← Chapters

အခန်း (၁၅၈၆-၁၅၉၀)

Vol. 83 Ch. 1586-1590

အခန်း (၁၅၈၆-၁၅၉၀)

Vol. 83 Ch. 1586-1590

Chapter 1586

"ထူးဆန်းလိုက်တာ...ဘာလို့ ဒီနေရာက ခုလိုမျိုးဖြစ်သွားတာလဲ"

ရုတ်ချည်းဆိုသလိုပင် တာဟေးသည် သူ၏ပါးစပ်အတွင်းမှ အနက်ရောင်ဒိုင်းတစ်ခုကိုအန်ထုတ်ပြီး အော်ဟစ်လိုက်၏။

"တိုက်ခိုက်စမ်း"

ထိုအနက်ရောင်ဒိုင်းသည် အဆများစွာ ပို၍ကြီးမားသွားပြီး ရှေ့ရှိ အဖြူရောင်အလင်းတန်းများအားလုံးကိုလွှမ်းခြုံကာ အဝေးသို့တွန်းထုတ်လိုက်သည်။

အဖြူရောင်အလင်းတန်းများ လွင့်ပါးသွားသည်နှင့် ကျင့်ကြံသူများအပေါ်သို့ သက်ရောက်နေသော ဖိအားအရှိန်အဝါ ချက်ချင်းပင်လျော့ကျသွားရာ သူတို့က တာဟေး၏နောက်သို့ အလျင်စလို အပြေးလိုက်ကြ၏။

သူတို့အားလုံး ရှေ့သို့ဆက်လက်၍ လျှောက်လှမ်းခဲ့သည်။သို့ရာတွင် သူတို့ အဝေးသို့မရောက်ခင်အချိန်မှာပင် သူတို့ရှေ့၌အဖြူရောင်မြူခိုးထုကြီးရှိနေသည်ကို တွေ့မြင်ကြရသည်။

ထိုမြူခိုးများအကြား၌ ပုံရိပ်တချို့ ရှိနေသည်။ထိုပုံရိပ်များသည် ရှေ့တိုးနောက်ငင် လမ်းလျှောက်နေသော်လည်း မည်သည့်ခြေလှမ်းသံမျှ မကြားရသည်မှာ အလွန်အမင်း ထူးဆန်းလှ၏။

"ဒီနေရာမှာ တခြားလူတွေ ရှိနေတာလား"

ဤအချိန်အခိုက်အတန့်တွင် ကျင့်ကြံသူများသည် ရန်သူများနှင့် ရင်ဆိုင်တွေ့သည့်အလား သတိထားလိုက်ကြသည်။

လုယွီသည် မြင့်မြတ်ဧကရာဇ်ခန္ဓာကိုယ်နည်းစနစ်ကို ကျင့်ကြံပြီးချိန်မှစ၍ သူ့စိတ်ဝိညာဥ်၏စွမ်းအားကို အသုံးမပြုလျှင်ပင် သူ၏အမြင်အာရုံသည် လေဟာနယ်ကိုထွင်းဖောက်၍ မြင်နိုင်စွမ်းရှိသည်။

မြူခိုးများအကြား၌ လမ်းလျှောက်နေသူများသည် ရုပ်သေးရုပ်များနှင့်တူညီပြီး သူတို့၏မျက်လုံးအကြည့်များသည် ထိုင်းမှိုင်းနေပေ၏။သူတို့သည် ပုံရိပ်ယောင်ကမ္ဘာတစ်ခုတွင်ပိတ်မိနေသကဲ့သို့ သူတို့ကိုယ်သူတို့ တီးတိုးစကားများ ပြောဆိုနေသည်။

မြူခိုးများ ပျက်ပြယ်သွားချိန်တွင် ကျင့်ကြံသူများသည် သူတို့ရှေ့ရှိမြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရတော့သည်။

"ဒါက မြင့်မြတ်အရှင်မီးနဂါးမဟုတ်လား"

"ဒါက....တာအိုဘိုးဘေးချန်ခွန်း မလား..သူတို့က အရင်ကောင်းကင်ဘုံလမ်းကြောင်း ပွင့်တဲ့အချိန်တုန်းက သေသွားကြတာလေ...ဘယ်လိုဖြစ်ပြီး သူတို့က ဒီနေရာမှာ ထွက်ပေါ်လာတာလဲ"

စီနီယာမှော်ဆရာကျူး၏လက်များ အနည်းငယ်တုန်ရီနေပြီး သူ၏မျက်လုံးအတွင်း၌ တုန်လှုပ်ချောက်ချားမှုအရိပ်အယောင်များ ထင်ဟပ်နေပေ၏။

သူသည် ယခင်ကောင်းကင်ဘုံလမ်းကြောင်းအတွင်း၌ ပါဝင်ယှဥ်ပြိုင်ခဲ့သူဖြစ်သည်။သူ့ရှေ့ရှိလူများသည် ယခင်က ကောင်းကင်ဘုံလမ်းကြောင်းကို လျှောက်လှမ်းရာတွင် သေဆုံးသွားခဲ့သူများဖြစ်ပေ၏။

စီနီယာမှော်ဆရာကျူးသည် တချို့လူများ၏နာမည်များကို ခေါ်ဆိုလိုက်သော်လည်း ထိုလူများသည် တစ်စုံတစ်ခု၏ထိန်းချုပ်မှုအောက်သို့ ရောက်ရှိနေပုံရပြီး သူတို့က တုံ့ပြန်ဖြေဆိုခြင်းမပြုချေ။

တာဟေးက စိတ်ရှုပ်ထွေးစွာဖြင့် ပြောဆိုသည်။

"သောက်ချေးပဲ...ဒီလျှို့ဝှက်လမ်းကြောင်းကို ငါ တစ်ယောက်တည်းပဲ သိတာလေ..ဘယ်လိုလုပ်ပြီး ဒီလူတွေက ကျုးကျော်ဝင်ရောက်နေတာလဲ"

ထိုအချိန်မှာပင် ယခင်ကဆုတ်ခွါသွားသော အဖြူရောင်အလင်းတန်းများသည် အနက်ရောင်ဒိုင်းအား ထိုးဖောက်နိုင်ရန် ကြိုးပမ်းလာကြ၏။

အနက်ရောင်ဒိုင်းသည် ထပ်မံ၍ထွင်းဖောက်ခံရပြီးနောက် မြောက်မြားစွာသောအစိတ်အပိုင်းများအဖြစ်ကွဲကြေ၍ အရပ်မျက်နှာအဘက်ဘက်သို့ လွင့်စင်သွားတော့သည်။

ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်နေရာတစ်ခုလုံးအား ကျယ်ပြန့်သောအဖြူရောင်အလင်းတန်းများက လွှမ်းခြုံသွားသည်။

တာဟေးသည် ထိတ်လန့်တုန်လှုပ်သွားသဖြင့် သူ၏အသွေးအရောင်ပင် ဖြူရော်သွားပြီး သူ့ကိုယ်သူ ကာကွယ်နိုင်ရန်အတွက် မှော်ရတနာအမြောက်အများကို ဆင့်ခေါ်လိုက်၏။

"နောက်ဆုတ်...မြန်မြန်နောက်ဆုတ်ကြစမ်း...ဒီဘိုးဘေးက မကောင်းတဲ့ခံစားချက်မျိုးရနေတယ်"

တာဟေး၏မျက်နှာ ရှုံတွနေပြီး သူက လူတိုင်းအား နောက်ဆုတ်ရန် အလျှင်အမြန်တိုက်တွန်းနှိုးဆော်လေသည်။

သို့သော် ထိုအချိန်မှာပင် ပြင်းထန်သောဖိအားအရှိန်အဝါတစ်ရပ်က လူများအားလုံးပေါ်သို့ သက်ဆင်းလာပေ၏။

ဘုန်း...ဘုန်း...ဘုန်း...

