← Chapters

ကျန်းပိုင်ရှန်း၏ အန္တရာယ်

Vol. 18 Ch. 265

ကျန်းပိုင်ရှန်း၏ အန္တရာယ်

Vol. 18 Ch. 265

~ကျောက်တုံးနက် တောင်တန်းကြီးသည် မဟာယန်နိုင်ငံတော် နယ်နိမိတ်အတွင်း၌ အမည်ကျော်ကြားသော တောင်တန်းကြီးတစ်ခု ဖြစ်သည်။ အတွင်းပိုင်း အနက်ရှိုင်းဆုံး နေရာ၌ သားရဲဘုရင် အဆင့် သားရဲကြီးများ နေထိုင်ကျက်စားလေ့ ရှိကြ၏။

သာမန် သိုင်းပညာရှင်များအဖို့မူ ဤနေရာသို့ ခြေချမည်ဆိုပါက သတိကြီးကြီးထားရန် လိုအပ်ပေသည်။

သို့သော် နင်ချီအတွက်မူ ဒါက ကလေးကစားစရာလောက်ပင်။

ယခုအချိန်၌ သူ့ကို ခြိမ်းခြောက်နိုင်စွမ်း ရှိသော တစ်ခုတည်းသော အရာမှာ သားရဲဧကရာဇ် အဆင့်သာ ရှိတော့သည်။

နင်ချီသည် လမ်းမပေါ်တွင် ပေါ့ပေါ့ပါးပါး လျှောက်လှမ်းနေလေသည်။ လမ်းသွားလမ်းလာများက သူ့ကို သတိမထားမိကြ။ သူ၏ တည်ရှိမှုကို အနိမ့်ဆုံးအဆင့်အထိ လျှော့ချထားသောကြောင့် ဖြစ်သည်။

လူအချို့က သူ့ကို ကျော်လွန်သွားပြီးမှ သတိထားမိကြသော်လည်း၊ ပြန်စဉ်းစားကြည့်သောအခါ သူ၏ ရုပ်သွင်ပြင်ကို တိတိကျကျ မှတ်မိခြင်း မရှိကြဘဲ အံ့သြမှင်သက်ရုံသာ တတ်နိုင်ကြလေသည်။

နင်ချီသည် ရည်ရွယ်ချက်မဲ့ လျှောက်သွားနေခြင်းတော့ မဟုတ်ပေ။

စောစောက စားသောက်ဆိုင်ထဲတွင် ထောက်လှမ်းရေး သတင်းများအရ သံသယရှိဖွယ် လူအချို့ကို သူ အာရုံခံမိထားခဲ့ပြီး ဖြစ်သည်။ ထိုသူများ ကျောက်တုံးနက် တောင်တန်းကြီးဘက်သို့ ဦးတည်သွားနေသည်ကို သိလိုက်ရသည်နှင့် သူ ချက်ချင်း နောက်ယောင်ခံလိုက်တော့သည်။

ရှေ့နားတွင် လူသုံးယောက် ရှိနေ၏။ အမျိုးသား နှစ်ယောက်နှင့် အမျိုးသမီး တစ်ယောက်။ အားလုံးက လူလတ်ပိုင်း အရွယ်များ ဖြစ်ကြပြီး ရယ်မော စကားပြောဆိုသွားနေကြသည်။ အပေါ်ယံ ကြည့်လျှင်တော့ စွန့်စားခန်းထွက်မည့် သာမန် သိုင်းပညာရှင် အဖွဲ့တစ်ဖွဲ့နှင့် ဘာမျှ မခြားနားပေ။

သို့သော် တောင်တန်းနယ်နိမိတ်ထဲသို့ ခြေချလိုက်သည်နှင့် သူတို့၏ အမူအရာများ ချက်ချင်း ပြောင်းလဲသွားကြသည်။ အစပိုင်း၌ တန်းတူဆက်ဆံရေးဟု ထင်ရသော သုံးယောက်အဖွဲ့တွင် အမျိုးသမီးက ခေါင်းဆောင်အဖြစ် နေရာယူလိုက်လေသည်။

"သခင်မ... ကျွန်တော်တို့ အခု ဘယ်လို ဆက်လုပ်ကြမလဲ"

အမျိုးသား နှစ်ယောက်က ရိုသေစွာ မေးလိုက်သည်။

အမျိုးသမီးက ပြတ်သားစွာ ပြန်ဖြေလိုက်၏။

"ထုံးစံအတိုင်းပဲ ဆက်လုပ်မယ်"

