← Chapters

တိုက်ပွဲ

Vol. 13 Ch. 193

တိုက်ပွဲ

Vol. 13 Ch. 193

ရှုကျိုးမှ သူ၏ခွန်အားကို တိုးမြှင့်နေသည့် အချိန်၌

တစ်ခြားတစ်ဘက်တွင်ကား

လျူတျန်မုသည် သူ၏စံအိမ်ဆီသို့ ပြန်ရောက်လာခဲ့ပြီ ဖြစ်သည်။

“ သွေးရိုင်းဆေးရည်၊ အကျိုးပြုအမှတ် ၁သောင်း …. “

လျူတျန်မုသည် မကြာသေးမှီ အချိန်များအတွင်းက ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်များကို ပြန်လည်တွေးတောအမှတ်ရနေခဲ့သည်။

သူသည် ယခင်က နာကျင်နေသော အမူအရာတစ်ခုကို ဖော်ထုတ်ပြခဲ့သော်လည်း၊ အမှန်တိုင်းပြောရမည်ဆိုပါက အကျိုးပြုအမှတ် ၁သောင်းဖြင့် သွေးရိုင်းဆေးရည်ကို ဝယ်ယူခြင်းသည် အတင်းအကြပ် ခိုးယူခြင်းမျှသာလျှင် ဖြစ်သည်။

၎င်းက သူ့လက်ထဲသို့ ရောက်လာခဲ့ပြီ၊ အကယ်၍ သူက ၎င်းကို ပြန်လည်ရောင်းချလိုက်မည်ဆိုပါက အနည်းဆုံးအနေဖြင့် အကျိုးပြုအမှတ် ၅သောင်းအထိ ရရှိမည် ဖြစ်သည်။

“ ဒါပင်မဲ့ လျူယောင်တုန်က အဲ့တာရဲ့ တန်ဖိုးကို တကယ်ကြီး မသိဘူးလား? “ လျူတျန်မု အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

လျူယောင်တုန်မှာ ပေါကြောင်ကြောင် ဖြစ်နေသည့်ပုံပေါ်သည်၊ သို့သော် ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်သို့ ရောက်လာသည့်လူတစ်ဦးက မည်ကဲ့သို့ ဉာဏ်တိမ်နေလိမ့်မည်နည်း?

တစ်နည်းဆိုရသော် Sအဆင့် စွမ်းရည် ပိုင်ဆိုင်ထားသည့် လူတိုင်းသည် ငတုံးမဟုတ်သည့် ပါရမီရှင်များသာ ဖြစ်နေမည် ဖြစ်သည်။

သို့သော် နေရာသေးသေးလေးများမှ လူများကမူ သတင်းအချက်အလက်များကို အကန့်အသတ်ဖြင့်သာ ထိတွေ့နိုင်သောကြောင့် တစ်ချို့သော ကိစ္စများကို မသိနားမလည် ဖြစ်နေနိုင်လေသည်။

သို့သော် လျူယောင်တုန်ကမူ လျူမိသားစု၏ တိုက်ရိုက်မျိုးဆက် အဖွဲ့ဝင်တစ်ဦးဖြစ်သောကြောင့် သွေးရိုင်းဆေးရည်၏ တန်ဖိုးအမှန်ကို သေချာပေါက် သိနေသင့်ပေသည်။

“ တစ်ခုခုတော့ မှားနေတဲ့ပုံပဲ “

လျူတျန်မု မျက်မှောင်ကြုတ်သွားခဲ့သည် “ အဲ့ကောင်က အကျိုးပြုအမှတ် ၁သောင်းတည်းနဲ့ သဘောတူခဲ့တယ်။ တကယ်လို့ ငါသာဆိုရင်တော့ အနည်းဆုံးအနေနဲ့ ဈေးနှုန်းကို ၃သောင်းလောက်အထိ မြှင့်လိုက်မှာပဲ “

သူ၏မျက်လုံးများ လှုပ်ခတ်သွားခဲ့သည်၊ ပြဿနာတစ်ခုခုများ ရှိနေတာမျာလား?