တာဟေးဆင့်ခေါ်ထားသော မှော်ရတနာများ တစ်ချိန်တည်း ပေါက်ကွဲသွားသည်။

ထိုအဖြူရောင်အလင်းတန်းမှနေ၍ လေးလံသောစာလိပ်တစ်လိပ် ပျံဝဲထွက်လာပြီး လုယွီ၏ရှေ့၌ မျောလွင့်နေသည်။

တစ်ချိန်တည်းမှာပင် လုယွီသည် သူ၏ခန္ဓာကိုယ်အတွင်းမှ ထိုက်ကျိအမှတ်အသားသည် အထိန်းအချုပ်မဲ့စွာ ထွက်ပေါ်လာသည်ကို ရုတ်တရက် ခံစားမိသည်။

ထိုစာလိပ်ပေါ်တွင် မရေမတွက်နိုင်သော ရှေးဟောင်းစည်းတံဆိပ်အက္ခရာများရှိနေသည်။လုယွီသည် ထိုစာလိပ်အားကြည့်လိုက်သည်နှင့် ချက်ချင်းပင် သူ၏ခန္ဓာကိုယ်အတွင်းရှိ အတားအဆီးတချို့ ပျက်ပြယ်သွားသည်ကို ခံစားလိုက်ရ၏။

"လျှို့ဝှက်ဆန်းကြယ်မိုးကောင်ကင်ကျမ်းစာက တကယ်ကြီး မင်းကို ရွေးချယ်ထားတာပါလား"

တာဟေးသည် ကူကယ်ရာမဲ့စွာဖြင့် စူးရှရှအော်ဟစ်လိုက်သည်။

ထိုစကားသံအားကြားလိုက်သည်နှင့် နံဘေးပတ်ဝန်းကျင်ရှိလူများ၏ အသက်ရှုသံများ မြန်လာသည်။

ရှေးခေတ်အချိန်ကာလများတွင် ထိုက်ဟွာ လျို့ဝှက်ဆန်းကြယ်မိုးကောင်းကင်နှင့် ယင်ယန်ဟူသော မဟာကျမ်းစာသုံးခုရှိခဲ့သည်။

ဒဏ္ဍာရီများအရ အကယ်၍ တစ်စုံတစ်ယောက်သည် ထိုကျမ်းစာသုံးခုကို နားလည်သဘောပေါက်နိုင်ပါက ရှေးခေတ်အချိန်ကာလများမှထားခဲ့သော ကျိန်စာကိုချိုးဖျက်နိုင်ပြီး ထိုသူသည် အစစ်အမှန်အင်မော်တယ်ခန္ဓာကိုယ်ကို ရရှိပေမည်။

သို့ရာတွင် ထိုကိစ္စသည် ဒဏ္ဍာရီအရဖြစ်ပြီး လူအများက ကြားဖူးရုံမျှသာရှိသည်။

"ငါလည်း တစ်ချက်ကြည့်ကြည့်ရအောင်"

ယန်ရှန်းကုံးသည် ခြေတစ်လှမ်းရှေ့တက်ပြီး ထိုကျမ်းစာအားကြည့်ရန် ကြိုးပမ်းလိုက်၏။

သို့ရာတွင် ကျမ်းစာပေါ်ရှိစည်းတံဆိပ်အက္ခရာများပေါ်သို့ သူ၏အကြည့်ကျရောက်သွားသည်နှင့် သူ၏မျက်လုံးပြင်းပြင်းထန်ထန်နာကျင်လာသဖြင့် ကူကယ်ရာမဲ့စွာ သူ၏မျက်လုံးများကို ပိတ်လိုက်ရသည်။

တာဟေးက ပြက်ရယ်ပြုရယ်မောပြီး ပြောဆိုသည်။

"တကယ်လို့ တစ်စုံတစ်ယောက်က ရှေးဟောင်းတာအိုကျမ်းစာကို အခွင့်အရေးရလို့ ရရှိခဲ့မယ်ဆိုရင်တောင်...နားလည်သဘောပေါက်နိုင်ဖို့ အဲ့ဒီလူမှာ လုံလောက်တဲ့ ရုပ်ပိုင်းဆိုင်ရာခွန်အားနဲ့စိတ်ဝိညာဥ်အင်အားရှိဖို့လိုသေးတယ်...မင်းရဲ့အရည်အချင်းလောက်နဲ့တော့ စဥ်းတောင်မစဥ်းစားနဲ့"

Chapter 1587

တာဟေး၏စကားလုံးများသည် အကြောင်းအရင်းမရှိ ပြောဆိုခြင်းမဟုတ်ချေ။

လုယွီသည် ရှေးဟောင်းခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်နှစ်ခုကို ပိုင်ဆိုင်ထားသည့်အပြင် ရှေးဟောင်းသိုင်းပညာရပ်အမြောက်အများကို လေ့ကျင့်ထားသည်။သူသည် ရှေးဟောင်းကျင့်ကြံခြင်းလမ်းကြောင်းကို လျှောက်လှမ်းနေသူဖြစ်၍ တခြားကျင့်ကြံသူများကျင့်ကြံသော အတုအယောင်အင်မော်တယ်လမ်းကြောင်းဖြင့် မတူညီချေ။

တခြားကျင့်ကြံသူများသည် ကံကြမ္မာကောင်းတချို့နှင့် ကြုံတွေ့ကောင်းကြုံတွေ့ရနိုင်သည်။သို့ရာတွင် သူတို့သည် ရုပ်ပိုင်းဆိုင်ရာခွန်အားအရဆိုပါက လုယွီအား ယှဥ်ပြိုင်နိုင်မည်မဟုတ်ချေ။

သို့ရာတွင် တာဟေး၏စကားကို နားလည်သဘောပေါက်သူမရှိပေ။

ယန်ရှန်းကုံး မုန့်ရွှမ်ကျိုးနှင့် တခြားကျင့်ကြံသူများ၏မျက်နှာများပေါ်တွင် စိတ်မပျော်မရွှင်ဖြစ်သွားသော အရိပ်အယောင်များ ထင်ဟပ်လာပေ၏။

သူတို့အား သေမျိုးခန္ဓာကိုယ်ပိုင်ရှင်များဟုဆိုပါက လုယွီသည် မည်ကဲ့သို့ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်သနည်း။

"လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ ပေါ်ထွက်လာမှုက လောကကြီးတစ်ခုလုံးအတွက် အဓိကအရေးကိစ္စကြီးပဲ....လောကကြီးထဲမှာရှိတဲ့ ရတနာတွေအားလုံးကို ကံကြမ္မာရေစက်ရှိသူပဲ တွေ့မြင်နိုင်တာ...ငါတို့အားလုံးက ဒီရှေးဟောင်းတာအိုကျမ်းစာကို မြင်တွေ့ပြီးပြီဆိုမှတော့...ငါတို့မှာလည်း ဒါကိုကြည့်ဖို့ အခွင့်အရေးရှိတယ်"

မုန့်ရွှမ်ကျိုးက လေသံဖျော့ဖျော့ဖြင့် ပြောဆိုသည်။

သူတို့လူစုတင်မက လုထျန်းကန် အောင်းကွမ်းနှင့်တခြားလူများလည်း စိတ်လှုပ်ရှားနေကြ၏။

လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာသည် ဒဏ္ဍာရီအတွင်းတွင်သာတည်ရှိခဲ့သော ရှေးဟောင်းတာအိုကျမ်းစာဖြစ်သည်။ထိုအရာအား လုယွီ လေ့လာဆင်ခြင်နေသည်ကိုမြင်ချိန်တွင် သူတို့အားလုံးကလည်း ကျမ်းစာအား မြင်တွေ့လိုကြသည်။

"တကယ်လို့ မင်းတို့ အဲ့ဒီကျမ်းစာကို ကြည့်ချင်တယ်ဆိုရင် လွတ်လွတ်လပ်လပ်ကြည့်နိုင်တယ်...ပြီးမှ ငါ သတိမပေးဘူးလို့ အပြစ်မတင်ကြနဲ့"

တာဟေးသည် အေးအေးလူလူနေနေပြီး တစ်စိုးတစိမျှပင် အာရုံစိုက်ပုံမရချေ။

ကျင့်ကြံသူများသည် သူတို့ရှေ့၌ ရှေးဟောင်းတာအိုကျမ်းစာရှိနေသဖြင့် တုံ့ဆိုင်းနေခြင်းမရှိကြတော့ပေ။သူတို့သည် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာကို လေ့လာဆင်ခြင်နိုင်ရန်ရည်ရွယ်၍ အပြေးအလွှား သွားလိုက်ကြ၏။

စာလိပ်ပေါ်တွင် မရေမတွက်နိုင်သောရှေးဟောင်းစည်းတံဆိပ်အက္ခရာများကို သိပ်သည်းသောစုတ်ချက်ဖြင့် ရေးထိုးထားသည်။တချို့နေရာများတွင် ယင်တစ်ကောင်ကဲ့သို့သေးငယ်သော ရုပ်ပုံများကို ရေးဆွဲထားပြီး အနီးကပ်ကြည့်ရှုမှသာ ထိုအရာများအား သဲသဲကွဲကွဲမြင်နိုင်ပေမည်။

အကယ်၍ တစ်စုံတစ်ယောက်သည် ကျမ်းစာအား သာမာန်ကာလျှံကာကြည့်ရှုလိုက်ပါက မည်သည့်အရာကိုမျှ ခံစားရမည်မဟုတ်ချေ။သို့ရာတွင် တစ်စုံတစ်ယောက်သည် ကျမ်းစာအား သေသေချာချာ လေ့လာဆင်ခြင်ကြည့်ပါက ချက်ချင်းပင် မူးဝေမှုကိုခံစားလာရပြီး စိတ်ဝိညာဥ်ပင် ထိခိုက်ဒဏ်ရာ ရရှိသွားနိုင်သည်။

"ငါက သူတော်စင်တစ်ယောက်ရဲ့မျိုးဆက်လေ...ဘာလို့ ဒီကျမ်းစာကို လေ့လာဆင်ခြင်လို့မရတာလဲ"

ယန်ရှန်းကုံးသည် သူ၏မျက်ခုံးနှစ်ခုကြားသို့ သူ့လက်ဝါးဖြင့် ပြန်လည်ရိုက်နှက်လိုက်၏။ရုတ်ချည်းဆိုသလိုပင် သူ၏မျက်လုံးမှနေ၍ တောက်ပသောအလင်းရောင်များ ဖြာထွက်လာသည်။

ဤအချိန်အခိုက်အတန့်တွင် သူ့စိတ်ဝိညာဥ်၏စွမ်းအားများ အလွန်အမင်း မြင့်တက်လာပေ၏။

ယန်ရှန်းကုံးသည် စွမ်းအားများအလုံအလောက် စုစည်းပြီးသည်နှင့် သူ၏မျက်လုံးအကြည့်ကို လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျောက်စာထံသို့ ကျရောက်သွားစေသည်။

သို့ရာတွင် အဆုံးသတ်၌ သူ ထပ်မံ၍ကျရှုံးခဲ့ရသည်။

ကျမ်းစာအားလေ့လာဆင်ခြင်လိုသော တခြားသူများ၏အခြေအနေသည်လည်း ကောင်းမွန်ခြင်းမရှိချေ။

မုန့်ရွှမ်ကျိုး၏ခန္ဓာကိုယ်သည် ကြိုးပြတ်သွားသည့်စွန်ကဲ့သို့ လွင့်ထွက်သွားသော်လည်း သူ မြေပြင်ပေါ်မကျသွားစေရန် မုန့်ကျူးယွင်က ကူညီလိုက်သည်။

လီကျီးသည် အေးစက်စက်နှာတစ်ချက်မှုတ်လိုက်၏။သူ့ကိုကြည့်ရသည်မှာ များစွာထိခိုက်သွားပုံမရသော်လည်း ကျရှုံးသွားခြင်းမှာ သိသာထင်ရှားသည်။

စီနီယာမှော်ဆရာကျူး နှင်းဘုရင်နှင့် တခြားကျင့်ကြံသူများသည် သူတို့၏စိတ်ဝိညာဥ်များကို ကျင့်ကြံထားသူများမဟုတ်သဖြင့် အချိန်တခဏပင်တောင့်ခံနိုင်စွမ်းမရှိဘဲ ကျရှုံးသွားရသည်။

"ဘာလို့လဲ...ဘာလို့ ငါတို့ကျ ကြည့်လို့မရဘဲ...အဲ့ဒီကောင်စုတ်လေးက လုပ်ချင်သလိုလုပ်လို့ရနေတာလဲ"

နှင်းဘုရင်သည် လက်မခံနိုင်ဟန်ဖြင့် အော်ဟစ်ကြုံးဝါးလိုက်၏။

သူ ပြောဆိုလိုက်သော စကားလုံးများသည် ယခုလက်ရှိနေရာတွင်ရှိနေသော လူတိုင်း၏စိတ်နှလုံးသားများအတွင်းမှ တွေးတောနေသောအရာဖြစ်သည်။

ဤသည်က လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာပင်။ရှေးခေတ်အချိန်ကာလများအတွင်းတွင်ပင် ဤကျမ်းစာအတွက် မရေမတွက်နိုင်သောကျင့်ကြံသူများ တိုက်ခိုက်နေကြ၏။

ထိုကဲ့သို့ရတနာမျိုးသည် သူတို့၏မျက်စိရှေ့၌ ထင်ထင်ရှားရှားရှိနေသော်လည်း သူတို့ ကြည့်ရှုနိုင်စွမ်းမရှိချေ။

