← Chapters

အခန်း (၁၅၁၁-၁၅၁၅)

Vol. 79 Ch. 1511-1515

အခန်း (၁၅၁၁-၁၅၁၅)

Vol. 79 Ch. 1511-1515

Chapter 1511

ပတ်ဝန်းကျင်ရှိကွန်ဖြူးရှပ်ကျောင်းတော်သားများသည် သူတို့အချင်းချင်း ပြောဆိုဆွေးနွေးနေကြ၏။သို့ရာတွင် သူတို့အားလုံးအနက် မည်သူတစ်ဦးတစ်ယောက်ကမျှ လုယွီကို အထင်ကြီးခြင်းမရှိချေ။

သူတော်စင်၏ကျမ်းဂန်အား ထိုးထွင်းသိမြင်နိုင်ရန်မှာ လွယ်ကူသောကိစ္စမဟုတ်ပေ။

အကယ်၍ တစ်စုံတစ်ယောက်သည် သူ၏စိတ်စွမ်းအားကိုအမှီပြု၍ လေ့လာဆင်ခြင်ပါက သူတော်စင်၏စိတ်ဆန္ဒကို မြင်ရရုံမျှသာရှိပေမည်။ထိုသူ၏ကျင့်ကြံဆင့်နယ်ပယ် လုံလောက်ခြင်းမရှိပါက သူတော်စင်၏ကျောက်စာမှနေ၍ တစ်စုံတစ်ခုကိုမျှ ထိုးထွင်းသိမြင်နိုင်မည်မဟုတ်ချေ။

ဆောင်းအန်းချီသည် သူမ၏လှပသောမျက်လုံးတစ်စုံဖြင့် လုယွီအားကြည့်လိုက်သော်လည်း မည်သည့်စကားကိုမျှ​ ပြောဆိုခြင်းမရှိပေ။

သို့ရာတွင် လီရှင်းကမူ သရော်တော်တော် ပြောဆိုနေသည်။

"ဘယ်ကျောင်းဆောင်ကနေ ဒီလိုတပည့်မျိုးရောက်လာတာလဲဆိုတာ ငါ သိချင်မိတယ်...သူက အဆင်အခြင်မဲ့ပြီး ရဲတင်းလွန်းတယ်...သူတော်စင်ရဲ့ကျမ်းဂန်းကို လွယ်လွယ်ကူကူ ထိုးထွင်းသိမြင်နိုင်မယ်လို့ တွေးထားပုံရတယ်...ဟား ဟား ဟား...သူက ဒီနေရာကိုလာပြီး သူကိုယ်သူ အရူးလုပ်နေတာပဲ"

တာဟေးက အထင်အမြင်သေးစွာဖြင့် ပြောဆိုသည်။

"ကောင်လေး မင်းပါးစပ်ကိုပိတ်ထားစမ်း...မင်းရဲ့မျက်နှာကို တခြားသူဖြတ်ရိုက်မှာကို လိမ်လိမ်မာမာနဲ့ စောင့်နေစမ်း...ပြီးတော့ ငါ အလှလေးတွေကြည့်နေတာကို ကွယ်မထားစမ်းနဲ့...ငါနဲ့ဝေးဝေးမှာ သွားနေစမ်း"

ဘာ....

လီရှင်းက အလွန်အမင်း ဒေါသထွက်သွားပေ၏။

"မင်း....စက်ဆုပ်ဖို့ကောင်းတဲ့မှော်သားရဲ...ဒီနေရာက ကွန်ဖြူးရှပ် ပညာရှင်တွေရဲ့ မြင့်မြတ်နယ်မြေ...မင်းက ထပ်ပြီး ရိုင်းရိုင်းပျပျတွေ ပြောဝံ့တယ်ပေါ့လေ...ကြည့်ရတာတော့ မင်းကို သင်ခန်းစာမပေးရင် အဆိုးအကောင်းကို မင်းသိမှာမဟုတ်ဘူး"

ဝှစ်...

လီရှင်း၏လက်ချောင်းထိပ်မှနေ၍ ရုတ်တရက်ဓားချီတစ်လှိုင်း ထွက်ပေါ်လာပြီး တာဟေးထံသို့ တန်းတန်းမတ်မတ်ဝင်လာသည်။

တာဟေး၏မျက်ခွံမျာမှေးစင်းသွားပြီး လီရှင်းအား အထင်အမြင်သေးသောအကြည့်ဖြင့် ကြည့်လိုက်၏။

ထိုအချိန်မှာပင် အောင်းကွမ်းသည် ခြေတစ်လှမ်းရှေ့တက်လိုက်သည်။သူထံမှနေ၍ ပြင်းထန်သောလေလှိုင်းတစ်ရပ် ရုတ်တရက်ထွက်ပေါ်လာပြီး ဓားချီလှိုင်းအား လေထုအတွင်းမှာပင် ပျက်ပြယ်သွားစေသည်။

လီရှင်းသည် ထိတ်လန့်တုန်လှုပ်သွားပြီး သူ၏အကြည့်က အောင်းကွမ်းထံသို့ကျရောက်သွားသည်။သူက အထင်သေးသောလေသံဖြင့် ပြောဆိုလေ၏။

"ဒါဆို ဟိုကောင်လေးက မိသားစုကြီးတစ်ခုက ရောက်လာတာပဲဖြစ်မယ်...သူက ကျောင်းတော်ကိုလာတာတောင် သက်တော်စောင့်ကိုခေါ်လာသေးတယ်...ငါက မင်းတို့လို မိသားစုကြီးကသူတွေကို တအားမုန်းတာပဲ...သူတို့က မိသားစုရဲ့စွမ်းအားကို အမှီပြုပြီး...သူတို့ဆန္ဒရှိသလို လုပ်နေကြတာ"

သူသည် အောင်းကွမ်းကို လုယွီ၏သက်တော်စောင့်အဖြစ် ယူဆလိုက်သည်မှာ သိသာထင်ရှားပေ၏။

တာဟေးသည် တုံ့ပြန်ပြောဆိုရန် ဟန်ပြင်လိုက်သော်လည်း ရုတ်တရက် သူ၏ခေါင်းမှ တင်းကြပ်နာကျင်လာမှုကို ခံစားရသည်။စူးရှပြင်းထန်သောနာကျင်မှုကြောင့် သူ၏သွားများပင် ကိုက်ခဲလာပေ၏။

"စကားအများကြီး မပြောနဲ့"

လုယွီသည် တာဟေး၏ခေါင်းကိုကိုင်ပြီး နောက်သို့တွန်းပို့လိုက်သည်။သူသည် တာဟေး၏အဆိပ်ပြင်းသောလျှာကို သတိပြုမိပြီးဖြစ်သည်။ကွန်ဖြူးရှပ်ပညာရှင်များသည် စကားအရာ၌ တာဟေး၏ပြိုင်ဘက်မဖြစ်နိုင်ချေ။တာဟေး လူဘယ်လောက်များများအား ရန်စပြီးပြီမှန်း သူ မသိတော့ပေ။

လီရှင်းက သရော်တော်တော်အကြည့်ဖြင့် လုယွီအား ကြည့်လိုက်သည်။

"သူတော်စင်ရဲ့ကျမ်းဂန်ကနေ ဘာထိုးထွင်းသိမြင်မှုရခဲ့လဲ...ဘာမှမရဘူးမလား..အခု မင်းကိစ္စပြီးသွားပြီဆိုမှတော့ မင်းရဲ့သောက်ရေးမပါတဲ့ခွေးကိုခေါ်ပြီး ဒီနေရာကမြန်မြန်ထွက်သွားစမ်း"

