← Chapters

အခန်း (၁၅၉၅-၁၆၀၀)

Vol. 83 Ch. 1596-1600

အခန်း (၁၅၉၅-၁၆၀၀)

Vol. 83 Ch. 1596-1600

Chapter 1596

မုန့်ချာတို့လူစုရောက်ရှိလာခြင်းသည် စင်မြင့်၏နံဘေးပတ်လည်ရှိ ကောင်းကင်စစ်ဗိုလ်ချုပ်များ၏စိတ်အာရုံကို ဆွဲဆောင်နိုင်သွားသည်။

ကောင်းကင်စစ်ဗိုလ်ချုပ်တချို့က ဟန့်တားသော်လည်း မုန့်ချာ မည်သို့ပြောဆိုလိုက်သည်ကို မသိရဘဲ အတွင်းသို့ဝင်ခွင့် ပြုလိုက်ကြ၏။

"မကောင်းတော့ဘူး"

လီချမ်၏မျက်နှာ ဖြူရော်သွားသည်။

မုန့်ချာ ဤနေရာသို့ရောက်ရှိလာခြင်းမှာ ရည်ရွယ်ချက်ကောင်းဖြင့် မဖြစ်နိုင်ချေ။

"မင်း အရင်ထွက်သွားလိုက်...သူ့ကို သတ်ခဲ့တာက ငါပဲ...သူ ငါ့ဆီပဲ ဦးတည်လာမှာ"

လုယွီက ပြောဆိုသည်။

ဤသည်က ပုံရိပ်ယောင်ကမ္ဘာတစ်ခုမှန်း သူ သိရှိနေခြင်းကြောင့် ဖြစ်နိုင်သကဲ့သို့ ကောင်းကင်ဘုံတရားရုံးသည် မနက်ဖြန်တွင် ပျောက်ကွယ်သွားနိုင်သည်လည်းဖြစ်ပေရာ လုယွီက မုန့်ချာအား များစွာကြောက်ရွံခြင်းမရှိချေ။

သို့ရာတွင် လီချမ်က ခေါင်းခါပြလေ၏။

"မဟုတ်ဘူး...ဒါတွေအားလုံးက ငါ့ကြောင့်ဖြစ်တာ...ဘာကြောင့်မို့ ငါ့ကိုယ်စား မင်းက အပြစ်ခံယူရမှာလဲ...ငါ ဒီနေရာမှာ မင်းနဲ့အတူနေပြီး အပြစ်ဒဏ်တစ်ဝက်ကို ခံယူပေးမယ်...အပြစ်ကြီးကြီးမားမားဆိုရင်တောင်မှ ဒါက မင်းအတွက် နည်းနည်းသက်သာသွားနိုင်တယ်"

သူတို့နှစ်ယောက်စကားပြောဆိုနေစဥ်မှာပင် မုန့်ချာက သူတို့ထံ ရောက်ရှိလာသည်။

"ကောင်းကင်ဘုံတရားရုံးရဲ့ စည်းမျဥ်းတွေအရ အမိန့်ထုတ်ပြန်လိုက်တယ်... ကြိုးကြာခြံဝန်းက ယဲ့ရွှင်းနဲ့လီချမ်ဟာ လူတွေကို သတ်ဖြတ်ခဲ့တယ်...ဒါက ခွင့်မလွှက်နိုင်စရာပဲ...ဒါကြောင့် လီချမ်ရဲ့အင်မော်တယ်ခန္ဓာကိုယ်ကိုဖျက်ဆီးပြီး အပြစ်သားကုန်းမြေကိုသွားဖို့ နယ်နှင်ဒဏ်ပေးတယ်...ယဲ့ရွှင်းကို ကောင်းကင်ပုဆိန်နဲ့ခုတ်ထစ်ပြီး စိတ်ဝိညာဥ်ပါ ပျက်ဆီးပျောက်ကွယ်သွားတဲ့အထိ သေဒဏ်အပြစ်ပေးတယ်"

အမိန့်စာလွှာကိုကိုင်ဆောင်ပြီး မုန့်ချာက လုယွီထံသို့ ခြေလှမ်းတစ်လှမ်းခြင်း လျှောက်လှမ်းလာပေ၏။

"ကောင်လေး...မင်းမှာ အရမ်းတော်တဲ့ကောင်မဟုတ်လား...မင်း အခုထွက်လာပြီး ငါ့ကိုနာကျင်အောင်လုပ်လေ...အောက်ဘုံကနေ ကံကောင်းပြီးတက်လာနိုင်တဲ့ အမှိုက်ကောင်သေမျိုးကများ ငါ့ကိုရန်စဝံ့တယ်ပေါ့လေ...မင်းကို ဒီလိုသတ္တိမျိုး ဘယ်သူက ပေးလိုက်တာလဲ"

လီချမ်သည် မုန့်ချာ၏လက်အတွင်းရှိ အမိန့်စာလွှာကိုကြည့်ပြီး နောက်ဆုံး၌ စိတ်ဓာတ်ပျက်ပြားသွားပုံဖြင့် သူ၏မျက်လုံးများကို မှိတ်လိုက်သည်။

ဤှသည်က ရွှယ်အင်မော်တယ်ထက် အဆင့်မြင့်မားသူများကသာ ထုတ်ပြန်နိုင်သော အမိန့်တော်ဖြစ်သည်။အမိန့်စာလွှာတိုင်းသည် ရှောင်လွှဲ၍မရသောအမိန့်အား ကိုယ်စားပြုပေ၏။

အကယ်၍ အမိန့်အားလက်ခံရန် ငြင်းဆန်သူရှိလာပါက ကောင်းကင်ဘုံတရားရုံး၏ နောက်ထပ်စည်းမျဥ်းတစ်ခုအား ဖောက်ဖျက်သည်နှင့်တူညီသည်။ထိုအချိန်တွင် ပြစ်မှုသည် ပို၍ကြီးမားသွားနိုင်သည်။

လီချမ်က အလျင်စလို ပြောဆိုသည်။

"စီနီယာမုန့်ချာ...ဒီကိစ္စက ကျွန်တော်ကြောင့်ဖြစ်ခဲ့တာပါ....ကျွန်တော် ယဲ့ရွှင်းနဲ့ ပြစ်ဒဏ်ခြင်း လဲလှယ်ခံယူလိုပါတယ်...ကျေးဇူးပြုပြီး စီနီယာက ခွင့်ပြုပေးပါ"

လီချမ်က တောင်းပန်နေသော်လည်း မုန့်ချာ၏နောက်ရှိအင်မော်တယ်များသည် သူ့အားတွန်းထုတ်၍ ပြင်းပြင်းထန်ထန်ကန်ကျောက်ရလေ၏။

"အောက်ဘုံကအမှိုက်ကောင်ကများ...မင်းကိုယ်မင်း ဘာကောင်ထင်နေတာလဲ...မင်းမှာ ငါ့လိုနတ်ဘုရားတစ်ပါးနဲ့ စကားပြောနိုင်တဲ့အဆင့်မျိုးရှိလို့လား"

မုန့်ချာက မောက်မာစွာ ပြောဆိုသည်။

ထို့နောက် သူသည် လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး ကောက်ကျစ်ယုတ်မာသောအပြုံးပြုံးကာ ဆက်လက်ပြောဆိုလေ၏။

"ကောင်လေး....မင်း ငါ့လက်ထဲသာ ရောက်လာလို့ကတော့ ငါ မင်းကို လွယ်လွယ်နဲ့သေခွင့်မပြုနိုင်ဘူး....ငါတို့ရဲ့ရှေးဟောင်းသစ်တောမှာ လူတွေကိုညှင်းပန်းနှိပ်စက်တဲ့နည်းလမ်းတွေ မရေမတွက်နိုင်အောင်ရှိတယ်....ကံဆိုးစွာနဲ့ ငါက အဲ့ဒီနည်းလမ်းတွေအကုန်လုံးကို တီထွင်ခဲ့တဲ့သူပဲ"

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

"ကျုပ် ခင်ဗျားနဲ့မလိုက်ဘူး ဆိုရင်ရော..."

