အခန်း (၁၄၈၁-၁၄၈၅)
Vol. 77 Ch. 1481-1485
Chapter 1481
အိပ်ခန်းအတွင်း၌....
လုယွီသည် အခန်းအတွင်းသို့ လှည့်ပတ်ကြည့်ရှုနေလေရာ သူ၏နှာခေါင်းအတွင်းသို့ ဂန္ဓာမာပန်းရနံက တိုးဝင်လာသည်။
အခန်းအတွင်းရှိ ပရိဘောကများသည် အလွန်လက်ရာမြောက်သောပစ္စည်းများဖြစ်သည်။အခန်းနံရံပေါ်၌ ရှုမျှော်ခင်းပုံပန်းချီကားများ ချိတ်ဆွဲထားလေရာ အလွန်မျက်စိပသာဒဖြစ်ဖွယ်ကောင်းပေ၏။
အခန်း၏အရှေ့ဘက်၌ တဲငယ်လေးတစ်လုံးရှိနေသည်။ထိုတဲအတွင်း၌ အလွန်ကျယ်ဝန်းသော အိပ်ယာတစ်ခုရှိပြီး နံဘေးပတ်လည်ရှိ ပရိဘောဂများသည်လည်း အလွန်အဖိုးထိုက်ပုံရသည်။
လုယွီက အိပ်ယာနံဘေး၌ အနီရောင်ခါးပတ်ကြိုးတချို့ကို တွေ့မြင်မိသည်။သူက အနည်းငယ် ကြက်သေသေသွားပြီးနောက် ဤနေရာသည် အောင်းချမ်၏အိပ်ခန်းဖြစ်သည်ကို သိနားလည်သွားပေ၏။
ယခုလက်ရှိချိန်၌ မြောက်ပင်လယ်နဂါးနန်းတော်တစ်ခုလုံးအား မြောက်များစွာသောနဂါးမျိုးနွယ်များက အပိုင်စီးထားသည်။သူ့အား လက်ခံထားနိုင်သည့်နေရာဟူ၍ တစ်နေရာသာရှိပေမည်။
"ထားလိုက်တော့...ဒါက တစ်ရက်တည်းပါပဲ"
လုယွီက ခေါင်းခါယမ်းလိုက်သည်။သူက အိပ်ယာပေါ်သို့သွားရမည့်အစား ကြမ်းပြင်ပေါ်၌ ပလ္လင်ခွေထိုင်ချလိုက်သည်။ဖျော့တော့တော့မှော်စွမ်းအင်လှိုင်းများက သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာပေ၏။
သူက ကျင့်ကြံခြင်းမပြုဘဲ နဝမအကြီးအကဲ သူ့အားပေးခဲ့သောလက်စွပ်ကို ထုတ်ယူလိုက်သည်။
"ဒီရှေးဟောင်းစည်းတံဆိပ်အက္ခရာတွေမှာ အဓိပ္ပါယ်တစ်ခုခုတော့ရှိရမယ်"
ထိုရှေးဟောင်းစည်းတံဆိပ်အက္ခရာများ ပျောက်ကွယ်သွားသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။အကယ်၍သာ လုယွီသည် အမတ်ကြီးချွယ်၏အမွေအနှစ်များကို ဆက်ခံထားခြင်းမရှိပါက ထိုအရာများကို နားလည်သဘောပေါက်နိုင်မည်မဟုတ်ချေ။
လက်စွပ်အတွင်း၌ရှိနေသော စည်းတံဆိပ်အက္ခရာများကို လုယွီက ဖြည်းညှင်းစွာ ရွတ်ဆိုလိုက်၏။
"ကိုးကောင်းကင်ဘုံလျှို့ဝှက်ဆန်းကြယ်မှု...မိုးကြိုးငါးသွယ်သမာဓိအပ်နှင်းခြင်း"
ဝီ....
လက်စွပ်ပေါ်မှနေ၍ မှိန်ပျပျအလင်းလုံးတစ်ခု ရုတ်တရက်ထွက်ပေါ်လာပေ၏။
ရုတ်ချည်းဆိုသလိုပင် လက်စွပ်တစ်ခုလုံးအား အလင်းရောင်များလွှမ်းခြုံသွားပြီး ဖျော့တော့တော့ဖိအားအရှိန်အဝါတစ်ရပ် ထွက်ပေါ်လာသည်။
လုယွီ စိတ်ဝိညာဥ်၏စွမ်းအားများက လက်စွပ်အတွင်းသို့ ဝင်ရောက်သွားသည်။သို့ရာတွင် သူ့စိတ်ဝိညာဥ်စွမ်းအား ကျရောက်သွားသည်နှင့် လက်စွပ်အတွင်းမှ စုပ်ယူလိုက်မည်ဟု သူ မျှော်လင့်မထားမိချေ။
ဘုန်း....
ကြီးမားကျယ်ပြန့်သောလေဟာနယ်နန်းတော်ကြီးတစ်ခုက လုယွီ၏ရှေ့၌ ရုတ်တရက်ထွက်ပေါ်လာသည်။နန်းတော်၏တံခါးများအား ပိတ်ထားပြီး နန်းတော်၏နံဘေးပတ်လည်၌ ကြီးမားသောတိုင်လုံးကြီးများကို စိုက်ထူထားသည်။
နန်းတော်၏အထက်တွင် ရှေးဟောင်းစည်းတံဆိပ်အက္ခရာနှစ်လုံးကို ကြီးကျယ်ခမ်းနားစွာ ရေးထွင်းထားပေ၏။
လီ နန်းတော်....
"လီနန်းတော်...ဒီနေရာက ဘာများလဲ"
လုယွီက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။
ဤနေရာသည် မည်သည့်နေရာမျိုးဖြစ်သည်ကို သူ မသိရှိချေ။သို့ရာတွင် ဤနေရာ၌စုဝေးနေသော ယင်ချီများကိုကြည့်ခြင်းအားဖြင့် ရိုးရှင်းသောနေရာတစ်ခုမဟုတ်သူကို သူ သိနိုင်သည်။
"အစကတော့ ရိုးရိုးရှေးဟောင်းမှော်ရတနာတစ်ခုလို့ ငါ ထင်ထားခဲ့တာ ...ဒါပေမယ့် အခုကြည့်ရသလောက်တော့ အထဲမှာတစ်ခုခုရှိနေပုံပဲ"
လုယွီက ညည်းတွားလိုက်သည်။
ရှေးဟောင်းအချိန်ကာလများ၌ မြောက်များစွာသောအရာများ ပျောက်ဆုံးခဲ့သည်။အတိတ်ဘဝတွင် သူသည် တာအိုသခင်တစ်ယောက်ဖြစ်ခဲ့သော်လည်း ရှေးခေတ်မှ အတုအယောင်အင်မော်တယ်အဆင့်သာရှိပြီး အစစ်အမှန်အင်မော်တယ်တစ်ယောက်မဟုတ်ချေ။
အကယ်၍သာ သူ ဤရှေးဟောင်းနန်းတော်အတွင်းသို့ မဆင်မခြင်တိုးဝင်လိုက်ပါက ဘေးအန္တရာယ်နှင့် ကြုံတွေ့နိုင်သည်။
ဝင်ရမလား....နောက်ပြန်ဆုတ်ရမလား....
