← Chapters

ရုပ်ရှင်ဇာတ်ကား ဖျက်စီးသူ

Vol. 12 Ch. 114

ရုပ်ရှင်ဇာတ်ကား ဖျက်စီးသူ

Vol. 12 Ch. 114

“ ရှင် ပြောချင်တာ ကျွန်မရဲ့ ရောဂါဟောင်းက သူ့ကြောင့် ပြန်ထဖောက်လာမယ်လို့လား …..”

“ မဖြစ်နိုင်ဘူး ….”

အဖြူရောင် သကြားလုံးမမလေးက တဒင်္ဂမျှ ငူငူငိုင်ငိုင်ကြီး ဖြစ်သွားခဲ့ပြီး သူမခေါင်းကို အပြင်းအထန် ခါယမ်းလာခဲ့သည်။

“ ကျွန်မတို့ သိပ်မကြာခင်တုန်းကပဲ နှစ်ဖက်လုံး အေးအေးချမ်းချမ်းနဲ့ လမ်းခွဲခဲ့ကြတာ ကျွန်မတို့ နှစ်ယောက်ကြားထဲမှာ ဘာ စိတ်မချမ်းမြေ့စရာ ကိစ္စမှလည်း မရှိခဲ့ဖူးဘူး ….”

“ သူက ဘာကြောင့်မို့ ကျွန်မရဲ့ စိတ်အခြေအနေကို သက်ရောက်မှုတွေ ရှိလာစေမှာလဲ ….”

“ ဖြစ်နိုင်တာ သူ့ရဲ့ လက်ရှိ ရည်းစားက ကျွန်မကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိနဲ့ မီဒီယာတွေရှေ့မှာ သူ့ကို ကျွန်မရဲ့ မကောင်းကြောင်းတွေ ပြောခိုင်းမှာမို့လို့လား ….”

အဖြူရောင် သကြားလုံးမမလေးက ဖြစ်နိုင်ချေတွေ တစ်သီတစ်တန်းကြီး တွေးမိသည်။ သို့တိုင် ဖြစ်ခြင်း အကြောင်းတရားခံက ဘာဖြစ်မလဲဆိုတာကို သူမ ရှာမတွေ့နိုင်သေးချေ။

သူမရဲ့ အရင်ရည်းစားဟောင်းနှင့် ငွေကြေးအရှုပ်အရှင်း ၊ ဒါမှမဟုတ် ရန်ငြှိုး အာဃာတများလည်း မရှိဖူးခဲ့ပေ။ သူတို့တွေ တစ်ချိန်က ရူးရူးမူးမူး ချစ်ခဲ့ကြပြီး လမ်းခွဲချိန်တွင်လည်း နှစ်ယောက်လုံးက အေးအေးချမ်းချမ်း ၊ သာသာယာယာ လမ်းခွဲခဲ့ကြသည်။

“ ငါတော့ သူ ဘယ်သူလဲ သိပြီထင်တယ် ….”

“ ဘုရားရေ … မင်းလည်း ငါတွေးနေတာကို တွေးမိနေတာလား ….”

“ သူပဲ ဖြစ်နိုင်တယ် ….”

“ နင်တို့ကောင်တွေ ဘာပြောနေကြတာလဲ ….”

“ အဲ့ဒီ အဓိကကျတဲ့ စကားလုံးတွေကို တစ်ချက် စဉ်းစားကြည့်လိုက် … စိတ်ဓာတ်ကျတယ် … သိပ်မကြာခင်တုန်းကပဲ လမ်းခွဲသွားကြတယ် ….”

“ စောက်ကျိုးနည်း သူပဲဟ … သူ ဆိုလို့ကတော့ နှစ်တစ်သောင်းနေတောင် နာမည်ကြီးမှာ မဟုတ်ဘူး ….”

