အခန်း (၁၆၀၁-၁၆၀၅)
Vol. 83 Ch. 1601-1605
Chapter 1601
အိမ်ပျက်များအတွင်းမှ မျက်လုံးအကြည့်များသည် ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြည့်နှက်နေပြီး လုယွီ၏နောက်ကျောပြင်အား စူးစူးဝါးဝါး စိုက်ကြည့်နေကြသည်။
လုယွီသည် ရွာအတွင်းမှထွက်ခွာရန် ပြင်ဆင်လိုက်စဥ်မှာပင် ပတ်ဝန်းကျင်ရှိ အိမ်ပျက်ကြီးများမှ အခန်းတံခါးများ တပြိုင်နက်တည်းပွင့်ထွက်သွားပြီး လူအမြောက်အများ ပြေးထွက်လာပေ၏။
ထိုလူများကို ကြည့်ရသည်မှာ သာမာန်လူများနှင့်တူညီသည်။သို့ရာတွင် သူတို့၏မျက်လုံးများသည် နီမြန်းနေပြီး ခန္ဓာကိုယ်များမှနေ၍ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါများထွက်ပေါ်နေကာ ရံဖန်ရံခါ သူတို့ထံမှ တိုးညှင်းသောညည်းတွားသံများ ထွက်ပေါ်နေပေ၏။
"ဒါက နတ်ဆိုးဖိနှိပ်တောင်ရဲ့တစ်ဖက်ခြမ်းမှာရှိတဲ့ နတ်ဆိုးတွေလား"
မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် နတ်ဆိုးများသည် လုယွီထံဦးတည်၍ ပြေးဝင်လာပြီး တိုက်ခိုက်ကြတော့သည်။
ဘန်း...ဘန်း..ဘန်း...
ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မိသည်နှင့် လုယွီက တစ်ဖက်မှနတ်ဆိုးများ၏ အရိုးများသည် သံမဏိတမျှမာကြောနေကြောင်း ချက်ချင်းပင် နားလည်သဘောပေါက်သွားသည်။
ယဲ့ရွှင်း၏တစ္ဆေအင်မော်တယ်ခန္ဓာကိုယ်ဖြင့် ဤနတ်ဆိုးများအား ရင်ဆိုင်ရသည်မှာ သူ့အတွက် အနည်းငယ် အခက်အခဲဖြစ်စေသည်။
"ငါက ဒီနေရာကို စိတ်ဝိညာဥ်အနေနဲ့ ရောက်လာခဲ့တာ...ဒီလိုဆိုမှတော့ ဒီအခြေအနေကိုအခွင့်ကောင်းယူပြီး စိတ်ဝိညာဥ်ကိုလေ့ကျင့်ရမယ်"
လုယွီသည် နတ်ဆိုးများနှင့် အနီးကပ်တိုက်ခိုက်နေခြင်းကို ရုတ်သိမ်းလိုက်၏။ထို့နောက် သူ၏စိတ်ဝိညာဥ်ကိုထုတ်လွှက်ကာ ပေပေါင်းများစွာမြင့်မားသော မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီးအဖြစ် အသွင်ပြောင်းလိုက်သည်။
တက်လှမ်းခြင်းစာလိပ်အား ကျင့်ကြံထားခြင်းကြောင့် လုယွီ၏မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီးသည် ယခင်ထက် ပို၍ကျစ်လစ်သိပ်သည်းပြီး အရှိန်အဝါသည်လည်း ပို၍အားနေပေ၏။
ဧရာမမြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် သူ၏ပါးစပ်ကိုဖွင့်ဟ၍ ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။
မြေအောက်လောကနတ်ဘုရားရဲ့ကြုံးဝါးသံ...
တလိမ့်လိမ့်ထွက်ပေါ်လာသောအသံလှိုင်းများသည် မိုးခြိမ်းသံတမျှကျယ်လောင်ပြီး မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ပတ်ဝန်းကျင်အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
ရှေ့ဆုံး၌ရှိနေသော နတ်ဆိုးတချို့သည် အစွမ်းထက်သောအသံလှိုင်းများ၏ ရိုက်ခတ်ခြင်းခံရသဖြင့် အပိုင်းပိုင်းအစစ ပြတ်ထွက်သွားတော့သည်။
ပြတ်ထွက်သွားသောနတ်ဆိုးများထံမှနေ၍ အနီရောင်အလင်းတန်းတချို့ ပျံဝဲထွက်လာပြီး မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီး၏ပါးစပ်အတွင်းသို့ စုပ်ယူခြင်းခံလိုက်ရ၏။
လုယွီ၏ရင်ဘတ်ပေါ်ရှိ လျှို့ဝှက်ဆန်းကြယ်ထိုက်ကျိအမှတ်အသားသည် ရုတ်တရက် လင်းလက်တောက်ပလာပြီး နတ်ဆိုးစိတ်ဝိညာဥ်များကို သန့်စင်သော စိတ်စွမ်းအားများအဖြစ်ပြောင်းလဲကာ သူ၏စိတ်ဝိညာဥ်အတွင်းသို့ ဝင်ရောက်သွားစေသည်။
ရုတ်ချည်းဆိုသလိုပင် လုယွီ စိတ်ဝိညာဥ်၏စွမ်းအားများ အဆင့်တစ်ခုထိ မြင့်တက်သွားပေ၏။
"ဒီနတ်ဆိုးတွေရဲ့စိတ်ဝိညာဥ်တွေက ငါ့စိတ်ဝိညာဥ်ရဲ့စွမ်းအားကို မြှင့်တင်ပေးနိုင်တာလား"
လုယွီ၏မျက်လုံးများတောက်ပသွားပြီး သူ့ရှေ့ရှိနတ်ဆိုးများအား ရွှေတုံးရွှေခဲများကို မြင်ရသကဲ့သို့ စူးစိုက်၍ကြည့်လိုက်သည်။
"တခြားသူတွေအတွက်တော့ ဒါကငရဲဖြစ်သွားနိုင်တယ်...ဒါပေမယ့် ငါ့အတွက်တော့ ဒါက အဖိုးတန်ရှားပါးတဲ့အခွင့်အရေးပဲ"
လုယွီ၏စိတ်နှလုံးသားအတွင်း၌ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေစဥ်မှာပင် ရွာထိပ်အဝင်ဝရှိ ကျိုင်းပင်ကြီးတစ်ပင်သည် ရုတ်တရက် ပြင်းပြင်းထန်ထန် တုန်ရီသွားပေ၏။
အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် ဧရာမကျိုင်းပင်ကြီး အမြှစ်မှကျွတ်ထွက်လာသည်။မြောက်များစွာသော ဖုန်မှုန့်များအကြားမှနေ၍ သုံးပေခန့်မြင့်မားသော ဖုတ်ကောင်တစ်ကောင်ထွက်လာပြီး လုယွီထံဦးတည်၍ ဟိန်းဟောက်လိုက်သည်။
ထိုဖုတ်ကောင်သည် မြေကြီးအတွင်း၌ မြှုပ်နှံ၍နေနေသည်မှာ အချိန်မည်မျှကြာမြင့်ပြီမှန်း မသိနိုင်ချေ။သို့ရာတွင် သူ ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်လေထုအတွင်းတွင် ညှီစို့စို့အလောင်းကောင်အော်ရာများဖြင့် ပြည့်နှက်သွားပေ၏။
မြေအောက်လောကနတ်ဘုရားရဲ့အမျက်ဒေါသ...