"ဒါက အမိန့်တော်ကို ဖီဆန်တာပဲ...မင်း အဲ့ဒီလိုလုပ်ရင် ငါ ပိုပြီးပျော်မိမှာ...ဒါကြောင့်မို့ မင်း ဆန္ဒရှိရင် ကြိုးစားကြည့်နိုင်တယ်"

မုန့်ချာသည် သူ၏စိတ်ဆန္ဒကို ဖုံးကွယ်ရန်ပင် ပျင်းရိနေပုံရပြီး ချက်ချင်းပင် သူ၏မျက်နှာပေါ်၌ ရက်စက်ကောက်ကျစ်သော အပြုံးတစ်ခုထွက်ပေါ်လာသည်။

မည်သည့်ရလဒ် ထွက်ပေါ်လာပါစေ ကိစ္စမရှိချေ။သူ လုယွီအား ဖမ်းချုပ်နိုင်ပေလိမ့်မည်။

မုန့်ချာ၏နောက်ရှိ အင်မော်တယ်ငါးယောက်က ရှေ့သို့ထွက်လာသည်။ထိုသူတို့၏အရှိန်အဝါများအရ သူတို့သည် လောကီအင်မော်တယ်အဆင့်ကျင့်ကြံသူများဖြစ်သည်မှာ သိသာထင်ရှားပေ၏။

လုယွီသည် တစ္ဆေအင်မော်တယ်အဆင့်သာရှိသည်။သူသည် ရှေးဟောင်းသိုင်းပညာရပ်များကိုအသုံးပြု၍ မုန့်ချာအား တစ်ကြိမ်သတ်ဖြတ်နိုင်ခဲ့သည့်တိုင် သူ၏ခန္ဓာကိုယ် ပြင်းပြင်းထန်ထန်ဒဏ်ရာ ရရှိခဲ့သည်။

"ကျုပ် ခင်ဗျားတို့ကို နောက်ဆုံးစကားတစ်ခွန်းတော့ အကြံပေးချင်တယ်....ခင်ဗျားတို့ ဒီကိစ္စကို အလွန်အကျွံထပ်မလုပ်တာ ပိုကောင်းလိမ့်မယ်...မဟုတ်ရင် ခင်ဗျားတို့အတွက် ဘာကောင်းကျိုးမှရှိမှာမဟုတ်ဘူး"

လုယွီက ပြောဆိုသည်။

မုန့်ချာက ရယ်မောလိုက်၏။

"ဘာလဲ...မင်းက ငါတို့ခြောက်ယောက်ကို တိုက်ခိုက်ချင်လို့လား...ငါ မင်းရဲ့ နောက်ဆုံးတိုက်ခိုက်မှုကို လေ့လာပြီးသွားပြီ...တကယ်လို့ မင်း တိုက်ခိုက်နိုင်တယ်ဆိုရင်တောင် အကြိမ်ရေဘယ်လောက်များများ အသုံးပြုနိုင်မှာလဲ"

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။ဤကိစ္စအား မုန့်ချာ ရှင်းရှင်းလင်းလင်းတွေ့မြင်သွားမည်ဟု သူ မျှော်လင့်မထားမိချေ။

"တကယ်တော့ ကျုပ်က နှိမ့်နှိမ့်ချချနေချင်ပြီး ဟိတ်ဟန်မများချင်ခဲ့ဘူး...ခင်ဗျားတို့ ကျုပ်တို့နှစ်ယောက်ကို လာမရှာသင့်ဘူး"

ယခင်က လီချမ်နှင့်စကားပြောဆိုမှုများအရ မုန့်ချာ ပြဿနာရှာနေရသည့်အကြောင်းအရင်းမှာ တစ်ချိန်က ကြိုးကြာတစ်ကောင်သည် သူ၏မြွေများအား စားပစ်ခဲ့ခြင်းကြောင့်ဟု သိရှိထားပေ၏။

ထိုကြိုးကြာများအားလုံးကို ခရမ်းမြူခိုးတောင်လှိုဏ်ဂူ၏ရွှယ်အင်မော်တယ်များမှ မွေးမြူထားခြင်းဖြစ်သည်။မုန့်ချာသည် ရွှယ်အင်မော်တယ်များအား ပြဿနာမရှာဝံ့သဖြင့် လုယွီနှင့်လီချမ်အား ပစ်မှတ်ထားနေခြင်းပင်။

Chapter 1597

"အမှန်ပဲ...ငါက မင်းတို့နှစ်ယောက်ကို ပစ်မှတ်ထားတယ်...မင်း ဘာလုပ်ချင်လဲ...အမ်.."

မုန့်ချာသည် ကျယ်လောင်စွာအော်ဟစ်ရယ်မောပြီး လုယွီအား တစိုးတစ်ိမျှ အာရုံစိုက်ခြင်းမရှိချေ။

လီချမ်သည် အလွန်စိုးရိမ်ပူပန်နေပြီး သူက ဆက်လက်၍အသနားခံရန် သူ၏ပါးစပ်ကိုဖွင့်ဟလိုက်သော်လည်း လုယွီက သူ့အား တားဆီးလေ၏။

"တာဟေး...ခင်ဗျား ထွက်မလာသေးဘူးလား"

လုယွီက အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။

တခြားတစ်ဖက်၌ ဝိုင်အရက်သောက်ပြီး မူးယစ်နေသော ခွေးနက်ကြီး၏ခန္ဓာကိုယ် ရုတ်တရက်တုန်ရီသွားပေ၏။

"မဟုတ်ဘူး...မဟုတ်ဘူး...မဖြစ်နိုင်ဘူး...ဒါက ဘိုးဘေးလေးအသံပဲ...ငါ နားကြားမှားတာပဲဖြစ်မယ်"

ခွေးနက်ကြီးက ခေါင်းခါယမ်းနေသည်။

လုယွီသည် အချိန်ဖြုန်းလိုစိတ်မရှိ၍ သူ၏စိတ်အတွင်းမှ မန္တန်တစ်ပုဒ်ကိုရွတ်ဆိုပြီး ခွေးနက်ကြီး၏စိတ်ဝိညာဥ်ကို ထိန်းချုပ်လိုက်၏။

ရုတ်ချည်းဆိုသလိုပင် ခွေးနက်ကြီးသည် အံ့ကြိတ်ပြီး စူးရှနာကျင်စွာ အော်ဟစ်နေတော့သည်။

"မဖြစ်နိုင်ဘူး...ဟိုကောင်စုတ်လေးကလည်း ဒီပတ်ဝန်းကျင်မှာ ရှိနေတာလား....ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...ငါက သူ့ကို ဒီနေရာမှာ ဘယ်လိုလုပ်ပြီးရှာရမှာလဲ"

ခွေးနက်ကြီးသည် အလွန်စိတ်မချမ်းမသာ ဖြစ်နေပေ၏။မည်သို့ပင်ဆိုစေကာမူ သူ၏စိတ်ဝိညာဥ်သည် လုယွီ၏ထိန်းချုပ်မှုအောက်၌ ရှိနေသည်။

လုယွီ၏စိတ်မှ တွေးတောလိုက်ရုံဖြင့် သူ၏စိတ်ဝိညာဥ် ပြင်းပြင်းထန်ထန်နာကျင်ခံစားရပြီး သူ့အား မခံမရပ်နိုင်ဖြစ်စေသည်။သူသည် ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်ရာ လုယွီရှိနေသောနေရာအား အလျှင်အမြန် သတိပြုမိသွားပေ၏။