“ အဲ့ကောင်မ ဖျော်ဖြေရေး နယ်ပယ်ထဲ ရောက်လာတာ ဆယ်နှစ်ကျော်နေပြီ … ရုပ်ရှင် ဇာတ်လမ်းနဲ့ ဇာတ်ကားတွေမှာ ဒါဇင်လောက် ဇာတ်လိုက် နေရာကနေ သရုပ်ဆောင်ခဲ့ဖူးတယ် … ဒါပေမယ့် တစ်ခါမှလည်း မအောင်မြင်ဘူး ….”

“ ဒီလို ထူးခြားတဲ့ အမျိုးသမီးတစ်ယောက်နဲ့ လိုက်စထွင်းတစ်ခုတည်း အတူလာဆုံရအောင် ငါတို့ရဲ့ ကံတရားကလည်း ဘယ်လိုတောင် ဆိုးရွားလွန်းနေတာ ….”

စကားပြောခန်းထဲတွင် ဉာဏ်ကောင်းသည့် ကြည့်ရှုသူတို့ ပြတ်လပ်သွားသည်ဟူ၍ မရှိ။ စိတ်ဓာတ်ကျခြင်း ၊ အရင်ရည်းစားဟောင်း နှင့် အမျိုးသမီး ဆယ်လီအနုပညာရှင် … စသည့် စကားလုံးအနည်းငယ်ကတစ်ဆင့် အဖြေရှာပုံတော် ဖွင့်လိုက်ရာ တခဏအတွင်းမှာပဲ အဖြူရောင် သကြားလုံးမမလေး မည်သူမည်ဝါဆိုတာကို ချက်ချင်း သိရှိသွားခဲ့ကြသည်။

ရေပန်းမစားဆုံး နေရာတွင် နံပါတ်တစ်ရထားတဲ့ မိန်းကလေး။

တခြား ကံမကောင်းသည့် သရုပ်ဆောင်များက သူတို့ရဲ့ ကတ်ကောင်းများကို ဖြုန်းတီးစွာ အသုံးချမိခဲ့သည်ဆိုလျှင် အဖြူရောင် သကြားလုံးမမလေးကတော့ သူမရဲ့ ကတ်ကောင်းများစွာ လက်ချည်းသပ်သပ် စုတ်ဖြဲပစ်သည်နှင့် တူသည်။

သူမ ပွဲဦးထွက်လာသည်နှင့် ကောင်းကင်က အဖြူရောင် သကြားလုံးမမလေးကို ဧရာမ ဆုလဒ်ကြီးတစ်ခု ချီးမြင့်ပေးခဲ့၏။

များပြားလှသည့် ဒါရိုက်တာများက သူမကို သူတို့ ရုပ်ရှင်ဇာတ်ကားများထဲ သရုပ်ဆောင်ပေးရန် အပြိုင်အဆိုင် တိုက်ခိုက် ကမ်းလှမ်းကြပြီး နာမည်ကြီး သရုပ်ဆောင် အများအပြားနှင့်လည်း သူမကို အတူ သရုပ်ဆောင်စေသည်။

သို့တိုင် အဆုံးတွင်တော့ …

မည်သည့်အရာမျှ ဖြစ်ပျက်မလာခဲ့ချေ။

အဖြူရောင် သကြားလုံးမမလေး ရိုက်ကူးသည့် ဇာတ်လမ်း ၊ ဇာတ်ကားတိုင်းက တစ်ညအတွင်း လူများ မေ့ပျောက်တာကို ခံရလိုက်သည်နှင့်မခြားပေ။

ထိုအထဲ ထုတ်လုပ်ရေးအသင်းသားများလည်း ပါဝင်ညှိစွန်းခံလိုက်ရ၏။

ဆယ်နှစ်လုံးလုံး၊ အနှီ အခွင့်အရေးများနှင့် အခွင့်အလမ်းများအားလုံးကို အဖြူရောင် သကြားလုံးမမလေးထံတွင်သာ အသုံးချပေးခဲ့သော်လည်းပဲ သူမမှာ လူအများ မျက်စိရှေ့သို့ ရောက်သည်နှင့် မည်သူမျှ ဂရုမစိုက်ကြသည့် သရုပ်ဆောင် မင်းသမီးတစ်လက် ဖြစ်လာသည်။

