← Chapters

အခန်း (၁၆၁၁-၁၆၁၅)

Vol. 84 Ch. 1611-1615

အခန်း (၁၆၁၁-၁၆၁၅)

Vol. 84 Ch. 1611-1615

Chapter 1611

"သေလမ်းရှာနေတာလား"

လုယွီ ယဇ်ပလ္လင်ပေါ်သို့တက်လိုက်သော အချိန်တခဏတွင် မြို့ရိုးပေါ်ရှိ အဆင့်မြင့်နတ်ဆိုးဘိုးဘေးများက သူ့အား ရှာဖွေတွေ့ရှိသွားကြသည်။

မြောက်များစွာသောအချက်ပေးသံများ ထွက်ပေါ်လာခြင်းနှင့်အတူ ပြင်းထန်သောဖိအားလှိုင်းများ သူ့ထံသို့ကျရောက်လာသည်ကို လုယွီ ချက်ချင်းဆိုသလို ခံစားလိုက်ရ၏။

ထိုအဆင့်မြင့်နတ်ဆိုးဘိုးဘေးများသည် ယခင်က သူရင်ဆိုင်ခဲ့ရသော နတ်ဆိုးများထက် များစွာပို၍အားကောင်းသည်။

လုယွီသည် နတ်ဆိုးနှလုံးသားထံသို့ လက်လှမ်းပြီးဖမ်းဆုပ်လိုက်ရာ ရုတ်တရက် သူ၏မျက်နှာ သုန်မှုန်သွားသည်။

ထိုနှလုံးသည် တောင်ကြီးတစ်လုံးတမျှ လေးလံနေပေ၏။

လုယွီသည် သူ၏ခွန်အားများကို အကုန်အစင်အသုံးပြုသည့်တိုင် ထိုနှလုံးသားအား လှုပ်ခါအောင်မပြုလုပ်နိုင်ချေ။

"ဒီဘိုးဘေးရဲ့ပြန်လည်မွေးဖွားမှုကို ဘယ်ကောင် အနှောက်အယှက်ပေးနေတာလဲ"

နတ်ဆိုးနှလုံးသားထံမှနေ၍ မိုးခြိမ်းသံတမျှကျယမလောင်ပြီး ကြည်လင်ပြတ်သားသောအသံကြီး ထွက်ပေါ်လာသည်။

ဤအချိန်တခဏတွင် လုယွီသည် သူ၏ခေါင်း ချာလပတ်လည်မူးသွားပြီး မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးပင် ပျောက်ကွယ်သွားလုနီးပါး ဖြစ်သွားပေ၏။

"သူက ငါ့ကို အသံလှိုင်းနဲ့သတ်ချင်နေတာပဲ"

လုယွီသည် တုန်လှုပ်ချောက်ချားသွားပြီး မန္တန်များကို အလျှင်အမြန်ရွတ်ဆိုကာ သူ၏စိတ်တည်ငြိမ်စေရန် ထိန်းညှိလိုက်သည်။

တစ်ချိန်တည်းမှာပင် လုယွီ၏ရင်ဘတ်ပေါ်ရှိ လျှို့ဝှက်ဆန်းကြယ်ထိုက်ကျိအမှတ်အသား စတင်၍လည်ပတ်လာသည်။

အေးမြသောအရှိန်အဝါတစ်ရပ် လုယွီ၏ခေါင်းအတွင်းသို့ စီးဝင်လာပြီးနောက် သူ၏စိတ် ပြန်လည်တည်ငြိမ်သွားပေ၏။

"စိတ်ဝိညာဥ်သက်သက်နဲ့များ...အတိတ်မှာ ခင်ဗျား ဘယ်လောက်ပဲ အစွမ်းထက်ခဲ့ပါစေ အခုလက်ရှိချိန်မှာ ခင်ဗျားက စိတ်ဝိညာဥ်အမျှင်တန်းတစ်ခုထက်မပိုဘူး"

လုယွီက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သည်။

မြောက်များစွာသော မှတ်ဥာဏ်များ လုယွီ၏ဦးနှောက်အတွင်း၌ ထွက်ပေါ်လာပြီး နောက်ဆုံး၌ ရှေးဟောင်းအစွမ်းထက်မန္တန်တစ်ပုဒ်အား သူ ရရှိလိုက်၏။

မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီးသည် သူ၏ပါးစပ်ကိုဖွင့်ဟ၍ သူ့ရှေ့ရှိနတ်ဆိုးနှလုံးသားအား ဝါးမျိုလိုက်တော့သည်။

ရှေးဟောင်းသိုင်းပညာနည်းစနစ်...တက်တူ မိုးကောင်းကင်အားဝါးမျိုခြင်း...

မြေအောက်လောကပုံရိပ်ယောင်ကြီး၏ဝါးမျိုခြင်းခံရသော နတ်ဆိုးနှလုံးသားမှနေ၍ အနက်ရောင်အခိုးအငွေ့များ မျောလွင့်ထွက်ပေါ်လာပေ၏။ရုတ်ချည်းဆိုသလိုပင် ပုံရိပ်ယောင်ကြီး၏ခန္ဓာကိုယ်တစ်ခုလုံး ခရမ်းရောင်ဖျော့ဖျော့ တောက်ပလာသည်။

နတ်ဆိုးနှလုံးသားမှစွမ်းအားများကို လျှို့ဝှက်ဆန်းကြယ်ထိုက်ကျိအမှတ်အသားမှစုပ်ယူပြီး စိတ်ဝိညာဥ်စွမ်းအားများအဖြစ် ပြောင်းလဲကာ နောက်ဆုံး၌ လုယွီ၏စိတ်ဝိညာဥ်အတွင်းသို့ ရောယှက်သွားစေသည်။

"ဖူး..."

လုယွီသည် သူ၏မရီးဒါန်းများ ဖောင်းကားလာသည်ကို ခံစားမိပြီး သူ၏ပါးစပ်မှ သွေးတချို့ပန်းထွက်လာသည်။

မည်သို့ပင်ဆိုစေကာမူ သူ ဤနေရာ၌ ကြာရှည်နေ၍မရချေ။

အဆင့်မြင့်နတ်ဆိုးဘိုးဘေးများသည် နတ်ဆိုးနှလုံးသား ဖျက်ဆီးခံလိုက်ရခြင်းကို သိရှိပြီးဖြစ်သည်။ယခုလက်ရှိအချိန်၌ နတ်ဆိုးများအားလုံး အလွန်ဒေါသထွက်နေပြီး ရက်စက်ကြမ်းကြုတ်သောအမူအယာများဖြင့် လုယွီအားသတ်ဖြတ်ရန် တဟုန်ထိုး ပြေးဝင်လာကြ၏။

လုယွီထံ၌ စဥ်းစားတွေးတောနေရန် အချိန်မရှိတော့ချေ။ဤကဲ့သို့သေရေးရှင်ရေးအချိန်အခိုက်အတန့်တွင် လုယွီသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများအားလုံးကိုအသုံးပြု၍ နတ်ဆိုးဖိနှိပ်တောင်ထံသို့ဦးတည်၍ ပျံဝဲခဲ့တော့သည်။

လုယွီ မြို့၏နယ်နမိတ်မှ ထွက်ခွာခဲ့သည်နှင့် အဆင့်မြင့်နတ်ဆိုးဘိုးဘေးသုံး လေးယောက်ခန့်က သူ့အား ဝိုင်းဝန်းဖမ်းဆီးကြသည်။

"မင်းက တစ္ဆေအင်မော်တယ်အဆင့်ပဲ ရှိသေးတာပါလား...မင်းက အသက်ရှင်ရတာ ငြီးငွေ့နေပုံရတယ်"

လုယွီ၏နောက်ရှိ အဆင့်မြင့်နတ်ဆိုးဘိုးဘေးတစ်ကောင်က ရက်စက်ကြမ်းကြုတ်သောအပြုံးနှင့် ပြောဆိုလေ၏။

ထိုအဆင့်မြင့်နတ်ဆိုးဘိုးဘေးသည် သံမဏိကြိုးတစ်ကြိုးအား ပစ်လွှက်လိုက်သည်။ထိုသံမဏိကြိုးတစ်ကြိုးလုံးအား ထူးဆန်းသောအနီရောင်အလင်းတန်းများ ဖုံးလွှမ်းနေပြီး လုယွီ၏နောက်သို့ လိုက်လံဖမ်းဆီးလေသည်။

"အရပ်ရှစ်မျက်နှာ ချိပ်ပိတ်ခြင်း...."

