တိုက်ပွဲ ၂
Vol. 13 Ch. 194
“ မင်းက ငါတို့တိုက်ပွဲအကြောင်းကို တစ်ယောက်ယောက်ကို ပြောပြလိုက်သေးလား? “ ကျန်းချွမ်မှ မေးလာခဲ့သည်။
“ မပြောပါဘူး “
“ ကျောင်းယွင်ဖေးက အဲ့အကြောင်းကို သိသွားပြီ၊ ခုနကပဲ သူငါ့ကို ဖုန်းခေါ်ထားတယ် “ ကျန်းချွမ်မှ လေသံတိုးတိုးလေးဖြင့် ပြောလာခဲ့သည် “ ဒါပင်မဲ့ သူက ငါတို့ရဲ့ အလောင်းအစားအကြောင်းကိုတော့ မသိတဲ့ပုံပဲ “
ကျောင်းယွင်ဖေးလား?
ရှုကျိုး အံ့ဩသွားတော့သည်။
မကြာခင်မှာပင် သူသည် ထိုလူမှာ သူ့အား ယခင်က စိန်ခေါ်ခဲ့ဖူးသည့် သွေးကြောမှတ် ၁၄၀ကျော် ဖွင့်ထားသည့် ပါရမီရှင်တစ်ဦး ဖြစ်ကြောင်းကို မှတ်မိသွားခဲ့သည်။
ထို့အပြင် ကျောင်းယွင်ဖေးသည် နတ်သိုင်းဌာနမှ လက်ထောက်ဌာနမှူး၊ ကျောင်းခုန်းစုန့်၏ မြေးဖြစ်ပုံရသည်။
ရှုကျိုးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားကာ၊ ဖြည်းဖြည်းချင်း ပြောလိုက်သည် “ လျူတျန်မုက ပြောလိုက်တာ ဖြစ်နိုင်တယ်၊ သူကငွေချေးလိုက်တာများလား? “
“ သိပ်တော့ မသေချာဘူး “ ကျန်းချွမ်မှ လေးလေးနက်နက် ပြောလာခဲ့သည် “ မနက်ဖြန်မှာ ငါတို့မျှော်လင့်ထားတာထပ် ပိုများတဲ့လူတွေ ရောက်လာမှာကို ငါစိုးရိမ်မိတယ် “
ရှုကျိုးသည် အနည်းငယ် တိတ်ဆိတ်သွားခဲ့ပြီး၊ ပြုံးပြလိုက်သည် “ အဆင်ပြေပါတယ် သူတို့လာကြပါစေ။ အဆိုးဆုံးဖြစ်လာမယ်ဆိုရင်တော့ ငါက အဲ့လျှို့ဝှက်ချက်ကို သူ့ဆီ မရောင်းလိုက်ရုံပဲ ရှိတာပေါ့ “
ကျန်းချွမ်သည် အနည်းငယ် အံ့ဩသွားခဲ့သည် “ မင်းက ဘာကိုဆိုလိုတာလဲ? “
“ ဘာပဲဖြစ်ဖြစ်ပါလေ၊ အဲ့တာက အတုကြီးပဲကို “
ရှုကျိုးမှ ရယ်ရယ်မောမောဖြင့် ပြောလာခဲ့သည် “ ငါက အဲ့တာကို ကြိုက်တဲ့လူဆီ ရောင်းလိုက်လို့ရတယ်။ ငွေသာရှာနိုင်နေသရွေ့ လျူတျန်မုကို လှည့်စားနေစရာ မလိုဘူး “
“ ဘယ်သူ့ဆီကိုပဲ ရောင်းရောင်း၊ မနက်ဖြန်မှာ ဖြစ်လာမဲ့ ငါတို့ရဲ့ တိုက်ပွဲက အရေးအကြီးဆုံးပဲ။ သူတို့က အဲ့တာကို တကယ့်တိုက်ပွဲအစစ်လို့ ယုံသွားမှ ငါးစားလာဟပ်ကြမှာ “