အဖြူရောင် သကြားလုံးမမလေးရဲ့ အထောက်အထား ဖော်ထုတ်ခံလိုက်ရသည်နှင့် စကားပြောခန်းတစ်ခုလုံး ဆူညံဝရုန်းသုန်းကား ဖြစ်သွားသည်။

“ သူက အခု နာမည်မကြီးသေးဘူးဆိုပေမယ့် သူ့ရဲ့ ကြည့်ကောင်းတဲ့ ရုပ်ရည်နဲ့ ကိုယ်လုံးကိုယ်ပေါက်ကလည်း အင်အားတစ်မျိုးပဲလေ ….”

“ သူက အတော်လေး လှတယ် … ဒါပေမယ့် သရုပ်ဆောင်ကောင်းတဲ့ အရည်အချင်းတော့ မရှိဘူး ….”

“ သူ သရုပ်ဆောင်တဲ့ ဒရာမာဇာတ်လမ်းနဲ့ ဇာတ်ကားတိုင်းက ချီးကားတိုက်ခံရတာပဲ …”

“ ငါဆို သူပါတဲ့ ဇာတ်ကားဆိုတာနဲ့ မကောင်းမကန်း ဖြစ်မယ်ဆိုတာ တန်းသိလိုက်ပြီ … ကြည့်ကို မကြည့်တာ …”

“ မင်းတို့ကလည်း … ဟိုက ဘယ်သူနဲ့မှလည်း မတိုက်ခိုက် ၊ ကိုယ့်ဘာကိုယ် သိုသိုသိပ်သိပ်ပဲ နေတာကို ဖျော်ဖြေရေး နယ်ပယ်ထဲက ဖြူစင်အပြစ်ကင်းတဲ့သူတစ်ယောက်လို့ သတ်မှတ်လို့ရပါတယ် ….”

“ ငှက်မွေးလေးလို ဖြူစင်လွန်းတယ် ….”

“ သူ့ကို ဇာတ်လမ်း ၊ ဇာတ်ကားတွေမှာ သရုပ်ဆောင်ပေးဖို့ တိုက်ခိုက်ကြတုန်းကဆိုရင် သူက ရုပ်ရှင် ဇာတ်ကား အရင်းအမြစ်တွေကို ဖျက်စီးတဲ့သူပဲ ….”

အဖြူရောင် သကြားလုံးမမလေး သရုပ်ဆောင်ထားသည့် ဇာတ်လမ်း ရုပ်ရှင်များကို ကြည့်ရှုဖူးကြသည့် ကြည့်ရှုသူတော်တော်များများမှာ လူပြိန်းကြိုက် သတင်းထောက်များကဲ့သို့ တက်ကြွ ရွှင်မြူးစွာ ပြောပြနေကြသည်။

“ဟင်း …”

အဖြူရောင် သကြားလုံးမမလေးက မကြားနိုင်လောက်သည့် သက်ပြင်းတစ်ချက် ချလိုက်သည်။

“ စကားပြောခန်းထဲက လူနာတို့ … မင်းတို့က မင်းရဲ့ ဗဟုသုတတွေကို ဖော်ထုတ်ချင်ကြတယ်ဆိုတော့ ငါမင်းတို့နဲ့ စကားပြောပေးရင်ကော ဘယ်လိုလဲ… “

“ မင်းတို့တွေ အကုန်လုံးက ပျော်ရွှင်တဲ့ဘဝ ၊ ပျော်ရွှင်တဲ့ မိသားစု၊ အောင်မြင်တဲ့ အလုပ်ခရီးလမ်း ၊ သိတတ်လိမ္မာတဲ့ ကလေးတွေ ၊ ချစ်ခင်နှစ်သက်အားကျဖို့ကောင်းတဲ့ ခင်ပွန်းနဲ့ ဇနီး ဆက်ဆံရေးနဲ့ အရာရာ အဆင်ပြေချောမွေ့တဲ့ ဘဝကို ပိုင်ဆိုင်ထားကြတဲ့လူတွေဆိုတာ ငါ ယုံတယ် …”

