← Chapters

ကြီးမားသောတိုးတက်မှု၊ ကီလိုဂရမ် ၃၀၀၀၀၏ အံ့ဖွယ်ကောင်းသော ခွန်အား ၂

Vol. 13 Ch. 190

ကြီးမားသောတိုးတက်မှု၊ ကီလိုဂရမ် ၃၀၀၀၀၏ အံ့ဖွယ်ကောင်းသော ခွန်အား ၂

Vol. 13 Ch. 190

လျူယောင်တုန်သည် အနည်းငယ် သံသယဝင်သွားတော့သည်။

အဲ့တာက အစစ်အမှန် သိုင်းပညာဌာနက တကယ်ကြီး သုတေသနလုပ်နေတဲ့ ဟာများလား?

အဲ့လိုမှ မဟုတ်ဘူးဆိုရင် ဘယ်လိုလုပ် ဒီလိုရလဒ် ထွက်လာနိုင်မှာလဲ?

ရှုကျိုးမှ အေးအေးလူလူ ပြောလာခဲ့သည် “ အခုရော ယုံပြီလား? အဲ့တာက ငါတို့ အစစ်အမှန် သိုင်းပညာဌာနရဲ့ နောက်ဆုံးပေါ် သုတေသန အောင်မြင်မှု၊ သွေးရိုင်းဆေးရည်ပဲ “

“ သွေးရိုင်းဆေးရည်လား? “

လျူယောင်တုန် အံ့အားသင့်သွားတော့သည်။

“ မင်းက အဲ့တာကို ဘယ်လိုလုပ် လုပ်နိုင်ခဲ့တာလဲ? “

“ ငါမင်းကို ပြောခဲ့ပြီးသားပဲလေ၊ အဲ့တာက ငါတို့အစစ်အမှန် သိုင်းပညာဌာနရဲ့ နောက်ဆုံးပေါ် သုတေသနပါဆိုနေ “ ရှုကျိုးမှ စိတ်မရှည်နိုင်ဖြစ်နေသော လေသံမျိုးဖြင့် ပြောလာခဲ့သည်။

“ ဘာလဲ၊ မင်းက ဆေးရည် ထုတ်လုပ်နည်းကိုပါ လိုချင်နေတာလား? အဲ့တာက လျှို့ဝှက်ချက်ပဲ၊ ငါကမင်းကို ဘယ်လိုလုပ် ပြောပြနိုင်မှာလဲ? “

လျူယောင်တုန်၏ အကြည့်များ လှုပ်ခတ်သွားခဲ့သည် “ ဒါဆိုရင်လည်း ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်ကြတာပေါ့၊ တကယ်လို့ ငါ့အစ်ကိုက မင်းကို နိုင်သွားမယ်ဆိုရင်၊ မင်းက ဆေးရည်ဖော်နည်းကိုပါ ငါတို့ကို ပေးရမယ် “

ရှုကျိုးမှ လှောင်ပြောင်ပြောဆိုလိုက်သည် “ စိတ်မပူပါနဲ့၊ ငါက ကတိတည်တယ်။ ဒါပင်မဲ့ မင်းအစ်ကို ရှုံးသွားမယ်ဆိုရင် ဒီCအဆင့်လက်နက်က ငါ့ဟာဖြစ်လာမှာနော် “

လျူယောင်တုန်မှ ခေါင်းငြိမ့်ပြလာခဲ့သည် “ ပြဿနာမရှိဘူး၊ ဒါဆိုရင် မနက်ဖြန်ကျရင် ဒီနေရာမှာပဲ မင်းက ငါ့အစ်ကိုနဲ့ တိုက်ရလိမ့်မယ် “

ရှုကျိုးမှ အသာအယာ ခေါင်းငြိမ့်ပြလိုက်ပြီး မည်သည့်စကားမှ ထပ်မပြောလာတော့ဘဲ လှည့်ထွက်သွားတော့သည်။

