← Chapters

ကြီးမားသောတိုးတက်မှု၊ ကီလိုဂရမ် ၃၀၀၀၀၏ အံ့ဖွယ်ကောင်းသော ခွန်အား ၄

Vol. 13 Ch. 192

ကြီးမားသောတိုးတက်မှု၊ ကီလိုဂရမ် ၃၀၀၀၀၏ အံ့ဖွယ်ကောင်းသော ခွန်အား ၄

Vol. 13 Ch. 192

၎င်းသည် အစာအာဟာရကြောင့် ဖြစ်ပေါ်လာသည့် ကွာဟချက်ဖြစ်သည်။

“ ဒီနယ်တစ်ဝိုက်က ပြောင်လုနီးပါးဖြစ်နေပြီ “

ရွှေတောင်ပံ T-Rexကြီးသည် ပတ်ဝန်းကျင်ကို ငေးကြည့်ကာ တိတ်တဆိတ် အာရုံခံကြည့်ရှုနေသည်။

ကီလိုမီတာ ၁၀၀အတွင်း၌ မည်သည့်ဗီဇပြောင်းသားရဲကိုမှ မမြင်တွေ့ရပေ။

အကယ်၍ ဗီဇပြောင်းသားရဲတစ်ကောင်ကောင်က ခြေချလာခဲ့မည်ဆိုလျှင်တောင်မှ ၎င်းတို့သည် ၎င်း၏ အငွေ့အသက်ကြောင့် လျင်မြန်စွာ ပြန်ထွက်သွားလေ့ရှိသည်။

ကီလိုမီတာ ၁၀၀ကျယ်ဝန်းသော ဤနယ်မြေသည် ၎င်း၏ပိုင်နက်ဖြစ်နေခဲ့ပြီ ဖြစ်သည်။

“ ကောင်းပြီလေ၊ ဒီနေရာမှာ နေရတာက တော်တော်လေးတော့ ဘေးကင်းပါတယ်လေ “

ရွှေတောင်ပံ T-Rexကြီးမှ စဥ်းစားခန်းဖွင့်နေတော့သည် “ တကယ်လို့ ငါက ယာယီအဆင့်တက်သွားဖို့အတွက် သားရဲပုံဆောင်ခဲ ခြင်ဆီရည်တွေကို သောက်လို့ရတာပဲလေ “

သားရဲပုံဆောင်ခဲခြင်ဆီရည်၏ ဒြပ်ပါဝင်မှုသည် အလွန်မြင့်မားနေခဲ့ပြီး၊ တစ်ငုံမျှ သောက်ရုံဖြင့် တစ်နေ့လုံး မေ့မျောသွားခဲ့ရလေသည်။

ယခင်က ၎င်းသည် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ၏ အတွင်းပိုင်းနယ်မြေထဲတွင် ရှိနေခဲ့ပြီး အန္တရာယ်များ ဝိုင်းရံနေသော‌ကြောင့် ၎င်းကို ပေါ့ပေါ့ဆဆ မသောက်ရဲခဲ့ပေ။

သို့သော် အပြင်ပိုင်းနယ်မြေထဲသို့ ရောက်လာခဲ့ပြီးသည့်နောက်တွင်မူ ၎င်း၏လုံခြုံရေးမှာ စိတ်ချသွားခဲ့ရပြီ ဖြစ်သည်၊ ထို့ကြောင့် အနည်းငယ်မျှ သောက်သုံးနိုင်တော့မည် ဖြစ်သည်။

၎င်းကို တွေးမိသွားသောအခါ၌ ရွှေတောင်ပံ T-Rexကြီးသည် သားရဲပုံဆောင်ခဲ ခြင်ဆီရည်အိုးကို ချက်ချင်း ထုတ်ယူလိုက်သည်။

“ ဂလု ~~ “

ရွှေတောင်ပံ T-Rexကြီးသည် ၎င်း၏ဦးခေါင်းကို စောင်း၍ သားရဲပုံဆောင်ခဲ ခြင်ဆီရည်များကို ပါးစပ်အပြည့် သောက်လိုက်သည်။

ဝုန်းးး !!!

