ကိုးလေးက တကယ်ပဲ စစ်မှန်သူ ကောင်းကင်ဘုံ ဓားသခင် ဟုတ်ချင်မှ ဟုတ်လိမ့်မယ် (၄)
Vol. 18 Ch. 269
~ကျန်းပိုင်ရှန်း မထီမဲ့မြင် ပြုံးလိုက်ပြီး လှောင်ပြောင်လိုက်၏။
"ခွေးအိုကြီး... လက်တစ်ဖက် ပြတ်သွားတာ နာတယ်မလား"
အကြီးအကဲ ယဲ့ ဒေါသထွက်သွားပြီး...
"ကောင်းပြီလေ... ခဏနေရင် တကယ့် ရက်စက်ခြင်းဆိုတာ ဘာလဲ ငါပြမယ်"
"ခွေးအိုကြီး... သတ္တိရှိရင် လာခဲ့လိုက်စမ်း"
လင်ရူဟွာက သူမ လက်ထဲရှိ ကျောက်စိမ်းဆွဲပြားလေးကို မြှောက်ပြလိုက်သည်။ ဆွဲပြား၏ ထောင့်စွန်းလေး တစ်ခုကိုသာ ဖော်ပြထားသော်လည်း၊ အကြီးအကဲ ယဲ့၏ မျက်လုံးအိမ်များ အလိုလို ကျဉ်းမြောင်းသွားရရှာသည်။
နှစ်ယောက်သား ယန်တောင်တန်း၏ နက်ရှိုင်းသော နေရာသို့ ဦးတည်ပြီး လျင်မြန်စွာ ထွက်ပြေးကြလေသည်။
ကောင်းကင်နှင့် မြေကြီး စွမ်းအား သည် အစွမ်းထက်သော်လည်း အကွာအဝေး ဝေးကွာနေသဖြင့် သူတို့ကို တိုက်ရိုက် ထိခိုက်စေနိုင်ခြင်း မရှိပေ။ အကြီးအကဲ ယဲ့မှာမူ ဒေါသတကြီးဖြင့် တောအုပ်များကို ဖျက်ဆီးရင်း နောက်မှ လိုက်လာလေသည်။ သူသည် အမြင့်ကို တဖြည်းဖြည်း လျှော့ချလိုက်ပြီး သူတို့နှစ်ဦးအပေါ်သို့ ဖိအားပေးရန် ကြိုးစားလာ၏။
ရုတ်တရက်...
လင်ရူဟွာ ခြေလှမ်းကို ရပ်တန့်လိုက်ပြီး ဆွဲပြားလေးကို မြှောက်လိုက်သည်။
"ခွေးအိုကြီး... ဓားချီ လာပြီဟေ့"
အကြီးအကဲ ယဲ့ ရင်ထိတ်သွားပြီး ချက်ချင်းပင် ကောင်းကင်ပေါ်သို့ ပျံတက်ကာ အမြင့်ယူလိုက်သည်။ ပြတ်တောက်သွားသော လက်မောင်း၏ နာကျင်မှုက သူ့စိတ်ထဲတွင် လတ်လတ်ဆတ်ဆတ် ရှိနေသေးသည် မဟုတ်ပါလော။
သို့သော်... သူ လုံးဝ အလိမ်ခံလိုက်ရသည်။
ဓားစိတ်ဆန္ဒ လုံးဝ ပေါက်ကွဲမလာခဲ့ပေ။ ကျန်းပိုင်ရှန်းနှင့် လင်ရူဟွာတို့သည် ထိုအခွင့်အရေးကို အသုံးချပြီး တောအုပ်ထဲသို့ ပြန်လည် ထိုးဖောက်ဝင်ရောက်သွားကြသည်။ လှောင်ပြောင်သံများ လေထဲတွင် ကျန်ရစ်ခဲ့၏။
“ဟားဟား... သူရဲဘောကြောင်လိုက်တဲ့ ခွေးအိုကြီး”
အကြီးအကဲ ယဲ့ ဒေါသထွက်လွန်း၍ နဖူးမှ သွေးကြောများပင် ထောင်ထလာသည်။
ဒီကောင်နှစ်ကောင်ကို အပိုင်းပိုင်း ဆွဲဖြဲပစ်ချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်လာရ၏။
ခဏအကြာတွင်...