လုယွီသည် လေ့လာဆင်ခြင်မှုအတွင်း နစ်မြုပ်နေပြီး လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာမှစွမ်းအားများ သူ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်နေသည်ကို မြင်တွေ့ချိန်တွင် လူများအားလုံး၏စိတ်နှလုံးသားအတွင်း၌ မနာလိုအားကျမှုများ ပေါက်ဖွားလာပေ၏။

ထို့ပြင် အကယ်၍ အဆုံးသတ်သို့ရောက်ရှိသွားလျှင် သူ ယခင်က ပြုလုပ်ခဲ့သောကိစ္စများကြောင့် လုယွီ သူ့အားအလွတ်ပေးမည်မဟုတ်ချေ။

နှင်းဘုရင်၏မျက်လုံးများ တဖြည်းဖြည်းအနီရောင်တောက်ပလာပေ၏။သူသည် လုယွီအား ရန်စထားမိသည်။ယခုချိန်တွင် လုယွီသည် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျောက်စာအား လေ့လာဆင်ခြင်နေခြင်းကို သူ မြင်တွေ့နေရရာ မည်သည်ကြောင့် သူ ဒေါသမထွက်ဘဲနေနိုင်မည်နည်း။

"ငါမရရင် မင်းလည်းမရစေရဘူး"

နှင်းဘုရင်သည် ရုတ်တရက်အော်ဟစ်ကြုံးဝါးပြီးနောက် သူ၏နောက်ကျောတွင်ပိုးထားသော ဓားရှည်အတွင်းသို့ သူ၏မှော်စွမ်းအားများကို ထည့်သွင်းလိုက်၏။ထို့နောက် သူက ဓားရှည်ကိုကိုင်ဆောင်၍ လုယွီထံဦးတည်ကာ အပြေးဝင်သွားတော့သည်။

Chapter 1588

"အတင့်ရဲလှချည်လား"

"ခွေးမသား...မင်း သေချင်နေတာလား"

ရုတ်ချည်းဆိုသလိုပင် လုယွီဘက်မှ ကျင့်ကြံသူများအားလုံးက တုံ့ပြန်လိုက်ကြသည်။

နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်နှင့် အကြီးအကဲရှင်းတို့သည် တစ်ချိန်လုံး မည်သည့်စကားမျှမဆိုသော်လည်း လုယွီ တိုက်ခိုက်ခံရသည်ကိုမြင်တွေ့ချိန်တွင် ချက်ချင်းကူညီပေးကြ၏။

ဘုန်း...ဘုန်း...

ရုတ်ချည်းဆိုသလိုပင် လုယွီ၏နံဘေးပတ်လည်၌ မြောက်မြားစွာသော မှော်စွမ်းအင်အကာအကွယ်အလွှာများ ထွက်ပေါ်လာသည်။

သို့ရာတွင် အရာအားလုံးသည် လျှပ်တပြက်စာအချိန်အတွင်း ဖြစ်ပျက်သွားခြင်းဖြစ်သည်။လုယွီ၏လူများသည် ဤကဲ့သို့အခြေအနေမျိုးနှင့် ကြုံတွေ့ ရမည်ဟု မျှော်လင့်ထားခြင်းမရှိချေ။

ထို့ကြောင့် သူတို့၏မှော်စွမ်းအင်အကာအကွယ်များသည် အချိန်တခဏခန့် နောက်ကျသွားသည်။

ဘုန်း...ဘုန်း...ဘုန်း...

နှင်းဘုရင်၏ဓားသည် မည်သည့်အတားအဆီးမျှမရှိဘဲ ရှေ့ရှိအကာအကွယ်အလွှာတချို့ကို လွယ်လင့်တကူ ထွင်းဖောက်သွားပေ၏။

အကြီးအကဲရှင်းတို့လူစု ထိတ်လန့်တုန်လှုပ်သွားသည်။သူတို့ရှေ့ရှိဓားပျံမှနေ၍ လောကကြီးအတွင်းရှိမည်သည့်အရာမျှ မတားဆီးနိုင်သောအရှိန်အဝါမျိုး ထုတ်လွှက်ထားသည်ကို သူတို့ ခံစားမိပေ၏။

ထိုအခြင်းအရာကိုမြင်သည်နှင့် နှင်းဘုရင်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

"ဒါက ရှေးခေတ်ကတည်းက ဆင်းသက်လာတဲ့ မှော်ရတနာတစ်ခု...မင်းတို့က ဒါကို ဟန့်တားချင်တာလား"

စကားဆုံးသည်နှင့် သူသည် နောက်သို့ဆုတ်ခွာ၍ ထွက်ပြေးတော့သည်။ယခုလက်ရှိအချိန်တွင် နှင်းဘုရင်သည် တစ်ယောက်တည်းသမားဖြစ်နေသဖြင့် မည်သည့်နောက်ဆံတင်းစရာမျှမရှိချေ။သူသည် လျှပ်ပြက်သကဲ့သို့ အလွန်လျှင်မြန်စွာ ထွက်ပြေးသွားပေ၏။

ဓားပျံသည် လုယွီအား ထိုးစိုက်မိလုဆဲဆဲ အခြေအနေသို့ ရောက်ရှိနေလေပြီ။

"မဟုတ်ဘူး"

ပိုင်ဆုချင်က စိုးရိမ်ပူပန်တကြီး အော်ဟစ်လိုက်၏။

သို့သော် ထိုအချိန်မှာပင် လုယွီ၏ရှေ့၌ မျောလွင့်နေသောစာလိပ်သည် ရုတ်တရက် လေထုအတွင်းသို့ မြောက်တက်သွားသည်။

ထိုစာလိပ်ပေါ်ရှိ ရှေးဟောင်းစည်းတံဆိပ်အက္ခရာများမှနေ၍ လျှို့ဝှက်ဆန်းကြယ်သောအဖြူရောင်အလင်းတန်းများ ဖြာထွက်လာသည်။

အဖြူရောအလင်းတန်းများထွက်ပေါ်လာပြီးနောက် မမြင်နိုင်သောအားလှိုင်းတစ်ရပ်က ပတ်ဝန်းကျင်နေရာတစ်ခုလုံးအား ပျံ့နှံ့သွားပေ၏။မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် ယခုနေရာ၌ရှိနေသူများအားလုံး ထိုအဖြူရောင်အလင်းတန်း၏လွှမ်းခြုံခြင်း ခံလိုက်ရသည်။

တာဟေးသည် တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားပုံဖြင့် အော်ဟစ်လိုက်၏။

"ဒါက ငါနဲ့ဘာမှမဆိုင်ဘူး..."

ဘုန်း...

မည်သည့်ဆိုင်းငံမှုမျှမရှိဘဲ အဖြူရောင်အလင်းတန်းများသည် တာဟေးကိုလည်း ရစ်ပတ်သွားတော့သည်။

ရုတ်ချည်းဆိုသလိုပင် ယခုလက်ရှိနေရာရှိ လူများအားလုံး နေရာမှာပင် ကြက်သေသေနေကြပြီး အနည်းငယ်မျှပင် မလှုပ်ရှားနိုင်ကြတော့ချေ။သူတို့သည် တစ်စုံတစ်ခု၏ထိန်းချုပ်မှုကို ခံလိုက်ရပုံဖြင့် ရုပ်သေးရုပ်များကဲ့သို့ နေရာမှာပင် မတ်တတ်ရပ်နေကြရသည်။

.....

