ဂိမ်းဦးထုပ်...
Vol. 5 Ch. 49
လုချန်ထျန်း တောင့်သွား၏။
သူ့ရဲ့ မှတ်ဉာဏ်ထဲမှာ ဘယ်အချိန်က စခဲ့တာလဲ...
ဂျူနီယာညီမက ဓားသိုင်း လေ့ကျင့်ဖို့ သူ့ကို ရှာတိုင်း သူ ဘယ်တုန်းက စပြီး စိတ်မရှည်တော့တာလဲ...
သူ့နဲ့ မကြာခဏ တိုက်ခိုက် လေ့ကျင့်ဖို့ အားပေးခဲ့တာ သူ ကိုယ်တိုင်ပဲ။ ဒါဆိုရင် ဘာလို့ အရာရာ ပြောင်းလဲသွားခဲ့တာလဲ...
သူက လီချင်းရန်ကို စိတ်ရှည်လက်ရှည် လမ်းညွှန်မှု မပေးတော့။
လေ့ကျင့်ရေးကွင်းတွင် နေ့တိုင်း သူကို မစောင့်နေတော့။
လီချင်းရန် အမှားလုပ်မိလျှင်ပင် သူက ပြုံးပြီး အားပေးခဲ့ဖူးသည်၊ သူတို့၏ တိုက်ပွဲများကို ဂရုတစိုက် ပြန်လည် သုံးသပ်ပေးခဲ့ဖူးသည်။
သို့သော် နောက်ပိုင်းတွင် လီချင်းရန် မည်မျှ ကြိုးစားပါစေ၊ သူ မြင်နိုင်သည်က အပြစ်အနာအဆာများသာ၊ အမှားများသာ ဖြစ်၏။
သူ့ကို နှေးကွေးသူ၊ အရည်အချင်းမရှိသူ၊ ပါရမီမရှိသူ အဖြစ်သာ မြင်ခဲ့သည်။
အဟက်...
ဒါဆိုရင် အဲဒါကြောင့်ပဲပေါ့။
လီချင်းရန် ပြောင်းလဲသွားတာ မဟုတ်ဘူး။
သူ ပြောင်းလဲသွားခဲ့တာ။
တကယ်လို့ လီချင်းရန်က အခြေခံအုတ်မြစ်အဆင့်မှာ မုပိုင်ရွှမ်ကို တကယ် နာကျင်စေချင်ခဲ့ရင်...
သူတို့ လုံးဝ တားဆီးနိုင်ခဲ့မှာ မဟုတ်ဘူး။
အစကနေ အဆုံးအထိ သူတို့က ဒေါသပေါက်ကွဲနေရုံပဲ။
သူတို့က ဘယ်သူ့ကိုမှ ကာကွယ်နေခဲ့တာ မဟုတ်ဘူး။
သူတို့ရဲ့ စိတ်ပျက်အားငယ်မှုကို ဖွင့်ထုတ်နေခဲ့တာ။ ဘာလို့လဲဆိုတော့ သူတို့က လီချင်းရန်ဆီကနေ ထပ်ပြီး မရယူနိုင်တော့လို့။
လီချင်းရန်က သူတို့ကို အမြဲပင် စီနီယာအစ်ကိုများအဖြစ်၊ မိသားစုအဖြစ် သတ်မှတ်ခဲ့သည်။
သို့သော် သူတို့ကတော့ “စီနီယာအစ်ကို”ဟု ခေါ်သံများထဲ ပျောက်ဆုံးသွားခဲ့ကြသည်။
သူ ထွက်သွားသည်အထိ အရာအားလုံးကို ပေါ့ပေါ့တန်တန် သဘောထားခဲ့ကြသည်။
လုချန်ထျန်း ယခု နားလည်သွားလေပြီ။
“...ငါ့ကို သတ်လိုက်ပါ။၊ မင်း ကြိုက်သလို ငါ့ကို အပြစ်ပေးလိုက်ပါ...”
“ငါက မင်းကို အဲဒီလောက် အကြွေးတင်နေခဲ့တာပဲ...”