လျူယောင်တုန်သည် ထွက်ခွာသွားသည့် ရှုကျိုး၏ ပုံရိပ်ကို ငေးကြည့်ကာ ရေရွတ်ပြောဆိုနေခဲ့သည် “ မိနစ်ဝက်အတွင်းမှာပဲ ချီ-သွေးစွမ်းအားကို ၁ယူနစ်အထိ မြှင့်တင်ပေးနိုင်တယ်။ အစစ်အမှန် သိုင်းပညာဌာနက ဒီလောက်တောင် ကြောက်ဖို့ကောင်းတဲ့ဟာတွေကို တကယ်ကြီး လုပ်နေနိုင်တာပဲ “

“ ဒါပင်မဲ့ အဲ့တာကို ငါ့လက်ထဲမှာပဲ ထားလိုက်မယ်ဆိုရင် အကျိုးမရှိဘူး၊ ရောင်းလိုက်တာကမှ ပိုပြီးတော့ အကျိုးအမြတ်များလိမ့်မယ်။ ငါက အဲ့တာကို ဘယ်လို ရောင်းလိုက်သင့်လဲ? “

သူသည် ရေရွတ်ပြောဆိုနေရင်းဖြင့် ဖြည်းဖြည်းချင်း လမ်းလျှောက်သွားတော့သည်။

…

တောင်ကုန်းပေါ်ရှိ လျူတျန်မုကမူ ထွက်ခွာသွားသည့် လူနှစ်ဦးကို စောင့်ကြည့်နေရင်းဖြင့် အကြည့်များ ပြောင်းလဲသွားခဲ့သည်။

“ သွေးရိုင်းဆေးရည်လား? “ လျူတျန်မုမှ ရေရွတ်ပြောဆိုနေခဲ့သည် “ တကယ်လို့ ဒီစကားတွေသာ ပြန့်သွားမယ်ဆိုရင်တော့ ပျားအုံကို တုတ်နဲ့ထိုးလိုက်တာပဲ “

ခိုင်းနှုန်းမှုမှာ အနည်းငယ် ရိုင်းနေခဲ့သော်လည်း အကျိုးသက်ရောက်မှုပုံစံကမူ ဆင်တူနေလျက်ရှိသည်။

မိနစ်ဝက်အတွင်းမှာပင် ချီ-သွေးစွမ်းအား ၁ယူနစ် တိုးမြှင့်ပေးနိုင်ခြင်း !!

အကယ်၍ ၎င်းကို တိုက်ပွဲများအတွင်းတွင် အသုံးလိုက်မည်ဆိုပါက၊ အဆိုပါ ရုတ်တရက် တိုးတက်မှုသည် မထင်မှတ်ထားသော ရလဒ်များကို ဖြစ်ပေါ်သွားစေခဲ့မည် ဖြစ်သည်။

သို့သော် ၎င်းတို့မှာ များစွာ အရေးမကြီးလှပေ။

အရေးအကြီးဆုံး အရာမှာ လူသားတို့၏ ခန္ဓာကိုယ်တည်ဆောက်မှုပုံစံသည် ဆေးရည်(သို့) သားရဲအူတိုင်များကို အချိန်တစ်ခဏလေးအတွင်းမှာပင် အပြည့်အဝ မစုပ်ယူနိုင်ကြပေ။

ထို့ကြောင့် သာမန်လူများသည် ကျင့်ကြံရေး ဆေးရည်များကို သုံးစွဲခဲ့ပြီးသည့်နောက်တွင် နာရီပေါင်းများစွာ (သို့)တစ်ရက်တိတိ အပြည့်အဝ လေ့ကျင့်ရန် လိုအပ်ပေသည်။

သို့သော် ရှုကျိုးကမူ ဆေးရည်များကို သောက်သုံးကာ မိနစ်ဝက်အတွင်းမှာပင် ချီ-သွေး ၁ယူနစ်တိုးတက်သွားခဲ့သည်။ ထိုကဲ့သို့သော အရာမျိုးမှာ ………….