ထိုသို့ပြောပြီးနောက် ချန်ယွီ့က ပြုံးလျက် လက်ညှိုးတစ်ချောင်း ထောင်လိုက်သည်။

တစ်သန်းကျော်သည့် ကြည့်ရှုသူ ပရိသတ်များအားလုံး ခေါင်းအစ ခြေအဆုံး အေးစက်သွားကြပြီး နောက်ကျောတွင် ချွေးအေးတို့ ရွှဲနစ်သွားကြသည်။

သူတို့ နှလုံးလည်း မရပ်မနား ခုန်ပေါက်နေတော့၏။

သူတို့တွေ ဘယ်လိုပဲ နားထောင် နားထောင် ၊ ချန်ယွီ့ စကားက ထေ့ငေါ့လှောင်ပြောင်ပြီး ပြောနေမှန်း သိသာသည်။

အကယ်၍ သူတို့ထဲက တစ်ယောက်သာ ချန်ယွီ့ရဲ့ ရွေးချယ်ခြင်းကို ခံလိုက်ရမည်ဆိုပါက ကျိန်းသေပေါက် ရလဒ်ကောင်း ထွက်လာမှာ မဟုတ်တာကတော့ သေချာသည်။

အဖြူရောင် သကြားလုံးမမလေးကို ထေ့ငေါ့လှောင်ပြောင်နေကြသည့် ကွန်းမန့်များမှာ သာမန်မျက်လုံးဖြင့် မြင်သာသည်အထိကို ချက်ချင်း လျော့ကျသွားသည်။

ချန်ယွီ့ကတော့ နောက်တစ်ကြိမ်ထပ်ပြီး လိုက်စထွင်း လောကတွင် အံ့ဖွယ်တစ်ခုကို ဖန်တီးလိုက်ပြန်သည်။

သူ့ စကားအနည်းငယ်နှင့် ကြည့်ရှုသူ တစ်သန်းကျော်သည့် စကားပြောခန်းကို ဗလာကျင်းသွားစေခဲ့သည်။

ကြည့်ရှုသူ အသစ်လေးများမှာ ထိုအချင်းအရာကိုမြင်တော့ အံ့အားတကြီး ဖြစ်သွားကြ၏။

ချန်ယွီ့က ဘယ်သူ့ကိုမှလည်း ဘန်းနေတာ မဟုတ်ဘူးလေ … ဒါကို ဘာလို့ ကွန်းမန့်တွေက ပျောက်ကုန်ကြတာလဲ ….

ဒီရဲ့ သန်းကျော်တဲ့ ကြည့်ရှုသူတွေ အကုန်လုံးက အတုတွေလား …

အဖြူရောင် သကြားလုံးမမလေးက ချန်ယွီ့ သူမကို ကူညီပေးနေမှန်း သိသည်။ ထို့ကြောင့် ရင်ထဲကနေ နှစ်နှစ်ကာကာ ကျေးဇူးတင်မိသွား၏။

“ ဒေါက်တာချန် … ကျွန်မတို့ စောနက မေးခွန်းကို ဆက်ပြောရအောင်လား ….”

“ ဒါပေါ့ ….”

“ မင်းက စိတ်ကျန်းမာရေး ပြဿနာကို ခံစားခဲ့ရတယ်ဆိုပေမယ့် မင်းရဲ့ စိတ်ဓာတ်က သန်မာတယ် …” ချန်ယွီ့ လက်ပိုက်လျက် ဆိုလိုက်ပြီး “ ဒါပေမယ့် နောက်လာမယ့် မုန်တိုင်းက မင်းရဲ့စိတ်ဓာတ်ကို အတိုင်းအတာ တစ်ခုထိအောင် ထိခိုက်သွားစေလိမ့်မယ် ….”

