အခန်း (၁၅၆၁-၁၅၆၅)
Vol. 81 Ch. 1561-1565
Chapter 1561
ထိုအသံသည် မိုးခြိမ်းသံတမျှကျယ်လောင်ပြီး နားထောင်ရသူများအဖို့ သူတို့၏နားများကိုက်ခဲသွားသည်အထိ ခံစားကြရ၏။
လုယွီက နောက်သို့လှည့်ကြည့်လိုက်ရာ ဆယ်ပေကျော်ခန့်မြင့်မားသောလူဝံဖြူကြီးတစ်ကောင်ကို တွေ့မြင်မိသည်။ထိုလူဝံဖြူကြီး၏လက်နှစ်ဖက်သည် တောင်ထိပ်တနေရာအား ဆုပ်ကိုင်ထားပြီး လုယွီနှင့်တခြားလူများကို စူးစူးဝါးဝါး စိုက်ကြည့်နေပေ၏။
တာဟေးက စိတ်မကျေမနပ် ဖြစ်သွားသည်။
"ဒီတောင်က မင်း ဆောက်ထားတာမလို့လား...ဒီနေရာက ထွက်သွားစမ်း"
"မင်း ဘာပြောတာလဲ"
လူဝံကြီး၏ခေါင်းထိပ်မှနေ၍ ရုတ်တရက် လူထွားကြီးတစ်ယောက် ထွက်ပေါ်လာသည်။
ထိုလူထွားကြီးသည် သားရေဝတ်စုံကိုဝတ်ဆင်ထားပြီး ဝံပုလွေသွားများကိုသီကုံး၍ သူ၏လည်ပင်း၌ဆွဲထားသည်။သူ၏မျက်နှာသည် အလွန်ကြမ်းတမ်းခက်ထန်ပေ၏။
လူထွားကြီးသည် မီးဝင်းဝင်းတောက်နေသောအကြည့်ဖြင့် တာဟေးကိုကြည့်ပြီးနောက် သူ၏အကြည့်က လုယွီထံသို့ ကျရောက်လာသည်။
"ဒီခွေးက မင်းရဲ့သားရဲလား"
"ဘာဖြစ်ချင်လို့လဲ"
လုယွီ၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိချေ။သူက တည်ငြိမ်စွာ ပြောဆိုလိုက်၏။
"စိတ်ဝင်စားစရာပဲ...မင်းက ငါ့ရှေ့ရောက်နေတာတောင် တည်ငြိမ်နေတုန်းပါလား"
လူထွားကြီး၏နှုတ်ခမ်းထောင့်၌ သရော်တော်တော်အပြုံးတစ်ခု ထွက်ပေါ်လာသည်။
"ဆန္ဒမစောကြပါနဲ့...လူတိုင်းပဲ....ဆန္ဒမစောကြပါနဲ့"
ကျိုးယုသည် လုယွီအား အလျှင်အမြန်ဟန့်တားပြီး လူထွားကြီးအား ဦးညွှတ်၍အရိုအသေပြုလိုက်သည်။
"စီနီယာနှင်းဘုရင်...ဒီလူတွေက ခုမှ ဒီနေရာကိုရောက်လာတဲ့လူသစ်တွေမို့ စည်းမျဥ်းတွေကိုနားမလည်သေးတာပါ...ကျေးဇူးပြုပြီး စီနီယာကပဲ သဘောထားကြီးပေးပါ"
လူထွားကြီးက လှောင်ပြောင်ရယ်မောပြီး အော်ဟစ်လေ၏။
"မင်းကိုယ်မင်း ဘာကောင်ထင်နေတာလဲ...ထွက်သွားစမ်း"
ထို့နောက် သူက တာဟေးကိုလက်ညှိုးညွှန်ပြီးနောက် လုယွီအား စူးစိုက်ကြည့်၍ပြောဆိုသည်။
"ငါက ဒီသားရဲနဲ့ပတ်သက်လို့ ဂရုမစိုက်ဘူး...ဒါပေမယ့် မင်းကတော့ ငါ့ရှေ့မှာဒူးထောက်ပြီး ငါ့ရဲ့နှင်းလူဝံကြီးကို သုံးကြိမ်အရိုအသေပြုရမယ်"
ထိုစကားကိုကြားချိန်တွင် တာဟေးသည် မအောင့်အည်းနိုင်တော့ဘဲ သူ၏ဗိုက်ကိုနှိပ်ကာ ရယ်မောလိုက်တော့သည်။
"ယွီလေး...မင်း ဒီကောင်ကို အလောင်းအပြည့်အစုံချန်ထားချင်လား"
လုယွီက ခေါင်းခါယမ်းပြသည်။
"ဒါက အသေးအမွှားကိစ္စလေ...သူ့ရဲ့အသက်ကို ယူစရာမလိုဘူး"
နံဘေးဘက်တွင် မတ်တတ်ရပ်နေသော ကျိုးယုသည် ထိုစကားကိုကြားချိန်တွင် သူ၏စိတ်နှလုံးသား ပြင်းပြင်းထန်ထန် တုန်လှုပ်သွားသည်။
ဤသည်က မည်ကဲ့သို့လူစားမျိုးဖြစ်သနည်း။သူရှေ့မှ လူထွားကြီးသည် အကန့်အသတ်မဲ့နှင်းလွင်ပြင်၏မူအစောင့်အရှောက်ဖြစ်သည့်အပြင် လေလွင့်အင်မော်တယ်နယ်ပယ် ကျင့်ကြံသူလည်းဖြစ်ပေ၏။
အကန့်အသတ်မဲ့နှင်းလွင်ပြင်၏ပတ်ဝန်းကျင်အခြေအနေသည် လွန်စွာဆိုးရွားသည်။မြောက်များစွာသော ကျင့်ကြံသူများသည် အသက်ရှင်သန်ရန်အတွက် အဆက်မပြတ်တိုက်ခိုက်နေရသဖြင့် ကျင့်ကြံသူအများစုသည် ရက်စက်ကြမ်းကြုတ်သော စိတ်နေစိတ်ထားမျိုး ပိုင်ဆိုင်လာကြတော့သည်။
ထိုလူထွားကြီးသည် အကန့်အသတ်မဲ့နှင်းလွင်ပြင်ရှိ ကျင့်ကြံသူပေါင်းများစွာကို ဖိနှိပ်နိုင်ခဲ့သော နှင်းဘုရင်ဖြစ်ပေ၏။
အကယ်၍ ယခုလက်ရှိချိန်တွင် သူတို့သာ လှုပ်ရှားမှုပြုလုပ်လိုက်ပါက နှင်းလူဝံကြီးသည် သူတို့အား အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်ပေမည်။
ထိုအချိန်မှာပင်.....
သင်္ဘောကြီးမှဆင်းသက်လာသူများအနက်မှ မြွေရေခွံကိုယ်ကျပ်အင်္ကျီကို ဝတ်ဆင်ထားသော မိန်းမစိုးတစ်ယောက်က လုယွီတို့အနီးသို့ ရောက်ရှိလာသည်။
"အရှင်နှင်းဘုရင်ကို ဧကရာဇ်က ဖိတ်ကြားလိုက်ပါတယ်"
မိန်းမစိုးသည် လေထုအတွင်း၌ မတ်တတ်ရပ်နေပြီး သူ၏ခန္ဓာကိုယ်နံဘေးရှိလေဟာနယ်သည် ကျစ်လျစ်သိပ်သည်းနေပေ၏။ထိုမိန်းမစိုးသည်လည်း အစွမ်းထက်သော လေလွင့်အင်မော်တယ်တစ်ယောက်ဖြစ်နေသည်။
နှင်းဘုရင်၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။သူသည် တောင်ထိပ်ပေါ်ရှိ အဝါရောင်ဝတ်စုံဝတ်ဆင်ထားသော လူလတ်ပိုင်းကြီးကိုကြည့်ပြီး သဘောတူလက်ခံကာ ထွက်ခွာသွားတော့သည်။
ဟူး...