ထိုစကားကို ကြားလိုက်ရတော့ နင်ချီ စိတ်လှုပ်ရှားသွားရသည်။

သူသည် 'တိတ်ဆိတ်ခြင်း နည်းစနစ်ကို အသုံးပြုကာ အသံတစ်ချက် မထွက်စေဘဲ နောက်မှ တိတ်တဆိတ် လိုက်ပါသွားခဲ့သည်။ သူတို့ သုံးယောက် တောထဲ လှည့်လည်သွားလာနေစဉ် ရံဖန်ရံခါ ဆန်းပြား သားရဲများနှင့် တွေ့ဆုံခဲ့သော်လည်း၊ သံလက်အိတ် စွပ်ထားသော အမျိုးသားက အလွယ်တကူပင် ရှင်းလင်းပစ်လိုက်သည်။

ထိုလူ၏ ကျင့်ကြံခြင်း အဆင့်မှာ ထောက်လှမ်းရေး သတင်းများတွင် ပါသည်ထက်ပင် ပိုမိုမြင့်မားနေပြီး မူလအမြုတေ နယ်ပယ် သို့ ရောက်ရှိနေသည်မှာ ထင်ရှားလှပေသည်။

နောက်ပိုင်းတွင်... သူတို့ သုံးယောက် ချိုင့်ဝှမ်းတစ်ခု၌ ရပ်တန့်လိုက်ကြသည်။

ချိုင့်ဝှမ်း အတွင်းပိုင်းမှ အသံနက်ကြီး တစ်ခု ထွက်ပေါ်လာ၏။

"စကားဝှက် နံပါတ် ဘယ်လောက်လဲ"

ခေါင်းဆောင် အမျိုးသမီးက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

"တောင်ပိုင်းနယ်စပ်က ‘အနီစက်လေး’ ပါ... မြင့်မြတ်သော ဂိုဏ်းတော်က ဘယ်ညီနောင် ရောက်နေတာလဲ"

"မြောက်ပိုင်းလေ စင်္ကြံ၊ လေစရိုက် ခန်းမဆောင်ကပါ... သခင်မဟုန် ကို ဂါရဝပြုပါတယ်"

"ရပါတယ်... အခမ်းအနားတွေ လုပ်မနေပါနဲ့တော့"

နှစ်ဖက် အပြန်အလှန် နှုတ်ဆက်ပြီးနောက် ချိုင့်ဝှမ်းအတွင်းမှ အလောင်းများကို သယ်ဆောင်လာကြသည်ကို နင်ချီ တွေ့လိုက်ရသည်။ ထိုအလောင်းများသည် တစ်ချိန်က အစွမ်းထက် သိုင်းပညာရှင်များ ဖြစ်ခဲ့ကြသည်မှာ သေချာလှ၏။ နင်ချီ မျက်ခုံးပင့်လိုက်မိသည်။ ဒီမြင်ကွင်းက သူ့အတွက်တော့ ရင်းနှီးနေသလိုလို။

မိစ္ဆာဂိုဏ်းက တောင်ပိုင်းနယ်စပ်အတွက် သိုင်းပညာရှင် အလောင်းများကို ကူညီ စုဆောင်းပေးနေခြင်း ဖြစ်ကြောင်း သူ သဘောပေါက်လိုက်သည်။ ထူးခြားသည်မှာ အရေအတွက်ထက် အရည်အသွေးကို ဦးစားပေးပြီး သိုသိုသိပ်သိပ် လုပ်ဆောင်နေကြခြင်းပင်။

တောင်ပိုင်းနယ်စပ်မှ သုံးယောက်အဖွဲ့ ဦးဆောင်မှုဖြင့် မိစ္ဆာဂိုဏ်းသားများသည် အလောင်းများကို သယ်ဆောင်ကာ ကျောက်တုံးနက် တောင်တန်းကြီး အတွင်းပိုင်းသို့ ဆက်လက် ချီတက်သွားကြသည်။

လမ်းတစ်လျှောက်တွင် စကားသံ တိတ်ဆိတ်နေ၏။

အချိန်အတော်ကြာ လှည့်ပတ်သွားလာပြီးနောက် တောအုပ်တစ်ခု၌ ရပ်တန့်လိုက်ကြသည်။ တောင်ပိုင်းနယ်စပ် သုံးယောက်အဖွဲ့က ပြန်လှည့်ကြည့်ပြီး ပြုံးပြလိုက်သည်။

"မြင့်မြတ်သော ဂိုဏ်းတော်က ညီအစ်ကိုတို့... ပင်ပန်းသွားကြပြီ။ အလောင်းတွေကို ဒီမှာပဲ ထားခဲ့လိုက်ပါတော့"

