← Chapters

အကြောက်အရွံ့ ကင်းမဲ့စွာ မွေးဖွားလာခဲ့တာ၊ အဆုံးထိတိုက်မယ် !!!

Vol. 13 Ch. 195

အကြောက်အရွံ့ ကင်းမဲ့စွာ မွေးဖွားလာခဲ့တာ၊ အဆုံးထိတိုက်မယ် !!!

Vol. 13 Ch. 195

ချိုင့်ဝှမ်းအတွင်း၌ လှံအလင်းတန်းတစ်ခု တောက်ပလာခဲ့သည်။

ဝုန်းးး !!

နဂါးကဲ့သို့သော လှံရှည်တစ်လက်သည် ရှုကျိုးဆီသို့ တိုးဝင်လာခဲ့သည်။

ရှုကျိုး၏ အမူအရာမှာ တည်ငြိမ်နေစဲဖြစ်သည်။

သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ဓားကို လွှဲရမ်းလိုက်သည်။

ခွမ်းး !!

လှံနှင့်ဓားတို့ တိုက်မိသွားကာ၊ လက်နက်များ ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့သည်။

“ အားနည်းလွန်းတယ် “

ကျန်းချွမ်မှ အော်ပြောလာခဲ့သည်၊ သူ၏ချီ-သွေး စွမ်းအင်များသည် လှံရှည်ထဲသို့ ရောက်လာခဲ့ပြီး၊ ပြန်၍ တောက်ပလာခဲ့ကာ ရှုကျိုးကို ထပ်မံ၍ ထိုးချလာခဲ့သည်။

သူသည် မည်သည့်တိုက်ခိုက်ရေး နည်းစနစ်ကိုမျှ အသုံးမပြုဘဲ လှံချည်းသက်သက်သာ အသုံးပြုနေခဲ့ခြင်းဖြစ်သည်၊ သို့သော် ၎င်းမှာ တောင်ကိုပင် ဖြိုဖျက်နိုင်သကဲ့သို့ ခံစားနေခဲ့ရပြီး၊ လေထုကိုပင် တဝှီဝှီမြည်သံနှင့်အတူ တုန်ခါသွားစေခဲ့သည်။

ရှုကျိုးကား တိတ်ဆိတ်နေစဲပင် ဖြစ်သည်၊ သောင်းနှင့်ချီသော ခွန်အားကို ထုတ်လွှတ်ကာ ဓားကို ထပ်မံ၍ လွှဲရမ်းလိုက်သည်။

ဝုန်းးးးး !!

ဓားနှင့် လှံတို့ တိုက်မိခြင်းကြောင့် အလွန်ကျယ်လောင်သော အသံနှင့်အတူ မီးပွားများပေါ်ထွက်လာခဲ့သည်။

မည်သူကမှ နောက်မဆုတ်သွားကြဘဲ လက်နက်များဖြင့် ဆက်၍ စီးချင်းထိုးနေကြသည်။

ထိုမြင်ကွင်းသည် ကြည့်ရှုသူပရိတ်သတ်တိုင်းကို အံ့အားသင့်သွားစေခဲ့သည်၊ ရှုကျိုးသည် ကျန်းချွမ်နှင့် မင်းဘာကောင်လဲ၊ ငါဘာကောင်လဲဟု ယှဥ်မေးနေခဲ့ပြီဖြစ်သည်။

မည်သူမှ တိုက်ခိုက်ရေး နည်းစနစ်များ (သို့) သွေးကြောမှတ်များ၏ လျှို့ဝှက်စွမ်းအားတို့ကို ထုတ်မသုံးကြသေးပေ၊ ချီ-သွေးစွမ်းအား တိုက်ပွဲကိုသာ ဆင်နွှဲနေခဲ့ကြသည်။

ကျန်းချွမ်သည် သွေးကြောမှတ် ၁၅၀ကျော်ဖွင့်ထားပြီး၊ ရှုကျိုးနှင့် တိုက်ခိုက်ရာတွင် ၎င်းတို့၏ လျှို့ဝှက်စွမ်းအားကို ထုတ်သုံးရန် မနှစ်မြို့ပေ။