ကျိုးယုက စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
"အဆင်ပြေသွားပြီ....ငါ သေလုမတက် ကြောက်သွားခဲ့တာ...တာအိုမိတ်ဆွေ...ဒီနေရာမှာ အစွမ်းထက်ကျင့်ကြံသူတွေ အများကြီးရှိနေတယ်...မင်းတို့ရဲ့စကားတွေကို ဆင်ဆင်ခြင်ခြင် ပြောသင့်တယ်"
"ဒါက အဆင်ပြေပါတယ်"
လုယွီ၏မျက်နှာအမူအယာက တည်ငြိမ်နေဆဲပင်။
ကျိုးယု၏စိတ်နှလုံးသားအတွင်း၌ ကြေကွဲဝမ်းနည်းမှုများဖြင့် ပြည့်နှက်သွားပေ၏။သူရှေ့မှ လူငယ်သည် အလွန်အမင်း တည်ငြိမ်နေသည်။ဖြစ်နိုင်သည်က ထိုလူငယ်သည် ထိပ်သီးအင်အားစုတစ်ခုမှ လူငယ်မျိုးဆက်သစ်များ ဖြစ်နေသလော။
ကျိုးယုသည် စိတ်အတွင်းမှ မှန်းဆနေသော်လည်း သူက လုယွီအား ဆက်လက်၍ ရှင်းပြလိုက်သည်။
"တာအိုမိတ်ဆွေ....ဟိုနေရာက ခုနစ်ထပ်အဆောက်အဦးကို မင်းမြင်တယ်မလား...အဲ့ဒါက ကွန်ဖြူးရှပ်သူတော်စင်တစ်ယောက်ရဲ့ ရှေးဟောင်းခန်းမဆောင်ပဲ...ဒါက သူတော်စင်တစ်ပါးကနေ လက်ဆင့်ကမ်းလာတဲ့ ရတနာလို့လည်း ဆိုကြတယ်...အဲ့ဒီခန်းမဆောင်ထဲမှာ စာအုပ်တွေအများကြီးရှိပြီးတော့...ခန်းမကြီးက လူ ထောင်သောင်းချီ တပြိုင်တည်းဝင်နေနိုင်တဲ့အထိ ကြီးမားတယ်"
ကျိုးယုသည် အရှေ့ဘက်ရှိတောင်စောင်းတစ်ခုပေါ်မှ ရွှေရောင်များဖြာထွက်နေသော မြင့်မားသည့်အဆောက်အအုံကြီးတစ်ခုကို လက်ညှိုးညွှန်လိုက်၏။
ထိုအဆောက်အအုံကြီး၏နံဘေးပတ်လည်တွင် ရွက်ဖျင်တဲ အမြောက်အများရှိနေသည်။
မြောက်များစွာသောကျင့်ကြံသူများသည် သူတော်စင်မိသားစုမှ ယန်ရှန်းကုံး၏ဖိတ်ကြားချက်ကို မရရှိသော်လည်း သူ၏နောက်သို့လိုက်ပါရန် လိုလားနေကြ၏။မည်သို့ပင်ဆိုစေကာမူ ဤသည်က ရှေးဟောင်းသူတော်စင်မိသားစုဖြစ်သည်။အကယ်၍ သူတော်စင်မိသားစုမှတစ်စုံတစ်ယောက်ဖြင့်သာ မိတ်ဆွေဖွဲ့နိုင်ပါက သူ့တို့အတွက် များစွာအကျိုးကျေးဇူးရရှိနိုင်သည်။
"အမ်...."
လုယွီသည် ထိုအဆောက်အအုံကြီး၏နံဘေး၌ သူ ရင်းနှီးကျွမ်းဝင်သူနှစ်ယောက် မတ်တတ်ရပ်နေသည်ကို သတိပြုမိသွား၏။
သူတို့နှစ်ယောက်သည် မောင်နှမဖြစ်ပြီး အသက်ငယ်ရွယ်သေးကာ ကွန်ဖြူးရှပ်တာအိုဝတ်စုံကိုဝတ်ဆင်ထားပြီး ကွန်ဖြူးရှပ်ကျောင်းတော်သားများအကြား၌ မတ်တတ်ရပ်နေသည်။
လုယွီသည် ထိုမောင်နှမနှစ်ယောက်အား သတိရနေခဲ့မိသည်။သူတို့သည် လုယွီ၏တပည့်များဖြစ်သော ပိုင်မောင်နှမနှစ်ယောက်ပင်။
Chapter 1562
လုယွီသည် ပိုင်မောင်နှမနှစ်ယောက်နှင့် ကွဲကွာသွားခဲ့စဥ် အချိန်မှစ၍ သူတို့နှစ်ယောက်အား လိုက်လံရှာဖွေခြင်းမပြုခဲ့ချေ။
လူတိုင်းတွင် ကိုယ်ပိုင်ကံကြမ္မာများရှိသဖြင့် လုယွီက များစွာစွက်ဖက်ရန် ရည်ရွယ်ချက်မရှိချေ။
ပိုင်ယီဖန်းနှင့်ပိုင်ချောင်းချောင်းတို့သည် ကွန်ဖြူးရှပ်တာအိုဝတ်စုံများကို ဝတ်ဆင်ထားသဖြင့် သူတို့နှစ်ယောက်သည် ကွန်ဖြူးရှပ်တာအိုဂိုဏ်းတစ်ဂိုဏ်းအတွင်းသို့ ဝင်ရောက်လိုက်သည်မှာ သိသာထင်ရှားလှ၏။
ကျိုးယုသည် ပတ်ဝန်းကျင်နေရာတဝိုက်အား ဝေ့ဝိုက်ကြည့်ပြီးနောက် ပြောဆိုသည်။
"တာအိုမိတ်ဆွေ...သူတို့က တောင်ပိုင်းနယ်မြေကလူတွေပဲ...အရင်နှစ်အနည်းငယ်လောက်တုန်းက တောင်ပိုင်းနယ်မြေမှာရှိတဲ့ ရွှမ်ကျိုးကျောင်းတော်က ကျောင်းအုပ်ကြီးရဲ့သမီးကို သူတော်စင်တစ်ယောက်က တပည့်အဖြစ်လက်ခံလိုက်တယ်လို့ ငါ ကြားထားတယ်...ပြီးတော့ မုန့်ရွှမ်ကျိုးက တောင်ပိုင်းနယ်မြေရဲ့မူအစောင့်အရှောက်ဖြစ်လာခဲ့တယ်...သူက အခုဆိုရင် သူတော်စင်မိသားစုရဲ့သခင်လေးယန်နဲ့တောင် ခြေရာခြင်းတိုင်းနိုင်နေပြီ"
လုယွီက ခေါင်းညိတ်ပြလိုက်သည်။ဤသို့ဆိုပါက ပိုင်မောင်နှမနှစ်ယောက်သည် ရွှမ်ကျိုးကျောင်းတော်သို့ ဝင်ရောက်သွားခြင်းဖြစ်ပေမည်။
တစ်ခြားတစ်ဖက်၌...