ပတ်ဝန်းကျင်ရှိကျောင်းတော်သားများက လှောင်ပြောင်ရယ်မောနေကြ၏။

ယခင်က ထိုကောင်လေးသည် အလွန်စိတ်ကြီးဝင်နေသော်လည်း ယခုလက်ရှိချိန်တွင်မူ အချိန်တခဏအကြာမှာပင် အဆုံးသတ်သွားလေပြီ။

သူသည် သူတော်စင်၏ကျမ်းဂန်ရှေ့၌ သတိလစ်မေ့မျောသွားခြင်း မရှိသော်လည်း မည်သည့်အရာကိုမျှ ထိုးထွင်းသိမြင်ခဲ့ပုံမရချေ။

"ဟူး...သူက ကျောင်းတော်ကိုဝင်လာတာ မကြာသေးတဲ့ လူသစ်တစ်ယောက်လေ...ဒါက သူ့ရဲ့ဘဝတလျှောက်လုံးမှာ အမှတ်ရနေမယ့် သင်ခန်းစာဖြစ်သွားမှာပဲ"

"သူက ဘယ်လိုလူစားမျိုးပါလိမ့်...သူ့ရဲ့နတ်ဆိုးသားရဲကရော ဘယ်လိုသားရဲမျိုးလဲ....ခွေးနက်ကြီးက ခုလောက်ထိစက်ဆုပ်ဖို့ကောင်းနေတာ သူ့သခင်ရဲ့သင်ကြားမှုညံဖျင်းလို့ပဲ"

စကားပြောဆိုနေသံများသည် အလွန်ကျယ်လောင်ပြီး လုယွီ ကြားသွားမည်ကို သူတို့က ဂရုမစိုက်ကြချေ။

တကယ်လို့ မင်းကြားရင်တောင်...ငါတို့ကို ဘာလုပ်နိုင်မှာမလို့လဲ....

သူတို့သည် ယခုမှကျောင်းတော်သို့ဝင်ရောက်လာသော တပည့်သစ်တစ်ယောက်အား မည်သို့မျှအလေးမစိုက်ကြချေ။

"မင်း သူတို့ပြောနေတာတွေ မကြားဘူးလား...ဘာလို့ မင်း ခုထိထွက်မသွားသေးတာလဲ...ဒီနေရာမှာနေပြီး မင်းကိုယ်မင်း အရှက်ခွဲနေတာလား"

မဟာကွန်ဖြူးရှပ်ပညာရှင်က အေးစက်တင်းမာသောအသံဖြင့် အော်ငေါက်လိုက်သည်။

လုယွီက လူအုပ်ကြီးအား ဝေ့ဝိုက်၍ကြည့်ကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။

"ငါက ဘာတစ်ခုကိုမှ ထိုးထွင်းသိမြင်မှုမရှိဘူးလို့ ​ဘယ်သူပြောတာလဲ"

သူက စားပွဲတစ်လုံး၏ရှေ့၌ ရုတ်တရက် ပလ္လင်ခွေထိုင်လိုက်ပြီး ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။

"အောင်းကွမ်း...မှင်နဲ့စုတ်တံ"

အောင်းကွမ်းသည် အလျင်စလိုပြေးလာပြီး မှင်နှင့်စုတ်တံကိုရှာဖွေကာ လုယွီထံ ပေးလိုက်၏။

"ဒါက....သူ တကယ်ပဲ တစ်ခုခုကို ထိုးထွင်းသိမြင်သွားတာများလား"

"ဟား ဟား ဟား...အဲ့ဒီကောင်လေးက ဟန်ဆောင်နေတာပါကွာ...လူအများကြီး သူ့ကိုကြည့်နေတဲ့အချိန်မှာ သူထွက်သွားရမှာကိုရှက်ရွံပြီး သူက ကြုံရာကျပန်းတစ်ခုခု ရေးမလို့ကြံစည်နေတာပဲ"

"သနားဖို့ကောင်းတာကတော့ မဟာကွန်ဖြူးရှပ်ပညာရှင် ဒီနေရာမှာရှိနေတယ်...သူ ဘယ်လောက်ပဲ လှည့်ဖျားရေးသားနေပါစေ မဟာကွန်ဖြူးရှပ်ပညာရှင်ကို အရူးလုပ်နိုင်မှာမဟုတ်ဘူး...သူကို ဖော်ထုတ်မိသွားတာနဲ့ ချက်ချင်းမောင်းထုတ်ခံရလိမ့်မယ်"

Chapter 1512

လူအုပ်ကြီး၏ထေ့လုံးငေါ့လုံးများအကြားတွင် လုယွီက စာစတင်ရေးသားလိုက်သည်။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူ၏လက်အတွင်းရှိစုတ်တံသည် လျှင်မြန်စွာယိမ်းနွဲ့နေပြီး ခွန်အားပြည့်ဝသောစာလုံးများက စာရွက်ပေါ်၌ ထင်ကျန်ရစ်ခဲ့သည်။

"ကောင်းလိုက်တဲ့လက်ရေး"

လုယွီ၏လက်ရေးကို တွေ့မြင်သောလူအားလုံးနီးပါး သူတို့၏စိတ်အတွင်းမှနေ၍ မချီးကျူးဘဲ မနေနိုင်ကြချေ။

လီရှင်းသည် မျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီး သူက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"ငါက ဆရာသခင်ဆီမှာ တချို့အချက်တွေကိုထောက်ပြပေးဖို့ လမ်းညွှန်ချက်ခံယူရဦးမှာ...ဟမ့်...မင်းရဲ့လက်ရေးလက်သား ဘယ်လောက်ပဲကောင်းနေနေ ဘာမှဖြစ်လာမှာမဟုတ်ဘူး...မင်းရဲ့ထိုးထွင်းသိမြင်နိုင်မှုကိုမရေးနိုင်ရင် ဘာမှအသုံးဝင်မှာမဟုတ်ဘူး"

မူလက သူသည် ဤနေရာ၌ သူ၏အမည်နာမအား လူအများသိအောင်ပြုလုပ်ရန် ရည်ရွယ်ထားသည်။

သို့ရာတွင် လုယွီသည် ရုတ်တရက်ရောက်ရှိလာပြီး သူထံသို့ကျရောက်နေသော မျက်လုံးအကြည့်များကို ဆွဲဆောင်သွားလေရာ သူ့အား အလွန်စိတ်မပျော်မရွှင် ဖြစ်သွားစေသည်။

လုယွီက အလွန်လျှင်မြန်စွာ ရေးသားနေသည်။အချိန်တိုအတွင်းမှာပင် စာရွက်တစ်ရွက်လုံးတွင် စာလုံးများဖြင့် ပြည့်နှက်သွားပေ၏။

"ထူးဆန်းလိုက်တာ...သူက ဘာလို့ ဒီလောက်အများကြီး ရေးနိုင်ရတာလဲ"

"သူဆီမှာ တကယ်ကိုပဲ စွမ်းရည်တချို့ ရှိနေတာများလား"

ကွန်ဖြူးရှပ်ကျောင်းတော်သားများသည် အလွန်အမင်း ဝေခွဲရခက်နေကြသည်။သူတို့အားလုံးသည် လုယွီ၏ရေးသားနေမှုကို အံ့အားသင့်တုန်လှုပ်စွာဖြင့် စူးစိုက်၍ကြည့်လိုက်မိ၏။

