← Chapters

အခန်း (၁၄၂၆-၁၄၃၀)

Vol. 75 Ch. 1426-1430

အခန်း (၁၄၂၆-၁၄၃၀)

Vol. 75 Ch. 1426-1430

Chapter 1426

လုယွီ၏ လျှို့ဝှက်ဆန်းကြယ်သောဆေဘာဓားချီသည် ဒုံအာကို သတ်ဖြတ်ပြီးနောက် ရွှေရောင်သံချပ်ကာစစ်ဗိုလ်ချုပ်ထံသို့ ဆက်လက်၍တိုးဝင်သွားသည်။

ဤအချိန်တခဏတွင် ဆေဘာဓားချီကြောင့် ပတ်ဝန်းကျင်နေရာတစ်ခုလုံး၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ သိပ်သည်းလာပေ၏။နောက်ဆုံး၌ ဆေဘာဓားချီသည် ရွှေရောင်သံချပ်ကာစစ်ဗိုလ်ချုပ်၏ရှေ့သို့ ရောက်ရှိသွားသည်။

"အရည်အချင်း မမီသေးဘူး"

ရွှေရောင်သံချပ်ကာစစ်ဗိုလ်ချုပ်သည် အထင်အမြင်သေးစွာဖြင့် အော်ငေါက်ပြီး သူ၏လက်ညှိုးကို ညင်သာစွာမြှောက်တင်ပြီး ဓားချီအား ဖိနှိပ်လိုက်သည်။

ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ သူတို့နှစ်ယောက်၏ရှေ့ရှိလေဟာနယ်ပင် အက်ကွဲသွားသည်။

လျှို့ဝှက်ဆန်းကြယ်သောဓားချီသည် ရွှေရောင်သံချပ်ကာစစ်ဗိုလ်ချုပ်၏ တိုက်ခိုက်မှုအောက်တွင် မမြင်နိုင်တော့သောအရာတစ်ခုအဖြစ်သို့ ရုတ်တရက်ပြောင်းလဲသွားသည်။

ရွှေရောင်သံချပ်ကာစစ်ဗိုလ်ချုပ်သည် သူ၏ခြေထောက်ကို ဆန့်ထုတ်ပြီး မြေပြင်ပေါ်သို့ပြင်းပြင်းထန်ထန် ခြေဆောင့်နင်းလိုက်သည်။သူ၏ခြေဖဝါးအောက်၌ အလွန်အမင်းကြီးမားသော အားလှိုင်းတစ်ရပ်ရှိနေပုံရပြီး မြေပြင်နှင့် ရိုက်ခတ်မိပေ၏။

ဘုန်း....

လုယွီကိုဗဟိုပြု၍ တုန်လှုပ်ချောက်ချားဖွယ် ဖိအားလှိုင်းတစ်ရပ် သက်ရောက်လာပြီး ပတ်ဝန်းကျင်ရှိမြေပြင် ချက်ချင်းဆိုသလို ကျွံဝင်သွားသည်။

ခရက်...ခရက်...ခရက်...

လုယွီ၏ခန္ဓာကိုယ်ရှိ အရိုးများမှ အက်ကွဲသံများထွက်ပေါ်လာသည်။တုန်လှုပ်ချောက်ချားဖွယ်ဖိအားအောက်တွင် လုယွီ၏အရိုးအရွတ်နှင့်ကြွက်သားများမှ တဖြောက်ဖြောက်အသံများထွက်ပေါ်နေပေ၏။သူသည် ထိုဖိအားကို ခက်ခက်ခဲခဲတောင့်ခံနေရသည်။

"သေမျိုး...ဒူးထောက်ပြီး ငါ့ရဲ့အပြစ်ပေးမှုကိုလက်ခံစမ်း...ဒီစစ်ဗိုလ်ချုပ်က မင်းလိုပုရွက်ဆိတ်တစ်ကောင်ကို သတ်ဖို့ဆိုတာ ပျင်းရိဖို့တောင်ကောင်းနေတယ်"

အဆုံးမရှိသောဖိအားအရှိန်အဝါသည် လေးလံသောတောင်ကြီးတစ်လုံးကဲ့သို့ လုယွီ၏ပခုံးပေါ်သို့ ဖိနှိပ်ထားသည်။

လုယွီ၏နောက်ကျောမှနေ၍ ရွှေရောင်ရှေးဟောင်းစည်းတံဆိပ်များ မှုန်ဝါးဝါးထွက်ပေါ်လာသည်။သို့ရာတွင် ထိုစည်းတံဆိပ်များသည် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ပြန်လည်ပျောက်ကွယ်သွားသဖြင့် ရွှေရောင်စစ်ဗိုလ်ချုပ်၏အာရုံစူးစိုက်ခြင်း မခံလိုက်ရချေ။

ရွှေရောင်စစ်ဗိုလ်ချုပ်၏အံ့အားသင့်နေသောအကြည့်အောက်တွင် လုယွီက တဖြည်းဖြည်းခေါင်းမော့၍ တင်းမာခက်ထန်စွာ ပြန်ကြည့်လိုက်သည်။

"ကျုပ်ဒူးထောက်အောင် ခင်ဗျားလုပ်လို့မရဘူး"

လုယွီက အံ့တင်းတင်းကြိတ်ပြီး စကားတစ်လုံးခြင်းပြောဆိုကာ သူ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။

ရွှေရောင်စစ်ဗိုလ်ချုပ်သည် အံ့အားသင့်စွာ ပြောဆိုလေ၏။

"အခုချိန်မှာ ငါက ပုံရိပ်ယောင်သက်သက်ဆိုပေမယ့် မင်းက အဆင့်နိမ့်နယ်မြေကပုရွက်ဆိတ်တစ်ကောင်လေ...မင်းမှာ အရည်အချင်းတချို့တော့ရှိသားပဲ...တကယ်လို့ မင်း ဒူးထောက်ပြီး ခွင့်လွှက်ဖို့ အသနားခံမယ်ဆိုရင် ငါ့ကိုသစ္စာခံလိုက်...ငါ မင်းအသက်ကို ချမ်းသာပေးမယ်"

ဖူး....

လုယွီက အံ့တင်းတင်းကြိတ်ပြီး သူ၏ပါးစပ်မှ သွေးများပန်းထွက်လာသည်။သွေးများက မြေပြင်အနှံ့ပြန့်ကျဲသွားလေရာ အလွန်တုန်လှုပ်ဖွယ်မြင်ကွင်းပင်။လုယွီ၏ခန္ဓာကိုယ် တုန်ရီနေသည်။သို့ရာတွင် သူ၏ကျောရိုးက ဖြောင့်မတ်နေသည်။သူ မည်သည့်အချိန်မျှ အရှုံးပေးအညံခံခြင်း ဒူးထောက်ခြင်းပြုလုပ်မည်မဟုတ်ချေ။ဤကမ္ဘာလောကသည် ကြီးမားကျယ်ပြန့်သော်လည်း မည်သူကမျှ သူ့အား ဖိအားပေး၍ ဒူးထောက်ခိုင်းနိုင်မည်မဟုတ်ပေ။

"ဒါက စိတ်ဝင်စားစရာပဲ"

ရွှေရောင်သံချပ်ကာစစ်ဗိုလ်ချုပ်က ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

"ထားလိုက်တော့...မင်းက ငါ့ကို ဓားနဲ့ချိန်ရွယ်လိုက်ကတည်းက ပြစ်မှုကြီးကျူးလွန်ပြီးသွားပြီ...မင်းက အဆိုးအကောင်းကို နားမလည်မှတော့ ငါ မင်းကို သတ်ရလိမ့်မယ်"

ရွှေရောင်စစ်ဗိုလ်ချုပ်က လုယွီထံသို့ လက်ညှိုးညွှန်လိုက်သည်။

ဘုန်း...