“ မင်းဘက်က တည်ငြိမ်တဲ့ စိတ်နှလုံးနဲ့ ကိုင်တွယ်နိုင်ခဲ့မယ်ဆိုရင်တော့ မင်းထပ်ပြီး နာမည်ကြီးလာရုံတင် မကဘူး … လူတော်တော်များများ မင်းအပေါ် တိမ်းစောင်းနေတဲ့ အမြင်ကိုလည်း ပြန်တည့်မတ်နိုင်သွားမယ် ….”

“ မင်း ရမယ်လို့ တစ်ခါမှ မထင်ထားဖူးတဲ့ ကြီးမားတဲ့ ဖန်ဘေ့စ်ကြီးလည်း ရလာလိမ့်မယ် ….”

“ တကယ် ….”

အဖြူရောင် သကြားလုံးမမလေးက မယုံကြည်နိုင်သည့် မျက်ဝန်းတို့ဖြင့် မေးလာသည်။

“ အခုကစလို့ နှစ်ရက်ကြာပြီးရင် မင်းရဲ့ နာမည်က ကိုယ်ပိုင် မီဒီယာတွေရဲ့ ရှေ့ဆုံး စာမျက်နှာမှာ ခေါင်းကြီးပိုင်းကနေ ပါလာလိမ့်မယ် ….”

“ နိုင်ငံခြားက ကိုယ်ပိုင်မီဒီယာတွေကတောင် မင်း အကြောင်းကို တင်ဆက်ကြလိမ့်မယ် ….”

“ မင်းရဲ့ နာမည် ရှာဖွေမှုကလည်း ရေပန်းစားဆုံး စာရင်းသုံးခုထဲမှာ အချိန်အကြာကြီး ရှိနေမယ် ….”

“ မင်းကိုလည်း တခြားစကားလုံး နှစ်ခုနဲ့အတူ တွဲပြီး မှတ်မိသွားကြလိမ့်မယ် ….”

ချန်ယွီ့က ဖြည်းညင်းစွာ ရှင်းပြသည်။

“ အဲ့ဒီ စကားလုံးတွေက … ဘာများလဲ ….”

အဖြူရောင် သကြားလုံးမမလေး မသိစိတ်အလျောက် မေးမြန်းလိုက်၏။

“ တစ်ခုက လောင်းကစား …..”

“ ကျွန်မနဲ့ လောင်းကစား ဟုတ်လား … ဒေါက်တာချန် … ဒါကြီးကတော့ တအား ရယ်ချင်စရာ ကောင်းလွန်းသွားပြီနော်….”

သူမရဲ့ ပရိသတ်များက သူမရဲ့ အထောက်အထားကို ဖော်ထုတ်ပြီး ဖြစ်တာကြောင့် အဖြူရောင် သကြားလုံးမမလေးက သူမ လောင်းကစား လုပ်ရတာ နှစ်သက်သည်ဟု သူမရဲ့ ပရိသတ်တွေ အထင်လွဲသွားမှာ စိုးသည့်အတွက် မျက်နှာကို ဖုံးကွယ်ထားသည်များအား ပြန်ဖြုတ်လိုက်သည်။

သူမ ဘယ်တုန်းကမှ လောင်းကစား မလုပ်ခဲ့ဖူးကြောင်း အကြိမ်ကြိမ်အခါခါ ငြင်းဆန်လာသည်။ လောင်းကစားနှင့်လည်း ဘယ်တုန်းကမျှ မပတ်သက်ခဲ့ဖူးချေ။

“ ဒီရဲ့လူနာ … ကျေးဇူးပြုပြီး ငါပြောတာကို အရင် ဆုံးအောင် နားထောင် …”

“ မင်းနာမည်က လောင်းကစားနဲ့ ဆက်စပ်နေမယ်လို့ပဲ ငါပြောခဲ့တာလေ … မင်း လောင်းကစား လုပ်တယ်လို့ ငါမပြောခဲ့ဘူး ….”