လျူယောင်တုန်နဲ့ ရှုကျိုးကြားမှာက လက်ဖြတ်ခံထားရတဲ့ ရန်ကြွေးရှိတယ်၊ ကျန်းချွမ်နဲ့ အဲ့ဒီ ပထမအဆင့် အထွတ်အထိပ်က ကောင်တွေကလည်း ရှုကျိုးကို စိန်ခေါ်ဖို့ ဖိအားပေးခံထားရတယ်၊ ဌာနက ဆုလဒ်တွေနဲ့ လျူယောင်တုန့်ကိစ္စကိုပါ ထည့်ပေါင်းလိုက်မယ်ဆိုရင် ကျန်းချွမ် ရှုကျိုးကို စိန်ခေါ်တာကလည်း ယုတ္တိရှိတယ်။

ရှုကျိုးက စိန်ခေါ်တာကို လက်ခံတာကြတော့လည်း Cအဆင့် လက်နက်ရဲ့ ဆွဲဆောင်မှုရှိနေတော့ ငါဆိုရင်တောင်မှ အဲ့လိုပဲလုပ်မိမှာ “

အားလုံးကို အကျိုးအကြောင်းသင့်နေပါတယ်။

တကယ်လို့ ပြဿနာတစ်ခုသာ ရှိနေမယ်ဆိုရင်တော့၊ အဲ့တာက ရှုကျိုး၊ လျူယောင်တုန်နဲ့ ကျန်းချွမ်တို့က ငါ့ကို ပေါင်းလိမ်နေတာပဲဖြစ်ရမယ်။

“ အဲ့တာကလည်း ဖြစ်နိုင်ခြေ မရှိပါဘူး “ လျူတျန်မုသည် အပြုံးဖြင့် သူ၏ဦးခေါင်းကို ခါရမ်းနေတော့သည်။

သို့သော် မကြာခင်မှာပင် သူ၏ အပြုံး အေးခဲသွားခဲ့သည်။

မဟုတ်သေးဘူး …….. အဲ့တာက ဖြစ်နိုင်တဲ့ပုံပဲ။

အရင်တုန်းက ငါက လျူယောင်တုန်နဲ့ ကျန်းချွမ်တို့ဆီကနေ ငွေလိမ်ထားခဲ့ဖူးတယ်၊ အခုထိ သူတို့ကို ပြန်မပေးရသေးဘူး။

ရှုကျိုးကတော့ ငါနဲ့ ကမ္ဘာမကြေတဲ့ ရန်သူတွေပဲ။

သူတို့ သုံးယောက်လုံးက ငါနဲ့ ဇယားတွေရှိနေတယ်ဆိုတော့ ဘာလို့ မပူးပေါင်းသွားရမှာလဲ?

“ အဲ့တာကလည်း နည်းနည်းတော့ ချဲ့ကားလွန်းရာ ကျနေသလိုပဲ “ လျူတျန်မု၏ မျက်လုံးများ လှုပ်ခတ်သွားခဲ့သည်။

ကျန်းမိသားစုက တိုက်ရိုက်မျိုးဆက် အဖွဲ့ဝင်တစ်ယောက်၊ လျူမိသားစုက တိုက်ရိုက်မျိုးဆက် အဖွဲ့ဝင်တစ်ယောက်၊ နှစ်ယောက်လုံးက နတ်သိုင်းဌာနက လူတွေချည်းပဲ၊ ငါ့အတွက်နဲ့ သူတို့က အစစ်အမှန် သိုင်းပညာဌာနက ရှုကျိုးနဲ့ ပူးပေါင်းသွားကြမှာလား?