လုယွီက ဖုတ်ကောင်ထံသို့ လက်ညှိုးညွှန်လိုက်သည်နှင့် သူ့နောက်ရှိ မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီးသည် ခေါင်းဖြတ်ဓားအား ဖုတ်ကောင်ထံဦးတည်၍ ခုတ်ပိုင်းလိုက်တော့သည်။
ဘန်း...
ကြောက်မက်ဖွယ်ဆေဘာဓားချက်သည် ဖုတ်ကောင်၏ရင်ဘတ်ပေါ်သို့ ကျရောက်သွားပေ၏။သို့ရာတွင် ထိုအရာသည် မာကြောသောနံရံကြီးကို ခုတ်ပိုင်းရသည်နှင့်တူညီပြီး သတ္ထုအချင်းချင်းထိခတ်သကဲ့သို့အသံ ထွက်ပေါ်လာသည်။
ထိုဓားချက်သည် ဖုတ်ကောင်အား မသတ်နိုင်သော်လည်း သူ၏ခန္ဓာကိုယ်အား နှစ်ပိုင်းပြတ်တောက်သွားလုနီးပါး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားစေသည်။
ဝေါင်း...
ဖုတ်ကောင်သည် အလွန်ဒေါသထွက်သွားလေ၏။သူ၏လက်မောင်းနှစ်ဖက်ကို ပြင်းပြင်းထန်ထန်ဝှေ့ယမ်းလိုက်ရာ တုန်လှုပ်ချောက်ချားဖွယ်လေလှိုင်းများ အဆက်မပြတ်ထွက်ပေါ်လာပြီး လုယွီထံ တိုးဝင်လာသည်။
ထိုဖုတ်ကောင်၏ရုပ်ခန္ဓာကိုယ်သည် လုယွီ၏ရုပ်ခန္ဓာကိုယ်အား ယှဥ်ပြိုင်နိုင်စွမ်းရှိသည်။ဤနေရာတွင် အန္တရာယ်များနှင့် ပြည့်နှက်နေသည်ဟု တာဟေးပြောဆိုခဲ့သည်မှာ အံ့အားသင့်ဖွယ်မရှိတော့ချေ။အကယ်၍ သာမာန်တစ္ဆေအင်မော်တယ်များသာ ဤနေရာသို့ ဝင်ရောက်လာပါက သေဆုံးသွားရပေမည်။
"ငါ့ရဲ့ရုပ်ခန္ဓာကိုယ်က ရှေးဟောင်းကျင့်ကြံနည်းစနစ်တွေကို အသုံးပြုနိုင်ရင် ငါ့ရဲ့စိတ်ဝိညာဥ်က ဘာလို့ အသုံးပြုလို့မရရမှာလဲ"
မည်သည့်တုံ့ဆိုင်းခြင်းမျှမရှိဘဲ လုယွီသည် မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီးအား ထိန်းချုပ်ကာ ဖုတ်ကောင်အား ခြေဖြင့်ဆောင့်နင်းလိုက်သည်။
ရှေးဟောင်းနတ်ဘုရားများ၏ကောင်းကင်တက်လှမ်းခြင်း...
မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီး၏ ခြေတစ်ချက်ဆောင့်နင်းလိုက်မှုနှင့်အတူ ရွာတစ်ရွာလုံး မြေကြီးအတွင်းသို့ ကျွံ့ဝင်သွားသည်။ဖုတ်ကောင်သည်လည်း ခြေဖြင့်တက်နင်းခြင်း ခံရသဖြင့် မြေကြီးအတွင်းသို့ နစ်ဝင်သွားပေ၏။
Chapter 1602
ဘုန်း...
ရွာတစ်ရွာလုံး၏မြေပြင် ပြိုကျသွားပေ၏။မြောက်များစွာသောအိမ်များ ပြိုကျသွားပြီး အပျက်အစီးများအကြားမှနေ၍ အဖြူရောင်အရိုးစုများ ထွက်ပေါ်လာသည်။
ဤရွာအတွင်း၌ လူ မည်မျှများများ သေဆုံးခဲ့ပြီမှန်း သူ မသိရှိချေ။
လုယွီသည် အပျက်အစီးများအား ဖြတ်၍လျှောက်သွားလိုက်သည်။ရွှံနွံများကြားမှနေ၍ စူးရှချွန်ထက်သော လက်တစ်လက်ထွက်ပေါ်လာပြီး လုယွီထံ ဆန့်တန်းလာပေ၏။
"ဘယ်ကောင်မှ အလွတ်မပေးနိုင်ဘူး"
လုယွီ၏မျက်လုံးများ အေးစက်သွားပြီး သူက ဖုတ်ကောင်၏လည်ပင်းပေါ်သို့ ခြေဖြင့်ဆောင့်နင်း၍ချိုးလိုက်သည်။
ထိုဖုတ်ကောင်၏ခန္ဓာကိုယ်မှ အနက်ရောင်အလင်းတန်းတစ်ခု ပျံဝဲထွက်လာပြီး မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီး၏ဝါးမျိုခြင်း ခံလိုက်ရ၏။
ဤတစ်ကြိမ်တွင် လုယွီ၏ခန္ဓာကိုယ် ထပ်မံ၍တုန်ရီသွားပြီး သူ့စိတ်ဝိညာဥ်၏စွမ်းအား အနည်းငယ်မြင့်တက်လာပေ၏။
လုယွီ၏တာအိုသခင်စိတ်ဝိညာဥ်သည် အလွန်သန်မာအားကောင်းပြီး ယခုလက်ရှိချိန်၌ အဆင့်သစ်တစ်ခု မြင့်တက်ရန် အစပျိုးနေလေပြီ။
လုယွီသည် ဖုတ်ကောင်၏စိတ်ဝိညာဥ်ကို ဝါးမျိုပြီးနောက် နံဘေးပတ်ဝန်းကျင်ရှိ နတ်ဆိုးများအားလုံးကို သုတ်သင်ကာ ရွာအတွင်းမှ ထွက်ခွာခဲ့တော့သည်။
သူ၏တံဆိပ်ပြားပေါ်၌ တိုက်ပွဲအောင်မြင်မှုတချို့ ထွက်ပေါ်လာပေ၏။
ပထမတန်းစားနတ်ဆိုး ၁
ဒုတိယတန်းစားနတ်ဆိုး ၂၇
နောက်၌ရှိသောကိန်းဂဏန်းသည် လုယွီ သတ်ဖြတ်ခဲ့သော နတ်ဆိုးများ၏အရေအတွကို ညွှန်ပြသည်။ထို့ပြင် ဖုတ်ကောင်သည် ပထမတန်းစားနတ်ဆိုး ဖြစ်ပေ၏။