သူက ခေါင်းငုံ့လိုက်ပြီး လီချင်းရန်၏ မျက်လုံးများကို မကြည့်ရဲခဲ့ပေ။
“ဒါဆိုရင် ရှင့်ရဲ့ ဒန်တျန်ကို ဖျက်ဆီးပစ်လိုက်...”
လီချင်းရန်က ဓားကို ဓားအိမ်ထဲ ထည့်လိုက်ပြီး လှည့်ထွက်သွားရာ သွယ်လျသော်လည်း မယိမ်းမယိုင်သော ပုံရိပ်တစ်ခုသာ ကျန်ရစ်ခဲ့သည်။
လုချန်ထျန်းက လက်သီးများကို ဆုပ်ထားလိုက်၏။
ထို့နောက် တဖြည်းဖြည်း ပြန်ဖြေလျော့လိုက်သည်။
“တကယ်လို့... ငါ့ဒန်တျန်ကို ဖျက်ဆီးလိုက်ရင် မင်း ငါ့ကို ခွင့်လွှတ်မှာလား...”
“ချင်းရန်... မင်း ချီရှောင်းတောင်ထိပ်ကို ပြန်လာမှာလား...”
ထိုဝေဝါးနေသော ပုံရိပ်က လုံးဝ လှည့်မကြည့်ခဲ့ပေ။
အေးစက်သောလေက သူတို့ အကြားတွင် တိုက်ခတ်နေ၏။
သူ၏ အဖြေက ပြတ်သားလှသည်။
“ဟင့်အင်း...”
“သောက်ရမ်း မိုက်တယ်ဟေ့...”
ဖုန်းမျက်နှာပြင် ရှေ့တွင် ချန်ဟွိုက်အန်က စိတ်လှုပ်ရှားစွာဖြင့် ပေါင်ကို ရိုက်လိုက်သည်။
“ဒါ ဒါ ငါပြောနေတာ ဒါပဲ။ ရက်စက်ပစ်လိုက်။ ရိုက်ချပစ်လိုက်။ သူတို့ တစ်ယောက်စီရဲ့ မျက်နှာကို ပြန်ရိုက်ထည့်လိုက်။ ဟားဟား...”
ဂိမ်းရေးဆွဲသူများက တစ်ခုခု ပေါက်ကရလုပ်မည်ကို သူ တကယ် စိုးရိမ်နေခဲ့သည်။
ဥပမာ လီချင်းရန်ကို စိတ်နှလုံးနူးညံ့ပြီး တွန့်ဆုတ်သွားအောင် အတင်းအကျပ် လုပ်ခြင်းမျိုး...
သို့မဟုတ် “အထင်လွဲခြင်းများ ဖြေရှင်းပြီးပြီ” ဆိုသော ပေါက်ကရ ဇာတ်လမ်းမျိုး...
လီချင်းရန်ကို ချီရှောင်းတောင်ထိပ်သို့ ပြန်လာအောင် ချော့မော့ပြီး...
ရုတ်တရက် “စီနီယာအစ်ကို” အားလုံး နောင်တရပြီး တောင်းပန်ခြင်းမျိုး...
ထို့နောက် ကစားသူ အနေနဲ့ ချီရှောင်းတောင်ထိပ် နဲ့ ချင်းယွန်ဂိုဏ်းကို ခြေသုတ်ပုဆိုးလို ထောက်ခံပြီး ဇာတ်ကွက်က အတင်းအကျပ် ခိုင်းစေခြင်းမျိုး။
စဉ်းစားလိုက်ရုံဖြင့်ပင် ပျို့အန်ချင်လာ၏။
ဒါက NTR နဲ့ ဘာကွာလို့လဲ...
ဒါပေမဲ့ တော်သေးတယ်။
ဂိမ်းရေးဆွဲသူတွေက ဦးနှောက်ရှိနေလို့...
သူ ကျေနပ်မှုကို ခံစားနေစဉ်မှာပင်...