ရုတ်ချည်းဆိုသလိုပင် လုယွီပေါ်သက်ရောက်နေသည့် ဖိအားအရှိန်အဝါ ယခင်ထက်များစွာပို၍ အားကောင်းသွားသည်။သူ၏ခန္ဓာကိုယ်မှအရိုးများ ကျိုးပဲ့သွားပြီး သူ၏ခန္ဓာကိုယ်အရေပြားမှ သွေးများယိုစီးကျလာသည်။

လုယွီက ခေါင်းမော့ပြီး သူ၏အထက်လေထုအတွင်း၌ မတ်တတ်ရပ်နေသော ရွှေရောင်စစ်ဗိုလ်ချုပ်အား စူးစိုက်ကြည့်လိုက်၏။သူ၏မျက်လုံးအတွင်း၌ ရူးသွပ်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။

တစ်ဖက်လူသည် နယ်မြေသခင်အဆင့်ကျင့်ကြံသူ ဖြစ်နေသည်။

ယခုလက်ရှိ လုယွီအတွက် သူတို့နှစ်ယောက်ကြား ကျင့်ကြံဆင့်နယ်ပယ်ကွာခြားမှုသည် မိုးနှင့်မြေပြင်တမျှပင်။

"သွားတော့"

လုယွီက သူ၏သိုလှောင်အိတ်အတွင်းမှ အနက်ရောင်အရိပ်တစ်ရိပ်ကို ရုတ်တရက်ထုတ်လွှက်လိုက်သည်။ထိုအရိပ်သည် ခြေထောက်မြှောက်ပြီး လေထုအတွင်းသို့ တိုးဝင်သွားကာ ရွှေရောင်သံချပ်ကာစစ်ဗိုလ်ချုပ်အား ပြင်းပြင်းထန်ထန် တိုက်ခိုက်လေ၏။

"ရိုင်းပျလိုက်တာ"

ရွှေရောင်သံချပ်ကာစစ်ဗိုလ်ချုပ်သည် အေးစက်စက်အော်ငေါက်ပြီး သူထံတိုးဝင်လာသော အနက်ရောင်အရိပ်ကို သူ၏လက်ဝါးဖြင့် ရိုက်နှက်လိုက်သည်။

ထိုလက်ဝါးရိုက်ချက်သည် အလွန်ပြင်းထန်သဖြင့် အနက်ရောင်အရိပ် နောက်သို့လွင့်ထွက်သွားသည်။

"မင်းမှာ လှည့်ကွက်သေးသေးလေးတွေ အများကြီးရှိနေတာပဲ...ကံဆိုးချင်တော့ မင်းက သေမျိုးနယ်မြေက ပုရွတ်ဆိတ်တစ်ကောင်ဖြစ်နေတယ်...မင်းနဲ့ငါကြား ကွာခြားချက်ကို မင်း နားလည်မှာမဟုတ်ဘူး"

ရွှေရောင်သံချပ်ကာစစ်ဗိုလ်ချုပ်က မောက်မာသောလေသံဖြင့် ပြောဆိုသည်။

သို့သော် ရုတ်ချည်းဆိုသလိုပင် သူရိုက်ထုတ်လိုက်သော အနက်ရောင်အရိပ်သည် အလွန်လျှင်မြန်သောအရှိန်ဖြင့် ရှေးဟောင်းချုံးချီသားရဲထံရောင်လာပြီး ဓားဖြင့်ခုတ်ပိုင်းလေ၏။

ထိုဓားချက်သည် ရှေးဟောင်းချုံးချီသားရဲ၏အသားအတွင်းသို့ စိုက်ဝင်သွားပြီး သွေးများပန်းထွက်လာသည်။

ရှေးဟောင်းချီချုံးသားရဲ၏ခြေချောင်းတစ်ချောင်း ပြတ်တောက်သွားလေ၏။

"ကောင်းကင်ဘုံစစ်ဗိုလ်ချုပ် ရုပ်သေး..."

ရွှေရောင်သံချပ်ကာစစ်ဗိုလ်ချုပ်၏ အံ့အားသင့်မှုနှင့်ဒေါသများ ရောပြွန်းနေသောအသံ ထွက်ပေါ်လာသည်။

Chapter 1427

လုယွီ သိုလှောင်အိတ်အတွင်းမှ ထုတ်လွှက်လိုက်သောအရာသည် ယခင်က သူ ရရှိထားသော ကောင်းကင်ဘုံစစ်ဗိုလ်ချုပ်ရုပ်သေးဖြစ်သည်။

ထိုရုပ်သေးသည် လုယွီ၏ကမ္ဘာငယ်လေးအတွင်း၌ ကျင့်ကြံနေပြီး ယခုချိန်၌ အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိနေလေပြီ။

ရွှေရောင်စစ်ဗိုလ်ချုပ်၏လက်ဝါးရိုက်ချက်သည် ရုပ်သေး၏ရင်ဘတ်အား တန်းတန်းမတ်မတ်ထိမှန်ခဲ့ခြင်းဖြစ်သည်။ဤကဲ့သို့ထိခိုက်ဒဏ်ရာအဆင့်သည် အကယ်၍ သာမာန်လူတစ်ယောက်သာဖြစ်ပါက လက်ဝါးရိုက်ချက်တစ်ချက်ဖြင့်ပင် သေဆုံးသွားပေမည်။သို့ရာတွင် ကောင်းကင်ဘုံစစ်ဗိုလ်ချုပ်ရုပ်သေးကမူ ထိုလက်ဝါးရိုက်ချက်အား ခံနိုင်ရည်ရှိပေ၏။

ထို့နောက် ရုပ်သေးသည် ရှေးဟောင်းချုံးချီသားရဲ၏ခြေချောင်းတစ်ချောင်းကို ဖြတ်တောက်နိုင်ခဲ့သည်။ဤသည်က ရုပ်သေးပြုလုပ်နိုင်သော အကန့်အသတ်ဖြစ်ပေ၏။

"ခွေးမသားလေး...မင်းက ငါ့ရဲ့သားရဲကို ထိခိုက်ဒဏ်ရာရရအောင် လုပ်ဝံ့တယ်ပေါ့လေ"

ရွှေရောင်သံချပ်ကာစစ်ဗိုလ်ချုပ်ထံမှ နောက်ထပ်လက်သီးချက်တစ်ချက် ထပ်မံထွက်ပေါ်လာသည်။

မြေပြင်ပေါ်၌ပုံလဲကျနေသော ရုပ်သေးသည် ထိုလက်ဝါးရိုက်ချက်ကြောင့် လေထုအတွင်းသို့ လွင့်စင်ထွက်သွားသည်။ဘုန်းခနဲအသံနှင့်အတူ ရုပ်သေးသည် မြောက်များစွာသောအပိုင်းအစများအဖြစ် ပြိုကွဲသွားတော့သည်။

"ကောင်းတယ်...အရင်တုန်းက မင်းလိုသေမျိုးပုရွတ်ဆိတ်တစ်ကောင်ကို ပျော်သွားအောင် ငါက မြန်မြန်သတ်ပေးဖို့ ရည်ရွယ်ထားတာ...ကြည့်ရတာတော့ မင်းကိုယ်မင်း ထိခိုက်ပျက်စီးအောင် လုပ်မယ့်လမ်းကို တကယ်ကြီးရွေးချယ်လိုက်ပုံပဲ"

ရွှေရောင်သံချပ်ကာစစ်ဗိုလ်ချုပ်သည် သရော်တော်တော်ပြောဆိုပြီး လုယွီထံသို့ ခြေလှမ်းတစ်လှမ်းချင်း လျှောက်လှမ်းလာသည်။

ဒုန်း...ဒုန်း...ဒုန်း...