သားရဲပုံဆောင်ခဲ ခြင်ဆီရည်များက ၎င်း၏ အစာအိမ်ထဲသို့ ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် တာကျိုးပျက်ကာ လျှံထွက်လာသည့် ရေများကဲ့သို့ ဖြစ်နေသော စွမ်းအားများသည် ၎င်း၏ခန္ဓာကိုယ်အနှံ့အပြားသို့ အကြမ်းပတမ်း တိုးဝင်လာခဲ့သည်။

ဘမ်း ဘမ်း ဘမ်း !!~~!!

ရွှေတောင်ပံ T-Rexကြီး၏ ခန္ဓာကိုယ်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသည့် ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာခဲ့သည်၊ သားရဲပုဲဆောင်ခဲ ခြင်ဆီရည်၏ သန့်စင်သော စွမ်းအားများသည် အရိုးများကို သန်စွမ်းပျော့ပျောင်းသွားစေကာ အသားကို ပို၍ ကျစ်လျစ်သွားစေခဲ့သည်။

“ ဟမ်? “

ရွှေတောင်ပံ T-Rexကြီးသည် မအံ့ဩသွားဘဲ၊ ပျော်ရွှင်ကြည်နူးသွားခဲ့သည် “ ဒီသားရဲ ပုံဆောင်ခဲခြင်ဆီရည်က ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်တဲ့ အကျိုးသက်ရောက်မှု တကယ်ကြီးရှိနေတာလားဟ? “

သို့သော် မစစ်ဆေးရသေးခင်မှာပင် မူးဝေသွားသော ခံစားချက်တစ်ခုသည် ၎င်း၏စိတ်ထဲသို့ အပြည့်အဝ တိုးဝင်ရောက်ရှိလာခဲ့သည်။

နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် ရွှေတောင်ပံ T-Rexကြီး မေ့မျောသွားတော့သည်။

…

ထိုအချိန် စံအိမ်အတွင်းရှိ

ရှုကျိုးမှာလည်း ပြင်းထန်သော စွမ်းအားများ ဒလဟော ရောက်ရှိလာသည်ကို ခံစားနေခဲ့ရသည်။

သူ၏ကိုယ်အတွင်းပိုင်းတွင် အိပ်ပျော်နေသည့် သားရဲကြီးတစ်ကောင် နိုးထလာသကဲ့သို့ ချီ-သွေးစွမ်းအင်များ အရူးအမူး မြင့်တက်လာခဲ့သည်။

သူသည် ၎င်းကို ကျင့်သားရနေခဲ့ပြီဖြစ်သောကြောင့် ခန္ဓာကိုယ် ပေါက်ကွဲထွက်သွားခြင်းမှ ကာကွယ်ရန်အတွက် တိတ်တဆိတ် ဖိနှိပ်နေတော့သည်။

ချီ-သွေးစွမ်းအားသည် သူ၏ခန္ဓာကိုယ်ကို အကြိမ်ကြိမ် အခါခါ သန့်စင်ပေးနေခဲ့ပြီး၊ ကိုယ်တွင်းရှိ ဆဲလ်အားလုံးမှာလည်း အထပ်ထပ်အခါခါ ပြန်လည်တည်ဆောက်နေခဲ့ပြီး၊ ခြေလက်များနှင့် အရိုးတို့မှာလည်း ပြန်လည်ပြင်ဆင်ခံနေခဲ့ရသည်။

ကြမ်းတမ်းသော စွမ်းအားများ၏နှစ်ခြင်းကို ခံယူနေရရင်းဖြင့် ရှုကျိုးခန္ဓာကိုယ်ထဲရှိ သွေးကြောမှတ်များသည် တစ်ခုပြီးတစ်ခု ထပ်မံ၍ ပေါ်ပေါက်လာခဲ့ပြန်သည်။

၁၀မိနစ်၊ နာရီဝက်၊ တစ်နာရီ

အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

လေးနာရီပြည့်သွားခဲ့ပြီ ဖြစ်သည်။

ရှုကျိုးခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် အခြေအနေများသည် ပြန်၍တည်ငြိမ်သွားခဲ့ပြီ ဖြစ်သည်။

သူသည် သူ၏မျက်လုံးများ ဖြည်းဖြည်းချင်းဖွင့်ကာ သူ၏ခန္ဓာကိုယ် အတွင်းပိုင်းကို စူးစမ်းလေ့လာနေတော့သည်။