သတိပေးချက် ဝင်းဒိုး တစ်ခု ပေါ်လာ၏။
[ ကျွန်တော်တို့ရဲ့ ဂိမ်းကို ထောက်ခံအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သင့်အတွက် သီးသန့် ဂိမ်းဦးထုပ်ကို ပို့ဆောင်လိုက်ပါပြီ ]
တစ်ချိန်တည်းမှာပင်...
ဒုတ်...
တံခါးဝမှ အသံတစ်ခု ထွက်ပေါ်လာ၏။
ချန်ဟွိုက်အန် ဝင်ပေါက်ဆီသို့ ပြေးထွက်သွားပြီး တံခါးကို ဆွဲဖွင့်လိုက်ကာ အနီးအနားကို ဝေ့ကြည့်လိုက်သည်။
ထို့နောက် သိသာသော အပြုံးဖြင့် အောက်ကို ငုံ့ကြည့်လိုက်၏။
အသေအချာပင် ပါဆယ်ထုပ်တစ်ခု ရှိနေသည်။
သူက ၎င်းကို ကောက်ယူပြီး ဆိုဖာဆီသို့ အမြန် ပြန်လာခဲ့သည်။
ဘူးကို ဆွဲဖွင့်လိုက်ရာ သူ တွေ့လိုက်ရသည်ကတော့....
ဦးထုပ် တစ်လုံးပင်။
ဆိုင်ကယ်စီးဦးထုပ်နှင့် တူသော်လည်း ပိုပြီး ပြောင်လက်ကာ အနာဂတ်ဆန်နေသည်။
ဘေးဘက်တွင် [ ငါ့ရဲ့ ပုံရိပ်ယောင် ကောင်မလေး ]ဂိမ်း လိုဂို ရှိနေ၏။
ထို့ပြင် ဘေးနားတွင် လီချင်းရန်၏ ချစ်စရာ ချီဘီပုံစံ ရှိသည်။
ချန်ဟွိုက်အန်က စိတ်ထဲတွင် မေးခွန်းသင်္ကေတတစ်ခု ဖြည်းဖြည်းချင်း ရိုက်ထည့်လိုက်သည်။
သူ့ဘေးနားက ကြောင်နက်ကလည်း သူ့စိတ်ထဲမှာ မေးခွန်းသင်္ကေတတစ်ခု ဖြည်းဖြည်းချင်း ရိုက်ထည့်လိုက်သည်။
ချန်ဟွိုက်အန် - “...ဒါ။ ငါ ဒါကို ဝတ်ရမှာလား။ ပေါက်ကွဲမှာတော့ မဟုတ်ပါဘူးနော်။ နည်းနည်းတော့ မသင်္ကာစရာပဲ။ ဒီဂိမ်းက ဦးထုပ် အပြည့်အစုံ လိုအပ်တဲ့ ဂိမ်းမျိုးနဲ့လည်း မတူပါဘူး...”
ကြောင်နက်က နားရွက် လှုပ်လိုက်၏။
[ ဒါ..ဒါက... ဒါက အင်မော်တယ် ရတနာရဲ့ ကျိုးပဲ့နေတဲ့ အပိုင်းအစလား ]
[ ဒီစီနီယာရဲ့ နောက်ခံက ဘာလဲ။ သူက ဘိုးဘေးနဂါးရဲ့ တိုက်ရိုက် ဆက်ခံသူတော့ မဟုတ်ပါဘူးနော် ]
ချန်ဟွိုက်အန်က ကြောင်နက်ကို မျက်လုံးမှေးကာ ကြည့်လိုက်သည်။
“...မင်း ဘာလို့ တုန်နေတာလဲ။”
ကြောင်နက်က “ညှောင်”သံတစ်ခု ပြုလုပ်ပြီး ခေါင်းကို အမြန်ငုံ့ကာ ခြေသည်းများကို လျက်ဟန်ဆောင်လိုက်သည်။
ငါက ကြောင်လေး တစ်ကောင်ပါ။
သေးငယ်ပြီးတော့ ကူကယ်ရာမဲ့တဲ့ ကြောင်လေးပါ။
ငါ ဘာသိမှာလဲ။ ဘာမှ မသိဘူး။ လုံးဝ ဘာမှ မသိပါဘူး။
နောက်ဆုံးတွင် ချန်ဟွိုက်အန်က ဦးထုပ်ကို ဆောင်းလိုက်သည်။
သူ ဂိမ်းရေးဆွဲသူများကို မယုံကြည်သော်လည်း...
