← Chapters

အခန်း (၁၄၄၁-၁၄၄၅)

Vol. 75 Ch. 1441-1445

အခန်း (၁၄၄၁-၁၄၄၅)

Vol. 75 Ch. 1441-1445

Chapter 1441

လုယွီသည် သူ၏ခန္ဓာကိုယ်ပေါ်ရှိဒဏ်ရာများမှ သွေးထွက်နေမှုကို ယာယီပိတ်ဆို့လိုက်သည်။အကယ်၍ သာမာန်ကျင့်ကြံသူတစ်ယောက်သာ ဤကဲ့သို့ဒဏ်ရာမျိုးနှင့် ရင်ဆိုင်ရပါက အသက်အန္တရာယ်ဆုံးရှုံးမှုဖြင့်ပင် ရင်ဆိုင်ရပေမည်။

သို့ရာတွင် လုယွီထံ၌ အတွေ့အကြုံပေါကြွယ်ဝသဖြင့် သူ၏ခန္ဓာကိုယ်မှဒဏ်ရာများ ပြန်လည်ကောင်းမွန်စေရန် နည်းလမ်းတစ်ခုမကရှိသည်။

သူ ကောင်းကင်ဘုံနယ်မြေသို့ ရောက်ရှိသည်နှင့် အဖိုးတန်ရှားပါးသောဆေးပင်များကိုရှာဖွေကာ သူ၏ဒဏ်ရာများအား အပြည့်အဝကုသနိုင်ပေမည်။

"နတ်ဘုရားစစ်ဗိုလ်ချုပ် ရှကွေ့ယွမ်....."

လုယွီက ထိုနာမည်ကိုသုံးကြိမ်ဆက်တိုက်ရွတ်ဆိုပြီးနောက် သူ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။

သူသည် ရှကွေ့ယွမ် မည်သူမည်ဝါဖြစ်မှန်း မသိရှိခဲ့ချေ။သို့ရာတွင် ကောင်းကင်ဘုံဧကရာဇ်၏မှတ်ဥာဏ်များအတွင်းမှနေ၍ သူ ရှကွေ့ယွမ်အား ရှာဖွေတွေ့ရှိခဲ့သည်။

ရှကွေ့ယွမ်သည် ရှမိသားစု၏အကြီးဆုံးသားဖြစ်ပေ၏။ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ် သက်ရှိထင်ရှားရှိနေစဥ်တွင် ရှမိသားစုသည် တာယွီအင်ပါယာတစ်ခုလုံး၌ ကျော်ကြားသောမိသားစုတစ်စုဖြစ်သည်။

ရှမိသားစု၏နာမည်ဂုဏ်သတင်းသည် သူတို့၏ချမ်းသာကြွယ်ဝမှုပေါ်၌ မူတည်နေသည်။တာယွီအင်ပါယာအတွင်းရှိ ကြယ်နယ်မြေအားလုံးနီးပါးသည် ရှမိသားစု၏ပိုင်ဆိုင်မှုများဖြစ်ပေ၏။

ရှမိသားစုသည် သူတို့၏မိသားစုနေထိုင်ရန် တော်ဝင်နန်းတော်အနီးရှိ ကြယ်နယ်မြေကိုးခုကိုပင် ဝယ်ယူခဲ့သည်။သူတို့သည် ငွေကြေးအမြောက်အများကိုအသုံးပြု၍ တာယွီအင်ပါယာမှနာမည်ကျော်ကြားသောဝင်္ကပါပညာရှင်များကိုဖိတ်ခေါ်ကာ ကြယ်နယ်မြေကိုးခုလုံးအတွက် ဝင်္ကပါခင်းကျင်းစေသည်။

ကြယ်နယ်မြေကိုးခုလုံးအား စုစည်းထားခြင်းကြောင့် ဖျက်ဆီး၍မရနိုင်သော တည်ရှိမှုကြီးဖြစ်နေသည်။ထို့ပြင် ကြယ်နယ်မြေကိုးခုပေါ်ရှိ အရာရာတိုင်းကို ရှမိသားစုမှပိုင်ဆိုင်ပေ၏။

ကောလဟာလများအရ ရှမိသားစုသည် ငွေကြေးအင်အားသည် တာယွီအင်ပါယာတော်ဝင်မိသားစုကိုပင် ဖိနှိပ်ထားနိုင်သည်ဟုဆိုကြသည်။ထို့ကြောင့် တော်ဝင်မိသားစုသည် ရှမိသားစုအား ဖိနှိပ်နိုင်ရန် နည်းလမ်းတချို့အား အသုံးပြုခဲ့သည်။တော်ဝင်မိသားစုသည် တော်ဝင်အမိန့်တော်ကိုထုတ်ပြန်ပြီး ရှမိသားစုမှမျိုးဆက်သစ်များအား အင်ပါယာအတွင်း၌ အရာရှိအဖြစ်အမှုထမ်းဆောင်ခွင့် မပြုခဲ့ချေ။

တော်ဝင်မိသားစုပင်လျှင် အမိန့်တော်ထုတ်၍ တားမြစ်ရသည်အထိ ရှမိသားစု၏အင်အားကောင်းပုံကို တွေ့မြင်နိုင်သည်။

"ကောင်းပြီလေ...ရှန်လင်းလုံက တာယွီအင်ပါယာရဲ့တော်ဝင်အာဏာကို လုယူထားတယ်...ဒါဆို ရှမိသားစုက ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ရဲ့အကြွင်းအကျန်မျိုးဆက်တွေကို တွန်းထုတ်ဖို့ အကောင်းဆုံးရွေးချယ်မှုဖြစ်မှာပဲ"

လုယွီ၏မျက်လုံးအတွင်းရှိ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများက တစတစ ပို၍အားကောင်းလာသည်။

သူ၏နောက်မှနေ၍ မြောက်များစွာသော နတ်ဆိုးချီများထွက်ပေါ်လာပြီး ဧရာမဝံပုလွေရိုင်းကြီးတစ်ကောင်အသွင် သိပ်သည်းသွားကာ ခေါင်းမော့၍ မိုးကောင်းကင်ယံအားကြည့်ပြီး ဟိန်းဟောက်နေသည်။

အသက်ရှုချိန်အနည်းငယ်ကြာပြီးနောက် လုယွီက သူ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကို ထိန်းချုပ်နိုင်သွားသည်။

သူ၏လက်ရှိခွန်အားဖြင့်ဆိုပါက ရှကွေ့ယွမ်အားလက်စားချေရန်မှာ အတွေးသက်သက်သာဖြစ်နိုင်ကြောင်း သူကောင်းစွာသိရှိထားသည်။

"စွမ်းအား...ခွန်အား...ကျင့်ကြံခြင်းလောကမှာ ခွန်အားကသာ အရေးကြီးဆုံးအရာပဲ...တကယ်လို့ ငါ့မှာသာ ခွန်အားမရှိရင် လက်စားချေဖို့ကိစ္စကို ငါ မေ့ထားရလိမ့်မယ်"

"ဘယ်လိုပဲဖြစ်ဖြစ်....စည်းမျဥ်းတွေအတိုင်းသာ ဆက်ပြီးလေ့ကျင့်နေမယ်ဆိုရင် ငါက တခြားသူတွေရဲ့နောက်မှာ ကျန်ရစ်ခဲ့လိမ့်မယ်....ရှမိသားစုရဲ့အင်အားက အရမ်းကောင်းနေပြီးတော့ တော်ဝင်မိသားစုကတောင် သူတို့ကို ​ထိတ်လန့်နေရတယ်...တကယ်လို့ လက်စားချေမယ့်ကိစ္စကို ငါ တစ်ယောက်တည်းလုပ်မယ်ဆိုရင်....ငါ မစွမ်းဆောင်နိုင်မှာကို စိုးရိမ်မိတယ်"

လုယွီသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီး မြောက်များစွာသောအတွေးများက သူ၏စိတ်အတွင်း၌ စုဝေးနေပေ၏။

အတိတ်ဘဝတွင် သူသည် အထီးကျန်ဝံပုလွေတစ်ကောင်ဖြစ်ပေ၏။သူသည် အလွန်အစွမ်းထက်ခဲ့သော်လည်း သူ့နောက်၌ မည်သည့်နောက်ခံအင်အားစုမျှရှိမနေချေ။မြေအောက်လောကတစ်ဆယ့်ရှစ်နယ်မြေသည်လည်း သူ သေဆုံးသွားပြီးနောက် အစည်းပြေသွားသောဝါးချောင်းများကဲ့သို့ ဖြစ်သွားခဲ့သည်။

"တကယ်တမ်းတော့ မြေအောက်လောကတစ်ဆယ့်ရှစ်နယ်မြေဖြစ်ဖြစ် တာယွီကောင်းကင်ဘုံအင်ပါယာပဲဖြစ်ဖြစ် နဂါးငွေ့တန်းရဲ့အစစ်အမှန်အုပ်ချုပ်သူတွေပဲ...ဒါပေမယ့် ရှေးဟောင်းကောင်းကင်ဘုံတရားရုံး ပျက်စီးသွားခဲ့တာကြောင့် အဲ့ဒီနယ်မြေတွေရဲ့အမွေဆက်ခံမှုလည်း အဆက်ပြတ်သွားခဲ့တယ်"

"ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်က တကယ့်ကိုအဆင်အခြင်မဲ့တဲ့သူပဲ...သူက ကောင်းကင်ဘုံနယ်မြေကို ပေါင်းစည်းနိုင်ပေမယ့် နယ်မြေရဲ့အစစ်အမှန်အုပ်ချုပ်သူ မဖြစ်ခဲ့ဘူး...ဒါကြောင့် ရှန်လင်းလုံက ကံကြမ္မာကောင်းကိုခိုးယူနိုင်တဲ့ အခွင့်အရေးကို ရသွားတာပဲ"

လုယွီက လက်သီးနှစ်ဖက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ထားပြီး သူ၏မျက်လုံးက တောက်ပနေသည်။

သူသည် ရှေးဟောင်းကောင်းကင်ဘုံတရားရုံး၏အမွေအနှစ်ကို ရရှိရပေမည်။ဤနည်းလမ်းဖြင့်သာ သူသည် ရှန်လင်းလုံနှင့်ရှမိသားစုအား ရင်ဆိုင်တိုက်ခိုက်တိုက်ခိုက်နိုင်ပေမည်။

အေးခဲလှိုဏ်ဂူအတွင်း၌ လုယွီက အချိန်အတော်ကြာ တံခါးပိတ်ကျင့်ကြံနေခဲ့သည်။

တစ်လကြာပြီးနောက်...

လုယွီသည် အေးခဲလှိုဏ်ဂူအတွင်းမှနေ၍ ပြင်ပသို့ထွက်လာသည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ အရှိန်အဝါများ ချက်ချင်းပြောင်းလဲသွားပြီး မည်သူမျှ ထွင်းဖောက်မမြင်နိုင်တော့ချေ။

သူ၏မျက်နှာပေါ်၌ ဒေါသအရိပ်အယောင်များလည်းမရှိတော့ဘဲ သူက လင်ရှောင်းဂိုဏ်း၏ပင်မခန်းမဆီသို့ လျှောက်လှမ်းသွားလေသည်။

Chapter 1442

လင်ရှောင်းဂိုဏ်း၏ပင်မခန်းမ...

မြောက်မြားစွာသောဂိုဏ်းများကဲ့သို့ပင် လင်ရှောင်းဂိုဏ်း၏ပင်မခန်းမသည် ဂိုဏ်းအတွင်း၌ အရေးကြီးကိစ္စများရှိသောအခါမှသာ အသုံးပြုလေ့ရှိသည်။

ခန်းမသို့သွားရာလမ်းတစ်လျှောက်လုံး၌ လင်ရှောင်းဂိုဏ်းမှကျင့်ကြံသူများသည် တည်ကြည်လေးနက်သော အမူအယာများဖြင့် မတ်တတ်ရပ်နေကြပြီး တစ်စုံတစ်ယောက်အား ကြိုဆိုနေကြသကဲ့သို့ပင်။

လုယွီသည် တပည့်တစ်ယောက်အားခေါ်ပြီး လင်ရှောင်းဂိုဏ်းချုပ်နှင့်အကြီးအကဲရှင်း မည်သည့်နေရာ၌ရှိနေသည်ကို မေးမြန်းလိုက်၏။

"မဟာအကြီးအကဲ...ဂိုဏ်းချုပ်နဲ့အကြီးအကဲတွေအားလုံးက ဧည့်သည်တော်တွေကိုကြိုဆိုဖို့ ပင်မခန်းမထဲမှာ စောင့်ဆိုင်းနေကြပါတယ်...မဟာအကြီးအကဲက တံခါးပိတ်ကျင့်ကြံနေလို့ ကျွန်တော်တို့က အကြောင်းမကြားတာပါ"

ထိုတပည့်က ရိုသေလေးစားစွာ ပြောဆိုသည်။

လင်ရှောင်းဂိုဏ်းချုပ်နှင့်အကြီးအကဲများအားလုံး ပင်မခန်းမ၌ ရှိနေကြသလော။

လုယွီ၏မျက်ခုံး ပင့်တက်သွားသည်။

"ဘာတွေဖြစ်နေလို့လဲ"

လင်ရှောင်းဂိုဏ်းသည် အလယ်ပိုင်းကုန်းမြေ၏ နံပါက်တစ်ထိပ်သီးဂိုဏ်းဖြစ်ပြီး နယ်မြေ၏အုပ်ချုပ်သူဟုပင် ဆိုနိုင်သည်။မည်သည့် ကိစ္စကြီးဖြစ်ပွါးနေသဖြင့် ဂိုဏ်းချုပ်နှင့်အကြီးအကဲများအားလုံး စုဝေးနေရသနည်း။

တပည့်က ဆက်လက်ပြောဆိုလေ၏။

"ဒါက အလယ်ပိုင်းကုန်းမြေမဟာမိတ်အဖွဲ့ကလူတွေ ရောက်လာတာကြောင့်ပါ...သူတို့က ကောင်းကင်ဘုံလမ်းကြောင်း ပွင့်လာတော့မယ့်ကိစ္စကို ဂိုဏ်းချုပ်နဲ့တိုင်ပင်ဆွေးနွေးဖို့ ရောက်လာကြတာ"

အလယ်ပိုင်းကုန်းမြေ မဟာမိတ်အဖွဲ့အစည်း...

လုယွီက ချက်ချင်းပင် နားလည်သဘောပေါက်သွားသည်။သူ ထိုအကြောင်းကို လုထျန်းကန်ထံမှ ကြားဖူးပေ၏။ဤအဖွဲ့အစည်းသည် ​အလယ်ပိုင်းကုန်းမြေမှ မြောက်များစွာသောဂိုဏ်းများအား ယာယီစုဖွဲ့ထားသော မဟာမိတ်အဖွဲ့အစည်းဖြစ်သည်။

အချိန်တခဏကြာတွေးတောပြီးနောက် လုယွီက လင်ရှောင်းဂိုဏ်းခေါင်းဆောင်အား နှုတ်ဆက်ရန် ပင်မခန်းမသို့ သွားလိုက်သည်။

ကောင်းကင်ဘုံလမ်းကြောင်းပွင့်တော့မည်ဖြစ်ရာ သူ ကောင်းကင်ဘုံနယ်မြေအတွင်းသို့ဝင်ရောက်ရန် ပြင်ဆင်ရပေမည်။

လင်ရှောင်းဂိုဏ်း၏ပင်မခန်းမအတွင်း၌...