သူသည် ပုံရိပ်ယောင်သက်သက်ဟူသည်မှာ သေချာပေ၏။သို့ရာတွင် သူ၏ခြေလှမ်းတစ်လှမ်း နင်းလျှောက်ချိန်တိုင်း လေးလံသောတောင်ကြီးတစ်လုံး ကျဆင်းလာသကဲ့သို့ မြေပြင်တစ်ခုလုံး အဆက်မပြတ်တုန်ခါနေသည်။

လုယွီနှင့်နီးကပ်လာလေလေ ရွှေရောင်သံချပ်ကာစစ်ဗိုလ်ချုပ်ထံမှ ထွက်ပေါ်လာသောအရှိန်အဝါ ပို၍အားကောင်းလာလေလေပင်။အဆုံးသတ်၌ ပတ်ဝန်းကျင်ရှိ လေထုပင် အေးခဲလုနီးပါးဖြစ်လာသည်။လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း ကျိုးပဲ့နေသောအရိုးများကြောင့် သွေးများဖုံးလွှမ်းနေပြီး သွေးသံတရဲရဲဖြစ်နေပေ၏။

ရွှေရောင်သံချပ်ကာစစ်ဗိုလ်ချုပ်သည် လုယွီအား အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်ရန် ရည်ရွယ်ထားပုံရသည်။

"သေမျိုးပုရွတ်ဆိတ်တစ်ကောင်ကများ.. .ဒီဗိုလ်ချုပ်က မင်းနဲ့အချိန်အများကြီးဖြုန်းနေရတာ...မျက်နှာမပြရဲအောင်ကို ရှက်ရွံမိတယ်"

ရွှေရောင်သံချပ်ကာစစ်ဗိုလ်ချုပ်သည် သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ပြီး လုယွီအား ထိုးနှက်လိုက်၏။

ထိုလက်သီးချက်၏နောက်ရှိ ပြင်းထန်သောအားလှိုင်းကြောင့် ငရဲနယ်မြေတစ်ခုလုံးပင် အခြေအနေပြောင်းလဲသွားခဲ့သည်။

မေ့လျော့ခံကောင်းကင်မြို့တော်အတွင်းရှိ မြောက်များစွာသောအဆောက်အအုံများသည် ထိုအားလှိုင်းကြောင့် ကြေမွပျက်စီးသွားလေ၏။လုယွီကိုဗဟိုပြု၍ အနီးပတ်ဝန်းကျင်ရှိ အဆောက်အအုံများအားလုံးသည် ပြင်းထန်သောအားလှိုင်းကြောင့် အဝေးသို့လွင့်ထွက်သွားသည်။

ဟူး...

ရုတ်ချည်းဆိုသလိုပင် လုယွီ၏ခန္ဓာကိုယ်မှနေ၍ တံဆိပ်ပြားတစ်ခု ပျံဝဲထွက်လာပြီး ရုတ်တရက် အဖြူရောင်အလင်းတန်းများကို ထုတ်လွှက်လိုက်သည်။

ထိုအဖြူရောင်အလင်းတန်းများသည် လုယွီကို လွှမ်းခြုံထားပြီး အပြည့်အဝကာကွယ်ပေးထားသည်။ရွှေရောင်သံချပ်ကာစစ်ဗိုလ်ချုပ်၏ လက်သီးစွမ်းအားသည် ပြင်းထန်သော်လည်း လုယွီအား မည်သည့်ထိခိုက်ဒဏ်ရာမျှ မဖြစ်စေတော့ချေ။

"ဟမ့်"

ရွှေရောင်သံချပ်ကာစစ်ဗိုလ်ချုပ်က အေးစက်စက်နှာတစ်ချက်မှုတ်ပြီး ပြောဆိုသည်။

"ငါက ဒီကောင်လေးကို သတ်မှာ...ဘယ်သူ သူ့ကိုကာကွယ်ပေးဝံ့လဲ"

အဖြူရောင်အလင်းတန်းများအကြားမှနေ၍ ကျောင်းတော်သားတစ်ယောက်၏ပုံရိပ် ထွက်ပေါ်လာသည်။သူကိုကြည့်ရသည်မှာ ကြည်လင်သန့်စင်သော ပုံပန်းသွင်ပြင်ရှိပြီး ကွန်ဖြူးရှပ်ပညာရှင်ဝတ်စုံကို ဝတ်ဆင်ထားသည်။

ဖူကျစ်ကျစ်သည် သူ၏လက်သီးကိုပူးဆုပ်၍ ရွှေရောင်စစ်ဗိုလ်ချုပ်အား နှုတ်ဆက်လိုက်၏။

"စစ်ဗိုလ်ချုပ်ကို ဂါရဝပြုနှုတ်ဆက်ပါတယ်"

အဖြူရောင်အလင်းတန်းများက ကာကွယ်ပေးထားသော်လည်း ရွှေရောင်စစ်ဗိုလ်ချုပ်၏လက်သီးချက်မှ စွမ်းအားတချို့က လုယွီထံသို့ ကျရောက်သွားခဲ့သည်။ထို့ကြောင့် လုယွီ၏ပါးစပ်မှသွေးများအန်ထွက်လာပြီး သူက သတိလစ်မေ့မျောသွားသည်။

အကယ်၍ လုယွီသာ သတိမေ့မနေပါက သူရှေ့မှပုံရိပ်သည် ကောင်းကင်နန်းတော်ပြိုင်ပွဲနေ့တွင် သူ့အားတံဆိပ်ပြားပေးခဲ့သည့် ဖူကျစ်ကျစ်ဖြစ်ကြောင်း မှတ်မိပေမည်။

"ပညာရှင်ဖူပါလား"

ရွှေရောင်သံချပ်ကာစစ်ဗိုလ်ချုပ်သည် လုယွီအား ထိုးနှက်နေခြင်းကို ရပ်တန့်လိုက်ပြီး သူ၏မျက်နှာပေါ်၌ ပျော်ရွှင်မှုလည်းမရှိ ဝမ်းနည်းမှုလည်းမရှိဘဲ အမူအယာကင်းမဲ့နေသည်။

"မင်းက ဒီကောင်လေးကိုကာကွယ်ဖို့ ရောက်လာတာလား"

ဖူကျစ်ကျစ်က ခေါင်းညိတ်ပြလေသည်။

"ငါ့ကိုမျက်နှာသာပေးတဲ့အနေနဲ့...သူ့ကို ခက်ခဲအောင် ဆက်ပြီးမလုပ်လို့မရဘူးလား"

"ငါ မင်းကို မျက်နှာသာမပေးနိုင်ဘူး"

ရွှေရောင်သံချပ်ကာစစ်ဗိုလ်ချုပ်က ခက်ထန်တင်းမာသောအမူအယာဖြင့် သူ၏ဒဏ်ရာရရှိထားသော ရှေးဟောင်းချုံးချီသားရဲကို လက်ညှိုးညွှန်လိုက်သည်။