သုံးလိုက်သော စိတ်ဝိညာဉ်ကျောက်တုံး ၃သိန်းကိုတော့ သေချာပေါက် ယုံကြည်သည်။
[ [ ငါ့ရဲ့ ပုံရိပ်ယောင် ကောင်မလေး ] ချိတ်ဆက်နေသည်...]
မျက်နှာပြင် ခဏတာ မည်းနက်သွားသည်။
ထို့နောက်...
ချန်ဟွိုက်အန် တောင့်သွား၏။
အကြောင်းမှာ သူ့ရှေ့တွင် ရပ်နေသည်က...
လီချင်းရန် ဖြစ်နေ၍ပင်။
သူက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
ထို့နောက် နောက်တစ်လှမ်း...
သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
သူ ထိုနေရာကို မှတ်မိ၏။
ချင်းယွန်ဂိုဏ်း၏ ဗဟိုရင်ပြင်ပင်။
“လခွမ်းတဲ့မှ...”
“ဒီ ဗီအာနည်းပညာက ရူးလောက်စရာပဲ...”
ချန်ဟွိုက်အန် ယခင်က အတွေ့အကြုံ စင်တာတစ်ခုတွင် နောက်ဆုံးပေါ် ဗီအာခေါင်းစွပ်များကို စမ်းသပ်ခဲ့ဖူးသည်။
မှန်ပေသည်။ ရုပ်ထွက်များက ယုတ္တိရှိသော်လည်း...
သိသာထင်ရှားသော ကွာဟချက် တစ်ခု ရှိနေဆဲပင်။ အမှားမရှိသော အတုအယောင် ခံစားမှုမျိုးပင်။
သို့သော် ထိုအရာက...
ကွဲပြား၏။
အစစ်အမှန်ကဲ့သို့ပင် ခံစားရသည်။
လီချင်းရန်၏ အရေပြားအောက်ရှိ သေးငယ်သော သွေးကြောများကိုပင် မြင်နိုင်၏။
ခြေထောက်အောက်မှ သဲများ၏ လှုပ်ရှားသံကိုပင် ကြားနိုင်သည်။
သို့သော်..
အတားအဆီး တစ်ခု ရှိနေသေးသည်။
သူနှင့် ဂိမ်းကမ္ဘာကြားတွင် ပါးလွှာပြီး သတိထားမိရန် ခက်ခဲသော ကန့်လန့်ကာတစ်ခုပင်။
သူ ထိတွေ့၍ မရပေ။
သို့သော်လည်း ထိုသို့ဆိုသည့်တိုင်...
စိတ်ဝိညာဉ်ကျောက်တုံး ၃သိန်းက...
အလဟဿ မဖြစ်ခဲ့ပေ။
နည်းနည်းလေးမှပင် အလဟဿ မဖြစ်ခဲ့။
“ဒီနေ့ ကျွန်တော် လုချန်ထျန်းက ဒန်တျန်ကို ဖျက်ဆီးပါ့မယ်...”
“ပထမက ကျွန်တော့်ရဲ့ အပြစ်တွေကို ပြန်ပေးဆပ်ဖို့...”
“ဒုတိယက ဂျူနီယာညီမ ချင်းရန်ရဲ့ ခွင့်လွှတ်မှုကို ရနိုင်ဖို့...”
“သေသွားရင်တောင် နောင်တ မရပါဘူး။ ဆရာ၊ ကျေးဇူးပြုပြီး ခွင့်ပြုပေးပါ။”
လုချန်ထျန်း ထရပ်ပြီး ဒန်တျန်ကို ဖျက်ဆီးရန် ပြင်လိုက်သည်။
ရုတ်တရက်...
“မောက်မာလိုက်တာ...”
