← Chapters

ကိုးလေးက တကယ်ပဲ စစ်မှန်သူ ကောင်းကင်ဘုံ ဓားသခင် ဟုတ်ချင်မှ ဟုတ်လိမ့်မယ်

Vol. 18 Ch. 266

ကိုးလေးက တကယ်ပဲ စစ်မှန်သူ ကောင်းကင်ဘုံ ဓားသခင် ဟုတ်ချင်မှ ဟုတ်လိမ့်မယ်

Vol. 18 Ch. 266

~လေပြည်နယ် - ယန်တောင်တန်း

အတွင်းပိုင်း၊

သစ်သားအိမ်လေးတစ်လုံး၏ ရှေ့တွင်...

လူရိပ်နှစ်ခုသည် ဓားသိုင်းကစားနေကြလေသည်။ သူတို့၏ လှုပ်ရှားမှုတိုင်းတွင် ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေပြီး၊ နေနှင့် လတို့ အပြန်အလှန် ထွန်းလင်းပေးသကဲ့သို့ လှပတင့်တယ်လှ၏။ ဤ 'ပေါင်းစပ်ဓားသိုင်း' သည် ယောက်ျားလေးနှင့် မိန်းကလေး နှစ်ယောက်စလုံး စိတ်ဝိညာဉ်ချင်း တစ်သားတည်း ဖြစ်နေမှသာ အစွမ်းထက်မြက်သော စွမ်းအားကို ထုတ်ဖော်နိုင်မည် ဖြစ်သည်။ ရလှပသလောက် သေစေနိုင်သော အန္တရာယ်လည်း ကိန်းအောင်းနေပေသည်။

ခဏအကြာတွင်...

ကျန်းပိုင်ရှန်းနှင့် လင်ရူဟွာတို့သည် ဓားကစားခြင်းကို ရပ်တန့်လိုက်ကြသည်။ လင်ရူဟွာ၏ မျက်လုံးများထဲတွင် ပျော်ရွှင်မှုများ ပြည့်လျှံနေလေသည်။

"ပိုင်ရှန်း... နင်က တကယ်ပဲ ပါရမီပါလွန်းတယ်... ဒီ 'နေနှင့်လ ဓားသိုင်း' သာ အောင်မြင်သွားရင် ငါတို့နှစ်ယောက်ပေါင်းပြီး မူလအမြုတေ နယ်ပယ် ကျွမ်းကျင်သူကိုတောင် ယှဉ်နိုင်တော့မှာ..."

သူမ ချစ်ရသူသည် သိုင်းပညာ ပါရမီရှင်တစ်ဦး ဖြစ်နေသည့်အတွက် လင်ရူဟွာက ဂုဏ်ယူမဆုံး ဖြစ်နေရရှာသည်။

ကျန်းပိုင်ရှန်းက အနည်းငယ် ပြုံးလိုက်ပြီး ခေါင်းခါပြလိုက်သည်။

"ကိုယ့်ရဲ့ ပါရမီက သာမန်ပါကွာ... ကိုးလေး အကြောင်းသာ မင်းသိရင် ကိုယ့်ကို ပါရမီရှင်လို့ ထင်တော့မှာ မဟုတ်ပါဘူး"

လင်ရူဟွာ စိတ်ဝင်စားသွားသည်။ ကျန်းပိုင်ရှန်းက နင်ချီအကြောင်း သိပ်ပြောလေ့ မရှိပေ။ သူမ နင်ချီကို နောက်ဆုံး တွေ့ခဲ့ရသည်မှာ ရဲ မက်မွန်သီး စားပွဲတော် တုန်းက ဖြစ်သည်။ ထိုစဉ်က နင်ချီသည် သူတို့နှစ်ဦးကို 'မန်ဒရင်း ဘဲမောင်နှံ ကျောက်စိမ်းဆွဲပြား' လက်ဆောင်ပေးခဲ့ဖူးသည်။ ရရထိုဆွဲပြားလေးများသည် သူတို့ ခါးတွင် ယခုတိုင် ချိတ်ဆွဲထားဆဲပင်။

ထိုစဉ်က နင်ချီသည် သာမန်လူမဟုတ်ကြောင်း သူမ ရိပ်မိခဲ့သော်လည်း အသေးစိတ် မသိခဲ့ရပေ။

"ပြောပြပါဦး... ရှင့်ရဲ့ ညီငယ် ကိုးလေးက ဘယ်လောက်တောင် ထူးခြားနေလို့လဲ"

ကျန်းပိုင်ရှန်း ရယ်မောလိုက်ပြီး လင်ရူဟွာ၏ ဝမ်းဗိုက်လေးကို ဖွဖွလေး ပွတ်သပ်ပေးလိုက်သည်။ သူ၏ အတွေးများသည် အတိတ်ကာလဆီသို့ ပြန်လည် ရောက်ရှိသွားလေ၏။

