← Chapters

မျောက်ဖြူ သွေးမျိုးဆက်၏ နက်ရှိုင်းသော မြင်ကွင်း

Vol. 18 Ch. 257

မျောက်ဖြူ သွေးမျိုးဆက်၏ နက်ရှိုင်းသော မြင်ကွင်း

Vol. 18 Ch. 257

~ဓားမမိစ္ဆာနှင့် ဆွေးနွေးပြီးနောက်တွင် နင်ချီ၏ ဘဝသည် ယခင်ကဲ့သို့ ငြိမ်သက်အေးဆေးသော အခြေအနေသို့ ပြန်ရောက်သွားခဲ့သည်။

ဤဆွေးနွေးမှုသည် အလွန် အကျိုးရှိခဲ့ပြီး သိုင်းသူတော်စင် နယ်ပယ်သို့ ချိုးဖြတ် ဝင်ရောက်ခြင်းနှင့် ပတ်သက်၍ ပိုမို နက်ရှိုင်းသော နားလည်မှုကို ရရှိစေခဲ့ကာ ရှင်းလင်းသော လမ်းစတစ်ခု၏ အစကို မြင်တွေ့လိုက်ရပြီ ဖြစ်သည်။

အမှန်စင်စစ်အားဖြင့် ဓားမမိစ္ဆာသည်လည်း ကြီးမားသော အကျိုးကျေးဇူးများကို ရရှိခဲ့သည်။

နင်ချီသည် သူ့ကို ဘာမျှ လျှို့ဝှက်ထားခြင်း မရှိဘဲ မျှဝေပေးခဲ့သဖြင့် ဓားမမိစ္ဆာသည် ဉာဏ်အလင်းရရှိမှုများနှင့် ဦးတည်ချက်များစွာကို ရရှိခဲ့ပြီးနောက် အလျင်အမြန်ပင် တံခါးပိတ် ကျင့်ကြံခြင်း အခြေအနေသို့ ဝင်ရောက်သွားတော့သည်။ သို့သော် နင်ချီနှင့် ထားရှိခဲ့သော ကတိကဝတ်ကို သူ မမေ့လျော့ခဲ့ချေ။ အကယ်၍ တစ်စုံတစ်ယောက် အမှန်တကယ် လာရောက် ကျူးကျော်ပါက သူသည် ၎င်းတို့ကို နှိမ်နင်းရန် အလိုအလျောက် ထွက်ပေါ်လာမည်မှာ သေချာသည်။

ဤနည်းအားဖြင့်၊ရ

အစစ်အမှန်သိုင်းဂိုဏ်းသည် လုံခြုံ စိတ်ချရသော အခြေအနေသို့ ရောက်ရှိသွားခဲ့လေပြီ။

နင်ချီ သက်ပြင်းချလိုက်သည်။ မူလက သူ၏ အကြီးမားဆုံး စိုးရိမ်ပူပန်မှုမှာ သူ တောင်အောက်သို့ ဆင်းသွားချိန်တွင် မိစ္ဆာဂိုဏ်းနှင့် တောင်ပိုင်းနယ်စပ်တို့က အခွင့်ကောင်းယူပြီး အစစ်အမှန်သိုင်းတောင်ကို တိုက်ခိုက်လာမည်ကို ဖြစ်သည်။ သို့သော် ယခုအခါ ဓားမမိစ္ဆာ၏ စောင့်ရှောက်မှုအပြင် အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်နှင့် ဉာဏ်အလင်းရယူရန် ရောက်ရှိနေကြသော သိုင်းပညာရှင်များစွာ ရှိနေသဖြင့်၊ အကယ်၍ ထို အင်အားစု နှစ်ခု ကျူးကျော်လာပါက ကြီးမားသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရပေလိမ့်မည်။

