← Chapters

လျူတျန်မု : ငါ့မှာ အခွင့်အရေးတစ်ခု ရှိနေပြီ !! ၂

Vol. 13 Ch. 185

လျူတျန်မု : ငါ့မှာ အခွင့်အရေးတစ်ခု ရှိနေပြီ !! ၂

Vol. 13 Ch. 185

“ ငါသိပြီ “ လျူချင်းယွမ်သည် စိတ်သက်သာရာရသွားသည့်ပုံပင်။

အကယ်၍ ၎င်းကသာ မှန်ကန်နေခဲ့မည်ဆိုပါက အတော်လေး ကြောက်မက်ဖွယ်ကောင်းသွားလိမ့်မည် ဖြစ်သည်။

ထိုကဲ့သို့သာဖြစ်နေမည်ဆိုပါက သူသည် သုတေသနပြုလုပ်ရန်အတွက် ရှုကျိုးကို ခုတ်ထစ်ချင်စိတ်ပင် ပေါက်သွားမည် ဖြစ်သည်။

“ မင်းကြိုးစားကြည့်လို့ရတယ် “ မကြာခင်မှာပင် လျူချင်းယွမ်မှ ရယ်ရယ်မောမောဖြင့် ပြောလာခဲ့သည် “ တကယ်လို့ မင်းက သူ့ကို တစ်ပတ်မရိုက်နိုင်ဘူးဆိုရင်တောင်မှ ဘာမှ ဆုံးရှုံးသွားရမှာ မဟုတ်ဘူး။ တကယ်လို့ အောင်မြင်သွားမယ်ဆိုရင်တော့ မျိုးမျိုးမြတ်မြတ် ရလိမ့်မယ် “

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်ပြီး၊ လျူချင်းယွမ်နှင့် အချိန်အတော်ကြာ စကားဆက်ပြောနေခဲ့သည်၊ ထို့နောက်တွင် ဖုန်းချလိုက်သည်။

လျူချင်းယွမ်၏ ခွင့်ပြုချက်နှင့်အတူ ရှုကျိုးသည် ယုံကြည်ချက်ပိုရှိသွားတော့သည်။

တီ တီ !!

ထိုအချိန်၌ သူ၏ဖုန်းထဲသို့ မက်ဆေ့တစ်ခု ဝင်လာခဲ့သည်။

ရှုကျိုးမှ ဖွင့်ကြည့်လိုက်ရာ၊ ၎င်းသည် ချင်းဖုန်းထံမှ ဖြစ်နေခဲ့သည်။

“ ငါ အမှတ် ၅၀၀ရခဲ့တယ်၊ မင်းဆီကို လွှဲပေးလိုက်ပြီ “

“ ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုကြီး “

ဖုန်းကို ပိတ်လိုက်ပြီးသည့်နောက်တွင် ရှုကျိုးသည် စိတ်သက်သာရာရသွားတော့သည်။

နောက်ဆုံးတော့ ငါ့မှာ ငွေနည်းနည်း ထပ်ရှိလာပြန်ပြီပဲ !!

သို့ရာ၌ ၎င်းတို့မှာ သူ၏ကိုယ်ပိုင်ဥစ္စာ မဟုတ်သောကြောင့် သေချာပေါက် ပြန်ဆပ်ရမယ် ဖြစ်သည်။

“ အစီအစဥ်ကို အပြီးသတ်ပြီးပြီဆိုတော့ မနက်ဖြန်မှာ လျူတျန်မုက ငါးစာကို လာဟပ်၊ မဟပ်ဆိုတာကိုပဲ စောင့်ကြည့်ရတော့မယ် “ ရှုကျိုးမှ တစ်ကိုယ်တည်း တွေးတောနေတော့သည်။

ပထမဦးဆုံးအနေဖြင့် သူသည် အနည်းငယ် စိုးရိမ်ပူပန်နေလျက်ရှိသည်။

လာမည့် အစီအစဥ်သာ မအောင်မြင်ဘူးဆိုပါက သူ၏ နောင်အနာဂတ်ငွေလမ်းကြောင်းမှာ ကြပ်တည်းသွားမည် ဖြစ်သည်။

