အခန်း (၁၅၈၁-၁၅၈၅)
Vol. 82 Ch. 1581-1585
Chapter 1581
ထိုဝိုးတဝါးပုံရိပ် ထွက်ပေါ်လာသောအချိန်တခဏတွင် လူတိုင်း ရပ်တန့်လိုက်ကြ၏။ထိုပုံရိပ်၏ပုံပန်းသွင်ပြင်ကိုကြည့်ခြင်းအားဖြင့် သူတို့နှင့်လမ်း၌ဆုံတွေ့ခဲ့သူနှင့် အတိအကျတူညီနေသည်။
ဤနေရာထိ သူတို့၏နောက်သို့ ထိုပုံရိပ် လိုက်လာခဲ့ပုံရသည်။
"ငါတို့ နောက်ပြန်ဆုတ်သင့်လား"
ကျင့်ကြံသူတစ်ယောက်က တုန်ရီနေသောအသံဖြင့် အကြံပြုသည်။
သို့ရာတွင် သူ ထိုစကားပြောလိုက်သောအချိန်တခဏမှာပင် တုန်လှုပ်ချောက်ချားဖွယ် ဖိအားအရှိန်အဝါတစ်ရပ်သည် ပတ်ဝန်းကျင်နေရာအနှံ့သို့ ကျရောက်လာပေ၏။
ပတ်ဝန်းကျင်ရှိတောင်နံရံများ အဆက်မပြတ် တုန်ခါနေသည်။အထီးကျန်ဆန်ပြီး ကြေကွဲဝမ်းနည်းဖွယ် အမျိုးသမီးတစ်ယောက်၏ငိုညည်းသံက လေထုအတွင်း၌ ပဲ့တင်ထပ်နေပေ၏။
ထိုငိုညည်းသံထွက်ပေါ်လာသည်နှင့် လုယွီသည် သူ၏ကျောရိုးများအထိအေးစိမ့်သွားသော ချမ်းစိမ့်မှုကို ခံစားလိုက်ရသည်။သူ၏ကျူးရုံအစစ်အမှန်ခန္ဓာကိုယ် ကျင့်ကြံနည်းစနစ်ပင်လျှင် ပြင်းပြင်းထန်ထန် လှုပ်ခတ်စပြုလာသည်။
"ဘာတွေဖြစ်နေတာလဲ"
လုယွီက နောက်သို့ပြန်လှည့်ပြီး တာဟေးအား မေးမြန်းသည်။
ထိုသောက်ကျိုးနည်းခွေးနက်ကြီးသည် ထိတ်လန့်ကြောက်ရွံစွာဖြင့် မြေပြင်ပေါ်၌ဝပ်နေပြီး သူ၏ခန္ဓာကိုယ်မှအမွှေးများအားလုံး အောက်သို့တွဲလောင်းကျနေမည်ဟု လုယွီ မျှော်လင့်မထားမိချေ။
"သောက်ချေးပဲ...ကောင်းကင်ဘုံတရားရုံးက ပျက်စီးသွားပြီလေ...ဘယ်လိုဖြစ်ပြီး မဟာမိုးကောင်းကင်ရွှေအင်မော်တယ်တစ်ယောက်က ကျန်နေရတာလဲ...ဒါက မဖြစ်နိုင်ဘူး"
တာဟေးက တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။
တာဟေး၏စကား မဆုံးမီမှာပင် အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်သည် လေအေးလှိုင်းများကြားမှ တရွေ့ရွေ့ထွက်ပေါ်လာသည်။
ထိုအမျိုးသမီး၏အနက်ရောင်ဆံနွယ်များသည် ရေတံခွန်ကဲ့သို့ ဝဲဖြာကျနေပြီး သူမ၏မျက်လုံးတစ်စုံက ရွှန်းလဲ့နေကာ သူမသွားများက ဖြူဖွေးတောက်ပနေသည်။သူမ၏ဆံပင်တွင် သစ်သားဆံထိုးတစ်ခုကို ထိုးစိုက်ထားပေ၏။သူမ၏ပုံပန်းသွင်ပြင်သည် လူအများအား နွေဦးလေညှင်းလေး တိုက်ခတ်သွားသကဲ့သို့ ခံစားရစေသည်။
သို့ရာတွင် ကျင့်ကြံသူများသည် နံဘေးပတ်ဝန်းကျင်ရှိ တုန်လှုပ်ချောက်ချားဖွယ်မြင်ကွင်းများကို တွေ့မြင်ပြီးဖြစ်သဖြင့် သူတို့ရှေ့ရှိအမျိုးသမီးအား မည်သူကမျှအထင်မသေးဝံ့ချေ။
"အဲ့ဒီအမျိုးသမီးက ဘယ်သူလဲ....ဘာလို သူက ဒီနေရာမှာ ထွက်ပေါ်လာတာလဲ"
စီနီယာမှော်ဆရာကျူးနှင့် တခြားအစွမ်းထက်ကျင့်ကြံသူများသည် ထိတ်လန့်တုန်လှုပ်နေပြီး ထိုအမျိုးသမီးကိုသာ မလှုပ်မယှက်စူးစိုက်ကြည့်နေကြသည်။
သူတိူ့သည် ခုခံကာကွယ်မှု ပြုလုပ်လိုသော်လည်း သူတို့၏နံဘေးပတ်ဝန်းကျင်မှ ဖိအားအရှိန်အဝါသည် သူတို့အား မလှုပ်မရှားနိုင်ဖြစ်စေသည်။
လုယွီသည် တာဟေး၏အသံကိုကြားသည်နှင့် ကူကယ်ရာမဲ့စွာ လေအေးတစ်ချက် ရှိုက်သွင်းလိုက်မိ၏။
"ခင်ဗျားပြောသလိုဆို...သူက မဟာမိုးကောင်းကင်ရွှေအင်မော်တယ်တစ်ယောက်လား"
"အမှန်ပဲ...သူ့ဆီမှာ ငါတို့ကိုဦးတည်ထားတဲ့ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒမရှိတာ မင်း မတွေ့ဘူးလား....တကယ်လို့ သူသာ ငါတို့ကို သတ်ချင်တယ်ဆိုရင် ငါတို့အားလုံး သေနေလောက်ပြီ"
တာဟေးက ညည်းတွားပြောဆိုသည်။
လုယွီသည် အံ့အားသင့်တုန်လှုပ်သွားပေ၏။ရှေးဟောင်းတာအိုအင်မော်တယ်များအစွမ်းထက်သည်ကို သူ သိရှိပြီးဖြစ်သော်လည်း ယခုကဲ့သို့ သက်ရှိထင်ရှားမဟာမိုးကောင်းကင်ရွှေအင်မော်တယ်တစ်ယောက်နှင့် ပက်ပင်းရင်ဆိုင်ရသော ခံစားချက်နှင့်ကွာခြားနေသည်။
ထိုအမျိုးသမီးထံ၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒမျိုးမရှိသည့်တိုင် သူတို့အားလုံး ခက်ခက်ခဲခဲ ခုခံနေရသည်။အကယ်၍ သူမသာ သူတို့အားသတ်ဖြတ်လိုပါက လုယွီနှင့်တခြားကျင့်ကြံသူများသည် ဤနေရာ၌ထိုင်၍ သေဆုံးရမည့်အချိန်ကို စောင့်ဆိုင်းနေရမည်လော။
"ယောက်ျား...နင် ဘယ်ရောက်နေတာလဲ"
အမျိုးသမီးသည် ရှေးဟောင်းဘာသာစကားဖြင့် ရေရွတ်လိုက်သည်။
ထိုရှေးဟောင်းဘာသာစကားတွင် ရှေးခေတ်အချိန်ကာလများမှ ဆင်းသက်လာသော အရှိန်အဝါမျိုး ရှိနေပေ၏။
ထိုအမျိုးသမီး ခြေလှမ်းတစ်လှမ်းပြီးတစ်လှမ်း နင်းလျှောက်လာသည်ကိုကြည့်ပြီး ကျင့်ကြံသူများအားလုံး တစိုးတစိမျှပင် မလှုပ်ရှားနိုင်တော့ချေ။
ဘုန်း...