“ လောင်းကစား လုပ်ခဲ့တာက မင်းနဲ့ ပတ်သက်မှုတွေကို အေးအေးချမ်းချမ်း ဖြတ်တောက်သွားပါတယ်ဆိုတဲ့ မင်းရဲ့ အရင် ရည်းစားဟောင်းပဲ ….”

ချန်ယွီ့ ရှင်းပြလိုက်သည်။

“ သူက လောင်းကစားလုပ်ခဲ့တယ် ဟုတ်လား …”

အဖြူရောင် သကြားလုံးမမလေးမှာ သူမရဲ့ ဦးနှောက် ပေါက်ကွဲထွက်တော့မည့်နှယ် ခံစားနေရသည်။

သူမနဲ့ သူမရဲ့ အရင်ရည်းစား ချစ်သူသက်တမ်းက တိုတောင်းတယ်ဆိုပေမယ့် သူ့အကြောင်းကို အတိုင်းအတာ တစ်ခုလောက်အထိတော့ နားလည်ထားသည်။

သူက ကမ္ဘာ့ ချန်ပီယံဖြစ်ပြီး မရေမတွက်နိုင်သည့် လူငယ်များ စံနမူနာ တင်ရသူ တစ်ဦး ဖြစ်သည်။

သူ အနားယူပြီးနောက် နာမည်ကြီး ကျောင်းတစ်ခုသို့ ဝင်ရောက်ပြီး လေ့လာသင်ယူမှုများကို ဆက်လက် ပြုလုပ်ခဲ့လေသည်။

ထိုကဲ့သို့ ပုံရိပ်ကြီးမားသူ တစ်ဦးက လောင်းကစား ပြုလုပ်သည်ဆိုသည်မှာ မည်သို့ ဖြစ်နိုင်လိမ့်မည်နည်း။

“ မင်းငါ့ကို ယုံမှာ မဟုတ်ဘူး … ဘာလို့ဆို မင်းရဲ့ အရင်ရည်းစားက သူ့ကိုယ်သူ ပြီးပြည့်စုံတဲ့ အပေါ်ယံ ပုံရိပ်သဏ္ဌာန်ကို ဖန်တီးခဲ့တာကြောင့်ပဲ ….”

“ မင်းက ဘာမှမသိတဲ့ အမှောင်ထဲ ရောက်နေရုံတင်မကဘူး … လူအားလုံး နီးပါးကလည်း သူ တကယ် ဘယ်လိုလူစားမျိုးလဲဆိုတာ ဘယ်သူမှ မသိကြဘူး ….”

“ အရင် အတိတ်တုန်းကတော့ သူရဲ့ ဂယ်ပေါက်တွေကို တစ်ခုခုနဲ့ ဖာထေးရင် ဖာထေးနိုင်မယ် … ဒါပေမယ့် အခုတော့ သူ ကြိုးအဆုံးမှာရောက်နေပြီ … မင်းကို အသုံးချပြီး သူ့ရဲ့ လောင်းကစားကြွေးတွေ ဆပ်ဖို့ပဲ တတ်နိုင်တော့တယ် ….”

ဤစကားလုံးများက တည်ငြိမ်နေသည့် ကန်ရေပြင်ကို လှိုင်းကြပ်ခွပ်တစ်သောင်း ရိုက်ခတ်သွားစေသည့် ကျောက်ခဲတစ်တုံးကဲ့သို့ပင်။

ချန်ယွီ့ ပြောစကားကို နားထောင်ပြီးနောက် အဖြူရောင် သကြားလုံးမမလေးမှာ လုံးလုံးလျားလျား ရှော့ခ်ရနေမိ၏။

“ သူ့အကြွေးတွေ ဆပ်ဖို့ ကျွန်မကို အသုံးချမယ် ဟုတ်လား …. ၂၁ ရာစုခေတ်ကြီးမှာ ဒီလို ရယ်ချင်စရာကောင်းတဲ့ အရာ ဘယ်နားက ရှိနိုင်မှာလဲ …”

“ ပြီးတော့ သူကသူ … ကျွန်မက ကျွန်မပဲလေ … သူ့ လောင်းကစား အကြွေးတွေကို ကျွန်မက ဘာဆိုင်လို့ ဆပ်ပေးရမှာ ….”