ချင်ဖုန်းနှင့် ဆရာဖြစ်သူတို့မှ ငွေများပေးထားခဲ့သော်လည်း ၎င်းတို့ကို သုံးစွဲရသည်မှာ သက်တောင့်သက်သာမရှိလှပေ။

တစ်ခြားလူများထပ် မိမိကိုယ်မိမိ အားကိုးခြင်းကသာလျှင် ပိုကောင်းနေမည် ဖြစ်သည်။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် မတ်တပ်ထရပ်၍ စံအိမ်ထဲမှ ထွက်ကာ ဉာဏ်အလင်းဆေးများ လဲလှယ်ရန်အတွက် ဝန်ဆောင်မှုခန်းမဆီသို့ ထွက်လာခဲ့သည်။

သိပ်မကြာခင်မှာပင် သူသည် စံအိမ်သို့ ပြန်ရောက်လာခဲ့ပြီး၊ အစီအစဥ် မစတင်ခင် နောက်ဆုံးသော လေ့ကျင့်မှုကိုပြုလုပ်နေတော့သည်။

…

နောက်တစ်နေ့ နံနက်ခင်း

နတ်သိုင်းဌာနရှိ စံအိမ်တစ်ခုအတွင်း၌

လျူတျန်မုသည် ကြမ်းပြင်ပေါ်တွင် တင်ပျဥ်ခွေ ထိုင်နေလျက်ရှိသည်။

တီ တီ ~~~

ဖုန်းအော်မြည်လာခဲ့သည်။

လျူတျန်မုသည် ၎င်းကို ဖျတ်ခနဲကြည့်ကာ အမြန်ဖုန်းကိုင်လိုက်သည် “ ဆရာ “

စုန့်ယွင်ဟဲ့မှ အေးအေးဆေးဆေး ပြောလာခဲ့သည် “ ရှုကျိုးကိစ္စက တိုးတက်မှု မရှိသေးဘူးလား? “

“ ဆရာ၊ ကျွန်တော့်ကို ရက်နည်းနည်းလောက် အချိန်ထပ်ပေး ……… “

“ တစ်လတောင် ကျော်လာပြီလေ “ စုန့်ယွင်ဟဲ့၏ အသံထဲတွင် စိတ်ပျက်လက်ပျက်ဖြစ်နေသည့် အရိပ်အငွေ့များ ပါဝင်နေခဲ့သည် “ ရှုကျိုးက ကျောင်းသားအသစ်လေးတစ်ယောက်ပဲလေ၊ သူ့ကိုဖိနှိပ်ဖို့အတွက် ငါကမင်းကို တောင်းဆိုထားတာ၊ မင်းက ဒီလိုရိုးရှင်းတဲ့ တာဝန်လေးကိုတောင် မလုပ်နိုင်တော့ဘူးလား? “

လျူတျန်မု၏ အမူအရာ တင်းကြပ်သွားခဲ့သည်၊ သူသည် တလေးတနက်ဖြစ်နေသော လေသံမျိုးဖြင့် ပြောလာခဲ့သည် “ ရှုကျိုးက ချင်ဖုန်းနဲ့ မတူပါဘူး၊ အခုဆိုရင် သူက အခွံထဲမှာ ပုန်းနေတဲ့ လိပ်လို ဖြစ်နေပါတယ်။ လုံးဝထွက်မတိုက်ရဲပါဘူး၊ အဲ့အတွက် ကျွန်တော်လည်း ဘာမှလုပ်လို့မရဘူး “

စုန့်ယွင်ဟဲ့ တိတ်ဆိတ်သွားတော့သည်။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် သူသည် သက်ပြင်းချ၍ ပြောလာခဲ့သည် “ မင်းကျောင်းကို ရောက်လာခဲ့တဲ့ အချိန်တုန်းကဆိုရင် မင်းက အလားအလာရှိတဲ့ ပါရမီရှင်အဖြစ် သတ်မှတ်ခံခဲ့ရတယ်၊ လူတော်တော်များများက မင်းကို မျှော်လင့်ချက်ကြီးကြီး ထားခဲ့ကြတယ် “