"ငါ့ရဲ့သားရဲက သူကြောင့် ထိခိုက်ဒဏ်ရာရထားတာ...ငါက အဲ့ဒီကိစ္စအတွက် ဖြေရှင်းချက်လိုချင်တယ်"

ဖူကျစ်ကျစ်က ပြောဆိုသည်။

"မြောက်ပိုင်းကြယ်တာမြစ်မှာရှိတဲ့ အုပ်ချုပ်ရေးအဖွဲ့ရဲ့ အရာရှိနေရာသုံးထောင်ကို စစ်ဗိုလ်ချုပ်အတွက်ပေးမယ်"

ရွှေရောင်သံချပ်ကာစစ်ဗိုလ်ချုပ်က ခေါင်းခါယမ်းလိုက်သည်။

"ဒါက မလုံလောက်သေးဘူး"

ဖူကျစ်ကျစ်က ရွှေရောင်သံချပ်ကာစစ်ဗိုလ်ချုပ်အား စူးစိုက်ကြည့်ပြီးပြောဆိုသည်။

"သူက ငါ့ဆရာသခင်ရဲ့ တပည့်အသစ်နော်...မင်း သူ့ကိုသတ်ချင်တာ သေချာလား"

သူ၏မျက်လုံးအတွင်းတွင် တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများ ရှိနေပုံရပြီး ဤအချိန်အခိုက်အတန့်တွင် ရွှေရောင်သံချပ်ကာစစ်ဗိုလ်ချုပ်၏ အရှိန်အဝါကိုပင် ဖိနှိပ်ထားသည်။

Chapter 1428

"သူတော်စင်ရဲ့တပည့်လား"

ရွှေရောင်သံချပ်ကာစစ်ဗိုလ်ချုပ်၏ မျက်ခုံးများ မြင့်တက်သွားသည်။

"အဲ့ဒီကောင်လေးက ကောက်ကျစ်ပြီး သနားညှာတာကင်းမဲ့တယ်...သူတော်စင်က သူ့ကိုတပည့်အဖြစ် ဘာလို့လက်ခံလိုက်တာလဲ"

ဖူကျစ်ကျစ်က ပြောဆိုသည်။

"ဒါကို ခွဲခြားဆက်ဆံမှုမရှိဘဲ သင်ကြားပေးတယ်လို့ ပြောလို့ရတယ်...ဘယ်သူမဆို သင်ယူနိုင်မယ့် နေရာတစ်ခုတော့ရှိရမယ်လေ...ဆရာသခင်က သူ့ကို တပည့်အဖြစ် လက်ခံပြီးမှတော့ စစ်ဗိုလ်ချုပ်အနေနဲ့ ဝေဖန်ဖို့ အရည်အချင်းမမီမှာ ငါ စိုးရိမ်မိတယ်"

သူ၏ဆရာသခင်သည် သူတော်စင်တစ်ယောက်ဖြစ်ပြီး ထိပ်တန်းအရာရှိကြီးသုံးယောက်အနက်မှ တစ်ယောက်လည်းဖြစ်သည်။အကယ်၍ ရွှေရောင်သံချပ်ကာစစ်ဗိုလ်ချုပ်သည် မြင့်မြတ်သောနတ်ဘုရားစစ်ဗိုလ်ချုပ်ဖြစ်နေလျှင်ပင် သူတော်စင်တစ်ယောက်အား မဆင်မခြင်အပြစ်ပြုဝံ့မည်မဟုတ်ချေ။

ဖူကျစ်ကျစ်က ဆက်လက်ပြောဆိုသည်။

"စစ်ဗိုလ်ချုပ်က အရင်တုန်းက ငရဲနယ်မြေရဲ့အုပ်ချုပ်သူကို သတ်ခဲ့ဖူးတယ်နော်....အခုချိန်မှာ ငရဲနယ်မြေက အပေါ်ယံမှာ ငါတို့ရဲ့မင်းဆက်ကို သစ္စာခံထားပေမယ့် စစ်ဗိုလ်ချုပ်ကို လက်စားချေဖို့ကြိုးစားနေတဲ့ မြေအောက်လောကတာအိုသခင်ရဲ့စစ်တပ်တွေ ရှိနေတုန်းပဲနော်...မြေအောက်လောကတာအိုသခင်ရဲ့တပည့်တချို့က စစ်ဗိုလ်ချုပ်ကို ရှာတွေ့ထားတယ်လို့လည်း ငါ ကြားထားတယ်"

ရွှေရောင်သံချပ်ကာစစ်ဗိုလ်ချုပ်၏မျက်နှာအမူအယာ ပြောင်းလဲသွားပြီး သူက ပြောဆိုလိုက်သည်။

"ငါ အရာရှိနေရာငါးထောင်လိုချင်တယ်"

ဖူကျစ်ကျစ်က ပြောဆိုသည်။

"ဧကရီဘုရင်မကြီးက ဒီငယ်သားကိုယုံကြည်ပြီး အုပ်ချုပ်ရေးအဖွဲ့ကို တာဝန်ယူခိုင်းခဲ့တာ...နေရာသုံးထောင်က အကန့်အသတ်ပဲ...ကျေးဇူးပြုပြီး ငါ့ကိုခွင့်လွှက်ပေးပါ"

"ဟမ့်"

ရွှေရောင်သံချပ်ကာစစ်ဗိုလ်ချုပ်သည် အေးစက်စက်နှာတစ်ချက်မှုတ်ပြီး သူ၏အင်္ကျီလက်စကိုခါယမ်းကာ ထွက်ခွာသွားတော့သည်။

ရွှေရောင်သံချပ်ကာစစ်ဗိုလ်ချုပ် ထွက်ခွာသွားသည်နှင့် ပတ်ဝန်းကျင်နေရာတစ်ခုလုံးရှိ ဖိအားအရှိန်အဝါ တမဟုတ်ချင်း လွင့်ပြယ်သွားလေ၏။

​လေထုအတွင်း၌မျောလွင့်နေသော တံဆိပ်ပြားမှ အဖြူရောင်အလင်းတန်းများသည်လည်း တဖြည်းဖြည်းမှေးမှိန်စပြုလာသည်။

"မင်းက နတ်ဘုရားစစ်ဗိုလ်ချုပ်ကိုတောင် ရန်စဝံ့တယ်...တကယ့်ကို ပြဿနာကောင်းကောင်း ရှာနိုင်တာပဲ...ဒါပေမယ့် ငါတို့ရဲ့ကျောင်းတော်က မကြောက်ရွံဆုံးအရာကလည်း ပြဿနာဆိုတဲ့အရာပဲ"

ဖူကျစ်ကျစ်က ညည်းညူပြောဆိုသည်။

"ဒီတံဆိပ်ပြားက ငါ့ကိုတစ်ကြိမ်ပဲခေါ်လို့ရမှာ...တကယ်လို့ မင်း နောက်ထပ်ပြဿနာတစ်ခုနဲ့ထပ်ကြုံရမယ်ဆိုရင် ငါ မင်းကို ကယ်တင်နိုင်မှာမဟုတ်ဘူး"

ဖူကျစ်ကျစ်က လုယွီကိုကြည့်ပြီးနောက် နတ်ဘုရားစစ်ဗိုလ်ချုပ်ရှကွေ့ထွက်ခွာသွားရာဘက်သို့ တစ်ချက်ကြည့်ကာ သူ၏ပုံရိပ် တဖြည်းဖြည်းပျောက်ကွယ်သွားတော့သည်။

ခရက်...