"မမ...ငါ ခုဏက လူတစ်ယောက်ကို မြင်လိုက်တယ်...သူက ဆရာနဲ့တူသလိုပဲ"
ပိုင်ယီဖန်းက တီးတိုးပြောဆိုသည်။
ပိုင်ချောင်းချောင်းသည် ပိုင်ယီဖန်းညွှန်ပြရာဘက်သို့ကြည့်ပြီး သူမ၏မျက်နှာပေါ်၌ ပျော်ရွှင်မှုအရိပ်အယောင်များ ထင်ဟပ်သွားသည်။
"ဒါက တကယ့်ကို ဆရာပဲ"
သူတို့နှစ်ယောက်သည် လုယွီအား သွားတွေ့ရန်ပြင်ဆင်လိုက်သည်။သို့သော် ထိုအချိန်မှာပင် ရွှမ်ကျိုးကျောင်းတော်လူစုအတွင်းမှနေ၍ မိန်းကလေးတစ်ယောက်ထွက်လာပြီး အေးစက်တင်းမာသောအမူအယာနှင့် ပြောဆိုလေ၏။
"ပိုင်ယီဖန်း...ပိုင်ချောင်းချောင်း...မင်းတို့နှစ်ယောက် ငါနဲ့အတူလိုက်ပြီး ယန်ရှန်းကုံးကို အရိုအသေပြုရမယ်"
"ဟုတ်ကဲ့ပါ စီနီယာအမ"
သူတို့နှစ်ယောက်သည် ခေါင်းငုံပြီး အမိန့်ကိုနာခံလိုက်ကြတော့သည်။
……
လုယွီက တောင်ပိုင်းနယ်မြေအား စိတ်ဝင်တစားနေသည်ကိုမြင်သော ကျိုးယုသည် တောင်ပိုင်းနယ်မြေနှင့်ပတ်သက်သမျှ အကြောင်းအရာများအား စတင်ပြောဆိုလေသည်။
တခြားနယ်မြေများနှင့်မတူညီဘဲ တောင်ပိုင်းနယ်မြေကို ကွန်ဖြူးရှပ်တာအိုဂိုဏ်းများက ထိန်းချုပ်ထားပြီး နေရာအနှံ့အပြား၌ ကျောင်းတော်များ တည်ထောင်ထားပေ၏။
ထိုကွန်ဖြူးရှပ်တာအိုကျောင်းများသည် မြောက်များစွာသော သေမျိုးနိုင်ငံများကို အုပ်ချုပ်ရသည်။ထိုနိုင်ငံများအတွင်း၌ ကွန်ဖြူးရှပ်တာအိုကို အဆင့်မြှင့်တင်ပြီး ကွန်ဖြူးရှပ်သူတော်စင်ကို ယဇ်ပူဇော်ခြင်းဖြင့် သူတို့ ကျင့်ကြံနိုင်ရန် စာပေစွမ်းအားများ ပို၍ရရှိနိုင်သည်။
ရွှမ်ကျိုးကျောင်းတော်သည် ထိုကျောင်းတော်များအနက်မှ အားအကောင်းဆုံးတစ်ခုဖြစ်သည်။
"ပြန်တွေးကြည့်ရင် ငါက ရွှမ်ကျိုးကျောင်းတော်ရဲ့ဝင်ခွင့်စာမေးပွဲကို အောင်မြင်ခဲ့ဖူးတယ်...ဒါပေမယ့် အကြောင်းကိစ္စတချို့ကြောင့် ငါ ကျောင်းတော်ကို မတက်နိုင်ခဲ့ဘူး...ဒါကြောင့် ငါက ပုံရိပ်ယောင်ပင်လယ်ဂိုဏ်းကိုပဲ ဝင်ရောက်ခဲ့ရတယ်...."
ကျိုးယုက စိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။
ထိုအချိန်မှာပင် တောင်၏တစ်ဖက်ခြမ်းမှနေ၍ အနက်ရောင်အခိုးအငွေ့များ စတင်ပျံ့နှံ့လာသည်။
ရှဲ....ရှဲ...
ထိုအနက်ရောင်အခိုးအငွေ့များဖြင့် ထိတွေ့မိသမျှအရာအားလုံး ညှိုးနွမ်းသွားပြီး တောင်ပေါ်ရှိ တချို့သစ်ပင်များပင် ညှိုးနွမ်းခြောက်သွေ့သွားသည်။
"မြန်မြန်....ပြေးကြတော့...."
ကျင့်ကြံသူများသည် ထိုမြင်ကွင်းကိုမြင်သည်နှင့် သူတို့၏မှော်ရတနာများကိုထုတ်ယူကာ အလျှင်အမြန် ထွက်ပြေးကြတော့သည်။
သစ်တောအတွင်း၌ အနက်ရောင်အခိုးအငွေ့များ ပျံ့နှံ့လာသည်ကိုမြင်သော ကျင့်ကြံသူများအားလုံး နေရာမှအလျင်စလို ထွက်ခွါသွားပေ၏။
ညှိုးနွမ်းခြောက်သွေ့သွားသောခြုံပုတ်များကြားမှနေ၍ လူတစ်ယောက်ထွက်လာပြီး ကြောက်တက်တက်အမူအယာဖြင့် နေရာမှာပင် မတ်တတ်ရပ်နေသည်။
ထိုသူသည် သေမျိုးတစ်ယောက်ဖြစ်ပြီး သူ၏လက်အတွင်း၌ သမင်သေတစ်ကောင်ကို ဆုပ်ကိုင်ထားသည်။သူ့ကိုကြည့်ရသည်မှာ ဤနေရာသို့အမဲလိုက်ရင်းရောက်လာသော မုဆိုးတစ်ယောက် ဖြစ်ပုံရသည်။
ကျင့်ကြံသူများအတွက် ထွက်ပြေးရန်မှာလွယ်ကူသော်လည်း သေမျိုးလူသားတစ်ယောက်အတွက် အနက်ရောင်အခိုးအငွေ့များအောက်မှ လွတ်မြောက်နိုင်မည့်လမ်းမရှိချေ။
"ဒါက စုန်းမှော်မန္တန်ပဲ...အရှေ့တောင်တန်းနယ်မြေက စုန်းတွေ ရောက်လာတာပဲဖြစ်မယ်"
ကျိုးယုက အံ့အားတသင့် ရေရွတ်လိုက်သည်။
"အဲ့ဒီလူတွေရဲ့ကျင့်ကြံနည်းစနစ်က အရမ်းကိုရက်စက်ကြမ်းကြုတ်တယ်...သူတို့ရဲ့စရိုက်လက္ခဏာတွေကလည်း ရက်စက်ကြမ်းကြုတ်ပြီးတော့ သနားဂရုဏာကင်းမဲ့တယ်...သူတို့ မုန်းတီးတဲ့လူကိုလည်း ရက်ရက်စက်စက် လက်စားချေတက်တယ်...တာအိုမိတ်ဆွေ မင်း အဲ့ဒီစုန်းတွေနဲ့ အဆက်အဆံမလုပ်နဲ့...အဲ့ဒီလူစုနဲ့ မိတ်ဆွေပဲဖြစ်ဖြစ် ရန်သူပဲဖြစ်ဖြစ် ပတ်သက်လို့ကောင်းတဲ့ လူစားမျိုးတွေမဟုတ်ဘူး......"