လီကျီး၏မီးတောက်ရထားလုံးသည် ကြီးမားသောဖိအားဒဏ်ကို တောင့်မခံနိုင်တော့သဖြင့် နှစ်ခြမ်းကွဲကာ မြေပြင်ပေါ်သို့ပြုတ်ကျသွားတော့သည်။
လူတိုင်း စိတ်ပျက်လက်ပျက်ဖြစ်နေကြပြီး သူတို့ရှေ့ရှိ တုန်လှုပ်ချောက်ချားဖွယ်အအေးလှိုင်းများကို ဟန့်တားနိုင်ရန် သူတို့၏အကောင်းဆုံး မှော်မန္တန်များကို ထုတ်ဖော်အသုံးပြုနေရသည်။
တခြားတစ်ဖက်မှ လုယွီသည်လည်း သူ၏မှော်စွမ်းအင်တချို့ ကုန်ဆုံးသွားသည်ကို ခံစားမိပေ၏။
လုယွီသည် နဂါးကိုးကောင်အာဏာရှင်ခန္ဓာကိုယ်နည်းစနစ်နှင့် ရှေးဟောင်းကျင့်ကြံနည်းစနစ်များဖြစ်သော မူလဘူတအကြွင်းမဲ့ခန္ဓာကိုယ်နှင့်မြင့်မြတ်ဧကရာဇ်၏ခန္ဓာကိုယ်နည်းစနစ်များကို ကျင့်ကြံထားသူဖြစ်သည်။ထို့ကြောင့် သူ၏ခန္ဓာကိုယ်မှမှော်စွမ်းအင်များသည် စီးဆင်းနေသောမြစ်ရေအလား အကန့်အသတ်မရှိခဲ့ချေ။
သို့သော် ထိုသို့ဆိုသည့်တိုင် ကျုးရုံအစစ်အမှန်ခန္ဓာကိုယ်နည်းစနစ်ကို သူ၏သိုင်းသူတော်စင် နှောင်းပိုင်းအဆင့်မျှဖြင့် တောင့်ခံထားရသည်မှာ အနည်းငယ်ခက်ခဲသည်။
အကယ်၍ ဤအတိုင်းသာဆက်သွားပါက သူတို့အားလုံးသေဆုံးရပေမည်။
လုယွီက ရုတ်တရက် သူ၏ပါးစပ်ကိုဖွင့်ဟပြီး ရှေးဟောင်းဘာသာစကားဖြင့် ပြောဆိုလိုက်၏။
"စီနီယာ...ကျွန်တော်က စီနီယာရဲ့ယောက်ျားကို ရှာဖွေဖို့ ကူညီပေးနိုင်ပါတယ်"
ထိုအမျိုးသမီးသည် ယခင်က သူတို့အားလုံးအား မတွေ့မမြင်သကဲ့သို့ လှုပ်ရှားသွားလာနေခြင်းဖြစ်သည်။ဤအချိန်အခိုက်အတန့်တွင် သူမသည် ရုတ်တရက်ရပ်တန့်ပြီး လုယွီအား ကြည့်လိုက်သည်။
အကြည့်တစ်ချက်ဖြင့်ပင် လုယွီသည် ရေခဲလှိုဏ်ဂူကြီးအတွင်းသို့ ကျဆင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
"ဖူး..."
လုယွီသည် တောင့်မခံနိုင်တော့ဘဲ သွေးတစ်လုတ်အန်ထုတ်လိုက်ရပြီး နောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်ရ၏။
Chapter 1582
အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးထံ၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒမရှိသည်မှာ သိသာထင်ရှားလှ၏။သို့ရာတွင် သူမသည် အလွန်အစွမ်းထက်သဖြင့် လုယွီ၏တာအိုသခင်စိတ်ဝိညာဥ်ဖြင့်ပင် အတွင်းဒဏ်အနည်းငယ် ရရှိသွားခဲ့သည်။
"မင်းက အားနည်းလွန်းတယ်"
အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးက ပေါ့ပေါ့ပါးပါး ပြောဆိုသည်။
လုယွီက ပြောဆိုလေ၏။
"လူရှာတဲ့နေရာမှာ ခွန်အားအရမ်းကောင်းနေဖို့ မလိုအပ်ပါဘူး...ကျွန်တော်တို့က ဒီနေရာကို ရောက်လာမှတော့ စီနီယာကို ကူညီပေးနိုင်ပါတယ်...ကျေးဇူးပြုပြီး စီနီယာက ကျွန်တော်တို့ အသက်ရှင်လွတ်မြောက်နိုင်မယ့်လမ်းကို ညွှန်ပြပေးနိုင်မလား"
အမျိုးသမီး၏အကြည့်သည် လုယွီထံတွင်သာ စူးစိုက်၍ ကျရောက်နေသည်။
"ငါ မင်းကို မှတ်ထားမယ်"
စကားဆုံးသည်နှင့် သူမက နောက်သို့ပြန်လှည့်၍ ထွက်ခွာသွားတော့သည်။
သူမထွက်ခွာသွားသည်နှင့် ပတ်ဝန်းကျင်ရှိ တုန်လှုပ်ချောက်ချားဖွယ်အအေးလှိုင်းများ တဖြည်းဖြည်းပျက်ပြယ်စပြုလာသည်။
အစောပိုင်းတွင် ဖိအားအရှိန်အဝါဖြင့် ဖိနှိပ်ခံထားရသော လူအုပ်ကြီးသည် ယခုမှသာ အသက်ရှုရန် အခွင့်အရေးရရှိပေ၏။
"လောကကြီးထဲမှာ ဒီလောက်ထိအစွမ်းထက်တဲ့ကျင့်ကြံသူမျိုး ရှိသေးတာလား"
စီနီယာမှော်ဆရာကျုးနှင့် တခြားကျင့်ကြံသူများသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။သူတို့အားလုံး၏မျက်လုံးများအတွင်း၌ တုန်လှုပ်ချောက်ချားဖွယ်အရိပ်အယောင်များ ရှိနေပေ၏။
လူအုပ်ကြီးသည် စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းရှိုက်နေကြသည်။လုယွီသည်လည်း ကျူးရုံအစစ်အမှန်ခန္ဓာကိုယ်နည်းစနစ်ကို ပြန်ရုတ်သိမ်းပြီးဖြစ်သည်။
သို့သော် ဤအချိန်အခိုက်အတန့်တွင် တာဟေး၏မျက်နှာပေါ်၌ စိတ်ရှုပ်ထွေးသောအရိပ်အယောင်များ ထင်ဟပ်နေပေ၏။
"လုယွီ...မင်း သူ့ကို လွယ်လွယ်ကတိမပေးလိုက်သင့်ဘူး"
"အခု မင်းမှာ သူနဲ့ကံကြမ္မာခြင်း ချည်နှောင်ပြီးသွားပြီ...တကယ်လို့ မင်းက သူမကိုပေးထားတဲ့ကတိကို မဖြည့်ဆည်းပေးနိုင်ဘူးဆိုရင် ကံကြမ္မာက မင်းအပေါ်ကို သက်ရောက်လိမ့်မယ်...နောင်အနာဂတ်မှာ မင်းရဲ့ကျင့်ကြံဆင့်မြှင့်တင်ဖို့ ခက်ခဲမှာကို ငါ စိုးရိမ်မိတယ်"
တာဟေး၏အသံသည် အလွန်တိုးညှင်းပြီး လိမ်ညာပြောဆိုနေပုံမရချေ။
လုယွီသည် သူ၏စိတ်အတွင်း၌ ကံကြမ္မာဆက်နွယ်မှုအရိပ်အယောင်တချို့ရှိနေသည်ကို ခံစားမိပေ၏။