လုယွီသည် အချိန်တခဏကြာ တွေဝေစဥ်းစားပြီးနောက် သူက ခပ်ဖျော့ဖျော့အပြုံးနှင့် ရေရွတ်လိုက်သည်။
"တကယ်လို့ ငါက ဒီအန္တရာယ်လောက်ကိုတောင် ထိတ်လန့်ကြောက်ရွံနေမယ်ဆိုရင်...ဘယ်လိုလုပ်ပြီး ရှန်လင်းလုံကို လက်စားချေနိုင်မှာလဲ"
ယခုလက်ရှိအချိန်၌ သူသည် စိတ်ဝိညာဥ်အခြေအနေဖြင့် လက်စွပ်အတွင်းသို့ ရောက်ရှိနေလေရာ သူ၏စိတ်ကို နန်းတော်၏တံခါးထံသို့ ချက်ချင်းပင် စေလွှက်လိုက်။
ကျွီ....
ကျွီခနဲမြည်သံနှင့်အတူ အချိန်အတော်ကြာပိတ်ထားခဲ့ပုံရသော နန်းတော်တံခါးကြီး ရုတ်တရက်ပွင့်သွားလေ၏။
တစ်စုံတစ်ယောက်အတွင်းသို့ ဝင်လာသည်ကို အာရုံခံမိပုံဖြင့် နန်းတော်အတွင်းရှိ ဖယောင်းတိုင်များအားလုံး တပြိုင်နက်တည်း ထွန်းလင်းတောက်ပလာသည်။
လုယွီသည် အတွင်းသို့ ခြေလှမ်းတစ်လှမ်းခြင်း လျှောက်လှမ်းဝင်လာပြီး သူရှေ့ရှိမြင်ကွင်းကြောင့် အံ့အားသင့်တုန်လှုပ်သွားပေ၏။
နန်းတော်ခန်းမ၏လေးဖက်လေးတန်လုံး၌ ကြီးမားသောလူသားမျိုးနွယ်ရုပ်ထုကြီးများရှိနေသည်။ရုပ်ထုတစ်ခုစီ၏လက်အတွင်း၌ သံကြိုးကြီးများကိုကိုင်ဆောင်ထားပြီး သံကြိုး၏အဆုံးသတ်နေရာ၌ ကြီးမားသောခေါင်းတလားကြီးတစ်လုံးရှိနေပေ၏။
ထိုခေါင်းတလားကြီးသည် ပိန်းပိတ်သည်အထိနက်မှောင်နေပြီး အမျိုးမျိုးသောအဆောင်လက်ဖွဲ့များ ကပ်ထားသည်။
လုယွီသည် ထိုအဆောင်လက်ဖွဲ့များအား ကြည့်လိုက်သည်။အချိန်များစွာ ကုန်လွန်လာသည့်တိုင် ထိုအဆောင်လက်ဖွဲ့များမှစွမ်းအားများ ပျက်ပြယ်ပုံမရသေးချေ။အကြည့်တစ်ချက်ဖြင့်ပင် လုယွီသည် အဆောင်လက်ဖွဲ့များပေါ်မှ လျှို့ဝှက်ဆန်းကြယ်သော ဖွဲ့စည်းတည်ဆောက်ပုံကိုတွေ့မြင်မိသဖြင့် သူက အံ့အားသင့်တုန်လှုပ်သွားသည်။
"ရှေးဟောင်းအဆောင်လက်ဖွဲ့တွေ အများကြီးပါလား...အထဲမှာ ဘယ်သူကိုများ ချိပ်ပိတ်ထားတာပါလိမ့်"
လုယွီသည် တွေးတောနေရင်းမှ ခေါင်းတလားအားထိတွေ့ကြည့်ရန် ဟန်ပြင်လိုက်စဥ်မှာပင် အက်ရှရှအသံတစ်သံက သူ၏နားအတွင်းသို့ ဝင်ရောက်လာသည်။
"ငါ့ကိုကူညီပြီး ဒီခေါင်းတလားကိုဖွင့်ပေးပါ...ငါ မင်းကို ကံကြမ္မာကောင်းရအောင် လုပ်ပေးနိုင်တယ်"
Chapter 1482
လုယွီ၏လက်အနည်းငယ်တွန့်ဆုတ်သွားပြီး သူ၏လှုပ်ရှားမှုကို ချက်ချင်းပင်ရပ်တန့်လိုက်၏။
ထိုအက်ရှရှအသံသည် ရှေးဟောင်းဘာသာစကားဖြင့်ပြောဆိုခြင်းဖြစ်ပြီး မူလဘူတရှေးခေတ်ကာလမှ ဆင်းသက်လာပုံရသည်။
လုယွီသည် ရှေးဟောင်းဘာသာစကားကို ပြောဆိုနိုင်သော်လည်း ထိုဘာသာစကားပျောက်ကွယ်သွားသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
သူက တုံ့ပြန်ပြောဆိုခြင်းမပြုဘဲ နောက်သို့ ခြေလှမ်းအနည်းငယ်ခန့်ဆုတ်လိုက်သည်။
သို့ရာတွင် သူ နောက်ဆုတ်လိုက်သည်နှင့် ခေါင်းတလားအတွင်းမှတည်ရှိမှုကြီးသည် အလွန်အမင်းစိတ်လှုပ်ရှားသွားပုံရသည်။
"လူငယ်လေး...မင်း ဒီခေါင်းတလားပေါ်က အဆောင်လက်ဖွဲ့တွေကို ဖယ်ရှားပေးနိုင်ရင် ငါ မင်းကို နဂါးမျိုးနွယ်ရဲ့နဂါးဧကရာဇ်ဖြစ်အောင်လုပ်ပေးနိုင်တယ်...ဘယ်လိုသဘောရလဲ"
နဂါးဧကရာဇ်...