သူသည် နောက်တစ်ကြိမ် နီးကပ်စွာ ချဉ်းကပ်လာပြန်သည်။
လင်ရူဟွာက နည်းဟောင်းအတိုင်း ပြန်သုံးလိုက်သည်။
အကြီးအကဲ ယဲ့ ကြောက်လန့်ပြီး နောက်တစ်ခါ ဆုတ်ခွာသွားရပြန်သည်။ လင်ရူဟွာက ဟန်ဆောင်နေမှန်း သိသော်လည်း၊ သူ လောင်းကြေး မထပ်ရဲပေ။ နောက်ထပ် လက်တစ်ဖက် ပြတ်သွားလျှင် သူ့ဘဝ သွားပြီ မဟုတ်ပါလော။
တောအုပ်ထဲမှ လင်ရူဟွာ၏ ကြည်လင်ပြတ်သားသော ရယ်မောသံသည် အကြီးအကဲ ယဲ့၏ နားစည်ကို ထိုးဖောက်ဝင်ရောက်လာသည်။ သူ့မျက်နှာကြီးမှာ မည်းမှောင်နေပြီး ရေတွေရွှဲနေသကဲ့သို့ ဖြစ်နေရှာသည်။
ဂျူနီယာ ကလေးနှစ်ယောက်၏ ကစားစရာ ဖြစ်နေရခြင်းသည် သူ့အတွက် ကြီးမားသော အရှက်ရမှုပင်။
ထွက်ပြေးရင်း...
သူတို့သည် ယန်တောင်တန်း၏ ပိုမိုနက်ရှိုင်းသော နေရာသို့ ရောက်ရှိလာကြသည်။
ကောလာဟလများအရ သားရဲဘုရင် နေထိုင်သည်ဟု ဆိုကြသော နေရာ။
ကျန်းပိုင်ရှန်းနှင့် လင်ရူဟွာတို့သည် ကျားကို သုံးပြီး ဝံပုလွေကို နှိမ်နင်းရန် ကြံစည်နေကြခြင်း ဖြစ်သည်။
အကြီးအကဲ ယဲ့ လည်း ဒါကို ရိပ်မိသည်။
သူ လက်ကို ဝှေ့ယမ်းလိုက်ပြီး ကောင်းကင်နှင့် မြေကြီး စွမ်းအားကို ပိုမို ပြင်းထန်စွာ ဖိနှိပ်လိုက်သည်။
လင်ရူဟွာ၏ လှည့်ကွက်များကို စိတ်ပျက်လာသဖြင့်၊ သူသည် အမြင့်ကို ပိုမို လျှော့ချလိုက်၏။ ကြောက်လန့်ပြီး နောက်ဆုတ်လိုက်တိုင်း အကွာအဝေးက ပိုမို တိုတောင်းလာသည်။ သူတို့နှစ်ဦး ပါးစပ်မှ သွေးများ အန်ထွက်လာကြသည်။ ကောင်းကင်နှင့် မြေကြီး စွမ်းအား၏ ရိုက်ခတ်မှုသည် ဒီအကွာအဝေးတွင် သူတို့ကို ထိခိုက်စေနိုင်ပြီ ဖြစ်သည်။
ကျန်းပိုင်ရှန်း ဓားကို ဝှေ့ယမ်းလိုက်သော်လည်း စွမ်းအင်လှိုင်း၏ ရိုက်ခတ်မှုကြောင့် လွင့်စဉ်သွားရသည်။
လင်ရူဟွာ ဆွဲပြားကို ထပ်မြှောက်လိုက်သည်။
"ခွေးအိုကြီး... ဓားသွားကို ကြည့်ထား"
ဒီတစ်ခါတော့ အကြီးအကဲ ယဲ့က မဲ့ပြုံး ပြုံးလိုက်ပြီး အပေါ်မတက်ဘဲ အောက်သို့ ထိုးဆင်းလာတော့သည်။ စိတ်ဓာတ်စစ်ဆင်ရေး လုပ်ပြီး သူတို့ကို အလစ်အငိုက် ဖမ်းရန် ကြံစည်လိုက်ခြင်းပင်။ ကောင်းကင်နှင့် မြေကြီး စွမ်းအားသည် ရေလှိုင်းလုံးကြီးသဖွယ် လွှမ်းခြုံသွားပြီး၊ ကောင်းကင်ဘုံလူသား အဆင့်၏ အစွမ်းကုန် တိုက်ခိုက်မှုကြောင့် လင်ရူဟွာ လေထဲသို့ လွင့်ပျံသွားရသည်။
"မင်းတို့ ငါ့ကို တကယ်ပဲ လိမ်နေတာကိုး"
အကြီးအကဲ ယဲ့ ရူးသွပ်စွာ ရယ်မောလိုက်ပြီး လင်ရူဟွာကို ဖမ်းဆုပ်ရန် လက်လှမ်းလိုက်သည်။
သို့သော်... ရယ်သံသည် ရုတ်တရက် တိခနဲ ရပ်တန့်သွားသည်။
လင်ရူဟွာ လက်ကို ဖြေလျော့လိုက်ရာ ကျောက်စိမ်းဆွဲပြားလေး ပြုတ်ကျလာသည်။ ထိုဆွဲပြားမှာ... စောစောက ကျန်းပိုင်ရှန်း ကိုင်ထားပြီး ကွဲကြေသွားသော ဆွဲပြား အပိုင်းအစလေး ဖြစ်နေသည် မဟုတ်ပါလော။