သူတော်စင်၏ကျမ်းဂန်ရှေ့၌ အချိန်တခဏသာထိုင်ပြီး တစ်ချက်ကြည့်ရုံမျှဖြင့် ဤမျှထိ ထိုးထွင်းသိမြင်နိုင်သည်ဟူသည်မှာ ဖြစ်နိုင်ချေရှိသလော။

စာရွက်တစ်ရွက်...နှစ်ရွက်...အချိန်တခဏအကြာမှာပင် လုယွီ၏နံဘေး၌ စာရွက်ခုနစ်ရွက် ရှစ်ရွက်ခန့် ထွက်ပေါ်လာသည်။

"မဖြစ်နိုင်ဘူး"

လီရှင်းသည် စူးရှရှအော်ဟစ်ပြီး သူက လုယွီရေးသားထားသောစာရွက်များအနက်မှတစ်ရွက်ကို ကောက်ယူလိုက်သည်။

အကြည့်တစ်ချက်ဖြင့်ပင် ထိုစာသားများသည် သူတော်စင်၏ကျမ်းဂန်အား ထိုးထွင်းသိမြင်နိုင်မှုကို ရေးသားထားခြင်းဖြစ်ကြောင်း သူ သိရှိလိုက်ရသဖြင့် အလွန်အမင်းတုန်လှုပ်ချောက်ချားသွားသည်။

သူ မည်သို့မျှမယုံကြည်နိုင်သဖြင့် နောက်ထပ်စာရွက်များကို ကောက်ယူပြီး လှန်လှောကြည့်လေသည်။ရုတ်တရက် သူက စာသားတချို့အား တွေ့ရှိမိသည်နှင့် ရယ်မောပြီး ပြောဆိုလိုက်သည်။

"ဟား ဟား ဟား...မင်းက ကြုံရာကျပန်းရေးနေတယ်ဆိုတာ ငါ သိသားပဲ...မင်းရဲ့ထိုးထွင်းသိမြင်နိုင်မှုက ဒီနေရာမှာ မှားယွင်းနေတယ်"

မဟာကွန်ဖြူးရှပ်ပညာရှင်သည်လည်း လျှောက်လှမ်းလာပြီး လီရှင်းရှာတွေ့ထားသော အမှားကိုကြည့်ကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

လုယွီ ရေးသားထားသော ထိုးထွင်းသိမြင်မှုနှင့် ယခင်က သူတို့ရှာဖွေတွေ့ရှိထားသောအရာတွင် ကြီးမားသောကွာဟချက်ကြီးရှိနေသည်။

"ဒီနေရာ...ပြီးတော့ ဒီနေရာမှာရောပဲ...မင်း မှားသွားပြီ...ဟူး...."

လီရှင်းက သက်ပြင်းတစ်ချက်ရှိုက်ပြီး သူ၏မျက်လုံးအတွင်း၌ အထင်အမြင်သေးသောအရိပ်အယောင်များ ထင်ဟပ်နေပေ၏။

သို့ရာတွင် လုယွီသည် စာရေးသားခြင်းအား ရပ်တန့်ခြင်း မရှိသေးချေ။သူက စာရွက်တစ်ရွက်ပြီးတစ်ရွက် ရေးသားနေသည်။

အလွန်လျှင်မြန်စွာဖြင့် လုယွီသည် စာလုံးရေနှစ်ထောင်ခန့်ပါဝင်သောစာတမ်းအား ရေးသား၍ပြီးသွားခဲ့သည်။သို့သော် သူ၏စာရေးသားနေမှု ပြီးဆုံးခြင်းမရှိသေးချေ။

ထိုမြင်ကွင်းကိုမြင်သည်နှင့် လီရှင်းက ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်သည်။

"ဟား ဟား ဟား...မင်းက ထင်ရာမြင်ရာ စွတ်ရေးနေတဲ့ကောင်ပဲ...ဘာလဲ...မင်း အခု အခက်အခဲတွေ့နေပြီမလား....မင်းရဲ့စာရွက်တွေကို မဟာကွန်ဖြူးရှပ်ပညာရှင်ဆီပေးပြီး ဒီနေရာက ချက်ချင်းထွက်သွားစမ်း"

သူရေးသားသော ထိုးထွင်းသိမြင်မှုစာတမ်းနှင့် ယခင်က ကွန်ဖြူးရှပ်ပညာရှင်များ ရေးသားထားသည်ကို ပေါင်းလျှင်ပင် စာလုံးရေနှစ်ထောင်သာရှိသည်။

သူတို့သည် သူတော်စင်ကျမ်းဂန်၏ ပထမဆုံးအပိုင်းနှစ်ပိုင်းကို အပြည့်အဝထိုးထွင်းသိမြင်နိုင်ပြီးဖြစ်သည်။မည်သည်ကြောင့် ထိုထက်ပိုမိုသော အကြောင်းအရာများ ရှိနိုင်မည်နည်း။

"ဆရာသခင်...ကျွန်တော်နဲ့ဂျူနီယာညီမဆောင်ကို ကွမ်ချောင်အဆောင်ထဲကို ခေါ်သွားပေးပါတော့...ဒီအသုံးမကျတဲ့ကောင်ကိုကြည့်ဖို့အတွက်နဲ့ ဆရာသခင်ရဲ့အချိန်တွေကိုမဖြုန်းသင့်ဘူး"

လီရှင်းက ပြောဆိုသည်။

မဟာကွန်ဖြူးရှပ်ပညာရှင်သည် သူ၏ခေါင်းကိုခါယမ်းပြီး သက်ပြင်းတစ်ချက်ချလိုက်၏။

"ကောင်းပြီလေ....သွားကြစို့"

သူသည် လုယွီအပေါ်၌ မျှော်လင့်ချက်တချို့ထားခဲ့သည်။သို့ရာတွင် ယခုလက်ရှိအချိန်၌ လုယွီသည် ဆက်လက်ရေးသားနေဆဲဖြစ်သည်ကိုကြည့်ပြီး သူ၏စိတ်နှလုံးသားအတွင်းရှိ မျှော်လင့်ချက်အလင်းရောင် ပျောက်ကွယ်သွားသည်။

မဟာကွန်ဖြူးရှပ်ပညာရှင်သည် ရှင်းရှင်းလင်းလင်းပြောဆိုခြင်းမရှိသော်လည်း သူတော်စင်၏ကျမ်းဂန်အပေါ် ထိုးထွင်းသိမြင်မှုအား လုယွီက လှည့်ဖျား၍ရေးသားနေခြင်းသည် သမင်ဖြူကျောင်းတော်တစ်ခုလုံးတွင် သူ၏နာမည်ဂုဏ်သတင်း ပျက်ပြားသွားပေမည်။အကယ်၍ သူ့အားမောင်းထုတ်မည်သူမရှိလျှင်ပင် သမင်ဖြူကျောင်းတော်၌ ဆက်လက်၍နေထိုင်နိုင်မည် မဟုတ်တော့ချေ။

ဆောင်အန်းချီကမူ တိတ်တဆိတ်စောင့်ကြည့်နေပြီး သူမ၏မျက်လုံးအတွင်း၌ မည်သည့်စိတ်ခံစားချက်မျိုးမျှရှိမနေပေ။