တံဆိပ်ပြားသည် စွမ်းအားများကုန်ဆုံးသွားပုံရပြီး ​နောက်ဆုံး၌ မြေပြင်ပေါ်သို့ပြုတ်ကျလာကာ အဖြူရောင်အလင်းတန်းများလည်း ပျောက်ကွယ်သွားပေ၏။

သို့ရာတွင် လုယွီကမူ သတိလစ်မေ့မျောနေသောအခြေအနေ၌ ရှိနေဆဲပင်။

သူ၏ခန္ဓာကိုယ်မှ ထိခိုက်ဒဏ်ရာများသည် လွန်စွာပြင်းထန်ပေ၏။တစ်ဖက်လူသည် ပုံရိပ်ယောင်သက်သက်ဖြစ်သည့်တိုင် နယ်မြေသခင်အဆင့်၏ပြင်းထန်သောစွမ်းအားသည် လုယွီတောင့်ခံနိုင်သည့်အရာမျိုးမဟုတ်ချေ။

ယခုလက်ရှိချိန်တွင် လုယွီ၏ခန္ဓာကိုယ်မှ အရိုးများအားလုံး ကျိုးပဲ့နေပြီး သူ၏မရီးဒါန်းများအားလုံးလည်း ကြေမွပျက်စီးသွားသည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ သွေးများရွှဲနစ်နေပေ၏။

သို့ရာတွင် ပြင်းထန်သောအားလှိုင်းတစ်ရပ်က သူ၏ခန္ဓာကိုယ်အနှံ့ စတင်ပျံ့နှံ့လာမည်ဟု လုယွီက မျှော်လင့်မထားမိချေ။သူ၏နဂိုမူလ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်သည် အလွန်တောင့်တင်းသန်မာပြီး အရိုးအရွတ်များသည် နယ်ပယ်တူကျင့်ကြံသူများထက် များစွာပို၍သန်စွမ်းသည်။

ထိုအချက်ကြောင့်ပင် သူ အမတ်ကြီးချွယ်၏အမွေအနှစ်အား ဆက်ခံစဥ်တွင် စွမ်းအားအနည်းငယ်ကိုသာ စုပ်ယူနိုင်ခဲ့သည်။

ယခုလက်ရှိချိန်၌ စစ်ဗိုလ်ချုပ်ရှကွေ့သည် လုယွီ၏အရိုးအရွတ်နှင့်မရီးဒါန်းများအားလုံးကို ဖျက်ဆီးသွားလေရာ မမြင်နိုင်သောကံကြမ္မာအရ သူ၏ခန္ဓာကိုယ်အား အသစ်တဖန်ပြန်တည်ဆောက်နိုင်မည့် အခွင့်အရေးကိုရရှိသွားသည်။

လုယွီ၏မြောက်များစွာသော အရိုးအရွတ်နှင့်မရီးဒါန်းများထံသို့ အမတ်ကြီးချွယ်၏မှော်စွမ်းအားများ စီးဝင်သွားပြီး အလျှင်အမြန် ပြန်လည်ပြုပြင်ပေးနေသည်။သူ၏အသစ်တဖန် ပြန်လည်ဖွဲ့စည်းလိုက်သော အရိုးများ၏မျက်နှာပြင်၌ ရွှေရောင်အလင်းတန်းများ တောက်ပနေသည့်အပြင် မြောက်မြားစွာသော ရွှေရောင်ရှေးဟောင်းစည်းတံဆိပ်များကိုလည်း ရေးထွင်းထားသည်။အကြည့်တစ်ချက်ဖြင့်ပင် လုယွီ၏အရိုးအရွတ်များသည် သာမာန်မဟုတ်သည်ကို တွေ့မြင်နိုင်ပေ၏။

လုယွီ အသက်ရှုရှိုက်လိုက်သည့်အချိန်တိုင်း တိမ်ကဲ့သို့အခိုးအငွေ့များ ထွက်ပေါ်လာသည်။ထို့နောက် သူ၏အရှိန်အဝါသည် တစတစပို၍အားကောင်းလာပေ၏။

သူက ရှေးဟောင်းကျင့်ကြံမှုအခြေအနေအတွင်းသို့ ဝင်ရောက်နေသည်။သူကိုကြည့်ရသည်မှာ နှစ်ခြိုက်စွာအိပ်မောကျနေပုံရသော်လည်း သူ၏ခန္ဓာကိုယ်မှနေ၍ အလိုအလျောက် အဆက်မပြတ်ကျင့်ကြံနေသည်။

ဘုန်း...

လုယွီ၏ခန္ဓာကိုယ်မှ အသံတစ်သံထွက်ပေါ်လာခြင်းနှင့်အတူ သူက အတားအဆီးကိုချိုးဖျက်ပြီး သိုင်းသူတော်စင်နယ်ပယ်နှောင်းပိုင်းအဆင့်သို့ ရောက်ရှိသွားသည်။ဤသည်က သူ အချိန်အတော်ကြာ တံခါးပိတ်ကျင့်ကြံရမည့် ရလဒ်မျိုးနှင့် တူညီပေ၏။

တစ်ရက်...နှစ်ရက်...

အချိန်များကုန်ဆုံးလာသည်နှင့်အမျှ လုယွီ၏ကျင့်ကြံဆင့်သည် ပို၍အားကောင်းလာသည်။

ဆယ်ရက်အကြာတွင် ငရဲနယ်မြေ၏တိတ်ဆိတ်ငြိမ်သက်နေမှု ရုတ်တရက် ပျက်ပြားသွားလေ၏။

"ယင်လော့ဂိုဏ်းရဲ့မေ့လျော့ခံကောင်းကင်မြို့တော်မှာ ဘာတွေဖြစ်သွားတာလဲဆိုတာ ငါ့ကိုဘယ်သူပြောနိုင်လဲ"

အေးစက်တင်းမာသော အသံတစ်သံက ငရဲနယ်မြေတစ်ခုလုံးအား လွှမ်းခြုံသွားသည်။

Chapter 1429

ငရဲနယ်မြေ၏အဝင်ဝသို့ ခမ်းနားထည်ဝါသောရထားလုံးတစ်စီး ရောက်ရှိလာသည်။ထိုရထားလုံးကိုဆွဲသောမြင်းများသည် အနက်ရောင်ရှိပြီး သူတို့၏မျက်လုံးများမှာ အဖြူရောင်ဖြစ်သည်။ထိုမြင်းများသည် အမှန်တကယ်ကိုပင် ငရဲဆက်ကြောင်းမြင်းများ ဖြစ်နေပေ၏။

ဤသည်က ဒဏ္ဍာရီလာမှော်သားရဲပင်။ကောလဟာလများအရ ငရဲဆက်ကြောင်းမြင်းများသည် ငရဲနယ်မြေအတွင်းသို့ တိုက်ရိုက်ဝင်ရောက်နိုင်သည်ဟု ဆိုကြသည်။

ရထားလုံး၏ဘေး၌ အေးစက်တင်းမာသောမျက်နှာထားရှိသည့် အမျိုးသားနှင့်အမျိုးသမီးတစ်ချို့ မတ်တတ်ရပ်နေသည်။သူတို့သည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူတို့၏နံဘေးပတ်ဝန်းကျင်၌ သာမာန်မဟုတ်သောအရှိန်အဝါများ ထွက်ပေါ်နေပေ၏။ရထားလုံးနှင့်အနီးပတ်ဝန်းကျင်ရှိ သရဲတစ္ဆေများသည် ထိုလူများကိုမြင်ချိန်တွင် အနီးသို့မချဥ်းကပ်ဝံ့ကြဘဲ အဝေးသို့ရှောင်ခွာပြေးကြသည်။