အချိန်အတော်ကြာ ကြာမြင့်ပြီးနောက်...

နေရောင်ခြည်တန်းက လုယွီ၏မျက်လုံးရှေ့၌ တောက်ပလာသည်။လုယွီသည် မျက်လုံးဖွင့်ကြည့်လိုက်ရာ သူ့ရှေ့၌ အပြာရောင်တောက်ပနေသော မိုးကောင်းကင်ကြီးရှိနေသည်ကို တွေ့မြင်မိ၏။သူ့ရှေ့၌ ကြိုးကြာများအတန်းလိုက် ပျံဝဲနေပြီး သူ၏နံဘေးပတ်ဝန်းကျင်တွင် အင်မော်တယ်ချီများဖြင့် ပြည့်နှက်နေသည်။

"ငါက လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင် ကျမ်းစာကို လေ့လာဆင်ခြင်နေတာလေ...ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်လာတာလဲ"

လုယွီက ရေရွတ်လိုက်သည်။

သူက ဖြည်းညှင်းစွာ မတ်တတ်ထရပ်လိုက်စဥ်မှာပင် ကျယ်လောင်သောအသံတစ်သံကြောင့် သူ ကြက်သေသေသွားသည်။

"ယဲ့ရွှင်း...ငါ မင်းကို အနီရောင်သရဖူကြိုးကြာတွေကိုရေတိုက်ဖို့ ခေါ်ခိုင်းထားတာလေ...မင်း ဘာလို့ အချိန်ဖြုန်းနေတာလဲ...မင်းက ကြာပွတ်စာထပ်စားချင်တာလား"

လုယွီသည် သူ၏ခေါင်းကိုလှည့်ကြည့်လိုက်ရာ သုန်မှုန်နေသောမျက်နှာနှင့် လူလတ်ပိုင်းကြီးတစ်ယောက်သည် လက်နောက်ပစ်၍မတ်တတ်ရပ်နေပြီး သူ့အား အေးစက်တင်းမာစွာ စူးစိုက်ကြည့်နေသည်ကို တွေ့မြင်မိပေ၏။

လုယွီသည် ထိုလူလတ်ပိုင်းကြီးအား မသိရှိချေ။

ထို့ပြင် လူလတ်ပိုင်းကြီးခေါ်သောနာမည်သည် လုယွီ မဟုတ်ပေ။

"မင်း ငါ ပြောတာမကြားဘူးလား"

လူလတ်ပိုင်းကြီးက သရော်တော်တော်လေသံဖြင့် ဆက်လက်ပြောဆိုသည်။

"မင်းက နေရာငယ်လေးတစ်ခုကနေ တကယ့်ကို ရောက်လာတဲ့ကောင်ပဲ...အခုချိန်ထိ မင်းကိုယ်မင်း အောက်ဘုံရဲ့အရှင်သခင်လို့ ထင်နေတာလား...မင်းက ကောင်းကင်ဘုံတရားရုံးမှာ တစ္ဆေအင်မော်တယ်အဆင့်ပဲရှိတာ...ဘာကောင်မှ မဟုတ်ဘူး"

ဝှစ်...

လူလတ်ပိုင်းကြီးသည် ရုတ်တရက် သူ၏ကြာပွတ်ကိုင်ထားသော လက်ကိုမြှောက်၍ လုယွီထံ ဝှေ့ယမ်းလိုက်သည်။

လုယွီက အေးစက်စက် နှာမှုတ်လိုက်၏။သူ၏လက်များသည် အလွန်လျှင်မြန်ပြီး ကြာပွတ်သူ့ထံမရောက်မီ လေထုအတွင်းမှာပင် ဖမ်းဆုပ်နိုင်ခဲ့သည်။

"မင်းက ခုခံရဲတယ်ပေါ့လေ"

လူလတ်ပိုင်းကြီးက အလွန်အမင်း ဒေါသထွက်သွားသည်။

"ကြည့်ရတာတော့ ငါ မင်းကို သင်ခန်းစာမပေးရင်....ကောင်းကင် ဘယ်လောက်မြင့်မားပြီး မြေပြင်ဘယ်လောက်နက်ရှိုင်းတယ်ဆိုတာ မင်း သိမှာမဟုတ်ဘူး"

လူလတ်ပိုင်းကြီး ဒေါသထွက်နေစဥ်တွင် သူထံမှနေ၍ မိုးကြိုးလှိုင်းများကဲ့သို့ ပြင်းထန်သောအရှိန်အဝါများ ထွက်ပေါ်နေသဖြင့် လုယွီပင်လျှင် ခြိမ်းခြောက်နိုင်မှုကို ခံစားရသည်။

တစ်ချိန်တည်းမှာပင် လုယွီသည် တစ်စုံတစ်ခုအား တွေးတောမိသွားပုံဖြင့် သူ၏စိတ်နှလုံးသား အကြီးအကျယ် လှုပ်ရှားသွားတော့သည်။

ဤနေရာသည် ရှေးဟောင်းကောင်းကင်ဘုံပင်။

"ငါ အခု ရှေးခေတ်အချိန်ကာလကို ရောက်သွားတာလား"

လုယွီက ညည်းတွားလိုက်၏။

Chapter 1589

"ကောင်စုတ်လေး...မင်းက ငါ့ကို လျစ်လျှူရှုထားဝံ့တယ်ပေါ့လေ"

လူလတ်ပိုင်းကြီးသည် လုယွီက သူ၏စကားများအပေါ် မည်သည့်တုံ့ပြန်မှုမျှမရှိသည်ကိုကြည့်ပြီး အလွန်ဒေါသထွက်သွားသည်။

သူသည် ကောင်းကင်ဘုံတရားရုံးအတွင်း၌ အဆင့်အတန်းမြင့်မားသောပုံရိပ်မရှိသော်လည်း သူရှေ့ရှိကောင်စုတ်လေး အာခံနိုင်မည့်သူမျိုးမဟုတ်ချေ။

"ငါ မင်းကို ဒီနေ့ သာလွန်မှုနဲ့နိမ့်ကျမှုလို့ခေါ်တဲ့ သင်ခန်းစာကို သင်ပေးမယ်"

လူလတ်ပိုင်းကြီးသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ မှော်စွမ်းအားများကို အသုံးပြုပြီး ထူးဆန်းသောလက်ရှစ်ဖက်နတ်ဘုရားပုံရိပ်ကြီးအသွင် ပြောင်းလဲလိုက်သည်။

ထိုနတ်ဘုရားပုံရိပ်တွင် ခေါင်းကိုးလုံးရှိပြီး ခေါင်းတစ်လုံးစီသည် ​အစိမ်းရောင်မျက်လုံးများရှိသောမြွေခေါင်းပုံရှိသဖြင့် လူသားမျိုးနွယ်မဟုတ်သည်မှာ သိသာထင်ရှားလှ၏။

ထိုမြွေခေါင်းများ၏အစိမ်းရောင်မျက်လုံးများမှနေ၍ ထူးဆန်းသောအလင်းရောင်များကို ထုတ်လွှက်ပေးနေသည်။တစ်စုံတစ်ယောက်သည် ထိုအရာအား တစ်ချက်ကြည့်မိရုံဖြင့်ပင် သူ၏စိတ်ဝိညာဥ်အား ဝါးမြိုခံရတော့မည်ကဲ့သို့ ခံစားရနိုင်သည်။