၎င်းမှာ လူသားတို့က အဆိုပါဆေးရည်ကို လျင်မြန်စွာ စုပ်ယူနိုင်သည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။

အကယ်၍ သူကသာ အဆိုပါ ဆေးရည်ဖော်စပ်နည်းကို တုပနိုင်မည်ဆိုပါက နတ်သိုင်းဌာန၏ ကျင့်ကြံရေး တိုးတက်မှုနှုန်းထားသည် မထင်မှတ်ထားလောက်သော အမြင့်တစ်နေရာအထိ ရောက်ရှိသွားလိမ့်မည် ဖြစ်သည်။

“ အဲ့ဒီအရူးရှုကျိုးက သွေးရိုင်းဆေးရည်က ဘယ်လောက်တောင်တန်ဖိုးရှိလဲဆိုတာကိုတောင် မသိဘူးပဲ “

လျူတျန်မုသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည် “ သွေးရိုင်းဆေးရည်ရဲ့ ထုတ်လုပ်မှုနည်းလမ်းက အကျိုးပြုအမှတ် သိန်းဂဏန်းလောက်ထိ တန်နေမှာပဲ၊ အဲ့ထပ်တောင် ပိုများနေနိုင်တယ် “

“ သူက အဲ့တာကို Cအဆင့် လက်နက်လေးတစ်ခုတည်းနဲ့ လဲမှာလား? “

“ Cအဆင့်ကို မေ့ထားလိုက် Bအဆင့်ဆိုရင်တောင်မှ အဲ့တာရဲ့တန်ဖိုးကို မယှဥ်နိုင်လောက်သေးဘူး “

၎င်းကို တွေးမိသွားသောအခါတွင် လျူတျန်မုသည် အနည်းငယ် ဂဏာမငြိမ်ဖြစ်သွားတော့သည်။

အမှန်တိုင်းပြောရမည်ဆိုပါက သူသည် အနည်းငယ် သွေးဆောင်ခံလိုက်ရပြီ ဖြစ်သည်။

အကယ်၍ သူကသာ အဆိုပါ သွေးရိုင်းဆေးရည်၏ ဖော်စပ်မှုနည်းလမ်းကို ရနိုင်မည်ဆိုပါက၊ သူသည် အကျိုးပြုအမှတ်များနှင့် ပတ်သက်၍ အချိန်အတော်ကြာသည်အထိ စိုးရိမ်ပူပန်နေစရာ လိုတော့မည် မဟုတ်ပေ။

ထို့အပြင် သူသည် သိုင်းပညာရှင်များ အဖွဲ့၏ ဒုဥက္ကဌရာထူးကို ထိန်းသိမ်းနိုင်မည်ဖြစ်ပြီး၊ ဥက္ကဌအဖြစ်ပင် ရာထူးတိုးသွားနိုင်သေးသည်။

လျူတျန်မု၏ အကြည့်များ လှုပ်ခတ်နေခဲ့သည်၊ တစ်ခဏခန့်ကြာခဲ့ပြီးသည့်နောက်တွင် သူသည် ထိုနေရာမှ ရုတ်တရက် ပျောက်ကွယ်သွားသည်။

…

လျူယောင်တုန်သည် လမ်းလျှောက်နေရင်းဖြင့် ရှုကျိုးထံသို့ ဆက်သွယ်ရန်အတွက် သူ၏ဖုန်းကို ထုတ်ယူရန် ပြင်လိုက်သည်။

ရုတ်တရက် ဆိုသလိုပင် သူသည် တစ်စုံတစ်ခုကို အာရုံခံမိသွားကာ မော့ကြည့်လိုက်သည်။

“ လျူတျန်မုလား? “ လျူယောင်တုန်၏ ခြေလှမ်းများ ရပ်တန့်သွားပြီး၊ အရှေ့ဘက်ရှိ ပုံရိပ်ကို ကြည့်ကာ မျက်မှောင်ကြုတ်သွားခဲ့သည် “ မင်းက ဒီနေရာမှာ ဘာလို့ရှိနေတာလဲ? “

သူ၏ မျက်နှာအမူအရာသည် အေးဆေးတည်ငြိမ်နေခဲ့သော်လည်း အတွင်းစိတ်ထဲတွင်မူ အနည်းငယ် တုန်လှုပ်နေလျက်ရှိသည်။

ဒီကောင်က ငါ့ရဲ့ Cအဆင့်လက်နက်ကို မျက်စိကျနေတာများလား?