"သခင်လေး...ယင်လော့ဂိုဏ်းချုပ်ရဲ့အသက်ကျောက်ပြားက ကျိုးပဲ့သွားပြီ...မေ့လျော့ခံကောင်းကင်မြို့တော်ရဲ့အခြေအနေက ဒီလောက်ထိနိမ့်ကျသွားမယ်လို့ ကျွန်တော်မျှော်လင့်မထားမိဘူး"

အနက်ရောင်ဝတ်စုံနှင့်လူတစ်ယောက်က မျက်မှောင်ကြုတ်၍ပြောဆိုသည်။

ရထားလုံး၏လိုက်ကာ မြောက်တက်သွားပြီး ရက်စက်ကြမ်းကြုတ်သောမျက်နှာနှင့်လူတစ်ယောက်က ပြင်ပသို့ထွက်လာသည်။သူ၏မျက်လုံးအတွင်း၌ ရက်စက်ယုတ်မာသောအရိပ်အယောင်တချို့ ဖြတ်ပြေးသွားသည်။

"သရဲတစ္ဆေနည်းနည်းလောက် သွားဖမ်းပြီး မေးမြန်းခဲ့စမ်း"

မကြာမီမှာပင် အနက်ရောင်ဝတ်စုံနှင့်လူတချို့သည် အနီးအနားရှိသရဲတစ္တေနှစ်ကောင်ကို ဖမ်းဆီးခေါ်ဆောင်လာကြသည်။

ထိုသရဲတစ္ဆေများက မြေပြင်ပေါ်၌ဒူးထောက်ကာ ပြောဆိုသည်။

"ဒီနိမ့်ကျတဲ့သူတွေက သခင်လေးကို အရိုအသေပြုပါတယ်"

သူတို့ရှေ့ရှိလူသည် ယင်လော့သခင်လေးဖြစ်သည်။ကောင်းကင်နန်းတော်ပြိုင်ပွဲအတွင်း၌ လုယွီနှင့်ယင်လော့သခင်လေးတို့ နှစ်ယောက်စလုံးသည် လျှို့ဝှက်နဂါးစာရင်းဝင်များ ဖြစ်ကြ၏။

ထို့နောက် ယင်လော့သခင်လေးအား ဝူလျန့်နယ်မြေသခင်မှ အစေခံတပည့်အဖြစ်ခေါ်ယူသွားခဲ့သည်။ဤသည်က အစေခံတပည့်သာဖြစ်သော်လည်း တခြားသူများ၏မနာလိုအားကျခြင်းကိုခံယူရန် လုံလောက်ပေ၏။

ကောင်းကင်ဘုံနယ်မြေသို့ ဦးစားပေးနေရာမှဝင်ရောက်ရန် အခွင့်အရေးများစွာမရှိချေ။ယင်လော့သခင်လေးသည် ကောင်းကင်ဘုံနယ်မြေအတွင်းသို့ ဤအဆင့်အတန်းဖြင့် ဝင်ရောက်နိုင်သည်ဖြစ်ရာ အစေခံတပည့်ဟူသည်မှာ သူ့အတွက်အရှက်ရစရာမဟုတ်တော့ပေ။

မကြာမီ ကောင်းကင်ဘုံလမ်းကြောင်းပွင့်တော့မည်ဖြစ်ရာ ဂိုဏ်းအတွင်း၌ ယင်လော့သခင်လေး၏ဂုဏ်သတင်းသည် အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။

ယင်လော့သခင်လေးက မောက်မာသောလေသံဖြင့် ပြောဆိုသည်။

"ပြောစမ်း...ဘာကိစ္စတွေ ဖြစ်ပျက်သွားတာလဲ"

သရဲတစ္ဆေနှစ်ကောင်သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး မည်သည့်ကိစ္စကိုမျှဖုံးကွယ်မထားဝံ့သဖြင့် ယခင်နေ့ရက်များတွင် ဖြစ်ပွားခဲ့သော ကိစ္စတိုင်းအား ပြောပြလိုက်တော့သည်။

လူငယ်တစ်ယောက်သည် မေ့လျော့ခံကောင်းကင်မြို့တော်အတွင်းသို့ ချိုးဖျက်ဝင်ရောက်၍ ဟန့်တားသူအားလုံးအား သတ်ဖြတ်ပစ်ကာ မြို့တစ်မြို့လုံးအား နင်းခြေခဲ့သည်။ထို့နောက် ကောင်းကင်ဘုံနယ်မြေမှ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ရောက်ရှိလာသော်လည်း အချိန်တခဏသာနေပြီး ပြန်လည်ထွက်ခွာသွားလေ၏။

သရဲတစ္ဆေနှစ်ကောင်သည် ဖြစ်ပျက်ခဲ့သောကိစ္စများကြောင့် တုန်လှုပ်ချောက်ချားနေသည်မှာ သိသာထင်ရှားသည်။သူတို့က အချိန်အတော်ကြာ စကားပြောဆိုပြီးနောက် ပြောစရာစကားမဲ့သွားပုံဖြင့် ကြက်သေသေနေကြသည်။

ယင်လော့သခင်လေးသည် စိတ်မရှည်တော့ပုံဖြင့် သူ၏လက်ကိုဝှေ့ယမ်းပြီး ပြောဆိုလေ၏။

"ထွက်သွားကြစမ်း"

သရဲတစ္ဆေနှစ်ကောင်သည် အလွန်ပျော်ရွှင်သွားပြီး ယင်လော့သခင်လေး၏မြင်ကွင်းမှလွတ်အောင် အလျှင်အမြန်ထွက်ပြေးသွားတော့သည်။

"သွားကြစို့...မေ့လျော့ခံကောင်းကင်မြို့တော်ထဲကို ဝင်ကြည့်ကြရအောင်"

ယင်လော့သခင်လေးက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

ယင်လော့ဂိုဏ်းသည် ငရဲနယ်မြေတွင် အုတ်မြစ်ချထားပြီး မေ့လျော့ခံကောင်းကင်မြို့တော်သည် သူတို့၏သားရဲတွင်းဖြစ်သည်။ယခုလက်ရှိချိန်၌ ခမ်းနားထည်ဝါသောမြို့ကြီး ပျက်စီးနေလေရာ ယင်လော့သခင်လေး၏မျက်နှာအမူအယာ ပျက်ယွင်းနေသည်။

မြို့အတွင်း၌....