လုယွီက နောက်သို့ပြန်လှည့်ပြီး သူ၏လက်ဖဝါးဖြင့် လေဟာနယ်အား ဖိနှိပ်လိုက်၏။

သံမဏိကြိုးသည် အချိန်တခဏကြာ ရပ်တန့်သွားပြီးနောက် လုယွီထံသို့ ဆက်လက်၍ပျံသန်းလာသည်။

"တကယ်လို့ အမတ်ကြီးချွယ်ကိုယ်တိုင်ကိုယ်ကျ ရောက်လာရင် ငါ အခုချက်ချင်း ထွက်သွားမိလိမ့်မယ်...ဒါပေမယ့် မင်းလို တစ္ဆေအင်မော်တယ်အဆင့်ပဲရှိတဲ့ကောင်က ငါတို့ရှေ့မှာ အဲ့ဒီနည်းစနစ်ကိုအသုံးပြုဖို့ ထိုက်တန်လို့လား"

သံမဏိကြိုးသည် သူနှင့်နီးကပ်လာသည်ကိုမြင်သောအချိန်၌ လုယွီက နောက်သို့ပြန်လှည့်ကာ ကောင်းကင်ဘုံဧကရာဇ်၏အစစ်အမှန်မီးတောက်ကို ထုတ်လွှက်လိုက်တော့သည်။

ရွှေရောင်မီးတောက်များသည် သံမဏိကြိုးပေါ်သို့ ကျရောက်သွားပြီး တရှဲရှဲမြည်သံများ ထွက်ပေါ်လာပေ၏။ထိုသံမဏိကြိုးမှနေ၍ အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်လာပြီးနောက် ရေနစ်သွားသောကျိုင်းကောင်တစ်ကောင်ကဲ့သို့ အစွမ်းအစမဲ့စွာဖြင့် မြေပြင်ပေါ်သို့ပြုတ်ကျသွားသည်။

ကောင်းကင်ဘုံဧကရာဇ်၏အစစ်အမှန်မီးတောက်သည် ထိုသံမဏိကြိုးမှတဆင့် အဆင့်မြင့်နတ်ဆိုးဘိုးဘေး၏လက်ပေါ်သို့ ကျရောက်သွားလေ၏။

"မဟာမိုးကောင်းကင်ရွှေအင်မော်တယ်ရဲ့အစစ်အမှန်မီးတောက်လား"

အဆင့်မြင့်နတ်ဆိုးဘိုးဘေးသည် မျက်မှောင်ကြုတ်ပြီး သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ရာ ချက်ချင်းဆိုသလိုပင် ရွှေရောင်မီးတောက်များ ငြိမ်းသေသွားတော့သည်။

ထိုအခြင်းအရာကိုကြည့်ပြီး လုယွီ တုန်လှုပ်ချောက်ချားနေပေ၏။သူသည် ကောင်းကင်ဘုံဧကရာဇ်၏အစစ်အမှန်မီးတောက်ကို ဝါးမျိုပြီးသည့်အချိန်မှစ၍ ထိုမီးတောက်အသုံးပြုတိုင်း ပြိုင်ဘက်ကင်းတည်ရှိမှုမျိုး ဖြစ်ခဲ့သည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ သူ အစစ်အမှန်အစွမ်းထက်သော ရန်သူနှင့် ကြုံတွေ့ရလေပြီ။

"ကောင်လေး...မင်းဆီမှာ ဘယ်လိုလုပ်ပြီး မဟာမိုးကောင်းကင်အင်မော်တယ်ရဲ့ အစစ်အမှန်မီးတောက် ရှိနေတာလဲ...ဖြစ်နိုင်တာတော့ မင်းက အမတ်ကြီးချွယ်ရဲ့ တိုက်ရိုက်တပည့်လား"

ထိုစကားသံအဆုံးသတ်သွားစဥ်မှာပင် လေထုအတွင်းမှနေ၍ အလင်းနံရံကြီးတစ်ခုကျဆင်းလာပြီး လုယွီအား ကာကွယ်ပေးလိုက်၏။

"အဝေးကြီးက မိတ်ဆွေတွေ ရောက်လာတာပါလား...မင်းတို့က နတ်ဆိုးဖိနှိပ်တောင်ရဲ့နယ်နမိတ်ထဲကို ရောက်လာပြီဆိုမှတော့ ထွက်သွားဖို့ မစဥ်းစားကြနဲ့"

Chapter 1612

ရွှပ်...ရွှပ်...ရွှပ်...

အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော အင်မော်တယ်သုံးယောက်သည် လုယွီ၏နံဘေးသို့ ဆင်းသက်လာခဲ့သည်။သူတို့၏လက်များမှနေ၍ အလွန်များပြားသော အင်မော်တယ်စွမ်းအားများကို ထုတ်လွှက်ထားပြီး လုယွီ၏နံဘေးပတ်လည်၌ အားကောင်းသောအလင်းနံရံကြီးတစ်ခုအဖြစ် ဖွဲ့စည်းပေးထားသည်။

ထိုအင်မော်တယ်သုံးယောက်၏စွမ်းအားသည် မြေကမ္ဘာအင်မော်တယ်တစ်ယောက်နှင့် နှိုင်းယှဥ်နိုင်ပေ၏။သူတို့သုံးယောက်သည် ရှေ့ရှိအဆင့်မြင့်နတ်ဆိုးဘိုးဘေးများအား တပြိုင်နက်တည်း ပိတ်ဆို့ဟန့်တားလိုက်ကြသည်။

"နတ်ဆိုးဖိနှိပ်တောင်...မဟုတ်ဘူး..."

အဆင့်မြင့်နတ်ဆိုးဘိုးဘေးများသည် ထိုအသံကိုကြားသည်နှင့် ထိတ်လန့်တုန်လှုပ်သွားပေ၏။

သူတို့သည် လုယွီအား ဖမ်းဆီးသတ်ဖြတ်လိုသော်လည်း သူ၏အရှိန်နှုန်း အလွန်လျှင်မြန်နေမည်ဟု မျှော်လင့်မထားမိကြချေ။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လုယွီသည် နတ်ဆိုးဖိနှိပ်တောင်၏တောင်ခြေရင်းသို့ ရောက်ရှိသွားခဲ့သည်။

ဤနေရာရှိ တောင်စဥ်တောင်တန်းများတလျှောက်တွင် ကောင်းကင်ဘုံတရားရုံးမှလူများနှင့် ပြည့်နှက်နေသည်။သူတို့ ဤနေရာသို့ရောက်ရှိလာခြင်းသည် သူတို့ကိုယ်သူတို့သတ်သေခြင်းသာ ဖြစ်ပေ၏။

"ထွက်ပြေးကြစို့"

မည်သည့်တုံ့ဆိုင်းခြင်းမျှမရှိဘဲ အဆင့်မြင့်နတ်ဆိုးဘိုးဘေးများသည် နောက်သို့ပြန်လှည့်ကာ ထွက်ပြေးကြတော့သည်။

"မင်းတို့က ပြေးချင်သေးတာလား"

လုယွီ၏နောက်ရှိ တောင်တစ်လုံးမှနေ၍ တိုးညှင်းသောအသံတစ်သံ ထွက်ပေါ်လာသည်။

ထို့နောက် ကောင်းကင်ယံမှနေ၍ ကြီးမားသောလက်ဖဝါးကြီးတစ်ဖက်ကျဆင်းလာပြီး အဆင့်မြင့်နတ်ဆိုးဘိုးဘေးများပေါ်သို့ ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။

ဘုန်း...