"ဒီနည်းနဲ့ဆိုရင်... လျှို့ဝှက်ချက်တွေကို စုံစမ်းဖို့ ငါ တောင်အောက် ဆင်းနိုင်ပြီ။ သူတို့ရဲ့ လျှို့ဝှက် နေရာကိုသာ ရှာတွေ့နိုင်ရင် ငါ အရင် လက်ဦးမှု ရယူပြီး ဒီအန္တရာယ်ကို အမြစ်ကနေ ဖြတ်တောက်ပစ်နိုင်လိမ့်မယ်"

နင်ချီ၏ မျက်ဝန်းများ ဝင်းလက်သွားသည်။

သူ၏ ခေါင်းပေါ်တွင် ဓားနှစ်လက် ချိတ်ဆွဲထားသကဲ့သို့ ခံစားနေရသော အန္တရာယ်ကို သူ မမေ့လျော့ခဲ့ပေ။

ရေရရ

သူသည် ယခု အလွန် သန်မာနေပြီ ဖြစ်သော်လည်ဖြစ်သော်လည်းရရရသိုင်းသူတော်စင် တစ်ပါး လာရောက် သတ်ဖြတ်မည် ဆိုပါက အစစ်အမှန်သိုင်းဂိုဏ်းကို အပြည့်အဝ ကာကွယ်နိုင်ဦးမည် မဟုတ်ချေ။

"အစ်ကိုကြီး... တော်ဝင်နန်းတော် ဘက်က သဲလွန်စ တစ်ခုခု ရထားတာများ ရှိလားဗျ" နင်ချီ မေးလိုက်သည်။

ထိုအခါ၊ လော့ဝမ်ထျန်းသည် မတတ်သာသကဲ့သို့ ခေါင်းခါလိုက်၏။

"ဟင့်အင်း၊ လတ်တလောမှာ တော်ဝင်နန်းတော်နဲ့ တောင်ပိုင်းနယ်စပ်က မိစ္ဆာဂိုဏ်း အင်အားစုတွေ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြတယ်။ ဆန်းပြားသားရဲ အတွင်းအမြုတေ နဲ့ သွေးဘုရင် ကူ တွေရဲ့ သဲလွန်စနောက်ကို လိုက်နေကြပေမယ့် သူတို့က အရမ်း သတိကြီးတာ။ မကြာခဏဆိုသလို ဒါကို သုံးပြီး ထောင်ချောက်ဆင်လေ့ ရှိတယ်။ တော်ဝင်နန်းတော် ဘက်ကလည်း အားကောင်းတဲ့ သူတွေ တော်တော်များများ ဆုံးရှုံးလိုက်ရတယ်။ သူတို့ သိထားတာက တောင်ပိုင်းနယ်စပ်က သွေးဧကရာဇ် ကူ ကို မွေးမြူဖို့ လိုအပ်နေပြီး မိစ္ဆာဂိုဏ်းကတော့ မြင့်မြတ်သော ဆေးလုံး လို့ ခေါ်တဲ့ ရတနာ တစ်မျိုးကို ဖော်စပ်နေတယ် ဆိုတာလောက်ပါပဲ။ အသေးစိတ် အချက်အလက်တွေတော့ မရှိပါဘူး"

“အစ်ကိုကြီး သံသယ ရှိနေတာက၊ သူတို့ရဲ့ အခြေစိုက်စခန်းကို ရွှေ့ပြောင်းလိုက်ပြီ ထင်တယ်၊။ ရှုပ်ထွေးမှုတွေ၊ လမ်းလွှဲမှုတွေကို တမင် ဖန်တီးနေတာပဲ ဖြစ်လိမ့်မယ်”

ထိုအခါ၊ နင်ချီ မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။

"အခြေစိုက်စခန်း ရွှေ့လိုက်ပြီ ဟုတ်လား"

"တောင်တစ်သိန်းနဲ့ မဟာယန် ပြင်ပကို ရွှေ့လိုက်တာလား"