“ ဆိုတော့ မနက်ဖြန်ကျရင် ငါ့ကို အလျှော့မပေးနဲ့ “
၎င်းကို ကြားလိုက်ရသောအခါတွင် ကျန်းချွမ်၏ မျက်လုံးများ ကျဥ်းမြောင်းသွားခဲ့သည် “ မင်းက ငါ့ရဲ့ တိုက်ကွက်တွေကို ကိုင်တွယ်နိုင်တယ်ဆိုတာ သေချာလို့လား? ငါမင်းကို သတိပေးလိုက်မယ်၊ အရင်တုန်းက ငါက ဒုတိယအဆင့် ပညာရှင်တွေကို အနိုင်တိုက်ခဲ့ဖူးတယ် “
ရှုကျိုးမှ ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်သည် “ ဒုတိယအဆင့် ပညာရှင်လား? Sအဆင့် စွမ်းရည်ပိုင်ရှင် ဒုတိယအဆင့် ပညာရှင်သာမဟုတ်သရွေ့တော့ ကိုင်တွယ်နိုင်လိမ့်မယ်လို့ ယုံကြည်ချက်ရှိတယ်၊ အနိုင်တောင် ယူလို့ရတယ် “
“ မင်း ဘာမှ ထိန်ချန်မထားက အကောင်းဆုံးပဲ၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ငါကမင်းကို မတော်တဆ အနိုင်ယူမိသွားလိမ့်မယ် “
ကျန်းချွန်မှ အေးစက်စွာ လှောင်ပြောင်ပြောဆိုလာခဲ့သည် “ တကယ်လို့ မင်းကငါ့ကို နိုင်မယ်ဆိုရင် မင်းကို ငါ့ရဲ့Cအဆင့် လက်နက်ပေးမယ် “
“ သေချာလား? “
ထိုစကားလုံးများသည် ရှုကျိုးကို ဆွဲဆောင်သွားခဲ့သည်။
ကျန်းချွမ်သည် အသာအယာ ပြုံး၍ ပြောလာခဲ့သည် “ ငါပြောခဲ့သလိုပဲလေ၊ မနက်ဖြန်ကျရင် ငါတို့က ရှိတာ အကုန်ထုတ်သုံးကြမယ်၊ ဘာမှ မချန်ထားကြေး “
“ တကယ်တော့ မင်းက ငါ့ရဲ့ အင်ပြည့်အားပြည့် တိုက်ကွက်တွေကို ဘယ်နှကွက်လောက်အထိ တောင့်ခံနိုင်မလဲဆိုတာကို ငါလည်း တော်တော်လေး သိချင်နေမိတယ် “
ရှုကျိုးမှာလည်း ရယ်မောသွားတော့သည် “ ကောင်းပြီလေ၊ ဒါဆိုရင် မနက်ဖြန်ကျရင် ငါကလည်း ဘာမှ ထိန်ချန်မထားဘူး၊ ဘယ်သူက ပိုစွမ်းလဲဆိုတာကို ကြည့်လိုက်ကြတာပေါ့ “
“ အဲ့တာဆိုရင်လည်း ပြီးရော “
ကျန်းချွမ်သည် မည်သည့်စကားမှ ထပ်မပြောတော့ဘဲ ဖုန်းချသွားခဲ့သည်။
ရှုကျိုးသည် မျှော်လင့်နေသော မျက်လုံးများဖြင့် သူ၏ ဖုန်းကို ချလိုက်သည်။
သူနှင့် သွေးကြောမှတ် ၁၅၀ဖွင့်ထားသည့် ပါရမီရှင်တစ်ဦး၊ မည်သူက ပိုစွမ်းနေမည်နည်း???