မိစ္ဆာဂိုဏ်း ခေါင်းဆောင်က တွန့်ဆုတ်မနေဘဲ လက်အချက်ပြလိုက်ရာ အားလုံးက အလောင်းများကို ခြေရင်းတွင် ချထားလိုက်ကြသည်။

"သခင်မဟုန်... နောက်မှ ပြန်ဆုံကြတာပေါ့"

ထို့နောက် အားလုံး ပြန်လည် ထွက်ခွာသွားကြသည်။

နင်ချီသည် သူတို့၏ ပြတ်သားမှုကို တိတ်တဆိတ် ချီးကျူးလိုက်မိသည်။ သူတို့ထဲတွင် အသန်မာဆုံးလူမှာ ဂိုဏ်းသခင် နယ်ပယ်လောက်သာ ရှိသော်လည်း မိစ္ဆာဂိုဏ်းသားများ ဖြစ်ကြောင်း သိလိုက်ရခြင်းကပင် သဲလွန်စ တစ်ခု ဖြစ်နေပြီ မဟုတ်ပါလော။

မိစ္ဆာဂိုဏ်းသည် အလောင်းများ လာပို့တိုင်း လူအပြောင်းအလဲ လုပ်နေကြောင်း သူ သတိပြုမိလိုက်သည်။

နင်ချီ၏ ရင်ထဲတွင် မျှော်လင့်ချက် ရောင်ခြည်သန်းလာခဲ့သည်။

ဤမျှလောက် သတိကြီးပြီး စနစ်ကျသော လုပ်ရပ်များကို ကြည့်ခြင်းအားဖြင့်၊ ဤနေရာသည် အစစ်အမှန် စခန်းတစ်ခု ဖြစ်နိုင်ခြေ များလှပေသည်။

မထင်မှတ်ထားဘဲ တောင်အောက်ဆင်းဆင်းချင်း ပထမဆုံး ရွေးချယ်လိုက်သော နေရာမှာပင် အဖြေတွေ့ရသလို ဖြစ်နေ၍ နင်ချီ ကျေနပ်သွားမိသည်။

နောက်ထပ် 'သွေးဘုရင်ကူ' တစ်ကောင်လောက်သာ ရလိုက်လျှင် တောင်ပိုင်းနယ်စပ်၏ အန္တရာယ်ကို ကြိုတင် ရှင်းလင်းနိုင်ဖို့ လမ်းစပွင့်သွားပြီပင်။

သူ ဆက်လက် စောင့်ဆိုင်းနေလိုက်သည်။

မိစ္ဆာဂိုဏ်းသားများ ထွက်ခွာသွားကြောင်း သေချာမှ သခင်မဟုန် ဆိုသူက ရင်ဘတ်ထဲမှ သေတ္တာငယ်လေး တစ်ခုကို ထုတ်လိုက်ပြီး အနီရောင် 'ကူ' ပိုးကောင်လေး တစ်ကောင်ကို လွှတ်ပေးလိုက်သည်။ ထိုပိုးကောင်လေးသည် ကောင်းကင်ပေါ်သို့ ပျံတက်သွားလေ၏။

မကြာမီ...

အဝေးတစ်နေရာမှ သိုင်းပညာရှင် တစ်အုပ် ထွက်ပေါ်လာကြပြီး၊ တစ်ယောက်ချင်းစီတွင် သစ်သားသေတ္တာ တစ်လုံးစီ သယ်ဆောင်လာကြသည်။

"သခင်မဟုန်... ဒီတစ်ခေါက်တော့ အကောင်ကြီးကြီး မိတာပဲ... ဟို မိစ္ဆာဂိုဏ်းက ကောင်တွေ ကတိတည်သားပဲဟ"

လူသစ်တွေက ပျော်ရွှင်စွာ ပြောဆိုရင်း အလောင်းများကို သစ်သားသေတ္တာများထဲသို့ ထည့်နေကြသည်။

သခင်မဟုန်က နှာခေါင်းရှုံ့လိုက်ပြီး...

"ငါတို့ တောင်ပိုင်းနယ်စပ်ကသာ ကူညီမထားရင် သူတို့က ဒီလောက် သဘောကောင်းပါ့မလား... အပြန်အလှန် အကျိုးပြုကြတာပါပဲ"

အထက်လူကြီးတွေ ဘာကြောင့် အလောင်းတွေ စုဆောင်းနေလဲ ဆိုတာ သူတို့ မသိကြပေမယ့်၊ မိစ္ဆာဂိုဏ်းက အကြောင်းမဲ့ ကူညီနေတာ မဟုတ်ကြောင်းတော့ ရိပ်မိကြသည်။ တောင်တစ်သိန်း ထဲမှာ မိစ္ဆာဂိုဏ်း လိုချင်တာ တစ်ခုခု ရှိနေပုံရသည်။

သိပ်မကြာခင်မှာပင်...