ကြောက်မက်ဖွယ်ဆူညံသံတစ်သံ ထွက်ပေါ်လာခြင်းနှင့်အတူ ထိုအဆင့်မြင့်နတ်ဆိုးဘိုးဘေးများသည် အော်သံပင်မပြုနိုင်ဘဲ အမှုန်အမွှားဘဝသို့ ပြောင်းလဲသွားပေ၏။

လုယွီသည် ထိုလက်ဖဝါးကြီးကိုကြည့်ပြီး ထိတ်လန့်တုန်လှုပ်သွားသည်။

အကယ်၍ သာမာန်ကျင့်ကြံသူတစ်ယောက်သာ ထိုလက်ဝါးကြီးကို တွေ့မြင်ပါက အစွမ်းထက်သည်ဟုသာ ခံစားရမည်ဖြစ်ပြီး တခြားအရာများကို ထွင်းဖောက်မြင်နိုင်မည်မဟုတ်ချေ။

သို့ရာတွင် လုယွီကမူ ထိုသူများနှင့် မတူကွဲပြားပေ၏။

သူသည် အနာဂတ်မှ အတုအယောင်အင်မော်တယ်တစ်ယောက်သာဖြစ်သော်လည်း အစွမ်းထက်သောတာအိုသခင်တစ်ယောက်ဖြစ်၍ ရှေးဟောင်းအင်မော်တယ်များနှင့်အနီးစပ်ဆုံး တည်ရှိမှုကြီးဖြစ်ခဲ့သည်။

အကြည့်တစ်ချက်ဖြင့်ပင် လုယွီသည် ထိုလက်ဝါးရိုက်ချက်တွင် မြောက်များစွာသောဥပဒေသများ ပါဝင်နေခြင်းကို တွေ့မြင်မိပေ၏။

ထိုလက်ဝါးသည် ကောင်းကင်နှင့်မြေပြင်အကြားရှိ မရေမတွက်နိုင်သော ဥပဒေသများမှနေ၍ အသွင်ပြောင်းလဲထားပုံရသည်။

အဆင့်မြင့်နတ်ဆိုးဘိုးဘေးများသည် ထိုလက်ဝါးဖြင့် ရိုက်နှက်ခံရခြင်းကြောင့် သေဆုံးသွားကြခြင်းမဟုတ်ချေ။ထိုလက်ဝါး သူတို့အား မထိသေးခင် အချိန်မှာပင် ပတ်ဝန်းကျင်ရှိ သဘာဝဥပဒေသများက သူတို့အား သတ်ဖြတ်လိုက်ခြင်းပင်။

"မင်း နာမည်ဘယ်လိုခေါ်လဲ...အစွမ်းထက်နတ်ဆိုးတွေကို မင်း ဘယ်လိုလုပ်ပြီး ရန်စလာတာလဲ"

အဖြူရောင်ဝတ်စုံဝတ်အင်မော်တယ်တစ်ယောက်က မေးမြန်းသည်။

လုယွီက စကားပြောရန်ကြံရွယ်လိုက်သော်လည်း သူ၏ခန္ဓာကိုယ်အတွင်းရှိ သွေးများဆူပွက်လာသည်။သူသည် အစောပိုင်းက နတ်ဆိုးနှလုံးသား၏စွမ်းအားများကို ဝါးမျိုခဲ့သည့်အတွက် စွမ်းအားများပေါက်ကွဲလာပေ၏။

"ကျွန်တော်က....ဖူး"

လုယွီသည် စကားတစ်ခွန်းပြောဆိုပြီးနောက် သူ၏ခန္ဓာကိုယ်အတွင်း၌ လူးလွန့်နေသောစွမ်းအားလှိုင်းများကို မထိန်းချုပ်နိုင်တော့သဖြင့် သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။

အမ်...

ထိုအချိန်မှာပင် အင်မော်တယ်များ၏နောက်ရှိ တောင်ထိပ်မှနေ၍ တိုးညှင်းသော အံ့အားတသင့်ရေရွတ်သံတစ်သံ ထွက်ပေါ်လာသည်။

ရုတ်ချည်းဆိုသလိုပင် ဆံပင်တခေါင်းလုံးဖြူဖွေးနေသော အဖိုးအိုတစ်ယောက်သည် အင်မော်တယ်များရှေ့သို့ရောက်ရှိလာပြီး လုယွီအား မျက်မှောင်ကြုတ်၍ကြည့်လိုက်၏။

"မဟာဆရာသခင်...အမှားအယွင်းတစ်ခုခုရှိလို့လား"

အင်မော်တယ်တစ်ယောက်က မေးမြန်းသည်။

အဖိုးအိုသည် လုယွီအား အချိန်တခဏကြာကြည့်ပြီးနောက် မျက်မှောင်ကြုတ်၍ ပြောဆိုသည်။

"သူ့ဆီမှာ အမတ်ကြီးချွယ်ရဲ့အရှိန်အဝါမျိုးရှိနေတယ်...ဒါပေမယ့် ငါက အမတ်ကြီးချွယ်ရဲ့တပည့်တွေအားလုံးကို မြင်တွေ့ဖူးတယ်...ငါ ဒီကောင်လေးကိုမသိဘူး"

"ကြည့်ရတာတော့ အမတ်ကြီးချွယ်က ဒီကောင်လေးကို လမ်းညွှန်မှုတချို့ ပြသပေးခဲ့တာပဲဖြစ်မယ်"

လုယွီ၏အခြေအနေကိုကြည့်ပြီးနောက် အဖိုးအိုသည် တစ်စုံတစ်ခုကိုတွေးတောမိကာ အံ့အားတသင့် ပြောဆိုလိုက်၏။

"သူ့ကိုကြည့်ရတာ တုန်လှုပ်ချောက်ချားစရာစွမ်းအားတချို့ပါဝင်တဲ့ တစ်ခုခုကို ဝါးမျိုမိပြီးတော့ သန့်စင်ဖို့ကြိုးစားနေပုံပဲ...ဒီစွမ်းအားမျိုးကို ခံစားရတာ ငါတောင်မှ ထိတ်လန့်တုန်လှုပ်မိတယ်"

"အဆင့်မြင့်နတ်ဆိုးဘိုးဘေးတွေက နတ်ဆိုးဖိနှိပ်တောင်နားကို တော်ရုံကိစ္စနဲ့လာလေ့မရှိဘူး...ဒီကောင်လေးက နတ်ဆိုးတွေအတွက် အရေးပါတဲ့အရာတစ်ခုကို ယူဆောင်လာခဲ့လို့ ဒီနေရာထိ လိုက်ဖမ်းခံရတာဖြစ်မယ်"

အဖိုးအိုသည် အချိန်တခဏကြာ တွေဝေစဥ်းစားပြီး နောက်ဆုံး၌ သူက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

"ကောင်းပြီလေ...ဒီကောင်လေးနဲ့ငါ ကံကြမ္မာအရဆုံစည်းခဲ့မှတော့ ငါ သူ့ကို အခွင့်အရေးတစ်ခုပေးမယ်"

