← Chapters

အနီရောင် မိုးကြိုးတိမ်တိုက်နှင့် တောင်အောက်သို့ ဆင်းသက်ခြင်း

Vol. 18 Ch. 263

အနီရောင် မိုးကြိုးတိမ်တိုက်နှင့် တောင်အောက်သို့ ဆင်းသက်ခြင်း

Vol. 18 Ch. 263

~တာအိုရှာဖွေခြင်း ကျောင်းတော်၌၊

နင်ချီသည် သူ ကိုယ်တိုင် ဖန်တီးထားသော လျှို့ဝှက်နည်းစနစ်ကြီး နှစ်ခုကို ပြန်လည်ဆန်းစစ် လေ့လာနေခြင်း ဖြစ်ပေသည်။

ဆောင်းရာသီ၏ ဆီးနှင်းဖြူဖြူတို့ ကျဆင်းနေသော်ငြားလည်း ဉာဏ်အလင်း လက်ဖက်ပင်ကြီးမှာမူ မူလအတိုင်း စိမ်းလန်းစိုပြည်နေဆဲပင်။ ထိုအပင်အောက်၌ တင်ပျဉ်ခွေ ထိုင်နေသော နင်ချီသည် သဘာဝတရားနှင့် တစ်သားတည်း ဖြစ်နေသယောင် ရှိပြီး ဉာဏ်အလင်းပွင့်သော အခြေအနေသို့ လွယ်ကူစွာ ရောက်ရှိနေလေ၏။

ကောင်းကင်နှင့် မြေကြီး စွမ်းအား အမျှင်တန်းလေးများသည် သူ့ခန္ဓာကိုယ် ပတ်ပတ်လည်၌ ဝဲပျံနေကြပြီး အကာအကွယ် အလွှာပါးလေး

တစ်ခုအဖြစ် ဖွဲ့စည်းထားကြသည်။

သို့သော်ငြားလည်း ပို၍ အံ့သြစရာကောင်းသော အပြောင်းအလဲ တစ်ခုမှာ နင်ချီ၏ ခန္ဓာကိုယ် အတွင်းပိုင်း၌ ဖြစ်ပျက်နေခြင်း ဖြစ်ချေသည်။

ဓားစိတ်ဆန္ဒ များသည် ထူးခြားသော စည်းချက်တစ်ခုဖြင့် တုန်ခါနေပြီး၊ ဝမ်းဗိုက်ထဲရှိ မူလအမြုတေကလည်း မရပ်မနား လည်ပတ်နေတော့သည်။

သန့်စင်သော ချီစွမ်းအားများသည် သတ်မှတ်ထားသော လမ်းကြောင်းအတိုင်း စီးဆင်းသွားပြီးနောက် ဓားစိတ်ဆန္ဒများနှင့် ထူးဆန်းစွာ ပေါင်းစပ်သွားကြလေသည်။ နောက်ဆုံးတွင် အလွန်ထက်ရှသော စွမ်းအားတစ်ခု မွေးဖွားလာပြီး သူ့ခန္ဓာကိုယ်ထဲ၌ ကိန်းအောင်းသွားတော့သည်။

“ဒါက... ဒါက မူလ နတ်ဘုရား ဓားချီပဲ”

နင်ချီ၏ ရင်ထဲ၌ ပီတိလှိုင်းလုံးများ ဖြတ်သန်းသွားရ၏။ ဤစွမ်းအားသည် သူ၏ နာမည်ကျော် 'ကောင်းကင်ဘုံ ဓားသိုင်း' ထက်ပင် သာလွန်နေသည် မဟုတ်ပါလော။

ဤ လျှို့ဝှက်နည်းစနစ်၏ အဓိက သော့ချက်မှာ ဓားချီအား ပြုစုပျိုးထောင်ခြင်းပင် ဖြစ်သည်။

မူလ နတ်ဘုရား အာရုံ၏ စွမ်းအား၊ ဓားစိတ်ဆန္ဒနှင့် ချီ သုံးမျိုးကို ပေါင်းစပ်လိုက်သောအခါ ကမ္ဘာပျက်မတတ် ကြောက်မက်ဖွယ် ကောင်းသော ဓားချီ တစ်ခု ဖြစ်ပေါ်လာခြင်း ဖြစ်ပေသည်။