လျူတျန်မုမှ လျှောက်လှမ်းလာ၍ ပြုံးပြလာခဲ့သည် “ လျူယောင်တုန်၊ ငါက အခုလေးတေင် ဒီနေရာကနေ ဖြစ်သွားတာပါ၊ ကြည့်ရတာတော့ မင်းက အစစ်အမှန် သိုင်းပညာဌာနက ရှုကျိုးနဲ့ တော်တော်လေး စကားကောင်းနေတဲ့ပုံပဲနော်? “

လျူယောင်တုန်၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး၊ အနည်းငယ် တုန်လှုပ်သွားတော့သည် “ ဘာ၊ မင်းက ဘာတွေ ကြားလိုက်တာလဲ? “

“ အများကြီး သိပ်မကြားပါဘူး “ လျူတျန်မုသည် ဖျော့တော့သော အပြုံးတစ်ခုကို ဆင်မြန်းလာခဲ့သည် “ ဒါပင်မဲ့ တကယ်လို့ မင်းရဲ့ ဝမ်းကွဲအစ်ကို ကျန်းချွမ်ကသာ မင်းက သူ့ရဲ့ စိတ်စွမ်းအားလက်နက်ကို လောင်းကြေးအဖြစ် သုံးထားတာကို သိသွားမယ်ဆိုရင် သူက ရှုကျိုးကို ဆက်ပြီးတော့ စိန်ခေါ်ပါ့မလား? “

လျူယောင်တုန်၏ မျက်နှာ ဖြူဖျော့သွားခဲ့ပြီး လေသံတိုးတိုးလေးဖြင့် အော်ပြောလာခဲ့သည် “ လျူတျန်မု၊ မင်းက ငါ့ကို နောက်ယောင်ခံလိုက်နေတာလား? “

“ တင်းမာသွားဖို့ မလိုပါဘူး “

လျူတျန်မုမှ ပြုံးပြလာခဲ့သည် “ ငါက မင်းနဲ့ သဘောတူညီချက်တစ်ခုလောက် လုပ်ချင်ရုံလေးတင်ပါ “

လျူယောင်တုန် မျက်မှောင်ကြုတ်သွားခဲ့သည်၊ သို့သော်သူ၏ စိတ်ထဲတွင်မူ အံ့အားသင့် ဝမ်းသာသွားခဲ့သည် “ သဘောတူညီချက်လား? “

လျူတျန်မုမှ ခေါင်းငြိမ့်ပြလာခဲ့သည် “ တကယ်လို့ မင်းအစ်ကိုက နိုင်သွားမယ်ဆိုရင်၊ ရှုကျိုးက မင်းကိုပေးတဲ့ဟာကို မင်းက ငါ့ကိုပြန်ပေးလေ၊ ဘယ်လိုလဲ? “

၎င်းကို ကြားလိုက်ရသောအခါတွင် လျူယောင်တုန်၏ အကြည့်များ အေးစက်သွားခဲ့သည် “ ရူးနေတာလား? မင်းက အဲ့တာကိုတောင် လောဘတက်နေတာလား? ငါမရောင်းဘူး “

“ မရောင်းဘူးလား? “ လျူတျန်မုသည် ပြုံးစိစိဖြစ်သွားတော့သည် “ အဲ့လောက် မတုံးစမ်းပါနဲ့၊ အဲ့တာကို မင်းလက်ထဲမှာ ထားထားတာက လုံးဝအသုံးမဝင်ဘူး။ မင်းက အဲ့တာကို ဌာနက အကြီးအကဲတွေဆီကို ရောင်းလိုက်ရမှာပဲ “