ရုတ်ချည်းဆိုသလိုပင် အဖိုးအို၏လက်ဖဝါးအတွင်း၌ အင်မော်တယ်စွမ်းအားအမျှင်တန်းတစ်ခု ထွက်ပေါ်လာသည်။

ထိုအင်မော်တယ်စွမ်းအားများ လုယွီပေါ်သို့ ကျရောက်သွားသည်နှင့် သူ၏မရီးဒါန်းများအားလုံးကို ကာကွယ်ပေးပြီးဖြစ်သည့်အပြင် သူ၏ခန္ဓာကိုယ်အတွင်းရှိ နတ်ဆိုးနှလုံးသားမှစွမ်းအင်များကို ချေဖျက်နိုင်ရန်လည်း ကူညီထောက်ပံပေးလေ၏။

Chapter 1613

တုန်လှုပ်ချောက်ချားဖွယ်အားလှိုင်းများသည် လုယွီ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ စုဝေးနေပြီး သူ၏စိတ်ဝိညာဥ် ပို၍ပို၍ အစွမ်းထက်လာသည်။

လုယွီ၏နောက်၌ မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီး တဖြည်းဖြည်း ထွက်ပေါ်လာပေ၏။

ဤအချိန်အခိုက်အတန့်တွင် မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီးသည် မျက်လုံးစုံမှိတ်ထားပြီး သူ၏မျက်နှာအမူအယာက တည်ကြည်လေးနက်နေသည်။သူ၏လက်ရှစ်ဖက်လုံးကို တစ်ချိန်တည်း ဆန့်ထုတ်လိုက်ပြီး ရန်လိုစိတ်နည်းပါးကာ မြင့်မြတ်သောအသွင်ကို ဖော်ပြနေပေ၏။

ပေကိုးဆယ်ကျော်မြင့်မားသော ဧရာမပုံရိပ်ယောင်ကြီးသည် လူများအားလုံး၏မြင်ကွင်းကို အပြည့်အဝကာဆီးထားလုနီးပါး ကြီးမားပေ၏။

တစ်ချိန်တည်းမှာပင် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးအတွင်း၌ အနက်ရောင်အခိုးအငွေ့ပုံရိပ်တစ်ခု အဆက်မပြတ်လှည့်ပတ်နေပြီး အော်ဟစ်ကြုံးဝါးသံများ ထွက်ပေါ်နေသည်။

အဖိုးအို၏မျက်ခုံး မြင့်တက်သွားပေ၏။

"ဒီကောင်လေးက ဘာကိုဝါးမျိုထားတာပါလိမ့်...ဘာလို့ ဒီလောက်တောင် တုန်လှုပ်ချောက်ချားဖွယ်ကောင်းတဲ့အရှိန်အဝါမျိုး ထုတ်လွှက်နေတာလဲ"

သူသည် မှော်မန္တန်တစ်ပုဒ်ရွတ်ဆို၍ လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ သက်ရောက်သွားစေသည်။သို့ရာတွင် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောက်အတွင်းရှိ အနက်ရောက်ပုံရိပ်သည် ပို၍ပို၍ရုန့်ရင်းကြမ်းတမ်းလာသည်။

ဘုန်း...

လုယွီ၏ခန္ဓာကိုယ်မှနေ၍ အားကောင်းသော နတ်ဆိုးအရှိန်အဝါများ ရုတ်တရက် ပွင့်အံထွက်လာပေ၏။

ထိုနတ်ဆိုးအရှိန်အဝါများသည် လုယွီ၏အနီးတွင်ရှိနေသော အင်မော်တယ်သုံးယောက်ထံသို့ မျောလွင့်သွားပေရာ ထိုလူသုံးယောက်၏မျက်နှာအမူအယာ ချက်ချင်းဆိုသလို ပျက်ယွင်းသွားတော့သည်။

"မဟာဆရာသခင်...ဒီအရှိန်အဝါက...ကျွန်တော်တောင် တုန်လှုပ်ချောက်ချားလာသလို ခံစားနေရတယ်"

အဖြူရောင်ဝတ်စုံဝတ်အင်မော်တယ်တစ်ယောက်က အံ့အားတသင့် ပြောဆိုလေ၏။

"နတ်ဆိုးတောင်တန်းတွေရဲ့နယ်စပ်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ယဇ်ပလ္လင်တွေအများကြီး ပေါ်ထွက်လာတယ်လို့ ငါ ကြားထားတယ်...နတ်ဆိုးတွေက သူတို့ရဲ့ဘိုးဘေးတွေကို ဒီကမ္ဘာလောကဆီ ဆင့်ခေါ်ဖို့ကြိုးပမ်းနေကြတာ....ငါတို့က ယဇ်ပလ္လင်အမြောက်အများကို ဖျက်ဆီးနိုင်ခဲ့ပေမယ့် အဲ့ဒီနတ်ဆိုးတွေဆီမှာ သူတို့ဘိုးဘေးတွေရဲ့နှလုံးသားတွေ ကျန်နေသေးတယ်...ကြည့်ရတာတော့ ဒီကောင်လေးက နတ်ဆိုးဘိုးဘေးတစ်ယောက်ရဲ့နှလုံးသားကို ဝါးမျိုခဲ့တာပဲဖြစ်မယ်"

"သတ္တိကောင်းလိုက်တာ...ကျွန်တော်တို့တောင် နတ်ဆိုးဘိုးဘေးတွေ ပြန်လည်မွေးဖွားလာမှာကို သတိထားစောင့်ကြည့်နေရုံပဲရှိတာ...သူက နတ်ဆိုးတွေကြားထဲကို ဖောက်ဝင်ပြီးတော့ နတ်ဆိုးဘိုးဘေးရဲ့ပြန်လည်ဝင်စားခြင်းကို ဖယ်ရှားခဲ့တယ်"

ဝတ်စုံဖြူဝတ်အင်မော်တယ်သုံးယောက်သည် ကူကယ်ရာမဲ့စွာဖြင့် လုယွီအား လေးစားနေကြသည်။

"ဒါပေမယ့်...သူ့ရဲ့တစ္ဆေအင်မော်တယ်ရုပ်ခန္ဓာကိုယ်က...ဒီစွမ်းအားကိုတောင့်ခံနိုင်ဖို့ နည်းနည်းခက်ခဲလိမ့်မယ်"

ဝတ်စုံဖြူဝတ်အင်မော်တယ်တစ်ယောက်က အဖိုးအိုအားကြည့်ပြီး ပြောဆိုသည်။

"မဟာဆရာသခင်...ကျွန်တော်တို့က နတ်ဆိုးဖိနှိပ်အင်မော်တယ်ကို ဖိတ်ခေါ်ပြီး ဆုံးဖြတ်ချက်ချခိုင်းရင် မကောင်းဘူးလား"

"တကယ်လို့ နတ်ဆိုးဖိနှိပ်အင်မော်တယ်သာ ဒီနေရာကိုရောက်လာရင် ဒီကောင်လေးသေရမှာ သေချာတယ်...သူက နတ်ဆိုးတစ်ကောင်ကို လွှက်ပေးမှာထက် လူအယောက်တစ်ထောင်ကို သတ်ဖြတ်ပစ်မယ့် လူစားမျိုးပဲ"

အဖိုးအိုသည် အချိန်တခဏကြာ တွေဝေစဥ်းစားနေပြီးမှ ပြောဆိုလိုက်၏။

"ထားလိုက်တော့...ဒါက နတ်ဆိုးဘိုးဘေးရဲ့စိတ်ဝိညာဥ်အမျှင်တန်းသက်သက်ပဲရှိတာ...ငါ ကိုင်တွယ်ဖြေရှင်းနိုင်တယ်"

……

နတ်ဆိုးဖိနှိပ်တောင်....ကျီကျင်းခန်းမ...