အလောင်းများကို ထုပ်ပိုးပြီးနောက် သစ်သားသေတ္တာများကို ထမ်းကာ အဖွဲ့လိုက် လျင်မြန်စွာ ထွက်ခွာသွားကြသည်။ နင်ချီ၏ စောင့်ကြည့်မှုအောက်တွင်ပင် အခြား ချိုင့်ဝှမ်းတစ်ခု၏ အဝတွင် ရပ်တန့်လိုက်ကြပြန်သည်။

နောက်ထပ် တင်းကြပ်သော စစ်ဆေးမှုများ ပြုလုပ်ပြန်သည်။

လူတစ်ယောက်၏ တီးတိုး ညည်းညူသံကြောင့် နင်ချီရသိလိုက်ရသည်မှာ ဝင်ထွက်တိုင်း စကားဝှက် ပြောင်းလဲနေပြီး၊ လာရောက်သူ၏ အသွင်အပြင်ပေါ် မူတည်၍ သတ်မှတ်ထားခြင်း ဖြစ်သဖြင့် ဝင်ရောက်ဟန်ဆောင်ရန် အလွန် ခက်ခဲလှကြောင်းပင်။

ချင်းပြည်နယ်က စခန်းကို သူ ဖျက်ဆီးပစ်လိုက်တုန်းက သင်ခန်းစာ ယူထားပုံရသည်။ ရုပ်ဖျက်ပြီး ဝင်လာမည့် သူများကို တမင် ကာကွယ်ထားခြင်း ဖြစ်မည်။

ကံကောင်းသည်မှာ...

နင်ချီသည် ယခင်ကနှင့် မတူတော့ပေ။

ကောင်းကင်ဘုံလူသား နယ်ပယ် သို့ ရောက်ရှိလာပြီးကတည်းက သူ၏ စွမ်းရည်များသည် ပိုမို ကျယ်ပြန့်လာခဲ့ပြီ ဖြစ်သည်။

ထိုအခိုက်အတန့်၌...

အခွင့်ကောင်းကို စောင့်ပြီး သူသည် အသံတစ်ချက် မထွက်စေဘဲ ချိုင့်ဝှမ်းအတွင်းသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်လိုက်တော့သည်။ သာမန် သိုင်းပညာရှင်များ၏ အာရုံခံနိုင်စွမ်းသည် သူ့ရှေ့တွင် အရာမထင်တော့ချေ။

“ဟင်... ကောင်းကင်ဘုံလူသား အဆင့်လား... တစ်ယောက်တည်းတောင် မဟုတ်ဘူး”

နင်ချီ၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားရသည်။ ကောင်းကင်နှင့် မြေကြီး စွမ်းအားများ ပေါင်းစပ်ပါဝင်နေသော အာရုံခံလှိုင်း အများအပြားသည် သူ ပုန်းခိုနေသော နေရာကို ဖြတ်ကျော် စစ်ဆေးသွားကြသည် မဟုတ်ပါလော။ အနည်းဆုံး လေးယောက်လောက် ရှိမည်။ သာမန်လူသာ ဆိုလျှင် ခိုးဝင်ဖို့ မပြောနှင့်၊ အနားကပ်ဖို့တောင် မဖြစ်နိုင်ပေ။

နင်ချီ တစ်ခုခု လွဲနေကြောင်း ရိပ်မိလိုက်သည်။

‘စခန်းတစ်ခုတည်းမှာ ဒီလောက် ကျွမ်းကျင်သူတွေ ထားစရာ လိုလို့လား။ တောင်ပိုင်းနယ်စပ်နဲ့ မိစ္ဆာဂိုဏ်းက ဘယ်လောက်ပဲ အင်အားတောင့်တင်းပါစေ၊ ဒီလောက်ကြီး ဖြုန်းတီးပစ်တာတော့ သဘာဝ မကျဘူးလေ။’

သစ်သားသေတ္တာ ထမ်းထားသော အဖွဲ့နောက်သို့ လိုက်ပါရင်း...