ကွန်ဖြူးရှပ်ကျောင်းတော်သားတချို့ မတ်တတ်ထရပ်၍ ဤနေရာမှထွက်ခွာသွားစဥ်မှာပင် ရုတ်တရက် သူတို့၏နောက်မှနေ၍ အံ့အားတသင့်ရေရွတ်သံများကို ကြားလိုက်ရသည်။

"ဘာတွေဖြစ်နေတာလဲ"

လီရှင်းက စိတ်မကျေမနပ်ဖြင့် မေးမြန်းလိုက်၏။

"စီနီယာအကိုလီ...အဲ့ဒီကောင်လေးရဲ့လက်ထဲကစာရွက်ကို ကြည့်ကြည့်အုံး"

ကွန်ဖြူးရှပ်ကျောင်းတော်သားတစ်ယောက်က လုယွီထံ လက်ညှိုးညွှန်၍ ပြောဆိုသည်။

လုရှင်းသည် နောက်သို့လှည့်ကြည့်လိုက်ရာ လုယွီ၏ရှေ့ရှိ စာရွက်များမှနေ၍ တောက်ပသောအလင်းရောင်များ ဖြာထွက်နေသည်ကို တွေ့မြင်မိပေ၏။

လုယွီက နောက်ထပ်မှင်စက်တစ်စက်ချလိုက်၏။

ဘုန်း...

စာရွက်တစ်ရွက်လုံး ပေါက်ကွဲသွားပြီး အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားသော်လည်း မှင်စာလုံးများသည် ပျက်ပြယ်သွားခြင်းမရှိဘဲ လေထုအတွင်း၌ မျောလွင့်နေသည်။

ဤှအချိန်တွင် လုယွီသည် စာရွက်ကိုပင် အသုံးပြုခြင်းမရှိတော့ဘဲ သူ၏စုတ်တံကိုအသုံးပြုကာ လေထုအတွင်း၌ စာရေးသားနေသည်။

"သူ...သူက လေထဲမှာ စာရေးနေတာလား"

ကွန်ဖြူးရှပ်ကျောင်းတော်သားတစ်ယောက်က အံ့အားတသင့်ရေရွတ်လိုက်သည်။

Chapter 1513

ဆောင်အန်းချီသည် သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ဘဲ လေထုအတွင်းသို့ မော့ကြည့်လိုက်သည်။သူမ၏မျက်လုံးအတွင်း၌ အံ့အားသင့်သောအရိပ်အယောင်များ ဖြတ်ပြေးသွားပေ၏။

လီရှင်းက အသံပြတ်ပြတ်ဖြင့် အော်ဟစ်လိုက်သည်။

"မျက်စိကိုလှည့်ဖျားပြီး လူတွေကိုမှင်တက်စေတဲ့အဆင့်နဲ့များ.."

သူက ရှေ့သို့ခြေတစ်လှမ်းတက်ပြီး သူ၏အင်္ကျီလက်ကိုဝှေ့ယမ်းလိုက်ရာ လေပြင်းများတိုက်ခတ်လာပြီး လေထုအတွင်းရှိစာလုံးများကိုပျက်ပြယ်သွားစေရန် ကြံရွယ်လိုက်သည်။

ဟူး...

လေပြင်းများ တိုက်ခိုက်နေသော်လည်း လုယွီသည် ရွေ့လျားသွားခြင်းမရှိဘဲ လေထုအတွင်းမှစာလုံးများသည်လည်း လှုပ်ရှားသွားခြင်းမျိုးမရှိသည့်အပြင် စားပွဲပေါ်ရှိ စာရွက်များပင် လှုပ်ခတ်သွားခြင်းမရှိချေ။

"ငါ ဒါကိုမယုံကြည်နိုင်ဘူး"

လီရှင်းသည် လေထုအတွင်းရှိစာလုံးများကို ပျက်ပြယ်သွားစေရန်ရည်ရွယ်၍ သူ၏လက်ကိုဆန့်တန်းလိုက်သည်။

သို့ရာတွင် လီရှင်း၏လက်သည် စာလုံးများအားထိတွေ့မိသည်နှင့် သူ၏မျက်နှာအမူအယာပျက်ယွင်းသွားပြီး သူ၏လက် တိမ်းစောင်းသွားပေ၏။

လေထုအတွင်း၌မျောလွင့်နေသောစာလုံးများသည် ပုံရိပ်ယောင်သာဖြစ်ပြီး ထိတွေ့ကိုင်တွယ်၍မရသော်လည်း နှိုင်းယှဥ်ပြစရာမရှိသည်အထိ လေးလံနေသည်။

လီရှင်းသည် ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း သူ့ပေါ်သို့ တောင်ကြီးတစ်လုံး ဖိနှိပ်ထားသကဲ့သို့ ခံစားရပေ၏။

မဟာကွန်ဖြူးရှပ်ပညာရှင်သည် ထိုမြင်ကွင်းကိုမြင်ချိန်တွင် သူ၏မျက်လုံးအတွင်း၌ အံ့အားသင့်သောအရိပ်အယောင်များ ပြည့်နှက်သွားပြီး လေထုအတွင်းရှိစာလုံးများထံသို့ သူ၏လက်ကိုဆန့်တန်းလိုက်သည်။

သူက စာလုံးတစ်လုံးအား ထိတွေ့မိသည်နှင့် ရုတ်တရက် ထိတ်လန့်တကြား အော်ဟစ်လိုက်၏။

"စာလုံးတစ်လုံးက တောင်တစ်လုံးအတိုင်းပါပဲလား"

မဟာကွန်ဖြုးရှပ်ပညာရှင်သည် ယခင်ကကဲ့သို့ လုယွီအပေါ် အထင်အမြင်သေးခြင်းမရှိတော့ချေ။သူသည် ရှေ့သို့အလျှင်အမြန်တိုး၍ လုယွီ၏ထိုးထွင်းသိမြင်မှုများကို စစ်ဆေးလိုက်သည်။

ထိုစာရွက်များအား ယခင်က သူ ဂရုတစိုက် မကြည့်ခဲ့မိချေ။ယခု သူ ထိုစာရွက်များအား ဂရုတစိုက်ဖတ်ရှုမိချိန်တွင် လုယွီ၏ထိုးထွင်းသိမြင်မှု အလွန်သိမ်မွေ့နက်နဲသည်ကို တွေ့မြင်မိပေ၏။သူ အချိန်ယူ၍ တွေးတောသည့်တိုင် လုယွီ၏ထိုးထွင်းသိမြင်မှုများကို နားလည်သဘောပေါက်နိုင်စွမ်းမရှိချေ။

"ဒါကမှ သူတော်စင်ကျမ်းဂန်ရဲ့အစစ်အမှန်ထိုးထွင်းသိမြင်မှုလား...ဘာလို့... ဘာလို့ ဒီလောက်အများကြီးဖြစ်နေတာလဲ"

မဟာကွန်ဖြူးရှပ်ပညာရှင်သည် ကြက်သေသေသွားပေ၏။

သူ၏ထိုးထွင်းသိမြင်နိုင်မှုအရ သူတော်စင်၏ကျမ်းဂန်တွင် အပိုင်းနှစ်ပိုင်းသာပါရှိသည်။သို့ရာတွင် ယခင်ကောက်ချက်ချထားမှုများအရ သူတို့၏ထိုးထွင်းသိမြင်နိုင်မှုများသည် ပြည့်စုံခြင်းမရှိသေးချေ။ထို့ကြောင့် သမင်ဖြူကျောင်းတော်သည် သူတော်စင်၏ကျမ်းဂန်အား တပည့်များကို လေ့လာဆင်ခြင်ခွင့်ပြုခဲ့သည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီ ရေးသားထားသောစာသားများသည် သူ၏ခန့်မှန်းနိုင်စွမ်းထက် ကျော်လွန်နေသည်။