အဖြူရောင် သကြားလုံးမမလေးမှာ ရှော့ခ်ရလွန်း၍ စကားပင် ထစ်အထစ်အ ဖြစ်သွားသည်။

သူမရဲ့ နဂို ကျော့ရှင်းသည့် ပုံရိပ်ကို မဆုံးရှုံးသွားခဲ့သော်ငြား အမှန်တရားကို စိုးရိမ်ကြောင့်ကြစွာဖြင့် စောင့်ဆိုင်းနေမိ၏။

သူမ ရုပ်ရှင်လောကတွင် ဆယ်နှစ်ကျော် ကျင်လည်ခဲ့ပြီး မရေမတွက်နိုင်သည့် ဇာတ်ကောင်နေရာများကို ယူခဲ့ဖူးသည်။ ထူးဆန်းသည့် ဇာတ်လမ်းဇာတ်အိမ်များစွာကိုလည်း မြင်တွေ့ခဲ့ဖူး၏။

သို့ပေမယ့်လည်း ယခုလို ကိစ္စရပ်မျိုးနှင့်တော့ တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးချေ။

“ မင်းတို့ရဲ့ အချစ်စိတ်တွေ ပြင်းထန်နေတဲ့ အချိန်တုန်းက ရင်းနှီးတဲ့ အပြုအမူနည်းနည်းပါးပါး ရှိတာပုံမှန်ပါပဲ … “

“ ဒါပေမယ့် အဲ့တာတွေ အကုန်လုံးကို သူ မှတ်တမ်းယူထားတယ် …”

“ သူသာ အဲ့ဒီ အရာတွေကို အကြွေးရှင်တွေဆီ ပေးလိုက်ရင် မင်းဘာဆက်လုပ်မလဲ …”

အဖြူရောင် သကြားလုံးမမလေးမှာ ရှော့ခ်ရသွားခဲ့ပြီး ဒယီးဒယိုင် နောက်ဆုတ်မိသွားခဲ့သည်။

“ သူ … သူ .. တကယ်ပဲ ကျွန်မကို အဲ့လိုလုပ်မှာလား ….”

“ လောင်းကစား သမားတွေက သူတို့ရဲ့ ဆွေမျိုးသားချင်းကိုတောင် ရောင်းစားဖို့ ဝန်လေးကြတဲ့လူတွေ မဟုတ်ဘူး ….” ချန်ယွီ့ တည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြေလိုက်သည်။

“ မင်းရဲ့ အရင်ရည်းစားလို ဝါရင့် လောင်းကစားသမား ဆိုလို့ကတော့ ဘယ်ပြောကောင်းမလဲ …”

“ မင်းငါ့ကို မယုံဘူးဆိုရင် ငါမင်းကို ဆက်နွယ်နေတဲ့ သတင်း Link တစ်ခု ပို့ပေးလိုက်မယ် … အဲ့တာကို ဖတ်ပြီးသွားရင် မင်း နားလည်သွားလိမ့်မယ် ….”

ထိုသို့ ပြောပြီးနောက် ချန်ယွီ့ ကီးဘုတ်ကို တောက်တက်တောက်တက်လုပ်ပြီး သီးသန့် တိုက်ရိုက်စကားပြောခန်းကနေ တစ်ဆင့် အဖြူရောင် သကြားလုံးမမလေးထံ Link ပို့ပေးလိုက်သည်။

All Chapters