"မင်း ဘယ်သူ့ကိုခေါ်ခေါ် အသုံးမဝင်ဘူး...ရွှမ်အင်မော်တယ်ရဲ့အမိန့်တော်ရှိနေမှတော့ မင်း ဒီနေ့ သေကိုသေရမယ်"

မုန့်ချာသည် သူ၏ခေါင်းကိုးလုံးဖြင့် လုယွီအား စူးစိုက်ကြည့်နေပြီး သူ၏မျက်လုံး၁၈လုံးအတွင်း၌ ရန်ငြှိုးမုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။

သူသည် လုယွီအား အလျှင်အမြန်ဖမ်းဆီး၍ သူ၏နှိပ်စက်ညှင်းပန်းမှုနည်းလမ်းများကိုအသုံးပြုကာ လုယွီ နောင်တရစေရန် ပြုလုပ်လိုပေ၏။

လီချမ်သည် သက်ပြင်းတစ်ချက်ရှိုက်ပြီး လုယွီအား တီးတိုးပြောဆိုသည်။

"ယဲ့ရွှင်း...ငါ ဖောက်ထွက်ပြီး သူတို့ကို ဟန့်တားထားလိုက်မယ်...ဖရိုဖရဲဖြစ်သွားတာကို အခွင့်ကောင်းယူပြီး မင်း ထွက်ပြေးတော့...ပြီးရင် လျန့်ကျီးတောင်နားမှာ ပုန်းအောင်းနေလိုက်...သူတို့ မင်းကိုရှာတွေ့ဖို့ မလွယ်ဘူး"

လုယွီသည် သူ မျှော်လင့်မထားသောစကားအား ကြားမိသဖြင့် လီချမ်အား ကြည့်လိုက်မိသည်။သူတို့နှစ်ယောက်သည် ကံကြမ္မာအရ ဆုံတွေ့ခဲ့ရခြင်းဖြစ်သည့်တိုင် လီချမ်က ထိုသို့ပြုလုပ်လိုခဲ့သည်။

"မလိုဘူး...သူတို့ ငါ့ကိုထိခိုက်အောင် မလုပ်ဝံ့ပါဘူး"

လုယွီက ပေါ့ပေါ့ပါးပါး ပြောဆိုသည်။

လုယွီ၏တည်ငြိမ်နေမှုသည် မုန့်ချာတို့လူစုအား အလွန်ဒေါသထွက်သွားစေသည်။

"ကောင်လေး...မင်း ဘယ်လိုသေချင်လဲ"

မုန့်ချာသည် ကောက်ကျစ်ယုတ်မာသောအပြုံးနှင့် ရှေ့တိုးလာပြီး လုယွီ၏အင်္ကျီအားဆုပ်ကိုင်ရန် ဟန်ပြင်လိုက်၏။

သို့သော် ထိုအချိန်မှာပင် သူ့ထက်ပို၍ အလွန်မောက်မာသောအသံတစ်သံ ထွက်ပေါ်လာသည်။

"ဘယ်ကောင် သူ့ကိုထိဝံ့လဲ...ဒီနေရာက ထွက်သွားစမ်း"

ခွေးနက်ကြီးသည် သူ၏သွားများကိုဖြဲဟ၍ ဝိုင်အရက်ကို မကြာခဏမော့သောက်ပြီး အလွန်မောက်မာသောအမူအယာဖြင့် ရှေ့သို့ထွက်လာပေ၏။

ခွေးတစ်ကောင်လား...

မုန့်ချာက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဒီခွေးကို ဘယ်သူပိုင်တာလဲ...ဒီနတ်ဘုရားရဲ့ရှေ့မှာတောင် ရိုင်းရိုင်းပျပျပြောဝံ့တယ်ပေါ့လေ"

ခွေးနက်ကြီးသည်လည်း ဒေါသတကြီး တုံ့ပြန်ပြောဆိုသည်။

"ငါ မင်းကို ထွက်သွားဖို့ ပြောနေတာလေ...မင်း နားမကြားဘူးလား....မင်းက ဒီဘိုးဘေးကို ဘယ်လိုခေါ်လိုက်တာလဲ...သောက်ချေးပဲ..ငါ့ရဲ့မိတ်ဆွေသာ တစ်ခုခုဖြစ်သွားလို့ကတော့ မင်း သေဖို့သာပြင်ထားတော့"

မုန့်ချာသည် မအောင့်အည်းနိုင်တော့ဘဲ အော်ဟစ်ရယ်မောနေလေ၏။

"ယဲ့ရွှင်း...မင်းရဲ့နောက်ခံက ခွေးတစ်ကောင်လား...ဟား ဟား ဟား..."

သို့ရာတွင် သူ၏ရယ်မောသံသည် ကြာရှည်မခံလိုက်ချေ။အကြောင်းအရင်းမှာ သူသည် ခွေးနက်ကြီး၏နောက်၌ မတ်တတ်ရပ်နေသူနှစ်ယောက်အား ရုတ်တရက် မြင်တွေ့လိုက်ခြင်းကြောင့်ပင်။

"သူက ဘိုးဘေးရဲ့မိတ်ဆွေဆိုမှတော့...ကျွန်တော်ရဲ့မိတ်ဆွေပါပဲ"

"အမှန်ပဲ...ဘယ်ကောင်ပဲဖြစ်ဖြစ်...ဂေ့...သူ့ကိုထိတာနဲ့ ငါ အသေသတ်မယ်"

ကျီစစ်နှင့်ကျီမို ရွှယ်အင်မော်တယ်နှစ်ပါးသည် ဝိုင်မော့သောက်နေရင်းမှ နီမြန်းနေသောမျက်နှာများဖြင့် ရှေ့သို့ထွက်လာပြီး လုယွီ၏ပခုံးကို ပုတ်လိုက်၏။

သူတို့ သောက်သုံးထားသော ဝိုင်အရက်သည် လောကကြီးအတွင်းရှိ အဖိုးတန်ရှားပါးသောရတနာများအနက်မှ တစ်ခုဖြစ်သည်။ထိုရွှယ်အင်မော်တယ်နှစ်ယောက်သည် မူးဝေနေသော်လည်း သူတို့၏ခန္ဓာကိုယ်များမှ ထွက်ပေါ်နေသော အရှိန်အဝါများသည် တိုင်းတာမရအောင်နက်နဲနေပေရာ လူအများအား ​တုန်လှုပ်ချောက်ချားစေသည်။

"ရွှယ်အင်မော်တယ် ကျီစစ်နဲ့ကျီမိုပါလား"

မုန့်ချာ အံ့အားသင့်တုန်လှုပ်သွားသည်။ခွေးနက်ကြီးအား ထိုသူနှစ်ယောက်က ကာကွယ်ပေးနေမည်ဟု သူ မျှော်လင့်မထားမိချေ။

သို့ရာတွင် အကယ်၍ လုယွီကိုသာ သူ အလွတ်ပေးလိုက်ရပါက သူ စိတ်ကျေနပ်နိုင်မည်မဟုတ်ပေ။

"ရွှယ်အင်မော်တယ်တို့...ဒီကောင်လေးက ခရမ်းမြူခိုးတောင်လှိုဏ်ဂူရဲ့ရာဇဝတ်သားပါ...သူ့ကို စစ်ဆေးမေးမြန်းဖို့အတွက် ကျွန်တော် ခေါ်ဆောင်သွားမှရမယ်"

မုန့်ချာက ခေါင်းမာမာဖြင့် ငြင်းဆန်ပြောဆိုသည်။

"မင်းရဲ့အမိန့်စာလွှာကို ပေးစမ်း"

ကျီမိုက စိတ်မရှည်ဟန်ဖြင့် အော်ဟစ်လေ၏။

မုန့်ချာသည် အမိန့်စာလွှာအား ကျီမိုထံ အလျှင်အမြန်လက်ကမ်းပေးလိုက်သည်။

ရွှပ်...