မကြာခင်မှာ ရှုကျိုးသည် အသက်ကို ရှူသွင်းကာ၊ ကိုယ်လက်ဆေးကြော သန့်စင်၍ အိပ်ရာဝင်သွားတော့သည်။
…
နောက်တစ်နေ့နံနက်ခင်း
တောအုပ်ထဲ၌
ဤတောအုပ်သည် အတော်လေး လှမ်းလှသောကြောင့် များသောအားဖြင့် မည်သူမှ ရောက်လာလေ့မရှိပေ။
သို့သော် ယနေ့တွင်ကား တောအုပ်ထဲတွင် ပုံရိပ် အများအပြား ပေါ်လာခဲ့သည်။
အဆိုပါ ပုံရိပ်များသည် သူတို့ကိုယ်သူတို့ ပေါ်ပေါ်တင်တင် မဖော်ပြရဲကြပေ။
သူတို့တစ်ဦးချင်းစီတိုင်းသည် ထောင့်တစ်နေရာတွင် ပုန်းနေကြပြီး၊ တောင်ထိပ်ပေါ်တွင်လည်းကောင်း၊ သစ်ပင်ထိပ်ပေါ်တွင်လည်းကောင်း အမျိုးမျိုးသော နည်းလမ်းများကို အသုံးပြုကာ ပုန်းလျှိုးကွယ်လျှိုး ပြုလုပ်နေကြသည်။
တောင်ထိပ်တစ်ခုပေါ်၌
လျူတျန်မုသည် စောလျင်စွာ ရောက်ရှိနေခဲ့ပြီဖြစ်သည်၊ သို့သော် သူသည် ပတ်ဝန်းကျင် ဖျတ်ခနဲ လှည့်ပတ်ကြည့်ရှုလိုက်ပြီး၊ ပုန်းကွယ်နေသည့် ပုံရိပ်များကို မြင်လိုက်ရသောအခါတွင် မကျေမနပ် ဖြစ်သွားတော့သည်။
“ အဲ့ကလေး ကျောင်းယွင်ဖေးကရော ဘာလို့ ရောက်လာရတာလဲဟ? သူက ဘယ်ကနေ သတင်းရသွားတာလဲ? “
တစ်ခဏခန့် တွေးတောစဥ်းစားပြီးသည့်နောက်တွင် လျူတျန်မု သဘောပေါက်သွားခဲ့သည် “ ဟွမ်ရိချန်းများလား? “
“ အဲ့သူတောင်းစားက ငါ့ကို မယုံဘူးလား? “ လျူတျန်မု အံကြိတ်နေတော့သည်။
“ ဘာဖြစ်လို့လဲ? “ သူ၏ အမူအရာကို မြင်လိုက်ရသောအခါတွင် သူ့ဘေးနားရှိ ဝမ်ယုမှ မေးမြန်းလာခဲ့သည်။
“ ဘာမှ မဟုတ်ပါဘူး “ လျူတျန်မုမှ အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။
ငါကလည်း လိုရမယ်ရအဖြစ် ဝမ်ယုကို ခေါ်ခဲ့တာက တကယ်ကံကောင်းတယ်။
သို့သော် ထိုအချိန်တွင် ဝမ်ယုသည် အနည်းငယ် စိတ်မရှည်ဖြစ်နေခဲ့သည် “ ဒီတိုက်ပွဲက ဘာများ စိတ်ဝင်စားဖို့ကောင်းနေလို့လဲ? ရှုကျိုးက ရှုံးမှာပဲ၊ သူက ကျန်းချွမ်ကို မယှဥ်နိုင်ဘူး “
လျူတျန်မုမှ ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်သည် “ အဲ့လို မဖြစ်နိုင်ဘူး။ ရှုကျိုးက သွေးကြောမှတ် အခု၃၀ပဲ ဖွင့်ထားတဲ့ လူမဟုတ်တော့ဘူး “
“ တစ်လပဲရှိသေးတာလေ၊ အများဆုံးအနေနဲ့ သူက သွေးကြောမှတ် တစ်ဒါဇင်ကျော်လောက်ပဲ ဖွင့်နိုင်မှာပေါ့ “ ဝမ်ယုမှ လျစ်လျူရှု၍ ပြောလာခဲ့သည် “ တကယ်လို့ သူက သွေးကြောမှတ် အခု၅၀ဖွင့်ထားနိုင်မယ်ဆိုရင်တောင်မှ ကျန်းချွမ်ရဲ့ ပြိုင်ဘက် မဖြစ်နိုင်သေးဘူး “