ချီ-သွေးစွမ်းအားဖြင့်ပင် သူသည် ရှုကျိုးကို အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက်ရှိနေခဲ့သည်။

ရှုကျိုးမှာလည်း ထိုကဲ့သို့ပင် တွေးနေခဲ့ခြင်း ဖြစ်သည်။

သူသည် သူ၏ချီ-သွေးစွမ်းအားက သွေးကြောမှတ် ၁၅၀ကျော်ဖွင့်ထားသည့် ပါရမီရှင်နှင့် ယှဥ်နိုင်မည်လားဆိုသည်ကို သိချင်နေခဲ့သည်။

ဘမ်းးး !!!

လက်နက်များ ထပ်မံ၍ ထိတွေ့သွားပြီး၊ လူနှစ်ဦး ကွဲကွာသွားကြသည်။

“ ဒါက သွေးကြောမှတ် ၁၅၀လား? “

ရှုကျိုးမှ ရယ်ရယ်မောမောဖြင့် ပြောလာခဲ့သည် “ အဲ့လောက်လည်း မဟုတ်ပါဘူး “

ကျန်းချွမ်သည် မည်သည့်တုံ့ပြန်မှုမှ ပြန်မပေးလိုက်ပေ၊ သူ၏မျက်လုံးများထဲတွင်မူ လေးနက်မှု အရိပ်အငွေ့များ ဖြစ်တည်နေခဲ့သည်၊ ရှုကျိုး၏ ချီ-သွေးစွမ်းအားသည် သူတွေးထင်ထားသည်ထပ် များစွာသာလွန်နေခဲ့သည်။

သူ့ထပ်နိမ့်ပါးနေပုံရသော်လည်း သူက သွေးကြောမှတ် ၁၅၀ကျော် ဖွင့်ထားသည့်လူဖြစ်သည်ဆိုသည်ကို အမှတ်ရကြရမည် ဖြစ်သည်။

ရှုကျိုးကမူ အခု၇၀မျှသာ ဖွင့်ရထားရသေးပြီး၊ ကွာဟချက်မှာ နှစ်ဆပင်ကျော်လွန်နေလျက်ရှိသည်။

ချီ-သွေးစွမ်းအားက ထပ်တူကျနေတာလား?

ကျန်းချွမ်သည် မယုံကြည်နိုင်ဖြစ်နေခဲ့သည်၊ သူသည် ပထမအဆင့် နယ်ပယ်ရှိ ပါရမီရှင်များကြားထဲမှ ထိပ်တန်းပါရမီရှင်တစ်ဦးဖြစ်ပြီး၊ မွန်းစတားကဲ့သို့သော ပါရမီရှင်များနှင့်ပင် တစ်တန်းတည်းရပ်နိုင်သည့် လူတစ်ဦးဖြစ်သည်။

အစစ်အမှန် သိုင်းပညာဌာနမှ အဆင့်တူများနှင့် ရင်ဆိုင်ခဲ့ရသောအချိန်မှာပင် သူသည် ယုံကြည်ချက် အပြည့်အဝ ရှိနေခဲ့သည်။

သို့သော် ယခု၌ သွေးကြောမှတ် အခု၇၀မျှသာ ဖွင့်ထားသည့် လူတစ်ဦးသည် သူနှင့် ယှဥ်တိုက်နေနိုင်ခဲ့သည်။

သူ့အတွက်ကား ၎င်းမှာ စော်ကားမှုတစ်ခု ဖြစ်သည်။

ဝုန်းးး ဝုန်းးးး ဝုန်းးးး !!

ကျန်းချွမ်၏ ခန္ဓာကိုယ် လှုပ်ခတ်သွားခဲ့ကာ သူ့ကိုယ်တွင်း၌ အလင်းတန်း ၁၅၅ခု ပေါ်ထွက်လာခဲ့သည်။

ဝုန်းးး !!

