← Chapters

အခန်း (၁၄၆၁-၁၄၆၅)

Vol. 76 Ch. 1461-1465

အခန်း (၁၄၆၁-၁၄၆၅)

Vol. 76 Ch. 1461-1465

Chapter 1461

ဤတစ်ကြိမ်တွင် အောင်းချမ် အမြင်မမှားသည်မှာ သေချာသွားပေ၏။ထိုလူသည် အသက်နှစ်ဆယ်ဝန်းကျင်သာရှိပြီး ရုပ်ရည်ချောမောခန့်ညားသော လူငယ်တစ်ယောက်ဖြစ်နေသည်။

လေပြင်းမုန်တိုင်းကြောင့် ကောင်းကင်နှင့်မြေပြင်ပင် အရောင်ပြောင်းလဲလုနီးပါး ဖြစ်သော်လည်း ထိုလူသားမျိုးနွယ်ကိုကြည့်ရသည်မှာ အလွန်အမင်းစိတ်အေးလက်အေးရှိနေပုံရပြီး မုန်တိုင်းအကြား၌ အေးအေးလူလူလမ်းလျှောက်နေသည်။

ရုတ်ချည်းဆိုသလိုပင် သူက အထီးကျန်နတ်ဘုရားလှေထံသို့ ဦးတည်၍လျှောက်လှမ်းလာပေ၏။

"သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"

အောင်းချမ်က အလွန်အမင်း စိတ်လှုပ်ရှားနေသည်။

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် ထိုလူငယ်သည် အထီးကျန်နတ်ဘုရားလှေ၏အစွန်းတစ်ဖက်ကို လက်တစ်ဖက်ဖြင့် တွန်းနေသည်ကို သူမက တွေ့မြင်မိပေ၏။

"အဲ့ဒီကောင်လေး ရူးများနေတာလား"

"အပြင်ကမုန်တိုင်းက ဒီလောက်ပြင်းထန်နေချိန်မှာ သူက ဘာလုပ်မလို့လဲ"

ဤအချိန်အခိုက်အတန့်တွင် အထီးကျန်နတ်ဘုရားလှေပေါ်ရှိ အစေခံများအားလုံး လုယွီ၏ပုံရိပ်အား တွေ့မြင်မိကြ၏။

မုန်တိုင်းအကြား၌ လုယွီ၏ပုံရိပ်မှာ အလွန်အမင်း သေးငယ်နေသည်။

"သူ...သူက ငါတို့ရဲ့အထီးကျန်နတ်ဘုရားလှေကို တွန်းထုတ်ဖို့ ကြံစည်နေတာလား"

အောင်းချမ်သည် လုယွီ၏လှုပ်ရှားမှုများကို မြင်ချိန်တွင် သူမက နှလုံးခုန်မြန်သွားသည်။

အထီးကျန်နတ်ဘုရားလှေသည် တစ်ချိန်လုံးတူညီသောလမ်းကြောင်းအတိုင်းသာ ရွေ့လျားသည်။နဂါးမျိုးနွယ်ဝင်များပင်လျှင် ထိုလှေ၏လမ်းကြောင်းအား မပြောင်းလဲနိုင်ချေ။

လူသားမျိုးနွယ်ဖြစ်နေသဖြင့် သူ၏ခွန်အားသည် အထီးကျန်နတ်ဘုရားလှေအား တုန်ခါစေရန်ပင်ပြုလုပ်နိုင်မည်မဟုတ်ချေ။

"အဲ့ဒီလူသားမျိုးနွယ်က ရထားတစ်စီးကို လက်နဲ့ကာဖို့ ကြိုးစားနေတာပဲ....အိုက်ယား...ငါတို့ရဲ့နောက်ဆုံးအချိန်အခိုက်အတန့်မှာ လာပြီးကူညီတဲ့သူက ငါတို့မြင်တောင်မမြင်ဖူးတဲ့ လူသားတစ်ယောက်ဖြစ်နေမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

အောင်းချမ်သည် မျိုးနွယ်တူများ၏အေးစက်စက် ဆက်ဆံခဲ့မှုများကို ပြန်လည်တွေးတောမိချိန်တွင် သူမ၏စိတ်နှလုံးသားအတွင်း၌ အထီးကျန်ဆန်မှုကို ခံစားမိသည်။

သူမ စောင့်ကြည့်နေစဥ်မှာပင် အထီးကျန်နတ်ဘုရားလှေသည် လေပြင်းမုန်တိုင်း၏ဗဟိုချက်နှင့် တစတစပို၍နီးကပ်လာပေ၏။

"ငါ သေရတော့မှာလား"

အောင်းချမ်သည် နာကျင်မှုအပြည့်ဖြင့် သူမ၏မျက်လုံးကို စုံမှိတ်လိုက်သည်။

မြောက်ပိုင်းပင်လယ်နဂါးမျိုးနွယ်ဝင်များအားလုံး စိတ်ဓာတ်ကျဆင်းနေချိန်တွင် ရုတ်တရက် အထီးကျန်နတ်ဘုရားလှေ၏ကိုယ်ထည်မှ ဆူညံသံများ မြည်ဟီးလာသည်။

ကျွီ...ကျွီ...ကျွီ..

ရှေးဟောင်းအထီးကျန်နတ်ဘုရားလှေမှ ကျယ်လောင်သောဆူညံသံများ အဆက်မပြတ် ထွက်ပေါ်လာပေ၏။

"ဘာတွေဖြစ်နေတာလဲ"

"အထီးကျန်နတ်ဘုရားလှေ ရပ်တန့်သွားပြီ"

ကုန်းပတ်ပေါ်မှနေ၍ အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာပြီး နဂါးမျိုးနွယ်ဝင်များအားလုံး တုန်လှုပ်ချောက်ချားစွာဖြင့် ပြင်ပသို့ကြည့်လိုက်ကြသည်။

လုယွီသည် လက်တစ်ဖက်ဖြင့် အထီးကျန်နတ်ဘုရားလှေကိုကိုင်ဆောင်ကာ လှေဦးတည်သွားနေသောမူလလမ်းကြောင်း၏အဝေးသို့ ထုတ်ဆွဲသွားသည်ကို သူတို့အားလုံး တွေ့မြင်လိုက်ရ၏။

ရှေးဟောင်းအထီးကျန်နတ်ဘုရားလှေသည် ရှေးခတ်အချိန်ကတည်းက တစ်ကြိမ်တစ်ခါမျှ လမ်းကြောင်းပြောင်းလဲဖူးခြင်းမရှိသော်လည်း ယခုလက်ရှိအချိန်၌ လူသားတစ်ယောက်၏ဆွဲယူသွားခြင်း ခံနေရသည်။

သူ မည်သူဖြစ်သနည်း။

ရုတ်တရက် ပြင်းထန်သောလေပြင်းများ ဝေ့ဝိုက်၍တိုက်ခတ်လာပေ၏။

ဤတစ်ကြိမ်တွင် အထီးကျန်နတ်ဘုရားလှေသည် ယခင်ထက်ပို၍ ပြင်းပြင်းထန်ထန်တုန်ခါသွားပြီး လှေ၏အစိတ်အပိုင်းအများအပြား ကျိုးပဲ့သွားသည်။