ဤအချိန်တွင် လင်ရှောင်းဂိုဏ်းချုပ်သည် အကြီးအကဲတစ်စုနှင့်အတူထိုင်နေပြီး သူ၏မျက်နှာက သုန်မှုန်နေကာ သူရှေ့ရှိလူစုအားကြည့်နေသည်။

သူတို့နှင့်မျက်နှာချင်းဆိုင်၌ အမျိုးသားနှင့်အမျိုးသမီးများပါဝင်သော လူတစ်စုရှိနေသည်။ထိုလူစု၏မျက်နှာများထက်တွင် မောက်မာသောအမူအယာများရှိနေပြီး သူတို့က လင်ရှောင်းဂိုဏ်းမှလူများကို အထင်အမြင်သေးသောအကြည့်ဖြင့်ကြည့်နေသည်။

ဘုန်...

လင်ရှောင်းဂိုဏ်းချုပ်သည် သူရှေ့ရှိစားပွဲခုံကို ရိုက်ချပြီး အော်ဟစ်ပြောဆိုလေသည်။

"ပြန်တွေးကြည့်ရင် ငါတို့ မြို့ကိုကာကွယ်နေတဲ့အချိန်တုန်းက...မင်းတို့တွေတစ်ယောက်မှ ရောက်မလာခဲ့ဘူး....အခုချိန်ကျမှ မင်းတို့တွေက ရောက်လာပြီး မြို့ကိုထိန်းချုပ်ခွင့် တောင်းဝံ့တယ်ပေါ့လေ...လင်ရှောင်းမြို့ဆိုတဲ့အမည်နာမက ငါတို့ဂိုဏ်းကြောင့်ဖြစ်လာတာ...မြို့ရိုးနဲ့ဝင်္ကပါတွေအားလုံးကလည်း ငါတို့လင်ရှောင်းဂိုဏ်းက တည်ဆောက်ထားတာ...မင်းတို့ စကားနည်းနည်းပြောရုံနဲ့...ငါတို့က မင်းတို့ကို ဘာလို့ပေးရမှာလဲ"

လင်ရှောင်းဂိုဏ်းခေါင်းဆောင်နောက်မှအကြီးအကဲများကလည်း သူတို့ရှေ့မှလူစုကို ဒေါသတကြီးစူးစိုက်ကြည့်နေကြ၏။

ယနေ့တွင် အလယ်ပိုင်းကုန်းမြေမဟာမိတ်သည် ကောင်းကင်ဘုံလမ်းကြောင်းကိစ္စနှင့်ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးရန် လင်ရှောင်းဂိုဏ်းသို့ ရုတ်တရက် လူတစ်ချို့အားစေလွှတ်ခဲ့သည်။

ထိုကိစ္စသည် သဟဇာတရှိသောဆွေးနွေးပွဲဖြစ်မည်ဟု လင်ရှောင်းဂိုဏ်းမှလူများက တွေးထင်ခဲ့သော်လည်း အလယ်ပိုင်းကုန်းမြေမဟာမိတ်အဖွဲ့မှလူများသည် ပါးစပ်ဟလိုက်သည်နှင့် လင်ရှောင်းမြို့အားထိန်းချုပ်ခွင့်ကို တောင်းဆိုခဲ့သည်။

လင်ရှောင်းမြို့သည် မြို့တစ်မြို့ဖြစ်ရုံသာမက အလယ်ပိုင်းကုန်းမြေတစ်ခုလုံး၌ စည်ကားသိုက်မြိုက်ဆုံးနေရာတစ်နေရာလည်းဖြစ်ပေ၏။နှစ်စဥ်နှစ်တိုင်း ထိုမြို့မှရရှိသောအခွန်အခများသည် လင်ရှောင်းဂိုဏ်း၏ဘဏ္ဍာတိုက်အတွင်းသို့ စီးဝင်သည်။ထို့ကြောင့် လင်ရှောင်းဂိုဏ်းသည် စစ်ပွဲအတွင်း၌ စိတ်ဝိညာဥ်အမြှောက်များကို အကြိမ်ပမာဏများပြားစွာ အသုံးပြုနိုင်ခြင်းဖြစ်သည်။

အကယ်၍ လင်ရှောင်းမြို့ကိုသာ လက်လွှဲပေးရပါက လင်ရှောင်းဂိုဏ်းအတွက် အကြီးအကျယ်ထိခိုက်နစ်နာမှုကြီးဖြစ်ပေမည်။

လင်ရှောင်းဂိုဏ်းချုပ်၏ရှေ့၌ ချောမောလှပသောအမျိုးသမီးတစ်ယောက် ထိုင်နေသည်။သူမ၏ပုံပန်းသွင်ပြင်သည် တင့်တယ်လှပပြီး တခြားသူများ တောင့်မခံနိုင်သော ညှို့ဓာတ်မျိုးရှိနေပေ၏။သူမကိုကြည့်ရသည်မှာ အလွန်ချောမောလှပသော်လည်း မည်သူကမျှသူမကို မပြစ်မှားဝံ့ကြချေ။

အကြောင်းအရင်းမှာ သူမသည် မိုးကောင်းကင်ရှုခင်းမြို့မှလုမိသားစုကို သစ္စာခံထားသော လုမိသားစုခွဲမှ လုကျစ်ယန်ဖြစ်နေခြင်းကြောင့်ပင်။

လုကျစ်ယန်က ပြောဆိုသည်။

"ဂိုဏ်းချုပ်ရဲ့စကားတွေက အရမ်းပြင်းထန်လွန်းတယ်...ကျွန်မတို့က အခြေအနေတစ်ရပ်ကို ပြောပြရုံပဲရှိသေးတာလေ...အရာရာတိုင်းကို ညှိနှိုင်းလို့ရပါတယ်"

လင်ရှောင်းဂိုဏ်းချုပ်၏မျက်နှာက သုန်မှုန်နေသည်။

"မင်းတို့ရဲ့ နောက်ထပ်အခြေအနေတွေအကြောင်း ဆက်ပြောပါအုံး...တခြားကိစ္စတွေက ညှိနှိုင်းလို့ရနိုင်ပေမယ့် လင်ရှောင်းမြို့ကိုတော့ ငါတို့က ဘယ်နည်းနဲ့မှ လက်လွှဲမပေးနိုင်ဘူး"

လင်ရှောင်းမြို့သည် လင်ရှောင်းဂိုဏ်းတစ်ဂိုဏ်းလုံး၏အခရာဖြစ်သည်။အကယ်၍ ထိုကိစ္စသည် ကောင်းကင်ဘုံလမ်းကြောင်းနှင့် ဆက်စပ်နေလျှင်ပင် သူတို့သည် မည်သည့်နည်းနှင့်မျှ လင်ရှောင်းမြို့အား လက်လွှဲမပေးနိုင်ချေ။

လုကျစ်ယန်က ရုတ်တရက် ခပ်ဖျော့ဖျော့ပြုံးပြီး ပြောဆိုသည်။

"နောက်ထပ်ကတော့ ပျော်ဖို့ကောင်းတဲ့ကိစ္စပါ"

"ကျွန်မတို့မိသားစုရဲ့လုဝူယာက ကောင်းကင်ဘုံနယ်မြေကအစွမ်းထက်ပုဂ္ဂိုလ်ရဲ့ တပည့်အဖြစ်ရွေးချယ်ခံရပြီးသားလေ...ရှင်တို့ဂိုဏ်းရဲ့အကြီးအကဲပိုင်ကလည်း ခုထိလက်မထပ်ရသေးဘူး....သူ့ကိုလည်း ကောင်းကင်ဘုံနယ်မြေကရွှယ်အင်မော်တယ်တစ်ယောက်က တပည့်အဖြစ်လက်ခံထားတယ်"