လျူတျန်မုသည် သူ၏ခေါင်းကို ခါရမ်းကာ မည်သည့်စကားမှ ထပ်မပြောလာတော့ပေ။
သူ့အတွက်ကား ရှုကျိုးရှုံးနိမ့်သွားခြင်းက ပိုကောင်းနေမည်ဖြစ်သည်၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက သူသည် သွေးရိုင်းဆေးရည် ဖော်စပ်နည်းကို မေ့လိုက်ရမည် ဖြစ်သည်။
…
တစ်ခြားသော တစ်နေရာ၌
ကျောင်းယွင်ဖေးသည် ခရမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး၊ လက်နောက်ပစ်ထားသည့် ကိုယ်ဟန်ဖြင့် သစ်ကိုင်းတစ်ခုပေါ်တွင် မတ်တပ်ရပ်နေခဲ့သည်။
ရုတ်တရက်ဆိုသလိုပင် သူသည် တစ်စုံတစ်ခုကို အာရုံခံမိသွားပြီး၊ ပြန်ကြည့်လိုက်သည်။
သူ၏နောက်ဘက်တွင် ဟွမ်ရိချန်းသည် အရိပ်ထဲတွင် ရပ်နေခဲ့သည်။
ကျောင်းယွင်ဖေးမှ ရယ်ရယ်မောမောဖြင့် ပြောလိုက်သည် “ ဟွမ်ရိချန်း၊ မနေ့က ငါ့ကို ရှုကျိုးရဲ့ တိုက်ပွဲအကြောင်း ပြောပြခဲ့တုန်းက တစ်ခြားရည်ရွယ်ချက်တစ်ခုခု ရှိတယ်မလား? “
ဟွမ်ရိချန်းမှ သူ့ကို စိုက်ကြည့်လာခဲ့သည် “ မင်းက ကျန်းချွမ်နဲ့ ရှုကျိုးရဲ့တိုက်ပွဲကို စိတ်မဝင်စားဘူးလား? “
“ ဒါပေါ့ ငါစိတ်ဝင်စားတာပေါ့ “
ကျောင်းယွင်ဖေးသည် မဖုံးကွယ်ထားဘဲ အပြုံးဖြင့် ပြောလာခဲ့သည် “ တစ်ယောက်က၊ သွေးကြောမှတ် ၃၀တည်းနဲ့ သွေးကြောမှတ် ၁၀၀ကျော်တဲ့လူတွေကို အနိုင်ယူထားတဲ့ ရှုကျိုး၊ နောက်တစ်ယောက်က သွေးကြောမှတ် ၁၅၀ကျော် ဖွင့်ထားတဲ့ ကျန်းချွမ်လေ။ ငါက သူတို့ရဲ့ တိုက်ပွဲကို တော်တော်လေး စိတ်ဝင်စားတယ် “
“ ဒါပင်မဲ့ တစ်ခုခု ထူးဆန်းနေတာကို ငါသိတယ်။ အရင်ကဆို ရှုကျိုးက စိန်ခေါ်မှုတွေကို လုံးဝဘူးခံငြင်းနေခဲ့တာလေ၊ သူက ကျန်းချွမ်ရဲ့ စိန်ခေါ်မှုကို အခုမှ ဘာလို့ လက်ခံလိုက်ရတာလဲ? ပြီးတော့ ပုန်လျှိုးကွယ်လျှိုးနဲ့တောင် လုပ်နေသေးတယ် “
သူသည် ထင်ကြေးပေးခန့်မှန်းလာခဲ့သည် “ ဒီတိုက်ပွဲနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တစ်ခုခု ရှိနေတာများလား? “
ဟွမ်ရိချန်းသည် မေးခွန်းကို ပြန်မဖြေလိုက်ပေ၊ ထို့အစားပြန်၍ မေးမြန်းလိုက်သည် “ မင်းက ဘယ်သူနိုင်သွားမလဲဆိုတာကို မသိချင်ဘူးလား? “
ကျောင်းယွင်ဖေးမှ ရယ်ရယ်မောမောဖြင့် ပြန်ပြောလာခဲ့သည် “ ကျန်းချွန်ပဲ ဖြစ်နိုင်တယ်၊ ရှုကျိုးနိုင်နိုင်မဲ့ အခွင့်အရေးက သေးသေးလေးပဲ ရှိတယ် “