"မကောင်းတော့ဘူး...မုန်တိုင်းက ပိုပြင်းထန်လာပြီ"

အစေခံတစ်ယောက်က ထိတ်လန့်တကြားဖြင့် စူးရှကျယ်လောင်စွာ အော်ဟစ်လေ၏။

အထီးကျန်နတ်ဘုရားလှေသည် မူလလမ်းကြောင်းမှ သွေဖယ်သွားသော်လည်း လေပြင်းမုန်တိုင်း၏အရှိန်မှာ အလွန်အမင်းလျှင်မြန်နေသည်။

"သူ လက်လျှော့လိုက်ပြီလား"

အစေခံတစ်ယောက်က စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်၏။

ပြင်းထန်သောမုန်တိုင်းကြီး၏အောက်တွင် အထီးကျန်နတ်ဘုရားလှေ၏ကိုယ်ထည် ကွဲအက်စပြုလာသည်။

လုယွီက အေးစက်စက်နှာတစ်ချက်မှုတ်ပြီး အထီးကျန်နတ်ဘုရားလှေ၏အနောက်ဘက်သို့ ဦးတည်၍ပျံဝဲလိုက်သည်။

"သူက ထွက်ပြေးသွားပြီလား"

အောင်းချမ်၏စိတ်နှလုံးသားအတွင်း၌ တစ်စုံတစ်ခုဆုံးရှုံးသွားသကဲ့သို့ ခံစားနေရ၏။

လူသားမျိုးနွယ်တစ်ယောက်သည် သူတို့အား ကယ်တင်ရန် ရောက်လာခဲ့သော်လည်း ပြန်လည်ထွက်ခွါသွားခဲ့သည်။

"မေ့လိုက်တော့...ငါ ပင်လယ်နတ်ဘုရားပုလဲကို အသက်သွင်းတာ ပိုကောင်းလိမ့်မယ်...အနည်းဆုံးတော့ ဒီအစေခံတွေရဲ့အသက်ကို ကာကွယ်ပေးနိုင်တယ်"

အောင်းချမ်သည် သူမ၏လက်အတွင်းရှိ ပင်လယ်နတ်ဘုရားပုလဲကို အသက်သွင်းရန် ကြံရွယ်လိုက်၏။

သို့သော် ထိုအချိန်မှာပင်...

လုယွီသည် အထီးကျန်နတ်ဘုရားလှေ၏နောက်ဘက်သို့ရောက်နေပြီး သူ၏ခွန်အားများကိုစုစည်းကာ လှေကိုယ်ထည်အား တွန်းထုတ်လိုက်သည်။

ကျယ်လောင်သောမြည်ဟီးသံတစ်သံကို ကြားလိုက်ရပြီးနောက် သင်္ဘောကိုယ်ထည်တုန်ခါသွားပြီး လေးညှို့မှလွှက်လိုက်သောမြှားတစ်စင်းကဲ့သို့ မုန်တိုင်းဗဟိုချက်၏နံဘေးမှ ဖြတ်ကျော်သွားသည်။

အထီးကျန်နတ်ဘုရားလှေပေါ်မှ နဂါးမျိုးနွယ်များသည် ထိတ်လန့်တုန်လှုပ်နေကြပြီး သူတို့၏ခန္ဓာကိုယ်ဟန်ချက်ကို တည်ငြိမ်အောင် ထိန်းနေကြသည်။

လုယွီထံမှ တွန်းအား၏အကူအညီဖြင့် အထီးကျန်နတ်ဘုရားလှေသည် မိုင်ထောင်ပေါင်းများစွာကွာဝေးသောအရပ်သို့ ရွေ့လျားသွားပြီး လေပြင်းမုန်တိုင်းအောက်မှ လွတ်မြောက်သွားပေ၏။

Chapter 1462

မုန်တိုင်းကြားမှလွတ်မြောက်လာသည်ကိုမြင်ချိန်တွင် အထီးကျန်နတ်ဘုရားလှေပေါ်မှ နဂါးမျိုးနွယ်များအားလုံး စိတ်သက်သာရာရသွားကြ၏။

သူတို့ ယခုရောက်ရှိနေသောနေရာ၌ မိုးကောင်ကင်ယံကြီး မည်းမှောင်နေဆဲဖြစ်သော်လည်း ယခင်ကဲ့သို့ လေပြင်းများ တိုက်ခတ်နေခြင်းမရှိတော့ချေ။

"ငါတို့ လွတ်မြောက်သွားပြီလား"

နဂါးမျိုးနွယ်များသည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသော်လည်း မည်သို့ဖြစ်ပျက်သွားသည်ကို သူတို့အားလုံး မသိရှိပေ။

အောင်းချမ် တစ်ယောက်တည်းသာလျှင် ရွှန်းစိုနေသောမျက်လုံးဖြင့် ယခင်က လုယွီထွက်ပေါ်လာခဲ့သောနေရာသို့ စူးစိုက်ကြည့်နေသည်။၊

လုယွီ၏တွန်းအားကြောင့် အထီးကျန်နတ်ဘုရားလှေ၏လမ်းကြောင်း ပြောင်းလဲသွားပြီး မုန်တိုင်းကြားမှ လွတ်မြောက်ခဲ့သည်ကို သူမ သတိပြုမိ၏။

မည်မျှထိကြီးမားသော ခွန်အားဖြစ်သနည်း။ထိုအကြောင်းကိုတွေးတောမိချိန်တွင် အောင်းချမ်က ကြက်သေသေနေမိသည်။

ရှပ်...ရှပ်...ရှပ်...

ထိုအချိန်မှာပင် ကုန်းပတ်၏တခြားတစ်ဖက်မှနေ၍ ခြေလှမ်းသံများ ထွက်ပေါ်လာသည်။

နဂါးမျိုးနွယ်ဝင်များသည် တပြိုင်နက်တည်းလှည့်ကြည့်လိုက်ကြရာ မုန်တိုင်းများအကြား၌ထွက်ပေါ်လာသော မိုးပြာရောင်ဝတ်စုံနှင့်လူငယ်က သူတို့ထံ လျှောက်လှမ်းလာသည်ကို တွေ့မြင်ရပေ၏။

"ရှင့်ရဲ့ကူညီမှုအတွက် အောင်းချမ်က ကျေးဇူးအရမ်းတင်ပါတယ်"

အောင်းချမ်က အနည်းငယ်ဦးညွှတ်၍ သူမ၏လေးစားမှုအား ပြသလိုက်သည်။

တခြားနဂါးမျိုးနွယ်များကလည်း လုယွီအား ဦးညွှတ်၍ ဂါရဝပြုနှုတ်ဆက်လိုက်ကြသည်။

လုယွီက ပြောဆိုသည်။

"ငါ့ကိုကျေးဇူးတင်စရာမလိုပါဘူး...ငါက ဒီအထီးကျန်နတ်ဘုရားလှေနဲ့ အပြင်ကိုထွက်ချင်လို့ပါ"