"ရှင်သိတဲ့အတိုင်းပဲ...တစ်ယောက်နဲ့တစ်ယောက် ထိပ်တိုက်ရင်ဆိုင်ရမှာထက် စုစည်းတာကပိုကောင်းတယ်လေ...ကျွန်မတို့မိသားစုနဲ့ရှင်တို့ဂိုဏ်းကို လက်ထပ်ပွဲနဲ့ပေါင်းစည်းလိုက်ရင် မကောင်းဘူးလား....ရှင် ဘယ်လိုထင်လဲ"

Chapter 1443

အလယ်ပိုင်းကုန်းမြေမှလူများသည် ဤနေရာသို့ စေ့စပ်ကြောင်းလမ်းရန် ရောက်ရှိလာကြခြင်း ဖြစ်နေသည်။

ယခုလက်ရှိနေရာတွင်ရှိနေသော လူများအားလုံး၏အကြည့်များက ပိုင်ဆုချင်ပေါ်သို့ ကျရောက်သွားသည်။

မျိုးရိုးနာမည်ပိုင်နှင့် အကြီးအကဲတစ်ယောက်ဖြစ်ပြီး ရွှယ်အင်မော်တယ်၏တပည့်အဖြစ် လက်ခံခြင်းခံရသူမှာ ပိုင်ဆုချင်တစ်ယောက်တည်းသာရှိသည်။

ထို့ပြင် ပိုင်ဆုချင်သည် လင်ရှောင်းဂိုဏ်း၏အကြီးအကဲတစ်ယောက်ဖြစ်သော်လည်း အသက်အရွယ်အိုမင်းခြင်း မရှိသေးချေ။အကယ်၍ တစ်စုံတစ်ယောက်မှ သေချာတွက်ဆကြည့်ပါက သူမသည် လုဝူယာနှင့်အသက်ရွယ်တူဖြစ်သည်။

လူအားလုံး၏အကြည့်များအောက်တွင် ပိုင်ဆုချင်က အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်သည်။

"ရှင်တို့အားလုံး...ဒီကိစ္စကို စဥ်းတောင်မစဥ်းစားနဲ့"

သူမသည် လုဝူယာနှင့် ပတ်သက်ဆက်နွယ်ဖူးခြင်း မရှိသည့်အပြင် သူမ၏စိတ်နှလုံးသားအတွင်း၌ တစ်စုံတစ်ယောက်က နေရာယူထားပြီးလေပြီ။မည်သည့်နည်းဖြင့် သူမ လုဝူယာအား လက်ထပ်နိုင်မည်နည်း။

လင်ရှောင်းဂိုဏ်းခေါင်းဆောင်က လေးနက်တည်ကြည်သောအသံဖြင့် ပြောဆိုသည်။

"ဒီလိုကိစ္စမျိုးက အကြီးအကဲပိုင် သူ့ဟာသူဆုံးဖြတ်သင့်တယ်...ငါတို့က သူမရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို လေးစားရမယ်"

လုမိသားစုခွဲသည် အားကောင်းသော်လည်း လင်ရှောင်းဂိုဏ်း၏သဘောထားအား မည်သို့မျှသက်ရောက်မှုမရှိချေ။

"ဟမ့်...."

နံဘေးဖက်၌ထိုင်နေသော လုဝူယာသည် လုကျစ်ယန်အားကြည့်ပြီး ပြောဆိုလိုက်၏။

"ဆရာသခင်...သွားကြစို့...လင်ရှောင်းဂိုဏ်းက ဒီကံကြမ္မာကောင်းကြီးကို လက်မခံချင်မှတော့ သူတို့ကို အဆင့်နိမ့်နယ်မြေမှာပဲ ဆက်ပြီးနေခိုင်းကြရအောင်"

သူက ကူကယ်ရာမဲ့ပုံဖြင့် ခေါင်းခါယမ်းပြီး ဆက်လက်ပြောဆိုသည်။

"ငါတို့က မင်းတို့ကို အခွင့်အရေးပေးပြီးပြီ...ဒါပေမယ့် ကံဆိုးချင်တော့ မင်းတို့က ဒါကို ငြင်းပယ်ခဲ့တယ်....အဆင့်နိမ့်နယ်မြေမှာရှိတဲ့ မင်းတို့ရဲ့အင်အားစုနည်းနည်းလေးနဲ့ ကောင်းကင်ဘုံနယ်မြေကိုဝင်ရောက်နိုင်မယ်လို့ မင်းတို့ ထင်နေကြတာလား"

လင်ရှောင်းဂိုဏ်းခေါင်းဆောင်၏အကြည့်က လုဝူယာထံသို့ကျရောက်သွားပြီး သူက အလေးအနက်ထားသောလေသံဖြင့် မေးမြန်းသည်။

"မင်း ဘာကိုဆိုလိုချင်တာလဲ"

လုဝူယာသည် လင်ရှောင်းဂိုဏ်းချုပ်ကဲ့သို့အစွမ်းထက်ကျင့်ကြံသူနှင့် မျက်နှာချင်းဆိုင်နေရသည့်တိုင် ဂရုစိုက်ပုံမရချေ။

"ဒါက အရှိအတိုင်း ဆိုလိုချင်တာလေ...ဒီတစ်ကြိမ် ကောင်းကင်ဘုံလမ်းကြောင်းက ဘယ်နေရာမှာပွင့်မှာလဲဆိုတာ ဂိုဏ်းချုပ်သိလား"

ကောင်းကင်ဘုံလမ်းကြောင်းဟူသော စကားပါဝင်လာသည်နှင့် လူတိုင်း၏စိတ်အာရုံအား ချက်ချင်းပင် ဆွဲဆောင်နိုင်သွားသည်။

"တကယ်လို့ ကောင်းကင်ဘုံလမ်းကြောင်းပွင့်လာရင်....လောကကြီးထဲမှာ သဘာဝလွန်ပုံရိပ်တွေ ထွက်ပေါ်လာလိမ့်မယ်...ငါတို့က ဘာလို့မသိနိုင်ရမှာလဲ"

လင်ရှောင်းဂိုဏ်းချုပ်က လေးနက်သောအသံဖြင့် ပြောဆိုသည်။

လုဝူယာ၏မျက်နှာပေါ်၌ လှောင်ပြောင်သရော်လိုသောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

"ဂိုဏ်းချုပ်ရဲ့သတင်းက အရမ်းနောက်ကျကျန်နေတဲ့ နည်းလမ်းဟောင်းကြီးပဲ...ဒီတစ်ကြိမ်မှာ ကောင်းကင်ဘုံလမ်းကြောင်းရဲ့စည်းမျဥ်းတွေ ပြောင်းလဲသွားပြီ"

ဘာ...