လုယွီသည် သူ၏နံဘေးပတ်လည်၌ မည်သည့်ကိစ္စများဖြစ်ပျက်နေသည်ကို သတိပြုမိခြင်းမရှိချေ။

သူ၏အသိစိတ်တစ်ခုလုံးသည် သူ၏စိတ်ဝိညာဥ်ပေါ်တွင်သာ ကျရောက်နေပြီး သူဝါးမျိုထားသော နတ်ဆိုးနှလုံးသားမှစိတ်ဝိညာဥ်နှင့် တိုက်ခိုက်နေပေ၏။

လုယွီသည် ဤကဲ့သို့တိုက်ပွဲမျိုးနှင့် အစိမ်းသက်သက်မဟုတ်ချေ။

သူ ပြန်လည်မွေးဖွားလာစဥ်တွင် ခန္ဓာကိုယ်အားထိန်းချုပ်ခွင့်ရရန်အတွက် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်နှင့် ယှဥ်ပြိုင်တိုက်ခိုက်ခဲ့ရသည်။

"ငါ့ရဲ့နာမည်က နဝမမြောက်ကလေးလေးပဲ"

"မင်း မရုန်းကန်စမ်းပါနဲ့...မင်း ရှောင်ရှားနိုင်မှာမဟုတ်ဘူး"

"မင်းရဲ့ခန္ဓာကိုယ် ငါ့ကိုပေးစမ်း"

လုယွီ၏စိတ်အတွင်း၌ နတ်ဆိုး၏အသံများဖြင့် ပြည့်နှက်နေပေ၏။

"သူက နတ်ဆိုးဘိုးဘေးရဲ့အကြွင်းအကျန်စိတ်ဆန္ဒကို အပြည့်အဝဆက်ခံထားတဲ့ပုံစံရှိတယ်...သူက ကောင်းကင်နဲ့မြေကမ္ဘာ နတ်ဆိုးဘိုးဘေးတွေရဲ့စိတ်ဝိညာဥ်တွေထက်တောင် ပိုပြီးအစွမ်းထက်နေနိုင်သည်။

လုယွီသည် သူ၏စိတ်ဝိညာဥ်စုတ်ပြဲလုမတက် နာကျင်မှုမျိုးကို ခံစားနေရသည်။

ထိုအချိန်မှာပင် အေးစက်စက်အားလှိုင်းတစ်ရပ်က နတ်ဆိုးဘိုးဘေး၏စွမ်းအားကို ရုတ်တရက် ပိတ်ဆို့ဟန့်တားလိုက်၏။

"မင်းရဲ့စိတ်ကို တည်ငြိမ်အောင် ထိန်းသိမ်းထားစမ်း...ဒီလူအိုကြီးက မင်းကို ကူညီပေးမယ်"

အသံတစ်သံက လုယွီ၏နားအတွင်းသို့ ဝင်ရောက်လာသည်။

လုယွီသည် အနည်းငယ်မျှပင် တွန့်ဆုတ်နေခြင်းမရှိတော့ချေ။သူ၏ခန္ဓာကိုယ်အတွင်းသို့ဝင်ရောက်လာသော အေးမြသည့်စွမ်းအားများကိုအသုံးပြု၍ နတ်ဆိုးဘိုးဘေး၏စိတ်ဝိညာဥ်အား ဖိနှိပ်လိုက်သည်။

နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေး၏စိတ်ဝိညာဥ်သည် စူးရှနာကျင်စွာအော်ဟစ်နေလေ၏။လုယွီသည် သူ၏စွမ်းအားနှင့် ပြင်ပမှဝင်ရောက်လာသောစွမ်းအားကို ပေါင်းစည်း၍ နတ်ဆိုးဘိုးဘေး၏စိတ်ဝိညာဥ်အား အပြည့်အဝဝါးမျိုလိုက်တော့သည်။

ရုတ်ချည်းဆိုသလိုပင် လုယွီ၏စိတ်ဝိညာဥ်အတွင်းသို့ သန့်စင်သောစွမ်းအားများ တလိမ့်လိမ့်စီးဝင်လာသည်။လုယွီသည် သူ၏အကြားအာရုံ ပို၍ကြည်လင်ပြတ်သားလာပြီး အမြင်အာရုံ ပို၍စူးရှလာသည်ကို ခံစားမိပေ၏။ပတ်ဝန်းကျင်ရှိ သေးငယ်သောပြောင်းလဲမှုတစ်ခုကိုပင် သူ ခံစားနိုင်သည်။သူ၏စိတ်ဝိညာဥ်သည် မှန်းဆမရနိုင်သော အဆင့်တစ်ခုထိ မြင့်တက်သွားလေပြီ။

လုယွီက မျက်လုံးဖွင့်လိုက်ရာ သူ့ရှေ့၌ အဖိုးအိုတစ်ယောက်ရှိနေသည်ကို တွေ့မြင်မိပေ၏။

ထိုအဖိုးအိုသည် အင်မော်တယ်တစ်ယောက်၏ပုံပန်းသွင်ပြင်မျိုးရှိနေသည်။သူ၏ဆံပင်များသည် ဖြူဖွေးနေသောလည်း ငယ်ရွယ်သောကလေးမျက်နှာမျိုးရှိလေရာ တာအိုကျမ်းစာများတွင်ဖော်ပြထားသော ရှေးဟောင်းအင်မော်တယ်များ၏သွင်ပြင်နှင့် အတိအကျတူညီသည်။

"လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာက ငါ့ရဲ့နတ်ဘုရားစိတ်အာရုံကို အပြောင်းအလဲဖြစ်စေနိုင်တယ်...မင်း အပြင်မထွက်တာ ပိုကောင်းလိမ့်မယ်"

အဖိုးအိုသည် လုယွီအားကြည့်၍ တည်ကြည်လေးနက်စွာပြောဆိုသည်။

Chapter 1614

"စီနီယာ ဘာပြောလိုက်တာလဲ...ကျွန်တော် နားမလည်ဘူး"

လုယွီ၏မျက်နှာအမူအယာသည် တည်ငြိမ်နေဆဲဖြစ်သော်လည်း သူ၏စိတ်နှလုံးသားအတွင်း၌ မုန်တိုင်းထန်နေသည်။

သူ ဤနေရာသို့ ရောက်လာရသည့် အကြောင်းအရင်းကို တာဟေးမှလွဲ၍ တခြားမည်သူမျှ မသိနိုင်ချေ။

ထို့ပြင် ဤသည်က လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာမှ ဖန်တီးထားသော ပုံရိပ်ယောင်ကမ္ဘာလောကဖြစ်သည်။သူရှေ့ရှိအဖိုးအိုသည် သူတို့မတိုင်မီ ယခင်ကဝင်ရောက်လာခဲ့သူများ ဖြစ်နေသလော။

"ငါရဲ့နာမည်က ယွီဖုန်း...ငါက ကောင်းကင်စိတ်တန်ခိုးဂိုဏ်းရဲ့ တပည့်ခေါင်းဆောင်အင်မော်တယ်တစ်ယောက်ဖြစ်ပြီးတော့...ငါ့ရဲ့ဆရာက ကောင်းကင်စိတ်တန်ခိုးဂိုဏ်းရဲ့ဘိုးဘေးတစ်ယောက်ပဲ...မင်းက ကောင်းကင်ဘုံတရားရုံးကလူမဟုတ်ဘူး...ဒီထက်ပိုပြောရရင် မင်းက ရှေးခေတ်ကလူ မဟုတ်ဘူးဆိုတာ ငါ သိထားတယ်"