လုယွီ၏နှလုံးခုန်နှုန်း အနည်းငယ်မြန်သွားသည်။တစ်ဖက်လူသည် သူ့အား ဤကဲ့သို့ကတိမျိုးပေးမည်ဟု သူ မျှော်လင့်မထားမိချေ။
"ပေါက်ကရတွေ လျှောက်မပြောနဲ့...နဂါးမျိုးနွယ်ဝင်တွေသာ နဂါးဧကရာဇ်ဖြစ်နိုင်တယ်...ဘယ်လိုလုပ်ပြီး ကျုပ်လို လူသားမျိုးနွယ်တစ်ယောက်က နဂါးဧကရာဇ်ဖြစ်နိုင်မှာလဲ"
လုယွီ၏အသံက အေးစက်တင်းမာနေသည်။
ခေါင်းတလားအတွင်းရှိတည်ရှိမှုကြီးက အော်ငေါက်လိုက်၏။
"နဂါးဧကရာဇ်က နဂါးမျိုးနွယ်ကပဲဖြစ်ရမယ်လို့ မင်းကို ဘယ်သူပြောထားလဲ...ပြန်တွေးကြည့်ရင်.....ထားလိုက်တော့....မင်းက ခေါင်းတလားပေါ်က အဆောင်လက်ဖွဲ့တွေကိုဖယ်ရှားပေးဖို့ပဲလိုအပ်တယ်...ဒါက မင်းရဲ့လက်ကိုမြှောက်လိုက်ရုံလေးပါပဲ...ငါက မင်း လိုချင်တဲ့ဆန္ဒတွေအားလုံးကို ဖြည့်ဆည်းပေးမယ်"
"မင်း သန်မာအားကောင်းသူဖြစ်ချင်လား...ချမ်းသာကြွယ်ဝချင်လား...ဒါမှမဟုတ် မင်း ထာဝရအသက်ရှင်ချင်လား...ငါ အကုန်လုပ်ပေးနိုင်တယ်...မင်း ငါ့ကို လွှက်ပေးနိုင်တာနဲ့ ငါ မင်းရဲ့ဘယ်အလိုဆန္ဒကိုမဆို ဖြည့်ဆည်းပေးနိုင်တယ်"
လုယွီက ခေါင်းခါယမ်းလိုက်သည်။
"ကျုပ် ခင်ဗျားကို မယုံဘူး"
ထိုစကားလုံးများသည် အလွန်အမင်းသွေးဆောင်ဖြားယောင်းနိုင်ပြီး ကျင့်ကြံသူအမြောက်အများကို လှည့်ဖျားနိုင်ပေမည်။
ခေါင်းတလားအတွင်းမှတည်ရှိမှုကြီးသည် အချိန်တခဏကြာ တိတ်ဆိတ်ငြိမ်သက်သွားပြီးမှ သူက ပြောဆိုလိုက်၏။
"ဒါဆို မင်း ငါ့ကိုယုံကြည်လာအောင် ငါ ဘာလုပ်ရမလဲ"
ထိုသူသည် အသံနှိမ့်၍ပြောဆိုသော်လည်း ခေါင်းတလားအတွင်းမှ အလွန်အမင်းလွတ်မြောက်ချင်နေသောဆန္ဒကို လုယွီ ခံစားနိုင်သည်။
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"ခင်ဗျားပြောသွားတဲ့ အကျိုးအမြတ်တွေက အရမ်းဝေးကွာလွန်းတယ်....အခုချက်ချင်း ကျုပ်ကိုပေးနိုင်တဲ့ အကျိုးအမြတ်မျိုး ခင်ဗျားမှာရှိလား"
ခေါင်းတလားအတွင်းမှနေ၍ အံ့ကြိတ်၍ပြောဆိုသောအသံ ထွက်ပေါ်လာသည်။
"ငါက ဒီအထဲမှာ ပိတ်မိနေတာလေ...ဘယ်လိုလုပ်ပြီး မင်းကို တစ်ခုခုပေးနိုင်မှာလဲ"
"ကျင့်ကြံနည်းစနစ်တွေနဲ့သိုင်းပညာရပ်တွေ...ခင်ဗျား ကျုပ်ကိုပြောပြနိုင်တယ်"
လုယွီက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။
"မင်းက ကျင့်ကြံနည်းစနစ်တွေ လိုချင်တာလား"
ခေါင်းတလားအတွင်းမှ တည်ရှိမှုကြီးက အော်ဟစ်ရယ်မောလိုက်၏။
"ကောင်းပြီလေ...ငါ မင်းကို ကျင့်ကြံနည်းစနစ်တစ်ခု လက်ဆင့်ကမ်းပေးမယ်"
ရုတ်ချည်းဆိုသလိုပင် ရှုပ်ထွေးသောမှော်မန္တန်ရွတ်ဆိုသံက ခေါင်းတလားအတွင်းမှ ထွက်ပေါ်လာပေ၏။ထိုမှော်မန္တန်သည် အလွန်ရှေးကျပြီး ကြားရသူများအား မူးဝေမှုကို ခံစားရစေပေမည်။
လုယွီ၏မျက်လုံးများ တောက်ပသွားသည်။ဤမှော်မန္တန်သည် ရှေးခေတ်မှဆင်းသက်လာသော အစစ်အမှန်ကျင့်ကြံနည်းစနစ်တစ်ခုဖြစ်သည်ဟု သူ ပြောနိုင်သည်။
လုယွီက မြေပြင်ပေါ်၌ ပလ္လင်ခွေထိုင်ပြီး စတင်၍ကျင့်ကြံလိုက်၏။
ထိုမှော်မန္တန်သည် ရှည်လျားခြင်းမရှိဘဲ ခေါင်းတလားအတွင်းမှလူသည် အမွှေးတိုင်တစ်တိုင်စာခန့် ရွတ်ဆိုပြီးနောက် ရပ်တန့်သွားသည်။
လုယွီ ကျင့်ကြံနေဆဲဖြစ်သည်ကိုကြည့်ပြီး ခေါင်းတလားအတွင်းမှနေ၍ ထူးဆန်းသောရယ်မောသံကြီး ထွက်ပေါ်လာပေ၏။
"ရယ်စရာကောင်းလိုက်တာ...စိတ်ဝိညာဥ်သန့်စင်ခြင်းနည်းစနစ်က မင်းလိုသာမာန်လူတစ်ယောက် နားလည်သဘောပေါက်နိုင်မယ့်အရာမျိုးမဟုတ်ဘူး....မင်း ဒီနည်းစနစ်ရဲ့တစ်ဝက်လောက်ကို ကျင့်ကြံပြီးတာနဲ့ မင်းရဲ့စိတ်ဝိညာဥ် ပျောက်ကွယ်သွားလိမ့်မယ်...အဲ့ဒါဆိုရင် ငါက မင်းကို ငါ့ရဲ့ရုပ်သေးရုပ်အဖြစ်ထိန်းချုပ်ပြီး ဒီခေါင်းတလားကိုဖွင့်ခိုင်းလို့ရပြီ"
လုယွီကိုကြည့်ရသည်မှာ နှစ်ခြိုက်စွာအိပ်မောကျနေပုံရပြီး မည်သည့်လှုပ်ရှားမှုမျှမရှိချေ။