လင်ရှောင်းဂိုဏ်းချုပ်နှင့်အကြီးအကဲများအားလုံး အံ့အားသင့်တုန်လှုပ်သွားသည်။ကောင်းကင်ဘုံလမ်းကြောင်းသည် သူတို့အားလုံးကောင်းကင်ဘုံနယ်မြေသို့ တက်လှမ်းနိုင်မှုနှင့် ဆက်စပ်နေသည်။ဤကဲ့သို့အရေးကြီးကိစ္စမျိုးတွင် စည်းမျဥ်းများပြောင်းလဲသွားပြီဟုဆိုသလော။

"ကောင်းကင်ဘုံလမ်းကြောင်းရဲ့စည်းမျဥ်းတွေက နှစ်ထောင်နဲ့ချီမှ တစ်ကြိမ်ပြောင်းလဲတာမဟုတ်ဘူးလား...မင်းက ဘယ်ကကြားခဲ့တာလဲ"

လင်ရှောင်းဂိုဏ်းချုပ်က မေးမြန်းသည်။

လုဝူယာက ခေါင်းမော့၍ ပြောဆိုလေ၏။

"တကယ်တမ်းတော့ မူအစောင့်အရှောက်အရှင်က ကျွန်တော်တို့ကို ​ပြောခဲ့တာ...ဒီတစ်ကြိမ်မှာ ကျွန်တော်တို့ လုမိသားစုခွဲက မိသားစုကိုကာကွယ်စောင့်ရှောက်တဲ့နေရာမှာ ကောင်းကောင်းလုပ်နိုင်ခဲ့တယ်...ဒါကြောင့် မူအစောင့်အရှောက်အရှင်က ကျွန်တော်ကို လုမိသားစုရဲ့စုံစမ်းစစ်ဆေးရေးမှူးအဆင့်အတန်းကိုပေးခဲ့တယ်...ဒီသတင်းက ကျွန်တော်တို့လုမိသားစုရဲ့ အကြီးအကဲတွေပဲသိတာ...ဒါပေါ့လေ ဂိုဏ်းချုပ်တို့ကတော့ ဘယ်သိနိုင်ပါ့မလဲ"

လင်ရှောင်းဂိုဏ်းပင်မခန်းမတစ်ခုလုံး ချက်ချင်းပင် အာမေဋိတ်သံများဖြင့် ဆူညံသွားသည်။

အလယ်ပိုင်းကုန်းမြေ၏မူအစောင့်အရှောက်သည် မျိုးရိုးစဥ်ဆက် အမွေဆက်ခံလာခဲ့ခြင်းမျိုးဖြစ်ပြီး ခေတ်အဆက်ဆက် မြင့်မြတ်သူများအဖြစ် လေးစားခံခဲ့ရသူများဖြစ်သည်။

ဒဏ္ဍာရီများအရ ရှေးခေတ်အချိန်များတွင် အလယ်ပိုင်းကုန်းမြေအတွင်း၌ မိုးခေါင်မှုနှင့်မိုးသက်မုန်တိုင်းများကို ဖြစ်ပေါ်စေသော အစွမ်းထက်မှော်သားရဲများရှိသည်ဟု ဆိုကြ၏။

အစွမ်းထက်ကျင့်ကြံသူတစ်ယောက်သည် နယ်မြေတစ်ဝှမ်းလုံးရှိ မှော်သားရဲများအားလုံးကို အမြစ်ပြတ်သုတ်သင်ပြီး အလယ်ပိုင်းကုန်းမြေအား တဖန်ပြန်၍စည်ပင်ဝပြောစေရန် ပြုလုပ်ပေးခဲ့သည်။နောက်ဆုံး၌ ထိုသူသည် ကောင်းကင်ဘုံနယ်မြေသို့ တက်လှမ်းသွားပြီး သူတော်စင်တစ်ယောက် ဖြစ်သွားခဲ့သည်။

ထိုကျင့်ကြံသူ၏အကျိုးဆောင်မှုများကို နောင်မျိုးဆက်များ အမှတ်ရစေရန်အလို့ငှါ မိုးကောင်းကင်တာအိုသည် ထိုလူ၏မျိုးဆက်တစ်ခုဆီမှ မိသားစုခေါင်းဆောင်ကို မူအစောင့်အရှောက်အဆင့်အတန်းပေးအပ်ပြီး နယ်မြေအားအုပ်ချုပ်စေသည်။

မူအစောင့်အရှောက်အဆင့်အတန်းသည် နေရာအသီးသီး၌ ရံဖန်ရံခါပြောင်းလဲသွားလေ့ရှိသော်လည်း အလယ်ပိုင်းကုန်းမြေတွင်မူ လုမိသားစုခေါင်းဆောင်ဖြစ်သူကသာ ထိုနေရာအား အမြဲတစေပိုင်ဆိုင်ထားသည်။

လင်ရှောင်းဂိုဏ်းချုပ်က မျက်မှောင်ကြုတ်လိုက်သည်။

"မူအစောင့်အရှောက်အရှင်က ကောင်းကင်ဘုံလမ်းကြောင်းပွင့်မယ့်နေရာကို သိနေမှတော့ ငါတို့ကိုလည်း အကြောင်းကြားသင့်တယ်လေ"

လင်ရှောင်းဂိုဏ်းနှင့်လုမိသားစုသည် ယခင်ကတည်းက မဟာမိတ်ဆန်သောဆက်ဆံမှုမျိုး ရှိခဲ့ပြီးဖြစ်သည်။

လုဝူယာက ခနဲ့တဲ့တဲ့ရယ်မောပြီး ဆက်လက်ပြောဆိုသည်။

"တကယ်လို့ လင်ရှောင်းဂိုဏ်းက အရင်တုန်းကလို အလယ်ပိုင်းကုန်းမြေရဲ့နံပါတ်တစ်ဂိုဏ်းဖြစ်နေအုံးမယ်ဆိုရင် မူအစောင့်အရှောက်က ဂိုဏ်းချုပ်တို့ကို အကြောင်းကြားမှာပဲ...ဒါပေမယ့် ဒီမတိုင်ခင်က လင်ရှောင်းဂိုဏ်းဟာ အနောက်ပိုင်းခြင်္သေ့နယ်မြေရဲ့တိုက်ခိုက်မှုကို ခံရပြီး ပျက်စီးဆုံးရှုံးမှုများခဲ့တဲ့အတွက်...မူအစောင့်အရှောက်အရှင်က လင်ရှောင်းဂိုဏ်းကို အရမ်းစိတ်ပျက်နေတယ်"

"အနောက်ပိုင်းခြင်္သေ့နယ်မြေရဲ့စစ်တပ်က လင်ရှောင်းမြို့ကိုတောင် တိုက်ခိုက်ခဲ့တယ်လို့ ကျွန်တော်ကြားထားတယ်...ဟား ဟား ဟား...ဒါက အရှက်ရစရာပဲ"

"ဂိုဏ်းချုပ်ကို ရှင်းရှင်းလင်းလင်းသိအောင် ပြောလိုက်မယ်...လွန်ခဲ့တဲ့ရက်အတည်းငယ်တုန်းက အနောက်ပိုင်းခြင်္သေ့နယ်မြေရဲ့အဓိကအင်အားစုတွေ ကျွန်တော်တို့ လုမိသားစုကို လာပြီးတိုက်ခိုက်ခဲ့တယ်...ဒါပေမယ့် လုမိသားစုကနေ လူတချို့စေလွှက်လိုက်တာနဲ့ အနောက်ပိုင်းခြင်္သေ့နယ်မြေကလူတွေအားလုံး နောက်ပြန်ဆုတ်သွားကြတယ်"

"ကျွန်တော်တို့ကြားမှာ ဘာကွာခြားချက်တွေရှိနေလဲဆိုတာ ဂိုဏ်းချုပ် သိပြီလား"

Chapter 1444

"ခွေးမသား...မင်း ဘာစကားပြောတာလဲ"

"မင်းလိုဂျူနီယာမျိုးဆက်တစ်ယောက်က ဒီနေရာကိုလာပြီး ပေါက်ကရစကားတွေပြောလို့ရမယ်လို့ ထင်နေတာလား"