“ မင်းက ရှုကျိုးနိုင်မယ်လို့ ထင်နေတာလား? “ ဟွမ်ရိချန်းသည် သူ့ကို ကြည့်လာခဲ့သည်။
“ အရာအားလုံးက ဖြစ်နိုင်တယ် “
ကျောင်းယွင်ဖေးမှ အသာအယာပြုံး၍ ပြောလာခဲ့သည် “ ငါက ရှုကျိုးနဲ့ ပတ်သက်ပြီးတော့ အကောင်းမြင်စိတ်မရှိပင်မဲ့၊ သူ့ဆီမှာက ဝှက်ဖဲတွေ ရှိနေနိုင်တယ်။ သူက သွေးကြောမှတ် အခု၃၀တည်းနဲ့ သွေးကြောမှတ် ၁၀၀ကျော်တဲ့ လူတွေကို အနိုင်ယူခဲ့တဲ့လူပဲလေ “
ဟွမ်ရိချန်းမှ ပြန်လည်ချေပပြောဆိုလာခဲ့သည် “ သွေးကြောမှတ် ၁၀၀ကျော်နဲ့ သွေးကြောမှတ် ၁၅၀ကျော်ဆိုတာက တူညီတဲ့အရာတွေ မဟုတ်ဘူး။ ကွာဟချက်က သာမန်ပထမအဆင့် သိုင်းပညာရှင်နဲ့ ဒုတိယအဆင့် သိုင်းပညာရှင်ကြားမှာရှိတဲ့ ကွာဟချက်ထပ်တောင် ပိုပြီးတော့ ကြီးတယ် “
“ မင်းမှတ်တယ် “ ကျောင်းယွင်ဖေးမှ ထပ်ဖြည့်ပြောလာခဲ့သည် “ ဒီစိန်ခေါ်မှုကို လက်ခံရဲတဲ့ ရှုကျိုးရဲ့ ယုံကြည်ချက်တွေက ဘယ်ကရောက်လာတာလဲဆိုတာကို ငါတော်တော်လေး သိချင်မိတယ် “
“ အရင်တုန်းကဆိုရင် သူက ဌာနထဲမှာပဲ ပုန်းနေခဲ့တာလေ၊ အဲ့တာကလူရယ်စရာ ဖြစ်သွားတယ်ဆိုပင်မဲ့ မှန်ကန်တဲ့ ရွေးချယ်မှုပဲလေ “
“ ဒါပင်မဲ့ အခုတော့ သူက ကျန်းချွမ်ရဲ့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်ရမှာကို မကြောက်တော့ဘူးပေါ့ “
သူ၏မျက်လုံးများ ကျဥ်းမြောင်းသွားခဲ့သည် “ သူက ဒီတိုက်ပွဲကို တိုက်လာအောင် တွန်းအားပေးနေတဲ့ တန်ဖိုးရှိတဲ့ အရာတစ်ခုခုတော့ ရှိနေရမယ် “
ဟွမ်ရိချန်းသည် သူ့ကို ပြန်မပြောလိုက်ဘဲ ရုတ်တရက် ပြောလာခဲ့သည် “ သူတို့ရောက်လာပြီ “
ကျောင်းယွင်ဖေးမှ အောက်သို့ ငုံ့ကြည့်လိုက်ရာ ကျန်းချွမ်မှ တည်တည်ငြိမ်ငြိမ်ဖြင့် ချဥ်းကပ်လာသည်ကို မြင်တွေ့သွားခဲ့သည်။
အဖြူရောင် ဝတ်စုံကို ဝင်ဆင်ထားသည့် ကျန်းချွမ်သည် နောက်ကျောဘက်တွင် လှံရှည်တစ်ချောင်းကို သယ်ဆောင်၍ ယုံကြည်မှုရှိရှိဖြင့် အရှေ့သို့ တက်တက်ကြွကြွ လျှောက်လှမ်းလာနေသည်။
သူသည် ချိုင့်ဝှမ်းတစ်ခု၏ အလယ်ဗဟိုတည့်တည့်သို့ လျှောက်လှမ်းသွားကာ ဖြည်းညှင်းစွာ ရပ်တန့်သွားခဲ့သည်။
သစ်ပင်ထိပ်မှ ကျောင်းယွင်ဖေးသည် အဝေးရှိ ကျန်းချွမ်ကို ကြည့်ကာ မျက်လုံးများအနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည် “ ဒီကောင်က ပိုသန်မာလာတဲ့ပုံပဲ၊ အနည်းဆုံးအနေနဲ့ သွေးကြောမှတ် ၃ခုလောက်တော့ ထပ်ဖွင့်ထားတယ် “