“ ဒါပင်မဲ့ မင်းက ချင်ဖုန်းကိုတောင် မကိုင်တွယ်နိုင်ခဲ့ဘူး၊ အခုဆိုရင် ပထမအဆင့် ကျောင်းသားလေးတစ်ယောက်ကိုတောင် မဖိနှိပ်နိုင်တော့ဘူးပေါ့? “

“ ဌာနက လူတစ်ချို့က မင်းကို သိုင်းပညာရှင် အဖွဲ့က မင်းရဲ့ ဒုက္ကဌရာထူးကနေ ဖယ်ရှားဖို့ အဆိုပြုလာကြပြီ “

လျူတျန်မု၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး အလောတကြီးပြောလာခဲ့သည် “ ဆရာ၊ ဆယ်ရက်အတွင်းမှာပဲ ရှုကျိုး ထွက်လာပြီး တိုက်ခိုက်အောင် ကျွန်တော် လုပ်ပေးပါမယ် “

သိုင်းပညာရှင်များ အဖွဲ့၏ ဒုက္ကဌရာထူးသည် သူ့အတွက် အလွန်အရေးကြီးလှပေသည်။

ငွေရှာခြင်းမှာ ဒုတိယဦးစားပေးမျှသာလျှင် ဖြစ်သည်၊ အဓိကကိစ္စကမူ အဆိုပါရာထူးကြောင့် တစ်ချို့သော လုပ်ပိုင်ခွင့်များ ရရှိနေခြင်းပင် ဖြစ်သည်။

အဆိုပါ ရာထူးကို လက်လွှတ်ဆုံးရှုံးခဲ့ရခြင်းမှာ သူ့အတွက် ကပ်ဘေးတစ်ခု ဖြစ်နေမည် ဖြစ်သည်။

စုန့်ယွင်ဟဲ့မှ အေးအေးဆေးဆေး ပြန်ပြောလာခဲ့သည် “ ရှုကျိုးရဲ့ ရှုံးနိမ့်မှု သတင်းကို ခုနစ်ရက်အတွင်းမှာ ငါကြားချင်တယ် “

လျူတျန်မုသည် အနည်းငယ် တွေဝေတုံ့ဆိုင်းသွားပြီး၊ လေသံတိုးတိုးလေးဖြင့် ပြန်ဖြေလိုက်သည် “ ဟုတ်ကဲ့ “

ထို့နောက်တွင် ဖုန်းခေါ်ဆိုမှု ပြတ်တောက်သွားခဲ့သည်။

လျူတျန်မုသည် ဖုန်းကို ဘေးတစ်ဖက်တွင်ချလိုက်ပြီး၊ မျက်လုံးများကို ထပ်မှိတ်နေတော့သည်။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် သူသည် မျက်လုံးများ ထပ်ဖွင့်လာခဲ့ပြီး၊ စိတ်ရှုပ်ထွေးမှုများ ပြည့်နှက်နေသော မျက်နှာဖြင့် ဖုန်းကို ဖွင့်ကာ ကြည့်ရှုစစ်ဆေးနေတော့သည်။

“ ဝမ်ယုကတောင် မအောင်မြင်ခဲ့ဘူးလား? “

လျူတျန်မု ရေရွတ်ပြောဆိုနေခဲ့သည် “ ငါ၊ လျူတျန်မုက ပထမအဆင့်လေးတစ်ယောက်ကိုတောင် တကယ် မကိုင်တွယ်နိုင်တော့တာများလား? “

ဘမ်းး !!