"သူက သူတော်စင်ရဲ့တခြားကျမ်းဂန်တွေကိုပါ ရေးသားထားတာများလား...ဒါပေမယ့် အဲ့ဒါလည်းမဟုတ်လောက်ဘူး...သူက တခြားကျမ်းဂန်တွေကို မြင်တောင်မှမမြင်ဖူးဘူလေ"

မဟာကွန်ဖြူးရှပ်ပညာရှင်သည် လုယွီ လှည့်ဖျားရေးသားထားခြင်းရှိ မရှိကို မဝေခွဲတက်တော့ချေ။အမှန်အားဖြင့် ဤကဲ့သို့ ထိုးထွင်းသိမြင်မှုစာတမ်းမျိုးအား သူ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်သည်။

တခြားကွန်ဖြူးရှပ်ကျောင်းတော်သားများသည် ထိုမြင်ကွင်းကိုမြင်သည်နှင့် အလျင်စလိုရှေ့တိုးလာပြီး နံဘေးဘက်မှ စောင့်ကြည့်နေကြ၏။

တဖြည်းဖြည်း လုယွီ၏နံဘေးပတ်ဝန်းကျင်၌ လူများ တစတစပိုမိုများပြားလာသည်။မြောက်များစွာသောကွန်ဖြူးရှပ်ကျောင်းတော်သားများသည် ပလ္လင်ခွေထိုင်ပြီး လုယွီ၏ထိုးထွင်းသိမြင်နိုင်မှုများ ရေးသားထားခြင်းကို တိတ်တဆိတ် ကြည့်ရှုနေကြ၏။

"ဒီလိုအယူအဆမျိုးကို ငါ ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးဘူး"

"ဒါက အရမ်းကိုသိမ်မွေ့နက်နဲလွန်းတယ်....တစ်ချက်ကြည့်လိုက်ရုံနဲ့တင် ငါ့ရဲ့ကွန်ဖြူးရှပ်တာအိုအပေါ်မှာ ထိုးထွင်းသိုမြင်နိုင်မှု နည်းနည်းတိုးတက်သွားတယ်"

ဆောင်အန်းချီပင်လျှင် လုယွီ၏နံဘေး၌ တိတ်ဆိတ်ငြိမ်သက်စွာ ပလ္လင်ခွေထိုင်ပြီး စောင့်ကြည့်နေပေ၏။

"ဘာများ ကြည့်စရာရှိလို့လဲ....ဒါက မျက်စိကိုလှည့်စားနိုင်တဲ့ နည်းစနစ်တစ်မျိုးပဲဖြစ်မှာ....မင်းတို့က ဒါကို အလေးအနက်ထားနေကြတယ်"

လီရှင်း၏မျက်နှာ ရှုံမဲ့နေပြီး သူက အထင်အမြင်သေးသောလေသံဖြင့် ပြောဆိုသည်။သူ၏မောက်မာဝံ့ကြွားသော အပြုအမူကြောင့် လုယွီရေးသားထားသော စာအတွင်းမှနက်နဲသိမ်မွေ့မှုများအား သူ ထွင်းဖောက်မြင်နိုင်စွမ်းမရှိချေ။

လီရှင်း စိတ်မကျေမနပ်ဖြစ်နေစဥ်မှာပင် လုယွီ၏ရှေ့ရှိ စာလုံးများမှနေ၍ ရွှေရောင်အလင်စတန်းများ ထပ်မံ၍ဖြာထွက်လာသည်။

ထိုရွှေရောင်အလင်းတန်းများ ဖြာထွက်လာခြင်းနှင့်အတူ ပိန်ပါးပါးအဖိုးအိုတစ်ယောက်သည် သူတော်စင်ကျမ်းဂန်၏အထက် လေထုအတွင်း၌ ထွက်ပေါ်လာပေ၏။

အဖိုးအိုထွက်ပေါ်လာသော အချိန်အခိုက်အတန့်တွင် ယခုလက်ရှိနေရာ၌ရှိနေသူတိုင်းသည် သူတို့၏မျက်နှာပေါ်သို့ အလင်းတန်းတချ်ု့ကျရောက်လာသကဲ့သို့ ခံစားမိသည်။

ဒေါင်....ဒေါင်...ဒေါင်....

သမင်ဖြူကျောင်းတော်၏ခေါင်းလောင်းကြီးသည် ရုတ်တရက် ကိုးကြိမ်တိုင်တိုင် မြည်ဟီးသွားသည်။

"ဒါက သူတော်စင်တစ်ပါး ဆင်းသက်လာတာပဲ"

"သူတော်စင်ဆင်းသက်လာရအောင် ဘာကိစ္စတွေ ဖြစ်နေလို့လဲ"

"ဒါက....ဒီကောင်လေးရေးသားတဲ့ စာတမ်းကြောင့်များ သူတော်စင်က ဆင်းသက်လာတာလား...ငါ ဒါကို စိတ်ကူးတောင် မယဥ်ခဲ့ဖူးဘူး"

လေထုအတွင်းရှိ အဖိုးအို၏ပုံရိပ်ကိုမြင်ချိန်တွင် ကွန်ဖြူးရှပ်ကျောင်းတော်သားများသည် အံ့အားသင့်တုန်လှုပ်နေကြပြီး သူတို့၏စိတ်နှလုံးသားအတွင်း၌ ရိုသေကျိုးနွံသောခံစားချက်မျိုး ပေါက်ဖွားလာသည်။

လူအားလုံး၏အကြည့်များအောက်၌ အဖိုးအိုသည် တဖြည်းဖြည်း သူ၏ပါးစပ်ကိုဖွင့်ဟ၍ စကားပြောဆိုလိုက်၏။

"ငါ့နာမည်က ကျစ်ရုန်"

Chapter 1514

"လွန်ခဲ့တဲ့ အနှစ်တစ်ထောင်လောက်တုန်းက ငါ့မှာ ဟန်ယန်းလို့ခေါ်တဲ့ ညီအကိုတစ်ယောက်ရှိခဲ့ဖူးတယ်...ငါက ကွန်ဖြူးရှပ်တာအိုမှာထူးချွန်သူတစ်ယောက်ဖြစ်ပေမဲ့ ငါ့ရဲ့သဘောထားက အေးစက်တယ်...ငါတို့ညီအကိုနှစ်ယောက်က နှစ်အနည်းလောက်အငြင်းပွားခဲ့ကြပြီးတော့ အဆုံးသတ်တစ်နေ့မှာတော့ ငါတို့အဆုံးအဖြတ်တိုက်ပွဲတစ်ခုဆင်နွှဲဖို့ သဘောတူညီခဲ့ကြတယ်...ရှုံးနိမ့်သူက ကျင့်ကြံဆင့်ကိုဖျက်ဆီးပြီး သေဆုံးခြင်းနဲ့ သူ့ရဲ့စိတ်ဆန္ဒကိုပြသရမယ်ဆိုပြီးတော့ပေါ့"

"အဲ့ဒီစကားစစ်ထိုးပွဲမှာ ငါနဲ့ဟန်ယန်းက သုံးရက်သုံးညလုံး ငြင်းခုံဆွေးနွေးခဲ့ကြတယ်...အဆုံးသတ်မှာ ငါနဲ့ဟန်ယန်းက သရေကျသွားတယ်....ဒါပေမယ့် ငါက ဒီရလဒ်ကိုလက်မခံနိုင်ဘူး"