သွေးကြောမှတ်များ၏ လျှို့ဝှက်စွမ်းအားသည် တဟုန်ထိုး ပေါက်ကွဲထွက်လာသည့် ချီ-သွေးစွမ်းအင်များအဖြစ် ပြောင်းလဲသွားခဲ့သည်။

“ သတ် !!! “

ကျန်းချွမ်မှ ကြုံးဝါးလာခဲ့ပြီး၊ နဂါးနီကဲ့သို့ ဖြစ်နေသည့် လှံရှည်ကို ရှုကျိုးဆီသို့ ပြေးတက်လာခဲ့သည်။

ရှုကျိုး၏ မျက်လုံးများ ကျဥ်းမြောင်းသွားခဲ့သည်၊ နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် သူ့ခန္ဓာကိုယ်ထဲရှိ သွေးကြောမှတ် ၇၂ခု ပွင့်ဟလာခဲ့သည်။

ဟုတ်ပါသည်၊ ၇၂ခုဖြစ်သည်။

ရှုကျိုးသည် ယမန်နေ့က တစ်နေ့လုံး လေ့ကျင့်နေခဲ့ပြီး၊ သွေးကြောမှတ် နောက်နှစ်ခု ထပ်ဖွင့်နိုင်ခဲ့သည်။

၎င်းတို့သည် လျှို့ဝှက်စွမ်းအားများကို ထုတ်လွှတ်ကာ သူ၏စနစ်အတိုင်း လည်ပတ်သွားခဲ့ပြီး၊ ရှုကျိုးကို တလက်လက် တောက်ပသွားစေတော့သည်။

တစ်ချိန်တည်းမှာပင် ပါဖက်စနစ်နှစ်ခု အကြိမ်ပေါင်းများစွာ လည်ပတ်လာခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်ကို ပို၍ကြံ့ခိုင်သန်စွမ်းသွားစေခဲ့သည်။

“ ရွှမ် !!! “

ရှုကျိုးမှ ကြုံးဝါး၍ ဓားကို လွှဲရမ်းလာခဲ့ရာ သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်လာခဲ့သည်။

ဓားရှည် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားများကို သယ်ဆောင်ထားသည့် မိုးကြိုးတစ်ခုကဲ့သို့ အလွန်မြန်ဆန်သော အမြန်နှုန်းဖြင့် ပျံသန်းသွားကာ လှံရှည်နှင့် တိုက်မိသွားခဲ့သည်။

ခလမ်း !!!

လှံရှည်မှ ရှုကျိုး၏ ရင်ဘတ်ကို ပွတ်ဆွဲသွားခဲ့ရာ သွေးများ ဖြာထွက်လာခဲ့သည်။

တစ်ပြိုင်နက်ဆိုသလိုပင် ရှုကျိုး၏ ဓားရှည်မှာလည်း ကျန်းချွမ်၏ ပါးပြင်ကို ခြစ်မိသွားကာ၊ ကျန်းချွမ်၏ မျက်နှာပေါ်တွင် ပြတ်ရှရာတစ်ခု ဖြစ်ပေါ်သွားစေခဲ့သည်။

ဖူး !!!

ကျန်းချွမ်သွေးအန်သွားခဲ့ရပြီး၊ ထပ်ခါတလဲလဲ နောက်ဆုတ်သွားခဲ့ရကာ သူ၏ခန္ဓာကိုယ်ကို ပြန်လည်တည့်မတ်ရန်အတွက် လှံရှည်အား မြေပြင်ပေါ်သို့ ထိုးစိုက်ချလိုက်သည်။

သူရပ်တန့်သွားခဲ့ပြီး၊ သူ၏မျက်နှာကို ထိကြည့်လိုက်ရာ လက်တစ်ခုလုံး သွေးများစိုရွှဲသွားသည်ကို ခံစားလိုက်ရသည်။

“ ဒီကောင် ……… “

ကျန်းချွမ်၏ အမူအရာ မည်းမှောင်သွားခဲ့သည်၊ တိုက်ပွဲမစခင် အချိန်က သူသည် ထိခိုက်ဒဏ်ရာရလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ချေ။