လုယွီသည် အံ့အားသင့်သွားပြီး သူ၏ခန္ဓာကိုယ်မှမှော်စွမ်းအားများကို အသုံးပြု၍ ဟန့်တားရန်ကြိုးစားလိုက်သည်။

ရုတ်ချည်းဆိုသလိုပင် သူ ရင်းနှီးကျွမ်းကျင်ပြီးဖြစ်သော မြင့်မြတ်ဧကရာဇ်၏ခန္ဓာကိုယ်နည်းစနစ်နှင့် မူလဘူတအကြွင်းမဲ့ခန္ဓာကိုယ်နည်းစနစ် ပျောက်ကွယ်နေခြင်းကို သိရှိလိုက်ရ၏။

ယခုလက်ရှိချိန်တွင် သူ့ထံ၌ သူ၏နဂိုမူလ မြေအောက်လောကနတ်ဘုရားပုံရိပ်စွမ်းအားသာ ကျန်ရှိတော့သည်။

ဘုန်း...

လုယွီ၏နောက်၌ ဧရာမမြေအောက်လောကနတ်ဘုရားပုံရိပ်ကြီး ထွက်ပေါ်လာပြီး သူ့ရှေ့ရှိ မြွေနတ်ဘုရားပုံရိပ်နှင့် ရိုက်ခတ်မိပေ၏။

ရုတ်ချည်းဆိုသလိုပင် လုယွီသည် သူ၏စိတ်ဝိညာဥ်အား မဖျက်ဆီးနိုင်သောလူဘီလူကြီးတစ်ကောင်မှ ရိုက်နှက်လိုက်သကဲ့သို့ ခံစားမိသည်။

ကြီးမားသောဖိအားလှိုင်းတစ်ရပ်က လုယွီ၏ရင်ဘတ်ပေါ်သို့ ကျရောက်လာသည်။လုယွီသည် ညည်းညူပြီး ကူကယ်ရာမဲ့စွာ နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရ၏။

အကယ်၍ တာအိုသခင်တစ်ယောက်၏စိတ်ဝိညာဥ် ပိုင်ဆိုင်ထားသူသည် တိုက်ပွဲအတွင်း၌ ဆိုးဆိုးရွားရွား ထိခိုက်သွားသည်ဟူသော သတင်းသာ ပျံ့နှံ့သွားပါက မည်သူမျှယုံကြည်ကြမည်မဟုတ်ချေ။

သို့ရာတွင် ယခုလက်ရှိအခြေအနေသည် အလွန်သိသာထင်ရှားနေလေ၏။

လုယွီ စိတ်ဝိညာဥ်၏စွမ်းအားသည် တစ်ဖက်လူကဲ့သို့ အစွမ်းထက်ခြင်းမရှိချေ။

"ဒါက ရှေးဟောင်းကျင့်ကြံသူတွေရဲ့စွမ်းအားလား...ရှေးခတ်ကကျင့်ကြံသူတွေက သူတို့ရဲ့နတ်ဘုရားစိတ်အာရုံကိုအသုံးပြုပြီး သက်ရှိတွေအားလုံးရဲ့အသွင်ကို ပြောင်းလဲနိုင်တဲ့အထိ ကျင့်ကြံနိုင်ကြတယ်...ဒါတွေအားလုံးက အမှန်ပဲ"

လုယွီသည် တိုက်ပွဲအတွင်း၌ ရှုံးနိမ့်သွားသော်လည်း သူ၏မျက်လုံးများက ရုတ်တရက် လင်းလက်တောက်ပသွားသည်။

အကယ်၍ အတိတ်ဘဝတွင် သူသည် ကောင်းကင်ဘုံနယ်မြေ၌ ဆက်လက်နေနေပါက ပြိုင်ဘက်ကင်းနေရာကို ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဖြစ်သော်လည်း ရှေ့သို့အဆင့်တက်နိုင်ရန် အခြေအနေကင်းမဲ့နေပေမည်။

ကောင်းကင်ဘုံတရားရုံး ပြိုလဲသွားခြင်းကြောင့် ရှေးခေတ်အချိန်ကာလများမှ အမွေဆက်ခံမှုများ ပြတ်တောက်ခဲ့ပေရာ မြောက်များစွာသော ကျင့်ကြံနည်းစနစ်နှင့်ပညာရပ်များ ပျောက်ကွယ်ခဲ့ရသည်။

အကယ်၍ သူ တွေးနေခြင်းသာ အမှန်ဆိုပါက လုယွီအတွက် ယခုလက်ရှိကိစ္စသည် ဘေးဒုက္ခမဟုတ်ဘဲ ရှားပါးသောကံကြမ္မာကောင်းတစ်ခုပင်။

"အမ်...တစ္ဆေအင်မော်တယ်တစ်ယောက်က ငါ့ရဲ့တိုက်ခိုက်မှုတစ်ခုကို ခုခံနိုင်တာလား...ဒါက နည်းနည်းတော့ ထူးဆန်းတယ်"

လူလတ်ပိုင်းကြီးက မျက်မှောင်ကြုတ်လိုက်၏။သူသည် ချက်ချင်းပင် သူ၏ကြာပွတ်ကိုမြှောက်၍ လုယွီအား ထပ်မံရိုက်နှက်ရန် အဆင်သင့်ပြင်လေသည်။

"စီနီယာမုန့်ချာ....သက်ရှည်မက်မွန်ပွဲတော် ကျင်းပမယ့်အချိန်က အရမ်းနီးကပ်နေပြီ...ကျွန်တော်တို့က ပွဲစီစဥ်တဲ့နေရာမှာ ကူညီပေးဖို့လိုအပ်တယ်...ယဲ့ရွှင်းက ခုမှတက်လှမ်းလာတဲ့လူလေ...သူက ကောင်းကင်ဘုံရဲ့စည်းမျဥ်းတွေကို နားမလည်သေးလို့ပါ...ကျေးဇူးပြုပြီး စီနီယာကပဲ ဒေါသထိန်းပေးပါ"

ထိုအချိန်မှာပင် လျှော်ချည်အဝတ်အစားများကို ဝတ်ဆင်ထားသောလူငယ်တစ်ယောက် ​အလျှင်အမြန်ပြေးလာသည်။

ထိုလူငယ်သည် အင်္ကျီလက်ကိုလိပ်တင်ထားပြီး သူ၏လက်နှင့်ခြေကျင်းဝတ်တွင် မြေကြီးများပေကျံနေကာ ဝါးခမောက်တစ်လုံးကို ဆောင်းထားသည်။သူကိုကြည့်ရသည်မှာ လယ်သမားတစ်ယောက်နှင့်တူညီနေပြီး အင်မော်တယ်တစ်ယောက်ပုံသဏ္ဍာန် တစိုးတစိမျှရှိမနေချေ။

ဝါးခမောက်အားမတင်လိုက်ချိန်တွင် မျက်ခုံးထူထူ မျက်လုံးကြီးကြီးနှင့် တည်ကြည်ပြတ်သားသောလူငယ်တစ်ယောက်၏မျက်နှာ ထွက်ပေါ်လာပေ၏။