နင်ချီ၏ တွက်ချက်မှုအရ ပြောရမည်ဆိုလျှင် ယခု သူ ပိုင်ဆိုင်ထားသော မူလ နတ်ဘုရား ဓားချီ သည် အစစ်အမှန်နှင့် ယှဉ်လျှင် ရေရောထားသော ဗားရှင်း သာ ဖြစ်သေးသည်။

အဘယ်ကြောင့်ဆိုသော် အစစ်အမှန် ဓားချီကို ထုတ်ဖော်ရန်အတွက် ချီစွမ်းအင် မဟုတ်ဘဲ၊ ကောင်းကင်နှင့် မြေကြီး စွမ်းအားကို တိုက်ရိုက် သန့်စင်ထားသော စွမ်းအားမျိုး လိုအပ်သောကြောင့်ပင်။

နင်ချီသည် သက်ပြင်းတစ်ချက်ကို ဖွဖွချလိုက်မိလေသည်။

“ငါ မြင်ခဲ့ရတဲ့ ပုံရိပ်တွေအရဆိုရင် ရှေးခေတ်က မူလ ဓားအရိုး ပိုင်ရှင်တွေဟာ မွေးကတည်းက ကောင်းကင်မြေကြီး စွမ်းအားကို စုပ်ယူနိုင်ကြတာကိုး... ဒါကြောင့် သူတို့ရဲ့ ပါရမီစွမ်းရည်တွေက မွေးကတည်းက အဆမတန် ကြမ်းနေကြတာ... နောက်ပိုင်းခေတ်မှာ ပေါ်လာတဲ့ ဓားအရိုး ပိုင်ရှင်တွေကတော့ ဒီစွမ်းရည်ကို နိုးထချင်ရင် သိုင်းသူတော်စင် နယ်ပယ် အထိ အရင် တက်လှမ်းရမယ် ထင်တယ်”

“ထားလိုက်ပါတော့လေ... အဲဒါက အရင်ခေတ်က အကြောင်းတွေပါ... အခု ငါ ဖန်တီးလိုက်တဲ့ နည်းစနစ်က သိုင်းသူတော်စင် စွမ်းအားအစား

ချီနဲ့ အစားထိုးထားတာ ဆိုတော့ စွမ်းအား နည်းနည်း လျော့သွားပေမယ့် သုံးလို့တော့ ရနေတာပဲ”

စွမ်းအား လျော့သွားသည် ဆိုသော်လည်း လုံးဝ အထင်သေး၍ မရပေ။ ယခုလက်ရှိ 'မူလ နတ်ဘုရား ဓားချီ သည် နင်ချီ၏ အပြင်းထန်ဆုံး တိုက်ခိုက်မှု ဖြစ်လာခဲ့ပြီ ဖြစ်သည်။ 'ကောင်းကင်ဘုံ ဓားသိုင်း' ကို အစွမ်းကုန် ထုတ်သုံးလျှင်ပင် ဤဓားချီကို ယှဉ်နိုင်မည် မဟုတ်ချေ။

နင်ချီ၏ နှုတ်ခမ်းထောင့်စွန်းများသည် အနည်းငယ် ကွေးညွတ်သွားတော့၏။ ဒီတစ်ခါ အမြတ်ထွက်လိုက်သည်မှာ နည်းနည်းနောနော မဟုတ်ပါတကား။

ယနေ့အထိ...

နင်ချီ ကျင့်ကြံခဲ့သော 'ကောင်းကင်ဘုံ ဓားသိုင်း' သည် အရည်အသွေးထက် အရေအတွက်ကို ဦးစားပေးပြီး အနိုင်ယူသော လမ်းစဉ်သို့ ဦးတည်နေခဲ့သည်။ အကြောင်းမှာ သူ၏ စွမ်းအားအနှစ်သာရသည် အဆင့်မတက်သေးသလို၊ ဓားစိတ်ဆန္ဒကိုလည်း ရေတိုအတွင်း မြှင့်တင်ရန် မဖြစ်နိုင်သောကြောင့်ပင်။

အကယ်၍ နင်ချီသာ အစွမ်းကုန် ထုတ်သုံးလိုက်ပါက ဓားပျံပေါင်း တစ်ထောင်ကျော်ကို ဆင့်ခေါ်ပြီး 'ကြယ်တာရာ တစ်ထောင် ဓားအခင်းအကျင်း'ကို ခင်းကျင်းနိုင်မည် ဖြစ်သည်။

အကယ်၍သာ ကောင်းကင်ဘုံလူသား နယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိသွားပါက 'ဓားပေါင်းစုံ မူလအမြစ်သို့ ပြန်လည်စီးဆင်းခြင်း' အဆင့်သို့ ရောက်ရှိရန်မှာ မခဲယဉ်းတော့ပေ။

သို့သော် လောလောဆယ်တွင်မူ...