လျူတျန်မု၏ မျက်လုံးများ လှုပ်ခတ်နေခဲ့သည်၊ ငါက သတိတော့ ထားမှဖြစ်မယ်၊ ဒီကိစ္စက အကျိုးပြုအမှတ်တွေ အများကြီးနဲ့ဆိုင်နေတယ်။

ငါက အဲ့တာကို တကယ်ဝယ်မယ်ဆိုရင် လူတွေဆီကနေ လိုက်ချေးရဦးမှာ။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် လျူတျန်မုသည် သူ၏ဖုန်းကို ရုတ်တရက် ထုတ်ယူကာ နံပါတ်တစ်ခုကို နှိပ်လိုက်သည်။

ပီ ……

ဖုန်းခေါ်ဆိုမှု ချိတ်ဆက်သွားခဲ့သည်။

“ အစ်ကို “ လျူတျန်မုမှ တလေးတနက်ဖြစ်နေသော လေသံမျိုးဖြင့် ပြောလိုက်သည် “ ငါ့ဆီမှာ အရေးကြီးတဲ့ သတင်းတစ်ခုရှိတယ်၊ အဲ့တာက အစစ်အမှန် သိုင်းပညာဌာနရဲ့ လျှို့ဝှက်ချက်တွေနဲ့ ဆိုင်နေတယ် “

သူသည် ၎င်းကို အကျဥ်းချုံး၍ ရှင်းပြလိုက်သည်။

တစ်ဖက်မှ အမျိုးသားတစ်ဦး၏ အသံတစ်သံ ထွက်ပေါ်လာခဲ့သည် “ ငါနားလည်ပြီ၊ ခဏနေရင် ငါအဲ့ကို ရောက်လာလိမ့်မယ် “

လျူတျန်မုသည် ဖုန်းကိုချကာ ဖြည်းဖြည်းချင်း အသက်ရှူသွင်းနေတော့သည်။

“ ဟုတ်၊ မဟုတ်ဆိုတာကို မနက်ကျရင် သိရမှာပဲ “

“ အဲ့လူ ဟွမ်ရိချန်းကို သတင်းပေးလိုက်ရတာကတော့ နှမြောဖို့ကောင်းတယ်၊ အကျိုးအမြတ်တွေကို တစ်ဝက်စီ ခွဲယူရတော့မယ် “

လျူတျန်မုသည် သူ၏ဦးခေါင်းကို အသာအယာ ခါရမ်းနေတော့သည် “ ဒါပင်မဲ့ ကောင်းပါတယ်လေ၊ အနည်းဆုံးအနေနဲ့ ငါက ဘာမှ ပေးစရာမလိုတော့ဘူးပေါ့ “

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်၌ အဝါရောင်ဝတ်စုံနှင့် လူငယ်လေးတစ်ဦးသည် လျူတျန်မု၏ စံအိမ်အရှေ့တွင် ပေါ်လာခဲ့သည်။

လျူတျန်မုသည် အဖြစ်အပျက်များကို လျင်မြန်စွာ ရှင်းပြလိုက်သည်။

သူရှင်းပြပြီးသွားသည့်အချိန်တွင် ဟွမ်ရိချန်းသည် အနည်းမျက်မှောင်ကြုတ်သွားခဲ့ပြီး၊ ပြောလာခဲ့သည် “ အဲ့တာက အမှန်လား၊ အမှားလား? “

“ ငါလည်း သိပ်မသေချာဘူး၊ အဲ့တာကြောင့် မင်းကို ခေါ်လိုက်ရတာပဲ “ လျူတျန်မှ ပြန်ပြောလိုက်သည်။

ဟွမ်ရိချန်းသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီး၊ ခေါင်းခါ၍ ပြောလာခဲ့သည် “ ကျန်းချွမ်က သွေးကြောမှတ် ၁၅၀ကျော် ဖွင့်ထားတယ်၊ ရှုကျိုးက သူ့ရဲ့ ပြိုင်ဘက် မဖြစ်လောက်ဘူး၊ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တကယ်ကို တစ်ခုခုမှားနေတယ် “