"သက်ရှည်မက်မွန်ပွဲတော်လား....တကယ်လို့ အရှင်ကသာ ကောင်းကင်သမီးပျိုတွေကို မစေလွှက်ခဲ့ဘူးဆိုရင် ဒီလိုသတိလက်လွတ်နေတက်တဲ့ ကောင်မျိုးတွေနဲ့ ငါ ဘယ်လိုအလုပ်လုပ်ရမှာလဲ"

လူလတ်ပိုင်းကြီးသည် သူ့ရှေ့မှလူငယ်အား အထင်အမြင်သေးဟန်ဖြင့် ကြည့်လိုက်သော်လည်း တစ်စုံတစ်ခုကို ထိတ်လန့်ကြောက်ရွံနေပုံရကာ သူ၏အင်္ကျီလက်ကိုခါ၍ ထွက်ခွါသွားတော့သည်။

လူလတ်ပိုင်းကြီးထွက်ခွါသွားပြီးနောက် လယ်သမားနှင့်တူသောလူငယ်က လုယွီကို မတ်တတ်ထရပ်နိုင်ရန် ကူညီပေးလေ၏။

"မင်း အဆင်ပြေလား"

လူငယ်က ဆက်လက်ပြောဆိုသည်။

"မင်းက အရမ်းသတိကင်းမဲ့တဲ့ကောင်ပဲ...အဲ့ဒါက တောင်ပိုင်းတိုက်ကြီးရဲ့ရှေးဟောင်းသစ်တောကလာတဲ့ မြွေနတ်ဘုရားနော်...သူက ကောင်းကင်ဘုံနယ်မြေကိုမရောက်ခင်ကတည်းက လောကီအင်မော်တယ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ပြီးပြီ...မင်းနဲ့ငါက တက်လှမ်းလာတာ မကြာသေးဘူး...ဒါကြောင့် တစ္ဆေအင်မော်တယ်အဆင့်ပဲရှိတယ်...တကယ်လို့ သူကသာ ပြင်းပြင်းထန်ထန် တိုက်ခိုက်လာမယ်ဆိုရင် ငါတို့အမှုန်အမွှားဘဝ ပြောင်းသွားနိုင်တယ်"

Chapter 1590

လုယွီက သူ၏လက်သီးနှစ်ဖက်ကိုပူးဆုပ်၍ ထိုလူငယ်အား နှုတ်ဆက်ပြီး အလျှင်အမြန် တုံ့ပြန်ပြောဆိုလိုက်၏။

"ငါက စည်းမျဥ်းတွေကို နားမလည်သေးဘူး...တာအိုမိတ်ဆွေ ကျေးဇူးပြုပြီး မင်း ငါ့ကို ညွှန်ပြပေးနိုင်မလား"

ထိုလူငယ်ကလည်း ပွင့်ပွင့်လင်းလင်း ပြန်လည်ပြောဆိုသည်။

"ငါ့နာမည်က လီချမ်...မင်းလိုပဲ ငါလည်းအောက်ဘုံကနေ တက်လှမ်းလာခဲ့တာ...မင်းက ယဲ့ရွှင်းမလား...မင်းနဲ့ငါက အင်မော်တယ်သားရဲခန်းမမှာ အတူတာဝန်ကျတာ...ငါ မင်းကို လိုက်ရှာနေတာ...ဒါပေမယ့် မင်းက မြွေနတ်ဘုရားကို ရန်စထားလိမ့်မယ်လို့ ငါ မျှော်လင့်မထားမိဘူး"

လုယွီက လီချမ်ပြောသောအမည်ကို တိတ်တဆိတ်မှတ်သားလိုက်သည်။ထို့နောက် သူတို့နှစ်ယောက် စတင်၍ စကားစမြည်ပြောဆိုကြတော့သည်။

လုယွီသည် ကောင်းကင်ဘုံသို့ မကြာသေးမီကမှ တက်လှမ်းလာသူဟု သူကိုယ်သူယူဆနိုင်သော်လည်း မည်သည့်အရာကိုမျှ သိရှိခြင်းမရှိချေ။ထို့ကြောင့် သူသည် လီချမ်ထံမှ သတင်းအချက်အလက်များရရှိနိုင်ရန် ကြိုးပမ်းလိုက်၏။

ကံကောင်းထောက်မစွာဖြင့် လီချမ်သည် စိတ်နေသဘောထားပွင့်လင်းသူဖြစ်၍ သူသိသမျှအရာအားလုံးကို လုယွီအား ရှင်းပြခဲ့သည်။

သူတို့၏တက်လှမ်းခြင်းသည် ဒဏ္ဍာရီများနှင့်တူညီစွာ အင်မော်တယ်အဖြစ်အဆင့်မြင့်တက်သွားပြီဟု မူလက သူတို့ တွေးတောထားခဲ့သည်။သို့ရာတွင် ဤကိစ္စသည် လှပသောဒဏ္ဍာရီဇာတ်လမ်းသက်သက် ဖြစ်နေမည်ဟု သူတို့ မျှော်လင့်မထားမိကြချေ။

သေမျိုးများအတွက် တက်လှမ်းခြင်းသည် သေမျိုးခန္ဓာကိုယ်ကို စွန့်ခွာနိုင်သော ပထမအဆင့်သာဖြစ်သည်။ဤနေရာ၌ တက်လှမ်းလာသူများအား အဆင့်နိမ့်ဆုံးအင်မော်တယ်ဖြစ်သော တစ္ဆေအင်မော်တယ်များအဖြစ် သက်မှတ်ထားကြသည်။

တစ္ဆေအင်မော်တယ် အင်မော်တယ်နှင့် မဖျက်ဆီးနိုင်သောအင်မော်တယ်ဟူ၍ အဆင့်နိမ့်အင်မော်တယ်အတန်းအစားသုံးမျိုးရှိသည်။သူတို့အား အတုအယောင်အင်မော်တယ်ဟုသာ သတ်မှတ်နိုင်ပြီး အစစ်အမှန်အောင်မြင်မှုရရှိရန် လမ်းအရှည်ကြီးလျှောက်လှမ်းရပေအုံးမည်။

လီချမ်က လုယွီအား ခြံဝန်းတစ်ခုသို့ ခေါ်ဆောင်သွားလေ၏။ထိုအိမ်နှင့် အဝေးတစ်နေရာမှနေ၍ ကြိုးကြာတွန်သံများကိုလည်း ကြားနေရသည်။ထိုကြိုးကြာများသည် သာမာန်သေမျိုးကြိုးကြာများထက် ဆယ်ဆခန့်ပို၍ကြီးမားသည်။ကြိုးကြာများ တောင်ပံခတ်နေချိန်တွင် သူတို့၏နံဘေးပတ်ဝန်းကျင်၌ လှိုင်းများလူးလွန့်နေသည်။

"မင်းနဲ့ငါက သူတို့ကို တစ်နေ့နှစ်ကြိမ် အစာကျွေးရမယ်...ဒါပေမယ့် ကြိုးကြာအများစုမှာ အသိဥာဏ်ရှိတော့ အနီးအနားကတောင်တွေဆီကိုသွားပြီး သူတို့ဟာသူတို့ အစာရှာဖွေတာများတယ်"