'မူလ နတ်ဘုရား ဓားချီ ၏ စွမ်းအားသည် 'ကြယ်တာရာ တစ်ထောင် ဓားကွက်' ကို ကျော်တက်သွားခဲ့ပြီ ဖြစ်သည်။

“နောင်တစ်ချိန် ငါ သိုင်းသူတော်စင် ဖြစ်လာပြီး ချီစွမ်းအား နေရာမှာ သိုင်းသူတော်စင် စွမ်းအားနဲ့ အစားထိုးလိုက်တဲ့ နေ့ကျရင်တော့... ဒီ ဓားချီရဲ့ စွမ်းအားအစစ်အမှန်ကို မြင်ရတော့မှာပဲ... သိုင်းသူတော်စင် အဆင့်ရောက်ရင်တောင် ဆရာတစ်ဆူ ဖြစ်စေမယ့် သိုင်းနည်းစနစ်မျိုးကွ”

နင်ချီသည် မူလ ဓားအရိုး၏ စွမ်းအင်ကို တွေးပြီး ကြက်သီးများပင် ထမိသွားရသည်။ တစ်ဆက်တည်းမှာပင် ဤခေတ်ကြီး၌ မူလ ဓားအရိုး ပျောက်ကွယ်သွားရခြင်းအတွက် နှမြောတသ ဖြစ်မိလေ၏။

သူသည် ခန္ဓာကိုယ်အတွင်းကို ပြန်လည် စစ်ဆေးလိုက်ပြီး အလွန်အစွမ်းထက်သော ဓားချီကို ခန္ဓာကိုယ် နက်ရှိုင်းသော နေရာတစ်ခုတွင် လျှို့ဝှက်စွာ သိမ်းဆည်းလိုက်တော့သည်။

ဤသည်မှာ လွယ်လွယ်နှင့် ထုတ်မသုံးမည့် သူ၏ ဝှက်ဖဲ ဖြစ်လာပေလိမ့်မည်။

ထို့နောက်...

သူသည် ဒုတိယမြောက် လျှို့ဝှက်နည်းစနစ်ကို စမ်းသပ်ရန် ပြင်ဆင်လိုက်လေသည်။

ထင်ယောင်ထင်မှား ချိုးဖျက်သော ရွှေရောင်မျက်လုံး ။

ဤသိုင်းနည်းစနစ်၏ စွမ်းဆောင်ရည်သည်လည်း ဓားချီနည်းတူ လျော့မည် မဟုတ်ပေ။ သို့သော် ဤသိုင်းနည်းစနစ်သည် တိုက်ခိုက်ရန်အတွက် မဟုတ်ချေ။

“ဒီ ရွှေရောင်မျက်လုံးကလည်း ဓားချီလိုပဲ... အပြည့်အဝ အသုံးချနိုင်ဖို့ဆိုရင် သိုင်းသူတော်စင် စွမ်းအား လိုအပ်တာပဲ... အခုတော့ ငါက ဉာဏ်နီဉာဏ်နက် သုံးပြီး ချီစွမ်းအင်နဲ့ အစားထိုးထားရတာ... ဒါပေမဲ့ ရလဒ်ကတော့ ရှယ်ပဲဟေ့”

နင်ချီ စိတ်ကူးလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ မျက်လုံးအိမ်ထဲမှ ရွှေရောင်အလင်းတန်းများ ဖျတ်ခနဲ ထွက်ပေါ်လာကာ ခန့်ညားထည်ဝါသော အရှိန်အဝါတစ်ခု လွှမ်းခြုံသွားလေသည်။