နန်းတော်ကြီး တစ်ခု၏ ရှေ့တွင် နင်ချီ ရပ်တန့်လိုက်သည်။

သူ၏ မျက်နှာထားသည် ရှုပ်ထွေးသွားပြီး၊ ကိုယ့်ကိုယ်ကိုယ် သရော်လိုက်မိလေသည်။

'ဟား... အထဲဝင်ကြည့်စရာတောင် မလိုတော့ပါဘူး... ငါတော့ အလကား ပျော်လိုက်မိတာပဲ... ‘

နန်းတော် အတွင်းပိုင်းတွင် သွေးကန် ၏ အငွေ့အသက် လုံးဝ မရှိ။ 'သွေးဘုရင်ကူ' ၏ အရိပ်အယောင်မျှပင် မတွေ့ရ။ ထိုအစား... ကောင်းကင်ဘုံလူသား အဆင့် သိုင်းပညာရှင်များ၏ တောက်ပသော အရှိန်အဝါများကသာ တိုက်ခိုက်ရန် အသင့်အနေအထားဖြင့် စောင့်ဆိုင်းနေကြသည်ကို တွေ့လိုက်ရသည်။

အခုမှ သူ ကောင်းကောင်း သဘောပေါက်သွားတော့သည်။

ဒါက ထောင်ချောက်ပဲ။

ငါးမျှားဖို့ သက်သက် ဟန်ပြ စခန်း တစ်ခု။

အကယ်၍သာ တော်ဝင်နန်းတော်က လူတွေ စွတ်ရွတ် ဝင်လာခဲ့လျှင် သေချာပေါက် အသေခံရတော့မည်ပင်။

ဒီလောက် အတိုင်းအတာရှိသည့် စခန်းတစ်ခုအတွက် တော်ဝင်နန်းတော်က ကောင်းကင်ဘုံလူသား

နှစ်ယောက်လောက် လွှတ်နိုင်လျှင်တောင် အတော်ဟုတ်နေပြီ။

နေရာတိုင်းမှာ လူအင်အား လိုအပ်နေသော နန်းတော်အနေနှင့် သတင်းအတိအကျ မရဘဲနှင့် ကျွမ်းကျင်သူ အများအပြားကို စွန့်စား လွှတ်လိမ့်မည် မဟုတ်ပေ။

...ဒီလူတွေကို တကယ် လျှော့တွက်လို့ မဖြစ်ဘူးပဲ...

နင်ချီ သက်ပြင်းဖွဖွ ချလိုက်မိသည်။ ယခင်က ထားရှိခဲ့သော အထင်သေးစိတ် အနည်းငယ်ကို ဖျောက်ဖျက်ပစ်လိုက်ရ၏။

သူ့လို အရည်အချင်းရှိသည့် လူတောင်မှ ဒါကို အစစ်အမှန် စခန်းဟု ထင်မှတ်မှားခဲ့ရလျှင်၊ တခြားသူတွေဆို ပြောစရာတောင် မလိုတော့ပါချေ။

ထိုစဉ်... တစ်စုံတစ်ယောက်က နင်ချီ ရောက်နေသည်ကို သတိထားမိသွားလေပြီ။

"ဘယ်သူလဲ"

နန်းတော် အတွင်းပိုင်းမှ စားကား အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာသည်။ ကောင်းကင်နှင့် မြေကြီး စွမ်းအားများ ပေါက်ကွဲထွက်လာပြီး၊ ဆံပင်အပြာရောင်နှင့် လူတစ်ယောက် ကောင်းကင်သို့ ပျံတက်လာ၏။

သူ့နောက်တွင် အခြား အစွမ်းထက် ပုဂ္ဂိုလ် သုံးဦးပါ ထပ်မံ၍ နင်ချီကို မျက်စိတစ်မှိတ်အတွင်း ဝိုင်းရံလိုက်ကြသည်။

စခန်းအတွင်းရှိ အခြား သိုင်းပညာရှင်များလည်း ဝုန်းခနဲ ပြေးထွက်လာကြသည်။

တချို့က ကြောင်တောင်တောင် ဖြစ်နေကြသော်လည်း နင်ချီကို ဝိုင်းထားလိုက်ကြသည်။

ဆံပင်ပြာနှင့် အဘိုးအိုက ငယ်ရွယ်သော နင်ချီကို ကြည့်ပြီး စိတ်ပျက်လက်ပျက် ဖြစ်သွားပုံရသည်။

" ဘာလဲဟ... ဒီလောက် ပုစွန်ဆိတ်လောက် ကောင်လေး တစ်ကောင်တည်းလား... မင်းတို့ကောင်တွေ ဘာလုပ်နေကြတာလဲ... ဒီကောင် ဝင်လာတာ ဘယ်သူမှ မသိကြဘူးလား”

ပါးစပ်ကသာ ပေါ့ပေါ့တန်တန် ပြောနေသော်လည်း၊ နင်ချီ၏ 'ရွှေရောင်မျက်လုံး' ကတော့ ထိုအဘိုးအို အစွမ်းကုန် အားယူနေသည်ကို မြင်နေရသည်။