လင်ရှောင်းဂိုဏ်းမှအကြီးအကဲများသည် ဒေါသတကြီးအော်ဟစ်လိုက်ကြ၏။

ဤတစ်ကြိမ် အနောက်ပိုင်းခြင်္သေ့နယ်မြေ၏တိုက်ခိုက်မှုအား လင်ရှောင်းဂိုဏ်းသည် မည်သို့မျှ ကြိုတင်သတင်းရခြင်းမရှိခဲ့ချေ။တစ်ဖက်ရန်သူများသည် အချိန်တိုအတွင်း အလွန်လျှင်မြန်စွာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နောက်ဆုံး၌ လင်ရှောင်းမြို့သို့ရောက်ရှိလာခြင်းဖြစ်သည်။

သို့သော် ထိုသို့ဆိုလျှင်ပင် သူတို့အားလုံးသည် အနောက်ပိုင်းခြင်္သေ့နယ်မြေစစ်တပ်နှင့် သွေးလွှမ်းသောတိုက်ပွဲကို ရင်ဆိုင်ခဲ့ရသည်။

ဆန့်ကျင်ဘက်အနေဖြင့် ရန်သူများရောက်ရှိမလာမီမှာပင် လုမိသားစုမှလူများထွက်ပြေးသွားပြီး ယခုချိန်ကျမှ လင်ရှောင်းဂိုဏ်းအားလာရောက်၍ ပြက်ရယ်ပြုသရော်နေခြင်းဖြစ်သည်။

လုဝူယာက ပြန်လည်ချေပပြောဆိုသည်။

"ကျွန်တော်ပြောတာအမှန်ပဲလေ....တကယ်လို့ လင်ရှောင်းဂိုဏ်းသာ ညံ့ဖျင်းမှုမရှိဘူးဆိုရင် ရန်သူတွေက မြို့ရိုးထိ ဘယ်လိုလုပ်ပြီးချဥ်းကပ်နိုင်မှာလဲ...ကျွန်တော်တို့လုမိသားစု ထွက်ခွာသွားခဲ့တာက ဝက်လိုတုံးအတဲ့မဟာမိတ်နဲ့ ပူးပေါင်းဖို့ဆန္ဒမရှိလို့ပဲ....ဒါကို ခင်ဗျားတို့အားလုံး သိဖို့ကောင်းတယ်"

ဘာ....

ရုတ်ချည်းဆိုသလိုပင် လင်ရှောင်းဂိုဏ်းချုပ်၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများထွက်ပေါ်လာပြီး လုဝူယာအား လွှမ်းခြုံသွားသည်။

"မင်း...မင်း ခုဏပြောတဲ့စကားတွေကို ထပ်ပြောလိုက်စမ်း"

လုဝူယာသည် ထိတ်လန့်တကြားဖြင့် နောက်သို့ခြေနှစ်လှမ်း ဆုတ်လိုက်ရသော်လည်း လုကျစ်ယန်က ရှေ့တိုးလာပြီး သူမ၏လက်ကို သူ၏ပခုံးပေါ်သို့တင်လိုက်သည်။

လင်ရှောင်းဂိုဏ်းချုပ် ထုတ်လွှက်လိုက်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပျက်ပြယ်သွားပေ၏။လုမိသားစုခွဲခေါင်းဆောင်၏ ထောက်ပံမှုနှင့်အတူ လုဝူယာ၏မျက်လုံးအတွင်းရှိ သရော်တော်တော်အရိပ်အယောင်မှာ ပို၍ပီပြင်ထင်ရှားလာသည်။

ခပ်ဖျော့ဖျော့အပြုံးနှင့်အတူ လုဝူယာသည် သူ၏အင်္ကျီလက်မောင်းကြားမှ တံဆိပ်ပြားတစ်ခုကိုထုတ်ယူပြီး လင်ရှောင်းဂိုဏ်းချုပ်အား ပြသလိုက်၏။

"ကျွန်တော် ဘာထပ်ပြောရအုံးမလဲ"

တံဆိပ်ပြားပေါ်၌ 'အလယ်ပိုင်းကုန်းမြေ စုံစမ်းစစ်ဆေးရေးမှူး'ဟူသောစကားလုံးများကို ရေးထွင်းထားသည်။

ထိုအခြင်းအရာကိုမြင်သည်နှင့် လင်ရှောင်းဂိုဏ်းချုပ်က တုန်လှုပ်ချောက်ချားသောလေသံဖြင့် ပြောဆိုသည်။

"မင်းက တကယ်ကိုပဲ စုံစမ်းစစ်ဆေးရေးမှူးအဖြစ် ခန့်အပ်ခံထားရတာလား"

ဤသည်က အလွန်စိတ်ကူးယဥ်ဖွယ်ကောင်းသော အခွင့်အာဏာမျိုးဖြစ်သည်။စုံစမ်းစစ်ဆေးရေးမှူးများသည် မူအစောင့်အရှောက်အရှင်၏နောက် အခွင့်အာဏာအရှိဆုံးသူများပင်။အတိတ်ကာလတွင် ကျန်းမိသားစုမှလူများသာ ဤကဲ့သို့အခွင့်အာဏာမျိုး ရရှိခဲ့သည်။

လင်ရှောင်းဂိုဏ်းချုပ်သည် သူ၏လက်ချောင်းများဖြင့် ထိုင်ခုံနောက်ကျောကို တို့ထိပြီး အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"ဒါဆိုရင် မင်းတို့လုမိသားစုကလူတွေက တံဆိပ်ပြားကိုပြဖို့ ဒီနေရာကို ရောက်လာကြတာလား"

လုဝူယာက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သည်။

"ဟမ့်...ကျွန်တော်က ဒီနေရာကိုလာဖို့ ပျင်းရိငြီးငွေ့နေတာ...ဒါက ခင်ဗျားတို့လင်ရှောင်းဂိုဏ်းရဲ့အကျိုးအတွက်ပဲ"

"ဒီတစ်ကြိမ်ကောင်းကင်ဘုံလမ်းကြောင်းရဲ့စည်းမျဥ်းက....မူအစောင့်အရှောက်အရှင်တစ်ယောက်စီတိုင်း လူအယောက်နှစ်ဆယ်စီပဲ ခေါ်ဆောင်ခွင့်ရှိတယ်....မူအစောင့်အရှောက်အရှင် ခေါ်ဆောင်မလာတဲ့သူတွေကတော့ ကောင်းကင်ဘုံလမ်းကြောင်းကိုဝင်ဖို့ အရည်အချင်းမမီဘူး"

"လူနှစ်ဆယ်နေရာအတွက် ကျန်းမိသားစုကဆယ်နေရာ လုမိသားစုကခုနစ်နေရာရပြီးတော့ ကျန်တဲ့သုံးနေရာက လင်ရှောင်းဂိုဏ်းရဲ့ရိုးသားမှုပေါ်မူတည်တယ်...တကယ်လို့ ကျွန်တော်တို့ရဲ့တောင်းဆိုမှုတွေကို မလိုက်လျောဘူးဆိုရင် လင်ရှောင်းဂိုဏ်းကဘယ်သူမှ ကောင်းကင်ဘုံလမ်းကြောင်းကို ဝင်ခွင့်ရမှာမဟုတ်ဘူး"

ကောင်းကင်ဘုံလမ်းကြောင်းအတွင်းသို့ဝင်ရန် လူအယောက်နှစ်ဆယ်စာ နေရာသာရှိပေ၏။ယခုလက်ရှိနေရာ၌ရှိနေသော အကြီးအကဲများ၏မျက်နှာအမူအယာများ ပျက်ယွင်းသွားသည်။ကောင်းကင်ဘုံလမ်းကြောင်းပွင့်သည့်အချိန်တိုင်း မြောက်မြားစွာသောအစွမ်းထက်ကျင့်ငြံသူများကို ဆွဲဆောင်နိုင်သည်။