လီချမ်သည် လုယွီအား ခြံဝန်း၏အနောက်ဘက်သို့ ခေါ်ဆောင်သွားရာ ထိုနေရာ၌ ရိုးရှင်းသောအိမ်နှစ်လုံးရှိနေသည်။

ဤနေရာသည် သူတို့နေထိုင်ရသော နေရာပင်။

ကောင်းကင်ဘုံတရားရုံးတွင် မိုးကောင်းကင်ဂူ၃၆လုံးနှင့် မြင့်မြတ်နယ်မြေ၇၂ခုရှိပြီး ရွှေအင်မော်တယ်များပိုင်ဆိုင်သော နန်းတော်အမြောက်အများရှိသည်။ယခု သူတို့ရှိနေသောနေရာသည် မိုးကောင်းကင်ဂူ၃၆လုံးအနက်မှ ခရမ်းရောင်မြူခိုးတောင်လှိုဏ်ဂူဖြစ်ပေ၏။

……

အနောက်ဘက်ခြံဝန်းအတွင်း၌...

ဤနေရာ၌ ကြိုးကြာတွန်သံများကို မကြာခဏကြားရသော်လည်း လုယွီသည် အသံလုံဝင်္ကပါတစ်ခုကိုခင်းကျင်းလိုက်ရာ အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

"ငါ့ရဲ့စိတ်ဝိညာဥ်က ရှေးဟောင်းအင်မော်တယ်တစ်ယောက်ရဲ့ခန္ဓာကိုယ်မှာ ကပ်တွယ်သွားတာပဲဖြစ်မယ်"

လုယွီသည် ကြေးနီမှန်အားကြည့်လိုက်ရာ အလွန်အသက်မကြီးသေးသော လူငယ်တစ်ယောက်၏ရုပ်သွင်အား တွေ့မြင်လိုက်ရ၏။

ထို့ထက်ပို၍အရေးကြီးသောအချက်မှာ သူသည် ယခုလက်ရှိချိန်၌ မြင့်မြတ်ဧကရာဇ်ခန္ဓာကိုယ်နည်းစနစ်နှင့် မူလဘူတအကြွင်းမဲ့ခန္ဓာကိုယ်နည်းစနစ်ကို အသုံးပြု၍မရခြင်းဖြစ်သည်။ဤထူးဆန်းသောနေရာ၌ သူ၏ကိုယ်ပိုင်စိတ်ဝိညာဥ်ကိုသာ အမှီပြုနိုင်သည်။

"ရှေးဟောင်းကောင်းကင်ဘုံတရားရုံးက ပြိုလဲသွားပြီဆိုမှတော့...ဒီနေရာက ပုံရိပ်ယောင်သက်သက်ပဲ"

လုယွီသည် လက်ဆန့်ထုတ်ပြီး ပတ်ဝန်းကျင်နေရာများအား တို့ထိကြည့်လိုက်၏။ဤနေရာရှိအရာအားလုံးသည် အစစ်အမှန်နှင့် အလွန်တူညီနေပေရာ လူများသည် ပုံရိပ်ယောင်အတွင်းမှ ရုန်းထွက်နိုင်ခြင်းမရှိကြတော့ချေ။

"အရင်ဆုံး ငါ ရှေးဟောင်းအင်မော်တယ်တွေရဲ့ ကျင့်ကြံနည်းစနစ်တွေကို တစ်ချက်ကြည့်ကြည့်ရမယ်"

လုယွီသည် သူ၏အခန်းအတွင်း၌တွေ့ရသော စာလိပ်တစ်လိပ်အား သာမာန်ကာလျှံကာ ဖွင့်ဖတ်လိုက်၏။

ထိုစာလိပ်သည် တက်လှမ်းလာသူများ ကျင့်ကြံရာတွင် အသုံးပြုနိုင်ရန်အတွက် အထူးသီးသန့်ပေးထားခြင်းဖြစ်သည်။ထိုစာလိပ်အား 'တက်လှမ်းခြင်းစာလိပ်'ဟု ခေါ်ဆိုသည်။

လုယွီက စာလိပ်အားဖြည်ကြည့်ပြီး ရေးသားထားသော ကျင့်ကြံနည်းစနစ်အတွင်းသို့ သူ၏စိတ်အားနှစ်မြှုပ်လိုက်၏။အချိန်တခဏကြာသွားပြီးနောက် လုယွီ၏မျက်လုံးများ ပွင့်လာသည်။သူ၏မျက်လုံးအတွင်း၌ ဥာဏ်အလင်းပွင့်သွားသောအရိပ်အယောင်များ ထင်ဟပ်နေပေ၏။

"ဘယ်လိုတောင် လျှို့ဝှက်ဆန်းကြယ်တဲ့နည်းစနစ်မျိုးပါလိမ့်...ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ရဲ့ရတနာသိုက်ထဲမှာတောင် ဒီတက်လှမ်းခြင်းစာလိပ်ရဲ့တစ်ဝက်လောက် အဆင့်မြင့်တာမျိုးမရှိမှာကို ငါ စိုးရိမ်မိတယ်"

လုယွီသည် သူ၏စိတ်ကိုမထိန်းချုပ်နိုင်တော့သဖြင့် ခြံဝန်းအတွင်းသို့သွားကာ တက်လှမ်းခြင်းစာလိပ်တွင် လမ်းညွှန်ထားသည့်အတိုင်း စတင်ကျင့်ကြံလေသည်။

ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေပြင်မှ မူလစွမ်းအင်များသည် လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ ဒီရေအလား တိုးဝင်လာပေ၏။

လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။ဤအချိန်အခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်မှ မသန့်စင်မှုများအားလုံးကို အကုန်အစင်ဖယ်ရှားပြီးလေပြီ။သူ၏ခန္ဓာကိုယ်အပြင်ပိုင်းမှအတွင်းပိုင်းထိ အဆက်မပြတ်သန့်စင်နေရာ နောက်ဆုံး၌ ပြည့်စုံသောအင်မော်တယ်ခန္ဓာကိုယ်အဖြစ်သို့ ရောက်ရှိလာခဲ့သည်။

"ငါ့စိတ်ဝိညာဥ်ရဲ့စွမ်းအားလည်း တိုးတက်လာတာပဲ...ဒီနေရာမှာ ရုပ်ခန္ဓာကိုယ်က ငါ့ရဲ့အပိုင်မဟုတ်ပေမယ့် စိတ်ဝိညာဥ်ကတော့ ငါ့ဟာပဲ...အရင်တုန်းက ငါ့ရဲ့အားကောင်းတဲ့ခန္ဓာကိုယ်ကို အရမ်းကြီးမှီခိုခဲ့မိတယ်...ဒါပေမယ့် ငါက ရှေးဟောင်းကျင့်ကြံသူတွေရဲ့လမ်းကြောင်းကို လျှောက်လှမ်းနေတုန်းပဲ"

"ဒီနေရာမှာ ငါက ငါ့ရဲ့စိတ်ဝိညာဥ်ကိုထိန်းညှိပြီး ငါ့ရဲ့ကိုယ်ပိုင်လမ်းကြောင်းကို လျှောက်လှမ်းရမယ်"

All Chapters