"တွက်ကြည့်မယ်ဆိုရင် ကိုးလေး အသက်က ၁၁ နှစ်ကျော်ပြီ... သူ သိုင်းစကျင့်တာ ဘယ်လောက် ကြာပြီလို့ မင်းထင်လဲ"

"၈ နှစ်လောက် ရှိပြီလား"

လင်ရူဟွာ မျက်လုံးပြူးသွားသည်။

"ဒါဆို... သူက ၃ နှစ်သားလောက်ကတည်းက သိုင်းစကျင့်တာပေါ့... ဟုတ်လား"

ဒါမျိုး တစ်ခါမှ မကြားဖူးပေ။

ကျန်းပိုင်ရှန်းက ပြောပြလာသည်။

"အဲဒီတုန်းက ကိုးလေး ဂိုဏ်းကို စဝင်ကာစ ရှိသေးတယ်... ပါရမီက ထိပ်ခေါင်ပဲ... ရူဟွာ သိတဲ့အတိုင်း ကိုယ်က 'ဆွမ်းနီ ခန္ဓာကျင့်စဉ်'ကို ကျင့်ကြံခဲ့တာလေ... အဲဒီတုန်းက ကိုယ် 'နတ်ဘုရား အာရုံ' အဆင့်ရောက်ဖို့ ၃ နှစ်လောက် အချိန်ယူခဲ့ရတယ်... ကိုးလေးက ဘယ်လောက် ကြာမယ်ထင်လဲ"

"တစ်နှစ်လောက်လား"

လင်ရူဟွာ တွန့်ဆုတ်စွာ ဖြေလိုက်သည်။

တစ်နှစ်ဆိုတာတောင် တော်တော် မြန်နေပြီလေ။

ကျန်းပိုင်ရှန်း ပြုံးရင်း ခေါင်းခါလိုက်သည်။

"တစ်ရက်ပဲ... တစ်ရက်တောင် ပြည့်ချင်မှ ပြည့်မယ်"

လင်ရူဟွာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

အဆင့်မြင့် သိုင်းကွက် တစ်ခုကို တစ်ရက်တည်းနှင့် အမြင့်ဆုံး အဆင့်ထိ ရောက်အောင် ကျင့်နိုင်သည် ဆိုတာ ဒဏ္ဍာရီဆန်လွန်းနေ၏။

ကိုယ့်ယောကျ်ား ပြောတာ မဟုတ်လျှင် ယုံနိုင်စရာ အကြောင်းကို မရှိပေ။

ကျန်းပိုင်ရှန်း ရယ်မောလိုက်သည်။

"တကယ်တော့... အဲဒီနောက်ပိုင်း ငါတို့တွေ ကိုးလေးရဲ့ အဆင့်ကို မမေးရဲကြတော့ဘူး... ငါတို့အားလုံး သိနေကြတာက ကိုးလေးဟာ တိတ်တဆိတ်နဲ့ ငါတို့အားလုံးကို ကျော်တက်သွားပြီ ဆိုတာပဲ..."

"သူက အခုမှ ဆယ့်တစ်နှစ်ပဲ ရှိသေးတာ... အနာဂတ်က အကန့်အသတ် မရှိဘူး... ကမ္ဘာ့အသန်မာဆုံး ဖြစ်လာဖို့က အချိန်မရွေး ဖြစ်လာနိုင်တယ်... ငါတို့ ကလေးလေးသာ ကိုးလေးရဲ့ ပါရမီ တစ်ဝက်လောက် ပါရင် သိပ်ကောင်းမှာပဲ..."

ကျန်းပိုင်ရှန်း၏ အသံထဲတွင် လေးစားအားကျမှုနှင့် မျှော်လင့်ချက်များ ပြည့်နှက်နေလေသည်။

လင်ရူဟွာလည်း ခေါင်းညိတ်လိုက်မိသည်။ မိခင်တစ်ယောက်အနေဖြင့် ကိုယ့်ကလေးကို အကောင်းဆုံး ဖြစ်စေချင်သည်မှာ ဓမ္မတာပင်။

သူမသည် ဝမ်းဗိုက်လေးကို အသာအယာ ထိတွေ့လိုက်မိသည်။

ကျန်းပိုင်ရှန်းကလည်း တိုးကပ်သွားပြီး လင်ရူဟွာ၏ ဗိုက်ပေါ်သို့ လက်တင်လိုက်သည်။ သူတို့နှစ်ဦး၏ မျက်လုံးများထဲတွင် အနာဂတ်အတွက် မျှော်လင့်ချက် ရောင်ခြည်များ တောက်ပနေကြ၏။

နေဝင်ဆည်းဆာကို အတူတူ ငေးကြည့်ရင်း အနာဂတ် ကလေးငယ်အကြောင်း ပြောနေကြသော စုံတွဲ။

ရုတ်တရက်...