“ ဒါပင်မဲ့ ရှုကျိုးကလည်း စိတ်တည်ငြိမ်တဲ့ကောင် မဟုတ်ဘူး၊ စော်ကားခံနေခဲ့ရတဲ့အချိန်မှာ ဒီလိုစိန်ခေါ်မှုမျိုးကို တကယ်ကြီး လုပ်လာနိုင်တယ် “

သူသည် တစ်ခဏခန့် တွေးတောစဥ်းစားကာ အေးအေးဆေးဆေး ပြောလာခဲ့သည် “ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ သူတို့က မနက်ဖြန်ကျရင် တွေ့ကြမှာပဲ၊ ငါကိုယ်တိုင် သွားကြည့်လိုက်မယ် “

“ အဲ့တာဆိုရင်တော့ မင်းကို ဒုက္ခပေးမိပြီ၊ အစ်ကိုရေ “

လျူတျန်မုသည် ခေါင်းငြိမ့်ကာ ထပ်ဖြည့်ပြောလာခဲ့သည် “ တကယ်လို့ အဲ့ကိစ္စကသာ မှန်နေမယ်ဆိုရင်၊ အဲ့ဒီအကျိုးပြုအမှတ်တွေက ……. “

“ မင်းအတွက် ငါပေးလိုက်မယ် “ ဟွမ်ရိချန်းမှ ပွင့်ပွင့်လင်းလင်း ပြောလာခဲ့သည် “ မင်းက အကျိုးအမြတ်တွေရဲ့ ၂၀%ပဲ ရမယ် “

လျူတျန်မု၏ မျက်နှာ မည်းမှောင်သွားခဲ့ကာ လေးလေးနက်နက် ပြောလိုက်သည် “ ငါက အကျိုးပြုအမှတ် ၅ထောင် ထုတ်ပေးနိုင်တယ်၊ မင်းကလည်း တစ်ဝက်ထုတ်လိုက်၊ ငါတို့က ၅၀-၅၀စီခွဲယူကြမယ်ဆိုရင်ကော ဘယ်လိုလဲ? “

ဟွမ်ရိချန်းသည် မျက်မှောင်ကြုတ်သွားပြီး ပြောလာခဲ့သည် “ မမေ့နဲ့၊ ဒီကိစ္စက အန္တရာယ်ရှိတယ်။ တကယ်လို့ အဲ့ဒီဖော်ြမူလာကသာ အတုကြီးဖြစ်နေမယ်ဆိုရင် မင်းက အကျိုးဆက်ကို တောင့်ခံနိုင်ပါ့မလား? “

လျူတျန်မုမှ လေးလေးနက်နက် ပြန်ဖြေလာခဲ့သည် “ အစ်ကို၊ ငါက မင်းရဲ့ အကဲဖြတ်စွမ်းရည် ယုံတယ် “

ဟွမ်ရိချန်းသည် သူ့ကို တစ်ခဏခန့် စိုက်ကြည့်နေခဲ့ပြီးမှ စကားဆက်ပြောလာခဲ့သည် “ ကောင်းပြီလေ၊ ငါတို့က ၅၀-၅၀စီ ခွဲယူကြမယ် “

ထို့နောက်တွင် သူသည် မည်သည့်စကားမှ ထပ်မပြောလာခဲ့ဘဲ၊ နေရာမှာပင် ပျောက်ကွယ်သွားခဲ့သည်။

စံအိမ်ထဲရှိ လျူတျန်မု၏ အမူအရာ မည်းမှောင်သွားခဲ့ကာ တိတ်တဆိတ် ရေရွတ်နေတော့သည် “ ဒီကောင်က တော်တော်ကြီးကို လောဘကြီးတာပဲ၊ ၅၀-၅၀ကိုတောင် မကျေနပ်ဘူးလား? “