ကျိုးယုသည် စကားမဆုံးမီမှာပင် ရုတ်တရက် လုယွီ၏အေးစက်စက် အော်ငေါက်သံကို ကြားလိုက်ရ၏။
"အောင်းကွမ်း ...အဲ့ဒီသေမျိုးကို ကယ်လိုက်စမ်း"
အောင်းကွမ်းက ခြေတစ်လှမ်းရှေ့တက်ပြီး ချက်ချင်းပင် သေမျိုးလူသားအား ကယ်တင်လိုက်သည်။
"အင်မော်တယ်ကြီးရဲ့ အသက်ကယ်တင်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်"
မုဆိုးက အလျှင်စလို ဦးညွှတ်၍ သူ၏ကျေးဇူးတင်မှုကို ပြသလေသည်။
ကျိုးယုသည် ပြိုလဲကျလုနီးပါး ခံစားနေရ၏။
သူ့ရှေ့မှလူငယ်သည် မည်ကဲ့သို့ လူစားမျိုးဖြစ်သနည်း။ထိုလူငယ်သည် ရှေးဥိးစွာ နှင်းဘုရင်အား ရန်စခဲ့ပြီး ယခု စုန်းမျိုးနွယ်များ ရန်စနေပြန်သည်။သူသည် သေလမ်းရှာနေခြင်းများ ဖြစ်နေသလော။
"ဟမ်..."
အနက်ရောင်မြူခိုးများကြားမှနေ၍ အံ့အားတသင့်ရေရွတ်သံတစ်သံ ထွက်ပေါ်လာပေ၏။
ထို့နောက် အနက်ရောင်ဝတ်ရုံရှည်များကိုဝတ်ဆင်ထားသော အရိုးခြောက်တစ်စုသည် အနက်ရောင်မြူခိုးများကြားမှထွက်လာပြီး သူတို့၏လက်များအတွင်း၌ တောင်ဝှေးများကို ကိုင်ဆောင်ထားသည်။တစ်စုံတစ်ယောက်သည် တစ်ချက်ကြည့်မိရုံဖြင့်ပင် ထိုလူစုအား ရန်စစော်ကားရန် လွယ်ကူမည်မဟုတ်ကြောင်း ပြောနိုင်ပေ၏။
"ဒါက နည်းနည်းတော့စိတ်ဝင်စားစရာပဲ....ဒီအဖိုးကြီးရဲ့ရှေ့မှာ လူကယ်ဝံ့တဲ့သူမျိုး ရှိနေသေးပါလား"
စုန်းများအနက်မှတစ်ယောက်က အသံသြသြဖြင့် ရယ်မောပြီး ပြောဆိုသည်။
Chapter 1563
ထိုအရိုးစုများ၏နောက်တွင် ပိန်လှီလှီအဖိုးအိုတချို့ ရှိနေပေ၏။အဖိုးအိုများကိုကြည့်ရသည်မှာ အလွန်အမင်းအားနည်းပုံရသော်လည်း သူတို့၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော တုန်လှုပ်ချောက်ချားဖွယ် အရှိန်အဝါများကြောင့် သူတို့အား တစ်ချက်ကြည့်မိရုံဖြင့်ပင် လူအများအား အသက်ရှုကြပ်သကဲ့သို့ ခံစားရစေသည်။
လုယွီ၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိသော်လည်း ကျိုးယုကမူ ကြောက်ရွံမှုကြောင့် တုန်ရီနေပေ၏။
နှင်းဘုရင်အား အကျိုးသင့်အကြောင်းသင့် ရှင်းပြလျှင် ရနိုင်သော်လည်း ထိုစီနီယာမှော်ဆရာများသည် မည်သည့်အခါမျှ ကျိုးကြောင်းဆီလျော်မှုရှိသူများမဟုတ်ချေ။
"စီနီယာ မှော်ဆရာကြီး....ဒါတွေအားလုံးက နားလည်မှုလွဲမှားသွားတာပါ"
ကျိုးယုက အားတင်းကာ ဖျစ်ညှစ်ပြုံး၍ ပြောဆိုသည်။
မြောက်များစွာသောမျက်လုံးအကြည့်များသည် လုယွီထံသို့ စူးစိုက်၍ကျရောက်လာသည်။သူတို့က လုယွီသည် လူငယ်တစ်ယောက်ဖြစ်နေသည်ကို မြင်တွေ့ချိန်တွင် သက်ပြင်းချလိုက်ကြ၏။
"ဒါကိုကြည့်ရင်...အဲ့ဒီကောင်လေးက ဂိုဏ်းတစ်ဂိုဏ်းကနေ ခုမှ ဒီနေရာကိုရောက်လာတဲ့ လူသစ်လေးပဲဖြစ်မယ်"
"သနားဖို့ကောင်းလိုက်တာ...တကယ်လို့ သူက တခြားသူနဲ့ရင်ဆိုင်ရရင်တောင် သက်တောင့်သက်သာ အသက်ထွက်နိုင်အုံးမယ်....ဒီမှော်ဆရာတွေရဲ့လက်ထဲရောက်သွားရင်တော့ သူ ဘယ်လိုနည်းနဲ့သေရမယ်ဆိုတာတောင် ရွေးချယ်ခွင့်ရှိမှာမဟုတ်ဘူး"
"သေမျိုးတစ်ယောက်ကိုများကွာ...သူ့ဟာသူ ဘာဖြစ်ဖြစ်ပေါ့....ဒီကောင်လေးက သွားတောင်ကယ်လိုက်သေးတယ်...ဘယ်လို အရူးကောင်မျိုးပါလိမ့်"
ပတ်ဝန်းကျင်ရှိလူများသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေပြီး လုယွီ မည်ကဲ့သို့သေဆုံးသွားရမည်ကို စောင့်ကြည့်နေကြ၏။
ထိုအချိန်မှာပင်...