"မိုးကောင်းကင်တာအိုက တုန်လှုပ်ချောက်ချားဖို့ကောင်းတယ်...ငါက နောက်ထပ်အဆင့်တစ်ဆင့် တက်လှမ်းချင်ပြီးတော့ ငါ့ရဲ့ရှုံးနိမ့်မှုကို ဝန်မခံချင်ဘူး ..ဒါကြောင့် ငါက စာပေအရှိန်အဝါရှိတဲ့ နေရာတစ်ခုကိုရွေးချယ်ပြီး အမွေအနှစ်တွေချန်ထားခဲ့ဖို့ ဆုံးဖြတ်ခဲ့တယ်...ငါ့ရဲ့သင်ကြားမှုကို ထိုးထွင်းသိမြင်နိုင်တဲ့သူကို ငါဘဝတလျှောက်လုံးလေ့လာခဲ့တဲ့ ကွန်ဖြူးရှပ်တာအိုသဘောတရားတွေ လက်ဆင့်ကမ်းခဲ့ချင်လို့ပဲ"

အဖိုးအိုကျစ်ရုန်၏အသံသည် အမြင့်မြတ်ဆုံးကောင်းကင်ဘုံမှဆင်းသက်လာသယောင်ထင်ရပြီး တည်ကြည်လေးနက်မှု ခမ်းနားထည်ဝါမှုတို့နှင့် ပြည့်နှက်နေသည်။

ကွန်ဖြူးရှပ်ကျောင်းတော်သားများသည် ထိုစကားများကိုသွားချိန်တွင် သူတို့၏စိတ်နှလုံးသားတစ်ခုလုံး မုန်တိုင်းထန်သွားပေ၏။

မဟာကွန်ဖြူးရှပ်ပညာရှင်က တုန်ရီနေသောအသံဖြင့် မေးမြန်းသည်။

"စီနီယာက ကွန်ဖြူးရှပ်သူတော်စင်ကျစ်ရုန်လား"

ရှေးခေတ်အချိန်ကာလများတွင် ကွန်ဖြူးရှပ်ဝါဒနှင့်ပတ်သက်၍ ကျောင်းတော်နှစ်ခုရှိသည်။ကျောင်းတော်တစ်ခုမှာ စိတ်မနောဝါဒီဖြစ်ပြီး တခြားတစ်ခုမှာ ဒဿနိကဝါဒီဖြစ်သည်။

ထိုကျောင်းတော်နှစ်ခုတွင် မတူကွဲပြားသော အတွေးအခေါ်များရှိနေသဖြင့် နှစ်ဖက်လုံးမှပညာရှင်များသည် အမြဲတစေအငြင်းပွါးနေကြပြီးတခြားတစ်ဖက်မှမှားယွင်းသည်ကို သက်သေပြလိုကြသည်။

ထိုကျောင်းတော်နှစ်ခုလုံး၏ သူတော်စင်များပင်လျှင် မကြာခဏ အငြင်းပွားလေ့ရှိသည်။

လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်ခန့်တွင် ကောင်းကင်ဘုံသို့တက်လှမ်းသွားနိုင်သော နောက်ဆုံးကွန်ဖြူးရှပ်ပညာရှင်မှာ ဟန်ယန်းဖြစ်သည်။သူတို့ရှေ့ရှိပုံရိပ်သည် သူတော်စင်ဟန်ယန်းနှင့်မျိုးဆက်တူ သူတော်စင်တစ်ယောက်ဖြစ်နေမည်ဟု သူတို့အားလုံး မျှော်လင့်မထားမိကြချေ။

"သူတော်စင်ကို အရိုအသေပြုပါတယ်"

ကွန်ဖြူးရှပ်ကျောင်းတော်သားများအားလုံးသည် အဖိုးအိုကျစ်ရုန်အား တပြိုင်နက်တည်း အရိုအသေပြုလိုက်ကြ၏။

ငါက အရှုံးအနိုင်ပေါ်တဲ့အထိ မင်းနဲ့ငြင်းခုံမယ်...တကယ်လို့သရေကျသွားရင်တောင် ငါ လက်မခံနိုင်ဘူး....

သူ၏အတွေးအခေါ်များသည် တစ်ဖက်လူအား လွှမ်းမိုးနိုင်ခြင်းမရှိဟု ဝန်ခံရမည်ထက် အဖိုးအိုကျစ်ရုန်သည် သေခြင်းကို ရွေးချယ်ခဲ့သည်။

ဤစိတ်ဆန္ဒသည် အလွန်တုန်လှုပ်ချောက်ချားဖွယ်ရာပင်။

အဖိုးအိုကျစ်ရုန်က လေသံဖျော့ဖျော့ဖြင့် ပြောဆိုသည်။

"ငါ့ရဲ့ ကွန်ဖြူးရှပ်တာအိုနဲ့ပတ်သက်တဲ့ အသိပညာဗဟုသုတတွေကို အမွေဆက်ခံနိုင်သူမရှိမှာကို ငါမလိုလားခဲ့ဘူး...ဒီပုံရိပ်ယောင်က ငါဒီလောကကြီးအတွင်းမှာ နောက်ဆုံးချန်ထားခဲ့တဲ့ အကြွင်းအကျန်စိတ်ဝိညာဥ်ပဲ"

"မင်းတို့အားလုံး...မင်းတို့ရဲ့ကျင့်ကြံမှုကို အာရုံစိုက်ထားကြ...ငါ့ရဲ့တာအိုလမ်းကြောင်း အထီးကျန်မဆန်ဖို့ ငါ မျှော်လင့်တယ်"

ရုတ်တရက် တောက်ပနေသော ရွှေရောင်အလင်းလုံးများသည် ပတ်ဝန်းကျင်နေရာတစ်ခုလုံးမှလူများ၏ ခန္ဓာကိုယ်များပေါ်၌ ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် ရွှေရောင်အလင်းလုံး၏လွှမ်းခြုံမှုခံရသော လူအားလုံးသည် သူတို့၏စိတ်ဝိညာဥ်အတွင်းသို့ အလင်းတန်းတစ်ခု ဖြတ်သန်းစီးဆင်းလာသည်ကို ခံစားမိပေ၏။

သူတို့အားလုံးသည် လျှပ်စီးနှင့်ရိုက်ခတ်ခံရသကဲ့သို့ ခံစားလိုက်ရပြီး သူတို့၏ကွန်ဖြူးရှပ်တာအိုကျင့်ကြံဆင့်များသည် လျှင်မြန်သောအရှိန်ဖြင့် တိုးတက်သွားသည်။

"ငါ...စောင့်ပါဦး"

လီရှင်းသည် အလွန်အမင်း စိတ်လှုပ်ရှားနေပေ၏။ဤကဲ့သို့ အစွမ်းထက်သူတော်စင်မျိုးနှင့် ကြုံတွေ့ရမည်ဟု သူ မျှော်လင့်မထားမိချေ။

သူသည် မောက်မာဝံ့ကြွားသူတစ်ယောက်ဖြစ်သော်လည်း ကွန်ဖြူးရှပ်သူတော်စင်၏အမွေအနှစ်နှင့် ဆက်စပ်နေသဖြင့် သူ မဖြစ်မနေ ရယူရပေမည်။