ကျီမိုသည် ထိုအမိန့်စာလွှာအား ကြည့်ရှုခြင်းပင်မပြုဘဲ ဆုတ်ဖြဲလိုက်၏။

"အခုလက်ရှိချိန်မှာ ခရမ်းမြူခိုးတောင်ရဲ့အစောင့်အကြပ်က နတ်ဘုရားမလျူရဲ့အကြီးဆုံးတပည့်ထျန်းယွမ်မလား...သူ့ကိုသွားပြောလိုက်စမ်း...ငါက ဒီကောင်လေးကိုကာကွယ်ပေးမယ်...တကယ်လို့ သူ လက်မခံနိုင်ဘူးဆိုရင် ကောင်းကင်ပျံဝဲနန်းတော်ကိုလာပြီး ငါ့ကိုရှာနိုင်တယ်လို့ ပြောလိုက်စမ်း"

Chapter 1598

ကျီမို၏စကားများတွင် လွှမ်းမိုးချုပ်ကိုင်နိုင်သောအရှိန်အဝါများ ရောယှက်ပါဝင်နေပြီး သူသည် ခရမ်းမြူခိုးတောင်လှိုဏ်ဂူမှ အစောင့်အကြပ်ရွှယ်အင်မော်တယ်ကို အနည်းငယ်မျှပင် အာရုံစိုက်ပုံမရချေ။

မည်သို့ပင်ဆိုစေကာမူ သူ့ထံ၌ ထိုကဲ့သို့ပြုလုပ်နိုင်သော အရည်အချင်းရှိပေ၏။

ကျီစစ်နှင့်ကျီမိုတို့နေထိုင်သော ကောင်းကင်ပျံဝဲနန်းတော်သည် လှိုဏ်ဂူသုံးဆယ့်ခြောက်လုံးနှင့် များစွာကွဲပြားခြားနားသည်။ကောင်းကင်ဘုံတရားရုံးအတွင်း၌ 'နန်းတော်'ဟု ခေါ်ဆိုသောနေရာများသည် များသောအားဖြင့် မဟာမိုးကောင်းကင်ရွှေအင်မော်တယ်များ နေထိုင်သောနေရာဖြစ်ပြီး တခြားသူများ ထိုအနီးအနားသို့ကပ်ရန်ပင် လွန်စွာခက်ခဲပေ၏။

ထို့ပြင် ကောင်းကင်ပျံဝဲနန်းတော်သည် ကောင်းကင်ဘုံဧကရာဇ်နေထိုင်သော နေရာဖြစ်သည်။

မုန့်ချာသည် သတ္တိအနည်းငယ်ရှိလျှင်ပင် လူဖမ်းဆီးရန်အတွက်နှင့် ကောင်းကင်ပျံဝဲနန်းတော်အား အတင်းအကြပ် ဝင်ရောက်ဝံ့မည်မဟုတ်ချေ။

"မင်းတို့ကောင်တွေက...အရမ်းမျက်စေ့နောက်စရာပဲ...ငါ့နဲ့ဝေးရာကို ထွက်သွားကြစမ်း"

ကျီစီသည် သူ၏အင်္ကျီလက်စကိုဝှေ့ယမ်းလိုက်ရာ လေပြင်းတစ်ချက် လူးလွန့်လာပြီး မုန့်ချာတို့လူစုသည် သက်ရှည်မက်မုံပွဲတော်ကျင်းပရာစင်မြင်နှင့် ဝေးရာသို့ လွင့်ထွက်သွားတော့သည်။

"ကောင်းပြီလေ...ငါ သွားတော့မယ်...မင်းတို့နှစ်ယောက်က အလုပ်ကောင်းကောင်းလုပ်ခဲ့တာပဲ...ငါ မင်းတို့ကို ဆုအနေနဲ့ ဝိုင်အရက်တချို့ထပ်ပေးမယ်"

တာဟေးသည် ဝိုင်ခရားအား ကျီစစ်တို့ထံ ပစ်ပေးလိုက်၏။

ကျီစစ်နှင့်ကျီမိုတို့သည် သောက်စားမူးယစ်ပြီး တာဟေးနှင့် နောက်တစ်ကြိမ် ထပ်မံသောက်ကြရန် အချိန်းအချက်ပြုလုပ်နေကြသည်။သူတို့သည် ယခင်က အငြင်းပွါးခဲ့သည်များကို မေ့လျော့သွားကြလေပြီ။

ကောင်းကင်ရထားလုံး ဖြည်းညှင်းစွာ ရောက်ရှိလာချိန်တွင် တာဟေးက လုယွီအား ရထားလုံးပေါ်သို့ ခေါ်ဆောင်သွားလေ၏။

"ကျုပ်တို့ ထွက်သွားပြီးရင် သူ ပြဿနာတက်မှာကို စိုးရိမ်မိတယ်"

လုယွီက စင်မြင့်ပေါ်ရှိလီချမ်အား လက်ညှိုးညွှန်၍ ပြောဆိုသည်။

တာဟေးက ရယ်မောလိုက်၏။

"ဒါက လွယ်လွယ်လေးပါ"

သူသည် ခွေးလက်ဖဝါးပုံရိပ်ကို ဆင့်ခေါ်ပြီး လီချမ်အားညွှန်ပြ၍ ပြောဆိုသည်။

"သူကလည်း ငါ့ရဲ့မိတ်ဆွေပဲ...မင်းတို့နှစ်ယောက် သူ့ကို သေချာစောင့်ရှောက်ထားကြအုံး"

ကျီစစ်နှင့်ကျီမိုသည် သူတို့၏ရင်ဘတ်များကိုပုတ်၍ အာမခံလိုက်ကြ၏

"ဘာမှမစိုးရိမ်ပါနဲ့...အရှင်ရဲ့မိတ်ဆွေကို နည်းနည်းလေးမှ ထိခိုက်ဒဏ်ရာမရအောင် ကျွန်တော်တို့ စောင့်ရှောက်ပါ့မယ်"

သူတို့နှစ်ယောက်သည် ဝိုင်အရက်မူးယစ်နေသဖြင့် ယစ်ထုတ်ကြီးများနှင့် တူညီနေသည်။သူတို့သည် ယခင်က ယဥ်ကျေးသိမ်မွေ့ပြီး ရုပ်ရည်ခန့်ညားသူများဖြစ်သည်ကို ပုံဖော်ကြည့်ရန်ပင် လွန်စွာခက်ခဲလှ၏။

"ရွှယ်အင်မော်တယ်..."

လီချမ်သည် အလွန်စိတ်လှုပ်ရှားနေပြီး သူ၏နှလုံး ကဆုန်စိုင်း ခုန်နေသည်။

သာမာန်နေ့ရက်များတွင် သူ့အတွက် မြေကမ္ဘာအင်မော်တယ်များကိုပင် ရှားရှားပါးပါးမြင်တွေ့ရရာ ယခုကဲ့သို့ ရွှယ်အင်မော်တယ်များဆိုလျှင် ဆိုဖွယ်ရာပင်မရှိတော့ချေ။

"မင်းနာမည် ဘယ်လိုခေါ်လဲ...မင်းက ဘိုးဘေးရဲ့မိတ်ဆွေဖြစ်နေမှတော့ ငါ့ရဲ့မိတ်ဆွေပဲ...ငါ့ကို ကျီစီလို့ခေါ်လို့ရတယ်"

အဟွတ်...အဟွတ်...အဟွတ်...