အကြီးအကဲ ယဲ့၏ ဆံပင်များ ထောင်ထသွားသည်။
ပြိုင်ဘက်ကင်း ဓားစိတ်ဆန္ဒ တစ်ခုသည် သူ့နောက်ကျောဘက်မှ ရုတ်တရက် ပေါက်ကွဲထွက်လာလေ၏။ ကြောက်မက်ဖွယ် ဓားချီသည် သူ့ကို ဝင်ရောက် တိုက်ခိုက်လိုက်ရာ သူ မထိန်းနိုင်ဘဲ အော်ဟစ်လိုက်ရတော့သည်။
ကျန်းပိုင်ရှန်း၏ ရူးသွပ်သွပ် ရယ်မောသံ ထွက်ပေါ်လာသည်။
"ခွေးအိုကြီး... ဓားအစစ်က ငါ့ဆီမှာကွ"
သူတို့နှစ်ယောက် အစကတည်းက အရူးလို ဟန်ဆောင်နေခဲ့ကြခြင်း ဖြစ်သည်။ ကျောက်စိမ်းဆွဲပြား အကောင်းက လင်ရူဟွာဆီမှာ ရှိသည်ဟု အကြီးအကဲ ယဲ့ ယုံသွားအောင် လုပ်ခဲ့ကြခြင်းပါ။ တကယ်တမ်းကျတော့ သူတို့နှစ်ယောက် ဆွဲပြားချင်း လဲထားခဲ့ကြတာကို ဟိုလူကြီး လုံးဝ မသိလိုက်ရှာပေ။
ကျန်းပိုင်ရှန်းသည် ဒဏ်ရာတွေနှင့် လင်ရူဟွာကို တွဲထူလိုက်ပြီး၊ ဓားချီ၏ စွမ်းအားကို မော့ကြည့်လိုက်ကြသည်။
ဓားချီသည် အကြီးအကဲ ယဲ့ဆီသို့ တိုးဝင်သွားပြီး၊ သူ ဖန်တီးထားသော ကောင်းကင်နှင့် မြေကြီး စွမ်းအား အတားအဆီးများကို ထောပတ်ကို ဓား ထက်ထက်နှင့် လှီးသလို ဖြတ်ကျော်သွားတော့သည်။
“အား….”
နာကျင်စွာ အော်ဟစ်သံကြီး တစ်ခု...
အကြီးအကဲ ယဲ့၏ ခန္ဓာကိုယ် တစ်ဝက်ခန့် ပြတ်တောက်သွားပြီး၊ သူ့အရှိန်အဝါများ လျော့ကျသွားကာ ဟင်းလင်းပြင်မှ ပြုတ်ကျလာတော့သည်။
ကျန်းပိုင်ရှန်းနှင့် လင်ရူဟွာတို့ ဝမ်းသာသွားကြသည်။
ဒီအောင်ပွဲက သူတို့ မှန်းထားတာထက်တောင် ပိုကြီးမားနေသေးသည်။
သူတို့ အကြီးအကဲ ယဲ့ကို အပြီးသတ်ဖို့ မစဉ်းစားတော့ပေ။ အားနည်းသွားပြီ ဆိုပေမယ့် ကောင်းကင်ဘုံလူသား အဆင့် ဆိုတာ သေချာပေါက် ဝှက်ဖဲ ရှိဦးမည်။ အကယ်၍ ပြန်တိုက်လျှင် သူတို့ပဲ ဒုက္ခရောက်လိမ့်မည်။ ယခု သူတို့ ခေါင်းထဲမှာ ရှိတာ တစ်ခုတည်းပင်... မြန်မြန်ပြေးရမည်။
သူတို့ ခြေလှမ်းစလိုက်ချိန်မှာပဲ...
အကြီးအကဲ ယဲ့၏ နာကျည်းဖွယ်ရာ အသံကြီး ကောင်းကင်တစ်ခုလုံး ဟိန်းထွက်လာသည်။
“မင်းတို့ကောင်တွေ မထွက်လာကြသေးဘူးလား... ဒီကောင်နှစ်ကောင် လွတ်သွားရင် မင်းတို့ တာဝန်ယူမှာလား”
ကျန်းပိုင်ရှန်းနှင့် လင်ရူဟွာတို့ ကျောက်ရုပ်ကြီးပမာ ဖြစ်သွားကြသည်။ ထိတ်လန့်မှုက သူတို့ နှလုံးသားကို ဆုပ်ကိုင်ထားသလို ခံစားလိုက်ရပြီး ရှေ့က တောအုပ်ဆီသို့ လှမ်းကြည့်လိုက်ကြသည်။
“ချွတ်..ချွတ်..”
သစ်ကိုင်းခြောက်များကို နင်းဖြတ်ပြီး လမ်းလျှောက်လာသော ခြေသံများ...
ထို့နောက်...
မျက်နှာထား အေးစက်စက်နှင့် ဆံပင်ဖြူ လူငယ် တစ်ယောက် သူတို့ မြင်ကွင်းထဲသို့ ဝင်ရောက်လာလေတော့သည်။