ဤနေရာနှင့် မလှမ်းမကမ်းအကွာအဝေးရှိ သူတော်စင်၏ မြင့်မားသောရှေးဟောင်းအဆောက်အအုံကြီးမှနေ၍ ကျယ်လောင်သောမြည်ဟီးသံတစ်သံ ထွက်ပေါ်လာသည်။
ထိုအဆောက်အအုံ၏ထိပ်ဆုံးထပ်မှနေ၍ ဝေါယာဥ်တစ်စီး ဆင်းသက်လာသည်။ဝေါယာဥ်၏ဘေးတစ်ဖက်တစ်ချက်တွင်လည်း အစွမ်းထက်ကျင့်ကြံသူများက ခြံရံထားပေ၏။
"စီနီယာမှော်ဆရာကျူး...ခင်ဗျားရဲ့အကူအညီနဲ့ဆိုရင် ကျုပ် ကောင်းကင်ဘုံလမ်းကြောင်းမှာ အနိုင်ရဖို့အခွင့်အရေး ပိုများသွားပြီ"
ဝေါယာဥ်သည် လေထုအတွင်း၌ မျောလွင့်နေသည်။လေအေးတစ်ချက် ဝှေ့ခနဲတိုက်ခတ်သွားခြင်းနှင့်အတူ ဝေါယာဥ်၏လိုက်ကာ မြောက်တက်သွားရာ ယန်ရှန်းကုံး၏ပုံရိပ် ပေါ်ထွက်လာပေ၏။
စီနီယာမှော်ဆရာကျုးက ထူးဆန်းသောအပြုံးနှင့် ပြောဆိုသည်။
"သခင်လေးယန်နဲ့ပူးပေါင်းခွင့်ရတာက ငါ့အတွက် ဂုဏ်ယူစရာပါပဲ"
သူ စကားပြောသည်မှာ အလွန်ယဥ်ကျေးသိမ်မွေ့သော်လည်း သူ၏အရိုးပေါ်အရေတင်မျက်နှာပေါ်မှအပြုံးသည် အလွန်အမင်းနတ်ဆိုးဆန်နေသကဲ့သို့ လူအများအား ခံစားရစေသည်။
ယန်ရှန်းကုံးသည် စိတ်လှုပ်ရှားနေပြီး သူက အပြုံးနှင့်ပြောဆိုသည်။
"လုဝူယာ...မင်းက ဒီလိုအစွမ်းထက်တဲ့နောက်လိုက်မျိုးကို ငါ့အတွက်ရှာပေးခဲ့တယ်...ငါ ကောင်းကင်ဘုံနယ်မြေကို တက်လှမ်းနိုင်တဲ့အခါကျရင် မင်းကို သူတော်စင်တစ်ယောက်နဲ့မိတ်ဆက်ပေးမယ်"
"ဒါက ကျွန်တော် လုပ်သင့်တဲ့ကိစ္စပါ"
လုဝူယာသည် နံဘေး၌မတ်တတ်ရပ်နေသော်လည်း ရုတ်တရက် သူ၏မျက်လုံးအကြည့်က လုယွီထံသို့ ကျရောက်သွားသည်။
လုယွီကိုမြင်လိုက်သော လုဝူယာသည် အချိန်တခဏကြာကြက်သေသေသွားပြီးနောက် သူ၏မျက်နှာထက်၌ သရော်တော်တော်အပြုံးတစ်ခု ထွက်ပေါ်လာပေ၏။
"တချို့လူတွေက ကိုယ့်ရဲ့အကန့်အသတ်ကို ကိုယ်မသိကြဘူးပဲ...ပြန်တွေးကြည့်ရင် ငါ မင်းကို ခွဲတမ်းနေရာပေးခဲ့တုံးက မင်းပဲမလိုချင်ဘူးဆို...ဘာလဲ...အခုမှ မင်းက မျက်နှာလာပြပြီး နေရာလိုချင်တာလား"
ယန်ရှန်းကုံးက လုယွီကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
"ဒါက မင်းလား...."
အမ်.....
ပတ်ဝန်းကျင်မှ စောင့်ကြည့်နေသူများအားလုံး အံ့အားသင့် တုန်လှုပ်သွားပေ၏။
ထိုလူငယ်သည် သာမာန်မဟုတ်သော ထူးခြားမှုတစ်စုံတစ်ခုရှိ၍သာ ယန်ရှန်းကုံးက သူ့အား မှတ်မိနေခြင်းဖြစ်ပေမည်။
"ဒီကောင်လေးက ယန်ရှန်းကုံးရဲ့မိတ်ဆွေလား...ဒီလိုဆိုတော့လည်း ငါ သူ့အသက်ကို ချမ်းသာပေးလိုက်မယ်"
"သူ လား...သူက အရမ်းရက်စက်ကြမ်းကြုတ်တယ်...ကျုပ်က သူလိုလူစားမျိုးနဲ့ မိတ်ဆွေမဟုတ်ဘူး..နဂါးအင်ပါယာရဲ့ဧကရာဇ်မင်းလုံဝူကျီးကို အဲ့ဒီကောင်လေး သတ်လိုက်တာပဲ ..သူက လူသတ်သမားတစ်ယောက်...တကယ်လို့ စီနီယာမှော်ဆရာကျူးက သူ့ကို တစ်ခုခုလုပ်ချင်တယ်ဆိုရင် ကျုပ်က ဟန့်တားမှာမဟုတ်ဘူး"
လုယွီက မထိန်းချုပ်နိုင်တော့ဘဲ ရယ်မောလိုက်တော့သည်။ယန်ရှန်းကုံးသည် အမှန်တကယ်ကိုပင် အထင်ကြီးဖွယ်ကောင်းပေ၏။လုယွီသည် အကြိမ်ထောင်ပေါင်းများစွာသေသင့်သော လုံဝူကျီးအား သတ်ဖြတ်ခဲ့သည်ကို လူသတ်သမားဟု သတ်မှတ်ခံရသည်။အပြစ်မဲ့သောသေမျိုးများကိုပင် သတ်ဖြတ်နေသော မှော်ဆရာများကိုမူ ယန်ရှန်းကုံးက မိတ်ဆွေဖွဲ့ထားပေ၏။
လုယွီသည် ဤကိစ္စများကို ဂရုစိုက်ခြင်းမရှိချေ။အကယ်၍ ယန်ရှန်းကုံးနှင့်စီနီယာမှော်ဆရာကျုးတို့ တပြိုင်နက်တည်း သူ့အား တိုက်ခိုက်လာလျှင်ပင် သူ ပြန်လည်တိုက်ခိုက်နိုင်သည်။
စီနီယာမှော်ဆရာကျူးက လုယွီအား ကြည့်လိုက်သည်။
"မင်းက လုံဝူကျီးကို သတ်ခဲ့တဲ့သူဖြစ်နေမယ်လို့ ငါ ထင်မထားမိဘူး...ဖြစ်နိုင်တာတော့ မင်းရဲ့မိသားစုထဲမှာ အစွမ်းထက်ကျင့်ကြံသူတွေ ရှိနေတာပဲဖြစ်မယ်...ဘယ်လိုပဲဖြစ်ဖြစ် ကောင်းကင်ဘုံလမ်းကြောင်းက ပွင့်တော့မှာဆိုတော့ ငါ့ရဲ့စွမ်းအားတွေကို မင်းအပေါ်မှာ မဖြုန်းတီးချင်ဘူး...ကောင်လေး...ဒီနေရာက ထွက်သွားစမ်း"
လုဝူယာက အထင်အမြင်သေးသောလေသံဖြင့် ပြောဆိုသည်။
"ဒီနေရာကိုရောက်နေတဲ့လူတွေက နယ်မြေအသီးသီးက မူအစောင့်အရှောက်တွေပဲ....မင်းမှာ ရွှေစည်းတံဆိပ်မရှိဘဲ ဘာလုပ်နိုင်မှာမလို့လဲ...ဒီနေရာက ထွက်သွားစမ်းပါ...မျက်စိနောက်အောင် လာလုပ်မနေစမ်းနဲ့"
Chapter 1564
လုယွီ၏အကြောင်း ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများအားလုံး ကူကယ်ရာမဲ့စွာဖြင့် လေအေးတစ်ချက်ရှိုက်သွင်းလိုက်ကြသည်။
လုံဝူကျီး၏ လိုက်လံသတ်ဖြတ်ခြင်းခံရပြီး နောက်ဆုတ်ရန်ဖိအားပေးနိုင်ချိန်မှစ၍ လုယွီ၏ဂုဏ်သတင်းသည် အလယ်ပိုင်းကုန်းမြေအနှံ့ ပျံ့နှံ့သွားခဲ့သည်။