သို့ရာတွင် လူအုပ်ကြားသို့ သူ ပြေးဝင်သွားချိန်၌ ရွှေရောင်အလင်းလုံးများ ပျောက်ကွယ်သွားပြီးဖြစ်သည်။

မြောက်များစွာသောကွန်ဖြူးရှပ်ကျောင်းတော်သားများသည် လေ့လာသင်ယူမှုအခြေအနေ၌ နစ်မြုပ်နေကြသည်။သူတို့၏မျက်လုံးများကို စုံမှိတ်ထားကြပြီး သူတို့၏နှုတ်မှ တီးတိုးရေရွတ်နေကြကာ နစ်စုံတစ်ခုကို လေ့လာဆင်ခြင်နေပုံရသည်။

လီရှင်းအတွက် အရာအားလုံး နောက်ကျသွားလေပြီ။

မဟာကွန်ဖြူးရှပ်ပညာရှင်က ရုတ်တရက် သူ၏မျက်လုံးများကိုဖွင့်ကာ ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်သည်။

"ငါ့ရဲ့ဘဝမှာ ကွန်ဖြူးရှပ်တာအိုနယ်ပယ်ကို ထပ်ပြီးချိုးဖျက်နိုင်တော့မယ်...ဟား ဟား ဟား"

အူလှိုက်သည်းလှိုက်ရယ်မောသံကြီးသည် လေထုအတွင်း၌ ပဲ့တင်ထပ်နေပြီး ပတ်ဝန်းကျင်၌သမာဓိချီများဂယက်ထလာကာ မဟာကွန်ဖြူးရှပ်ပညာရှင်ရှိနေသောနေရာ၌ စုဝေးသွားသည်။

ပတ်ဝန်းကျင်ရှိလူများသည် ထိုမြင်ကွင်းကိုမြင်ချိန်တွင် သူတို့က အံ့အားသင့်တုန်လှုပ်နေသောအကြည့်များဖြင့် မဟာကွန်ဖြူးရှပ်ပညာရှင်အား ကြည့်လိုက်ကြသည်။

သို့ရာတွင် မကြာမီမှာပင် သူတို့က အသိစိတ်ပြန်ဝင်သွားကြပြီး သူတို့လက်ခံရရှိထားသော အမွေအနှစ်များကို လေ့လာဆင်ခြင်နေကြ၏။

"သူတော်စင်ရဲ့အမွေအနှစ်က တကယ့်ကိုအံ့အားသင့်စရာကောင်းတာပဲ"

"ငါ ဆယ်နှစ်လောက်ပင်ပင်ပန်းပန်းကြိုးစားရမယ့်အဆင့်မျိုးကို ချက်ချင်းရောက်သွားပြီ...မဟုတ်သေးဘူး...ငါ့ရဲ့အနာဂတ်ကွန်ဖြူးရှပ်တာအိုလမ်းကြောင်းက ပိုပြီးရှင်းလင်းသွားပြီ"

ဤကဲ့သို့အမွေဆက်ခံမှုမျိုးအား သူတို့၏ဘဝတသက်တာတွင် တစ်ကြိမ်ကြုံတွေ့ရန်ပင် မလွယ်ကူခဲ့ချေ။

အဖိုးအိုကျစ်ရုံသည် သူ၏အမွေအနှစ်များ ပျောက်ကွယ်မသွားစေရန်အလို့ငှာ ကွန်ဖြူးရှပ်တာအိုအပေါ် သူ၏ထိုးထွင်းသိမြင်မှုများကို လက်ဆင့်ကမ်းပေးခဲ့ရုံသာမက သူ၏ကျင့်ကြံခြင်းအတွေ့အကြုံတချို့ကိုလည်း သင်ကြားပေးခဲ့သည်။

ဤအချိန်လွန်မြောက်ပြီးနောက်တွင် သမင်ဖြူကျောင်းတော်၌ ပါရမီရှင်များ ပို၍များပြားလာတော့မည်ဟု ပြောနိုင်ပေ၏။

"ငါ...ငါ ဒီအခွင့်အရေးကို လွဲချော်သွားပြီ"

လီရှင်းသည် အမွေအနှစ်ဆက်ခံရရှိပြီး လေ့လာဆင်ခြင်မှု၌ နစ်မြုပ်နေကြသော သူ၏နံဘေးပတ်ဝန်းကျင်ရှိ လူများကိုကြည့်၍ သူ၏မနာလိုအားကျစိတ်များကို ထပ်မံ၍ ထိန်းချုပ်မထားနိုင်တော့ချေ။

Chapter 1515

"ဒီလူအိုကြီးက မိတ်ဆွေလေးရဲ့ကူညီပေးမှုအတွက် ကျေးဇူးတင်ပါတယ်"

ရုတ်တရက် မဟာကွန်ဖြူးရှပ်ပညာရှင်သည် လုယွီအား ဦးညွှတ်၍ ပြောဆိုလိုက်၏။

ကျန်ရှိနေသော ကွန်ဖြူးရှပ်ကျောင်းတော်သားများကလည်း တစ်ယောက်ပြီးတစ်ယောက် လုယွီအား ဂါရဝပြုလိုက်ကြ၏။

သူတော်စင်၏ကျမ်းဂန်အပေါ် လုယွီ၏ထိုးထွင်းသိမြင်မှုသာမရှိပါက သူတို့အားလုံး ဤအမွေအနှစ်ကို ဆက်ခံနိုင်မည်မဟုတ်မှန်း သူတို့ အလွန်ရှင်းလင်းစွာ သိနားလည်ပေ၏။

ယခင်က သူတို့သည် လုယွီအား မှားယွင်းပြီး အပြစ်တင်မိခဲ့ကြသည်။

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

"ဒါက အဆင်ပြေပါတယ်...ငါက စည်းမျဥ်းအတိုင်း လိုက်နာရုံပါပဲ"

သူသည် ဤနေရာသို့ သူတော်စင်၏အမွေအနှစ်အား ဆက်ခံလို၍ လာခဲ့ခြင်းမဟုတ်ဘဲ လုဝမ်ရှင်းအား တွေ့လိုသောကြောင့်ဖြစ်သည်။

သူတော်စင်၏အမွေအနှစ်အတွက်မူ လုယွီသည် ဒဿနိကကွန်ဖြူးရှပ်တာအိုသဘောတရားတချို့ကို သင်ယူနိုင်ခဲ့သည်။

မဟာကွန်ဖြူးရှပ်ပညာရှင်၏နံဘေး၌ရှိနေသော ဆောင်အန်းချီသည် သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ဘဲ လုယွီအား ခဏခဏခိုးကြည့်နေမိ၏။

သူတော်စင်ကျစ်ရုန်ထွက်ပေါ်လာချိန်မှစ၍ ယခုချိန်ထိတိုင် လူအမြောက်အများ စိတ်လှုပ်ရှားနေသော်လည်း လုယွီကမူ အလွန်တည်ငြိမ်အေးချမ်းနေသည်။

ဤကိစ္စများအားလုံးသည် ထူးဆန်းအံ့ဖွယ်ဟု မဆိုနိုင်သည့်တိုင် ကြုံတွေ့ရန်လွယ်ကူသောအရာများမဟုတ်ချေ။

သူရှေ့ရှိလူငယ်သည် အသက်နှစ်ဆယ်ခန့်သာဖြစ်ပုံရပြီး အလွန်ငယ်ရွယ်သည်။သူ၏စိတ်ပိုင်းဆိုင်ရာအား ဤအဆင့်ထိရောက်အောင် မည်သို့ကျင့်ကြံခဲ့သနည်း။

လုယွီသည် မဟာကွန်ဖြူးရှပ်ပညာရှင်အား ဦးညွှတ်၍ ပြောဆိုလိုက်သည်။

"ကျေးဇူးပြုပြီး ကျွန်တော်ကို ကျောင်းအုပ်ကြီးလုဆီ ခေါ်သွားပေးလို့ရမလား"

မဟာကွန်ဖြူးရှပ်ပညာရှင်က အပြုံးနှင့်ပြောဆိုသည်။

"ငါ ခုထိ မင်းရဲ့နာမည်ကိုတောင် မသိရသေးဘူး...ငါ မင်းကို ကျောင်းအုပ်ကြီးနဲ့ တွေ့ဖို့ အကြောင်းကြားပေးမယ်လေ"

"ဟုတ်ကဲ့...ကျွန်တော်က တကယ်တော့...."