လော့ဝမ်ထျန်းက ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်။ အခု တော်ဝင်နန်းတော်ကလည်း အဲဒီလိုပဲ သံသယ ရှိနေတယ်။ ဒါပေမဲ့ တောင်တစ်သိန်း ဆိုတာက တောင်ပိုင်းနယ်စပ်ရဲ့ အမာခံနယ်မြေလေ။ ဆန်းပြား သားရဲတွေနဲ့ အဆိပ်ငွေ့တွေလည်း အများကြီး ရှိတယ်။ တော်ဝင်နန်းတော်က ဝင်ရောက် စွက်ဖက်လို့ မရဘူး။ ပြီးတော့ မဟာယန် ပြင်ပမှာ လူဦးရေ များတဲ့ နေရာက မြောက်ပိုင်း လူရိုင်း မြက်ခင်းပြင် ပဲ။ မဟာယန်လောက် လူဦးရေ မများပေမယ့် ဆယ့်တစ်ဆလောက် ရှိတော့ သွေးဘုရင် ကူ ကို ထောက်ပံ့ဖို့ ပြဿနာ မရှိဘူး"

"တော်ဝင်နန်းတော်နဲ့ မြောက်ပိုင်း လူရိုင်းတွေရဲ့ ဆက်ဆံရေးကို ထည့်စဉ်းစားရင် သူတို့ လက်လှမ်းမမီနိုင်ဘူး။ နတ်ဘုရားငှက်မွှေး စစ်သူကြီးချုပ် ဆိုရင် မိစ္ဆာဂိုဏ်းနဲ့ တောင်ပိုင်းနယ်စပ်က မြောက်ပိုင်း လူရိုင်းတွေနဲ့ မဟာမိတ် ဖွဲ့ပြီးသား ဖြစ်နိုင်တယ်လို့တောင် သံသယ ရှိနေတယ်။ တကယ်သာ အဲဒီလိုဆိုရင် ပိုပြီး ဒုက္ခရောက်တော့မှာပဲ"

နင်ချီ သက်ပြင်း အနည်းငယ် ချလိုက်၏။

မိစ္ဆာဂိုဏ်းနှင့် တောင်ပိုင်းနယ်စပ် ကို ကိုင်တွယ်ရတာက ခက်ခဲနေလေပြီ။

မြောက်ပိုင်း လူရိုင်းတွေပါ ပေါင်းထည့်လိုက်ရလျှင် ပိုပြီး ရှုပ်ထွေးလာတော့မည်။

"လူတိုင်းက မဟာယန်ဆီကနေ အပိုင်းအစ တစ်ခုခု လိုချင်နေကြတဲ့ ပုံပဲ"

ဖြစ်နိုင်လျှင် နင်ချီသည် မပါဝင်ဘဲ နေချင်သည်။ သို့သော် ကံဆိုးစွာပင် အစစ်အမှန်သိုင်းဂိုဏ်းသည် အခြေအနေ အတွင်းသို့ ဆွဲသွင်းခံလိုက်ရပြီ ဖြစ်ပြီး မဟာယန် ဘက်မှ ရပ်တည်ရန် တွန်းအားပေး ခံနေရ၏။ ထို့အပြင် မဟာယန် သိုင်းသူတော်စင် ဆိုသူသည် မိတ်ဆွေလော၊ ရန်သူလော ဆိုသည်ကို သူ မသိရသေးပေ။

အခြေအနေသည် အတော်လေး ရှုပ်ထွေးလာခဲ့ချေပြီ။

သူ လက်ဦးမှု ရယူပြီး တိုက်ခိုက်ရန် လိုအပ်ကြောင်း နင်ချီ စိတ်ထဲတွင် ဆုံးဖြတ်လိုက်သည်။

သို့သော် သူ၏ မည်သူမည်ဝါ ဖြစ်မှုနှင့် စွမ်းအားကို တော်ဝင်နန်းတော် ဘက်သို့ လုံးဝ ထုတ်ဖော်ပြသ၍ မရပါ။

သို့မဟုတ်ပါက သိုင်းသူတော်စင်များ၏ အာရုံစိုက်မှုကို ဆွဲဆောင်မိနိုင်ပြီး လက်ရှိ အခြေအနေထက် ပိုမို အန္တရာယ်များသော အခြေအနေသို့ ရောက်သွားနိုင်သည်။

"အစ်ကိုကြီး... ကျွန်တော် တောင်အောက် ဆင်းဖို့ စီစဉ်ထားတယ်" နင်ချီ ပြောလိုက်၏။ရ

လော့ဝမ်ထျန်း ထိတ်လန့် သွားသည်။

"ကိုးလေး... မင်းက..."