လီချမ်သည် အလွန်စိတ်လှုပ်ရှားနေပေ၏။ကိစ္စအားလုံးသည် အလွန်လျှင်မြန်စွာ ဖြစ်ပျက်ခဲ့သဖြင့် သူ စကားပြောဆိုနိုင်ခြင်း မရှိတော့ချေ။

သူသည် ကျေးဇူးတင်မှုအပြည့်ဖြင့် ကောင်းကင်ရထားလုံးအား ကြည့်လိုက်သည်။ဤအချိန်တွင် တာဟေးသည် ကောင်းကင်ရထားလုံးအားစီးနင်း၍ ထွက်ခွါသွားလေပြီ။

အဝေးတစ်နေရာ၌...

မုန့်ချာတို့လူစုသည် သူတို့ရှေ့မှမြင်ကွင်းကို စူးစိုက်၍ ကြည့်နေကြသည်။

"ဘယ်လိုလဲ...ငါတို့ သူတို့ကို ဆက်ဖမ်းအုံးမှာလား"

အင်မော်တယ်တစ်ယောက်က မေးမြန်းသည်။

"ဘယ်လိုဖမ်းရမှာလဲ...သွားပြီးအသေခံရမှာလား"

မုန့်ချာက ဒေါသတကြီး တုံ့ပြန်ပြောဆိုသည်။

သူ၏ခေါင်းကိုးလုံးဖြင့် အဝေးသို့ပျံဝဲသွားသော ကောင်းကင်ရထားလုံးကို စိန်းစိန်းဝါးဝါးကြည့်ပြီး အံ့တင်းတင်းကြိတ်လိုက်၏။

"အဲ့ဒီကောင်းကင်ရထားလုံးက မဟာမိုးကောင်းကင်ရွှေအင်မော်တယ်တွေတောင်မှ စီးနင်းနိုင်တဲ့အရာမျိုးမဟုတ်ဘူး...အဲ့ဒီခွေးနက်ကြီးရဲ့နောက်ခံက ဘာများပါလိမ့်"

ကောင်းကင်ရထားလုံးထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိ အစောင့်အကြပ်များအားလုံး လမ်းဖယ်ပေးလိုက်ကြသည်။မည်သူကမျှ သူတို့အား မတားဆီးဝံ့ကြချေ။

"ကောင်လေး...ဘယ်လိုလဲ....အခု ငါ့ရဲ့အဆင့်အတန်း ဘယ်လောက်ထိမြင့်မြတ်တယ်ဆိုတာ မင်း သိပြီမလား"

တာဟေးက ဂုဏ်ယူဝင့်ကြွားသောအပြုံးနှင့် ပြောဆိုသည်။

"ဒီနေရာက ဘာလဲဆိုတာ ခင်ဗျားသိလား"

လုယွီက မေးမြန်းလေ၏။

"မင်း မသိဘူးလား"

တာဟေးသည် အချိန်တခဏကြာ ကြောင်အနေပေ၏။ထို့နောက် သူသည် လုယွီကို မနာလိုသောအကြည့်ဖြင့်ကြည့်ပြီး ပြောဆိုသည်။

"ဒီနေရာက လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျောက်စာဖန်တီးထားတဲ့ ကမ္ဘာလောကပဲ..ဒါက ရှေးဟောင်းကောင်းကင်ဘုံတရားရုံးလည်း ဖြစ်တယ်"

"လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျောက်စာကို အရင်က လျှို့ဝှက်ဆန်းကြယ်အိမ်မက်နှလုံးသားကျမ်းစာလို့ ခေါ်တယ်...ကောလဟာလတွေအရတော့ ဒီကျမ်းစာက လူတွေရဲ့စိတ်ဝိညာဥ်ကိုဆွဲထုတ်ပြီး အတိတ်ကပုံရိပ်ယောင်တွေထဲကို ဝင်ရောက်သွားစေတယ်....ဒီနေရာကိုရောက်လာတဲ့လူအများစုက စိတ်ဇဝေဇဝါဖြစ်နေတဲ့အခြေအနေမျိုးကို ရောက်ရှိနေကြတာ....လူတချို့ပဲ အကြောင်းတစ်ခုခုကြောင့် ပုံရိပ်ယောင်ထဲမှာ နဂိုအသိစိတ်ရှိနေကြတယ်...ဥပမာပြောပြရင် မင်းနဲ့ငါလိုပေါ့...ဒါပေမယ့် ငါ သိချင်တာတစ်ခုက မင်း ဘယ်လိုလုပ်ပြီး လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာရဲ့ အသိအမှတ်ပြုမှုကို ရရှိသွားတာလဲ"

လုယွီ၏မျက်လုံးများ တောက်ပသွားသည်။

"ခင်ဗျားဆိုလိုချင်တာက...အခုချိန်မှာ ကျုပ်တို့က ကိုယ်ပိုင်စိတ်ဝိညာဥ်နဲ့ လှုပ်ရှားနေရတာပေါ့...ဟုတ်လား"

တာဟေးက ကြက်သေသေသွားပေ၏။

"ဟုတ်တယ်လေ...တကယ်လို့သာ မင်းရဲ့စိတ်ဝိညာဥ်ကို ဒီနေရာမှာ အမြစ်ပြတ်သုတ်သင်ခံရရင်...အပြင်မှာလည်း မင်း တကယ်သေသွားလိမ့်မယ်"

လုယွီသည် သူ၏ရည်ရွယ်ချက်အား တိုက်ရိုက်ပြောဆိုလေသည်။

"ခင်ဗျားကိုကြည့်ရတာ ကောင်းကင်ဘုံတရားရုံးမှာ အဆင့်အတန်းမြင့်မားပုံပဲ...ဒီနေရာမှာ ကျုပ် သင်ယူလို့ရတဲ့ ရှေးဟောင်းစိတ်ဝိညာဥ်သန့်စင်ခြင်းနည်းစနစ်တွေ ရှိလား"

Chapter 1599

"မရဘူး...အဲ့ဒီအကြောင်းကို စဥ်းတောင်မစဥ်းစားနဲ့"

တာဟေးသည် အလွန်တုန်လှုပ်သွားပုံရပြီး သူ၏ခန္ဓာကိုယ်မှအမွှေးများပင် ထောင်မတ်သွားသည်။

လုယွီက ပြောဆိုသည်။

"ဒါက ပုံရိပ်ယောင်တစ်ခုလေ...တကယ်လို့ ခင်ဗျား ကျုပ်ကို ပေးရင်တောင် ဘာဆုံးရှုံးမှုမှမရှိဘူးမလား"

"အဲ့ဒီလိုလုပ်လို့ မဖြစ်ဘူး"

တာဟေး၏အသံသည် ရုတ်တရက် ကျယ်လောင်စပြုလာသည်။

"လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာက မင်းထင်ထားသလောက် မရိုးရှင်းဘူး...မင်းအတွက်တော့ ဒါက ပုံရိပ်ယောင်တစ်ခုပဲ...ဒါပေမယ့် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာရဲ့ ပုံရိပ်ယောင်ကမ္ဘာထဲမှာ နေထိုင်သူတွေအတွက်တော့ ဒါက အစစ်အမှန်ကမ္ဘာလောကပဲ"

"မင်း ဒီနေရာမှာ ဘာပဲလုပ်လုပ်...ကံကြမ္မာအကျိုးအကြောင်းက ပြင်ပကမ္ဘာလောကနဲ့ ဆက်စပ်နေလိမ့်မယ်...တကယ်လို့ မင်းကို ဒီနေရာက ကျင့်ကြံနည်းစနစ်တစ်ခု ငါ ပေးလိုက်မိရင် ငါက ကောင်းကင်ဘုံရဲ့အပြစ်ပေးခြင်း ခံရလိမ့်မယ်"