သူ့အကြည့် ရောက်သွားရာ နေရာတိုင်းရှိ အရာဝတ္ထုများသည် ကားကို 'Slow Motion' ရစ်ကြည့်နေရသကဲ့သို့ နှေးကွေးသွားတော့၏။ လေထဲတွင် ဝဲပျံနေသော နှင်းပွင့်များသည် လေပေါ်တွင် ရပ်တန့်လုနီးပါး ဖြစ်သွားပြီး၊ လေတိုက်သံများသည်လည်း ရှည်လျားအက်ရှသော အသံများအဖြစ် ပြောင်းလဲသွားသည်။

ရှေ့မှ ဉာဏ်အလင်း လက်ဖက်ပင်ကြီးကို ကြည့်လိုက်သောအခါ သစ်ပင်၏ အမြစ်နှင့် ပင်စည်များအတွင်း၌ စီးဆင်းနေသော စွမ်းအင် အနှစ်သာရများကို အထင်းသား မြင်တွေ့လိုက်ရသည်။ ကောင်းကင်နှင့် မြေကြီး စွမ်းအားများကို ကြည့်လိုက်သောအခါ၌လည်း လေထုထဲတွင် ယှက်နွယ်နေသော မှော်စွမ်းအင် ကြောများကိုပါ မြင်တွေ့နေရလေသည်။

“ထင်ယောင်ထင်မှား ချိုးဖျက်တယ် ဆိုတဲ့အတိုင်းပဲ... ဒီလောကကြီးထဲက အရာအတော်များများက ငါ့မျက်လုံးရှေ့မှာ လျှို့ဝှက်ချက် မရှိတော့ဘူး... ဒါက ဉာဏ်အလင်းပွင့်ဖို့အတွက် အများကြီး အထောက်အကူ ပြုမှာ သေချာတယ်”

“ပြီးတော့ တိုက်ပွဲတွေမှာဆိုရင်လည်း ရန်သူ့ရဲ့ အခြေအနေမှန်ကို အလွယ်လေး မြင်နိုင်တော့မှာ... ကောင်းကင်မြေကြီး စွမ်းအားတွေ၊ ဓားစိတ်ဆန္ဒတွေ၊ ဓားမအလိုဆန္ဒတွေ... အကုန်လုံး ငါ့ရှေ့မှာ ဗလာကျင်းသလို ဖြစ်နေတော့မှာပဲ... သိုင်းသူတော်စင် အဆင့်နဲ့ ယှဉ်ရင်တောင်မှ ဒီမျက်လုံးက အသုံးဝင်မယ့်ပုံပဲ”

နင်ချီသည် သိုင်းသူတော်စင် နယ်ပယ်ကို မမြင်ဖူးသေးသော်လည်း သူ၏ ပင်ကိုအာရုံအရ ထိုသို့ ခံစားမိနေခြင်း ဖြစ်သည်။

ကြီးမားသော လျှို့ဝှက်နည်းစနစ် နှစ်ခုကို ဖန်တီးပြီးနောက် နင်ချီ၏ ယုံကြည်မှုသည် ပိုမို ခိုင်မာလာခဲ့ပြီ ဖြစ်သည်။

သူသည် ကောင်းကင်ယံကို မော့ကြည့်လိုက်ရင်း ရုတ်တရက် စူးစမ်းလိုစိတ် ပြင်းပြလာမိလေသည်။

“ဒီ ရွှေရောင်မျက်လုံးနဲ့များ မိုးကြိုးတားမြစ်နယ်မြေကို လှမ်းကြည့်လိုက်ရင် ဘယ်လိုနေမလဲ”

ဒီနေ့အတွက် ကျင့်ကြံခြင်း အစီအစဉ်တွေလည်း ပြီးဆုံးပြီဖြစ်၍ သူ စမ်းသပ်ကြည့်ချင်စိတ် ပေါက်လာခြင်း ဖြစ်သည်။

တိတ်ဆိတ်စွာပင်... နင်ချီသည် ကိုယ်ဖော့ပညာကို အသုံးပြု၍ ကောင်းကင်ပေါ်သို့ ပျံတက်သွားတော့သည်။ သူ၏ အမြန်နှုန်းမှာ လွန်စွာ မြန်ဆန်လှပြီး ခဏအတွင်းမှာပင် မိုးကြိုးတားမြစ်နယ်မြေ တည်ရှိရာ ကောင်းကင်ဘုံသို့ ရောက်ရှိသွားလေသည်။ ထိုနေရာတွင် မိုးကြိုးနဂါးများ သတ်ပုတ်နေကြသကဲ့သို့ မိုးကြိုးတိမ်တိုက်များသည် ဆူပွက်လူးလွန့်နေကြ၏။