အထူးသဖြင့် လုယွီသည် ယခင်က လျှို့ဝှက်နဂါးစာရင်း၏ထိပ်ဆုံးမှ ပါရမီရှင်ဖြစ်ပြီး သူ ပြန်ရောက်လာချိန်တွင် ပြိုင်ဘက်ကင်းလုနီးပါးဖြစ်ပြီး လေလွင့်ကျင့်ကြံသူတစ်ယောက်ပင် သူ၏ပြိုင်ဘက်မဖြစ်နိုင်ချေ။
ဤကဲ့သို့ ကျင့်ကြံမှုအရှိန်နှုန်းသည် မြောက်များစွာသောလူတို့အား အလွန်အံ့အားသင့်သွားစေသည်။
"ဒီလိုပြိုင်ဘက်ကင်းပါရမီရှင်မျိုးက သမိုင်းတလျှောက်မှာ ထင်ရှားကျော်ကြားသူလို့ ယူဆလို့ရတယ်...ကံဆိုးချင်တော့ သူက သူတော်စင်ယန်ကို ရန်စစော်ကားခဲ့တယ်...ဟူး"
"မူအစောင့်အရှောက်အရှင်တစ်ယောက်ရဲ့ ထောက်ပံမှုမရှိဘဲနဲ့ သူက ကောင်းကင်ဘုံလမ်းကြောင်းကိုဝင်ဖို့ အရည်အချင်းပြည့်မီမှာမဟုတ်ဘူး....ကောလဟာလတွေအရ ဒါက ကောင်းကင်ဘုံနယ်မြေကိုတက်လှမ်းနိုင်မယ့် နောက်ဆုံးအခွင့်အရေးလို့ ငါ ကြားထားတယ်...အနာဂတ်မှာ သူ့အတွက် အခွင့်အရေးမရှိတော့မှာကို ငါ စိုးရိမ်မိတယ်"
"အနာဂတ်မှာ သူက ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို ကျော်ဖြတ်ပြီးမှဘဲ တက်လှမ်းနိုင်တော့မယ်....ဒါပေမယ့် ကောင်းကင်ဘုံမိုးကြိုးကပ်ဘေးဆိုတာ အလွယ်တကူ ကျော်ဖြတ်လို့ရတဲ့အရာမျိုးမဟုတ်ဘူး"
ဘေးပတ်ဝန်းကျင်ရှိ လူအားလုံးနီးပါး ပြောဆိုဆွေးနွေးနေကြသော်လည်း မည်သူကမျှ လုယွီအပေါ် အမြင်ကောင်းမရှိချေ။
အကယ်၍ လုယွီ တိုက်ခိုက်နိုင်လျှင်ပင် သူ မည်သည့်အရာအား ပြုလုပ်နိုင်မည်နည်း။နောက်ဆုံး၌ သူ တက်လှမ်းရန် မဖြစ်နိုင်ပေရာ အရှုံးသမားဘဝဖြင့်သာ နေရပေမည်။
အဝေးတနေရာမှ ပိုင်ယီဖန်းကလည်း လုယွီကို တွေ့မြင်လိုက်မိ၏။
လုယွီသည် တခြားသူများ၏ ဝိုင်းဝန်းပြက်ရယ်ပြုခြင်းခံနေရသည်ကို ကြည့်ပြီး ပိုင်ယီဖန်းက အလွန်ဒေါသထွက်သွားသည်။
"ငါ အဲ့ဒီနေရာကိုသွားပြီး ဆရာ့အတွက် ငါ့နေရာကို ပေးလိုက်ရမလား"
သူတို့မောင်နှမသည် ကျင့်ကြံရာတွင် အာရုံစူးစိုက်ခဲ့သော ပါရမီရှင်များဖြစ်ခြင်းကြောင့် ဤတစ်ကြိမ် ကောင်းကင်ဘုံလမ်းကြောင်းအတွက် ခွဲတမ်းနေရာကို ရရှိခဲ့သည်။
ပိုင်ချောင်းချောင်းက သူမ၏မောင်အား နောက်သို့ပြန်ဆွဲထားလိုက်သည်။
"တကယ်လို့ နင် အဲ့ဒီနေရာကိုသွားမယ်ဆိုရင် ဆရာ့အတွက်အကူအညီမဖြစ်တဲ့အပြင် မင်းက အနှောက်အယှက်တောင် ဖြစ်သွားနိုင်တယ်"
သူမ၏မျက်လုံးအတွင်း၌ အလင်းရောင်တချို့ ဖြတ်ပြေးသွားပေ၏။
"ရွှမ်ကျိုးကျောင်းတော်နဲ့ယန်ရှန်းကုံးတို့က ဆရာနဲ့ ပြဿနာဖြစ်နေကြတယ်...တကယ်လို့ ငါတို့က ဆရာရဲ့တပည့်တွေဖြစ်တယ်ဆိုတာကိုသာ ဖော်ထုတ်လိုက်ရင် ငါတို့ကို အဲ့ဒီလူတစ်စုလုံး တိုက်ခိုက်လာနိုင်တယ်....အဲ့ဒါဆိုရင် ဆရာက ငါတို့ကိုကာကွယ်ဖို့အတွက် သူ့ရဲ့စွမ်းအားတွေကို ခွဲခြမ်းပြီး အသုံးပြုရမယ်...စိတ်အေးအေးထား...ဆရာက မသေချာတဲ့အလုပ်မျိုးကို လုပ်မှာမဟုတ်ဘူး...သူ ဒီနေရာကို ရောက်လာမှတော့ သူ့မှာယုံကြည်ချက်ရှိလို့ပဲ"
ထိုစကားကိုပြောဆိုလိုက်သော်လည်း ပိုင်ချောင်းချောင်း၏မျက်လုံးအတွင်း၌ စိုးရိမ်ပူပန်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
ယခုလက်ရှိနေရာ၌ရှိနေသူများသည် ကျင့်ကြံခြင်းလမ်းကြောင်း၌ နာမည်ကျော်ကြားသော ထိပ်သီးကျင့်ကြံသူများဖြစ်သည်။အကယ်၍ သူတို့ကသာ လုယွီကို အခက်အခဲဖြစ်စေပါက သူသည် ပါရမီရှင်တစ်ယောက်ဖြစ်နေလျှင်ပင် လွတ်မြောက်နိုင်မည်မဟုတ်ချေ။
လုယွီက ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ပြီး ပြောဆိုသည်။
"ငါက ကောင်းကင်ဘုံလမ်းကြောင်းအတွက် ယှဥ်ပြိုင်ဖို့ ဒီနေရာကိုလာခဲ့တာပဲ"
ကောင်းကင်ဘုံလမ်းကြောင်းအတွက် ယှဥ်ပြိုင်ရန်ဟု ဆိုသလော။
"ရယ်စရာမပြောစမ်းနဲ့...မင်းက အားကောင်းတယ်ဆိုတာတော့ ငါ ဝန်ခံပါတယ်...ဒါပေမယ့် ခွဲတမ်းနေရာမရှိဘဲနဲ့ မင်း ကောင်းကင်ဘုံလမ်းကြောင်းအတွက် ဘယ်လိုယှဥ်ပြိုင်မှာလဲ"
ဤနေရာနှင့် မလှမ်းမကမ်းအကွာအဝေးရှိ တောင်တစ်လုံးပေါ်တွင် တောက်ပနေသော ကျန်းတစ်သောင်းခန့်ရှိသည့် အလင်းတန်းကြီးသည် ပျက်ပြယ်သွားခြင်း မရှိသေးချေ။
ဤအချိန်အတောအတွင်းတွင် တချို့လူများသည် သူတို့၏စွမ်းအားကုန်အသုံးပြု၍ အလင်းရောင်တန်းအတွင်းသို့ ဝင်ရောက်သွားကြသော်လည်း ချွင်းချက်မရှိ ပြာအဖြစ်ပြောင်းလဲသွားရသည်။
မူအစောင့်အရှောက်၏ရွှေစည်းတံဆိပ်မရှိဘဲ အလင်းတန်းအတွင်းသို့ ဝင်ရောက်နိုင်မည်မဟုတ်ချေ။
လုယွီက ခေါင်းခါပြလိုက်သည်။