နင်ချီ ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်။ သူတို့ လာတိုက်မှာကို ထိုင်စောင့်နေမယ့်အစား ကျွန်တော်တို့က အရင် လက်ဦးမှု ရယူတာ ပိုကောင်းပါတယ်။ ဒါပေမဲ့ ဒီကိစ္စကို တော်ဝင်နန်းတော်ကို အသိပေးစရာ မလိုပါဘူး။ အဲဒီအစား သွေးဘုရင်ကူနဲ့ ပတ်သက်တဲ့ ထောက်လှမ်းရေး သတင်းတွေကို တတ်နိုင်သမျှ စုဆောင်းပေးပါ"

မိစ္ဆာဂိုဏ်း၏ သိုင်းသူတော်စင် လျှို့ဝှက်ရတနာကို ‘မြင့်မြတ်သော ဆေးလုံး’ဟု ခေါ်ကြောင်းသာ သိရပြီး အသေးစိတ် အချက်အလက် မရှိပေ။ ဆန်းပြားသားရဲ၏ အတွင်းအမြုတေ လိုအပ်ကြောင်းသာ သိရလေသည်။

သို့သော် နင်ချီသည် တောင်ပိုင်းနယ်စပ်မှ သွေးဘုရင် ကူ နှင့် ကိုယ်တိုင် ကြုံတွေ့ခဲ့ဖူးသည်။ အန္တရာယ်ကို ရှောင်ရှားရန်အတွက် သူက တောင်ခြေရင်းတွင်သာ အသုံးပြုခဲ့ပြီး တောင်ပိုင်းနယ်စပ် ဒေသခံများ အာရုံမခံမိအောင် ပြုလုပ်ခဲ့ဖူးသည်။

ယခုတွင်မူ သွေးဘုရင်ချီသည် ပြောင်းပြန် ပြုလုပ်နိုင်သည်။ အကယ်၍ သူသည် သွေးဘုရင် ကူ တစ်ကောင်ကို ရရှိပြီး သွေးဘုရင် ကူ အချင်းချင်း အာရုံခံနိုင်သည့် နည်းလမ်းကို ရှာဖွေတွေ့ရှိပါက တောင်ပိုင်းနယ်စပ်ရှိ သွေးဘုရင် ကူ အားလုံးကို တစ်ချက်တည်းဖြင့် ဖမ်းဆီးနိုင်ကောင်း ဖမ်းဆီးနိုင်ပေလိမ့်မည်။

ထို့ကြောင့် နင်ချီသည် သွေးဘုရင် ကူ မှ စတင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

လော့ဝမ်ထျန်း၏ မျက်နှာတွင် အားနာမှုများ ပေါ်လာ၏။ ကိုးလေးသည် ဆယ့်တစ်နှစ်သာ ရှိသေးသော်လည်း ဤမျှ များပြားသော ဝန်ထုပ်ဝန်ပိုးများကို ထမ်းဆောင်နေရသည် မဟုတ်ပါလား။

သို့သော် သူ အများကြီး ဖြောင်းဖျမနေတော့ပေ။

အဘယ်ကြောင့်ဆိုသော် ဒါက အမှန်တကယ် အကောင်းဆုံး ရွေးချယ်မှု ဖြစ်ကြောင်း သူ သိထားသောကြောင့်ပင်။