နှစ်ယောက်စလုံး၏ ခန္ဓာကိုယ်များ တောင့်တင်းသွားကြသည်။ အဝေးတစ်နေရာသို့ ပြိုင်တူ လှမ်းကြည့်လိုက်ကြ၏။

လက်ထဲမှ ဓားများကို ပြိုင်တူ ဆွဲထုတ်လိုက်ကြပြီး တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြသည်။ အရပ်မျက်နှာ အသီးသီးမှ ချဉ်းကပ်လာသော အစွမ်းထက် အရှိန်အဝါများကို သူတို့ ခံစားလိုက်ရသောကြောင့်ပင်။

အသံနက်ကြီး တစ်ခု ဟိန်းထွက်လာသည်။

“ဟားဟား... ကောင်းလိုက်တဲ့ ဖြစ်ခြင်း... မြင့်မြတ်သော ဂိုဏ်းတော် ဒုဂိုဏ်းချုပ်ကြီးရဲ့ သမီးတော်က အစစ်အမှန်သိုင်းဂိုဏ်းက ကောင်နဲ့ ငြိစွန်းပြီး... ဂိုဏ်းတော်ကို သစ္စာဖောက်ရုံတင် မကဘူး... ကိုယ်ဝန်ပါ ရှိနေပါရောလား... တကယ့်ကို အံ့ချီးဖွယ်ရာပါပဲ”

ရယ်မောသံ ဖြစ်သော်လည်း ထိုအသံထဲတွင် ပါဝင်နေသော ဒေါသကို အတိုင်းသား ခံစားနေရသည်။

လင်ရူဟွာ၏ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားရှာသည်။

“ဒါ... ဒါ မိစ္ဆာဂိုဏ်းက အကြီးအကဲ တစ်ယောက်ပဲ... ကောင်းကင်ဘုံလူသား အဆင့် ရောက်နေတာ ကြာပြီ... လျှော့တွက်လို့ မရဘူး”

သူမသည် ကျန်းပိုင်ရှန်း၏ နားနားသို့ ကပ်ပြီး တီးတိုး ပြောလိုက်သည်။

"ပိုင်ရှန်း... သေချာနားထောင်... ခဏနေရင် ငါ သူတို့ကို ရအောင် တားထားလိုက်မယ်... နင် ထွက်ပြေးဖို့ ကြိုးစား... စိတ်မပူနဲ့... ငါ့အမေက ဒုဂိုဏ်းချုပ်လေ... သူတို့ ငါ့ကို သတ်ရဲမှာ မဟုတ်ပါဘူး... ဒါပေမဲ့ နင်ကတော့ မတူဘူး... နင့်ကို ဖမ်းမိရင် ဆရာနဲ့ အစ်ကိုကြီးတို့ကို ခြိမ်းခြောက်ဖို့ အသုံးချကြလိမ့်မယ်..."

ကျန်းပိုင်ရှန်း၏ မျက်နှာထား ပြောင်းလဲသွားပြီး ပြတ်သားစွာ ခေါင်းခါလိုက်သည်။

"သေချင် သေပါစေ... ငါ့မိန်းမနဲ့ ငါ့ကလေးကို ထားခဲ့ပြီး တစ်ယောက်တည်း ဘယ်တော့မှ ထွက်မပြေးဘူး... ပြီးတော့ သူတို့က အစကတည်းက ပြင်ဆင်လာကြတာ... ဟို ကောင်းကင်ဘုံလူသားကို မပြောနဲ့ဦး... ချီစွမ်းအင် အဆင့်တွေ ဝိုင်းထားတဲ့ကြားကနေ ငါ လွတ်မယ် မထင်ဘူး..."

မိစ္ဆာဂိုဏ်းက လင်ရူဟွာကို မသတ်ဘူး ဆိုတာ ဟုတ်ကောင်း ဟုတ်နိုင်‌သော်ငြား ဖမ်းခေါ်သွားပြီလျှင် ဘာဆက်ဖြစ်မလဲ ဆိုတာ ဘယ်သူမှ မပြောနိုင်ပါ။ အထူးသဖြင့် ဗိုက်ထဲက ကလေးကိုတော့ ချမ်းသာပေးဖို့ လုံးဝ မဖြစ်နိုင်ပေ။

သူ သေမင်းကို ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက် လေပြီ။

နှစ်ယောက်သား ရင်ထဲတွင် နာကျင်ကြေကွဲနေရရှာသည်။

စောစောလေးကမှ အနာဂတ်ကို စိတ်ကူးယဉ်နေကြတာ... မျက်တောင်တစ်ခတ် အတွင်းမှာပဲ ငရဲခန်းထဲ ရောက်သွားသလိုပါပဲလား။

လင်ရူဟွာ၏ မျက်လုံးများထဲတွင် အပြစ်ရှိစိတ်များ ပြည့်နှက်နေသည်။

“လွန်ခဲ့တဲ့ ရက်ပိုင်းကသာ ငါ အပြင်မထွက်ခဲ့ရင်... ငါတို့ ခြေရာခံမိမှာ မဟုတ်ဘူး... ပိုင်ရှန်း... ငါ့အမှားပါ”

All Chapters