"အလယ်ပိုင်းကုန်းမြေတစ်ခုတည်းမှာပဲ ရွှေစည်းတံဆိပ်ရှိနေတာ မဟုတ်ဘူး"
လုဝူယာ ဆွံအသွားပေ၏။ဖြစ်နိုင်သည်မှာ လုယွီအား ခေါ်ဆောင်သွားမည့် မူအစောင့်အရှောက်အရှင်ရှိနေသလော။
ယခင်က လုယွီ၏ခွန်အားအကြောင်း အမှတ်ရသွားချိန်တွင် လုဝူယာ၏မျက်နှာ သုန်မှုန်သွားတော့သည်။
အကယ်၍ မူအစောင့်အရှောက်အရှင်တစ်ယောက်သည် လုယွီအား မြေတောင်မြှောက်ပေးလိုပါက ဖြစ်နိုင်ချေအရာဖြစ်သော ကိစ္စဖြစ်ပေ၏။
မည်သည့်မူအစောင့်အရှောက် ဖြစ်သနည်း။
ထိုအချိန်မှာပင် အဝေးရှိမိုးကောင်းကင်ယံ၌ ရုတ်တရက် ကျင့်ကြံသူတစ်စု ထွက်ပေါ်လာသည်။
ထိုကျင့်ကြံသူများသည် ရွှေရောင်ဝတ်စုံများကိုဝတ်ဆင်ထားပြီး သူတို့၏အင်္ကျီကော်လံများ၌ ရှေးဟောင်းအက္ခရာဖြင့် 'လု'ဟု ပန်းထိုးထားသည်။သူတို့အနက်မှ အားအနည်းဆုံးသူပင် သိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံသူဖြစ်ပေ၏။
"ဒါက ပင်မလုမိသားစုကလူတွေ မဟုတ်လား"
"ပင်မလုမိသားစု...သူတို့က မြောက်ပိုင်းနယ်မြေမှာ နေတာမဟုတ်ဘူးလား....ဒီတစ်ကြိမ်ကောင်းကင်ဘုံလမ်းကြောင်းမှာ သူတို့လည်း ပါဝင်ယှဥ်ပြိုင်မလို့လား"
ပတ်ဝန်းကျင်၏လူများရှိ အံ့အားတသင့်ရေရွတ်သံများကို ကြားနေရသော လုဝူယာ၏မျက်နှာအမူအယာ တစတစပျက်ယွင်းလာသည်။
သူသည် လုယွီ၏မျိုးရိုးနာမည်မှာ လုဖြစ်ကြောင်းကို ရုတ်တရက် သတိရသွားသည်။
"ဒါဆိုရင် ငါ တွေးကြည့်လိုက်တော့ မင်းက ပင်မလုမိသားစုရဲ့အကာအကွယ်ကို ရထားတာပဲဖြစ်မယ်...ဒါပေမယ့် ကံဆိုးချင်တော့ ပင်မလုမိသားစုက ပျက်စီးပြိုလဲလုနီးပါးဖြစ်နေတဲ့ မိသားစုတစ်စုအဆင့်ပဲရှိတာ...သူတို့က မင်းရဲ့နောက်ခံဆိုရင်တော့ ဒါက ရယ်စရာကောင်းနေပြီ"
လုဝူယာက အထင်သေးစွာ ပြောဆိုသည်။
Chapter 1565
လုဝူယာအတွက် ပင်မလုမိသားစုသည် ထည့်သွင်းဖော်ပြရန်ပင် မထိုက်တန်ချေ။အကယ်၍ ပင်မလုမိသားစုသာ ယိုင်နဲ့နေခြင်းမရှိပါက မိသားစုခွဲများသည် ခွဲထွက်ရန် အခွင့်အရေးရခဲ့မည်မဟုတ်ပေ။
ယခုလက်ရှိချိန်တွင် အလယ်ပိုင်းကုန်းမြေတစ်ခုလုံးသည် လုဝူယာ၏မိသားစုခွဲကိုသာ သိရှိကြသည်။ပင်မလုမိသားစုအား အမှတ်ရသူဟူ၍ မည်သူရှိသနည်း။
"သခင်လေးကို အရိုအသေပြုပါတယ်"
လုမိသားစုဝင်များသည် လုယွီအား ဦးညွှတ်အရိုအသေပြုပြီး နံဘေး၌ မတ်တတ်ရပ်လိုက်ကြ၏။
ဤလူစုသည် ကောင်းကင်ဘုံလမ်းကြောင်း၌ မြောက်ပိုင်းနယ်မြေကို ကိုယ်စားပြု၍ ယှဥ်ပြိုင်ကြမည့်သူများဖြစ်သည်။လုယွီသည် ထိုလူစုအတွင်း၌ လုကျန်းဟိုင်ကို တွေ့မြင်မိသော်လည်း လုဝူသီနှင့်လုဝူဟိုင်တို့ကို တွေ့မြင်မိခြင်းမရှိချေ။
"သခင်လေး....မိသားစုခေါင်းဆောင်နှစ်ယောက်က ဒီအခွင့်အရေးကို တခြားမိသားစုဝင်တွေကိုပေးဖို့ စီစဥ်ခဲ့ကြတယ်...သူတို့က ကောင်းကင်ဘုံလမ်းကြောင်းမှာ ပါဝင်ယှဥ်ပြိုင်မှာမဟုတ်ဘူး"
လုကျန်းဟိုင်က ပြောဆိုသည်။
လုယွီက သက်ပြင်းရှိုက်လိုက်၏။
"ဒါဆိုရင်လည်း ကောင်းပြီလေ"
လုမိသားစုတွင် အဖြစ်အပျက်ပေါင်းများစွာကြုံတွေ့ရပြီးနောက် တစ်ချိန်က တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒအလွန်အမင်းပြင်းထန်ခဲ့သော လူအိုကြီးနှစ်ယောက်၏စိတ်နှလုံးသားအတွင်းမှ စိတ်ဆန္ဒများ ငြိမ်းသေသွားလေပြီ။
"ပင်မမိသားစုက အမှိုက်တွေကများ....မင်းတို့ကောင်တွေက တက်လှမ်းချင်သေးတယ်ပေါ့လေ...ဟား ဟား ဟား...ငါ ရယ်ရလွန်းလို့ သေတော့မယ်"
လုဝူယာက လှောင်ပြောင်သရော်နေသည်။
သူ၏နောက်မှ လုမိသားစုခွဲမှကျင့်ကြံသူများ၏ မျက်နှာများပေါ်တွင်လည်း သရော်တော်တော်အရိပ်အယောင်များ ထင်ဟပ်နေသည်။
"ဟမ့်...သစ္စာဖောက်ရဲ့အကြွင်းအကျန်တွေကများ..."
လုဝူဟိုင်က အေးစက်စက်နှာတစ်ချက်မှုတ်ပြီးနောက် သူ၏ခန္ဓာကိုယ်မှ သိုင်းသူတော်စင်အဆင့်စွမ်းအားများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်အား လွှမ်းခြုံသွားသည်။
လုမိသားစုခွဲမှ သတိလက်လွတ်နေမိသော ကျင့်ကြံသူများသည် ထိုစွမ်းအား၏လွှမ်းခြုံခြင်းခံရသဖြင့် သူတို့က သွေးများအန်ထုတ်လိုက်ရပြီး မြေပြင်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားတော့သည်။
"သိုင်းသူတော်စင်လား"
လုဝူယာ၏မျက်လုံး ပြူးကျယ်သွားပေ၏။
ပင်မလုမိသားစု အဆုံးသတ်သွားပြီဟု ဆိုကြသည်မဟုတ်လော။မည်သည်ကြောင့် သူတို့က ဤနေရာသို့ သိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံသူအား ပို့ဆောင်နိုင်သနည်း။
"ဟမ့်..."