လျူတျန်မုသည် ကြမ်းပြင်ကို ထိုးချလိုက်ပြီး၊ မျက်နှာအမူအရာ မည်းမှောင်သွားခဲ့သည်။

“ တကယ်လို့ ကျောင်းယွင်ဖေးရဲ့လူတွေကသာ လှုပ်ရှားဖို့ ဆန္ဒ မရှိဘူးဆိုရင်၊ ငါက ဘာလုပ်ရမှာလဲ? ငါကိုယ်တိုင် လှုပ်ရှားဖို့တော့ မဖြစ်နိုင်ဘူးလေ၊ ဟုတ်တယ်မလား? “

အကယ်၍ သူသာလှုပ်ရှားလိုက်မည်ဆိုပါက တက္ကသိုလ်မှ သူ့အား ဖိနှိပ်လာမည် ဖြစ်သည်။

၎င်းကို တွေးမိသွားသောအခါတွင် လျူတျန်မုသည် ပို၍ ဒေါသထွက်သွားတော့သည်။

ကျောင်းယွင်ဖေး၏ အဖွဲ့ထဲရှိ လူတစ်ဦးချင်းစီတိုင်းသည် ရှုကျိုးက ပထမအဆင့် အထွတ်အထိပ်သို့ ရောက်သွားသည့် အချိန်အထိ စောင့်ဆိုင်း၍ မျှမျှတတ တိုက်ခိုက်ချင်နေခဲ့သည်။

ဘကိစ္စ စောင့်နေကြတာလဲ?

“ သောက်ရူးတွေ !!! “ လျူတျန်မု၏ အမူအရာသည် ပို၍ မည်းမှောင်သွားခဲ့သည်။

အကယ်၍ သူသာ ပထမအဆင့်တွင် ရှိနေမည်ဆိုပါက ရှုကျိုးမှ စိန်ခေါ်မှုကို လက်ခံသည်ဖြစ်စေ၊ ငြင်းပယ်သည်ဖြစ်စေ၊ သူသည် ရှုကျိုး၏ နေရာဆီသို့ တိုက်ရိုက်သွားမည် ဖြစ်သည်။

ခြေတစ်လှမ်းတိုး၍ ရှုကျိုး၏ တံခါးဝတွင် ပိတ်ဆို့ကာ သူတိုက်ခိုက်လာအောင် ဖိအားပေးမည် ဖြစ်သည်။

အချိန်အတော်ကြာခဲ့ပြီးသည့်နောက်တွင် လျူတျန်မုသည် သက်ပြင်းချကာ ရေရွတ်ပြောဆိုနေတော့သည် “ ငါကိုယ်တိုင် လှုပ်ရှားရတော့မှာလား? ကျောင်းကသိသွားတာနဲ့ ငါတော့ ဂွမ်းပြီ “

တီ တီ !!

ဖုန်းသည် ထပ်မံ၍ အော်မြည်လာခဲ့သည်။

လျူတျန်မုသည် စုန့်ယွင်ဟဲ့မှ ထပ်ခေါ်သည်ဟု ထင်သွားကာ မျက်မှောင်ကြုတ်သွားတော့သည်။

“ ကျန်းချွမ်လား? “

သူမှ ဖုန်းကိုင်လိုက်ရာ ကျန်းချွမ်၏ အသံထွက်ပေါ်လာခဲ့သည် “ လျူတျန်မု၊ ငါက ရှုကျိုးနဲ့ တိုက်ဖို့ စီစဥ်ထားတယ်၊ ဒါပင်မဲ့ ငါတည့်ပဲ ပြောထားမယ်၊ တကယ်လို့ ငါသူ့ကို နိုင်သွားပြီးသွားရင်တော့ မင်းရတဲ့ အကျိုးအမြတ်တွေရဲ့ တစ်ဝက်တိတိ ငါ့ကို ပေးရမယ် “

၎င်းကို ကြားလိုက်ရသောအချိန်၌ လျူတျန်မု စိတ်ကျေနပ်သွားခဲ့သည်၊ သို့သော် မကြာခင်အချိန်မှာပင် မျက်မှောင်ကြုတ်သွားခဲ့သည်။