"ပထမတန်းစားနတ်ဆိုးတစ်ကောင်က ငါ တစ်လလောက် ပြင်းပြင်းထန်ထန် ကျင့်ကြံရမှာကို သက်သာစေတယ်...ဒီနေရာက ငါ့အတွက်တော့ တကယ့်ကို ရတနာသိုက်ကြီးပဲ"
လုယွီ၏မျက်လုံးတစ်စုံက ခရမ်းရောင်တောက်ပနေသည်။
ဤသည်မှာ ရှေးဟောင်းနည်းပညာရပ်များအနက်မှ ကြယ်စူးစမ်းခြင်းနည်းစနစ်ဖြစ်ပြီး အရပ်လေးမျက်နှာမှ ကံကြမ္မာကို တွက်ချက်နိုင်သည်။
လုယွီ၏မျက်လုံးအတွင်း၌ သူ၏ပတ်ဝန်းကျင်ရှိ အရာအားလုံး အနက်ရောင်မြူခိုးများ လွှမ်းခြုံနေသည်။ထိုမြူခိုးများကြောင့် သူသည် ဦးတည်ရာအား ကွဲကွဲပြားပြား မမြင်နိုင်တော့ချေ။
မြောက်များစွာသော အနက်ရောင်အလင်းတန်းများသည် တိမ်စိုင်များကိုထိုးဖောက်ပြီး မိုးကောင်းကင်ယံအတွင်းသို့ တိုးဝင်နေပေ၏။ထိုအလင်းတိုင်လုံးများနောက်တွင် အစွမ်းထက်သောနတ်ဆိုးတစ်ကောင် ပုန်းအောင်းနေသည်။
လုယွီသည် ဤနေရာနှင့် မနီးမဝေးအကွာအဝေးရှိ တောအုပ်အတွင်း၌ အင်မော်တယ်တချို့ရှိနေသည်ကို သတိပြုမိပေ၏။
ထိုအင်မော်တယ်များ၏အရှိန်အဝါသည် နတ်ဆိုးများနှင့် မတူကွဲပြားသော်လည်း အားကောင်းမှုမရှိချေ။သူတို့သည် တစ္ဆေအင်မော်တယ်များသာ ဖြစ်ပေမည်။
လုယွီသည် ထိုလူများနှင့်ဆက်သွယ်ရန် ရည်ရွယ်ချက်မရှိပေ။ဤနေရာရှိနတ်ဆိုးများအား တခြားသူများ၏အကူအညီမယူဘဲ သူ ကိုင်တွယ်ဖြေရှင်းနိုင်ပေ၏။
လုယွီသည် အလင်းတိုင်လုံးတစ်လုံးအားကြည့်ပြီး ထိုနေရာသို့သွားရန် လေထုအတွင်းသို့ ခုန်တက်လိုက်သည်။
သို့သော် ထိုအချိန်မှာပင်...
သစ်တောအုပ်အတွင်းမှအင်မော်တယ်များသည်လည်း လုယွီအား သတိပြုမိသွား၏။
"ရှေ့ကတစ်ယောက်...ရပ်လိုက်စမ်း"
မောက်မာရိုင်းပျသောအသံတစ်သံက လုယွီ၏နောက်မှ ထွက်ပေါ်လာသည်။
လုယွီက မျက်မှောင်ကြုတ်ပြီး နောက်သို့လှည့်ကြည့်လိုက်ရာ အပြာရောင်ဝတ်စုံဝတ်ဆင်ထားသော အင်မော်တယ်တချို့ လျှောက်လှမ်းလာနေခြင်းကို တွေ့မြင်မိသည်။
ထိုအင်မော်တယ်များသည် ခုနစ်ယောက် ရှစ်ယောက်ခန့်ရှိပြီး သူတို့အားလုံးသည် တစ္ဆေအင်မော်တယ်များဖြစ်သည်။ထိပ်ဆုံးမှဦးဆောင်လာသူသည် မိန်းကလေးတစ်ယောက်ဖြစ်ပြီး သူမ၏မျက်နှာပေါ်၌ အလွန်မောက်မာဝံ့ကြွားသော အမူအယာမျိုး ရှိနေပေ၏။
"နင်က တစ္ဆေအင်မော်တယ်အဆင့်ပဲရှိတာ...ဒီနေရာကို ဘာဘာလုပ်တာလဲ"
ထိုမိန်းကလေး၏အသံက အေးစက်တင်းမာနေသည်။
လုယွီက တုံ့ပြန်ပြောဆိုသည်။
"နတ်ဆိုးတွေကို လာသတ်တာ"
"နတ်ဆိုးတွေကို သတ်ဖို့ ဟုတ်လား....နင် တစ်ယောက်တည်းနဲ့လေ...နင့်ရဲ့အဖော်တွေက ဘယ်မှာလဲ"
မိန်းကလေး၏မျက်လုံးများအတွင်း၌ သိချင်စိတ်ပြင်းပြသောအရိပ်အယောင်မျိုး ထွက်ပေါ်လာပေ၏။
လုယွီက ခေါင်းခါပြလိုက်သည်။
"ငါ တစ်ယောက်တည်း လာခဲ့တာ...တကယ်လို့ တခြားကိစ္စမရှိတော့ဘူးဆိုရင် ငါ အရင်သွားတော့မယ်"
သူ၏အချိန်သည် အလွန်အဖိုးတန်ပေရာ မည်သည်ကြောင့် သူ့ရှေ့မှမိန်းကလေးနှင့် အချိန်ဖြုန်း၍နေနေနိုင်မည်နည်း။
လုယွီ ထွက်ခွာရန် ဟန်ပြင်နေသည်ကိုကြည့်ပြီး မိန်းကလေး၏မျက်လုံးများအတွင်း၌ သံသယအရိပ်အယောင်များ ထွက်ပေါ်လာပေ၏။
"နင်က နတ်ဆိုးတွေအတွက် အလုပ်လုပ်နေပြီးတော့ ငါတို့ကောင်းကင်ဘုံတရားရုံးကလူယောင်ဆောင်ထားတာလို့ ငါ သံသယဝင်မိတယ်...နင့်ရဲ့အပြုအမူတွေက မသင်္ကာစရာပဲ"
မိန်းကလေးက ချက်ချင်းပင် အမိန့်ပေးလိုက်သည်။
"သူ့ကိုရှာကြစမ်း...အတွင်းရော အပြင်ရော သေချာရှာကြ"
သူမ၏နောက်မှနေ၍ အပြာရောင်ဝတ်စုံဝတ်အင်မော်တယ်များသည် ရက်စက်ကြမ်းကြုတ်သောမျက်နှာအမူအယာများဖြင့် ရှေ့သို့ထွက်လာကြ၏။
"ကောင်လေး...ရုန်းကန်ဖို့မကြိုးစားနဲ့...ငါတို့က ပျော်ရွှင်မှုဝါဒနန်းတော်က လူတွေပဲ...သူက ငါတို့နန်းတော်ရဲ့ စီနီယာအမထန်...မင်း ရိုးရိုးသားသားအစစ်ဆေးခံတာ ပိုကောင်းလိမ့်မယ်"