ဤနေရာပတ်ဝန်းကျင်၌ ဖုန်းရွှေဝင်္ကပါတစ်ခုရှိနေသည်။အကယ်၍ လုယွီသည် ပြင်ပသို့ထွက်နိုင်သည့်နေရာအား ရှာဖွေနိုင်လျှင်ပင် သက်ရောက်မှုတချို့ခံယူရပေမည်။

လုယွီက ကုန်းပတ်ပေါ်၌ ပလ္လင်ခွေထိုင်နေသည်ကိုကြည့်ပြီး နဂါးမျိုးနွယ်များသည် သူ၏နောက်ခံဇစ်မြစ်ကို မသိရသဖြင့် သတိထားနေကြ၏။

"မင်းသမီး...အဲ့ဒီလူရဲ့ကျင့်ကြံဆင့်က အရမ်းနက်နဲသိမ်မွေ့တယ်...ဒါပေမယ့် သူ့အကြောင်းကို ကျွန်တော်တို့ တစ်ခါမှမကြားဖူးဘူး...ကျွန်တော်တို့ ဂရုစိုက်နေတာ ပိုကောင်းလိမ့်မယ်"

အစေခံတစ်ယောက်က အောင်းချမ်အား တီးတိုးပြောဆိုသည်။

လုယွီသည် အထီးကျန်နတ်ဘုရားလှေကို လှုပ်ခါစေခဲ့သည့် မြင်ကွင်းကို သူတို့က ကွက်ကွက်ကွင်းကွင်းမှတ်မိနေဆဲဖြစ်သည်။နဂါးမျိုးနွယ်များသည် သူတို့၏စိတ်နှလုံးသားများအတွင်းမှနေ၍ လုယွီအား နက်နက်ရှိုင်းရှိုင်း ကြောက်ရွံနေကြ၏။

အောင်းချမ်က ခေါင်းခါယမ်းပြပြီး ခက်ခဲသောဆုံးဖြတ်ချက်တစ်ခုချတော့မည်ကဲ့သို့ သူမ၏အနီရောင်နှုတ်ခမ်းလေးကို တင်းတင်းကိုက်ထားသည်။

အချိန်တခဏကြာပြီးနောက် အောင်းချမ်က သက်ပြင်းချပြီး လုယွီထံသို့ တန်းတန်းမတ်မတ်သွားကာ ပြောဆိုလိုက်၏။

"ကျွန်မနာမည်က အောင်းချမ်...မြောက်ပိုင်းပင်လယ်နဂါးနန်းတော်ရဲ့ ပထမမင်းသမီးပါ...ကျွန်မမှာ ရှင်ကူညီပေးဖို့လိုအပ်တဲ့ ပြဿနာတချို့ရှိနေတယ်...ကျွန်မတို့နဂါးနန်းတော်က ရှင့်ကိုကျေးဇူးဆပ်မှာပါ...ကျေးဇူးပြုပြီး ကျွန်မတို့ကို ကူညီပေးလို့ရမလား"

"မင်းသမီး"

အစေခံများက အလွန်အမင်း စိုးရိမ်ပူပန်နေကြသည်။

နတ်ဘုရားများ...မည်သည်ကြောင့် ပထမမင်းသမီး ဤမျှထိ အဆင်အခြင်ကင်းမဲ့ရသနည်း...သူစိမ်းတစ်ယောက်၏ရှေ့တွင် သူမ၏သရုပ်မှန်ကိုပင် ဖော်ထုတ်ပြောဆိုခဲ့သည်။

ထိုကောင်လေး မည်သူမည်ဝါဖြစ်မှန်း သူတို့အားလုံး မသိကြချေ။သို့ရာတွင် သူသည် အလွန်အမင်းအစွမ်းထက်သူဖြစ်ပေ၏။

တစ်ဖက်လူ၌ ဆိုးရွားသောအတွေးမျိုးရှိနေပါက သူတို့ မည်သို့ပြုလုပ်ရမည်နည်း။

လုယွီက ခေါင်းမော့ပြီး အံ့အားသင့်စွာဖြင့် အောင်းချမ်အား ကြည့်လိုက်သည်။

ဤသည်က ကံကြမ္မာရေစက် ဖြစ်နေသလော။

လုယွီက ပြောဆိုသည်။

"မင်းရဲ့အဖေက အောင်းရှန်လား"

"ဟုတ်ပါတယ်...သူက ကျွန်မရဲ့အဖေပါ"

အောင်းချမ်၏စိတ်နှလုံးသားအတွင်း၌ ပျော်ရွှင်ဝမ်းမြောက်မှုများ လွှမ်းခြုံသွားသည်။မိုးပြာရောင်ဝတ်စုံဝတ်လူငယ်သည် သူမ၏ဖခင်နှင့် မိတ်ဆွေဟောင်းများ ဖြစ်ခဲ့ပုံရသည်။

လုယွီက ပြောဆိုလေ၏။

"ဒါက အဆင်ပြေပါတယ်...မြောက်ပိုင်းပင်လယ်နဂါးနန်းတော်ကို ပိတ်ထားတာ အချိန်အတော်ကြာပြီလို့ ငါကြားထားတယ်...ဒီနေ့တော့ ငါ ကြည့်ခွင့်ရတာပေါ့"

အောင်းချမ်သည် အပျော်လွန်သွားပြီး သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ဘဲ လုယွီ၏နံဘေးသို့တိုးသွားကာ ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

"ရှင်ရဲ့နာမည်ကို ကျွန်မသိခွင့်ရှိမလား"

အောင်းချမ်သည် အရပ်ရှည်ပြီး သေးသွယ်သူဖြစ်သည်။သူမ ထိုင်ချလိုက်စဥ်မှာပင် သူမသည် လုယွီထက် အနည်းငယ်သာ နိမ့်သည်။

သင်းပျံ့သောမွှေးရနံ့ ထွက်ပေါ်လာပြီး အောင်းချမ်သည် သူ့အား ရည်ရွယ်ချက်ရှိရှိ ချဥ်းကပ်နေသည်ဟု လုယွီ အခိုင်အမာပြောနိုင်သည်။

နဂါးမင်းသမီးသည် သာမာန်အချိန်များတွင် အပြုအမူအား ကောင်းမွန်စွာစောင့်ထိန်းသူဖြစ်ပြီး ယောကျ်ားတစ်ယောက်အား စိတ်ကျေနပ်စေရန် မည်သည့်အချိန်ကမျှ မကြိုးစားခဲ့ဖူးချေ။ထို့ကြောင့် သူမ လုယွီအနီးသို့ချဥ်းကပ်လာစဥ်တွင် အနည်းငယ်တွန့်ဆုတ်နေပုံရသည်။

လုယွီက ခေါင်းခါယမ်းပြီး သူ၏မျက်လုံးများကိုစုံမှိတ်ကာ ဆက်လက်၍ကျင့်ကြံနေတော့သည်။ထိုနဂါးမျိုးနွယ်များသည် အသက်အန္တရာယ်ရှိနိုင်သော ဘေးအန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသဖြင့် ယခုလက်ရှိချိန်၌ သူတို့၏စိတ်အတွင်းတွင် ထိတ်လန့်ကြောက်ရွံစိတ်များ ပျက်ပြယ်ခြင်းမရှိသေးချေ။သူ စကားများများ ပြောဆိုလိုက်ပါက သူမျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက်ရလဒ်ထွက်ပေါ်လာနိုင်သည်။