လုယွီက သူ၏သရုပ်မှန်ကို ထုတ်ဖော်ပြောလိုခဲ့သည်။

သို့သော် ထိုအချိန်မှာပင် လီရှင်းက ရုတ်တရက်ကြားဖြတ်နှောက်ယှက်လိုက်၏။

"နေပါဦး"

လီရှင်းက အသံနက်ကြီးဖြင့် ပြောဆိုသည်။

"ဆရာသခင်....ဒီကောင်လေးက ကျောင်းတော်ထဲကိုခိုးဝင်လာတဲ့ သူလျှိုတစ်ယောက်ဖြစ်မယ်လို့ ကျွန်တော် သံသယရှိတယ်"

"လီရှင်း...စကားမလွန်စေနဲ့"

ယခင်က သူသည် လီရှင်းအပေါ်၌ အမြင်ကောင်းရှိသည်။သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် လူအများ၏မြင်ကွင်းရှေ့၌ သူတော်စင်ကိုပင် ဆင့်ခေါ်နိုင်ခဲ့သူဖြစ်သည်။

လီရှင်းက အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။

"ဆရာသခင်...လွန်ခဲ့တဲ့ရက်အနည်းလောက်တုန်းက ကျောင်းအုပ်ကြီးလုပ်ကြံခံရတဲ့ အကြောင်းကိုတော့ မေ့မသွားလောက်ပါဘူးနော်"

သူ ထိုစကားကိုပြောဆိုလိုက်သည်နှင့် ပတ်ဝန်းကျင်အခြေအနေများ ပြောင်းလဲသွားသည်။မဟာကွန်ဖြူးရှပ်ပညာရှင်သည် ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်သည်။သူက လုယွီအား စိတ်ရှုပ်ထွေးမှုနှင့်ဇဝေဇဝါဖြစ်မှုများ ရောယှက်နေသောအကြည့်ဖြင့် စူးစိုက်ကြည့်နေပေ၏။

အမ်...

လုယွီ၏စိတ်နှလုံးသား လေးလံထိုင်းမှိုင်းသွားသည်။သူ၏အဒေါ်သည် သမင်ဖြူကျောင်းတော်၏ကျောင်းအုပ်ကြီး ဖြစ်နေသည့်တိုင် လုပ်ကြံခံရခြင်းမျိုး ရှိနေသေးသလော။

လုယွီက အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

"လုပ်ကြံမှုက ဘယ်လိုဖြစ်သွားလဲ"

မည်သူသည် အတင့်ရဲပြီး သူ၏မိသားစုဝင်အား လုပ်ကြံရန် သတ္တိရှိနေသည်ကို သူ မြင်တွေ့လိုပေ၏။

လီရှင်းက သရော်တော်တော် ပြောဆိုသည်။

"မင်းက ရူးချင်ယောင်ဆောင်နေတာလား...ဟား ဟား ဟား...မင်းရဲ့လှည့်စားမှုတွေကို ငါ ဘာလို့သတိပြုမိသွားတယ်လို့ မင်းထင်လဲ...မင်းကိုကြည့်ရတာ ကွန်ဖြူးရှပ်ကျောင်းတော်သားတစ်ယောက်ပုံရတယ်...ကံဆိုးချင်တော့ မင်းရဲ့မှော်သားရဲက မင်းကိုဖော်ထုတ်ပေးလိုက်တာပဲ"

"ငါတို့ ကွန်ဖြူးရှပ်ကျောင်းတော်သားတွေက ငါတို့ရဲ့ခန္ဓာကိုယ်ကိုကျင့်ကြံပြီး စိတ်နေသဘောထားကို ပြုစုပျိုးထောင်တယ်...ငါတို့က မှော်သားရဲတွေမွေးမြူရင် တကယ်လို့ သူတို့ရဲ့စရိုက်က ဆိုးရွားနေရင်တောင် တဖြည်းဖြည်းနဲ့ အသိဥာဏ်တွေပေါက်ဖွားလာတယ်...မင်း ဒီခွေးနက်ကြီးကိုဘယ်နေရာကရလာတာလဲ...သူ့ရဲ့စရိုက်က အရမ်းရိုင်းပျပြီး စက်ဆုပ်ရွံရှာဖို့ကောင်းတယ်"

တာဟေးက အပြုံးနှင့်အတူ သူ၏သွားစွယ်များကို ဖြဲပြလိုက်၏။

"ကောင်စုတ်လေး...မင်း စကားတစ်ခွန်းထပ်ပြောရဲရင် ငါ မင်းကို သေသွားတာထက်ပိုပြီး ဆိုးဆိုးရွားရွားခံစားရအောင်လုပ်ပြမယ်"

"ကြည့်အုံး....ကြည့်ကြအုံး...သူက အခု ငါ့ကိုတောင်ခြိမ်းခြောက်နေတယ်...သမင်ဖြူကျောင်းတော်လိုမြင့်မြတ်တဲ့နေရာမျိုးမှာတောင် သူက ငါကို ခြိမ်းခြောက်ဝံ့တယ်ပေါ့လေ"

လီရှင်းက ဖြောင့်မတ်မှန်ကန်ပြီး စိတ်ကြီးဝင်မောက်မာသောအမူအယာဖြင့် ပြောဆိုသည်။

"ငါက မင်းရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူးဆိုပေမယ့်...ငါက ကိစ္စတစ်ခုကို ရင်ဆိုင်ဖြေရှင်းတဲ့နေရာမှာ အကြောင်းပြချက်နဲ့ပြောဆိုတက်ပြီးတော့ တစ်လက်မမှတောင် အလျှော့မပေးနိုင်ဘူး"

လုယွီက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။

"မင်း ဘာလုပ်ချင်လို့လဲ"

ထိုလီရှင်းဟူသောကောင်သည် သူ့အား အလွန်ပင်စိတ်အနှောက်အယှက် ပေးနေလေ၏။

လီရှင်းက အေးစက်စက်နှာမှုတ်လိုက်သည်။

"ဟမ့်...မင်း ငါနဲ့အတူ အပြစ်ပေးခန်းမကိုသွားပြီး နှံ့နှံ့စပ်စပ် စစ်ဆေးခံရမယ်...တကယ်လို့ မင်းကသာ တစ်ဖက်ကလွှက်လိုက်တဲ့ သူလျှိုတစ်ယောက်ဖြစ်နေရင်...ကျောင်းအုပ်ကြီးက အန္တရာယ်နဲ့ထပ်ကြုံတွေ့ရမယ်မဟုတ်လား"

All Chapters