လုယွီ၏ခန္ဓာကိုယ်မှနေ၍ အလင်းရောင်တန်းများ တဖြည်းဖြည်းထွက်ပေါ်လာသည်။ထိုရှုပ်ထွေးသောမှော်မန္တန်သည် ဓားတစ်ချောင်းနှင့်တူညီပြီး သူ၏ခန္ဓာကိုယ်ပေါ်၌ အစင်းရာတစ်ခုကိုဖြစ်ပေါ်စေသည်။
"ဒါက...ကြည့်ရတာတော့ စိတ်ဝိညာဥ်ကိုကျင့်ကြံရတဲ့နည်းစနစ်တစ်ခုဖြစ်ပုံပဲ"
လုယွီက ရုတ်တရက်နားလည်သဘောပေါက်သွားပြီး တစ်ချိန်တည်းမှာပင် တစ်စုံတစ်ခုအား သတိပြုမိသွားသည်။
ခေါင်းတလားအတွင်းမှလူတွင် ရည်ရွယ်ချက်ကောင်းရှိပုံမရချေ။
အကယ်၍သာ သာမာန်ကျင့်ကြံသူတစ်ယောက်သည် ဤနည်းစနစ်ကိုကျင့်ကြံပါက သူ၏စိတ်ဝိညာဥ် ပျောက်ကွယ်သွားပေမည်။
လုယွီ၏နှုတ်ခမ်းထောင့်၌ သရော်တော်တော်အပြုံးတစ်ခု ထွက်ပေါ်လာသည်။
"ဘယ်လောက်တောင်သနားဖို့ကောင်းလိုက်လဲ...ဒီနည်းစနစ်က တော်တော်ကောင်းမွန်ပေမယ့်...ငါ့ရဲ့စိတ်ဝိညာဥ်ကို ပျောက်ကွယ်သွားစေဖို့ မလုံလောက်သေးဘူး"
သူ၏စိတ်ဝိညာဥ်သည် တာအိုသခင်တစ်ယောက်၏စိတ်ဝိညာဥ်ဖြစ်သည်။
ထိုစိတ်ဝိညာဥ်အမျိုးအစားသည် စကြာဝဠာတစ်ခုလုံးအတွင်း၌ အစွမ်းထက်ဆုံးဟုဆိုနိုင်ပြီး ရှေးဟောင်းနတ်ဘုရားနည်းစနစ်များကိုပင် ကျင့်ကြံနိုင်သည်။
လုယွီက ဆက်လက်ကျင့်ကြံနေမှုနှင့်အတူ သူ၏ခန္ဓာကိုယ်မှနေ၍ စူးရှတောက်ပသောအလင်းရောင်များ ထွက်ပေါ်လာပေ၏။
Chapter 1483
"ဒါက....ဒါက မဖြစ်နိုင်ဘူး"
လုယွီ၏ခန္ဓာကိုယ်မှ ပြောင်းလဲမှုများကိုမြင်တွေ့ချိန်တွင် အံ့ကြိတ်၍ပြောဆိုသောအသံကြီး ထွက်ပေါ်လာသည်။
သူ၏ထင်မြင်ချက်အရ လုယွီ၏စိတ်ဝိညာဥ်သည် ဤကျင့်ကြံနည်းစနစ်ကိုကျင့်ကြံပြီး မကြာမီမှာပင် ပျောက်ကွယ်သွားရပေမည်။
သို့ရာတွင် လုယွီ၏စိတ်ဝိညာဥ်သည် ပျောက်ကွယ်သွားရမည့်အစား တစတစပို၍အားကောင်းလာသည်။
"ကောင်းတယ်...မင်းရဲ့စိတ်ဝိညာဥ် ဘယ်ချိန်ကျမှပြိုကွဲမလဲဆိုတာ ငါ စောင့်ကြည့်အုံးမယ်"
အေးစက်စက်အသံက ခေါင်းတလားအတွင်းမှ ထွက်ပေါ်လာသည်။
အချိန်များ တရွေ့ရွေ့ကုန်ဆုံးလာလေပြီ။
အမွှေးတိုင်နှစ်တိုင်စာ...အမွှေးတိုင်သုံးတိုင်စာ...
ဤမျှအချိန်များ ကုန်ဆုံးသွားသည့်တိုင် လုယွီ၏စိတ်ဝိညာဥ် ပျောက်ကွယ်သွားခြင်းမရှိသည့်အပြင် သူ၏ခန္ဓာကိုယ်မှထွက်ပေါ်နေသည့် ရွှေရောင်အလင်းတန်းများက ပို၍တောက်ပလာသည်။
ကြီးမားသောဓမ္မပုံရိပ်ကြီးက လုယွီ၏နောက်၌ တဖြည်းဖြည်းသိပ်သည်းလာပေ၏။
ဝုန်း...
ပြင်းထန်သောတုန်ခါသံတစ်သံနှင့်အတူ လုယွီ၏စိတ်ဝိညာဥ်သည် ရုတ်တရက်ကြီးထွားလာပြီး ယခင်ထက် သုံးဆမကပို၍ ကြီးမားသွားသည်။
မှောင်မည်းနေသောနန်းတော်အတွင်း၌ လုယွီ၏စိတ်ဝိညာဥ်သည် လူဘီလူးတစ်ကောင်နှင့်တူညီနေပေ၏။သူ၏နောက်၌ အလင်းဘီးတစ်ခု ထွက်ပေါ်လာသည်။ထိုအလင်းဘီးပေါ်တွင် မြောက်မြားစွာသော ရွှေရောင်စည်းတံဆိပ်အက္ခရာများ ထွက်ပေါ်လာပြီး ရှေးကျသောအရှိန်အဝါတစ်ခုက အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
"ဘာလဲဟ..."
ခေါင်းတလားအတွင်းမှနေ၍ ပြင်းထန်သောအရှိန်အဝါလှုပ်ခတ်မှုများ ထွက်ပေါ်လာသည်။
"ဒါက အမတ်ကြီးချွယ်ရဲ့နည်းစနစ်မလား...အဲ့ကောင်က သေသွားပြီမဟုတ်ဘူးလား"
"ဒီကောင်လေးက အမတ်ကြီးချွယ်ရဲ့တပည့်များဖြစ်နေမလား....မဟုတ်သေးဘူး...သူက ဘယ်တုန်းကမှ တပည့်လက်မခံဖူးဘူး"
"ဒါပေမယ့် ဘာလို့ သူ့ဆီမှာ အမတ်ကြီးချွယ်ရဲ့အငွေ့အသက်ရှိနေတာလဲ...သူ ခုထိ မသေသေးတာများလား....သောက်ချေးပဲ...ကောင်းကင်ဘုံဧကရာဇ်တောင် သေသွားပြီ...အဲ့ဒီကောင်က ဘာလို့ မသေသွားတာလဲ"
ခေါင်းတလားထံမှနေ၍ အံ့အားသင့်မှုနှင့်ဇဝေဇဝါဖြစ်မှုများ ရောယှက်နေသောအသံထွက်ပေါ်လာသည်။
လုယွီက မတ်တတ်ထရပ်က ရှေ့သို့လျှောက်လှမ်းသွားပြီး ခေါင်းတလားအဖုံးအား တစ်ချက်ရိုက်လိုက်၏။
ဘုန်း...