အဖိုးအိုယွီဖုန်းက ဆက်လက်ပြောဆိုသည်။

"လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာရဲ့ ပုံရိပ်ယောင်ကမ္ဘာက အချိန်အကြာကြီး တည်ရှိတော့မှာမဟုတ်ဘူး...ဒါက အိမ်မက်ရှည်ကြီးတစ်ခုဆိုပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အိမ်မက်က အိမ်မက်ပဲ....ဒီအိမ်မက်ကနေ နိုးထနိုင်ရင် မင်း အသက်ရှင်မယ်...တကယ်လို့ အိမ်မက်ကနေ မင်း အချိန်မီမနိုးထနိုင်ဘူးဆိုရင်....လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာရဲ့လွှမ်းမိုးမှုကို မင်း ခံရပြီးတော့ ရုပ်သေးရုပ်တစ်ရုပ်ဖြစ်သွားလိမ့်မယ်...မင်းကိုယ်မင်း ဘယ်သူဘယ်ဝါဆိုတာ မေ့လျော့သွားပြီးတော့ ဒီနေရာရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်လာမယ်"

လုယွီသည် ထိတ်လန့်တုန်လှုပ်သွားသော်လည်း သူ၏မျက်နှာအမူအယာက တည်ငြိမ်နေဆဲပင်။

"ကျေးဇူးပြုပြီး စီနီယာက လမ်းညွှန်ပေးပါ"

"မင်းရဲ့ကံကြမ္မာက ထူးခြားတယ်...တကယ်လို့ ငါ အများကြီးကြားဝင်စွက်ဖက်လိုက်မယ်ဆိုရင် မင်းအတွက် ကောင်းတဲ့ကိစ္စတွေ ဖြစ်လာမှာမဟုတ်ဘူး...မင်းရဲ့အသက်ကို ကယ်တင်လိုက်တာက ငါ လုပ်ပေးနိုင်တဲ့အကန့်အသတ်ပဲ"

အဖိုးအိုကိုကြည့်ရသည်မှာ အနည်းငယ်မောပန်းနေပုံရသည်။

"ကျွန်တော် အရင်ဆုံး ထွက်သွားပါရစေ"

လုယွီသည် အဖိုးအိုယွီဖုန်းအား တစ်ချက်ပြန်ကြည့်လိုက်ပြီး ထိတ်လန့်တုန်လှုပ်နေမိ၏။

ဤသည်က လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏ပုံရိပ်ယောင်ကမ္ဘာဖြစ်သည်။ကောင်းကင်စိတ်တန်ခိုးဂိုဏ်း၏တပည့်ခေါင်းဆောင်ဖြစ်သော အဖိုးအိုယွီဖုန်းသည် ပုံရိပ်ယောင်ကမ္ဘာအတွင်း၌ သူ၏အသိစိတ်များ ပျောက်ကွယ်မသွားစေရန် နည်းလမ်းတစ်မျိုးမျိုးကိုအသုံးပြု၍ ထိန်းချုပ်ထားပုံရသည်။

လုယွီ ထွက်ခွါသွားပြီးနောက် ယွီဖုန်းသည် သူ၏အနောက်ဘက်ခြံဝန်းအားတစ်ချက်ကြည့်ပြီး ပြောဆိုလိုက်၏။

"အိမ်မက်ကနေနိုးထတော့...မင်း ထွက်မလာသေးဘူးလား"

"ဒီကို ပြင်ပလောကကလူတွေ ဘယ်လောက်များများ ရောက်နေကြလဲ"

"သူ အပြင်ကိုထွက်သွားနိုင်ဖို့ ငါ မျှော်လင့်မိတယ်"

……

လုယွီသည် တရွေ့ရွေ့လမ်းလျှောက်နေပြီး သူ၏စိတ်ဝိညာဥ်အစွမ်းထက်လာသည်ကို အာရုံခံလိုက်မိ၏။

နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေး၏စိတ်ဝိညာဥ်ကို ဝါးမျိုပြီးနောက် လုယွီ၏စိတ်ဝိညာဥ်သည် ပို၍သန်မာအားကောင်းလာပြီး အတားအဆီးသို့ရောက်ရှိနေလေပြီ။

လုယွီက သူ အဆင့်ချိုးဖျက်ရန် အချိန်ကျရောက်နေပြီဖြစ်ကြောင်း သိရှိထားသည်။

တစ္ဆေအင်မော်တယ်အဆင့်မှနေ၍ လောကီအင်မော်တယ်အဆင့်သို့ သူ ချိုးဖျက်ဝင်ရောက်ရပေမည်။

အကယ်၍ သူ လောကီအင်မော်တယ်နယ်ပယ်သို့ အောင်မြင်စွာချိုးဖျက်ဝင်ရောက်နိုင်ပါက အစစ်အမှန်ရှေးဟောင်းအင်မော်တယ်တစ်ယောက်အဖြစ်သို့ ရောက်ရှိသွားပေလိမ့်မည်။

ဤသည်က ပြင်ပကမ္ဘာလောကနှင့် ကွဲပြားခြားနားသောလမ်းကြောင်းပင်။

"စီနီယာယွီဖုန်းနဲ့ငါက 'အိပ်မက်ကနေနိုးထခြင်း'ဆိုတဲ့ အကြောင်းကို ပြောခဲ့ကြတယ်...ဒါပေမယ့် သူက ငါ့ကို အပြင်ထပ်မထွက်ဖို့ သတိပေးထားတာ...ဒါဆိုရင် ငါ့စိတ်ဝိညာဥ်ရဲ့စွမ်းအားကို တိုးတက်အောင်လုပ်ဖို့အတွက် နတ်ဆိုးတွေကို ငါ သတ်လို့ရမှာမဟုတ်တော့ဘူး"

လုယွီသည် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ ညည်းတွားနေသော်လည်း သူက သတိဝီရိယပို၍ထားရန် ဆုံးဖြတ်လိုက်၏။

ဤနေရာတွင် သူ၏အသက်ကိုရင်း၍ စွန့်စားနေရသည်။အကယ်၍ သူ သတိလက်လွတ်နေမိပါက သူ၏စိတ်ဝိညာဥ် အချိန်မရွေး ပျောက်ကွယ်သွားနိုင်ပေ၏။

သူက ခြေတစ်လှမ်းလှမ်း၍ ခြံဝင်း၏ပြင်ပသို့ ထွက်လာခဲ့တော့သည်။

ကောင်းကင်နှင့်မြေပြင်အကြားမှ ဥပဒေသတစ်ခုသည် တစ်စုံတစ်ခုအား ရုတ်တရက်ခံစားမိပုံရသည်။ရုတ်ချည်းဆိုသလိုပင် အလင်းတန်းတစ်တန်းက လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာပေ၏။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လုယွီ၏တံဆိပ်ပြားသည် မူလက ကျောက်စိမ်းအရောင်မှသည် ရွှေရောင်သို့ပြောင်းလဲပြီး အလင်းတန်းများ ဖြာထွက်လာသည်။

မဟာနတ်ဆိုးဘိုးဘေးကိုးပါးအနက်မှတစ်ယောက်ဖြစ်သော နဝမမြောက်ကလေးငယ်၏အကြွင်းအကျန်စိတ်ဝိညာဥ်....၁

တစ်ချိန်တည်းမှာပင် အင်မော်တယ်သင်္ကေတခန်းမရှိ ကျောက်ပြားပေါ်၌ အလင်းတန်းတစ်တန်း ထွက်ပေါ်လာပေ၏။

ထိုခန်းမအားဖြတ်သန်းသွားသော မည်သည့်အင်မော်တယ်မဆို ကျောက်ပြားပေါ်မှအလင်းတန်း၏ဆွဲဆောင်ခြင်း ခံလိုက်ရသည်။