အပြာရောင်ဝတ်စုံဝတ်အင်မော်တယ်တစ်ယောက်က ခြိမ်းခြောက်စကားပြောဆိုသည်။
ပျော်ရွှင်မှုဝါဒနန်းတော်ဟု ဆိုသလော။
ဤသည်က ကောင်းကင်ဘုံတရားရုံးအတွင်း၌ ထင်ရှားသော နန်းတော်တစ်ခုဖြစ်ကြောင်း လုယွီ အမှတ်ရသွားပေ၏။
လုယွီသည် သူ့ထံသို့လျှောက်လှမ်းလာသော အပြာရောင်ဝတ်စုံဝတ်အင်မော်တယ်များကို ဝေ့ဝိုက်ကြည့်ပြီး အေးစက်တင်းမာသောအသံဖြင့် ပြောဆိုသည်။
"ငါ့နားကိုကပ်ဝံ့တဲ့ ဘယ်ကောင်မဆို....သေရမယ်"
Chapter 1603
ယခုလက်ရှိချိန်၌ လုယွီသည် ယဲ့ရွှင်း၏ခန္ဓာကိုယ်အား ဌားရမ်းအသုံးပြုနေခြင်းဖြစ်သည်။
သို့ရာတွင် သူသည် မြေအောက်လောကတာအိုသခင်တစ်ယောက် ဖြစ်ခဲ့ပေရာ မည်သည့်နည်းဖြင့် တခြားသူများကို သူ၏ခန္ဓာကိုယ်အားရှာဖွေခွင့် ပြုနိုင်မည်နည်း။
သူ့ရှေ့ရှိလူများသည် ရှေးဟောင်းအင်မော်တယ်များဖြစ်သော်လည်း သူတို့ကို အများဆုံးအနေဖြင့် တစ္ဆေအင်မော်တယ်များဟုသာ ယူဆနိုင်သည်။
တစ္ဆေအင်မော်တယ်များ၏အမည်များကို ရှေးဟောင်းမှတ်တမ်းများတွင် မှတ်တမ်းတင်ထားခြင်းမရှိချေ။သူတို့သည် ရှည်လျားသောသက်တမ်းကို ပိုင်ဆိုင်ကြသော်လည်း မဟာတာအိုကိုအောင်မြင်စွာ ချိုးဖျက်ဝင်ရောက်နိုင်ခြင်းမရှိသဖြင့် တခြားသူများ၏ လှောင်ပြောင်သရော်ခြင်းခံရသူများဖြစ်သည်။
လုယွီ၏တာအိုသခင်စိတ်ဝိညာဥ်သည် ထိုတစ္ဆေအင်မော်တယ်များအား ယှဥ်ပြိုင်တိုက်ခိုက်နိုင်ရန် လုံလောက်သည်။
"မောက်မာပြီး အကြောက်အလန့်မရှိဘူးပဲ...ဒါက နားလည်မှုလွဲမှားတယ်ဆိုရင်တောင် ငါတို့က အကုန်လုံး ကောင်းဖို့အတွက်လုပ်နေတာ....နင်သာ နတ်ဆိုးတွေဘက်က သူလျှိုမဟုတ်ရင် ဘာမှစိုးရိမ်နေစရာမလိုဘူး"
စီနီယာအမထန်သည် လုယွီအား စူးစိုက်ကြည့်ပြီး ပြောဆိုသည်။
"ဒီကောင်စုတ်လေးကို ကြည့်ရတာ ဒီနေရာကို ခိုးကြောက်ခိုးဝှက် ဝင်လာသလိုပဲ...လူကောင်းတစ်ယောက်နဲ့လည်းမတူဘူး...ငါတို့ သူ့ကိုဖမ်းဆီးပြီး ပြန်ပို့လိုက်တာ ပိုကောင်းလိမ့်မယ်"
အပြာရောင်ဝတ်စုံဝတ်အင်မော်တယ်တစ်ယောက်သည် ဒေါသတကြီးပြောဆိုပြီး လှုပ်ရှားရန် အဆင်သင့်ပြင်လိုက်၏။
လုယွီသည် ထိုလူစုအား အေးစက်တင်းမာသောအကြည့်ဖြင့် စူးစိုက်၍ကြည့်လေသည်။
"မင်းတို့အားလုံး ငါ့ကိုဖမ်းမိနိုင်မလားဆိုတာ ငါ စောင့်ကြည့်အုံးမယ်"
သူသည် ရှင်းပြရန် ပျင်းရိငြီးငွေ့သဖြင့် နည်းစနစ်တချို့ကို အသုံးပြုလိုက်ရာ ချက်ချင်းဆိုသလိုပင် လူအားလုံး၏မြင်ကွင်းရှေ့မှ ပျောက်ကွယ်သွားတော့သည်။
အပြာရောင်ဝတ်စုံဝတ်အင်မော်တယ်များသည် အံ့အားသင့်စွာဖြင့် လိုက်လံဖမ်းဆီးကြသော်လည်း သူတို့သည် လုယွီ၏ပုံရိပ်ကိုသာ တွေ့မြင်ကြရ၏။
"တကယ်တော့ အဲ့ဒီကောင်က တစ်ခုခုပဲဆိုတာ ငါ့စိတ်ထဲမှာထင်နေတာ...ငါတို့ သေချာစစ်ဆေးမှာကြောက်လို့ သူ ထွက်ပြေးသွားတာဖြစ်မယ်"
အပြာရောင်ဝတ်စုံဝတ်အင်မော်တယ်တစ်ယောက်က ဒေါသတကြီးပြောဆိုသည်။
စီနီယာအမထန်ကမူ တည်ငြိမ်နေဆဲပင်။
"အရင်ဆုံး သူ့ကို ဂရုစိုက်မနေကြနဲ့...ငါတို့ရဲ့တာဝန်ကိုပဲ ဆက်လုပ်ကြရအောင်...သူက နတ်ဆိုးဖြစ်ချင်မှလည်းဖြစ်မှာပါ...သူက စည်းမျဥ်းတွေကို နားမလည်သေးတဲ့ ကောင်လေးတစ်ယောက်လည်း ဖြစ်နိုက်တယ်...သူက နတ်ဆိုးကမ္ဘာလောကထဲကို တစ်ယောက်တည်း ဝင်လာခဲ့မှတော့ အသက်ရှင်ရက် ပြန်ထွက်သွားနိုင်မှာမဟုတ်ဘူး"
မကြာမီမှာပင် အပြာရောင်ဝတ်စုံဝတ်အင်မော်တယ်တစ်စုသည် သူတို့ တာဝန်ထမ်းဆောင်ရမည့်နေရာသို့ ရောက်ရှိလာပေ၏။
သို့ရာတွင် ထိုရွာသည် တစ်စုံတစ်ယောက်၏ဖျက်ဆီးခြင်းခံရပြီး မြေပြင်အတွင်းသို့ အနည်းငယ်ကျွံဝင်နေမည်ဟု သူတို့အားလုံး မျှော်လင့်မထားမိကြချေ။