“ ကျန်းချွမ် “ လျူတျန်မုမှ မကျေမနပ်ဖြစ်သွားသော လေသံမျိုးဖြင့် ပြောလာခဲ့သည် “ ဌာနကပေးတဲ့ အကျိုးအမြတ်တွေကို ငါက ဘာလို့မင်းကို ခွဲပေးရမှာလဲ? “

“ တကယ်လို့ မင်းက ခွဲမပေးချင်ဘူးဆိုရင်လည်း အဆင်ပြေပါတယ် “ ကျန်းချွမ်မှ အေးအေးလူလူ ပြန်ပြောလာခဲ့သည် “ ငါက ရှုကျိုးကို စိန်မခေါ်တော့ဘူး “

“ … “

လျူတျန်မုသည် စိတ်ထဲတွင် ကြိတ်၍ ကျိန်ဆဲနေတော့သည်၊ ဒီကောင်က ငါ့ရဲ့ အခုလက်ရှိ အကြပ်အတည်းတွေကို သိနေလောက်တယ်။

သူသည် တစ်ခဏခန့် တိတ်ဆိတ်ငြိမ်သက်သွားပြီး၊ ရုတ်တရက် မေးမြန်းလာခဲ့သည် “ မင်းက ဘာလို့ ရှုကျိုးနဲ့ ရုတ်တရက် တိုက်ခိုက်ချင်ရတာလဲ? နတ်သိုင်းဌာနက အကျိုးအမြတ် နည်းနည်းလေးပဲ ပေးထားတာ မဟုတ်ဘူးလား? “

“ အဓိပ္ပါယ် မရှိတာတွေ ဘာလို့ပြောနေရတာလဲ? “ ကျန်းချွမ်မှ စိတ်မရှည်စွာ ပြောလာခဲ့သည် “ မင်းက သဘောတူမှာလား၊ မတူဘူးလား? တကယ်လို့ မတူဘူးဆိုရင် ဒီကိစ္စကနေ ငါထွက်မယ် “

“ အဟွတ် အဟွတ် အဟွတ် “

လျူတျန်မုသည် ဒေါသတချောင်းချောင်း ထွက်နေသော မျက်နှာဖြင့် ချောင်းဆိုးနေတော့သည်။

သေစမ်း၊ သွေးကြောမှတ် ၁၄၀ကျော် ဖွင့်ထားတဲ့ကောင်တွေက နောက်ဆုံးတစ်ကြိမ်က ကောင်တွေထပ်တောင် ပိုပြီးတော့ မောက်မာနေတယ်၊ ငါ့လို တတိယအဆင့်ကလူကိုတောင် အကြောကြီးနဲ့ ပြောနေကြတယ် !!

သို့သော် ၎င်းမှာ နားလည်၍ ရသော ကိစ္စတစ်ခုဖြစ်သည်။

ကျန်းချွမ်သည် တျန်းကျိုး ကျန်းမိသားစု၏ တိုက်ရိုက်မျိုးဆက် အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး၊ သူ၏အဘိုးမှာလည်း ကျန်းမိသားစု၏ ထိပ်တန်းပညာရှင်များထဲမှ တစ်ဦးဖြစ်နေခဲ့သည်။

သူသည် လူသားမျိုးနွယ်၏ အထွတ်အထိပ်ပညာရှင်များထဲမှ တစ်ဦးဖြစ်နေခဲ့သည်။

သူသည် ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို ဆန့်ကျင်စော်ကားရန် တတ်နိုင်မည် မဟုတ်ပေ။

လျူတျန်မုမှ ရယ်ရယ်မောမောဖြင့် ပြောလာခဲ့သည် “ ငါက သိချင်လို့ မေးလိုက်တာပါ “

ကျန်းချွမ်မှ လှောင်ပြောင်ပြောဆိုလာခဲ့သည် “ ငါ့ရဲ့ ဝမ်းကွဲက ရှုကျိုးကို တိုက်ခိုက်ဖို့အတွက် ဆွဲခေါ်လာခဲ့တာ၊ ငါက ပိုက်ဆံလိုနေတာကြောင့် သဘောတူလိုက်တယ် “

All Chapters