လှိုဏ်ဂူသုံးဆယ့်ခြောက်လုံးအနက်မှ ခရမ်းမြူခိုးတောင်လှိုဏ်ဂူပိုင်ဆိုင်သောနေရာရှိ ကျောက်ပြားပေါ်တွင် နာမည်တစ်ခုက ရုတ်တရက်အထက်သို့မြင့်တက်သွားပေ၏။ထိုနာမည်သည် ခရမ်းမြူခိုးတောင်လှိုဏ်ဂူ၏မဟာမိုးကောင်းကင်ရွှေအင်မော်တယ်နာမည်အောက်သို့ တိုက်ရိုက်ရောက်ရှိသွားသည်။

ယဲ့ရွှင်း...တိုက်ပွဲအောင်မြင်မှုရမှတ် ငါးသန်း

"သူက ဘယ်သူလဲ"

"တစ္ဆေအင်မော်တယ်တစ်ယောက်က ရမှတ်ငါးသန်း ဟုတ်လား...ငါ အမြင်များမှားနေတာလား"

"ယဲ့ရွှင်းဆိုတာ ဘယ်သူလဲ...သူက ဘယ်လိုအဆင့်ရှိတဲ့ နတ်ဆိုးတွေကို သတ်ဖြတ်ခဲ့ပါလိမ့်...ဒီလိုမျိုး သန်းနဲ့ချီတဲ့ တိုက်ပွဲအောင်မြင်မှုအမှတ်တွေ ရဖို့ဆိုရင်...သူက နတ်ဆိုးဘိုးဘေးတစ်ယောက်ကို သတ်ခဲ့တာများ ဖြစ်နေမလား"

ဤအချိန်အခိုက်အတန့်တွင် လောကီအင်မော်တယ်ဖြစ်စေ မြေကမ္ဘာအင်မော်တယ်ဖြစ်စေ သူတို့အားလုံး၏မျက်လုံးအကြည့်များသည် ယဲ့ရွှင်းဟူသောနာမည်ပေါ်တွင်သာ စူးစိုက်၍ကျရောက်နေပေ၏။

Chapter 1615

တခြားတစ်ဖက်တွင် လုယွီသည် သူ၏တိုက်ပွဲအောင်မြင်မှုရမှတ်များအားလုံးကို ကျင့်ကြံနည်းစနစ်များနှင့်လဲလှယ်ရန် အဆင့်သင့်ဖြစ်နေပေ၏။

ယခုလက်ရှိချိန်တွင် သူ၏စိတ်ဝိညာဥ်စွမ်းအားများ အလွန်အမင်း ပေါကြွယ်ဝနေပြီး တစ္ဆေအင်မော်တယ်နယ်ပယ်မှနေ၍ လောကီအင်မော်တယ်နယ်ပယ်သို့ အချိန်မရွေး ချိုးဖျက်ဝင်ရောက်နိုင်ပေသည်။

ယခု လုယွီလိုအပ်နေသည်မှာ သူ အဆင့်ချိုးဖျက်ရာ၌ ကူညီထောက်ပံပေးနိုင်သော ကျင့်ကြံနည်းစနစ်ဖြစ်သည်။

"ဒီတိုက်ပွဲအောင်မြင်မှုရမှတ်တွေနဲ့ဆိုရင်...ငါ ကျင့်ကြံနည်းစနစ်ကောင်းတစ်ခုနဲ့ လဲလှယ်ဖို့ လုံလောက်လောက်ပါတယ်"

လုယွီက တွေးတောနေပေ၏။

လုယွီသည် ပတ်ဝန်းကျင်ရှိလူများအားမေးမြန်းပြီးနောက် တိုက်ပွဲအောင်မြင်မှုရလဒ်များအား ဆုလာဘ်ဖြင့်လဲလှယ်ရန် အင်မော်တယ်ယဇ်ပလ္လင်ဆီသို့သွားရမည်ကို သိရှိခဲ့ရသည်။

သူ အင်မော်တယ်ယဇ်ပလ္လင်ဆီသို့ ရောက်ရှိချိန်တွင် ထိုနေရာ၌ အင်မော်တယ်အမြောက်အများ စုဝေးရောက်ရှိနေသည်ကို တွေ့မြင်မိပေ၏။

သူသည် ပတ်ဝန်းကျင်အားလှည့်ပတ်ကြည့်လိုက်ရာ လေထုအတွင်း၌ ကြာပန်းပလ္လင်များမျောလွင့်နေပြီး အစွမ်းထက်အင်မော်တယ်များက ထိုအရာပေါ်၌ ထိုင်နေကြသည်။

"ဒီနေ့ အရေးကြီးတဲ့ကိစ္စတစ်ခုခုများ ရှိနေတာလား"

လုယွီက အနည်းငယ်သိချင်စိတ်ပြင်းပြသွားသည်။

လုယွီနှင့်မလှမ်းမကမ်းအကွာအဝေးတွင်ရှိနေသော လောကီအင်မော်တယ်တစ်ယောက်သည် သူ၏ရေရွတ်သံကို ကြားလိုက်ပုံရပြီး အပြုံးနှင့်ပြောဆိုလေ၏။

"မကြာသေးခင်က အရမ်းအစွမ်းတက်တဲ့တစ္ဆေအင်မော်တယ်တစ်ယောက်က တိုက်ပွဲအောင်မြင်မှုရမှတ်တွေ အများကြီးရရှိခဲ့တယ်...သူကို ရွှယ်အင်မော်တယ်ကွမ်ရှင်းကတောင် တွေ့ဆုံဖို့အတွက် ဆင့်ခေါ်ထားတယ်လို့ ငါ ကြားထားတယ်...ငါတို့အားလုံးက အဲ့ဒီကိစ္စကို လာပြီးစောင့်ကြည့်တာပဲ"

ထိုလူသည် လေထုအတွင်း၌ မျောလွင့်နေသော ကြာပန်းပလ္လင်များကိုညွှန်ပြပြီး ရှင်းပြလိုက်သည်။

"ဒါက အပြာရောင်မြေအောက်လောကနန်းတော်ရဲ့ အနက်ရောင်မြေအောက်လောကထိပ်သီးအင်မော်တယ်...ဒါက လီရှန်းနန်းတော်ရဲ့ဖုန်းလီထိပ်သီးအင်မော်တယ်....."

ကောင်းကင်ဘုံတရားရုံးတွင် သူတို့၏တိုက်ခိုက်မှုစွမ်းရည်သည် သူတို့၏ကျင့်ကြံဆင့်နယ်ပယ်ထက် ပို၍မြင့်မားသူများကိုသာ ထိပ်သီးအင်မော်တယ်ဟု ခေါ်ဆိုကြသည်။

လူအများရှေ့ရှိ လေထုအတွင်းမှ ကြာပန်းယဇ်ပလ္လင်ပေါ်တွင် ထိုင်နေသူများသည် သာမာန်ထက်ထူးကဲသော အရည်အချင်းရှိသည့် မဟာပုဂ္ဂိုလ်ကြီးများဖြစ်သည်။

လုယွီက ထိုလူများကိုတစ်ချက်ကြည့်ပြီးနောက် သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ နှုတ်ဆက်ကာ ပြောဆိုလိုက်၏။

"ကျေးဇူးပြုပြီးတော့ ငါ့ရဲ့တိုက်ပွဲအောင်မြင်မှုရမှတ်တွေကို ဘယ်နေရာမှာလဲလှယ်လို့ရမလဲဆိုတာ ပြောပြပေးနိုင်မလား"