ခေါင်းတလားကြီးထံမှ ကျယ်လောင်သောမြည်ဟီးသံကြီး ထွက်ပေါ်လာသည်။
"တခြား ဘာရှိသေးလဲ...ခင်ဗျား အခု ပေးလို့ရပြီ"
လုယွီက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။
ယခုလက်ရှိချိန်၌ သူ၏မျက်လုံးများသည် စူးရှတောက်ပနေပြီး အတွင်း၌ မြောက်များစွာသော အသိဥာဏ်ပညာများ ကိန်းအောင်းနေပုံရသည်။
အချိန်နှစ်နာရီမပြည့်မီမှာပင် သူ၏စိတ်ဝိညာဥ်သည် ဆင့်ကဲတိုးတက်လာခဲ့သည်။လုယွီ၏စိတ်ဝိညာဥ်သည် တာအိုသခင်အဆင့်ဖြစ်သဖြင့် အဆင့်မြှင့်တင်ရန် အလွန်အမင်းခက်ခဲသည်။
ထိုအချက်ကြောင့်ပင် ဤနည်းစနစ် မည်မျှအစွမ်းထက်သည်ကို ပြသနေပေ၏။
ခေါင်းတလားကြီးထံမှ အော်ဟစ်ကြုံးဝါးသံကြီး ထွက်ပေါ်လာသည်။
"ထပ်ပြီးမရှိတော့ဘူး...ငါ မင်းကို ကျင့်ကြံနည်းစနစ်တစ်ခု ပေးပြီးတာနဲ့ ငါ့ကိုလွှက်ပေးမယ်လို့ မင်း ကတိပေးထားတာလေ"
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"တောင်းပန်ပါတယ်...ကျုပ် ခင်ဗျားကို အဲ့ဒီလိုကတိမျိုး ပေးမထားဘူး...ပြီးတော့ အခုချိန်မှာ ခင်ဗျား ကျုပ်ကို စျေးဆစ်နိုင်တဲ့ အခြေအနေမျိုးမရှိဘူး"
လုယွီက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြီးပြီး ဆက်လက်ပြောဆိုလေ၏။
"ဒီမှော်ရတနာပစ္စည်းနဲ့ ခင်ဗျားကို အထူးသီးသန့်ချိပ်ပိတ်ထားတာဖြစ်မယ်...ခင်ဗျား တွေးကြည့်စမ်းပါ...တကယ်လို့ ကျုပ်က ဒီမှော်ရတနာကို နက်ရှိုင်းတဲ့တောတောင်တွေထဲကိုသွားပြီး လွှင့်ပစ်လိုက်မယ်ဆိုရင် ခင်ဗျားရဲ့ကျန်ရှိနေတဲ့ဘဝတလျှောက်လုံး အပြင်ကိုထွက်လာနိုင်မှာမဟုတ်တော့ဘူး...စဥ်းစားကြည့်စမ်းပါ...ခင်ဗျား ဒီထဲမှာပိတ်မိနေတာ ဘယ်လောက်တောင်ကြာနေပြီလဲ...အပြင်ကိုထွက်ပြီး ပြင်ပလောကကြီးကို မကြည့်ချင်ဘူးလား"
ခေါင်းတလားအတွင်းမှလူသည် အချိန်တခဏကြာ တိတ်ဆိတ်ငြိမ်သက်သွားပြီးမှ သူက ဒေါသတကြီးပြောဆိုလိုက်သည်။
"ကောင်းတယ်...မင်းက တော်တော်ရက်စက်တဲ့ကောင်ပဲ...ငါ မင်းကို မိုးကောင်းကင်စစ်ဘုရင်ဌက်ရဲ့ ပြောင်းလဲခြင်းသုံးဆယ့်ခြောက်မျိုးကို လက်ဆင့်ကမ်းပေးမယ်"
ဘုန်း...
အချိန်တစ်နာရီခန့်ကြာပြီးနောက် လုယွီ၏ကျင့်ကြံမှု ထပ်မံ၍ပြီးဆုံးသွားသည်။
"ငါကို လွှက်ပေးတော့...ဒီတစ်ကြိမ်တော့ အဆင်ပြေတယ်မလား"
"ဒီနည်းစနစ်က မလုံလောက်သေးဘူး...ကျုပ် ခင်ဗျားရဲ့ရိုးသားမှုကို မမြင်ရဘူး"
လုယွီက ခေါင်းခါယမ်းနေဆဲပင်။
"မီးထိန်းချုပ်ခြင်းမီးကျီးကန်းမန္တန်...ဒီမှော်မန္တန်က မဟာမိုးကောင်းကင်ရွှေအင်မော်တယ် ဖန်တီးခဲ့တာ...ငါ မင်းကို အဲ့ဒါပေးမယ်"
အချိန်တစ်ရီခန့်ကြာပြီးနောက်...
ဝုန်း...
ပေါက်ကွဲသံတစ်သံနှင့်အတူ လုယွီ၏ခန္ဓာကိုယ်မှ မီးတောက်များ ထွက်ပေါ်လာသည်။
မီးတောက်များအကြားမှနေ၍ လုယွီက ခေါင်းတလားအား ကြည့်လိုက်သည်။
"ဒါကလည်း မလုံလောက်သေးဘူး"
"နတ်နဂါးကိုးသွယ်ပြောင်းလဲခြင်း...."
"ထိုက်ကျိလက်သီး...."
....
ခေါင်းတလားအတွင်းမှထွက်ပေါ်နေသော နာကျည်းမုန်းတီးစွာ အော်ဟစ်နေသံများကြား၌ လုယွီက ကျင့်ကြံနည်းစနစ် တစ်ခုပြီးတစ်ခုအား လေ့ကျင့်နေသည်။
ဤမှော်မန္တန်များအား မည်သို့အသုံးချရမည်ကို လုယွီ မသိသေးသော်လည်း သူက ကျင့်ကြံခြင်းအတွေ့အကြုံများကို ထပ်ခါတလဲလဲစုဆောင်းနေပေ၏။
ထိုမှော်မန္တန်များမှ အနှစ်သာရများကိုထုတ်ယူ၍ တဖြည်းဖြည်း သူ၏ကိုယ်ပိုင်မှော်မန္တန်အဖြစ် ဖွဲ့စည်းလိုက်သည်။
သူ ပို၍လေ့လာလေလေ သူ၏မျက်လုံးများက ပို၍တောက်ပလာလေလေပင်။
Chapter 1484
"အခုကြည့်ရသလောက်တော့ နည်းစနစ်တွေအများကြီးလေ့လာလိုက်တာက ငါ့ရဲ့ခန္ဓာကိုယ်နည်းစနစ်ကို တိုးတက်စေတာပဲ"
လုယွီက စိတ်လှုပ်ရှားသွားပြီး အတွေးတစ်ချက်နှင့်အတူ မြင့်မြတ်ဧကရာဇ်၏ရွှေရောင်ခန္ဓာကိုယ်နည်းစနစ်အား အသက်သွင်းလိုက်သည်။ထို့နောက် သူ၏စိတ်ဝိညာဥ်သည် ဧရာမရွှေရောင်ခန္ဓာကိုယ်ကြီးအသွင် ပြောင်းလဲသွားပြီး လေထုအတွင်း၌ထွက်ပေါ်လာပေ၏။
"မဖြစ်နိုင်ဘူး...မင်းက ဘယ်လိုလုပ်ပြီး ဒီကျင့်ကြံနည်းစနစ်ကို အသုံးပြုနိုင်တာလဲ"
ခေါင်းတလားအတွင်းမှနေ၍ မယုံကြည်နိုင်သော အသံမျိုး ထွက်ပေါ်လာသည်။
လုယွီ၏မျက်ခုံးများ မြင့်တက်သွားသည်။
"ခင်ဗျားက ဒီနည်းစနစ်ကိုသိလို့လား"
ခေါင်းတလားအတွင်းမှလူက အေးစက်စက်နှာတစ်ချက်မှုတ်လိုက်၏။
"ဟမ့်...မင်း ဒီခေါင်းတလားကိုဖွင့်ပေးရင်...ငါ မင်းကိုပြောပြမယ်"
"ကောင်းပြီလေ"
ဤတစ်ကြိမ်တွင် လုယွီက ငြင်းဆန်ခြင်းမရှိချေ။
လုယွီက သူ၏အင်္ကျီလက်အား ခါယမ်းလိုက်စဥ်တွင် လေပြင်းတစ်ချက်တိုက်ခတ်လာပြီး ခေါင်းတလားပေါ်ရှိအဆောင်လက်ဖွဲ့များအားလုံး လွင့်ထွက်သွားသည်။
ဘန်း...