"အခြေအနေအရပဲ...တစ်ဆင့်ခြင်းသွားတာပေါ့"
လုယွီက ပေါ့ပေါ့ပါးပါး ပြောဆိုသည်။
ပတ်ဝန်းကျင်မှ သူ့အားကြည့်နေသော အကြည့်များကိုလည်း သူ ခံစားမိပေ၏။တချို့လူများသည် သူ့အား ကျေးဇူးတင်နေကြပြီး တချို့လူများက သူ့အား လှောင်ပြောင်သရော်နေကြသည်။
မည်သို့ပင်ဆိုစေကာမူ အကယ်၍ သူသာ ကတိမပေးခဲ့ပါက ထိုအမျိုးသမီးထံမှ တုန်လှုပ်ချောက်ချားဖွယ်အအေးလှိုင်းများအောက်တွင် ကျင့်ကြံသူများအားလုံး ရေခဲရုပ်ထုအဖြစ်သို့ ပြောင်းလဲသွားရပေမည်။
"သောက်ချေးပဲ..ငါ့ရဲ့မှတ်ဥာဏ်တွေများ ချို့ယွင်းသွားတာလား ...ကောင်းကင်ဘုံတရားရုံးမှာရှိတဲ့ ဘယ်မဟာမိုးကောင်းကင်ရွှေအင်မော်တယ်မဆို ငါ မသိတဲ့သူမရှိပါဘူး...ဒါပေမယ့် အဲ့ဒီမိန်းမကို ငါ ဘာလို့ နည်းနည်းလေးတောင် မသိတာလဲ"
တာဟေးက တင်းတင်းကြပ်ကြပ် မျက်မှောင်ကြုတ်ထားပြီး ဦးနှောက်ခြောက်နေပုံရသည်။
ကျင့်ကြံသူများသည် ကောင်းကင်ဘုံတံခါးကြီးထံသို့ အလျင်စလို လျှောက်လှမ်းသွားကြသည်။တံခါးကြီးသည် ပိတ်ထားခြင်းမရှိသဖြင့် သူတို့အသာအယာ တွန်းလိုက်ရုံဖြင့် အတွင်းသို့ဝင်နိုင်သည်။
သူတို့၏ရှေ့တွင် ခမ်းနားကြီးကျယ်သောမြင်ကွင်းရှိနေသည်။ခမ်းနားထည်ဝါသော အဆောက်အအုံများ လက်ရာမြောက်ပွဲ့ကြည်စင်များ ခန်းမများနှင့် အရွယ်မျိုးစုံအင်မော်တယ်နန်းတော်များက မျက်စိတဆုံး တည်ရှိနေပေ၏။
ထိုမြင့်မားသောအဆောက်အအုံများသည် အတိတ်တွင် အလွန်ခမ်းနားထည်ဝါခဲ့ပုံရသည်။သို့ရာတွင် ယခုလက်ရှိချိန်၌ ပတ်ဝန်းကျင်နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်ပြီး ခြောက်ကပ်နေပေ၏။
"ငါ မင်းတို့ကို သတိပေးရအုံးမယ်...ဒီနေရာမှာ မင်းတို့ ဘာကိုပဲတွေ့တွေ့ ထိကြည့်ဖို့မကြိုးစားနဲ့...ငါလိုဘိုးဘေးတစ်ယောက်တောင် ဒီနေရာမှာ အရမ်းဂရုစိုက်ရတယ်"
တာဟေး၏အသံ ထွက်ပေါ်လာသည်။
"ခွေးနတ်ဆိုးကများ...မင်းကိုယ်မင်း ဘာကောင်ထင်နေတာလဲ...တကယ်လို့ မင်း ပေါက်ကရစကားတွေ ထပ်ပြောနေဦးမယ်ဆိုရင် ငါ မင်းကို သေအောင်ရိုက်သတ်ပစ်မယ်"
နှင်းဘုရင်က အထင်အမြင်သေးသောလေသံဖြင့် ပြောဆိုသည်။
အကယ်၍ အတိတ်မှတာဟေးသာဆိုပါက ဤအခြေအနေမျိုးနှင့် ကြုံတွေ့ရလျှင် ဒေါသတကြီးတုံ့ပြန်မည်မှာ သေချာပေ၏။သို့ရာတွင် ယခုလက်ရှိချိန်၌ တာဟေးသည် လှောင်ပြောင်သရော်ခံနေရသည့်တိုင် မည်သည့်တုံ့ပြန်မှုမျှမရှိချေ။
ပတ်ဝန်းကျင်ရှိပြိုလဲယိမ်းယိုင်နေသော အဆောက်အအုံများကို ဖြတ်ကျော်ပြီးနောက် ကျယ်ဝန်းသောမျောလွင့်စင်မြင့်တစ်ခုက သူတို့၏ရှေ့၌ ထွက်ပေါ်လာသည်။
ထိုစင်မြင့်သည် အတိတ်တွင် သိုင်းပညာရပ်များ ယှဥ်ပြိုင်ခဲ့သည့်နေရာ ဖြစ်ပုံရသော်လည်း ယခုလက်ရှိချိန်တွင် စွန့်ပစ်နေရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေပြီ။
"အရှင်...အဲ့ဒီနေရာမှာ မှော်ရတနာတွေအများကြီးရှိနေတယ်"
နှင်းဘုရင်သည် သူ၏လက်အောက်ငယ်သားများထံမှ သတင်းပို့သံကိုကြားပြီးနောက် မျောလွင့်စင်မြင့်၏မြောက်ဘက်အကျဆုံးနေရာကို ချက်ချင်းပင် သတိပြုမိသွားသည်။
ထိုနေရာတွင် လက်နက်စင်များ အတန်းလိုက်ရှိနေသည်။ထိုစင်များပေါ်တွင် စူးရှချွန်ထက်သော ဓားကြီးဓားငယ်များရှိနေပြီး မှော်လက်နက်တစ်ခုခြင်းစီမှနေ၍ ပြင်းထန်သောအေးစက်စက်အရှိန်အဝါကို ထုတ်လွှက်ပေးနေသည်။
မှော်ရတနာများမှနေ၍ မိုးကောင်းကင်စိတ်ဝိညာဥ်ချီများ ထုတ်လွှက်နေသဖြင့် သာမာန်မဟုတ်သည်မှာ သိသာထင်ရှားလှ၏။
"အားလုံးပဲ...ငါ ဒီရတနာတွေကို လက်ခံရတဲ့အတွက် အရမ်းကိုဝမ်းသာမိတယ်"
နှင်းဘုရင်သည် အပျော်လွန်သွားပြီး သူ၏လူများကိုခေါ်ဆောင်၍ ရှေ့သို့တရကြမ်းပြေးသွားသည်။
နှင်းဘုရင်၏နောက်ကျောကိုကြည့်ပြီး တာဟေးသည် အထင်အမြင်သေးပုံဖြင့် သူ၏နှုတ်ခမ်းကိုတွန့်ကွေး၍ ရေရွတ်လိုက်၏။
"အရူးကောင်"
Chapter 1583
နှင်းဘုရင်သည် ရယ်မောပြီး မျောလွင့်စင်မြင့်၏အနောက်ဘက်ခြမ်းရှိ လက်နက်စင်များထံသို့ ပျံဝဲသွားသည်။သူ၏နောက်လိုက်များကလည်း အလျင်စလို လှုပ်ရှားလိုက်ကြသည်။သူတို့သည် လက်နက်စင်မှ ဓားရှည်တစ်ချောင်းကိုဆွဲထုတ်၍ နှင်းဘုရင်ထံသို့ လက်ကမ်းပေးလိုက်၏။
နှင်းဘုရင်သည် ထိုဓားကိုယူ၍ အားကုန်ဝှေ့ယမ်းကြည့်လိုက်သည်။သူ၏လက်မှ အဖြူရောင်ဓားချီတစ်လှိုင်းထွက်ပေါ်လာပြီး မျက်နှာချင်းဆိုင်ရှိ တောင်နံရံကို ရိုက်ခတ်မိပေ၏။
ဘုန်း...
ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ ထိုဓားအလင်းတန်းကြောင့် အဝေးရှိတောင်တစ်လုံး နှစ်ခြမ်းကွဲသွားသည်။
မြင့်မားသောတောင်တန်းများမှနေ၍ မရေမတွက်နိုင်သောကျောက်တုံးများ ပြိုကျလာပြီး လေထုအတွင်း၌ ဖုန်မှုန့်နှင့်အခိုးအငွေ့များ တထောင်းထောင်းထသွားစေသည်။
"ဓားကောင်းတစ်လက်ပဲ"
နှင်းဘုရင်သည် အပျော်လွန်သွားပေ၏။သူသည် ထိုဓားအား သူ၏နောက်ကျော၌ သယ်ဆောင်ထားလိုက်တော့သည်။
တခြားသူများသည်လည်း နှင်းဘုရင်အားကြည့်ပြီး သူတို့လည်း ချက်ချင်း လှုပ်ရှားလိုက်ကြ၏။
ဘုန်း...
ထိုအချိန်မှာပင် မျောလွင့်စင်မြင့်မှနေ၍ ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာသည်။
"ဘာအသံလဲ"
မကြာမီမှာပင် ထိုအသံသည် မျောလွင့်စင်မြင့်၏နံဘေးပတ်ဝန်းကျင်ရှိ ကျောက်ရုပ်ထုများမှ ထွက်ပေါ်နေခြင်းကို လူတိုင်း သတိပြုမိသွားကြသည်။
ကောင်းကင်ဘုံတံခါးမှ ဝင်ရောက်လာပြီးနောက် မရေမတွက်နိုင်သော အဆောက်အအုံများ၏နံဘေးပတ်လည်၌ မြောက်များစွာသောကျောက်ရုပ်ထုများ ရှိနေသည်ကို သူတို့အားလုံး တွေ့မြင်ပြီးဖြစ်သည်။
တချို့ကျောက်ရုပ်ထုများသည် ခြင်္သေ့ကိုယ်နှင့်သိမ်းဌက်ခေါင်းပုံရှိ၍ တချို့တွင် ဦးခေါင်းကိုးလုံးရှိသည်။
ထိုကျောက်ရုပ်ထုများသည် ရှေးခေတ်ကာလများတွင် ထင်ရှားခဲ့သော သက်ရှိသတ္တဝါများ၏ပုံသဏ္ဍာန်ကို ထွင်းထုထားခြင်းပင်။
အသံများထွက်ပေါ်လာခြင်းနှင့်အတူ ကျောက်ရုပ်ထုများ၏မျက်လုံးများဆီမှ အနီရောင်အလင်းတန်းများ ထုတ်လွှက်လိုက်သည်။
"မကောင်းတော့ဘူး"
နှင်းဘုရင်သည် အလွန်စိတ်လှုပ်ရှားသွားပြီး နောက်သို့ပြန်လှည့်၍ ထွက်ခွာလိုက်၏။
သို့ရာတွင် သူ၏လက်အောက်ငယ်သားများသည် အချိန်မီ အသိမဝင်ကြသဖြင့် ကျောက်ရုပ်ထုများမှအနီရောင်အလင်းတန်းများဖြင့် ထိမှန်သွားသည်။
ဘုန်း...ဘုန်း...ဘုန်း...