အထီးကျန်နတ်ဘုရားလှေသည် မြောက်ပိုင်းပင်လယ်၏အနက်ရှိုင်းဆုံးနေရာဆီသို့ ဦးတည်ရွေ့လျားနေပြီး မကြာမီမှာပင် သာယာဝပြောသောကျွန်းတစ်ကျွန်းအား တွေ့မြင်လိုက်ရ၏။

Chapter 1463

ဤကျွန်းသည်ဧရိယာကျယ်ဝန်းကာ ကျွန်းပေါ်၌ ခမ်းနားထည်ဝါပြီး တောက်ပလင်းလက်နေသော နန်းတော်တစ်ခုရှိသည်။

အထီးကျန်နတ်ဘုရားလှေသည် ဤနေရာအရောက်တွင် ရပ်တန့်သွားပေ၏။အောင်းချမ်သည် လုယွီ၏လက်ကို အလျှင်အမြန်ဆွဲကိုင်ပြီး ပြောဆိုသည်။

"မြန်မြန်သွားကြရအောင်...အထီးကျန်နတ်ဘုရားလှေက အချိန်တစ်နာရီအတွင်းမှာ ပျောက်ကွယ်သွားမှာ...တကယ်လို့ ရှင် ခုချိန်မှာထွက်မသွားဘူးဆိုရင် ဒီလှေနဲ့အတူ ပျောက်ကွယ်သွားလိမ့်မယ်"

အမ်...

လုယွီ၏မျက်ခုံး ပင့်တက်သွားသည်။အထီးကျန်နတ်ဘုရားလှေ၌ ဤကဲ့သို့စည်းမျည်းမျိုးရှိနေမည်ဟု သူ မျှော်လင့်မထားမိချေ။

လုယွီသည် အထီးကျန်နတ်ဘုရားလှေနှင့်ပတ်သက်၍ တွေးတောနေသော်လည်း အောင်းချမ်သည် လုယွီ၏လက်ကို မရည်ရွယ်ဘဲ ဆက်လက်ကိုင်ထားမိသည်ကို သူမကိုယ်သူမ သတိပြုမိသွားသည်။

လုယွီ၏လက်ဖဝါးမှနေ၍ ပူနွေးသောအရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။အောင်းချမ်သည် သူမ၏လက်အား လျှပ်စီးကြောင်းစီးဆင်းသွားသကဲ့သို့ ခံစားလိုက်ရပြီး သူမလက်အား အလျှင်အမြန်ပြန်ရုတ်သိမ်းလိုက်၏။

"ကျွန်မတို့ရဲ့ရှေ့မှာရှိနေတာက နဂါးနန်းတော်ပဲ"

အောင်းချမ်က ခမ်းနားထည်ဝါသောနန်းတော်ကြီးကို လက်ညှိုးညွှန်ပြလေသည်။

သူတို့၏ရှေ့၌ ရွှေရောင်နှင့်ကျောက်စိမ်းရောင် ရောယှက်တောက်ပနေသော နန်းတော်ကြီးတစ်ခုက ကျွန်း၏အလယ်ဗဟို၌ မားမားမတ်မတ်တည်ရှိနေသည်။

ထိုနန်းတော်သည် ကျွန်းတစ်ကျွန်းလုံး၏ဗဟိုချက်နေရာ ဖြစ်ပုံရသည်။

သို့ရာတွင် ဤနေရာ၌ ကပ်ဆိုးကြီးတစ်ခုနှင့် ကြုံတွေ့ခဲ့ရပုံ ပေါ်လွင်နေသည်။မူလက အလွန်လက်ရာမြောက်သောနဂါးပုံသဏ္ဌာန်ရုပ်ထုသည် ပျက်စီးနေပြီး ရုပ်ထု၏ခေါင်းပိုင်း ပြတ်တောက်နေပေ၏။

"ဒါက အရှေ့ပင်လယ်နဲ့တောင်ပင်လယ်က ခွေးမသားတွေ လုပ်တာပဲဖြစ်မယ်...သနားစရာကောင်းတဲ့နဂါးဘုရင်အိုကြီးရဲ့ရုပ်ထုကိုတောင် ဒီခွေးတိရစ္ဆာန်တွေက ဖျက်ဆီးလိုက်တယ်"

အစေခံတစ်ယောက်က ဒေါသတကြီး ပြောဆိုလိုက်သည်။

ယခင်က ထိုရုပ်ထုသည် မြောက်ပင်လယ်နဂါးနန်းတော်၏အထိမ်းအမှတ်သင်္ကေတဖြစ်သည်။အနီရောင်နဂါးအစေခံအိုကြီးသည် ကျိုးပဲ့နေသောရုပ်ထုထံသို့ လျှောက်လှမ်းသွားပြီး ကျောက်တုံးတစ်စကို သူ၏တုန်ရီနေသောလက်များနှင့်ဆုပ်ကိုင်ကာ ဒေါသတကြီး အော်ဟစ်လိုက်၏။

"ငါက အဲ့ဒီခွေးမသားအုပ်စုရဲ့အငွေ့အသက်ကို ခံစားမိတယ်....သူတို့ ဒီနေရာက ထွက်သွားတာ မကြာသေးဘူး"

အောင်းချမ်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေပြီး သူမ၏လှပရွှန်းလဲ့သောမျက်လုံးသည် နီမြန်းသွားပေ၏။

လုယွီက မေးမြန်းလိုက်သည်။

"ဒီနေရာမှာ ဘာအစောင့်အကြပ်မှ မထားဘူးလား"

အောင်းချမ်က ခါးသည်းသောလေသံဖြင့် ပြောဆိုသည်။

"အစောင့်တွေရှိရင်ရော ဘာဖြစ်လာမှာမလို့လဲ...ဒီအချိန်မှာ အရှေပင်လယ်နဲ့တောင်ပင်လယ် နဂါးမျိုးနွယ်စုနှစ်ခုက အင်အားပြည့်ရောက်လာကြတာ...သူတို့အားလုံးက နဂါးမျိုးနွယ်ရဲ့တော်ဝင်မိသားစုတွေ...သာမာန်အစောင့်တွေက သူတို့ကို ဘယ်လိုလုပ်ပြီး ရင်ဆိုင်နိုင်မှာလဲ"

ထိုအကြောင်းများကိုတွေးတောရင်းနှင့် နဂါးမင်းသမီး၏စိတ်နှလုံးသားတစ်ခုလုံး အေးစက်သွားသည်။

မြောက်ပိုင်းပင်လယ်နဂါးမျိုးနွယ်စုသည် မည်သည်ကြောင့် ဤမျှအခြေအနေထိ နိမ့်ပါးသွားရသနည်း။