“ ကိစ္စမရှိပါဘူး၊ မနက်အထိ စောင့်နေရတာပေါ့ကွာ၊ အဲ့ဒီဖော်စပ်နည်းက မှန်နေလိမ့်မယ်လို့ မျှော်လင့်ပါတယ် “

…

တစ်ခြားတစ်ဘက်၌

စံအိမ်ထဲမှ ထွက်လာခဲ့ပြီးသည့်နောက်တွင် ဟွမ်ရိချန်း၏ မျက်လုံးများ အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။

သူနှင့် လျူတျန်မုတို့နှစ်ဦးစလုံးသည် စုန့်ယွင်ဟဲ့၏ ကျောင်းသားများ ဖြစ်ကြသည်၊ သို့သော် သူသည် လျူတျန်မုကို မယုံကြည်ပေ။

“ လျူတျန်မုက လူလိမ်ကောင်ဆိုတဲ့ နာမည်နဲ့ ကျော်ကြားတယ် “ ဟွမ်ရိချန်းသည် အနည်းငယ် မျက်မှောင်ကြုတ်နေလျက်ရှိသည် “ ငါက သူ့အတွက် ပိုက်ဆံပေးခဲ့ပြီးသွားရင်၊ သူက သူ့ကတိကို ပြန်ရုတ်သိမ်းမှာလား? “

ဟွမ်ရိချန်းအနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်၊ တကယ်တော့ ဒီကိစ္စကို ဖြေရှင်းဖို့က လွယ်ပါတယ်။

အခြေအနေကို ထိန်းဖို့အတွက် တတိယလူတစ်ယောက်ကိုသာ ခေါ်လိုက်မယ်ဆိုရင် လျူတျန်မုက မရိုးမသား မလုပ်နိုင်တော့ဘူး။

ဒါပင်မဲ့ နောက်တစ်ယောက်ထပ်ပါလာမယ်ဆိုရင် အကျိုးအမြတ်တွေကို ခွဲပေးနေရဦးမယ်။

ဟွမ်ရိချန်းသည် တစ်ခဏခန့် တွေးတောစဥ်းစားနေတော့သည်၊ ထို့နောက်တွင် သူသည် သူ၏ဖုန်းကို ထုတ်ယူကာ နံပါတ်တစ်ခုကို နှိပ်လိုက်သည်။

ဖုန်းခေါ်ဆိုမှု ချိတ်ဆက်သွားခဲ့သည်။

“ ကျောင်းယွင်ဖေး “ ဟွမ်ရိချန်းမှ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည် “ မင်းမှာ အချိန်ရှိလား? ငါမင်းနဲ့ ဆွေးနွေးချင်တဲ့ ကိစ္စတစ်ခု ရှိတယ် ………… “

…

ညအချိန် ကျရောက်လာသည်။

ရှုကျိုး၏ တစ်နေ့တာ လေ့ကျင့်မှု ပြီးဆုံးသွားခဲ့ပြီး၊ သူအိပ်ရာဝင်ရန် ပြင်လိုက်သည့်အချိန်တွင် သူ၏ဖုန်းသည် ရုတ်တရက် အော်မြည်လာခဲ့သည်။

သူသည် ၎င်းကို ကောက်ယူလိုက်ကြည့်ရာ လျူယောင်တုန်မှ ဖုန်းခေါ်ဆိုလာခဲ့ခြင်း ဖြစ်သောကြောင့် အံ့ဩသွားခဲ့သည်။

သူဖုန်းကိုင်လိုက်သည်နှင့် တစ်ပြိုင်နက် မရင်းနှီးသော သူစိမ်းတစ်ဦး၏ အသံသည် တစ်ဖက်မှ ပေါ်ထွက်လာခဲ့သည် “ ရှုကျိုး၊ အခုပြောနေတာက ကျန်းချွမ်ပဲ “

“ ကျန်းချွမ်လား? “ ရှုကျိုး၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည် “ ဘာကိစ္စရှိလို့လဲ? “

All Chapters