ယန်ရှန်းကုံးက ရုတ်တရက် အေးစက်စက်နှာမှုတ်လိုက်ရာ လုကျန်းဟိုင် ထုတ်လွှက်ထားသောအရှိန်အဝါသည် အရိပ်အယောင်ပင်မကျန်တော့ဘဲ ပျောက်ကွယ်သွားပေ၏။
"လုမိသားစုကလူတွေ...ဆင်ဆင်ခြင်ခြင်နေစမ်း...ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာက အလယ်ပိုင်းကုန်းမြေနော်...ငါ့ရဲ့အုပ်ချုပ်မှုအောက်မှာရှိတယ်"
ယန်ရှန်းကုံးက အသံနက်ကြီးဖြင့် ခြိမ်းခြောက်စကားပြောဆိုသည်။
"အလယ်ပိုင်းကုန်းမြေက တကယ့်ကို အံ့အားသင့်ဖို့ကောင်းတာပဲ"
ပင်မလုမိသားစုမှကျင့်ကြံသူများက ရုတ်တရက် သူတို့၏အရှိန်အဝါများကို ထုတ်လွှက်လိုက်ရာ သူတို့အားလုံးသည်လည်း သိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံသူများ ဖြစ်နေကြ၏။
ဤအချိန်တခဏတွင် ပတ်ဝန်းကျင်မှစောင့်ကြည့်နေသူများအားလုံး သူတို့မျက်လုံးကိုပင် သူတို့မယုံကြည်နိုင်ကြတော့ချေ။
ဤကဲ့သို့အင်အားမျိူးနှင့်ဆိုပါက အလယ်ပိုင်းကုန်းမြေတွင်ပင် ထိပ်သီးအင်အားစုတစ်စုအဖြစ် သတ်မှတ်နိုင်သည်။
"သိုင်းသူတော်စင်တစ်စုကများ...ဒီလောက်ပဲလား...ယန်ရှန်းကုံးက လေလွင့်အင်မော်တယ်တစ်ယောက်...မင်းတို့ ဒီနေရာကို ရောက်လာခဲ့တယ်ဆိုရင်တောင် အသုံးမဝင်ဘူး"
ယန်ရှန်းကုံး၏ထောက်ပံမှုကြောင့် လုဝူယာ၏စကားများသည် ပို၍ရိုင်းပျလာပေ၏။
ထိုအချိန်မှာပင် အလွန်စူးရှသော အရောင်အသွေးစုံအလင်းတန်းများက တောင်ကြားတစ်ခုလုံးအား လွှမ်းခြုံသွားသည်။
ထိုအလင်းတန်းသည် မိုးကောင်းကင်ထံ ထိုးတက်သွားပြီး ထပ်မံ၍ပြောင်းလဲသွားပေ၏။ဤတစ်ကြိမ်တွင် အလင်းတန်းသည် အဘက်ဘက်ဘက်သို့ပျံ့နှံ့သွားပြီး ရောင်စဥ်ကိုးသွယ်အလင်းတန်းအဖြစ် မိုးကောင်းကင်ထံ မြင့်တက်သွားသည်။
ထို့နောက် အထက်မိုးကောင်းကင်မှ တိမ်တိုက်များ ပြန့်ကျဲသွားပြီး မြောက်များစွာသော ရွှေရောင်အလင်းတန်းများက တိမ်တိုက်များအား ထိုးဖောက်ကာ မြေပြင်ပေါ်သို့ ပျံ့လွင့်လာသည်။
ရုတ်ချည်းဆိုသလိုပင် မဟာတာအို၏အသံ ထွက်ပေါ်လာခဲ့သည်။
ခရက်...ခရက်...ခရက်....
တစ်စုံတစ်ခု ကွဲအက်နေသကဲ့သို့ အသံသည် လူအားလုံး၏နားများအတွင်းသို့ ဝင်ရောက်လာပေ၏။
"မကောင်းတော့ဘူး...မီးတောင် ပေါက်ကွဲတော့မယ်"
"ပြေးကြ"
သူတို့၏ခြေဖဝါးအောက်ရှိ မြေပြင်သည် မီးတောင်ရှင်ကြီးတစ်ခုဖြစ်နေမည်ဟု မည်သူကမျှ မျှော်လင့်မထားမိကြချေ။
ခြစ်ခြစ်တောက်ပူပြင်းသော ချော်ရည်များထွက်ပေါ်လာခြင်းနှင့်အတူ အက်ကွဲကြောင်းနှင့်နီးကပ်ပြီး သတိလက်လွတ်နေမိသော ကျင့်ကြံသူများသည် ချက်ချင်းပင် ချော်ရည်ပူများ၏လွှမ်းခြုံခြင်းခံရပြီး ပြာအဖြစ်ပြောင်းလဲသွားတော့သည်။
လူများ ကြောက်လန့်တကြား ပြေးလွှားနေကြပြီး ကျင့်ကြံဆင့်မြင့်မားသူတချို့ပင် သူတို့၏မှော်ရတနာများကိုထုတ်ယူ၍ လေထုအတွင်းသို့ ပျံဝဲတက်လိုက်ကြ၏။
"ဒါက ဘာအတွက်ဖြစ်တာလဲဆိုတာ ငါ ကြည့်ကြည့်မယ်"
ယန်ရှန်းကုံးသည် အေးစက်စက်နှာမှုတ်ပြီး သူ၏အင်္ကျီလက်ကို လွှဲယမ်းလိုက်သည်။ရုတ်ချည်းဆိုသလိုပင် လေပြင်းတစ်ချက်တိုက်ခတ်လာပြီး သူရှေ့ရှိ ချော်ရည်အခိုးအငွေ့များ အဝေးသို့လွင့်ပြယ်သွားတော့သည်။
မီးတောင်မှချော်ရည်အခိုးအငွေ့များ လွင့်ပါးသွားချိန်တွင် အက်ကွဲကြောင်းကြီးတစ်ခု ထွက်ပေါ်လာပေ၏။
ထိုအက်ကွဲကြောင်းအကြားတွင် ကြီးမားသောခန်းမကြီးတစ်ခု ရှိနေပေ၏။အပူရှိန်သည်အလွန်မြင့်မားပြီး လေဟာနယ်ပင်ပုံပျက်နေသော်လည်း ထိုခန်းမကြီးအား သက်ရောက်ပုံမရချေ။
ခန်းမ၏တံစက်မြိတ်တွင် နတ်ဘုရားများနှင့်သားရဲများ၏ရုပ်ထုများကို အရွယ်အစားအမျိုးမျိုး ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ထွင်းထုထားပေ၏။
ထိုခန်းမသည် အလွန်အမင်း ရှေးကျပုံရသည်။မည်သည်မဆို ထိုခန်းမအား တစ်ချက်ကြည့်လိုက်ရုံဖြင့် သာမာန်မဟုတ်သောနေရာတစ်ခုဖြစ်မှန်း သိရှိနိုင်သည်။
Thank For Reading.