အောင်းချမ်သည် လုယွီကို ကြည့်နေရင်းမှ အတွေးတစ်ခုက သူမ၏စိတ်အတွင်းသို့ တိုးဝင်လာသည်။ထိုအတွေးထွက်ပေါ်လာသည်နှင့် အောင်းချမ်သည် သူမ၏စိတ်ခံစားချက်များကို ထပ်မံ၍မထိန်းသိမ်းထားနိုင်တော့ချေ။

"ကျေးဇူးပြုပြီးတော့ ရှင် မြောက်ပင်လယ်နဂါးမျိုးနွယ်ကို ထပ်ပြီးကယ်တင်ပေးနိုင်မလား"

အောင်းချမ်က သတ္တိမွေး၍ ပြောဆိုလေသည်။

အစေခံများသည် နဂါးမင်းသမီးအားကြည့်ပြီး အံ့အားသင့်တုန်လှုပ်နေကြ၏။

ဤှသည်က ရူးသွပ်ခြင်း မဟုတ်လော။သူတို့သည် အရှေ့ပင်လယ်နှင့်တောင်ပင်လယ်၏ တော်ဝင်နဂါးမျိုးနွယ်များကို မည်သည့်နည်းဖြင့် ရင်ဆိုင်ရမည်နည်း။

အကယ်၍ အတွေ့အကြုံကြွယ်ဝသော အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ကို နဂါးမင်းသမီးမှ အကူအညီတောင်းခံပါက သူတို့အားလုံး နားလည်ပေးနိုင်သည်။သို့ရာတွင် သူတို့ရှေ့ရှိလူငယ်၏အသက်မှာ အလွန်ငယ်ရွယ်နေပေရာ သူ၏နည်းစနစ်များသည် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသည်မှာ အမှန်ဖြစ်သော်လည်း သူ၏အစစ်အမှန်ခွန်အားကို မည်သူမျှမသိနိုင်ချေ။

လုယွီက အောင်းချမ်ကို အချိန်တခဏကြာစူးစိုက်ကြည့်ပြီးနောက် မေးမြန်းလိုက်၏။

"မင်းတို့ မြောက်ပင်လယ်နဂါးမျိုးနွယ်က နယ်မြေတစ်ခုကိုအုပ်ချုပ်တဲ့ မျိုးနွယ်ကြီးတစ်ခု မဟုတ်ဘူးလား...ဘာလို့ ငါ့ရဲ့အကူအညီကိုလိုအပ်တာလဲ"

အောင်းချမ်က ခေါင်းခါယမ်းပြလေသည်။

"ကျွန်မတို့ မြောင်ပင်လယ်နဂါးမျိုးနွယ်က တော်ဝင်မျိုးနွယ်ဆိုပေမယ့် အစွမ်းထက်ကျင့်ကြံသူတွေ မရှိကြတော့ဘူး"

"လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်တုန်းက ဘယ်နေရာကမှန်းမသိတဲ့ အစွမ်းထက်ကျင့်ကြံသူတစ်စုရောက်လာပြီးတော့ မြောက်ပင်လယ်နဂါးနန်းတော်ကို တိုက်ခိုက်ခဲ့တယ်...အဲ့ဒီတိုက်ပွဲမှာ ကျွန်မတို့မိသားစုရဲ့ အစွမ်းထက်ကျင့်ကြံသူတွေအားလုံး အသတ်ခံရပြီးတော့ ကျွန်မရဲ့အဖေ နဂါးဘုရင်တောင် သေဆုံးခဲ့ရတယ်"

အောင်းချမ်၏ပခုံး တသိမ့်သိမ့်တုန်နေပြီး သူမ၏မျက်လုံးများ နီမြန်းနေသည်။

ထိုအချိန်မှာပင် အချိန်အတော်ကြာ ပိတ်ဆို့ထားသော မြောက်ပင်လယ်နဂါးနန်းတော်၏တံခါး ရုတ်တရက် ပွင့်လာသည်။

"ငါက ဘယ်သူများလဲလို့ စဥ်းစားနေတာ...ဒါပေမယ့် အောင်းချမ်ဖြစ်နေမယ်လို့တော့ ထင်မထားမိဘူး...ဟား ဟား ဟား...အခုချိန် မြောက်ပင်လယ်အတွင်းမှာ လေပြင်းမုန်တိုင်းကြီးတစ်ခုရှိနေတယ်လို့ ငါကြားထားတယ်...မင်းက အလယ်ပိုင်းကုန်းမြေကနေ အပြန်လမ်းမှာ သေမသွားသေးပဲကိုး"

သရော်တော်တော်ပြောဆိုသံတစ်သံက တံခါး၏နောက်မှ ထွက်ပေါ်လာသည်။

Chapter 1464

ထိုအသံကိုကြားသည်နှင့် အောင်းချန်၏ပခုံးသားများ ပြင်းပြင်းထန်ထန်တုန်ခါသွားသည်။သူမသည် တံခါးနောက်မှထွက်လာသူကို စူးစူးဝါးဝါးစိုက်ကြည့်ပြီး အံ့တင်းတင်းကြိတ်ကာ စကားလုံးတချို့ကို ရေရွတ်လိုက်သည်။

"အောင်းရှင်းထျန်း"

တံခါး၏နောက်မှနေ၍ သက်လတ်ပိုင်းအရွယ်လူထွားကြီးတစ်ယောက်ထွက်လာသည်။သူ၏ပုံပန်းသွင်ပြင်သည် ကြမ်းတမ်းပြီး သူထံ၌ အနီရောင်ဆံပင်များရှိသည်။

သူ၏ခန္ဓာကိုယ်ပေါ်တွင် နဂါးကြေးခွံတိုက်ပွဲဝင်သံချပ်ကာကို ဝတ်ဆင်ထားပြီး သူ၏နောက်၌ ခန္ဓာကိုယ်တောင့်တင်းသန်မာသော လူများသည် ရက်စက်ကြမ်းကြုတ်သောမျက်နှာအမူအယာများဖြင့် မတ်တတ်ရပ်နေကြ၏။

အောင်းချမ်၏နောက်ရှိအစေခံတစ်စုသည် အောင်းရှင်းထျန်းအားမြင်တွေ့ချိန်တွင် သူတို့၏မျက်နှာအမူအယာပျက်ယွင်းသွားကြသည်။

အောင်းရှင်းထျန်းသည် အရှေ့ပင်လယ်နဂါးဘုရင်အောင်းကွမ်း၏သားတော် အိမ်ရှေ့စံနဂါးမင်းသားဖြစ်ပေ၏။

အောင်းရှင်းထျန်းသည် တော်ဝင်အဆင့်အတန်းရှိသူ ဖြစ်ရုံသာမက ခွန်အားကြီးမားသူလည်းဖြစ်သည်။ဤကဲ့သို့ငယ်ရွယ်သောအသက်အရွယ်မှာပင် သူသည် မှော်သားရဲဘုရင်တစ်ပါး ဖြစ်နေခဲ့လေပြီ။