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် အနီရောင်အလင်းတန်း ထိမှန်ခံရသော ကျင့်ကြံသူများ၏ခန္ဓာကိုယ်များ ပေါက်ကွဲသွားပြီး အရိပ်အယောင်ပင် မကျန်ရှိတော့ချေ။
ဤသည်က မည်ကဲ့သို့ စွမ်းအားမျိုးဖြစ်သနည်း။
အကန့်အသတ်မဲ့နှင်းလွင်ပြင်၏ပတ်ဝန်းကျင် အခြေအနေသည် လွန်စွာဆိုးရွားလှ၏။ထိုနေရာ၌နေထိုင်သော ကျင့်ကြံသူများသည် တခြားကျင့်ကြံသူများထက် ရုပ်ပိုင်းဆိုင်ရာခွန်အား ပို၍သန်မာသည်။မမျှော်လင့်ဘဲ သူတို့သည် ကျောက်ရုပ်ထုမှအနီရောင်အလင်းတန်းများ ထိမှန်ရုံဖြင့် ချက်ချင်းပင် သေဆုံးသွားကြသည်။
ရုတ်တရက်အသက်ဝင်လာသော ကျောက်ရုပ်ထုများသည် ကျင့်ကြံသူများကို သတ်ဖြတ်ပြီးနောက် ပြန်လည်တိတ်ဆိတ်ငြိမ်သက်သွားပေ၏။
ထိုအခြင်းအရာကိုကြည့်ခြင်းအားဖြင့် လက်နက်စင်ပေါ်မှ လက်နက်များသည် ကောင်းမွန်သော်လည်း ယူဆောင်သူသည် သူ၏အသက်ကို ပေးဆပ်ရပေလိမ့်မည်။
"ကျောက်ရုပ်ထုတစ်ခုခြင်းစီက အနိမ့်ဆုံး လေလွင့်အင်မော်တယ်နယ်ပယ် ကျင့်ကြံဆင့်ရှိတယ်...သူတို့ရဲ့ကံကမဆိုးဘူး...သူတို့က မျောလွင့်စင်မြင့်မှာစောင့်ကြပ်တဲ့ ကျောက်ရုပ်ထုတွေနဲ့ ရင်ဆိုင်ရလို့သာ...တကယ်လို့ အဓိကနေရာတချို့က ကျောက်ရုပ်ထုတွေနဲ့သာ ရင်ဆိုင်ရမယ်ဆိုရင် သူတို့အားလုံး သေရမှာပဲ"
တာဟေးက အေးစက်စက်အသံဖြင့် ပြောဆိုသည်။
"လေလွင့်အင်မော်တယ်တွေလား...အံ့အားသင့်စရာမရှိတော့ဘူး"
ယခုလက်ရှိနေရာရှိ လူများအားလုံး နားလည်သဘောပေါက်စပြုလာသည်။သူတို့သည် ကောင်းကင်ဘုံလမ်းကြောင်းအတွင်းသို့ဝင်ရောက်ရန် အရည်အချင်းပြည့်မီခဲ့သော်လည်း အစစ်အမှန်အင်မော်တယ်ဟု ယူဆ၍မရသေးချေ။
ရုတ်တရက် နှင်းဘုရင်၏မျက်နှာ နီမြန်းသွားပြီး သူက ဒေါသတကြီးပြောဆိုလိုက်၏။
"ဟမ့်...မင်းတို့က အဲ့ဒီနေရာမှာ အန္တရာယ်ရှိတယ်ဆိုတာ သိနေတာတောင်...ဘာလို့ ငါ့ကို သတိမပေးတာလဲ"
သူသည် အကန့်အသတ်မဲ့နှင်းလွင်ပြင်မှ ကျင့်ကြံသူအမြောက်အများကို ခေါ်ဆောင်လာခဲ့သော်လည်း ဤနေရာ၌ သူတို့အားလုံး သေဆုံးသွားရသည်။ယခုလက်ရှိချိန်၌ အကန့်အသတ်မဲ့နှင်းလွင်ပြင်မှ ကျင့်ကြံသူဟူ၍ သူတစ်ယောက်သာ ကျန်ရှိပေ၏။
လုယွီက မျက်မှောင်ကြုတ်လိုက်၏။
"တကယ်လို့ ငါ မှတ်မိတာ မှန်တယ်ဆိုရင်...ဒီနေရာကိုစရောက်ခါစက တာဟေး မင်းကို သတိပေးခဲ့တယ်မဟုတ်လား"
ဤနေရာသို့ စရောက်လာချိန်တွင် တာဟေးသည် သူတို့အားလုံးအား သတိပေးခဲ့ခြင်းမှာ သိသာထင်ရှားသည်။
နှင်းဘုရင်က ဒေါသတကြီး အော်ဟစ်ပြောဆိုသည်။
"မင်းတို့က ဒါကို ရည်ရွယ်ချက်တစ်ခုနဲ့လုပ်တာလေ...ဒီလိုမျိုး မှော်ရတနာကောင်းတွေကို မြင်နေတာတောင် မင်းတို့က မယူဘဲနဲ့ ငါ့ကို ရည်ရွယ်ချက်ရှိရှိ ဖြတ်သန်းခွင့်ပေးခဲ့တာမလား"
"နှင်းဘုရင်...မင်းရဲ့စကားအပြောအဆိုကို သတိထားတာ ပိုကောင်းလိမ့်မယ်...တကယ်လို့ မင်း အကြောင်းအရင်းမရှိဘဲ ပြဿနာထပ်ရှာနေမယ်ဆိုရင် ငါတို့ရဲ့နဂါးဧကရာဇ်ကို ရန်စစော်ကားတယ်လို့ သတ်မှတ်ရလိမ့်မယ်"
အောင်းကွမ်းက တည်ငြိမ်စွာ ပြောဆိုသည်။
သူ၏စကားဆုံးသည်နှင့် လက်ရှိနေရာတွင်ရှိနေသော နဂါးမျိုးနွယ်များအားလုံးသည် နှင်းဘုရင်အား စူးစူးဝါးဝါး စိုက်ကြည့်နေတော့သည်။
နှင်းဘုရင်သည် အကန့်အသတ်မဲ့နှင်းလွင်ပြင်အား ဖိနှိပ်နိုင်သူဖြစ်နေလျှင်ပင် သူတို့က ဘာအတွက်နှင့် အရေးစိုက်ရမည်နည်း။နဂါးမျိုးနွယ်၏ဂုဏ်သတင်းသည် အလွန်ကြီးမားပြီး လေလွင့်အင်မော်တယ်တစ်ယောက်မက သတ်ဖြတ်ခဲ့ပြီးဖြစ်သည်။
နဂါးမျိုးနွယ်များနှင့် နှိုင်းယှဥ်ပါက နှင်းဘုရင်သည် သေးနုပ်သူတစ်ယောက်ပင်။
"နဂါးဧကရာဇ်...မင်းတို့ဆိုလိုချင်တာက...သူက နဂါးဧကရာဇ်လား"
နှင်းဘုရင်၏မျက်မှောင်ကြုတ်လိုက်သော်လည်း သူက မည်သည့်စကားမျှ ထပ်မဆိုဝံ့တော့ချေ။
သို့သော် ထိုအချိန်မှာပင် မျောလွင့်စင်မြင့်မှနေ၍ ရှည်လျားသော သက်ပြင်းရှိုက်သံတစ်သံ ထွက်ပေါ်လာသည်။
ကျောက်ရုပ်ထုများသည် တစ်စုံတစ်ခုကြောင့် အသက်ဝင်လာပုံရပြီး သူတို့၏ခန္ဓာကိုယ်မျက်နှာပြင်များမှနေ၍ မှိန်ပျပျအနီရောင်အလင်းတန်းများကို ထုတ်လွှက်လိုက်သည်။
Chapter 1584
"မကောင်းတော့ဘူး...ဒီကျောက်ရုပ်ထုတွေ အသက်ဝင်လာတော့မယ်"
တာဟေးသည် စူးရှကျယ်လောင်စွာထွက်ပြေးပြီး အဝေးသို့ ထွက်ပြေးတော့သည်။
လုယွီ၏မျက်လုံး ကျဥ်းမြောင်းသွားပြီး သူ၏နောက်မှလူများကိုကြည့်၍ ပြောဆိုလိုက်၏။
