ်က မျက်လုံးလှန်လိုက်သည်။

“တကယ့် မိစ္ဆာလမ်းစဉ် ကျင့်ကြံသူကို တစ်ခါမှ မတွေ့ဖူးဘူး ထင်တယ်...”

တကယ့် မိစ္ဆာလမ်းစဉ် ကျင့်ကြံသူများက မကစားကြပေ။

သူတို့က ဆေးလုံး ၁၀လုံးစလုံးကို အဆိပ်ခတ်ပေလိမ့်မည်။

အချိန် ကုန်လွန်သွား၏။

ရှောင်ယိဖုန်း သူ၏ အနံ့ခံအာရုံကို ကုန်ဆုံးစေခဲ့ပြီ ဖြစ်သည်။

ယခု သူက ဆေးလုံးတိုင်းကို လျှာဖြင့်လျက်၊ အမှုန့်များ ခြစ်ယူကာ အချပ်ပါးလေးများ ဖြတ်၍ စစ်ဆေးနေ၏။

သို့သော် သူ ခွဲခြမ်းစိတ်ဖြာလေလေ...

ပို၍ ဖြူဖျော့လာလေလေ....

ပို၍ လမ်းပျောက်လာလေလေ ဖြစ်သည်။

[ အချိန်စေ့ပြီ။ ရွေးပြီးပြီလား ]

အေးစက်သော အသံက သူ့ကို လှုပ်ရှားသွားစေ၏။

ရှောင်ယိဖုန်း လန့်ဖြတ်သွားခဲ့သည်။

သူက တံတွေး မျိုချလိုက်၏။

ထို့နောက် သူ၏ အကြည့်က ဆေးလုံးတစ်လုံးပေါ်သို့ ကျရောက်သွားသည်။

သူ၏ မျက်လုံးများ ခိုင်မာသော ဆုံးဖြတ်ချက်တစ်ခု ချလိုက်၏။

“ဒီတစ်ခု...”

သူက ရွေးချယ်ထားသည်ကို ယုံကြည်ချက်ရှိရှိ လက်ညှိုးထိုးပြလိုက်၏။

...

...

All Chapters