နဂါးမျိုးနွယ်၏သွေးမျိုးဆက်သည် မြင့်မြတ်ပြီး သူတို့၏ဘဝသက်တမ်းမှာ ရှည်လျားသည်။သားရဲဘုရင်တစ်ကောင်သည် မြောက်များစွာသောစိတ်ဝိညာဥ်နယ်ပယ်ကျင့်ကြံသူများကို ယှဥ်ပြိုင်တိုက်ခိုက်နိုင်သည်။

ဤနှစ်များအတွင်း အရှေ့ပင်လယ်နဂါးဘုရင်အောင်းကွမ်းသည် အောင်းရှင်းထျန်းအား နဂါးဘုရင်အသစ်အဖြစ် တင်မြှောက်ရန်ရည်ရွယ်၍ လေ့ကျင့်သင်ကြားပေးနေသည်။

"မင်းတို့ ငါ့ကို ဒီတိုင်းစိုက်ကြည့်နေလို့လဲ ဘာမှအသုံးမဝင်ဘူး....မြောက်ပင်လယ်နဂါးနန်းတော်မှာအစွမ်းထက်ကျင့်ကြံသူတွေ ကင်းမဲ့နေပြီးတော့ နာမည်ခံပဲကျန်တော့တာ အချိန်အတော်ကြာနေပြီ...နဂါးမျိုးနွယ်စုတွေရဲ့စည်းဝေးပွဲကို မင်းတို့မြောက်ပင်လယ်နဂါးနန်းတော်မှာ ပြုလုပ်ရတဲ့အကြောင်းအရင်းက ငါတို့ရဲ့အင်အားတချို့ကို မြောက်ပင်လယ်မှာ ဖြန့်ကျက်ချင်လို့ပဲ"

အောင်းရှင်းထျန်းသည် အောင်းချမ်ကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး ဆိုးညစ်သောအပြုံးနှင့် ပြောဆိုသည်။

"ငါကတော့ ကြင်နာတက်တဲ့သူမျိုးပါ...တကယ်လို့ မင်းက ငါ့ရဲ့ကိုယ်လုပ်တော်လုပ်ချင်တယ်ဆိုရင် ငါကမင်းကို မြင့်မြတ်ဂုဏ်သိက္ခာရှိတဲ့ဘဝနဲ့ နေခွင့်ရအောင်လုပ်ပေးမယ်...မင်းသိလား....မိန်းကလေးတွေအများကြီးက ငါ့ရဲ့ကိုယ်လုပ်တော်ဖြစ်ချင်နေကြပေမယ့် သူတို့မှာအခွင့်အရေးမရှိကြဘူး"

"နင်.....အရှက်မဲ့လိုက်တာ"

အောင်းချမ်က အော်ဟစ်ကြုံးဝါးပြီး သူမက အောင်းရှင်းထျန်းထံသို့ လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်။ကြောက်မက်ဖွယ်လက်ဝါးရိုက်ချက်စွမ်းအားသည် နဂါးတစ်ကောင်၏ဟိန်းဟောက်သံနှင့်အတူ အောင်းရှင်းထျန်းထံသို့ တိုးဝင်သွားသည်။

အောင်းရှင်းထျန်းက ထိုမြင်ကွင်းကိုမြင်ချိန်တွင် မျက်မှောင်အနည်းငယ်ကြုတ်ပြီး အောင်းချမ်ထံလက်ညှိုးညွှန်၍ သူ၏လက်ချောင်းများကိုလှုတမခတ်လိုက်၏။မမြင်နိုင်သောအားလှိုင်းတစ်ရပ်က အောင်းချမ်၏လက်ဝါးရိုက်ချက်အား အပြည့်အဝပိတ်ဆို့ဟန့်တားလိုက်သည်။

"ကြည့်ရတာတော့ ငါမင်းကိုရဖို့ အားသုံးရမယ့်ပုံပဲ"

အောင်းရှင်းထျန်း၏မျက်နှာ သုန်မှုန်နေပြီး သူက အောင်းချမ်ထံသို့ ခြေလှမ်းတစ်လှမ်းခြင်း လျှောက်လှမ်းသွားသည်။သူ၏ခြေလှမ်းတစ်လှမ်းတိုင်းတွင် သူ၏ခန္ဓာကိုယ်မှ မှော်သားရဲဘုရင်အရှိန်အဝါထွက်ပေါ်လာသဖြင့် အောင်းချမ်၏မျက်နှာအမူအယာ ပျက်ယွင်းသွားပေ၏။

အောင်းရှင်းထျန်သည် သူမကဲ့သို့ပင် နဂါးမျိုးနွယ်၏တော်ဝင်အဆင့်အတန်းရှိသူဖြစ်ပြီး လက်သည်းငါးချောင်းရွှေရောင်နဂါးဖြစ်သည်။ထို့ကြောင့် အောင်းချမ်သည် သူ၏သွေးမျိုးဆက်စွမ်းအားဖြင့် အောင်းရှင်းထျန်းအား ဖိနှိပ်နိုင်စွမ်းမရှိချေ။

သို့ရာတွင် အောင်းရှင်းထျန်း၏ခွန်အားသည် အောင်းချမ်ထက်ပို၍များစွာမြင့်မားသည်။အကယ်၍ အောင်းရှင်းထျန်းက မှော်စွမ်းအင်အမြောက်အများအသုံးမပြုလျှင်ပင် အောင်းချမ်ခုခံတိုက်ခိုက်နိုင်မည်မဟုတ်ပေ။

ထိုအချိန်မှာပင် လုယွီသည် မည်သည့်အရိပ်အယောင်မျှမပြဘဲ ရှေ့သို့ခြေလှမ်းလှမ်းလိုက်၏။

ရုတ်ချည်းဆိုသလိုပင် အောင်းရှင်းထျန်းထံမှဖိအားအရှိန်အဝါ ပျက်ပြယ်သွားသည်။

ဟမ်...

အောင်းရှင်းထျန်း၏မျက်ခုံး ပင့်တက်သွားပြီး ရုတ်တရက် သူ၏နောက်၌ တစ်စုံတစ်ယောက်ရှိနေသည်ကို သတိပြုမိသွား၏။

နဂါးနန်းတော်၏တံခါးဝတွင် တော်ဝင်ဝတ်စုံဝတ်ဆင်ထားသော အဖိုးအိုတစ်ယောက် ရှိနေပြီး သူက ကျယ်လောင်စွာအော်ဟစ်ရယ်မောပြီး ပြောဆိုလေသည်။

"ဟား ဟား ဟား....တူလေးရှင်းထျန်း...နဂါးမျိုးနွယ်ရဲ့စည်းဝေးပွဲက ဒီနေရာမှာကျင်းပမှာလေ...မင်းက ဒီနေရာမှာ လှုပ်ရှားမှုမလုပ်တာ ပိုကောင်းလိမ့်မယ်"

အောင်းရှင်းထျန်က ပေါ့ပေါ့ပါးပါးလေသံဖြင့် တုံ့ပြန်ပြောဆိုသည်။

"အနောက်ပင်လယ်ရဲ့နဂါးဘုရင်ကိုယ်တိုင်ရောက်လာမှတော့...မိုးကောင်းကင် ဘယ်လောက်မြင့်မားတယ်ဆိုတာမသိတဲ့ ဒီမိန်းကလေးကို ထားခဲ့တော့မယ်"