ပတ်ဝန်းကျင်နေရာတစ်ခုလုံး၌ အပျက်အယွင်းများဖြင့် ပြည့်နှက်နေလေရာ သူတို့အားလုံး အံ့အားသင့်တုန်လှုပ်သွားကြသည်။

အနက်ရောင်ဝတ်စုံဝတ်လူတစ်ယောက်က တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။

"ဒီမြို့ရဲ့ပြင်ပမှာခင်းကျင်းထားတဲ့ ဝင်္ကပါကို ချိုးဖျက်ဖို့ အရမ်းခက်ခဲတယ်...ဒါပေမယ့် အဲ့ဒီဝင်္ကပါက လုံးဝပျက်စီးသွားပြီ...ဖြစ်နိုင်တာတော့ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ကျွန်တော်တို့ယင်လော့ဂိုဏ်းကို ဝင်ရောက်တိုက်ခိုက်တာများ ဖြစ်နေမလား"

"ဘယ်သူက ငါတို့ ယင်လော့ဂိုဏ်းကို ရန်စဝံ့တာလဲ...ငါက အဲ့ဒီကောင်ရဲ့ဂိုဏ်းတစ်ဂိုဏ်းလုံးနဲ့ သူ့ရဲ့ဆွေစဥ်မျိုးဆက်ကိုးဆက်ထိ အမြစ်ပြတ်သုတ်သင်ပစ်မယ်"

ယင်လော့သခင်လေးက ခက်ထန်တင်းမာစွာ ပြောဆိုလိုက်၏။

လူတစ်စုလုံး ရှေ့သို့ဆက်လက်လျှောက်လှမ်းလာရာ တိုက်ပွဲတစ်ခု၏အကြွင်းအကျန်အစအနများကို မြင်တွေ့မိကြသည်။အထူးသဖြင့် မြေပြင်ပေါ်ရှိ ဧရာမချိုင့်နက်ကြီးကိုမြင်တွေ့ချိန်တွင် သူတို့အားလုံး ကူကယ်ရာမဲ့စွာဖြင့် လေအေးတစ်ချက်စီ ရှိုက်သွင်းလိုက်ကြသည်။

"အဲ့ဒီချိုင့်နက်ကြီးကိုကြည့်ရတာ လက်ဝါးရာကြီးနဲ့တူနေတယ်"

အနက်ရောင်ဝတ်စုံဝတ်လူတစ်ယောက်က အံ့အားသင့်စွာ အော်ဟစ်လေသည်။

တခြားအနက်ရောင်ဝတ်စုံဝတ်လူများကလည်း ချိုင့်နက်ကြီးကို လာရောက်ကြည့်ရှုပြီး အံ့အားသင့်တုန်လှုပ်နေကြ၏။

ဤလက်ဝါးချက်ကြောင့် မေ့လျော့ခံကောင်းကင်မြို့တော်တစ်ခုလုံး ပျက်စီးသွားခြင်းဖြစ်ပေမည်။ထိုလက်ဝါးရာကိုဗဟိုပြု၍ အက်ကွဲကြောင်းများက မြေပြင်အနှံ့ ပျံ့နှံ့နေပေ၏။

"နေဦး...တစ်ချက်ကြည့်လိုက်...လက်ဝါးရာကြီးရဲ့အလယ်မှာ လူတစ်ယောက်ရှိနေတယ်"

အနက်ရောင်ဝတ်စုံဝတ်လူတစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်သည်။

သူတို့က အနီးကပ်ကြည့်လိုက်ကြရာ လက်ဝါးရာကြီး၏အလယ်ဗဟိုရှိ မြေပြင်ပေါ်တွင် လဲကျနေသော လုယွီအား တွေ့မြင်မိကြ၏။

Chapter 1430

ဤအချိန်အခိုက်အတန့်တွင် လုယွီသည် သတိလစ်မေ့မျောနေဆဲဖြစ်သည်။လက်ဝါရာကြီး၏အလယ်၌ရှိနေသည့် သူ၏ပုံရိပ်သည် အလွန်အမင်းမျက်စေ့ကျစရာ ဖြစ်နေပေ၏။

အနက်ရောင်ဝတ်စုံဝတ်လူများသည် လုယွီထံမှထွက်ပေါ်နေသည့် ပြင်းထန်သောအရှိန်အဝါကို ခံစားမိသဖြင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အနီးသို့မချဥ်းကပ်ဝံ့ကြချေ။

လုယွီ၏ပုံပန်းသွင်ပြင်သည် ငရဲနယ်မြေအတွင်းသို့တစ်ကိုယ်တော် ချိုးဖျက်ဝင်ရောက်ခဲ့သောလူငယ်ဟု သရဲတစ္ဆေနှစ်ကောင်က ညွှန်းဆိုထားသောသူနှင့် အတိအကျတူညီနေပေ၏။အနက်ရောင်ဝတ်စုံနှင့်လူများက လုယွီသည် ငရဲနယ်မြေအား ချိုးဖျက်ဝင်ရောက်ခဲ့သူ ဟုတ်မဟုတ်ကိုမူ အတပ်မပြောနိုင်ချေ။

သို့ရာတွင် ကိစ္စတစ်ခုကမူ သေချာပေ၏။ဤကဲ့သို့လက်ဝါးရိုက်ချက်မျိုးအား ခံယူရသောလူငယ်သည် အသက်ရှင်ရန် မလွယ်ကူချေ။

ယင်လော့သခင်လေးသည် လက်ဝါးရာကြီးအတွင်းသို့ စူးစိုက်ကြည့်လိုက်၏။သူက သာမာန်ကာလျှံကာ ကြည့်လိုက်သော်လည်း ရုတ်တရက် သူ၏အမြင်အာရုံကို ဆွဲဆောင်နိုင်သောအရာအား တွေ့ရှိသွားသည်။

"ဒါက မြေအောက်လောကပဲ"

ယင်လော့သခင်လေး၏နှလုံး ကဆုန်စိုင်းခုန်ပေါက်သွားပေ၏။

ထိုနေ့က ကောင်းကင်နန်းတော်ပြိုင်ပွဲ၏ ထိပ်သီးနေရာတွင် သူနှင့်လုဝူယာတို့နှစ်ယောက်သည် ရေပန်းစားကျော်ကြားခဲ့သည်။သို့ရာတွင် မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိရသော မြေအောက်လောကသည် သူတို့ပိုင်ဆိုင်သင့်သောအရာအားလုံးကို ခိုးယူသွားပေ၏။

ထိုနေ့မှစ၍ လောကကြီးအတွင်းရှိ လူအားလုံးသည် ကောင်းကင်နန်းတော်ပြိုင်ပွဲ၏ အနိုင်ရရှိသူဖြစ်ပြီး လင်ရှောင်းဂိုဏ်း၏မဟာအကြီးအကဲဖြစ်သွားသည့် မြေအောက်လောကဆိုသူအကြောင်းကိုသာ ပြောဆိုနေကြတော့သည်။

ယင်လော့ဂိုဏ်း၏သခင်လေးအဆင့်အတန်းရှိသော သူ့အတွက်ကမူ အစေခံတပည့်ဟူသည်မှာ ဂုဏ်ယူဝင့်ကြွားစရာဖြစ်သော်လည်း အမှန်အားဖြင့် လှောင်ပြောင်သရော်ခံရခြင်းတစ်မျိုးသာဖြစ်သည်။

သာမာန်အခြေအနေမျိုးတွင် အရည်အချင်းအား ထုတ်မပြခဲ့သော သာမာန်ကျင့်ကြံသူတစ်ယောက်သည် သူတော်စင်၏တပည့် ဖြစ်သွားပေ၏။

ထို့ပြင် သူကမူ ကောင်းကင်ဘုံ၏ရွေးချယ်ခံဟု ဂုဏ်ယူဝင့်ကြွားနေခဲ့သော်လည်း အစေခံတပည့်တစ်ယောက်သာ ဖြစ်လာခဲ့သည်။

ထိုပြိုင်ပွဲ၏ရလဒ်သည် ယင်လော့သခင်လေး၏စိတ်နှလုံးသားအား မနာလိုအားကျမှုများ​ဖုံးလွှမ်းစေပြီး ရူးသွပ်လုမတက်ခံစားရစေသည်။သူက မြေအောက်လောကကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်လိုပေ၏။