“ သူတို့တွေဆီကို ရောင်းတာပဲဖြစ်ဖြစ်၊ ငါ့ဆီကိုရောင်းတာပဲဖြစ်ဖြစ်၊ အဲ့တာက ရောင်းတာဖြစ်နေစဲပါပဲ? အဲ့တာဆိုရင် ဘာလို့ ငါ့ဆီကို မရောင်းလိုက်ရတာလဲ? ငါက မင်းရဲ့ ဝမ်းကွဲအစ်ကိုပဲလေ “

“ ဟက် “

“ ဘာဝမ်းကွဲအစ်ကိုလဲ? မင်းက ငါ့ပိုက်ဆံ ငါးသန်းကိုတောင် လိမ်သွားပြီးတော့ အခုထိ ပြန်မပေးသေးဘူးလေ “

လျူယောင်တုန်မှ အေးစက်စက် မျက်နှာထားဖြင့် ဆက်ပြောလာခဲ့သည် “ မင်းက ဘယ်ဈေးပေးမှာလဲ? “

“ အကျိုးပြုအမှတ် ၅၀၀၀ဆိုရင်ကော ဘယ်လိုလဲ? “

လျူယောင်တုန် လှည့်ထွက်သွားတော့သည်။

“ ချီးပဲ၊ အကျိုးပြုအမှတ် ၅၀၀၀လား? လဲသာသေလိုက်တော့ !!! “

လျူတျန်မု၏ ပုံရိပ် လှုပ်ခတ်သွားခဲ့ကာ သူ့အရှေ့တွင် ပြန်ပေါ်လာခဲ့သည် “ လူငယ်လေး၊ မလောစမ်းပါနဲ့ကွာ၊ ငါးထောင်က မလုံလောက်ဘူးဆိုရင်၊ ၆ထောင်ပေါ့ကွာ၊ ဘယ်လိုလဲ? “

လျူယောင်တုန်မှ အေးစက်စွာ ပြန်ပြောလာခဲ့သည် “ ငါ့ဆီမှာ မင်းနဲ့ ဟာသလုပ်နေဖို့ အချိန်မရှိဘူး၊ တကယ်လို့ သူ့လက်နက် ပျောက်နေတယ်ဆိုတာကိုသာ သိသွားမယ်ဆိုရင် ငါ့အစ်ကိုက ရူးသွားလိမ့်မယ် “

“ ဒါဆိုရင်လည်း ၈၀၀၀ကွာ !! “ လျူတျန်မုမှ အံကြိတ်၍ ပြောလာခဲ့သည်၊ ၎င်းမှာ သူ၏အကန့်အသတ်ဖြစ်သည်။

လျူ‌ယောင်တုန်မှ အေးစက်စွာ တုံ့ပြန်ပြောဆိုလိုက်သည် “ တကယ်လို့ အကြီးအကဲတွေဆီကိုသာ ရောင်းလိုက်မယ်ဆိုရင် သူတို့က အနိမ့်ဆုံးအနေဖြင့် အကျိုးပြုအမှတ် ၁သောင်းလောက်တော့ ပေးကြမှာပဲ “

“ တကယ်လို့ မင်းက ငါ့ကို မရောင်းဘူးဆိုရင်၊ မင်းက သူ့ရဲ့ စိတ်စွမ်းအား လက်နက်ကို ခိုးထားတယ်လို့ မင်းအစ်ကိုကို ငါသွားပြောလိုက်မယ် “ လျူတျန်မုမှ အေးစက်စွာ လှောင်ပြောင်ပြောဆိုလာခဲ့သည်။

သူသည် သူ၏သဘောထားကို ထုတ်ပြလိုက်သည်။

ငါမရရင် ဘယ်ကောင်မှ မရစေရဘူး !!

“ လျူတျန်မု !! “ လျူယောင်တုန်၏ မျက်နှာသည် ဒေါသများကြောင့် နီရဲသွားပြီး၊ အဆုံးတွင် အံကြိတ်၍ ပြောလာခဲ့သည် “ အကျိုးပြုအမှတ် ၁သောင်းကွာ၊ အဲ့တာက ငါ့ရဲ့ အောက်ဆုံးဈေး “

All Chapters