ထိုအဆောင်လက်ဖွဲ့များအားလုံး ပြုတ်ကျသွားသည်နှင့် ဘန်းခနဲမြည်သံနှင့်အတူ ခေါင်းတလားအဖုံးကြီး မြောက်တက်သွားပေ၏။
"ဟား ဟား ဟား ဟား...နောက်ဆုံးတော့ ငါ အပြင်ကို ထွက်လာနိုင်ပြီ"
ခေါင်းတလားအတွင်းမှနေ၍ အနက်ရောင်အရိပ်တစ်ရိပ် ရုတ်တရက်ထွက်ပေါ်လာပြီး လေထုအတွင်း၌ မျောလွင့်နေသည်။
ထိုပုံရိပ်သည် အလွန်ကြီးမားသဖြင့် နန်းတော်၏ခန်းမတစ်ခုလုံးအား ပြည့်နှက်လုနီးပါးပင်။
"ကောင်လေး...မင်းက မောက်မာလှချည်လား...ဟမ့်...ငါ့ကိုတောင် ခြိမ်းခြောက်ဝံ့တယ်ပေါ့လေ...ငါက မင်းကို ဝါးမျိုပစ်မယ်"
အနက်ရောင်အရိပ်သည် ထွက်ပေါ်လာသည်နှင့် သူ၏ပါးစပ်ကြီးကိုဖွင့်ဟကာ လုယွီ၏စိတ်ဝိညာဥ်အား ဝါးမျိုရန်အတွက် တဟုန်ထိုးပြေးဝင်လာသည်။
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"အစတုန်းကတော့ ကျုပ် ခင်ဗျားကို အခွင့်အရေးတစ်ခုပေးဖို့ ရည်ရွယ်ထားခဲ့တာ"
အနက်ရောင်ပုံရိပ်က ရယ်မောလိုက်၏။
"မင်းက ငါ့ကို ဘာအခွင့်အရေးပေးမလို့လဲ...မင်းရဲ့ရှေ့မှာရပ်နေတာက ဘယ်လိုတည်ရှိမှုကြီးလဲဆိုတာ မင်း တွေးတောင်တွေးမိမှာမဟုတ်ဘူး...မင်းရဲ့ရုပ်ခန္ဓာကိုယ်က တော်တော်ကောင်းတာပဲ....မင်း ငါ့ကို ပေးသင့်တယ်"
အနက်ရောင်အရိပ်ကြီးက လုယွီအား ဝါးမျိုရန်အတွက် ကြိုးပမ်းလိုက်သည်။
လုယွီက အေးစက်စက်နှာမှုတ်ပြီးနောက် တာအိုသခင်၏တုန်လှုပ်ချောက်ချားဖွယ်အရှိန်အဝါကို ချက်ချင်းပင် ထုတ်လွှက်လိုက်၏။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် အစွမ်းထက်သောအရှိန်အဝါတစ်ခုက ခန်းမတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။
"ဟား ဟား ဟား...မင်းမှာ အရည်အချင်းတချို့ရှိနေမယ်လို့ ငါ ထင်မထားမိဘူး...ဒါပေမယ့် ငါရှေ့မှာတော့ မင်းရဲ့အရည်အချင်းတွေက အရာမဝင်ဘူး"
အနက်ရောင်အရိပ်က ကျယ်လောင်စွာအော်ဟစ်ရယ်မောပြီး လုယွီ၏တာအိုသခင်အရှိန်အဝါကို ပျက်ပြယ်သွားစေသည်။
လုယွီက မျက်မှောင်ကြုတ်လိုက်သော်လည်း သူ၏မျက်နှာအမူအယာ ပျက်ယွင်းသွားခြင်းမရှိချေ။သူက လေထုအတွင်းသို့ လက်ညှိုးညွှန်၍ ရေရွတ်လိုက်၏။
"ကိုးကောင်းကင်ဘုံလျှို့ဝှက်ဆန်းကြယ်မှု...မိုးကြိုးငါးသွယ်သမာဓိအပ်နှင်းခြင်း"
တုန်ခါသံများနှင့်အတူ ဘေးပတ်ဝန်းကျင်ရှိ ကျောက်တုံးလူသားရုပ်ထုများထံမှနေ၍ မြောက်မြားစွာသော မိုးကြိုးလျှပ်စီးလှိုင်းများ ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုမိုးကြိုးလျှပ်စီးလှိုင်းများသည် လူသားရုပ်ထုများ၏လက်အတွင်းမှ သံကြိုးကြီးများတလျှောက် စီးဆင်းလာပြီး အနောက်ရောင်ပုံရိပ်ပေါ်သို့ ကျရောက်သွားသည်။
ဘုန်း...ဘုန်း...
ကျယ်လောင်သောဆူညံသံတချို့ ထွက်ပေါ်လာပြီးနောက် အနက်ရောင်အရိပ်သည် မိုးကြိုးလျှပ်စစ်လှိုင်းများ၏တိုက်ခိုက်မှုကိုခံလိုက်ရ၏။အနက်ရောင်အရိပ်၏ပုံသဏ္ဍာန် ချက်ချင်းဆိုသလိုပင် ဝေဝါးသွားပြီး ပြင်းပြင်းထန်ထန် ထိခိုက်သွားသည်မှာ သိသာထင်ရှားသည်။
"မိုးကြိုးငါးသွယ်သမာဓိအပ်နှင်းခြင်းမှော်မန္တန်...ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
အနက်ရောင်အရိပ်က စူးရှနာကျင်စွာ အော်ဟစ်လိုက်သည်။
သူ၏ပုံရိပ်သည် မြောက်များစွာသောမိုးကြိုးလျှပ်စီးလှိုင်းများ၏ အဆက်မပြတ်ရိုက်ခတ်ခြင်းကို ခံရသဖြင့် ပျက်ပြယ်သွားလုနီးပါးပင်။
"သောက်ချေးပဲ...အဲ့ဒီလူအိုကြီးတွေက တော်တော်ဆိုးရွားတာပဲ...သူတို့သေသွားတာတောင် ငါ့ကိုဒုက္ခပေးဖို့ ဒီလိုလှည့်ကွက်မျိုးတွေ ချန်ထားခဲ့သေးတယ်...အား....အား..."