သူ၏စိတ်ထဲ၌ အကယ်၍ သူက ရှုကျိုးကို အလွယ်တကူ အနိုင်မယူနိုင်ဘူးဆိုလျှင်တောင်မှ အလွယ်တကူ ဖိနှိပ်နိုင်လိမ့်မည်ဟုသာ ထင်နေခဲ့သည်။

…

လျူယောင်တုန်မှာလည်း မှင်သက်သွားတော့သည်။

“ ရှုကျိုးက ငါ့ရဲ့အစ်ကိုကို ဒဏ်ရာရသွားအောင် တကယ်ကြီး လုပ်လိုက်တာလား? “

လျူယောင်တုန်သည် မယုံကြည်နိုင် ဖြစ်သွားခဲ့သည် “ ဒီကောင်က၊ ပိုပြီးတော့ သန်မာလာတဲ့ပုံပဲ “

“ ဒါပင်မဲ့ မနေ့တုန်းက သူက သွေးကြောမှတ် အခု၇၀ပဲ ဖွင့်ထားတာမလား? ဒီနေ့မှ ဘယ်လိုလုပ် ပြောင်းလဲသွားရတာလဲ? “

သူသာလျှင် မဟုတ်ဘဲ တစ်ခြားသော လူများမှာလည်း အံ့ဩတုန်လှုပ်နေလျက်ရှိသည်။

တောင်ထိပ်ပေါ်ရှိ ဝမ်ယု၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည် “ ရှုကျိုးက သွေးကြောမှတ် ၇၂ခုတောင် ဖွင့်ထားတာလား? “

“ လွန်ခဲ့တဲ့ တစ်လတုန်းက သူက သွေးကြောမှတ် အခု၃၀ကျော်ပဲ ဖွင့်ထားတာမလား? “

“ သူက ဒီလောက်မြန်မြန်ဆန်ဆန်ကြီး ဘယ်လိုလုပ် တိုးတက်လာရတာလဲ? “

အစပိုင်းတွင် သူမသည် ရှုကျိုး၏ စွမ်းရည်က မည်မျှပင် ကြောက်မက်ဖွယ်ကောင်းနေခဲ့ပါစေ၊ သူက အမြင့်ဆုံးအနေဖြင့် သွေးကြောမှတ် အခု၅၀မျှသာ ဖွင့်နိုင်မည်ဟု ထင်ထားခဲ့သည်။

သို့သော် ယခုတွင်ကား ……….. သွေးကြောမှတ် ၇၂ခုပင် ပွင့်နေခဲ့လေသည်။

၎င်းမှာ သူက တစ်လအတွင်းတွင် သွေးကြောမှတ် အခု၄၀ဖွင့်ခဲ့သည်ဟု ဆိုလိုနေခြင်းပင်ဖြစ်သည်။

ထိုကဲ့သို့ အမြန်နှုန်းဖြင့်ဆိုပါက ရှုကျိုးသည် နှစ်လအတွင်းမှာပင် ပထမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားမည် ဖြစ်သည်။

သို့သော် သူမဘေးနားရှိ လျူတျန်မုမှာလည်း အမူအရာ လေးနက်နေခဲ့သည်။

ယမန်နေ့ ရှုကျိုးကို သူတွေ့ခဲ့သည့် အချိန်တွင် သူသည် သွေးကြောမှတ် အခု၇၀မျှသာ ဖွင့်ထားရသေးသည်။

တစ်ညအတွင်းမှာပဲ နောက်နှစ်ခုက ဘယ်လိုလုပ် ထပ်ပွင့်သွားရတာလဲ?

အဲ့ကလေးရဲ့ ကျင့်ကြံရေး အမြန်နှုန်းက ဒီလောက်တောင် မြန်တာလား?