“ သူက သွေးကြောမှတ် ၁၅၅ခုကို ကျော်သွားလောက်ပြီ “
“ သွေးကြောမှတ် ၁၅၅ခုလား? “ ၎င်းကို ကြားလိုက်ရသောအခါတွင် ဟွမ်ရိချန်း၏မျက်ခုံးများ ပင့်တက်သွားခဲ့သည်။
Sအဆင့် စွမ်းရည်ပိုင်ရှင် ပါရမီရှင်များကပင် ပထမအဆင့်တွင် သွေးကြောမှတ် ၁၂၀မျှသာ ဖွင့်လှစ်နိုင်ကြသည်။
နတ်သိုင်းဌာနသည် သွေးကြောမှတ် ၁၄၀ကျော်ဖွင့်နိုင်သည့် လမ်းတစ်ခုကို ဖောက်လုပ်ပေးသွားခဲ့ပြီး၊ ထိုလမ်းကြောင်းကိုလျှောက်ကြသည့် လူများသည် အစစ်အမှန် ပါရမီရှင်များ ဖြစ်ကြသည်။
သွေးကြောမှတ် ၁၅၀ဆိုသည့် မှတ်တိုင်အထိ ရောက်ရှိလာကြသူများသည် ပါရမီရှင်များကြားထဲမှ ထိပ်တန်းပါရမီရှင်များ ဖြစ်သည်။
ယခုလက်ရှိ အချိန်၌ သွေးကြောမှတ် ၁၆၀သည် လူသားတို့၏ အကန့်အသတ်၊ ပထမအဆင့်နယ်ပယ်၏ အဆုံးမှတ်ဖြစ်သည်ဟု လူတော်တော်များများက ယုံကြည်လက်ခံထားကြသည်။
သွေးကြောမှတ် ၁၅၅ခုဆိုသည်မှာ အဆိုပါ ကန့်သတ်ချက်နှင့် နီးကပ်နေပြီ ဖြစ်သည်။
ကျောင်းယွင်ဖေးသည် အံကြိတ်၍ ရေရွတ်ပြောဆိုနေတော့သည် “ ကျန်းမိသားစုက လူ့ဘီလူးတွေကို အမြဲလိုလို မွေးထုတ်နေတာပဲ “
သူသည် ယခုလက်ရှိ အချိန်၌ သူကပင် ကျန်းချွမ်၏ ပြိုင်ဘက်မဖြစ်နိုင်ဘူးဆိုသည်ကို နားလည်နေခဲ့သည်။
“ ဒီတိုက်ပွဲကို စောင့်ကြည့်ရတာက မတန်လောက်ဘူး၊ ရှုကျိုးအတွက် အခွင့်အရေးက တော်တော်လေးကိုနည်းတယ် “ ကျောင်းယွင်ဖေးသည် ခေါင်းတခါခါ ဖြစ်သွားတော့သည်။
ယခင်က သူသည် ရှုကျိုးထံတွင် အနိုင်ရနိုင်ခြေ အနည်းငယ် ရှိနေသည်ဟု ထင်နေခဲ့သည်။
သို့သော် ယခုတွင်ကား ကျန်းချွမ်သည် ပိုပို၍ သန်မာအားကောင်းလာခဲ့ပြီဖြစ်ပြီး၊ သွေးကြောမှတ် ၁၆၀ဆိုသည့် အကန့်အသတ်ဖြင့်ပင် နီးကပ်နေပြီ ဖြစ်သည်။
ပထမအဆင့် နယ်ပယ်ရှိ မည်သူက သူ့ကို ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။
ထိုအချိန်တွင် ရှုကျိုး ရောက်လာခဲ့သည်။
အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် ရှုကျိုးသည် ဓားရှည်တစ်ချောင်းကို သယ်ကောင်ကာ ဆန့်ကျင်ဘက်အရပ်မှ ချဥ်းကပ်လာခဲ့သည်။
“ ဟမ်? “ ကျောင်းယွင်ဖေးသည် တစ်စုံတစ်ခုကို ရုတ်တရက် အာရုံခံမိသွားသည် “ အဲ့တာက ရှုကျိုးလား? ဒီဇိုင်းကာလာ ဘာညာအနေအထားကတော့ မဆိုးဘူး၊ ဒါပင်မဲ့ စွမ်းအားတော့ ကင်းမဲ့နေတယ် “
…
တောင်ထိပ်ပေါ်ရှိ လျူတျန်မုနှင့် ဝမ်ယုတို့မှာလည်း ငေးကြည့်လာကြသည်။