အနက်ရောင်အရိပ်သည် စူးရှနာကျင်စွာအော်ဟစ်ရုန်းကန်နေသည်။
သို့ရာတွင် မိုးကြိုးလျှပ်စီးလှိုင်းများသည် ပျက်ပြယ်သွားမည့်ပုံမရဘဲ သူ့အား အဆက်မပြတ်ရိုက်ခတ်နေပေ၏။တဖြည်းဖြည်းနှင့် အနက်ရောင်အရိပ်သည် ဝေဝါးစပြုလာပြီး သူ့ထံမှထွက်ပေါ်နေသည့် တုန်လှုပ်ချောက်ချားဖွယ်အရှိန်အဝါမှာလည်း တစတစအားနည်းလာသည်။
"ရပ်...ရပ်...အခုချက်ချင်းရပ်လိုက်တော့"
အနက်ရောင်ပုံရိပ်က စတင်၍ အသနားခံတောင်းပန်လေသည်။
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"ခင်ဗျားရဲ့အစစ်အမှန်စိတ်ဝိညာဥ် ကျုပ်ကိုပေးအပ်ရမယ်"
အနက်ရောင်အရိပ်က အံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်၏။
"ငါ့ရဲ့အဆင့်အတန်းက ဘာလဲဆိုတာ မင်းသိလား...မင်းကများ ငါ့ရဲ့အစစ်အမှန်စိတ်ဝိညာဥ်ကိုလိုချင်သေးတယ်...မဖြစ်နိုင်ဘူး"
သူက လုယွီကိုငုံကြည့်ပြီး ဆက်လက်ပြောဆိုသည်။
"မင်းလိုကျင့်ကြံဆင့်နိမ့်ပါးတဲ့ကောင်ကို မပြောနဲ့...အတိတ်တုန်းက မဟာမိုးကောင်းကင်ရွှေအင်မော်တယ်ကိုတောင် ငါက သခင်အဖြစ် အသိအမှတ်ပြုခဲ့တာမဟုတ်ဘူး"
အကယ်၍သာ သူ၏အစစ်အမှန်စိတ်ဝိညာဥ်ကို လွှဲပြောင်းပေးလိုက်ပါက သူသည် လုယွီအား သခင်အဖြစ် အသိအမှတ်ပြုရပေမည်။
အနက်ရောင်အရိပ်၏စိတ်ကြီးဝင်မောက်မာမှုသည် အလွန်မြင့်မားပေရာ မည်သည်ကြောင့် သူ့အား လုယွီ၏ထိန်းချုပ်ခွင့်ပြုနိုင်မည်နည်း။
"ခင်ဗျား...ဒါဆိုလည်း သေလိုက်တော့"
လုယွီသည် ဘေးပတ်ဝန်းကျင်ရှိ မိုးကြိုးလျှပ်စီးလှိုင်းများကိုထိန်းချုပ်ပြီး အနက်ရောင်အရိပ်ထံသို့ ကျဆင်းသွားစေသည်။
အစောပိုင်းက သူ ကျင့်ကြံနည်းစနစ်များအား သင်ယူနေခဲ့သည့် အစစ်အမှန်အကြောင်းအရင်းမှာ တစ်ဖက်တွင် သူ၏မြင့်မြတ်ဧကရာဇ်ရွှေခန္ဓာကိုယ်ကို မွမ်းမံရန်ဖြစ်သည်။တစ်ခြားတစ်ဖက်တွင် သူသည် အချိန်ဆွဲပြီး သူ၏စိတ်အာရုံကိုခွဲ၍ မိုးကြိုးငါးသွယ်သမာဓိအပ်နှင်းခြင်းနည်းစနစ်ကို လေ့ကျင့်နေခြင်းဖြစ်ပေ၏။
Chapter 1485
မြောက်များစွာသောလျှပ်စီးမိုးကြိုးလှိုင်းများသည် အနက်ရောင်ပုံရိပ်၏ခန္ဓာကိုယ်ပေါ်သို့ အဆက်မပြတ်ကျဆင်းနေသည်။
"ဟား ဟား ဟား...မင်းက အရူးပဲ...ငါက ရှေးခတ်အချိန်ကာလကတည်းက အသက်ရှင်သန်လာတာ...မင်းလို့ စိတ်ကြီးဝင်မောက်မာနေတဲ့ ကောင်လေးတစ်ယောက်က ငါ့ကို ဘယ်လိုလုပ်ပြီးသတ်နိုင်မှာလဲ...အရူးလိုလုပ်နေတာတွေ ရပ်လိုက်စမ်းပါ...ဒီမိုးကြိုးလျှပ်စီးတွေက ငါ့ကိုအယားပြေစေရုံပဲရှိတယ်"
အနက်ရောင်ပုံရိပ်က ကျယ်လောင်စွာအော်ဟစ်ရယ်မောပြီးပြောဆိုသည်။
လုယွီ၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိချေ။သူက မိုးကြိုးငါးသွယ်သမာဓိအပ်နှင်းခြင်းနည်းစနစ်ကို ဆက်လက်၍ထိန်းချုပ်နေပြီး မိုးကြိုးလျှပ်စီးလှိုင်းများအား အနက်ရောင်အရိပ်ထံသို့ ပြင်းပြင်းထန်ထန် ကျရောက်စေသည်။
"ဒါက ဘာနာကျင်မှုမှမရှိဘူး ကောင်လေးရဲ့...မင်း မြည်းစမ်းကြည့်မလား"
"ဒါက အသုံးမဝင်ဘူး...ဒီလျှပ်စီးမိုးကြိုးတွေက ငါ့ကို ထိခိုက်နာကျင်အောင် မလုပ်နိုင်ဘူး"
သို့ရာတွင် လုယွီသည် အနက်ရောင်အရိပ်ပြောဆိုသမျှအား မကြားချင်ယောင်ဆောင်နေသည်။မရေမတွက်နိုင်သော လျှပ်စီးမိုးကြိုးလှိုင်းများသည် ပို၍ပြင်းထန်စပြုလာပေ၏။
ဘုန်း...ဘုန်း...ဘုန်း...
အချိန်အတော်ကြာပြီးနောက် လုယွီသည် ရပ်တန့်မည့်ပုံမရှိသည်ကို ကြည့်ပြီး အနက်ရောင်ပုံရိပ်က တိတ်ဆိတ်ငြိမ်သက်သွားသည်။
"မင်းက ငါ့ရဲ့သခင်ဖြစ်ချင်တာ သေချာလား"
အနက်ရောင်အရိပ်က အံ့တင်းတင်းကြိတ်၍ ပြောဆိုသည်။
လုယွီက တည်ငြိမ်စွာ ပြောဆိုလိုက်၏။
"တကယ်လို့ ခင်ဗျားရဲ့အစစ်အမှန်စိတ်ဝိညာဥ်ကို ကျုပ် မထိန်းချုပ်ထားရင်...ဘယ်လိုလုပ်ပြီး စိတ်အေးအေးနေလို့ရမှာလဲ"
လုယွီသည် ထိုအနက်ရောင်ပုံရိပ်၏သရုပ်မှန်ကို မသိသော်လည်း ရှေးခေတ်အချိန်ကာလမှနေ၍ ယခုချိန်ထိ အသက်ရှင်နေသူဖြစ်သဖြင့် စိတ်ဝင်စားနေမိသည်။
"ကောင်းပြီလေ...မင်း တကယ်လိုချင်တယ်ဆိုမှတော့...ငါ့ရဲ့အစစ်အမှန်စိတ်ဝိညာဥ် မင်းကိုပေးမယ်"
အနက်ရောင်ပုံရိပ်သည် သူ၏စိတ်အား ပြင်ဆင်လိုက်ပုံရသည်။ထို့နောက် သူထံမှနေ၍ အနီရောင်အလင်းတန်းတစ်ခု ပျံဝဲထွက်လာပြီး လုယွီ၏မျက်ခုံးနှစ်ခုကြားသို့ တိုးဝင်သွားပေ၏။
ရုတ်ချည်းဆိုသလိုပင် လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပြီး မည်သည့်လှုပ်ရှားမှုမျှ မရှိတော့ချေ။