တစ်ယောက်တည်း ဒီအထိ ရောက်လာနိုင်မှတော့ ဒီကောင်လေး မလွယ်ဘူး ဆိုတာ သူတို့ ရိပ်မိလေသည်။

နင်ချီ၏ မျက်နှာထားကတော့ တည်ငြိမ်နေဆဲပင်။

သူသည် ဖိနှိပ်ထားသော အရှိန်အဝါကို ထုတ်လွှတ်လိုက်တော့သည်။

ဒီအထိ ရောက်လာမှတော့... 'သွေးဘုရင်ကူ' စခန်း မဟုတ်လျှင်တောင်၊ တောင်ပိုင်းနယ်စပ်က ကောင်တွေကို သတ်ပစ်လိုက်တာကလည်း ခြိမ်းခြောက်မှုကို တစ်ဖက်တစ်လမ်းက လျှော့ချပေးရာ ရောက်တာပါပဲ။

သူသည် ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး ခပ်အေးအေးပင် ပြောလိုက်လေသည်။

"ကောင်းပြီလေ... တစ်ယောက်မှ မလွတ်စေရဘူး"

ဟိုကောင်းကင်ဘုံ လူသားတွေက နင်ချီကို 'မိုးမမြင် လေမမြင်' ဆဲရေးဖို့ ပြင်လိုက်ကြသော်လည်း... နောက်တစ်ခွန်းမှ မပြောနိုင်လိုက်ကြတော့ပေ။

ဘာကြောင့်လဲ ဆိုတော့... ပင်လယ်သမုဒ္ဒရာကြီး တစ်ခုလုံး ပြိုကျလာသလို ကြီးမားလှသော ကောင်းကင်နှင့် မြေကြီး စွမ်းအားတွေက သူတို့အပေါ် ဖိချလာ၍ပင်။ အသက်ရှူဖို့တောင် ခက်ခဲလာပြီး ဝိညာဉ်တွေပါ တုန်လှုပ်သွား

ကြရရှာသည်။

နင်ချီသည် လေထဲသို့ ဖြည်းဖြည်းချင်း ပျံတက်သွားပြီး လက်သီးကို ဆုပ်လိုက်သည်။

ဒီလူတွေအတွက် ဓားစိတ်ဆန္ဒ သုံးရတာ နှမြောစရာ ကောင်းလွန်း၍၊ မြောက်ပိုင်းဘုရင်၏ 'ကောင်းကင်ဖိနှိပ် လက်သီး' နှင့်ပဲ ဧည့်ခံလိုက်ပါမည်။

“ဝုန်း…”

ဧရာမ လက်သီးဆုပ်ကြီး တစ်ခုသည် တောင်ကြီးတစ်လုံး ပြိုကျလာသကဲ့သို့ ကောင်းကင်မှ သက်ဆင်းလာတော့သည်။

အရာအားလုံး... ပြာကျသွားလေပြီ။

ချိုင့်ဝှမ်းအတွင်း၌...

တိုက်ပွဲသံတွေ၊ အော်ဟစ်သံတွေ၊ စွမ်းအင် ပေါက်ကွဲသံတွေ... အားလုံး

ပဲ့တင်ထပ်လာ၏။

ရုတ်တရက် ၊

ခဏအကြာတွင်...

နင်ချီသည် နောက်ကို လှည့်မကြည့်ဘဲ ထွက်ခွာသွားတော့သည်။

ကျန်ရစ်ခဲ့သည်မှာ ဖရိုဖရဲ ပျက်စီးခြင်းများသာ။

သူသည် 'ဝိညာဉ်ဖမ်း မျက်လုံးသိုင်း' ကို အသုံးပြုပြီး မေးမြန်းကြည့်ခဲ့သော်လည်း ဟို ကောင်းကင်ဘုံလူသားတွေလည်း ဘာမှ ပိုမသိကြရှာ။ သူတို့တာဝန်က တော်ဝင်နန်းတော်က လူတွေကို မျှားခေါ်ပြီး သတ်ဖို့ သက်သက်ပင်။

နောက်ထပ် သိလိုက်ရတာက... သူတို့ ခန္ဓာကိုယ်ထဲမှာ စိတ်ကို တည်ငြိမ်စေပြီး ဝိညာဉ်ဖမ်းစားတာကို ခုခံနိုင်သော အထူး 'ကူ' ပိုးကောင်တွေ ထည့်ထားကြတယ် ဆိုတာပါပဲ။ တောင်ပိုင်းနယ်စပ်က ဒီဘက်မှာ တော်တော်လေး ပြင်ဆင်ထားသည်ပင်။