လုယွီက တာဟေးသည် ယုံကြည်၍ရသူမဟုတ်ဟု သိရှိထားသော်လည် ယခု သူပြောနေသည်မှာ အလိမ်အညာနှင့်မတူညီချေ။

သို့ရာတွင် သူသည် ကန့်သတ်ချက်တစ်ချို့ကိုချိုးဖျက်ပြီး အဆင့်တက်နိုင်ရန်အတွက် ရှေးဟောင်းစိတ်ဝိညာဥ်သန့်စင်နည်းစနစ်များကို အမှန်တကယ်လိုအပ်နေသည်။

"နည်းလမ်းတစ်ခုတော့ရှိတယ်...ဒါက မင်း ထိပ်သီးအင်မော်တယ်တစ်ယောက်ကို ဆရာတင်လိုက်...ဆယ်စုနှစ်အနည်းငယ်အတွင်းမှာ မင်းရဲ့ဆရာသခင် စိတ်ပျော်ရွှင်နေတဲ့အချိန်ကျရင် မင်းကို ကျင့်စဥ်စာအုပ်တွေ ဆုအနေနဲ့ပေးလာနိုင်တယ်"

ထို့နောက် တာဟေးက ခေါင်းခါယမ်းပြီး ဆက်လက်ပြောဆိုသည်။

"ဒါပေမယ့် မင်း ပုံရိပ်ယောင်ကမ္ဘာထဲမှာ အချိန်အကြာကြီးနေလိုက်မယ်ဆိုရင်...တဖြည်းဖြည်း မင်းရဲ့အသိစိတ်တွေပျောက်ဆုံးပြီး လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာရဲ့ရုပ်သေးရုပ်ဖြစ်သွားလိမ့်မယ်"

"မင်း မြင်ခဲ့တဲ့အတိုင်းပဲ...အပြင်ကလူတွေက လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျောက်စာရဲ့ထိန်းချုပ်တာကို ခံနေရတာ...သူတို့မှာ အသိစိတ်ရှင်းရှင်းလင်းလင်း မရှိကြတော့ဘူး"

လုယွီက ပြောဆိုသည်။

"တခြားနည်းလမ်း မရှိတော့ဘူးလား"

တာဟေးသည် လုယွီအား စူးစိုက်၍ကြည့်လိုက်၏။

"မင်း အဲ့ဒီလမ်းကြောင်းကို တကယ်ရွေးချယ်ချင်တာလား...ဒါက အရမ်းအန္တရာယ်များတယ်နော်...တကယ်လို့ မင်း ဒီနေရာမှာသေသွားရင် မင်းရဲ့စိတ်ဝိညာဥ် ပြိုကွဲသွားလိမ့်မယ်"

သူသည် ကောင်းကင်ဘုံတရားရုံးအတွင်းတွင် လှိုဏ်ဂူသုံးဆယ့်ခြောက်လုံးအပြင် ရှေးဦးနတ်ဆိုးကမ္ဘာလောကနှင့် ဆက်သွယ်ထားသော နတ်ဆိုးဖိနှိပ်တောင်ရှိနေကြောင်းကို လုယွီအား ပြောပြလေသည်။

ထိုနေရာတွင် ရှေးဦးအချိန်ကာလများမှဆင်းသက်လာသော နတ်ဆိုးအမြောက်အများရှိပြီး သူတို့၏တည်ရှိမှုသည် ကောင်းကင်ဘုံတရားရုံးထက်ပင် ပို၍ကြာရှည်စွာ တည်ရှိခဲ့သည်။

နတ်ဆိုးဖိနှိပ်တောင်နှင့်လျန့်ကျီးတောင်သည် အပြည့်အဝကွာခြားသော နယ်မြေနှစ်ခုပင်။

ထိုတောင်၏တစ်ဖက်ခြမ်းတွင်ရှိနေသော နတ်ဆိုးကမ္ဘာလောကအတွင်းတွင် ရက်စက်ကြမ်းကြုတ်ပြီး တုန်လှုပ်ချောက်ချားဖွယ် နတ်ဆိုးများနှင့်ပြည့်နှက်နေပေရာ ကောင်းကင်ဘုံတရားရုံးသည် ထိုနေရာအား အပြည့်အဝအာရုံစူးစိုက်ထားပေ၏။

ကောင်းကင်ဘုံတရားရုံးအတွင်းရှိ လူများအားလုံးအနက် တစ္ဆေအင်မော်တယ်ဖြစ်စေ လောကီအင်မော်တယ် မြေကမ္ဘာအင်မော်တယ်ဖြစ်စေ အရည်အချင်းပြည့်မီသော မည်သူမဆို နတ်ဆိုးဖိနှိပ်တောင်သို့သွား၍ နတ်ဆိုးများကိုသတ်ဖြတ်ကာ အစောင့်အကြပ်အင်မော်တယ်များ၏အကဲဖြတ်မှုအရ ကျင့်ကြံနည်းစနစ်များဖြင့် လဲလှယ်နိုင်သည်။

တချို့လူများသည် နတ်ဆိုးဖိနှိပ်တောင်၌ သူတို့၏ထူးချွန်ပြောင်မြောက်သော တိုက်ခိုက်မှုစွမ်းရည်ကိုပြသနိုင်မှုကြောင့် အဖိုးတန်ရှားပါးသော ကျင့်ကြံနည်းစနစ်များ ရရှိခဲ့သည်။သို့ရာတွင် လူအများစုသည် နတ်ဆိုးဖိနှိပ်တောင်၏တစ်ဖက်ခြမ်း၌ သေဆုံးခဲ့ရ၏။

ထိုနေရာတွင် အန္တရာယ်နှင့်အခွင့်အလမ်း ပူးတွဲ၍တည်ရှိနေသည်။

"နတ်ဆိုးဖိနှိပ်တောင်ကို ကောင်းကင်ဘုံတရားရုံးမှာ ခြောက်နှစ်ကျင့်ကြံပြီးတဲ့ အင်မော်တယ်တွေပဲသွားနိုင်တယ်...ဒါပေမယ့် မင်း ငါ့ရဲ့တံဆိပ်ပြားကို ယူသွားမယ်ဆိုရင်...ဘယ်သူကမှ မင်းကို ခက်ခဲအောင်လုပ်မှာမဟုတ်ဘူး"

တာဟေးသည် အလွန်မောက်မာဝံ့ကြွားစွာပြောဆိုပြီး သူ၏လက်မောင်းကြားမှ တံဆိပ်ပြားတစ်ခုကိုထုတ်ယူကာ လုယွီထံပေးလိုက်၏။

ထိုတံဆိပ်ပြားသည် အရိုးအပိုင်းအစတစ်ခုဖြစ်သည်။အရိုး၏မျက်နှာပြင်သည် အလွန်ကြည်လင်ပြီး ထိုအရာပေါ်၌ သွားခြစ်ရာများရှိနေသည်။

အရိုး၏မျက်နှာပြင်ပေါ်တွင် ကောက်တိကောက်ကွေးရေးသားထားသော "ခွေးနက်အမိန့်တော်"ဟူသော စာလုံးတချို့လည်းရှိနေပေ၏။

ထိုတံဆိပ်ပြားအား မည်မျှပင် ကြည့်ရှုပါစေ ခွေးတစ်ကောင် ဝိုင်အရက်မူးနေစဥ်တွင် ကုတ်ခြစ်ထားခြင်းနှင့်သာ တူညီနေသည်။