"အဲ့ဒီခွေးနက်ကြီးရဲ့နောက်ကိုလိုက်...သူ့ကို မျက်ခြေမပြတ်စေနဲ့"
ဤနေရာသို့ ရောက်ရှိလာချိန်မှစ၍ သူတို့သည် မျက်စိကန်းနေသောသူများအလား မည်သည့်အရာကိုမျှမသိချေ။
မည်သို့ပင်ဆိုစေကာမူ တာဟေးသည် ရှေးဟောင်းအချိန်ကာလများမှ ဆင်းသက်လာသူဖြစ်၍ ဘေးကင်းလုံခြုံမည့်နေရာကို သိရှိပေလိမ့်မည်။
လီကျီးနှင့်တခြားကျင့်ကြံသူများသည် အချိန်တခဏကြာတုံဆိုင်းနေသော်လည်း နောက်ဆုံးတွင် တာဟေး၏နောက်သို့ အပြေးလိုက်ကြတော့သည်။
ထိုစကားလုံးများမှတဆင့် ခွေးနက်ကြီးသည် ဤနေရာနှင့်ပတ်သက်၍ နားလည်သဘောပေါက်ထားပုံရကြောင်းကို လူတိုင်း သတိပြုမိသွားပေ၏။
ဤကမ္ဘာလောကအတွင်းတွင် စကားပြောဆိုနိုင်သော ခွေးနတ်ဆိုးသားရဲများ မရေမတွက်နိုင်အောင်ရှိသော်လည်း ကောင်းကင်ဘုံလမ်းကြောင်းတွင် လျှောက်လှမ်းရန်ဖိတ်ကြားခံရသူမှာ သူတို့ရှေ့ရှိခွေးနက်ကြီးတစ်ကောင်တည်းသာ ရှိပေမည်။
နှင်းဘုရင်က သရော်တော်တော်ပြောဆိုသည်။
"မင်းတို့ကောင်တွေက ခွေးတစ်ကောင်ကို ယုံကြည်နေတာလား...မင်းတို့ကို ခွေးသိုက်ထဲခေါ်သွားမှာ မစိုးရိမ်ကြဘူးလား"
"မင်း ထွက်မသွားဖို့ ရွေးချယ်နိုင်တယ်လေ...မင်း တစ်ယောက်တည်း ထွက်သွားတာ ပိုကောင်းလိမ့်မယ်"
စီနီယာမှော်ဆရာကျူးက သရော်တော်တော်အပြုံးနှင့် ပြောဆိုလေ၏။
နှင်းဘုရင်၏မျက်နှာခက်ထန်သွားပြီး သူ၏မျက်ခုံးနှစ်ခုကြားတွင် ဒေါသအရိပ်အယောင်များ ထင်ဟပ်လာပေ၏။
ယခက်နေ့ရက်များတွင် စီနီယာမှော်ဆရာကျူးသည် သူ့အား ဤကဲ့သို့လေသံဖြင့် စကားပြောဆိုဝံ့ခြင်းမရှိချေ။သို့ရာတွင် ယခုလက်ရှိချိန်၌ သူအားကူညီပေးမည့်သူ မရှိတော့သဖြင့် တစ်ယောက်တည်းဖြစ်နေလေရာ ထိုလူများသည် သူ့အား မျက်လုံးထဲပင်မထည့်တော့ပေ။
တာဟေးသည် လမ်းတလျှောက်လုံး ဒုန်းစိုင်းပြေးနေပြီး သူ ဖြတ်သန်းလာသမျှ နေရာတိုင်းတွင် ကျယ်လောင်သောတုန်ခါသံများ မြည်ဟီးနေသည်။
အဆောက်အအုံများ၏နံဘေးပတ်လည်ရှိ ကျောက်ရုပ်ထုတချို့သည် ယခုလက်ရှိချိန်တွင် အသက်ဝင်လာပြီး စတင်၍မတ်တတ်ရပ်နေကြ၏။
ကောင်းကင်ဘုံတံခါးအားဖြတ်ကျော်လာပြီးနောက် အပြင်ဘက်နယ်မြေတွင် ရက်စက်ကြမ်းကြုတ်သောမှော်သားရဲများ၏ကျောက်ရုပ်ထုများရှိသည်။
သို့ရာတွင် အတွင်းဘက်နယ်မြေရှိ ကျောက်ရုပ်ထုများသည် လူပုံသဏ္ဍာန်ရှိပြီး သူတို့၏အရှိန်အဝါများသည် မှော်သားရဲကျောက်ရုပ်ထုများထက် များစွာပို၍အားကောင်းသည်။
တချို့ကျောက်ရုပ်ထုများသည် ပေ၃၀၀၀ကျော်မြင့်မားပြီး သူတို့၏ခြေဖဝါးများအောက်တွင် လူသားများသည် ပုရွက်ဆိတ်အရွယ်အစားမျှသာရှိပေ၏။
"ခင်ဗျား ကျုပ်တို့ကို ဘယ်နေရာထိ ခေါ်သွားမှာလဲ"
လုယွီက မေးမြန်းသည်။
"ငါတို့ ရောက်တော့မယ်...အဲ့ဒီနေရာကို ရောက်တော့မယ်"
တာဟေးသည် အလွန်လျှင်မြန်စွာပြေးလွှားနေသဖြင့် လျှာတစ်လစ်ဖြင့်ဟောဟဲစိုက်နေပြီး သူ၏ခြေလက်ဖဝါးလေးဖက်ကြောင့် ဖုန်မှုန့်များတထောင်းထောင်းထနေသည်။
မကြာမီမှာပင် သူတို့သည် အလင်းရောင်တောက်ပနေသော ခန်းမတစ်ခုအတွင်းသို့ ရောက်ရှိလာခဲ့သည်။တည်နေရာအနေအထားအရဆိုရလျှင် ဤခန်းမသည် ကျယ်ဝန်းခြင်းမရှိချေ။
သို့ရာတွင် အကယ်၍ တစ်စုံတစ်ယောက်မှ အနီးကပ်ကြည့်ရှုပါက နံဘေးပတ်ဝန်းကျင်မှအဆောက်အအုံများသည် ဤခန်းမထက် အနည်းငယ်နိမ့်သည်ကို တွေ့မြင်ရပေမည်။
မြောက်များစွာသော အနီရောင်တိုင်လုံးများသည် ရွှေရောင်အမိုးကို တံစက်မြတ်မှနေ၍ ထောက်ကန်ထားသည်။ခန်းမ၏လေးဘက်လေးလံရှိ ပြတင်းပေါက်များတွင် ရှေးဟောင်းအဆောင်လက်ဖွဲ့များ ထူထပ်သိပ်သည်းစွာရှိနေသည်။ထိုအဆောင်များအား တစ်ချက်ကြည့်မိရုံဖြင့်ပင် မူးဝေပြီး ထိုင်းမှိုင်းလာမှုကို ခံစားရစေသည်။
လုယွီသည် သူ၏လက်ကိုဆန့်တန်းပြီး ခန်းမ၏တံခါးအား တွန်းလိုက်ရာ ချိပ်ပိတ်ထားကြောင်းကို တွေ့မြင်မိပေ၏။
မည်သည့်ချိပ်ပိတ်နည်းကိုအသုံးပြု၍ တံခါးကြီးအား ပိတ်ထားသည်ကို သူ မသိရှိသော်လည်း အလွန်အစွမ်းထက်လှသည်။
အကယ်၍ သူ အတင်းအကြပ်ဖွင့်ပါက ချိပ်ပိတ်ထားခြင်း၏တန်ပြန်အားကို ခံစားရနိုင်သည်။
နှင်းဘုရင်က ခနဲ့တဲ့တဲ့ ပြောဆိုသည်။
"ဘာလဲ...ငါတို့ကို ဒီနေရာထိခေါ်လာတာ ချိပ်ပိတ်ထားတာကို ကြည့်ဖို့လား...ဒီနေရာပတ်ဝန်းကျင်မှာ ခွေးလှောင်အိမ်ရှိနေတာတော့ မဟုတ်လောက်ပါဘူးနော်...ဟား...ဟား...ဟား..."