မြောက်များစွာသောအက်ကွဲကြောင်းများသည် ရွာ၏အလယ်မှနေ၍ ပင့်ကူအိမ်ကဲ့သို့ ပျံ့နှံ့နေသည်။ပတ်ဝန်းကျင်နေရာတစ်ခုလုံး နတ်ဆိုးများ၏ ခြေပြတ်လက်ပြတ်များဖြင့် ပြည့်နှက်နေပေ၏။
"ဒီနေရာမှာ...ဘာတွေ ဖြစ်သွားခဲ့တာလဲ"
စီနီယာအမထန်တို့လူစုသည် ကူကယ်ရာမဲ့စွာဖြင့် ပင့်သက်ရှိုက်လိုက်ကြသည်။
သူတို့သည် အပျက်အစီးများအား ဖယ်ရှားကြည့်လိုက်ကြရာ ဖုတ်ကောင်၏အလောင်းအား တွေ့မြင်ကြရ၏။
"ပထမတန်းစားနတ်ဆိုး...ဘယ်သူ သူ့ကို သတ်သွားတာပါလိမ့်"
" ပထမတန်းစားနတ်ဆိုးကိုသတ်နိုင်တဲ့လူက လောကီအင်မော်တယ်တစ်ယောက်ဖြစ်နေမှာ ငါ စိုးရိမ်မိတယ်"
အပြာရောင်ဝတ်စုံဝတ်အင်မော်တယ်များသည် ထပ်ခါထပ်ခါ သက်ပြင်းရှိုက်နေကြသည်။
စီနီယာအမထန်၏မျက်လုံးများ တောက်ပသွားပေ၏။
"အဲ့ဒီလူက လောကီအင်မော်တယ်အဆင့်ရှိတဲ့လူပဲ...သူ့ရဲ့အရှိန်အဝါနဲ့လွှမ်းမိုးနိုင်စွမ်းအရဆိုရင် တခြားနတ်ဆိုးတွေရဲ့စိတ်အာရုံကို ဆွဲဆောင်နိုင်လိမ့်မယ်...တကယ်လို့ ငါ့တို့က သူ့နဲ့အတူပူးပေါင်းနိုင်ရင် အကျိုးအမြတ်တချို့ရနိုင်တယ်"
……
လုယွီသည် သူ့ရှေ့ရှိသစ်တောအုပ်တလျှောက် လမ်းလျှောက်လာခဲ့ရာ နောက်ဆုံး၌ နတ်ဆိုးစွမ်းအင်များဖြာထွက်နေသောနေရာသို့ ရောက်ရှိခဲ့တော့သည်။
ထိုနေရာသည် မြို့ငယ်တစ်မြို့ဖြစ်ပြီး ယခင်က ပျက်စီးနေသောရွာထက် များစွာပို၍သာလွန်သည်။မြို့၏ပြင်ပကို မြင့်မားသောသစ်သားနံရံဖြင့် ကာရံထားပြီး လယ်ကွင်းတချို့ဖြင့် ဝိုင်းရံထားပေ၏။
အကယ်၍ နတ်ဆိုးစွမ်းအင်များသာ ဖြာထွက်နေခြင်းမရှိပါက ဤနေရာသည် သာမာန်လူများနေထိုင်ရာ မြို့တစ်မြို့နှင့် ကွဲပြားခြားနားခြင်းမရှိချေ။
ကျွီ....
လုယွီသည် မြို့တံခါးကိုတွန်းဖွင့်လိုက်ရာ အတွင်း၌ အလွန်တိတ်ဆိတ်ငြိမ်သက်နေပြီး မည်သည့်အသံကိုမျှ မကြားရချေ။
မြို့အတွင်း၌ ဆေးကုသခန်းမ ဘုရားကျောင်း စားသောက်ဆိုင်နှင့် လဖက်ရည်ဆိုင်များ နေရာအနှံ့ရှိနေသည်။ဤနေရာ၌ လူများ နေထိုင်နေသော အရိပ်အယောင်များကိုလည်း သူ တွေ့ရှိရပေ၏။
လုယွီသည် မြို့၏အထိမ်းအမှတ်ခန်းမအတွင်းသို့ ဝင်လိုက်ရာ စက္ကူဖြူများက နေရာအနှံ့ပြန့်ကြဲနေပြီး တံခါးရှေ့၌ အဖြူရောင်မီးအိမ်နှစ်ခု တွဲလောင်းချိတ်ဆွဲထားသည်ကို တွေ့မြင်မိသည်။
ထိုခန်းမအတွင်းမှနေ၍ နတ်ဆိုးအငွေ့အသက်များ ထွက်ပေါ်နေသည်။
လုယွီသည် တံခါးအားကန်ဖွင့်လိုက်ရာ အတွင်း၌ ခေါင်းတလားဆယ်လုံးကျော်ရှိနေခြင်းကို တွေ့မြင်ရသည်။
"ပုန်းမနေကြနဲ့...ထွက်လာကြစမ်း"
လုယွီက အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။
အေးစက်ပြီးထူးဆန်းသောအသံတစ်သံသည် ခေါင်းတလားတစ်ခုအတွင်းမှ ထွက်ပေါ်လာပေ၏။
"ငါတို့ စောင့်နေခဲ့တာ အချိန်အတော်ကြာနေပြီ...ဒါပေမယ့် မင်းလို မဆင်မခြင်ဝင်လာတဲ့လူငယ်မျိုး မတွေ့ဖူးသေးဘူး...မင်းရဲ့ခန္ဓာကိုယ်က တော်တော်ကောင်းတာပဲ...ဒီလူအိုကြီးကို ပေးခဲ့တော့"
လုယွီ၏ရှေ့ရှိ ခေါင်းတလားအဖုံး ရုတ်တရက် ပွင့်လာသည်။
Chapter 1604
ခေါင်းတလားအတွင်းမှနေ၍ ပိန်လှီပြီးဖြူရော်နေသော အရိုးခြောက်လက်တစ်ဖက်ထွက်ပေါ်လာပေ၏။
ဘန်းခနဲအသံနှင့်အတူ ခေါင်းတလားပွင့်သွားပြီး အတွင်းမှ အရိုးစုတစ်ခု တွယ်တက်လာသည်။
ထိုအရိုးစုသည် ပြင်းထန်သောနတ်ဆိုးအရှိန်အဝါများဖြင့် ပြည့်နှက်နေပြီး အကြည့်တစ်ချက်ဖြင့်ပင် လူများအား တုန်လှုပ်ချောက်ချားစေနိုင်သည်။
"ခုဏက ဖုတ်ကောင်ထက် အားနည်းနည်းပိုကောင်းလာတာပဲ"
လုယွီသည် အနည်းငယ် သိချင်စိတ်ပြင်းပြသွားပေ၏။သူ့ရှေ့ရှိ အရိုးစုသည် ဖုတ်ကောင်နှင့်မတူညီဘဲ အသိစိတ်အား ပိုင်ဆိုင်ထားသည်။
"ရှေးဟောင်းနတ်ဘုရားများ၏ကောင်းကင်တက်လှမ်းခြင်း..."