လုယွီက သံသယအပြည့်ဖြင့် ပြောဆိုသည်။

"ဒီပစ္စည်းက အလုပ်ဖြစ်မှာလို့ ခင်ဗျား သေချာပြောနိုင်လား"

တာဟေးသည် သူ၏ရင်ဘတ်ကိုပုတ်ပြီး ပြောဆိုလေ၏။

"ကောင်စုတ်လေး...မင်းကို ငါလိမ်နေတာမဟုတ်ဘူး...ဒီဘိုးဘေး မင်းကိုပေးတဲ့ အရာတွေနဲ့ပတ်သက်ပြီး ဘာမှစိုးရိမ်စရာမရှိဘူး"

လုယွီသည် အချိန်တခဏကြာ တွေးတောနေပေ၏။ယခုလက်ရှိချိန်၌ သူထံတွင် တခြားနည်းလမ်းမရှိသဖြင့် သူသည် တာဟေးကို ယုံကြည်လိုက်ရတော့သည်။

မည်သို့ပင်ဆိုစေကာမူ တာဟေး၏စိတ်ဝိညာဥ်သည် သူ၏ထိန်းချုပ်မှုအောက်တွင်ရှိသည်။

အကယ်၍ သူသာ တစ်စုံတစ်ခု ဖြစ်ပွားပါက တာဟေး၏ရုပ်ခန္ဓာကိုယ်နှင့်စိတ်ဝိညာဥ်နှစ်ခုလုံး ပျက်စီးသွားပေမည်။ထို့ကြောင့် လုယွီသည် ဤကိစ္စနှင့်ပတ်သက်၍ တာဟေး သူ့အား ထိခိုက်နာကျင်အောင်လုပ်မည်ကို စိုးရိမ်ပူပန်ခြင်းမရှိချေ။

မကြာမီမှာပင် လုယွီသည် နတ်ဆိုးဖိနှိပ်တောင်သို့ ရောက်ရှိလာပေ၏။

တာဟေးသည် သူနှင့်အတူ လိုက်ပါလာခြင်းမရှိချေ။တာဟေး၏ပြောစကားအရ ကောင်းကင်ရထားလုံးသည် မြင့်မြတ်သောအရာတစ်ခုဖြစ်သည်။ထိုရထားလုံး တစ်ကြိမ်ထွက်ပေါ်လာခြင်းသည် ကောင်းကင်ဘုံတရားရုံးမှ အဆင့်မြင့်ပုဂ္ဂိုလ်တစ်ယောက် ထွက်ပေါ်လာခြင်းနှင့် ညီမျှပေ၏။ထိုကိစ္စသည် နတ်ဆိုးကမ္ဘာလောကအား အကြီးအကျယ် သက်ရောက်မှု ဖြစ်ပွါးစေနိုင်သည်။

လုယွီ၏ရှေ့၌ မြင့်မားသောတောင်စဥ်တောင်တန်းများရှိနေပြီး မျက်စိနှင့်မြင်နိုင်သမျှ အဆုံးမရှိချေ။

တောင်ထိပ်တစ်ခုစီပေါ်တွင် အင်မော်တယ်စွမ်းအားများဖြင့် ဖွဲ့စည်းထားသော ကြယ်ဝင်္ကပါရှိသည့် စေတီတစ်ဆူစီရှိနေပေ၏။ထိုတောင်ထိပ်များကို တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားပေရာ အလွန်အမင်းလျှို့ဝှက်ဆန်းကြယ်လှသည်။

Chapter 1600

လုယွီသည် နတ်ဆိုးဖိနှိပ်တောင်၏ပတ်ဝန်းကျင်နယ်မြေအတွင်းသို့ ဝင်ရောက်လိုက်ချိန်တွင် မြောက်များစွာသောနတ်ဘုရားစိတ်အာရုံများ သူ့ထံသို့ ကျရောက်လာပေ၏။

"စိတ်ဝင်စားစရာပဲ....တစ်ယောက်ယောက်က နတ်ဆိုးဖိနှိပ်တောင်ကို တစ်ယောက်တည်းနဲ့စိန်ခေါ်ချင်နေတယ်"

"နတ်ဆိုးဖိနှိပ်တောင်ကို ထိပ်သီးအင်မော်တယ်တွေတောင် တစ်ယောက်တည်းမလာဝံ့ဘူး...အနည်းဆုံး လူသုံးယောက် အတူပူးပေါင်းပြီးလာရတာ...မဟုတ်ရင် အခွင့်အလမ်းထက် အန္တရာယ်ကပိုများတယ်"

"ကျွတ် ကျွတ် ကျွတ်...သူက တစ္ဆေအင်မော်တယ်အဆင့်ပဲရှိသေးတာပဲ...အံ့အားသင့်စရာမရှိတော့ဘူး...သူ တက်လှမ်းလာတာ မကြာသေးပုံရတယ်...ဒါကြောင့် သူ အသက်ရှင်ရတာငြီးငွေ့ပြီး ဒီနေရာကို ရောက်လာပုံပဲ"

ထိုနတ်ဘုရားစိတ်အာရုံများတွင် လှောင်ပြောင်သရော်လိုသောအရိပ်အယောက်များ ပါဝင်နေပြီး မကြာမီမှာပင် လုယွီထံမှ ရွေ့လျားသွားကြသည်။

သူတို့သည် လုယွီ ဤနေရာ၌ အချိန်ကြာကြာနေနိုင်မည်မဟုတ်ဟု တွေးတောထားသည်မှာ သိသာထင်ရှားလှ၏။

"လူသစ်လေး ရပ်လိုက်စမ်း...တကယ်လို့ မင်း အထဲဝင်ချင်ရင် မင်း ကောင်းကင်ဘုံရောက်လာတဲ့သက်တမ်းကို စစ်ဆေးခံဖို့လိုအပ်တယ်"

ကောင်းကင်စစ်ဗိုလ်ချုပ်တစ်ယောက်သည် အမူအယာကင်းမဲ့စွာဖြင့် လုယွီအား ဟန့်တားလိုက်သည်။

သက်ရှည်မက်မုံပွဲတော်နှင့် နှိုင်းယှဥ်ကြည့်ပါက ဤနေရာသည် အစောင့်အကြပ် ပို၍တင်းကြပ်ပေ၏။

တံခါးမကြီး၏ရှေ့တွင် ကောင်းကင်စစ်ဗိုလ်ချုပ် ရာနှင့်ချီ၍ မတ်တတ်ရပ်နေပြီး တစ်ယောက်ချင်းစီမှနေ၍ အားကောင်းသောအရှိန်အဝါများ ထွက်ပေါ်နေသည်။

ထိုကောင်းကင်စစ်ဗိုလ်ချုပ်များ၏နောက်တွင် ရက်စက်ကြမ်းကြုတ်သော ရှေးဟောင်းသားရဲများ ရှိနေပေ၏။

လုယွီသည် ထိုရှေးဟောင်းသားရဲများကို တွေ့မြင်လိုက်ချိန်တွင် ပြင်ပလောက၌ မျောလွင့်စင်မြင့်နံဘေးတွင်ရှိပြီး အသက်ဝင်လာခဲ့သော သားရဲရုပ်ထုများနှင့် တူညီနေခြင်းကို အမှတ်ရသွားသည်။

ဤကဲ့သို့အနေအထားမျိုးဖြင့် စောင့်ကြပ်နေသဖြင့် နတ်ဆိုးဖိနှိပ်တောင်သို့ ကျူးကျော်ဝင်ရောက်ဝံ့သည့် မည်သူမဆို အဆုံးသတ်ကောင်းမွန်မည်မဟုတ်ချေ။

လုယွီက သူ၏လက်ကိုဆန့်ထုတ်လိုက်၏။ကောင်းကင်စစ်ဗိုလ်ချုပ်သည် လုယွီ၏လက်အတွင်းရှိ မှော်ရတနာကိုတစ်ချက်ကြည့်ပြီး အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုသည်။

"မင်းက တက်လှမ်းလာတာမကြာသေးဘူးပဲ...မင်း ထပ်ပြီး ကောင်းကောင်းမွန်မွန်ကျင့်ကြံနေအုံး...နောက်ထပ် ခြောက်နှစ်လောက်ကြာမှ ပြန်လာခဲ့...အခုချိန် အထဲဝင်သွားရင် မင်း သေလမ်းသွားရှာတာနဲ့ အတူတူပဲ"

လုယွီသည် အရိုးအပိုင်းအစကို ထုတ်ယူပြီး ပြောဆိုလေ၏။

"ကြည့်ပါအုံး...ဒါက ဘာလဲ"

အရိုးတစ်ခုလား....