ထိုကျင့်ကြံသူများအတွက် အခွင့်အရေးသည် မရှိသလောက်နည်းပါးသော်လည်း သူတို့သည် ကောင်းကင်ဘုံလမ်းကြောင်းပွင့်သည့်အချိန်တိုင်း ဝင်ရောက်ဆင်နွှဲ၍ ကောင်းကင်ဘုံနယ်မြေသို့ဝင်ရောက်နိုင်ရန် ကြိုးစားလေ့ရှိသည်။

ယခင်က ကောင်းကင်ဘုံလမ်းကြောင်းအတွင်း ဝင်ရောက်နိုင်သည့် လူအရေအတွက်ကိုကန့်သတ်မထားသော်လည်း ယခုအကြိမ်၌ ကန့်သတ်ထားလေပြီ။

"အဓိပ္ပါယ်မရှိလိုက်တာ...ငါ နောက်ထပ်နှစ်နည်းနည်းလောက် ထပ်စောင့်ရမယ်ဆိုရင်တောင်...လုမိသားစုရဲ့တောင်းဆိုချက်တွေကို သဘောမတူနိုင်ဘူး"

လင်ရှောင်းဂိုဏ်းချုပ်က ဒေါသတကြီးပြောဆိုသည်။

"ဟူး..."

လုဝူယာက သက်ပြင်းတစ်ချက်ရှိုက်ပြီး ပြောဆိုလေ၏။

"ဒီကိစ္စတွေကို ကျွန်တော် ပြောပြနေရတဲ့အကြောင်းအရင်းက....နောင်အနာဂတ်မှာ ခင်ဗျားတို့အားလုံး အခွင့်အရေးရှိမလာနိုင်တော့တာကြောင့်ပဲ"

"မိုးကောင်းကင်တာအိုရဲ့စည်းမျဥ်းတွေအရ ဒီတစ်ကြိမ် ကောင်းကင်ဘုံလမ်းကြောင်းပွင့်တာက နောက်ဆုံးအကြိမ်ဖြစ်သွားနိုင်တယ်...အဲ့ဒီနောက်ကနေစပြီး ကောင်းကင်ဘုံလမ်းကြောင်း ထပ်ပွင့်လာမှာမဟုတ်တော့ဘူး...ဘာတွေဆက်ဖြစ်မယ်ဆိုတာ မသိပေမယ့် ခင်ဗျားတို့ကတော့ အဆင့်နိမ့်နယ်မြေမှာပဲ အသက်တွေအိုမင်းပြီးသေဆုံးသွားတဲ့အထိ နေသွားကြရမှာ"

ကောင်းကင်ဘုံလမ်းကြောင်း နောက်ဆုံးအကြိမ်ပွင့်ခြင်းဟု ဆိုသလော။

ဤအချိန်အခိုက်အတန့်တွင် လင်ရှောင်းဂိုဏ်းမှလူများအားလုံး တုန်လှုပ်ချောက်ချားသွားသည်။

လင်ရှောင်းဂိုဏ်းချုပ်၏လက်များတုန်ရီနေပြီး သူက အလေးအနက်ထားသောလေသံဖြင့်ပြောဆိုသည်။

"လင်ရှောင်းမြို့ရဲ့အကျိုးအမြတ်တွေက လင်ရှောင်းဂိုဏ်းနဲ့ ဆက်စပ်နေတယ်...ငါ မင်းတို့ကို လက်လွှဲမပေးနိုင်ဘူး"

"ဒါက ပြဿနာမရှိဘူး...ကျွန်တော်က လင်ရှောင်းမြို့နဲ့ပတ်သက်ပြီး ဂရုမစိုက်ဘူး"

လုဝူယာသည် ရုတ်တရက် ပိုင်ဆုချင်အားကြည့်ပြီး ဆိုးညစ်သောအပြုံးနှင့်ပြောဆိုသည်။

"ခင်ဗျားတို့က ကျွန်တော်နဲ့အကြီးအကဲပိုင်ကို လက်ထပ်ပေးဖို့ ရွေးချယ်နိုင်တယ်....ဒီနည်းလမ်းနဲ့ဆိုရင် ကျွန်တော်က ခင်ဗျားတို့လင်ရှောင်းဂိုဏ်းအတွက် နေရာနှစ်နေရာစာပေးမယ်"

Chapter 1445

ပိုင်ဆုချင်၏ခေါင်းအစခြေအဆုံး တုန်ရီနေပြီး သူမက သွေးနီရောင်တောက်ပနေသောမျက်လုံးများဖြင့် လုဝူယာကို စူးစိုက်ကြည့်နေသည်။

လုဝူယာသည် သူမအား ကောင်းကင်ဘုံလမ်းကြောင်းနှင့် ခြိမ်းခြောက်နေပေ၏။

လင်ရှောင်းဂိုဏ်းအား သူမ ကျေးဇူးကြွေးများစွာဆပ်ရန် ရှိနေသည်။သူမ၏မိခင်နှင့်အတူ သူမနှင်ထုတ်ခံရချိန်မှစ၍ လင်ရှောင်းဂိုဏ်းသည် သူမတို့သားအမိအား လက်ခံပြီးစောင့်ရှောက်ထားခဲ့သည်။

သို့ရာတွင် ပိုင်ဆုချင်က သူမသည်မျက်စိစုံမှိတ်၍ လုဝူယာကဲ့သို့လူမျိုးကို လက်ထပ်နိုင်မည်လောဟု သူမကိုယ်သူမ ပြန်လည်မေးမြန်းမိသည်။

ကျွီ...

ထိုအချိန်မှာပင် လုယွီက လင်ရှောင်းဂိုဏ်း၏ပင်မခန်းမတံခါးကိုတွန်းဖွင့်၍ အတွင်းသို့ဝင်ရောက်လာသည်။

"လုယွီ...မင်း ထွက်လာပြီလား"

လုယွီ ရောက်ရှိလာသည်ကိုကြည့်ပြီး လင်ရှောင်းဂိုဏ်းချုပ်က အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်သည်။

လွန်ခဲ့သောဆယ်ရက်ခန့်က လုယွီ၏ခန္ဓာကိုယ်မှ ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထွက်ပေါ်နေလေရာ သူပင်လျှင် တုန်လှုပ်ချောက်ချားနေမိသည်။သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် သူ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့်အရှိန်အဝါများကို ထိန်းချုပ်ထားပုံပေါ်သည်။သူ၏ခန္ဓာကိုယ်ပေါ်၌ အစိမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားရာ ကျောင်းတော်သားပညာရှင်တစ်ယောက်နှင့် တူညီနေသည်။

လုယွီက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ဂါရဝပြုပြီး ပြောဆိုလေ၏။

"ကျွန်တော် ဒီနေရာကိုလာတာက ဂိုဏ်းချုပ်ကို အရေးကြီးကိစ္စတချို့ ရှင်းပြစရာရှိလို့ပါ"

သူ လင်ရှောင်းဂိုဏ်းပင်မခန်းမသို့ ရောက်ခါနီးအချိန်တွင် သူ၏မူအစောင့်အရှောက်ရွှေစည်းတံဆိပ်ထံမှ သတင်းတစ်ခုကို ရရှိခဲ့သည်။

မိုးကောင်းကင်တာအိုသည် ရွှေစည်းတံဆိပ်များမှတဆင့် သတင်းများပေးပို့ခဲ့ပုံရသည်။ထိုသတင်းတွင် ကောင်းကင်ဘုံလမ်းကြောင်းပွင့်မည့်နေရာနှင့် အသစ်ပြောင်းလဲလိုက်သော စည်းမျဥ်းများအကြောင်းပါဝင်သည်။