သူ လေးနက်သော လေသံဖြင့် ပြောလိုက်၏။

"ကိုးလေး... နှစ်ကုန်ပိုင်းလည်း နီးနေပြီဆိုတော့ နောက်ထပ် ရက်အနည်းငယ်လောက် နေပါဦး။ တော်ဝင်နန်းတော်က ပို့လိုက်တဲ့ သတင်းတွေကို အစ်ကိုကြီး စိစစ်ပြီးတဲ့အထိ စောင့်ပြီးမှ တောင်အောက် ဆင်းပါ"

နင်ချီက ပေါ့ပါးစွာ ခေါင်းညိတ်လိုက်သည်။

ဒီရက် အနည်းငယ်လောက် စောင့်ရတာ ကိစ္စမရှိပါ။ ဒီနှစ် နှစ်ကုန်ပိုင်း ပြိုင်ပွဲက သေချာပေါက် စည်ကားလိမ့်မည်။

မျိုးဆက်သစ် ( ၃၀၀ )ဟာ ဒီကာလအတွင်း ကျင့်ကြံပြီးနောက် အောင်မြင်မှု အနည်းငယ် ရရှိထားကြ လေပြီ။ သူတို့ ၏ ကျင့်ကြံမှု ရလဒ်တွေကို စမ်းသပ်ဖို့ အခွင့်အရေးကောင်း တစ်ခု ဖြစ်သလို တပည့်ရင်း အဖြစ် တိုးမြှင့်ပေးနိုင်မည့် ထူးချွန်သူတွေလည်း ရှိလာနိုင်ပါသည်။

လော့ဝမ်ထျန်း၏ အကြည့်ထဲမှ စိုးရိမ်ပူပန်မှုများကို ခံစားမိသဖြင့် နင်ချီ ပြုံးကာ ပြောလိုက်၏။

"အစ်ကိုကြီး... စိတ်မပူပါနဲ့။ ကျွန်တော့်ရဲ့ လက်ရှိ စွမ်းအားနဲ့ဆိုရင် ဘာမှ မတွေ့ရင်တောင် အန္တရာယ်တော့ ရှိမှာ မဟုတ်ပါဘူး"

လော့ဝမ်ထျန်း ခါးသက်သက် ပြုံး လိုက်သည်။

"ငါ့ရဲ့ ကိုယ်ပိုင် စွမ်းအားက သိပ်ပြီး မလုံလောက်လို့ပဲ၊ မဟုတ်ရင်…"

ထိုအခါ၊ နင်ချီက နှစ်သိမ့်စကား အနည်းငယ် ပြောလိုက်၏။

ဒါက တကယ်တော့ သူတို့အပြစ် မဟုတ်ပါချေ။ သာမန် ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းအရ ဆိုလျှင် အစစ်အမှန်သိုင်းဂိုဏ်း

တိုးတက်ဖို့ မျိုးဆက်ပေါင်းများစွာ ကြိုးစားအားထုတ်ပြီးမှ ပြန်လည် ရှင်သန်လာမည့် အခြေအနေမျိုး ဖြစ်သင့်၏။ သို့သော်၊ နင်ချီ ရုတ်တရက် ပေါ်ထွက်လာမှုက ရ အများကြီး တိုတောင်းသွားစေခဲ့ပြီး တခြားသူတွေ အမီမလိုက်နိုင်သလို ဖြစ်သွားစေခဲ့သည်ပင်။

လူတိုင်းမှာ နင်ချီလို နက်ရှိုင်းသော ထိုးထွင်းသိမြင်မှု မရှိသည့်အတွက် ဒါက သဘာဝကျပါ၏။

သို့သော်၊ ဒါကလည်း ကြီးမားသော ပြဿနာ မဟုတ်ပါ။ အချိန်ကြာလာသည်နှင့်အမျှ ဒီ အခြေခံအုတ်မြစ်ကို ဖြည်းဖြည်းချင်း ချေဖျက်နိုင်သွားလျှင် စစ်မှန်သော စွမ်းအားအဖြစ် ပြောင်းလဲသွားမည်ပင်။

All Chapters