ဤအချိန်တွင် အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်သည် အလယ်ပိုင်းကုန်းမြေအား အကြီးအကျယ်တိုက်ခိုက်နေပြီး ယင်လော့ဂိုဏ်းသည် နောက်ကွယ်မှနေ၍ မီးစာထိုးပေးနေခဲ့သည်။ယင်လော့သခင်လေးသည် လင်ရှောင်းဂိုဏ်းသို့သွားရောက်၍ မြေအောက်လောကအား ရှာဖွေပြီး လက်စားချေလိုခဲ့သည်။သူသည် မြေအောက်လောကအား ဤနေရာ၌တွေ့ရမည်ဟု မျှော်လင့်မထားမိချေ။

"အဲ့ဒီနေရာကိုသွားပြီး သူ့ကိုဖမ်းခေါ်ခဲ့စမ်း"

ယင်လော့သခင်လေး၏မျက်လုံးအတွင်း၌ ရန်ငြှိုးမုန်းတီးမှု အရိပ်အယောင်များ ထင်ဟပ်နေသည်။

ယခုလက်ရှိအချိန်၌ သူ မြေအောက်လောကအား တွေ့ရှိရပြီဖြစ်ရာ မည်သည့်နည်းနှင့်မျှ အလွတ်မပေးနိုင်ချေ။

အနက်ရောင်ဝတ်စုံဝတ်လူများသည် လုယွီ၏နံဘေးပတ်လည်၌ ဝိုင်းရံပြီး ချက်ချင်းပင် သူ့အားဖမ်းဆုပ်လိုက်ကြ၏။သူတို့၏လက်များကို လုယွီ၏ပခုံးပေါ်တင်ထားပြီး ဆွဲမကြသော်လည်း သူတို့အားလုံး ကြက်သေသေသွားကြသည်။

လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးသည် မြေပြင်၌အမြှစ်တွယ်ထားသကဲ့သို့ မြဲမြံနေသည်ကို သူတို့က အံ့အားသင့်တုန်လှုပ်စွာဖြင့် တွေ့ရှိမိကြသည်။

သူတို့ မည်မျှထိ အားစိုက်ကြိုးစားပါစေ လုယွီအားရွေ့အောင် ပြုလုပ်၍မရချေ။

"ငါ ဒါကို မယုံကြည်နိုင်ဘူး"

အနက်ရောင်ဝတ်စုံဝတ်လူတစ်ယောက်သည် အေးစက်စက်နှာမှုတ်ပြီးနောက် သူ၏လက်ဖဝါးအတွင်းမှနေ၍ မှော်စွမ်းအားများ ပွင့်အံထွက်လာသည်။

သူ၏ကျင့်ကြံဆင့်နယ်ပယ်သည် နိမ့်ပါးခြင်းမရှိချေ။အကယ်၍ သူ၏ခွန်အားကိုသာ အပြည့်အဝအသုံးပြုပါက တောင်ကြီးတစ်လုံး၏တစ်ဝက်အား ရွှေ့နိုင်ရန် အခက်အခဲမရှိပေ။

သို့ရာတွင် လုယွီကမူ တစိုးတစိမျှပင် လှုပ်ရှားသွားခြင်းမရှိချေ။

"အမှိုက်တစ်သိုက်ပဲ...ငါ ကိုယ်တိုင်လုပ်မယ်"

ယင်လော့သခင်လေးသည် နှာတစ်ချက်မှုတ်ပြီး သူ၏လက်ကို ဆန့်တန်းလိုက်၏။အလွန်များပြားသော မှော်စွမ်းအားများသည် လေထုအတွင်း၌ လက်သည်းတစ်ခုအသွင် သိပ်သည်းသွားပြီး လုယွီထံဦးတည်၍ ဖမ်းဆုပ်လိုက်သည်။

ထိုမှော်စွမ်းအင်လက်သည်းကြီး လုယွီအား ထိလုနီးနီးအချိန်မှာပင် သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်မှာ အရိုးခိုက်သမျှအေးစိမ့်သော အအေးဓာတ်များ ပွင့်အံထွက်လာပေ၏။

အေးစက်စက်နှာမှုတ်သံတစ်သံ ထွက်ပေါ်လာပြီးနောက် ယင်လော့သခင်လေး၏ မှော်စွမ်းအင်လက်သည်းကြီးသည် လေထုအတွင်းမှာပင် ပျောက်ကွယ်သွားတော့သည်။

လုယွီ၏နံဘေးမှနေ၍ အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်လာသည်။ထို့နောက် အခိုးအငွေ့များကြားမှနေ၍ အဖိုးအိုတစ်ယောက်က ဖြည်းဖြည်းချင်း လျှောက်လှမ်းထွက်လာပေ၏။

"မင်းတို့အားလုံး...ထွက်သွားကြစမ်း"

အဖိုးအို၏ပါးစပ်ဖွင့်ဟလိုက်ချိန်တွင် ပြင်းထန်သောဖိအားအရှိန်အဝါတစ်ရပ် ထွက်ပေါ်လာပြီး အနီးအနားရှိ အနက်ရောင်ဝတ်စုံဝတ်လူများအား နောက်သို့လွင့်စင်သွားစေသည်။

အနက်ရောင်ဝတ်စုံဝတ်လူများသည် အဝေးရှိမြေပြင်ပေါ်သို့ လွင့်စင်ကျသွားပြီးနောက် သူတို့က အံ့အားသင့်တုန်လှုပ်စွာ ရေရွတ်လိုက်ကြ၏။

"သိုင်းသူတော်စင်တစ်ယောက်လား"

သူတို့ရှေ့ရှိအဖိုးအိုသည် လုယွီခေါ်ဆောင်လာခဲ့သော နက္ခက်တာရာစိတ်ဝိညာဥ်ဘိုးဘေးဖြစ်သည်။သူသည် လုယွီ၏သိုလှောင်အိတ်အတွင်း၌ အချိန်အတော်ကြာကျင့်ကြံပြီး နောက်ဆုံး၌ ဖုတ်ကောင်ခန္ဓာကိုယ်သို့ အပြည့်အဝပြောင်းလဲနိုင်ခဲ့ပြီး စစ်ဗိုလ်ချုပ်၏ကျင့်ကြံနည်းစနစ်ကို အောင်မြင်စွာကျင့်ကြံနိုင်ခဲ့သည်။

လုယွီ၏ယခင်တိုက်ပွဲများကို ကြည့်ရှုပြီးနောက် နက္ခက်တာရာစိတ်ဝိညာဥ်ဘိုးဘေးသည် လုယွီအား တစ်ချက်ကြည့်မိရုံဖြင့် သူ၏လိပ်ပြာလွင့်လုမတက် ခံစားနေရသည်။သူက မည်သည့်လှုပ်ရှားမှုမျိုးကိုမျှ မပြုလုပ်ဝံ့တော့ချေ။

ယခုလက်ရှိချိန်၌ ကောင်းကင်ဘုံနယ်မြေမှအစွမ်းထက်ကျင့်ကြံသူ ထွက်ခွါသွားပြီဖြစ်ရာ နက္ခက်တာရာစိတ်ဝိညာဥ်ဘိုးဘေးသည် လုယွီအား ကာကွယ်ရန် ထွက်လာခဲ့ခြင်းပင်။

All Chapters