နင်ချီ၏ မျက်လုံးများထဲမှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာပြီး မိုးကြိုးတားမြစ်နယ်မြေ အတွင်းပိုင်းသို့ ထိုးဖောက် ကြည့်ရှုလိုက်လေသည်။

အစပိုင်းတွင် သောင်းကျန်းနေသော မိုးကြိုးများသည် သူ့အမြင်အာရုံထဲတွင် နှေးကွေးသွားသည်။ သူ၏ အကြည့်သည် ဟင်းလင်းပြင်ကို ဖြတ်ကျော်၍ တားမြစ်နယ်မြေ၏ ပိုမိုနက်ရှိုင်းသော နေရာများသို့ ရောက်ရှိသွား၏။

ထိုနေရာတွင် ခရမ်းရောင်သန်းသော မိုးကြိုးမည်းများ၊ မိုးကြိုးမည်းပိန်းကြီးများ၊ အနက်နှင့် အနီ ရောစပ်နေသော မိုးကြိုးများ... နှင့်... သွေးရောင်လွှမ်းနေသော မိုးကြိုးများ...။

ရေတွက်၍ မကုန်နိုင်သော ကြောက်မက်ဖွယ် မိုးကြိုးများသည် အတွင်းပိုင်း၌ ပြည့်နှက်နေကြသည်။ ၎င်းတို့ ထုတ်လွှတ်နေသော အရှိန်အဝါ တစ်ခုတည်းကပင် နင်ချီ၏ ဝိညာဉ်ကို တုန်လှုပ်သွားစေရန် လုံလောက်နေပေသည်။

သူသည် ထို့ထက်ပို၍ နက်ရှိုင်းသော နေရာကို ဆက်လက် ကြည့်ရှုရန် ကြိုးစားလိုက်သည်။ သို့သော် ရုတ်တရက်... သွေးရောင်အလင်းတန်း တစ်ခုသည် ကြောက်ခမန်းလိလိ စွမ်းအားဖြင့် ကောင်းကင်သို့ ထိုးတက်လာပြီး၊ နင်ချီ၏ အကြည့်ကြောင်းအတိုင်း ပြန်လည် ခြေရာခံ လိုက်ပါလာတော့သည်။

“ဟိုက်... သွားပြီ”

နင်ချီ လန့်ဖျပ်သွားပြီး သူ့ရင်ထဲတွင် အာမေဋိတ်သံများ ပွက်လောရိုက်သွားရသည်။

သူသည် ချက်ချင်းဆိုသလို ရွှေရောင်မျက်လုံး လျှို့ဝှက်နည်းစနစ်ကို ပိတ်ချလိုက်ပြီး အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ရ၏။ သို့တိုင်အောင် သူ့ရင်ထဲတွင် ကြောက်ရွံ့မှု အကြွင်းအကျန်များ ရှိနေဆဲပင်။

“ကြောက်စရာ ကောင်းလိုက်တဲ့ သွေးရောင်မိုးကြိုး... ခန္ဓာကိုယ်တင် မကဘူး၊ ဝိညာဉ်နဲ့ စိတ်ဆန္ဒကိုပါ အမှုန့်ကြိတ်ပစ်မယ့် အငွေ့အသက်ကြီးပါလား”

သို့သော်... ကြောက်ရွံ့မှုနှင့်အတူ ပြင်းပြသော စူးစမ်းလိုစိတ် တစ်ခုလည်း နင်ချီ၏ ရင်ထဲတွင် နိုးထလာခဲ့ပြန်သည်။

“အဲ့ဒီ သွေးရောင်မိုးကြိုးတွေရဲ့ အလွန်... ဟိုး... အတွင်းဘက် အကျဆုံးမှာ ပိုပြီး ကြောက်စရာကောင်းတဲ့ မိုးကြိုးတွေ ရှိနေဦးမလား... ဒါမှမဟုတ်... မိုးကြိုး မဟုတ်တဲ့ တခြား သက်ရှိတွေများ ရှိနေမလား”

All Chapters