လုယွီသည် အချိန်ဖြုန်းလိုစိတ်မရှိသဖြင့် သူ၏အားကောင်းသော တိုက်ခိုက်မှုအား ချက်ချင်းအသုံးပြုလိုက်၏။
ဘုန်း...
ပြင်းထန်သောစွမ်းအားလှိုင်းကြောင့် ချက်ချင်းဆိုသလို အရိုးစုသည် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
လေလှိုင်းများ တလိမ့်လိမ့်လူးလွန့်လာခြင်းနှင့်အတူ ပတ်ဝန်းကျင်ရှိ ခေါင်းတလားများ ပေါက်ကွဲသွားပေ၏။
ကျိုးပဲ့သွားသောခေါင်းတလားများမှနေ၍ အရိုးစုကောင်များထွက်လာပြီး အော်ဟစ်ကြုံးဝါးပြီး လုယွီထံသို့ တရကြမ်းပြေးဝင်လာကြသည်။
"အရပ်ရှစ်မျက်နှာ ချိပ်ပိတ်ခြင်း..."
လုယွီသည် သူ၏လက်ကိုမြှောက်၍ ပတ်ဝန်းကျင်အား ချိပ်ပိတ်လိုက်ပြီး တစ်ချိန်တည်းမှာပင် အရိုးစုများနှင့်ဝေးရာသို့ ရှောင်ရှားလိုက်၏။
ထိုအရိုးစုကောင်များ၏စွမ်းအားသည် သူ ခန့်မှန်းထားသည်ထက် ကျော်လွန်နေသည်။တိုက်ခိုက်မှုတစ်ခုတည်းဖြင့် သူတို့အား အပြည့်အဝဖျက်ဆီးနိုင်ခြင်းမရှိချေ။
"ငါ သက်ရှိလူသားရဲ့အငွေ့အသက်ကိုရနေတယ်"
"ဒီနေရာမှာ အင်မော်တယ်တစ်ယောက် ရှိနေတာပဲ"
"သူ့ကိုဖမ်းပြီး သူ့ရဲ့သွေးကို စုပ်ယူကြရအောင်"
လုယွီ၏နားအတွင်းသို့ သရဲတစ္ဆေများ၏ညည်းတွားသံကဲ့သို့ အသံများ ဝင်ရောက်လာသည်။
ယခင်က တိတ်ဆိတ်ငြိမ်သက်နေသော မြို့အတွင်းရှိ အဆောက်အအုံများမှနေ၍ ရုတ်တရက် မရေမတွက်နိုင်သော နတ်ဆိုးများထွက်ပေါ်လာပြီး ဒီရေအလား လုယွီထံ တိုးဝင်လာကြ၏။
အချိန်တခဏအတွင်းမှာပင် လုယွီသည် နတ်ဆိုးများ၏ဝိုင်းရံထားခြင်းကို ခံလိုက်ရတော့သည်။
"တစ္ဆေအင်မော်တယ်အဆင့်နဲ့များ...ဒီနေရာကို တစ်ယောက်တည်း ဝင်လာဝံ့တယ်ပေါ့လေ...မင်း သတ္တိတော်တော်ကောင်းတာပဲ"
ထိုစကားပြောဆိုလိုက်သော အရိုးစု၏မျက်လုံးများအတွင်း၌ ထူးဆန်းသောခရမ်းရောင်အလင်းတန်းများ တောက်ပနေသည်။
ထိုအရိုးစု၏အရိုးများသည်လည်း တောက်ပသောအလင်းရောင်များ ဖြာထွက်နေပြီး အရိုးတစ်ခုစီအား အထူးသီးသန့်ပစ္စည်းများဖြင့် သန့်စင်ထားပုံရသည်။
လုယွီသည် ရှေးဟောင်းနတ်ဘုရားများ၏ကောင်းကင်တက်လှမ်းခြင်းနည်းစနစ်ကို အသုံးပြုသည့်တိုင် ထိုအရိုးစုအား ဖျက်ဆီးနိုင်ခြင်းမရှိချေ။
လုယွီ နေရာမှာပင် မတ်တတ်ရပ်နေဆဲဖြစ်သည်ကိုကြည့်ပြီး အရိုးစုသည် ပို၍မောက်မာရိုင်းစိုင်းလာပေ၏။
"ခုဏ မင်းအသုံးပြုလိုက်တဲ့ မှော်နည်းစနစ်က မင်းရဲ့မှော်စွမ်းအားကို ကုန်ခမ်းသွားစေနိုင်တယ်...ဒီနေရာကိုရောက်လာတဲ့ လောကီအင်မော်တယ်တွေကိုတောင် ငါက သတ်ဖြတ်ခဲ့တာ...မင်းက တစ္ဆေအင်မော်တယ်အဆင့်နဲ့ ဒီနေရာကိုလာပြီး စူးစမ်းဝံ့တယ်ပေါ့လေ"
လောကီအင်မော်တယ်ဟု ဆိုလိုက်သလော...