နတ်ဘုရားစိတ်အာရုံတချို့ အရိုးထံသို့ ရွေ့လျားလာသည်။သူတို့သည် လုယွီ မည်သည်ကြောင့် အရိုးတစ်ခုအား ထုတ်ပြလိုက်သည်ကို ပုံဖော်တွေးတောနိုင်ခြင်းမရှိချေ။

ဤတစ္ဆေအင်မော်တယ်သည် ဦးနှောက်ပျက်နေခြင်း ဖြစ်သလော။

သူတို့၏ခန့်မှန်းချက်များဖြင့် ဆန့်ကျင်၍ နတ်ဆိုးဖိနှိပ်တောင်အား စောင့်ကြပ်နေသော ကောင်းကင်စစ်ဗိုလ်ချုပ်များသည် လုယွီ၏လက်အတွင်းမှ အရိုးကိုမြင်သည်နှင့် သူတို့၏မျက်နှာအမူအယာများ ပြောင်းလဲသွားသည်။

"ဒါက ကောင်းကင်ပျံဝဲနန်းတော်ကပုဂ္ဂိုလ်ရဲ့ တံဆိပ်ပြားမလား"

"မြန်မြန်...ကျေးဇူးပြုပြီး အထဲဝင်ပါ"

ကောင်းကင်စစ်ဗိုလ်ချုပ်တချို့သည် လုယွီအား တံခါးအတွင်းသို့ အလျှင်စလိုစေလွှက်လိုက်ရုံသာမက ရှေးဟောင်းသားရဲများပင် ကြောက်ရွံထိတ်လန့်စွာ နောက်ဆုတ်သွားကြသည်။

ဒါက...

လုယွီပင်လျင် အံ့အားသင့်တုန်လှုပ်သွားပေ၏။

တာဟေးသည် ရှေးဟောင်းကောင်းကင်ဘုံအတွင်း၌ အရေးပါသောအဆင့်အတန်းရှိသည်ကို သူ တွေးတောမိပြီးဖြစ်သည်။သို့ရာတွင် တာဟေးပေးသော အရိုးအပိုင်းအစသည် ဤမျှထိကြီးမားသော သက်ရောက်မှုရှိနေမည်ဟု သူ မျှော်လင့်မထားမိချေ။

'တာဟေးရဲ့ဇစ်မြစ်က ဘာများပါလိမ့်'

လုယွီသည် သူ၏စိတ်အတွင်းမှနေ၍ ညည်းတွားလိုက်မိ၏။

"ဒါက မင်းရဲ့တံဆိပ်ပြားပဲ...မင်း နတ်ဆိုးတစ်ကောင်ကို သတ်လိုက်တာနဲ့ ဒီပေါ်မှာ မှတ်တမ်းတင်ထားလိမ့်မယ်...ဒီတံဆိပ်ပြားကရမှတ်တွေနဲ့ အင်မော်တယ်ကျင့်စဥ်တွေ နတ်ဘုရားအဆင့်ဆေးလုံးတွေကို မင်း လဲလှယ်နိုင်တယ်"

လုယွီသည် အဖြူရောင်ကျောက်စိမ်းတံဆိပ်ပြားပေါ်သို့ သွေးတစ်စက်ချလိုက်ရာ ချက်ချင်းဆိုသလိုပင် ထိုအရာပေါ်၌ 'ယဲ့ရွှင်း'ဟူသောစာလုံး ထွက်ပေါ်လာသည်။

"မင်းကို သတိပေးရအုံးမယ်...အခုချိန်မှာ မင်းက တစ္ဆေအင်မော်တယ်အဆင့်ပဲရှိသေးတော့ နတ်ဆိုးကမ္ဘာလောကရဲ့အစွန်အဖျားနေရာတွေလောက်ပဲသွားတာ ပိုကောင်းလိမ့်မယ်...တကယ်လို့ အခွင့်အရေးရှိရင် မင်းနဲ့အတူ လူတချို့လောက်ခေါ်သွားသင့်တယ်... မင်း တစ်ယောက်တည်းဝင်သွားမယ်ဆိုရင်တော့ မင်း သေသွားနိုင်တယ်"

ကောင်းကင်စစ်ဗိုလ်ချုပ်တစ်ယောက်က လုယွီအား သတိပေးစကားပြောဆိုသည်။

လုယွီက ခေါင်းညိမ့်ပြပြီး ပြောဆိုလိုက်၏။

"ကျေးဇူးတင်ပါတယ်"

စကားဆုံးသည်နှင့် လုယွီသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ မှော်စွမ်းအားများကိုလှည့်ပတ်ပြီး နတ်ဆိုးကမ္ဘာလောကအတွင်းသို့ ဝင်ရောက်လိုက်တော့သည်။

လုယွီသည် အတွင်းသို့ ရောက်သွားသည်နှင့် ချက်ချင်းဆိုသလို မျက်မှောင်ကြုတ်လိုက်မိ၏။

ဤနေရာပတ်ဝန်းကျင်သည် ကောင်းကင်ဘုံတရားရုံးနှင့် အလွန်ကွဲပြားခြားနားသော အရှိန်အဝါမျိုးရှိနေသည်။

အကယ်၍ တစ်စုံတစ်ယောက်သည် ဤနေရာ၌ အချိန်ကြာမြင့်စွာ ကျင့်ကြံပါက လူသားဖြစ်စေ နတ်ဆိုးဖြစ်စေ စိတ်ဒေါသထွက်လွယ်ပြီး ရက်စက်ကြမ်းကြုတ်လာပေမည်။

လုယွီသည် ရွာတစ်ရွာအတွင်းသို့ တဖြည်းဖြည်း လျှောက်လှမ်းသွားလေ၏။

ထိုရွာသည် ပြင်ပလောကရှိ သာမာန်ကျေးရွာတစ်ရွာနှင့် ကွဲပြားခြားနားမှုမရှိချေ။ရွာအတွင်းရှိ မြေကွက်လပ်တွင် ယိုယွင်းပျက်စီးနေသော အိမ်တချို့ရှိနေပေရာ အုံ့မှိုင်းပြီးတုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ခံစားချက်မျိုး ရရှိစေသည်။

လုယွီသည် ပတ်ဝန်းကျင်အား အချိန်တခဏကြာ လှည့်ပတ်ကြည့်ပြီးနောက် နတ်ဆိုးကမ္ဘာလောက၏ နက်ရှိုင်းသောနေရာသို့ ဝင်ရောက်ခဲ့တော့သည်။

သို့သော် သူ ခြေတစ်လှမ်းလှမ်းလိုက်စဥ်မှာပင် ပတ်ဝန်းကျင်ရှိ အိမ်ပျက်များအတွင်းမှနေ၍ သွေးနီရောင်မျက်လုံးများ ရုတ်တရက် တောက်ပလာပေ၏။

All Chapters