Sအဆင့် စွမ်းရည်ပိုင်ရှင်များကပင် သွေးကြောမှတ်များကို ဖွင့်လှစ်ရာ၌ လေးငါးရက်မျှ အချိန်ယူရသည်ဆိုသည်ကို အမှတ်ရကြရမည် ဖြစ်သည်။

ရှုကျိုးကမူ တစ်ရက်အတွင်းမှာပင် သွေးကြောမှတ် ၂ခုဖွင့်ခဲ့သည်၊ ၎င်းအား မည်သူက ယှဥ်နိုင်လိမ့်မည်နည်း?

…

အပင်ပေါ်ရှိ ကျောင်းယွင်ဖေးနှင့် ဟွမ်ရိချန်းတို့မှာလည်း အမူအရာများ လေးနက်သွားကြသည်။

“ သွေးကြောမှတ် အခု၃၀တည်းနဲ့ သွေးကြောမှတ် ၁၀၀ကျော်တဲ့လူကို နိုင်ထားတဲ့ ရှုကျိုးက၊ အခုတော့ သွေးကြောမှတ် အခု ၇၀ကျော် ဖွင့်ထားနိုင်ပြီပေါ့၊ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက ပိုပြီးတော့ ကြောက်ဖို့ကောင်းလိမ့်နေလိမ့်မယ် “

ကျောင်းယွင်ဖေးသည် သူ့အနောက်ရှိ ဟွမ်ရိချန်းကို ဖျတ်ခနဲကြည့်လိုက်သည် “ သူက ကျန်းချွမ်ကို နိုင်မယ်လို့ မင်းထင်လား? “

ဟွမ်ရိချန်းမှ အေးအေးလူလူ ပြောလာခဲ့သည် “ ကျန်းချွမ်က သူ့ရဲ့ စွမ်းအားကို အပြည့်အဝ ထုတ်မသုံးရသေးဘူး “

ကျောင်းယွင်ဖေးမှ ခေါင်းငြိမ့်ပြလိုက်သည်၊ ၎င်းမှာ အမှန်တရားဖြစ်သည်။

ရှုကျိုး၏ စွမ်းအားမှာ အမှန်တကယ် အံ့ဩဖွယ်ကောင်းနေခဲ့သည်။

သို့သော် နတ်သိုင်းဌာနမှ ထိပ်တန်းပါရမီရှင်တစ်ဦးဖြစ်သည့် ကျန်းချွမ်ထံတွင်လည်း ဝှက်ဖဲများ ရှိနေမည်မှာ သေချာလှပေသည်။

သူတွေးနေသည့် အချိန်မှာပင် တိုက်ပွဲကွင်းပြင်ထဲရှိ အခြေအနေမှာ ထပ်မံ၍ ပြောင်းလဲလာခဲ့ပြန်သည်။

“ ထပ်လာမယ်!!! “

ကျန်းချွမ်မှ ကြုံးဝါးလာခဲ့သည်၊ သူ၏ပုံရိပ် လှုပ်ရှားလာခဲ့ပြီး၊ ရှုကျိုးထံသို့ လှံဖြင့် ပြေးတက်လာခဲ့သည်။

ဝုန်းး !!

ဝုန်းး !!

ဝုန်းး !!

ခြေတစ်ခါလှမ်းသည့် အချိန်တိုင်းတွင် လှံတုန်ခါသွားခဲ့သည်။

ခြေခုနစ်လှမ်း ဆက်တိုက်လှမ်းလာခဲ့ပြီးသည့်နောက်တွင် လှံသည် နဂါးငိုကြွေးသံတစ်ခုကို ရုတ်တရက် ထုတ်လွှင့်လာခဲ့သည်။

“ အဲ့တာက ခြေခုနစ်လှမ်း နဂါးလှံပဲ “

ကျောင်းယွင်ဖေး အနည်းငယ် ထိတ်လန့်သွားခဲ့သည် “ ဒီကောင်၊ ကျန်းချွမ်က ခြေခုနစ်လှမ်း နဂါးလှံကို ပထမအဆင့် အထွတ်အထိပ်ထိရောက်အောင် လေ့ကျင့်ထားခဲ့တာပဲ “

All Chapters