အကယ်၍ လုယွီသည်သာ အမတ်ကြီးချွယ်၏အမွေအနှစ်ကိုဆက်ခံမထားပါက ဤကိစ္စသည် သာမာန်အပြောင်းအလဲတစ်ခုဟုသာ သူ တွေးထင်မိပေမည်။

သို့ရာတွင် အမတ်ကြီးချွယ် ပြောဆိုခဲ့သောစကားများနှင့် ဆက်စပ်စဥ်းစားကြည့်ပါက ဤတစ်ကြိမ်အပြောင်းအလဲသည် ရှေးဟောင်းကောင်းကင်ဘုံတရားရုံးအမွေအနှစ်နယ်မြေ ထွက်ပေါ်လာခြင်းကြောင့်ဖြစ်ကြောင်း သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ ရှင်းရှင်းလင်းလင်း သိနားလည်ထားသည်။

ကောင်းကင်ဘုံလမ်းကြောင်းသည် ရှေးဟောင်းကောင်းကင်ဘုံတရားရုံးအမွေအနှစ်နယ်မြေ ထွက်ပေါ်လာခြင်းကြောင့် အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။

ရှေးဟောင်းကောင်းကင်ဘုံတရားရုံး၏အမွေအနှစ်ကိုရရှိသော မည်သူမဆို ကြယ်နယ်မြေတစ်ခုလုံး၏အရှင်သခင်ဖြစ်သွားလေပြီ။တစ်စုံတစ်ယောက်၏ ကောင်းကင်ဘုံနယ်မြေသို့ တက်လှမ်းနိုင်မှုရှိမရှိသည် ကြယ်နယ်မြေ၏ထိန်းချုပ်သူအရှင်သခင်နှင့်သာ သက်ဆိုင်ပေတော့မည်။ထို့ကြောင့် ကောင်းကင်ဘုံလမ်းကြောင်းရှိခြင်း မရှိခြင်းမှာ ပြဿနာတစ်ရပ်မဟုတ်တော့ချေ။

"ဟား ဟား ဟား...ငါက ဘယ်သူများလဲလို့...ပြန်တွေးကြည့်တော့မှ လျှို့ဝှက်နဂါးစာရင်းရဲ့ထိပ်ဆုံးက နာမည်ကျော်ကြားသူကြီး ဖြစ်နေတာပဲ"

လုဝူယာက လုယွီကို ပြက်ရယ်ပြုပြောဆိုလိုက်သည်။

ယခုလက်ရှိအချိန်၌ သူသည် လုယွီအား ပြက်ရယ်ပြုရန် အရည်အချင်းပြည့်မီနေလေပြီ။သူသည် အလယ်ပိုင်းကုန်းမြေ၏စုံစမ်းစစ်ဆေးရေးမှူးတစ်ယောက်ဖြစ်သဖြင့် သူ၏အဆင့်အတန်းသည် လင်ရှောင်းဂိုဏ်းချုပ်ထက်ပင် များစွာပို၍မြင့်မားသည်။

လုဝူယာ၏လက်ရှိအဆင့်အတန်းနှင့် နှိုင်းယှဥ်ပါက လုယွီသည် အတိတ်မှရိုးရှင်းသော ပါရမီရှင်တစ်ယောက်သာဖြစ်သည်။

လုယွီက လုဝူယာတို့လူစုကိုတစ်ချက်ကြည့်ပြီး မေးမြန်းလိုက်၏။

"မင်းတို့က ဒီနေရာကို ဘာလာလုပ်ကြတာလဲ"

လုဝူယာသည် စုံစမ်းစစ်ဆေးရေးမှူးတံဆိပ်ပြားကိုကိုင်မြှောက်၍ အလွန်မောက်မာသောလေသံဖြင့် ပြောဆိုသည်။

"မင်းက အချိန်ကောင်းမှာ ရောက်လာတာပဲ...မင်းလိုမျိုး အမှိုက်ကောင်ကို ကြည့်ခွင့်ပြုရသေးတာပေါ့...ဒါကဘာလဲဆိုတာ မင်းသိလား"

လုယွီက တံဆိပ်ပြားကိုစောင်းငဲ့ကြည့်ပြီး ဆက်လက်၍ မေးမြန်းလိုက်၏။

"မင်းတို့ ဒီနေရာကို ဘာလာလုပ်တာလဲဆိုတာကို ငါ မေးနေတာ"

လုယွီသည် လုမိသားစုခွဲများနှင့်ပတ်သက်၍ ဆိုးရွားသောအမြင်ရှိသည်။ယခုလက်ရှိချိန်၌ သူသည် လုမိသားစု၏သခင်လေးဖြစ်၍ လုမိသားစုအားသစ္စာဖောက်သည့် မည်သူ့ကိုမဆို အပြစ်ပေးနိုင်သော အခွင့်အာဏာရှိသည်။

"မျှော်လင့်ထားသလိုပဲ...သေမျိုးပုရွက်ဆိတ်တစ်ကောင်က ရေတွင်းထဲမှာနေပြီး မိုးကောင်းကင်ကိုမော့ကြည့်နေရုံပဲတက်နိုင်တယ်"

လုဝူယာ၏မျက်လုံးအတွင်း၌ လှောင်ပြောင်သရော်လိုသောအရိပ်အယောင်များ ထင်ဟပ်နေပေ၏။

"ထားလိုက်တော့...ငါ မင်းကို ဘယ်လိုပြောရမလဲ...ငါနဲ့မင်းနဲ့က လုံးဝမတူကွဲပြားတဲ့ကမ္ဘာလောကနှစ်ခုကလို့ပဲ ငါ သတ်မှတ်လိုက်တော့မယ်"

လုဝူယာက သူ၏ခေါင်းကိုခါယမ်းပြီး ပြောဆိုသည်။

ထိုစကားကိုကြားသည်နှင့် လုယွီက မျက်မှောင်ကြုတ်လိုက်သည်။တစ်ဖက်လူ၏အပြုအမူကိုကြည့်ရသည်မှာ သူ့အား လျစ်လျူရှုထားပုံရသည်။ထို့ပြင် လုဝူယာအားကြည့်ရသည်မှာ ဤနေရာသို့ ပြဿနာလာရှာသည့်ပုံ ပေါ်လွင်နေပေ၏။

"ဂိုဏ်းချုပ်...ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ"

လုယွီက မေးမြန်းလိုက်သည်။

လုယွီ မေးမြန်းသည်ကိုကြားသည်နှင့် လင်ရှောင်းဂိုဏ်းချုပ်သည် မည်သည့်အရာကိုမျှ ထိန်ချန်မထားတော့ချေ။သူသည် ဤနေရာ၌ဖြစ်ပျက်ခဲ့သည့် အရာရာတိုင်းအား လုယွီကို ပြောပြလိုက်၏။

ယခုလက်ရှိချိန်၌ လင်ရှောင်းဂိုဏ်း၏တစ်ခုတည်းသော မှီခိုအားထားစရာသည် လုယွီ၏ခွန်အားပေါ်တွင်သာရှိသည်။

လင်ရှောင်းဂိုဏ်းချုပ်၏စကားကိုကြားပြီးနောက် လုယွီ၏မျက်နှာပေါ်၌ ပျော်ရွှင်ခြင်းလည်းမရှိ ဒေါသထွက်ခြင်းလည်းမရှိဘဲ အမူအယာကင်းမဲ့နေသည်။

လုကျစ်ယန်နှင့်လုဝူယာသာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အံ့အားသင့်တုန်လှုပ်နေကြ၏။

ဤအနေအထားကိုကြည့်လျှင် မည်သည်ကြောင့် လင်ရှောင်းဂိုဏ်းချုပ်သည် လုယွီအား သတင်းပို့နေသည်နှင့် တူညီနေရသနည်း။

Thank For Reading.

All Chapters