သူသည် အဆက်မပြတ်ရယ်မောနေပြီးနောက် ရုတ်တရက် ရပ်တန့်သွားသည်။
အကြောင်းအရင်းမှာ ခွေးနက်ကြီးသည် သူ၏ပါးစပ်မှနေ၍ သော့တစ်ချောင်းအား ထွေးထုတ်လိုက်ခြင်းကြောင့်ပင်။
"ငါ့မှာ ဒီနေရာရဲ့သော့မရှိဘူးလို့ ဘယ်ကောင်ပြောတာလဲ"
တာဟေးသည် နှင်းဘုရင်အား အထင်အမြင်သေးစွာ စောင်းငဲ့ကြည့်ပြီး တံခါးဖွင့်ရန်အတွက် အောင်းကွမ်းအား သော့ပစ်ပေးလိုက်၏။
အောင်းကွမ်းသည် သော့ကိုယူ၍ တံခါးမှသော့ခလောက်အတွင်းသို့ထည့်ကာ ညင်ညင်သာသာလှည့်လိုက်သည်။
ကလစ်...
တံခါးမှသော့ခလောက် ချက်ချင်းပင် ပွင့်သွားသည်။
မူလက စောင့်ကြည့်နေကြသူများအားလုံး ကြက်သေသေနေကြ၏။သူတို့၏ခေါင်းများအတွင်း၌လည်း အတွေးများဝီခေါ်နေသည်။
ဤနေရာသည် ရှေးဟောင်းအမွေအနှစ်နယ်မြေတစ်ခုဖြစ်သည်မှာ သိသာထင်ရှားပြီး သူတို့သည် ဤနေရာအကြောင်းကို တစ်ကြိမ်တစ်ခါမျှ ကြားသိဖူးခြင်းမရှိချေ။
သို့ရာတွင် ခွေးနက်ကြီးထံတွင် မည်သည်ကြောင့် ဤခန်းမ၏သော့ ရှိနေရသနည်း။
"မဖြစ်နိုင်ဘူး...မင်းက ခွေးနတ်ဆိုးသားရဲတစ်ကောင်လေ...မင်း ဒီသော့ကို တနေရာရာကခိုးလာတာပဲဖြစ်မယ်"
နှင်းဘုရင်သည် တာဟေးအား လက်ညှိုးညွှန်၍ အံ့တင်းတင်းကြိတ်ကာပြောဆိုသည်။
တာဟေးက အထင်အမြင်သေးသောအကြည့်ဖြင့် နှင်းဘုရင်အား စောင်းငဲ့ကြည့်လေ၏။
"တကယ်လို့ မင်း မဝင်ချင်ဘူးဆိုရင်လည်း...အပြင်မှာနေနိုင်တယ်"
သူတို့၏နောက်ရှိ ကျောက်ရုပ်ထုများအားလုံးသည် အသက်ဝင်နေပြီဖြစ်ကာ သွေးနီရောင်မျက်လုံးများဖြင့် ကျူးကျော်ဝင်ရောက်လာသူများကို ရှာဖွေနေကြသည်။
နှင်းဘုရင်သည် အေးစက်စက်နှာမှုတ်ပြီး လူအုပ်ကြီး၏နောက်မှလိုက်၍ ခန်းမအတွင်းသို့ ဝင်လိုက်တော့သည်။
Chapter 1585
ဘုန်း...
ခန်းမတံခါးကြီးအား ပိတ်လိုက်စဥ်မှာပင် ကျောက်ရုပ်ထုများ၏ခြေလှမ်းသံများသည် သူတို့နှင့် တဖြည်းဖြည်းနီးကပ်လာပေ၏။
"ဒီနေရာက မဟာမိုးကောင်းကင်ရွှေအင်မော်တယ်တစ်ယောက်ရဲ့နေရာပဲ...အဲ့ဒီကျောက်တုံးကောင်တွေ ဒီနေရာနားကို လာရဲမှာမဟုတ်ဘူး"
လုယွီက အနည်းငယ်သိချင်စိတ် ဝင်သွားသည်။
"ဘယ်လိုလုပ်ပြီး ခင်ဗျားဆီမှာ ဒီခန်းမရဲ့သော့ ရှိနေတာလဲ"
တာဟေးက စိတ်ကြီးဝင်မောက်မာသောအသံဖြင့် ပြောဆိုသည်။
"ပြန်တွေးကြည့်ရင် မဟာမိုးကောင်းကင်ရွှေအင်မော်တယ်က ငါ့ကို သော့ပေးပြီး ဒီနေရာကိုထိန်းသိမ်းစောင့်ရှောက်ခိုင်းခဲ့တာပဲ"
ခန်းမအတွင်းသို့ဝင်ရောက်လာသူတိုင်းသည် ခန်းမကြမ်းပြင်ကိုကြည့်ပြီးနောက် အံ့အားသင့်နေကြ၏။ဤနေရာတွင် မည်သည့်အဖိုးတန်မှော်ရတနာမှ ရှိမနေသော်လည်း ခန်းမအား အလှဆင်ထားသောကြမ်းပြင်သည် သာမာန်ထက်ထူးကဲနေသည်။
ခန်းမကြီး၏ခေါင်မိုးတွင် ကြီးမားသောကြယ်မြေပုံတစ်ခုရှိနေသည်။အချိန်ကြာမြင့်စွာ ကုန်လွန်လာခဲ့သည့်တိုင် ထိုကြယ်မြေပုံသည် ဖြည်းညှင်းစွာလည်ပတ်နေဆဲပင်။
သူတို့၏ခြေဖဝါးအောက်ရှိ ကြမ်းပြင်မှ ကျောက်ပြားတိုင်းပေါ်တွင် ရှေးဟောင်းအက္ခရာများကို ရေးထွင်းထားပြီး မှိန်ပျပျရွှေရောင်အလင်းကို ထုတ်လွှက်ပေးနေသည်။
"ဂရုစိုက်ကြ...ငါ ဒီနေရာကိုမရောက်တာ အချိန်အတော်ကြာနေပြီ"
တာဟေးသည် အလေးအနက်ထားသော အမူအယာဖြင့်ပြောဆိုပြီး ဘယ်ကွေ့ညာကွေ့ဖြင့် လူအုပ်ကြီးအား ဦးဆောင်၍သွားနေပေ၏။
ခန်းမ၏အတွင်းပိုင်းသို့ ဝင်ရောက်ချိန်တွင် အတားအဆီးဟူ၍ အမြောက်အများမရှိသော်လည်း ကြမ်းပြင်ပေါ်တွင် တားမြစ်ဝင်္ကပါတစ်ခု လျှို့ဝှက်တည်ရှိနေပုံရသည်။အကယ်၍ တစ်စုံတစ်ယောက်သည် ခြေတစ်လှမ်းမှားသွားပါက ဆိုးဆိုးရွားရွားကိစ္စများ ဖြစ်ပျက်သွားနိုင်သည်။
ကံကောင်းထောက်မစွာဖြင့် ယခုနေရာသို့ရောက်နေသူများသည် အတွေ့အကြုံကြွယ်ဝသော ကျင့်ကြံသူများဖြစ်သည်။သူတို့သည် အခြေအနေကို သိရှိနားလည်ပြီး တာဟေး၏ခြေလှမ်းအတိုင်း ထပ်ချပ်မကွာ နင်းလျှောက်ကြပေ၏။
လူတိုင်းသည် အလွန်အမင်း သတိထားနေကြပြီး ဆိုးရွားသောကိစ္စတစ်ခုနှင့် ကြုံတွေ့ရမည်ကို ကြောက်ရွံထိတ်လန့်နေကြသည်။