စကားဆုံးသည်နှင့် အောင်းရှင်းထျန်းသည် သူ၏လက်အောက်ငယ်သားများကိုခေါ်ယူ၍ ထွက်ခွာသွားတော့သည်။

ဤနေရာသို့ရောက်လာသောအဖိုးအိုမှာ အောင်းဟန်ဖြစ်သည်။အနောက်ပင်လယ်နဂါးဘုရင် သက်ရှိထင်ရှားရှိနေစဥ်တွင် အောင်းဟန်သည် အနောက်ပင်လယ်နဂါးစစ်တပ်၏ အစွမ်းထက်ဆုံးစစ်သူကြီးတစ်ယောက်ဖြစ်ပေ၏။

ယင်လော့ဂိုဏ်းသည် အနောက်ပင်လယ်နဂါးဘုရင်အား သတ်လိုက်သော်လည်း အနောက်ပင်လယ်နဂါးနန်းတော်သည် အစွမ်းထက်ကျင့်ကြံသူတချို့ကိုသာ ဆုံးရှုံးလိုက်ရပြီး သူတို့၏အခြေခံအုတ်မြစ်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သည်။

အနောက်ပင်လယ်နဂါးဘုရင်သေဆုံးသောသတင်းသည် အနောက်ပင်လယ်သို့ရောက်ရှိသည်နှင့် အောင်းဟန်သည် ချက်ချင်းဆိုသလို တော်ဝင်အခွင့်အာဏာအား လက်လွှဲယူကြီး အနောက်ပင်လယ်နဂါးဘုရင်အသစ်ဖြစ်လာသည်။

အောင်းရှင်းထျန်းထွက်ခွာသွားသည်ကိုမြင်သည်နှင့် အောင်းဟန်၏မျက်နှာအမူအယာ ချက်ချင်းပင် သုန်မှုန်သွားပေ၏။

"အရှေ့ပင်လယ်က နဂါးမျိုးနွယ်ကို အလွယ်တကူရန်မစနဲ့လို့ ငါ မင်းကို မှာမထားဘူးလား"

အောင်းဟန်၏မျက်လုံးအတွင်း၌ ခက်ထန်တင်းမာသော အရိပ်အယောင်များထင်ဟပ်လာပြီး သူက အောင်းချမ်ကို အော်ငေါက်လိုက်သည်။

Chapter 1465

အောင်းဟန်၏ပြစ်တင်ရှုတ်ချသံကိုကြားပြီးနောက် အောင်းချမ်က အံ့တင်းတင်းကြိတ်ကာ ဖြူရော်နေသောမျက်နှာနှင့် ပြောဆိုသည်။

"ဦးလေး သင်ပြပေးတာ ကျေးဇူးတင်ပါတယ်"

အောင်းရှင်းထျန်းသည် သူမအား ပြဿနာရှာရန်လာခြင်းဖြစ်သည်မှာ သိသာထင်ရှားပေ၏။ထို့ကြောင့် အောင်းချမ်သည် ယခုလက်ရှိချိန်၌ အောင်းဟန်အား ခွန်းတုံ့ပြန်ပြောဆိုရန် မဖြစ်နိုင်ချေ။

ယခုလက်ရှိအချိန်၌ သူတို့၏နဂါးမျိုးနွယ်နှစ်ခုစလုံးသည် ယင်လော့ဂိုဏ်း၏တိုက်ခိုက်မှုအောက်၌ အကြီးအကျယ် ထိခိုက်နစ်နာခဲ့ရသည်။ထို့ကြောင့် အောင်းချမ်သည် အောင်းဟန်အား သူမတို့မျိုးနွယ်အား ကူညီနိုင်မည့်ကြိုးတစ်မျှင်အဖြစ် ယူဆထားသည်။

ထို့ကြောင့် အောင်းဟန်သည် သူမအား အကြီးအကဲတစ်ယောက်ကဲ့သို့ ပြစ်တင်ရှုတ်ချနေသည့်တိုင် အောင်းချမ်က အထွန့်မတက်ခြင်းဖြစ်သည်။

အောင်းချမ်က သူမ၏အမှားဟုဝန်ခံနေသည်ကိုကြည့်ပြီး အောင်းဟန်က ထပ်မံ၍ဆူပူအော်ငေါက်လေသည်။

"မင်းရဲ့အဖေက သေဆုံးသွားပြီ...အခုလက်ရှိအခြေအနေကို ငါ့ထက် မင်းကပိုသိသင့်တယ်...မင်းကိုအမှန်အတိုင်းပြောပြရရင် အရှေ့ပင်လယ်နဲ့တောင်ပင်လယ်က လက်ထပ်ပွဲနဲ့ပေါင်းစည်းပြီး အောင်းကွမ်းကို နဂါးဧကရာဇ်အသစ်အဖြစ်တင်မြှောက်ဖို့ စီစဥ်နေကြတယ်"

"မြောင်ပင်လယ်နဂါးနန်းတော်က နဂါးမျိုးနွယ်တွေ ငြိမ်းငြိမ်းချမ်းချမ်းနေရဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး...တကယ်လို့ မင်းနဲ့ငါသာ သတိလက်လွတ်နေလိုက်မယ်ဆိုရင် ငါတို့နဂါးမျိုးနွယ်နှစ်ခုလုံး သူတို့တွေရဲ့ဝါးမျိုသွားတာကို ခံရလိမ့်မယ်"

အောင်းချမ်၏မျက်လုံးများ ပြူးကျယ်နေပြီး သူမသည် ထိုသတင်းကြောင့် တုပ်လှုပ်ချောက်ချားသွားသည်မှာ သိသာထင်ရှားလှ၏။

အကယ်၍သာ အရှေ့ပင်လယ်နဂါးမျိုးနွယ်နှင့်တောင်ပင်လယ်နဂါးမျိုးနွယ်သာ ပူးပေါင်းလိုက်ပါက သူမတို့မြောက်ပင်လယ်နဂါးမျိုးနွယ်သည် ဤဘေးဒုက္ခကြီးမှ လွတ်မြောက်ရန် မဖြစ်နိုင်တော့ချေ။

အောင်းဟန်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး လေးနက်တည်ကြည်သောအသံဖြင့် ပြောဆိုသည်။

"အခု မင်း ငါ့ကို ပြောစမ်းပါအုံး...မင်း အလယ်ပိုင်းကုန်းမြေကိုသွားတာ မင်းကိုကူညီပေးဖို့ ဘယ်လိုကျွမ်းကျင်သူမျိုးကို ခေါ်လာခဲ့လဲ"

သူက အောင်းချမ်၏နောက်သို့ တစ်ချက်ကြည့်လိုက်သော်လည်း အစေခံတချို့ကိုသာ တွေ့မြင်မိသည်။လုယွီကိုမူ သူက သတိထားမိခြင်းပင်မရှိချေ။နဂါးမျိုးနွယ်အများစု၏အမြင်တွင် လူသားကျင့်ကြံသူများသည် သူတို့၏လက်သီးတစ်ချက်ကိုပင် ခံနိုင်ရည်မရှိသော အားနည်းသည့်ပုရွတ်ဆိတ်လေးများသာဖြစ်သည်။