"ဒါက မင်း ဒီနေရာကို ပထမဆုံးအကြိမ်ရောက်လာတာလား...ဟိုနေရာမှာရှိတဲ့ ကျောက်စာတိုင်နားကိုသွားလိုက်...အဲ့ဒီပေါ်ကို မင်းရဲ့လက်တင်လိုက်တာနဲ့ ကျောက်စာတိုင်ရဲ့စိတ်ဝိညာဥ်နဲ့ မင်း ဆက်သွယ်ပြောဆိုနိုင်လိမ့်မယ်"

ထိုလူသည် လုယွီအား ကျောက်စာတိုင်ရှိရာနေရာသို့ လက်ညှိုးညွှန်၍ ပြောဆိုလိုက်သည်။

လုယွီသည် ကျေးဇူးတင်စကားပြောဆိုပြီး ကျောက်စာတိုင်ထံသို့ သွားလိုက်လေ၏။

ထိုအချိန်မှာပင် လူအုပ်ကြီးအကြားမှနေ၍ ရုတ်ရုတ်သဲသဲအသံများ ထွက်ပေါ်လာသည်။

"လာပြီ...သူ ရောက်လာပြီ"

"ထူးဆန်းလိုက်တာ...ဘာလို့ လူတစ်စုလုံးကို ပြန်ခေါ်လာတာလဲ"

"ယဲ့ရွှင်းဆိုတာက ဘယ်သူပါလိမ့်"

စောင့်ကြည့်နေကြသူများသည် ထန်ယုဝေ ယဲ့ရွှင်းနှင့် အပြာရောင်ဝတ်စုံဝတ်အင်မော်တယ်တစ်စုကို တွေ့မြင်မိကြသည်။

ယဲ့ရွှင်းတို့လူစုသည်လည်း အလွန်အမင်း စိတ်လှုပ်ရှားနေပေ၏။သူတို့လူစုအား ဤမျှထိများပြားသော အင်မော်တယ်များ စောင့်ကြိုနေမည်ဟု မျှော်လင့်မထားမိကြချေ။

သူတို့သည် မြို့ငယ်လေးအတွင်းသို့ သွားခဲ့ရုံသက်သက်ပင်။မည်သည်ကြောင့် သူတို့ပြန်ရောက်လာစဥ်တွင် ဤကဲ့သို့ဆက်ဆံခံရသနည်း။

သို့ရာတွင် ထန်ယုဝေ၏မျက်နှာအမူအယာသည် တည်ငြိမ်နေပြီး သူမအား ဤကဲ့သို့စောင့်ကြိုနေကြရန် ထိုက်တန်သည်ဟု ယူဆထားပုံရပေ၏။

"နင်တို့ ဘာတွေစိုးရိမ်နေကြတာလဲ...ဒါက ကောင်းကင်ဘုံရဲ့မျက်နှာသာပေးမှုကိုရပြီးတော့ အင်မော်တယ်လောကရဲ့အထွတ်အထိပ်ကို တက်လှမ်းနိုင်မယ့် အခွင့်အရေးမျိုးနော်...ရွှယ်အင်မော်တယ်ကွမ်ရှင်းက အနာဂတ်ကိုကြိုမြင်နိုင်တဲ့အရည်အချင်းမျိုးရှိတယ်လို့ ငါ ကြားထားတယ်...သူက သာမာန်မဟုတ်တာတစ်ခုကို အာရုံခံမိလို့ပဲဖြစ်မယ်...ဒါတွေအားလုံးက ငါ့ရဲ့အရည်အချင်းကြောင့်ပဲ"

ထန်ယုဝေက လေသံတိုးတိုးဖြင့် ပြောဆိုလေသည်။

သူတို့လူစုအား အဖြုရောင်ဝတ်စုံဝတ် လောကီအင်မော်တယ်တစ်စုက စောင့်ကြပ်ပေးနေပြီး အင်မော်တယ်ယဇ်ပလ္လင်ထံသို့ ရောက်ရှိလာကြ၏။

"တစ်ခုခုတော့ မှားနေပြီ...ရွှယ်အင်မော်တယ်ကွမ်ရှင်းအပြင် တခြားထိပ်သီးအင်မော်တယ်တွေပါ ရောက်နေကြတယ်...မင်းတို့အားလုံး ဒီနေရာမှာစောင့်နေကြအုံး"

လောကီအင်မော်တယ်လူငယ်က ခံစားချက်ကင်းမဲ့သော အမူအယာဖြင့် ပြောဆိုသည်။

ထန်ယုဝေ၏မျက်နှာပေါ်၌ စိတ်မကြည်မသာဖြစ်သွားသောအရိပ်အယောင်များ ဖြတ်ပြေးသွားပေ၏။

မည်သို့ပင်ဆိုစေကာမူ ရွှယ်အင်မော်တယ်ကွမ်ရှင်းသည် မဟာမိုးကောင်းကင်ရွှေအင်မော်တယ်များ၏နောက် ဒုတိယနေရာ၌တည်ရှိသော အစွမ်းထက်သည့်ရွှယ်အင်မော်တယ်တစ်ယောက်ဖြစ်သည်။

ရုတ်တရက် ထန်ယုဝေ၏မျက်လုံးအကြည့်က လုယွီပေါ်သို့ ကျရောက်သွားပေ၏။

"ဒါက နင်လား..."

ထန်ယုဝေ၏မျက်လုံးများအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။

"အဲ့ဒီအချိန်တုန်းက နင်က တကယ့်ကိုအရှက်မဲ့ပြီး ထွက်ပြေးသွားခဲ့တယ်...ငါတို့ နင်ကို ဖမ်းမိခဲ့ဘူး...အခု ဒီနေရာမှာ အင်မော်တယ်တွေအများကြီး စုဝေးရောက်ရှိနေတယ်...နင်က ဒီနေရာကို လာရဲသေးတယ်ပေါ့လေ"

လုယွီသည် ထန်ယုဝေ၏စကားများကို မကြားသကဲ့သို့သာပြုမူနေပြီး သူရှေ့ရှိကျောက်စာတိုင်အား ဆက်လက်၍ လေ့လာဆင်ခြင်နေသည်။

အရာအားလုံးသည် သူ ခန့်မှန်းထားသည်ထက် များစွာပို၍ ကျော်လွန်နေပေ၏။

သူ၏တိုက်ပွဲအောင်မြင်မှုရမှတ်များသည် ကျင့်ကြံနည်းစနစ်တစ်ခုအားလဲလှယ်ရန် လုံလောက်သည်ထက် ပိုနေသည်။

သူ့ရှေ့၌ မြောက်များစွာသော ကျင့်ကြံနည်းစနစ်များရှိသည်။မည်သည့်ကျင့်ကြံနည်းစနစ်မဆို သူ့အား တစ္ဆေအင်မော်တယ်နယ်ပယ်မှနေ၍ လောကီအင်မော်တယ်နယ်ပယ်သို့ အောင်မြင်စွာချိုးဖျက်ဝင်ရောက်စေနိုင်စွမ်းရှိပေ၏။

ထိုကျင့်ကြံနည်းစနစ်တစ်ခုစီတိုင်းမှ တောက်ပသောအလင်းတန်းများ ဖြာထွက်နေပြီး သာမာန်ထက်ထူးကဲခြင်းကို ညွှန်ပြနေပေသည်။

သူ မည်သည့်အရာအား ရွေးချယ်ရမည်နည်း။

"ငါ နင့်ကို စကားပြောနေတာလေ...ဘာလဲ...နင်မှာအပြစ်ရှိနေလို့ ငါ့နဲ့မျက်လုံးချင်းမဆိုင်ရဲတာလား"

ထန်ယုဝေသည် ရုတ်တရက် ဒေါသထွက်လာသဖြင့် သူမ၏လက်ဖြင့် လုယွီ၏ပခုံးအား ဖိနှိပ်လိုက်သည်။

All Chapters