သူ့ရှေ့ရှိအစစ်အမှန်စိတ်ဝိညာဥ်တွင် အဆုံးမရှိသောစွမ်းအားများပါဝင်နေလေရာ သူ၏စိတ်ဝိညာဥ်အား ဆုတ်ဖြဲနေသကဲ့သို့ ခံစားရသည်။
လုယွီ၏လှုပ်ရှားမှုကင်းမဲ့သွားသည်နှင့် မိုးကြိုးလျှပ်စီးလှိုင်းများ ချက်ချင်းပင်ရပ်တန့်သွားသည်။
"မင်းက ငါ့ရဲ့သခင် တကယ်ဖြစ်လာမယ်လို့ မင်းကိုယ်မင်း ထင်နေတာလား...အစစ်အမှန်အင်မော်တယ်တွေတောင် ငါ့ရဲ့ သခင်အဖြစ်အသိအမှတ်ပြုခံရတာမဟုတ်ဘူး...ငါ့ရဲ့အစစ်အမှန်စိတ်ဝိညာဥ်ကစွမ်းအားကို မင်း တောင့်ခံနိုင်မှာမဟုတ်ဘူး"
သရော်တော်တော်အမူအယာနှင့်အတူ အနက်ရောင်ပုံရိပ်သည် လုယွီထံသို့ ခြေလှမ်းတစ်လှမ်းခြင်း လျှောက်လှမ်းလာသည်။
"ငါ့ရဲ့ခန္ဓာကိုယ်က ပျက်စီးသွားပြီ...ဒီကောင်လေးရဲရုပ်ခန္ဓာကိုယ်က မဆိုးဘူး...ဒါပေမယ့် ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်တွေကို နည်းနည်းထပ်ပြီး ကျင့်ကြံဖို့တော့ လိုအပ်လိမ့်မယ်"
အနက်ရောင်ပုံရိပ်သည် လုယွီ၏အနီးသို့ချဥ်းကပ်သွားပြီး ခြေဆုံးခေါင်းဆုံး ကြည့်နေလေ၏။
"အရိုးအရွတ်နဲ့ကြွက်သားတွေ ထိန်းညှိထားတာကတော့ မဆိုးပါဘူး...ဒါပေမယ့် ငါ့ရဲ့ရုပ်ခန္ဓာကိုယfဖြစ်ဖို့အတွက်ကတော့ မလုံလောက်သေးဘူး"
အနက်ရောင်ပုံရိပ်သည် ရုတ်တရက် အနက်ရောင်အခိုးအငွေ့များကို ပါးစပ်အပြည့် မှုတ်ထုတ်လိုက်ပြီး လုယွီထံသို့ ကျရောက်သွားစေသည်။
လုယွီ၏ခန္ဓာကိုယ်မှနေ၍ အက်ကွဲသံများ ထွက်ပေါ်လာပေ၏။ဤအချိန်အခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်မှ အရိုးအရွတ်နှင့်ကြွက်သားများ ပို၍တောင့်တင်းသန်မာလာသည်။
ဤအချိန်တွင် လုယွီသည် သတိလစ်မေ့မျောသကဲ့သို့ဖြစ်နေသဖြင့် သူ၏ခန္ဓာကိုယ်မှ အရိုးအရွတ်နှင့်ကြွက်သားများ ပြောင်းလဲမှုကြောင့် နာကျင်လာမှုကို မည်သို့မျှ သတိမပြုမိချေ။
"အားနည်းတယ်....တော်တော်ကိုအားနည်းတာပဲ....ဒီမူလဘူတအကြွင်းမဲ့ခန္ဓာကိုယ်နည်းစနစ်က ကျင့်ကြံတဲ့ဘယ်သူကိုမဆို နတ်ဆိုးအဖြစ် ပြောင်းလဲသွားစေနိုင်တယ်....ဒီကျင့်ကြံနည်းစနစ်ကိုဖန်တီးခဲ့တဲ့သူမှာ ရည်ရွယ်ချက်ကောင်းရှိပုံမရဘူး"
"တကယ်လို့ ဒီကျင့်ကြံနည်းစနစ်ကို ကျွမ်းကျင်အောင်မြင်တဲ့အဆင့်ထိသာကျင့်ကြံပြီးရင် ဒီကောင်လေးသေဆုံးသွားမှာသေချာတယ်...ဟီး ဟီး...ဒါပေမယ့် မင်းရဲ့ခန္ဓာကိုယ်က ငါ့ရဲ့ထိန်းချုပ်မှုအောက်ကိုရောက်တော့မှာဆိုတော့ ငါ အဲ့ဒီလိုမျိုးလှည့်ဖျားခံမှာမဟုတ်ဘူး"
အနက်ရောင်ပုံရိပ်သည် ရုတ်တရက် လက်သင်္ကေတတစ်ခုကိုဖွဲ့စည်းလိုက်ရာ သူ၏လက်အတွင်းမှနေ၍ ခရမ်းရောင်ရောင်စဥ်တန်းများထွက်ပေါ်လာပြီး လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ကျရောက်သွားသည်။
ဘုန်းခနဲမြည်သံနှင့်အတူ လုယွီ၏ခန္ဓာကိုယ် ယခင်ထက်ပို၍အားကောင်းသွားသည်။ဤအချိန်အခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ အရိုးအရွတ်နှင့်ကြွက်သားများသည် အလင်းရောင်များဖြာထွက်နေပြီး နဂါးငွေ့တန်းမှကြယ်ရောင်များအလား တောက်ပလင်းလက်နေပေ၏။
အနက်ရောင်ပုံရိပ်သည် လုယွီအား အချိန်တခဏကြာ ခြေဆုံးခေါင်းဆုံးကြည့်ပြီး ခေါင်းညိမ့်နေလေသည်။
"မဆိုးပါဘူး....ငါ့အတွက်တော့ အဆင်ပြေသွားလောက်ပြီ...ဟား ဟား ဟား...ဒီကောင်လေးရဲ့ခန္ဓာကိုယ်ကိုအပိုင်စီးပြီးရင် ငါ အောင်အောင်မြင်မြင်နဲ့ အပြင်ကိုထွက်ခွာနိုင်တော့မယ်"
အနက်ရောင်ပုံရိပ်သည် ကျယ်လောင်စွာအော်ဟစ်ရယ်မောပြီး သူက လုယွီ၏စိတ်ဝိညာဥ်ပေါ်သို့ ခုန်အုပ်လိုက်သည်။
သို့ရာတွင် ရုတ်တရက် လုယွီ၏ခေါင်းထက်မှနေ၍ ဧရာမထိုက်ကျိစုပ်ဝဲကြီးတစ်ခု ထွက်ပေါ်လာသည်။
ထိုစုပ်ဝဲကြီးသည် အစပထမတွင် သိသာထင်ရှားခြင်းမရှိသော်လည်း ထိုအရာထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်၌ ပြင်းထန်သောလေပြင်းမုန်တိုင်းကြီးတစ်ခု ဖြစ်ပေါ်လာပေ၏။
အနက်ရောင်ပုံရိပ်သည် ထိုက်ကျိအမှတ်အသားကိုမြင်တွေ့ချိန်တွင် ကြွက်တစ်ကောင်သည် ကြောင်တစ်ကောင်အားတွေ့လိုက်သကဲ့သို့ စူးရှကျယ်လောင်စွာ အော်ဟစ်လေသည်။
"မင်းက ဒီအရာကို တကယ်ကြီးရထားတာလား...မဟုတ်ဘူး...ဒါက မဖြစ်နိုင်ဘူး"
သူသည် ထိုက်ကျိအမှတ်အသား၏စုပ်ဝဲအောက်မှ ချိုးဖျက်လွတ်မြောက်နိုင်ရန် ကြိုးစားလိုက်သည်။သို့ရာတွင် ထိုက်ကျိအမှတ်အသားကြောင့်ဖြစ်ပေါ်လာသော လေပြင်းမုန်တိုင်းသည် အလွန်အမင်းအားကောင်းသဖြင့် ချက်ချင်းပင် အနက်ရောင်ပုံရိပ်အား လွှမ်းခြုံသွားပေ၏။
Thank For Reading.