နောက်ဆုံး၌ အမွှေးတိုင်တစ်တိုင်စာခန့်အကြာတွင် သူတို့အားလုံး ခန်းမ၏အလယ်ဗဟိုသို့ ရောက်ရှိလာပေ၏။
"မင်း ငါတို့ကို ဒီနေရာဘာလို့ခေါ်လာတာလဲ"
ယန်ရှန်းကုံးက အလေးအနက်ထားသောလေသံဖြင့် မေးမြန်းသည်။
တခြားသူများသည်လည်း သိချင်စိတ်ပြင်းပြသောမျက်လုံးများဖြင့် တာဟေးကို စူးစိုက်၍ကြည့်နေကြ၏။
အကယ်၍ တခြားတစ်ယောက်ကြောင့်သာ သူတို့ ဤနေရာသို့ရောက်ရှိလာပါက များစွာတွေးတောမိမည်မဟုတ်ချေ။
သို့ရာတွင် သူတို့အနက်မှလူတချို့သည် လုယွီနှင့်ရန်စရှိကြောင်း သိသာထင်ရှားသည်။မည်သို့ပင်ဆိုစေကာမု လုယွီ၏နံဘေး၌ ဤနေရာအကြောင်း အမြောက်အများသိနေသော ခွေးနက်ဆိုးသားရဲတစ်ကောင်ရှိနေခြင်းမှာ သူတို့အား အံ့အားသင့်စေသည်။
တာဟေးက အထင်အမြင်သေးသောအကြည့်ဖြင့် ကျင့်ကြံသူများအား ကြည့်လိုက်၏။
"ဘိုးဘေးငါက မင်းတို့ကောင်တွေနဲ့ ပတ်သက်ဖို့ကို အာရုံထဲတောင်မရှိဘူး...မင်းတို့ကိုယ်မင်းကို အရမ်းမြင့်မြင့်မားမားကြီး တွေးမထားကြနဲ့"
တာဟေးသည် သူ၏လက်ဖဝါးကိုဆန့်ထုတ်ပြီး ပတ်ဝန်းကျင်ရှိနံရံများကိုပုတ်ကာ တစ်စုံတစ်ခုကို ရှာဖွေနေသည်။
လုယွီက မျက်မှောင်ကြုတ်၍ ပြောဆိုသည်။
"ခင်ဗျား ဘာရှာနေတာလဲ"
"လျှို့ဝှက်လမ်းကြောင်း"
တာဟေးက ညည်းတွားပြောဆိုလေ၏။
"အဲ့ဒီနေ့ရက်တွေတုန်းက ငါ လူအမြောက်အများကို ရန်စခဲ့မိတယ်...ဒါကြောင့် ငါက ဖြတ်သန်းသွားဖို့အတွက် ဒီနေရာက လျှို့ဝှက်လမ်းကြောင်းကို အသုံးပြုခဲ့ရတယ်...ဒီလျှို့ဝှက်လမ်းကြောင်းက နေရာမျိူးစုံကို သွားနိုင်တာကြောင့် အပြင်ဘက်က ကျောက်ရုပ်ထုတွေကို ရှောင်ရှားနိုင်လိမ့်မယ်"
ထို့နောက် သူက လုယွီထံသို့ အသံသတင်းစကားတစ်ခု ပေးပို့လိုက်သည်။
"ကောင်းကင်ဘုံတရားရုံးပြိုလဲသွားချိန်မှာ...အဲ့ဒီကျောက်ရုပ်ထုတွေက ဒီနေရာရဲ့သစ္စာရှိအစောင့်အကြပ်တွေ ဖြစ်လာခဲ့တယ်....ကောင်းကင်ဘုံတရားရုံးမှာ အရှင်သခင်သစ်မရှိသရွေ့ အဲ့ဒီကျောက်ရုပ်ထုတွေက ကျူးကျော်ဝင်ရောက်လာတဲ့ ဘယ့်သူကိုမဆို လိုက်သတ်မှာပဲ...တကယ်လို့ မင်းက ဒီကိစ္စတွေကို ငြိမ်းငြိမ်းချမ်းချမ်းဖြတ်ကျော်ချင်တယ်ဆိုရင်တော့ ဒီနေရာရဲ့အရှင်သခင်ဖြစ်အောင် လုပ်မှရမယ်"
ဘုတ်...
ထိုအချိန်မှာပင် တာဟေးသည် တစ်စုံတစ်ခုအား တွေ့ရှိသွားပုံဖြင့် သူ၏မျက်လုံးများ တောက်ပသွားသည်။ရုတ်ချည်းဆိုသလိုပင် သူက ရှေးဟောင်းမန္တန်တစ်ပုဒ်ကိုရွတ်ဆိုလိုက်ရာ ကြီးမားသောရှစ်ထောင့်ကြယ်ပုံရိပ်ကြီးက နံရံထက်၌ ထွက်ပေါ်လာပေ၏။
ထို့နောက် ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ တောက်ပသောအဖြူရောင်အလင်းတန်းတစ်တန်းက လူအားလုံး၏ရှေ့၌ ထွက်ပေါ်လာသည်။
နံရံ၏နောက်ဘက်တွင် အမှန်တကယ်ကိုပင် လမ်းတစ်လမ်းရှိနေသည်။
ကျင့်ကြံသူများသည် ထိုလမ်းအတွင်းသို့ဝင်သွားရာ လျှို့ဝှက်လမ်းကြောင်းဟု ခေါ်ဆိုသောနေရာတွင် မှောင်မည်းနေသောနေရာဟူ၍ တစိုးတစိမျှပင်မရှိကြောင်း တွေ့မြင်ရပေ၏။ဤနေရာသည် အပြည့်အဝ လင်းထိန်တောက်ပနေသောနေရာဖြစ်နေသည်။
"ဒါက မဟုတ်သေးဘူး...ဒီနေရာက ဘာလို့ ဒီလိုပုံဖြစ်နေရတာလဲ"
တာဟေး၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။
ထိုအချိန်မှာပင် ကျယ်ပြောသောဖိအားအရှိန်အဝါတစ်ရပ်သည် လမ်း၏အဆုံးသတ်မှနေ၍ ရောက်ရှိလာပေ၏။
ဤအချိန်အခိုက်အတန့်တွင် လမ်းအတွင်းသို့ဝင်လာသော မည်သည့်ကျင့်ကြံသူမဆို သူတို့၏နှလုံးသားများ တုန်ခါလာခြင်းကို ခံစားလိုက်ရသည်။ထိုသူများ၏ ကျင့်ကြံဆင့် မြင့်မားသည်ဖြစ်စေ နိမ့်ပါးသည်ဖြစ်စေ သူတို့အားလုံး၏ပါးစပ်ထောင့်များမှ သွေးများယိုစီးကျလာသည်။
လုယွီ၏ခန္ဓာကိုယ်သည်လည်း တုန်ခါလာပြီး သူ၏မျက်လုံးများအတွင်း၌ မယုံကြည်နိုင်သောအရိပ်အယောင်များ ထင်ဟပ်နေပေ၏။ သူ၏ရင်ဘတ်ပေါ်ရှိ လျှို့ဝှက်ဆန်းကြယ်ထိုက်ကျိအမှတ်အသားက ဤအချိန်အခိုက်အတန့်တွင် ပြန်လည်ထွက်ပေါ်လာခဲ့သည်။
Thank For Reading.