သူသည် သွေးကြောမှတ် ၁၀၈ခုဖွင့်နေပြီဆိုသည်ကို မြင်တွေ့သွားခဲ့သည်။

၎င်းတို့ကြားထဲတွင် သွေးကြောမှတ် အခု၇၀သည် အပြည့်အဝ ပွင့်နေခဲ့ပြီဖြစ်ကာ တလက်လက် တောက်ပနေခဲ့သည်။

ကျန်ရှိနေသည့် သွေးကြောမှတ် ၃၈ခုကမူ မှိန်ဖျော့ဖျော့သာ ဖြစ်နေခဲ့သည်။

“ သွေးကြောမှတ် ၁၀၈ခု ……. “ ရှုကျိုးမှ ရေရွတ်ပြောဆိုနေတော့သည် “ ဒီတစ်ခါတော့ ငါက သွေးကြောမှတ် အခု၂၀ ထပ်တွေ့ခဲ့တယ် “

ရှုကျိုးသည် စနစ်၏ မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်သည်။

ချီ-သွေး : ၇၄၉.၅ ကယ်လိုရီ

စိတ်ဝိညာဥ်စွမ်းအား : 45Hz

ကိုယ်ပွား : ရွှေတောင်ပံ T-Rex

အဆင့် : ပထမအဆင့် အဆင့် ၇ ( ၉၀% )

အသားတင် အလေးချိန် : ၄၅၄၈.၅ ကီလိုဂရမ်

စွမ်းရည် : နေ့စဥ် ၃၀ကီလိုဂရမ် ရရှိခြင်း ( အကန့်အသတ် )၊ အရာအားလုံးကို ဝါးမြိုခြင်း၊ ကိုက်ဖြတ်ဆုတ်ဖြဲခြင်း(ac )၊ ခုန်ဆင်းခြင်း( pas )

ဆင့်ကဲပြောင်းလဲမှု ဖြစ်စဥ် : အလေးချိန်က မျိုးစိတ် အကန့်အသတ်သို့ ရောက်ရှိသွားသောအခါတွင် ဆင့်ကဲပြောင်းလဲမည်

ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ် : ၁၀၀၀ကုဗမီတာ

…

“ ချီ-သွေးစွမ်းအားက ၆၄ကယ်လိုရီ တိုးလာတယ် “

“ ကိုယ်ပွားရဲ့ အဆင့်ကလည်း ၂၁%အထိ တိုးလာတယ် “

ရှုကျိုး၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ ပါဝင်နေသည့် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ချီ-သွေးစွမ်းအင် ၁ကယ်လိုရီ တိုးတက်လာသည့် အချိန်တိုင်းတွင် ခွန်အား ၁၀၀၀ကီလိုဂရမ် တိုးလာသည့်အတွက်ကြောင့် ဤတစ်ကြိမ်၌ သူ၏ ခွန်အားသည် ကီလိုဂရမ် ၆၄၀၀အထိ တိုးမြင့်လာခဲ့သည်။

Sအဆင့် စွမ်းရည်ပိုင်ဆိုင်ထားသည့် အစောပိုင်းပထမအဆင့် ပညာရှင်တစ်ဦးက အမြင့်ဆုံးအနေဖြင့် ၁၀၀၀ ကီလိုဂရမ်ရှိသော ခွန်အားကိုသာ ထုတ်သုံးနိုင်သည်ဆိုသည်ကို အမှတ်ရကြရမည် ဖြစ်သည်။

ယခုတွင်ကား တိုးတက်မှုတစ်ခုတည်းဖြင့်ပင် ရှုကျိုး၏ ခွန်အားသည် ကီလိုဂရမ် ၆၄၀၀အထိ မြင့်တက်သွားခဲ့သည်။

“ အခုလက်ရှိ ငါ့ရဲ့ခွန်အားက ကီလိုဂရမ် ၃သောင်းကို ကျော်သွားသင့်နေပြီ “ ရှုကျိုးသည် စဥ်းစားခန်းဖွင့်နေတော့သည်။

“ မနက်ဖြန်တိုက်ပွဲကို စိုးရိမ်နေဖို့ မလိုလောက်တော့ဘူး “

ထိုအချိန်၌ ရှုကျိုး၏ မျက်နှာပေါ်တွင် ‌ဖျော့တော့သော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်၊ သူ၏စိတ်အခြေအနေသည် တဖြည်းဖြည်း ပေါ့ပါးသွက်လက်သွားခဲ့သည်။

All Chapters