နင်ချီ အသက်ပြင်းပြင်း ရှူလိုက်မိသည်။

ဒီမှာ မရှိမှတော့ နောက်တစ်နေရာ သွားရုံပေါ့။ သဲလွန်စ လုံးဝ မတွေ့ရဘူး ဆိုတာ မဖြစ်နိုင်ပါ။

ဒီနေရာက အရှုပ်အရှင်းတွေကိုတော့ တော်ဝင်နန်းတော်က လူတွေပဲ လာရှင်းကြပါစေတော့။

နင်ချီ ကျောက်တုံးနက်မြို့သို့ ပြန်ရောက်လာခဲ့သည်။

စိတ်ဓာတ်တော့ နည်းနည်း ကျသွားမိသည်။ အစကတော့ အတော်လေး ခရီးရောက်ပြီ ထင်ခဲ့သည်။ တကယ်တမ်းကျတော့ ပုံရိပ်ယောင် တစ်ခု ဖြစ်နေရသည်။

ဒါက သူ့ကို သင်ခန်းစာ တစ်ခု ပေးလိုက်တာပါပဲ။ ကိစ္စတွေက သူ ထင်သလောက် မလွယ်ကူနေပေ။ မိစ္ဆာဂိုဏ်းနှင့် တောင်ပိုင်းနယ်စပ်၏ ခြေလှမ်းတွေက မခေပါချေ။

အင်အား ရှိနေရုံနှင့် မပြီး၊ ပစ်မှတ်မရှိလျှင် အလကားပင်။

ရန်သူက ပုန်းချင်နေမှတော့ ရှာရတာ ခက်မှာ အသေအချာပါပင်။

“ထားလိုက်ပါတော့... ရှာမတွေ့ရင်တောင် သူတို့ကို နှောင့်ယှက်ပေးသလို ဖြစ်တာပေါ့... တကယ်လို့ ဘာမှ မထူးခြားလာရင်တော့ တောင်ပေါ်ပြန်တက်ပြီး ကိုယ့်အင်အားကိုပဲ ထပ်မြှင့်တင်တော့မယ်”

နင်ချီ ဆုံးဖြတ်ချက် ချလိုက်သည်။

အပြင်ရောက်နေတုန်း 'ပန်းသုံးပွင့်' ကို နေ့တိုင်း ကျင့်ကြံနေပေမယ့်၊ ဉာဏ်အလင်းပွင့်ဖို့ အချိန်အများကြီး ဖြုန်းလိုက်ရသလို ဖြစ်နေသည်ကိုး။

"နှစ်လ... နှစ်လပဲ အချိန်ပေးမယ်... ဘာမှ မတွေ့ရင် ဆက်ပြီး အချိန်ဖြုန်းမနေတော့ဘူး”

နင်ချီ စိတ်ကို ဒုန်းဒုန်းချလိုက်သည်။

နေ့ဝက်ခန့် ကြာသောအခါ...

ထောက်လှမ်းရေး သတင်းထဲက နောက်ထပ် သံသယရှိဖွယ် နေရာတစ်ခုဆီသို့ နင်ချီ ထွက်ခွာသွားလေတော့သည်။

...

အချိန်ကာလသည် ကုန်ဆုံးလွယ်လှသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် တစ်လကျော် ကြာမြင့်လေပြီ။

ဤကာလအတွင်း...

နင်ချီသည် ပြည်နယ် ၅ ခု၊ ၆ ခုလောက်အထိ ခြေဆန့်ခဲ့ပြီး လော့ဝမ်ထျန်း ပေးသော သတင်းများအတိုင်း လိုက်လံ စစ်ဆေးခဲ့သည်။ ဝမ်းနည်းစရာ ကောင်းသည်မှာ ဘာမှ ရေရေရာရာ မတွေ့ခဲ့ရခြင်းပင်။ အားလုံးသည် ထောင်ချောက် သို့မဟုတ် မျက်လှည့်ပြကွက်များသာ ဖြစ်နေခဲ့သည်။

တောင်ပိုင်းနယ်စပ်က လူတွေဟာ မဟာယန်နိုင်ငံတော် နယ်နိမိတ်ထဲမှာ 'သွေးဘုရင်ကူ' ကို မမွေးမြူတော့သလိုပါပင်။