ဒေါသတကြီး အော်ဟစ်သံ အပေါ်မှ ထွက်ပေါ်လာ၏။
နောက်တစ်ခဏတွင် လုချန်ထျန်း၏ ခန္ဓာကိုယ်က နေရာတွင် တောင့်သွားသည်။
“အသုံးမကျတဲ့ အရူးကောင်...”
“မင်းကို ဒီအဆင့်ရောက်အောင် ပျိုးထောင်ဖို့ ငါက မရေမတွက်နိုင်တဲ့ ကြိုးပမ်းအားထုတ်မှုတွေ ပုံအောခဲ့ရတာ...”
“ပြီးတော့ မင်းက လူတစ်ယောက်တည်းအတွက် အဲဒါတွေ အကုန်လုံးကို လွှင့်ပစ်တော့မလို့လား..”
“တန်ဖိုးမရှိတဲ့ အရှက်ရစရာကောင်...”
“နောင်တကမ်းပါးကို သွားပြီး မင်းရဲ့ အပြစ်တွေကို ပြန်သုံးသပ်...”
အရေးကြီးသော အခိုက်အတန့်တွင်...
တာအိုပညာရှင် ချင်းရွှမ်းက ငြိမ်ငြိမ် မနေနိုင်တော့ပေ။
လုချန်ထျန်းက သူ၏ အမြတ်နိုးဆုံး တပည့် ဖြစ်သည်။
ရှောင်ယိဖုန်းက ဒုတိယ လိုက်သည်။
မုပိုင်ရွှမ်က တတိယ...
ထိုအရာက သူသည် လူများကို ချော့မော့ပြောဆိုတတ်၍ပင်။
သို့သော် လုချန်ထျန်းက သူ၏ ပထမ တပည့် ဖြစ်သည်။
သူက သူ့အပေါ် အများကြီး ရင်းနှီးမြှုပ်နှံထားခဲ့၏။
ကိုယ့်ကိုယ်ကိုယ် မသန်စွမ်းဖြစ်အောင် လုပ်နေသည်ကို မည်သို့ ရပ်ကြည့်နေနိုင်မည်နည်း။
ချန်ဟွိုက်အန်က ထိုအရာကို မြင်ပြီး ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။
ဂိမ်းဖန်တီးသူတွေက မနေနိုင်ကြတော့ဘူးလား...
သူတို့ တကယ်ပဲ ပေါက်ကရတွေ အတင်းထိုးထည့်တော့မယ်။
[ သင့်ဇာတ်ကောင်ပုံရိပ်ကို အသက်သွင်းလိုက်ပါပြီ။ သင် ယခု လွတ်လပ်စွာ တုံ့ပြန်နိုင်ပါပြီ ]
[ လက်ရှိ ကျင့်ကြံခြင်း - အခြေတည်ဝိညာဉ်အဆင့် အထွတ်အထိပ်၊ ကျန်သောအချိန် - ၂၁နာရီ ]
[ သင် လွတ်လပ်စွာ စကားပြောနိုင်သည်။ သင်၏စကားများနှင့် လုပ်ရပ်များက ဇာတ်ကွက်ကို တိုက်ရိုက် လွှမ်းမိုးလိမ့်မည်။ ဂရုတစိုက် ရွေးချယ်ပါ ]
ချန်ဟွိုက်အန် မျက်တောင်ခတ်လိုက်၏။
သူက အော်ဟစ်တော့မည့် ဆဲဆိုသံများကို အလျင်အမြန် ပြန်မျိုချလိုက်ရသည်။
ထို့နောက်...
သူ၏ မျက်နှာအမူအရာကို တည်ငြိမ်အောင် လုပ်လိုက်သည်။
အေးစက်သော နှာခေါင်းရှုံ့သံ ထုတ်လိုက်သည်။
ထို့နောက် ပြောလိုက်၏။
“ငါ ပြောထားပြီးပြီလေ...”
“ဒီနေ့ ဘယ်သူမှ ဝင်စွက်ဖက်ခွင့် မရှိဘူးလို့...”
“တာအိုပညာရှင် ချင်းရွှမ်း...”
“ငါ သတိမပေးခဲ့ဘူးလို့ မပြောနဲ့နော်...”
...