ရောက်ရှိလာသည့် ကျန်းချွမ်ကို မြင်လိုက်ရသောအခါတွင် ဝမ်ယုသည် မအောင့်ထားနိုင်တော့ဘဲ အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေတော့သည် “ ဒီလူက ငါ့လောက်နီးပါး စွမ်းနေပြီလို့ ခံစားနေရတယ် “
လျူတျန်မုမှ ခေါင်းငြိမ့်ပြလိုက်သည် “ ကျန်းချွမ်က သွေးကြောမှတ် ၁၅၅ခုအဆင့်အထိ ရောက်နေလောက်ပြီ “
“ သွေးကြောမှတ် ၁၅၅ခု …….. “ ဝမ်ယုမှ ရေရွတ်ပြောဆိုနေတော့သည် “ တော်တော်ကြီးကို စွမ်းတယ်၊ ပထမအဆင့်က မွန်းစတားတွေ ကြားထဲမှာတောင်မှ သူက ထိပ်ဆုံးသုံးယောက်ထဲကို ရောက်နေလောက်တယ် “
သူမသည် လှောင်ပြောင်နေသော အကြည့်များဖြင့် ရှုကျိုးကို လှမ်းကြည့်လိုက်သည် “ အဲ့ကောင်ကတော့ အရင်တုန်းကလိုမျိုး မောက်မာနေတုန်းပဲ၊ ငါ့ကို တစ်လအတွင်း အနိုင်ယူမယ်တဲ့ “
“ သူ့ဆီမှာ အဲ့လို အရည်အချင်းမျိုးရှိလားဆိုတာကို ငါစောင့်ကြည့်ဦးမယ် “
လျူတျန်မုကမူ သူမ၏ တုံ့ပြန်မှုကို မည်သို့မျှ မှတ်ချက်မပေးလာခဲ့ပေ၊ သူ၏အမူအရာသည် တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေခဲ့သည်။
တကယ်လို့ ကျန်းချွမ်ကသာ ရှုံးသွားမယ်ဆိုရင် သူက ဆက်ပြီးတော့ အသက်ရှင်မနေသင့်တော့ဘူး။
ထိုလူနှစ်ဦးပေါ်လာသည့် အချိန်တွင် ရလဒ်မှာ သေချာသွားသလောက်နီးပါး ဖြစ်သွားခဲ့သည်။
…
ချိုင့်ဝှမ်း၏ အလယ်ဗဟို၌
ရှုကျိုးနှင့် ကျန်းချွမ်တို့ကြားထဲတွင် မီတာ ၁၀၀ခြားနေခဲ့သည်။
လျူယောင်တုန်သည် မလှမ်းမကမ်းရှိ သစ်ပင်ပေါ်တွင် ရပ်နေကာ အော်ပြောလာခဲ့သည် “ အစ်ကို၊ ရှုကျိုးကို ချေမွပစ်လိုက် !!! “
ကျန်းချွမ်သည် မည်သည့်တုံ့ပြန်မှုမှ မပေးလိုက်ဘဲ အရှေ့ဘက်ရှိ ရှုကျိုးကိုသာ ကြည့်နေခဲ့သည် “ ဆိုတော့ မင်းက ရှုကျိုးလား? မင်းအကြောင်းတွေ အများကြီးကို ငါကြားခဲ့ရတယ် “
ရှုကျိုးမှ ပြောင်ကျကျ ပြန်ပြောလာခဲ့သည် “ စကားပြောနေတော ရပ်လိုက်တော့၊ စကြတော့မလား? “
“ မင်းအဆင်သင့်ဖြစ်ရင်ပေါ့ “
“ ဒါဆိုရင်လည်း စမယ် “
စကားပြောနေရင်းဖြင့် ရှုကျိုးသည် နောက်ကျောဘက်ရှိ သူ၏ဓားလက်ကိုင်ကို ရုတ်တရက် ဆွဲကိုင်လိုက်သည်။ တစ်ချိန်တည်းမှာပင် ကျန်းချွမ်သည် နောက်ကျောမှ သူ၏လှံရှည်ကို ဖြည်းဖြည်းချင်းဆွဲထုတ်လိုက်သည်။
သူသည် လေသံတိုးတိုးလေးဖြင့် ပြောလာခဲ့သည် “ မင်းက ငါ့ကို အများကြီး စိတ်မပျက်သွားရစေဖို့ ငါမျှော်လင့်ပါတယ် “