လုယွီ အံ့အားသင့်သွားသည်။သူသည် ဤနေရာအကြောင်း မူလကတည်းက များစွာခန့်မှန်းပြီးဖြစ်သည်။အရိုးစုမှပြောဆိုလိုက်သော စကားများကိုကြားချိန်တွင် သူ၏အတွေးများ ပို၍ခိုင်မာသွားခဲ့သည်။
ဤနေရာသည် မူလတွင် ကောင်းကင်ဘုံတရားရုံးမှထိန်းချုပ်ထားသော နေရာတစ်နေရာဖြစ်ပေမည်။သို့ရာတွင် အကြောင်းအရင်းတချို့ကြောင့် ကောင်းကင်ဘုံတရားရုံးမှအင်အားစုများ နောက်ဆုတ်သွားချိန်တွင် ဤနေရာ၌အခြေချနေထိုင်ခဲ့သူများအားလုံး သတ်ဖြတ်ခံရပြီး နတ်ဆိုးများအဖြစ်သို့ ပြောင်းလဲသွားကြခြင်းပင်။
အနာဂတ်မျိုးဆက်များသည် မြောက်မြားစွာသောရှေးဟောင်းစာအုပ်များမှတဆင့် ကောင်းကင်ဘုံတရားရုံးသည် အကန့်အသတ်မရှိတောက်ပနေသော ပြိုင်ဘက်ကင်းတည်ရှိမှုကြီးဖြစ်သည်ဟု သိရှိထားကြ၏။သို့ရာတွင် ဤပုံရိပ်ယောင်ကမ္ဘာလောကကိုကြည့်ခြင်းအားဖြင့် ကောင်းကင်ဘုံတရားရုံးသည် ပြိုင်ဘက်ကင်းတည်ရှိမှုမဟုတ်ခြင်းမှာ သိသာထင်ရှားသည်။
"မင်းသွားရမယ့်လမ်းကို ပို့ဆောင်ပေးဖို့အချိန်ကျပြီ...မင်းရဲ့ခန္ဓာကိုယ် ငါ့ကိုပေးစမ်း"
ရုတ်ချည်းဆိုသလိုပင် အရိုးစုကြီးသည် လုယွီထံသို့ ပျံဝဲလာပေ၏။
"ခင်ဗျားလှုပ်ရှားမယ့်အချိန်ကို ကျုပ် စောင့်နေတာ"
လုယွီ၏မျက်လုံးများ အေးစက်စက်တောက်ပနေသည်။သူ၏နောက်ကျော၌ဖွက်ထားသော သူ့ညာဘက်လက်အား နောက်ဆုံး၌ ဆန့်ထုတ်လိုက်သည်။
လုယွီ၏ညာဘက်လက်ဖဝါးပေါ်၌ အင်မော်တယ်စွမ်းအားများရှိနေပြီး သူ၏လက်ညှိုး၌ စုစည်းထားသည်။သူ၏လက်ညှိုးအား ဆန့်တန်းလိုက်ချိန်တွင် အကန့်အသတ်မဲ့သောအင်မော်တယ်စွမ်းအင်များသည် ဓားရှည်တစ်ချောင်းအဖြစ် သိပ်သည်းသွားပေ၏။
ရှေးဟောင်းသိုင်းပညာနည်းစနစ်...အင်မော်တယ်သုတ်သင်ဓားချက်
ထိုဓားရှည်ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်နေရာတစ်ခုလုံး၌ ကျယ်လောင်သောပေါက်ကွဲသံများ အဆင်မပြတ်ထွက်ပေါ်လာသည်။
"ဒါက ဘယ်လိုသောက်ကျိုးနည်း အင်မော်တယ်နည်းစနစ်လဲ..ဒါ....."
ဓားရှည်မှ အဖြူရောင်အလင်းတန်းများ ရုတ်တရက်ကျရောက်လာသဖြင့် အရိုးစု၏အသံ ရုတ်တရက် ရပ်တန့်သွားသည်။
ခရက်...ခရက်...ခရက်...
အက်ကွဲသံများသည် အရိုးစု၏ခန္ဓာကိုယ်မှ ဆက်တိုက်ထွက်ပေါ်လာပေ၏။
ဓားရှည်၏အကန့်အသတ်မဲ့သော စွမ်းအားများအောက်တွင် အရိုးစု၏ဖျက်ဆီး၍မရနိုင်ဟု ထင်ရသောခန္ဓာကိုယ်ကြီး နှစ်ခြမ်းကွဲသွားတော့သည်။
Chapter 1605
"မင်းက တစ္ဆေအင်မော်တယ်မဟုတ်ဘူး"
အရိုးစုသည် မယုံကြည်နိုင်မှုအပြည့်ဖြင့် အော်ဟစ်လိုက်၏။
ထိုအရိုးစု၏စိတ်ဝိညာဥ်သည် ပြတ်တောက်နေသောခန္ဓာကိုယ်မှ ပျံဝဲထွက်လာပြီး လုယွီ၏မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးမှ ဝါးမျိုလိုက်တော့သည်။
ဤတစ်ကြိမ်တွင်ရရှိသော စိတ်ဝိညာဥ်စွမ်းအားသည် ယခင်ဖုတ်ကောင်မှရရှိသည်ထက် ပို၍သန့်စင်သည်။
ယခုလက်ရှိချိန်တွင် လုယွီ၏မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီးသည် ထပ်မံ၍ကျစ်လစ်သိပ်သည်းသွားခဲ့သည်။
"ကျုပ်ရဲ့အဆင့်က တစ္ဆေအင်မော်တယ်ပါပဲ...ဒါပေမယ့် ခင်ဗျားကိုသတ်ဖို့ လုံလောက်တယ်"
လုယွီက ပေါ့ပေါ့ပါးပါးလေသံဖြင့် ရေရွတ်လိုက်၏။
ခရက်...
အက်ကွဲသံများသည် လုယွီ၏နံဘေးပတ်ဝန်းကျင်မှနေ၍ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။
မူလက ဒီရေအလားများပြားနေသော နတ်ဆိုးများသည် သူတို့၏စိတ်ဝိညာဥ်ပျောက်ကွယ်သွားသည့်အလား မြေပြင်ပေါ်သို့ တပြိုင်နက်တည်း လဲကျသွားကြ၏။
"ဒါက ငါမှန်းဆထားသလိုပဲ"
လုယွီက ပတ်ဝန်းကျင်အား လှည့်ပတ်၍ ကြည့်လိုက်သည်။
ထိုနတ်ဆိုးများသည် အရိုးစုများ၏ထိန်းချုပ်ခြင်းကို ခံနေရသူများပင်။အရိုးစုများအား သတ်ဖြတ်နိုင်သည်နှင့် ထိုနတ်ဆိုးများအားလုံး အလိုအလျောက် သေဆုံးသွားပေမည်။
လုယွီ၏တံဆိပ်ပြားပေါ်၌ မြောက်များစွာသောပုံရိပ်များ ထွက်ပေါ်လာပေ၏။
တတိယတန်းစား နတ်ဆိုးစစ်ဗိုလ်ချုပ် ၁
ပထမတန်းစားနတ်ဆိုး ၁၀
ဒုတိယတန်းစားနတ်ဆိုး ၁၀၂
လုယွီက အရိုးစုသည် တတိယတန်းစားနတ်ဆိုးစစ်ဗိုလ်ချုပ်ဖြစ်ကြောင်း သတိပြုမိသွားသည်။
နတ်ဆိုးစစ်ဗိုလ်ချုပ်၏အဆင့်အတန်းသည် သာမာန်နတ်ဆိုးများထက် များစွာပို၍မြင့်မားသည်။အစောပိုင်းက ရွာအတွင်း၌ သူ ရင်ဆိုင်ခဲ့ရသောဖုတ်ကောင်သည် ဤအရိုးစုကဲ့သို့ အဆင့်မြင့်ခြင်းမရှိချေ။