အောင်းချမ်သည် စိတ်ရှုပ်ထွေးစွာဖြင့် သူမ၏ပါးစပ်ကိုဖွင့်ဟလိုက်သော်လည်း မည်သည့်စကားမျှမဆိုနိုင်ချေ။သူမသည် အလယ်ပိုင်းကုန်းမြေသို့သွား၍ မြောက်ပင်လယ်နဂါးမျိုးနွယ်အား ကယ်တင်နိုင်မည့်အစွမ်းထက်ကျင့်ကြံသူကို အချိန်အတော်ကြာ ရှာဖွေခဲ့သည်။သို့ရာတွင် ဖြစ်ပျက်လာသောကိစ္စများသည် သူမ၏ဆန္ဒနှင့် အလွန်အလှမ်းကွာဟပေ၏။မည်သည့် အစွမ်းထက်ကျင့်ကြံသူမှ မြောက်ပင်လယ်နဂါးမျိုးနွယ်ဘက်၌ ရပ်တည်ပေးလိုစိတ် မရှိကြချေ။

ထို့ကြောင့် ဤတစ်ကြိမ်၌ သူမသည် မည်သည့်အစွမ်းထက်ကျင့်ကြံသူကိုမျှ ခေါ်ဆောင်လာနိုင်ခြင်းမရှိပေ။

အောင်းချမ်၏မျက်နှာအမူအယာကိုကြည့်ပြီးနောက် အောင်းဟန်က ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။သူ၏မျက်နှာပေါ်၌ စိတ်ဓာတ်ကျဆင်းသောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

"ကြည့်ရတာတော့....မင်းကို မျှော်လင့်ချက်ထားလို့ မရတဲ့ပုံပဲ"

သူရှေ့ရှိ တူမလေးသည် မြောက်ပင်လယ်နဂါးမျိုးနွယ်၏သေရေးရှင်ရေးအခြေအနေသို့ ရောက်ရှိနေသည်ကို သိနေသည့်တိုင် သူမက အမှိုက်တစ်စကဲ့သို့သာ ပြုမူဆောင်ရွက်နေသည်။သူ အလွန်အမင်း စိတ်ပျက်နေမိ၏။

"ငါက လိပ်နက်မျိုးနွယ်စုက မြင့်မြတ်သူကျွမ်းကို ဖိတ်ကြားထားတယ်...မင်းနဲ့ငါ သူ့ကို အတူသွားတွေ့ရအောင်...သူက အောင်းကွမ်းနဲ့ရင်ဆိုင်တိုက်ခိုက်နိုင်မယ့် တစ်ဦးတည်းသောသူပဲ"

အောင်းဟန်က သက်ပြင်းတစ်ချက်ရှိုက်ပြီး ပြောဆိုသည်။

သူက နောက်သို့ပြန်လှည့်ပြီ ထွက်ခွါသွားရန် ဟန်ပြင်လိုက်၏။

"ခဏနေပါဦး"

ထိုအချိန်မှာပင် အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာသည်။

အောင်းဟန်က အချိန်တခဏကြာ ကြက်သေသေသွားသည်။ထို့နောက် သူက လှည့်ကြည့်လိုက်ပြီး စကားပြောဆိုလိုက်သော လုယွီထံသို့ သူ၏မျက်လုံးအကြည့်က ကျရောက်သွားပေ၏။

"မင်း ဘာလိုချင်လို့လဲ"

အောင်းဟန်၏မျက်လုံးအတွင်း၌ စိတ်မရှည်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။

ပုံပန်းသွင်ပြင်အရ ထိုလူငယ်သည် အောင်းချမ်၏အစေခံတစ်ယောက်ဖြစ်မည်မှာ သိသာထင်ရှားပေ၏။

သူသည် အောင်းချမ်ကိုပင် အလေးမထားသူဖြစ်ပေရာ သူမ၏အစေခံတစ်ယောက်အား မည်သည့်အာရုံစိုက်မှုမျှမရှိချေ။

လုယွီက ခြေလှမ်းရှေ့တက်ပြီး တည်ငြိမ်စွာပြောဆိုလိုက်သည်။

"သူ ဖိတ်ကြားလာတဲ့သူက ကျွန်တော်ပဲ"

ဘာ....

အောင်းဟန်က မျက်မှောင်ကြုတ်ပြီး သူက အောင်းချမ်ကိုစူးစူးဝါးဝါးစိုက်ကြည့်ကာ သူမ၏တုံ့ပြန်မှုအား စောင့်ဆိုင်းနေသည်။

"မင်းရဲ့အစေခံတွေက တကယ့်ကိုစည်းကမ်းမဲ့တာပဲ...ငါ့ရဲ့ရှေ့မှာတောင် စကားပြောဆိုဝံ့တယ်ပေါ့လေ"

လူသားမျိုးနွယ်တစ်ယောက်သည် သူကိုယ်သူ မြောက်ပင်လယ်နဂါးမျိုးနွယ်စုအား ကာကွယ်ရန်ဖိတ်ကြားခံရသူဟု ပြောဆိုဝံ့နေသည်။ထိုကိစ္စအား မည်သူက ယုံကြည်နိုင်မည်နည်း။

အောင်းချမ်၏မျက်လုံးများ ပြူးကျယ်နေသည်။လုယွီသည် ဤကဲ့သို့အချိန်မျိုး၌ သူမအား ကူညီပြောဆိုပေးမည်ဟု သူမမျှော်လင့်မထားမိချေ။

အစောပိုင်းက သူမသည် သူ့အားဖိတ်ကြားခဲ့သော်လည်း ယာယီကမ်းလှမ်းမှုမျိုးသာဖြစ်ပြီး သူမက အလျင်စလို ပြုမူမိသွားသည်။အောင်းချမ်သည် လုယွီ သဘောတူမည်မဟုတ်ဟု ထင်မြင်ယူဆခဲ့မိ၏။

လက်ဆောင်ပဏ္ဏာနှင့်ဆုလာဘ်အမြောက်အများပေး၍ လေးလေးစားစားဖိတ်ကြားခြင်းမရှိဘဲ မည်သည့်အစွမ်းထက်ကျင့်ကြံသူကိုမျှ အကူအညီအဖြစ်ရမည်မဟုတ်ချေ။

သို့ရာတွင် သူမသည် လုယွီအား မည်သည့်အာမခံချက်မှမပေးနိုင်ဘဲ စကားအလွယ်ပြောဆိုခဲ့ခြင်းမျိုးသာရှိသည်။ထို့ပြင် သူမတို့နှစ်ယောက်သည် တိုက်ဆိုင်မှုတစ်ခုအရ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

"ဒါက အမှန်ပဲ...သူက ကျွန်မဖိတ်ကြားထားတဲ့သူပဲ"

အောင်းချမ်က အခိုင်အမာဆုံးဖြတ်ချက်ချထားသောအသံဖြင့် ပြောဆိုလိုက်သည်။၊

Thank For Reading.

All Chapters