အကြိမ်ကြိမ် သဲထဲရေသွန် ဖြစ်ရသောအခါ နင်ချီပင်လျှင် စိတ်မရှည်ချင်တော့ပေ။

တစ်ခုတည်းသော အမြတ်ကတော့ ထောင်ချောက်စခန်း အများအပြားကို ဖျက်ဆီးပစ်နိုင်ခဲ့ပြီး၊ တောင်ပိုင်းနယ်စပ်နှင့် မိစ္ဆာဂိုဏ်းမှ ကောင်းကင်ဘုံလူသား အဆင့် (၉) ယောက်ကို သတ်ဖြတ်နိုင်ခဲ့ခြင်းပင်။ ဒါကြောင့် ရန်သူတွေလည်း ငြိမ်ကုပ်သွားကြသည်။

တေတော်ဝင်နန်းတော်ဘက်က

ပြိုင်ဘက်ကင်း ကျွမ်းကျင်သူ တစ်ယောက် လိုက်လံ ရှင်းလင်းနေပြီဟု သတင်းထွက်သွားတာကတော့ အတော်လေး ကျေနပ်စရာ ဖြစ်ပါသည်။

သို့ရာတွင်၊ နင်ချီအတွက် အရေးအကြီးဆုံးက သိုင်းသူတော်စင် လျှို့ဝှက်နယ်မြေကို ရှာတွေ့ဖို့ပါပင်။

မဟုတ်လျှင် ကောင်းကင်ဘုံလူသား အဆင့်တွေ ဘယ်လောက် သတ်သတ် အလကားပါပဲ။ သူက ရန်သူ့ဂိုဏ်းက လူကုန်လိုက်သတ်နေ၍မှ မရတာ။

"လွန်ခဲ့တဲ့ ရက်ပိုင်းက အစ်ကိုကြီး စာပို့လာတယ်... မြောက်ပိုင်းဘုရင် က မြောက်ပိုင်း လူရိုင်း နယ်မြေဘက်ကို လူလွှတ်ပြီး စုံစမ်းခိုင်းထားတယ်တဲ့... အဲ့ဒီဘက်က သတင်းစောင့်ကြည့်ရုံပဲ ရှိတော့တယ်"

ဒီမှာ ရှာမတွေ့တော့ လူတိုင်းက ထင်ကြတာ သွေးဘုရင်ကူ မွေးမြူရေးကို မြောက်ပိုင်းလူရိုင်းနယ်မြေ ဒါမှမဟုတ် တခြားတစ်နေရာကို ပြောင်းရွှေ့သွားကြပြီလို့ပေါ့။

ဒါပေမဲ့ အဲ့ဒီနေရာက မဟာယန် နယ်မြေ မဟုတ်တော့ စုံစမ်းရတာ ပိုခက်ခဲသွားပြီ။ရရ

နင်ချီ ဝိုင်တစ်ခွက်ကို မော့သောက်လိုက်သည်။

သူသည် အရက်ဆိုင်ထဲတွင် ထိုင်ရင်း အတွေးလွန်နေမိသည်။

ရုတ်တရက်...

သူ့ခန္ဓာကိုယ် တစ်ချက် လှုပ်ခါ၍ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားလေသည်။ တောင်ဘက် အရပ်ဆီသို့ မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားရ၏။

“ဒါက... ဒါက ချီစွမ်းအင် ဓားမျိုးစေ့ ရဲ့ တုန်ခါမှုပဲ”

သူ လောလောဆယ် ချန်းပြည်နယ် မှာ ရောက်နေသည်။ အာရုံခံစားမှု မမှားဘူးဆိုလျှင် အဲ့ဒီ တုန်ခါမှု လာသည့် နေရာက... လေပြည်နယ်ပင်..။

နင်ချီ စိတ်ပူသွားမိသည်။

ကျန်းပိုင်ရှန်းနှင့် လင်ရူဟွာ တို့ တောင်အောက်ဆင်းသွားတုန်းက သူတို့နှစ်ယောက်ကို 'မန်ဒရင်း ဘဲမောင်နှံ ကျောက်စိမ်းဆွဲပြား' တွေ လက်ဆောင် ပေးလိုက်ဖူးသည်။ အထဲမှာ ချီ ဓားမျိုးစေ့ ထည့်သွင်းထားကာ

အန္တရာယ် ကြုံလာမှ ထုတ်သုံးဖို့ မှာလိုက်၏။

ယခု ဓားမျိုးစေ့ ပေါက်ကွဲသွားပြီ ဆိုတော့... ကျန်းပိုင်ရှန်းတို့ လင်မယား အန္တရာယ် တွေ့နေပြီ ဆိုသော အဓိပ္ပာယ်ပင်။

နင်ချီ ဆက်လက်၍ ထိုင်မနေနိုင်တော့ပေ။

All Chapters