လုယွီသည် မြေပြင်ပေါ်၌ ပလ္လင်ခွေထိုင်ပြီး သူ၏ခန္ဓာကိုယ်အတွင်းရှိစွမ်းအားများကို တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ချေဖျက်လိုက်၏။
နတ်ဆိုးတစ်ကောင်အားသတ်ဖြတ်ခြင်းဖြင့် စိတ်ဝိညာဥ်ကိုဝါးမျိုနိုင်ပြီး သူ၏ကိုယ်ပိုင်စိတ်ဝိညာဥ်စွမ်းအားအဖြစ် ပြောင်းလဲနိုင်သည်။လုယွီသည် နတ်ဆိုးများအား ပိုမိုသတ်ဖြတ်နိုင်သရွေ့ သူ့အတွက် အကျိုးကျေးဇူး ပိုမိုရရှိနိုင်သည်။
"ဒီအောင်မြင်မှုရမှတ်တွေနဲ့ အင်မော်တယ်ကျင့်ကြံနည်းစနစ် ဘယ်လောက်များများကို လဲလှယ်နိုင်မလဲဆိုတာ ငါ မသိသေးဘူး"
လုယွီသည် စိတ်အတွင်းမှတွေးတောနေသော်လည်း ရုတ်တရက် သူက မျက်မှောင်ကြုတ်လိုက်သည်။
သူ စောင့်ကြည့်နေစဥ်တွင် အဝေးတနေရာမှနေ၍ ခရမ်းရောင်အလင်းတန်းတစ်တန်း မြင့်တက်လာပြီး သူ့ထံသို့ဦးတည်၍ ပျံဝဲလာပေ၏။
"ငါ့ကို ရှာနေတာလား"
လုယွီက ချက်ချင်း မတ်တတ်ထရပ်လိုက်သည်။
ရုတ်တရက် အနက်ရောင်လက်သည်းတစ်ချောင်းသည် မိုးကောင်းကင်မှ ကျဆင်းလာပေ၏။
ထိုလက်သည်း၏အရွယ်အစားသည် အိမ်တစ်လုံးစာခန့်ကြီးမားသည်။ထိုအရာထွက်ပေါ်လာသည်နှင့် မိုးကောင်းကင်ယံအား ပိတ်ဖုံးသွားပြီး လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးအား လွှမ်းခြုံထားပေ၏။
ဧရာမလက်ဖဝါးကြီး၏နံဘေးပတ်လည်တွင် စူးရှရှအနက်ရောင်အခိုးအငွေ့များ ပျံလွင့်နေပြီး အက်ကွဲသံများကို အဆက်မပြတ် ထုတ်လွှက်နေသည်။
"မကောင်းတော့ဘူး"
လုယွီသည် ထိတ်လန့်တုန်လှုပ်သွားပြီး နောက်သို့လှည့်၍ ထွက်ပြေးလိုက်တော့သည်။
သူ၏လက်ရှိ ကျင့်ကြံခြင်းနယ်ပယ်အရ နည်းလမ်းများစွာကိုအသုံးပြု၍ တတိယတန်းစားနတ်ဆိုးစစ်ဗိုလ်ချုပ်တချို့ကို ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်းရှိသည်။
သို့ရာတွင် နတ်ဆိုးကမ္ဘာလောကမှ အစစ်အမှန်အစွမ်းထက်သူများနှင့် ရင်ဆိုင်ကြုံတွေ့ရပါက သူ ယှဥ်ပြိုင်တိုက်ခိုက်နိုင်မည်မဟုတ်ချေ။
"ခုလက်ရှိချိန်မှာ ငါ တော်တော်လေးဇဝေဇဝါ ဖြစ်နေတုန်းပဲ...အင်မော်တယ်လောကက လောကီအင်မော်တယ်တွေတောင် ဒီနေရာကိုရောက်ရင် ခေါင်းဝှက်ထားတဲ့လိပ်တွေလိုပဲ...ဘယ်လိုဖြစ်ပြီး မင်းလို ကြမ်းတမ်းတဲ့လူငယ်မျိုး ရောက်လာတာလဲ...ခုကြည့်ကြည့်တော့ မင်းက တစ္ဆေအင်မော်တယ်အဆင့်ပဲရှိသေးတယ်"
"ဒါပေမယ့် ငါ သိချင်တုန်းပဲ...မင်းလို တစ္ဆေအင်မော်တယ်တစ်ယောက်က ဘယ်လိုလုပ် ဒီနေရာကိုရောက်လာပြီး ငါ့လူတစ်ယောက်ကိုသတ်လိုက်လဲဆိုတာကို"
အေးစက်စက်အသံတစ်သံသည် မိုးကောင်းကင်ယံမှ ထွက်ပေါ်လာပေ၏။
ရုတ်ချည်းဆိုသလိုပင် အနက်ရောင်လက်သည်းကြီးသည် လုယွီအားဖမ်းဆုပ်ရန်အတွက် သူရှိနေသောနေရာထံသို့ ဦးတည်၍ကျဆင်းလာသည်။
ဤအချိန်အခိုက်အတန့်တွင် လုယွီ၏နံဘေးပတ်လည်ရှိလေဟာနယ် အေးခဲသွားပြီး အနက်ရောင်လက်သည်းကြီးကလည်း သူ့ထံသို့ အလွန်လျှင်မြန်သောအရှိန်ဖြင့် ရောက်ရှိလာပေ၏။
အရပ်ရှစ်မျက်နှာချိပ်ပိတ်ခြင်း...
လုယွီသည် သူ၏လက်ကိုမြှောက်၍ အနက်ရောင်လက်သည်းကြီးထံဦးတည်ကာ ဖိနှိပ်လိုက်သည်။
အနက်ရောင်လက်သည်းကြီးသည် အချိန်တခဏကြာတုံ့ဆိုင်းသွားပြီး လုယွီအားဖမ်းဆုပ်ရန် ထပ်မံ၍ဦးတည်လာပေ၏။
"ဒါက အမတ်ကြီးချွယ်ရဲ့နည်းစနစ်ပဲ...မင်းက သူ့ရဲ့တပည့်လား...ဟား ဟား ဟား...ငါက မင်းကို ဘယ်နည်းနဲ့မှ အလွတ်မပေးနိုင်ဘူး"
ထိုအသံသည် မိုးကြိုးများရောယှက်နေသကဲ့သို့ အလွန်ကျယ်လောင်ပြီး အရပ်မျက်နှာအဘက်ဘက်အား ပျံ့နှံ့သွားသည်။
လုယွီ ထိတ်လန့်တုန်လှုပ်သွားသည်။ဤကဲ့သို့အစွမ်းထက်သော နတ်ဆိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့ရမည်ဟု သူ မျှော်လင့်မထားမိချေ။
လုယွီ၏ခန့်မှန်းချက်အရ ထိုနတ်ဆိုး၏ခွန်အားသည် အနည်းဆုံး လောကီအင်မော်တယ်အဆင့်ရှိပြီး မြေကမ္ဘာအင်မော်တယ်အဆင့်ပင် ရှိနေနိုင်သည်။
"ထိုက်ယွမ်လက်ဝါး...."
လုယွီသည် သူ၏ရှေ့ရှိ အေးခဲနေသောလေဟာနယ်ကို သူ၏လက်ဖဝါးဖြင့် ရိုက်ဖွင့်လိုက်၏။ထို့နောက် သူသည် ခြေတစ်လှမ်းရှေ့တိုးပြီး နတ်ဆိုးဖိနှိပ်တောင်ရှိရာနေရာသို့ဦးတည်၍ ထွက်ပြေးခဲ့တော့သည်။
Thank For Reading.