← Chapters

အခန်း (၁၆၂၁-၁၆၂၅)

Vol. 84 Ch. 1621-1625

အခန်း (၁၆၂၁-၁၆၂၅)

Vol. 84 Ch. 1621-1625

Chapter 1621

နန်းတော်၏ပြင်ပတွင် ထိပ်သီးရွှယ်အင်မော်တယ်ကွမ်ရှင်း၏တပည့်တချို့ စောင့်ကြပ်နေပေ၏။

ထိပ်သီးရွှယ်အင်မော်တယ်ကွမ်ရှင်း၏တပည့်အများစုသည် အားကောင်းသောလောကီအင်မော်တယ်များဖြစ်သည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ သူတို့သည် အလွန်အမင်းမောက်မာသော ခွေးနက်ကြီးနှင့် ရင်ဆိုင်နေရသည်။သူတို့အားလုံး ကူကယ်ရာမဲ့စွာဖြင့် သူတို့၏ခေါင်းများကို ခါယမ်းနေကြ၏။

"ဘိုးဘေး...ဒီနေရာကို ဘယ်သူ့ကိုမှဝင်ခွင့်မပြုရဘူးလို့ ကျွန်တော်တို့ရဲ့ဆရာသခင်က အမိန့်ပေးထားတယ်"

"ဟုတ်တယ်...ဘိုးဘေးက အဆင့်အတန်းမြင့်မားသူပါ...ဒီနေရာထက်စာရင် ကောင်းကင်ပျံဝဲနန်းတော်က အများကြီးပိုကောင်းတယ်...ဒီလိုချောင်ကျတဲ့နေရာမျိုးကိုလာတာက ဘိုးဘေးရဲ့ဂုဏ်သိက္ခာကို နိမ့်ပါးစေနိုင်တယ်"

လောကီအင်မော်တယ်တစ်စုသည် အလွန်စိတ်လှုပ်ရှားနေကြပြီး ခွေးနက်ကြီးအား မည်သည့်နည်းဖြင့် အဝေးသို့နှင်ထုတ်ရမည်ကို သူတို့အားလုံး မသိကြတော့ချေ။

"ထားလိုက်တော့...ငါ့ သူကို ထွက်တွေ့လိုက်မယ်"

လုယွီက တည်ငြိမ်စွာပြောဆိုပြီး နန်းတော်ပြင်ပသို့ ထွက်ခဲ့တော့သည်။

လုယွီ ပြင်ပသို့ထွက်သွားသည်ကိုကြည့်ပြီး တပည့်များ၏မျက်နှာများ၌ စိတ်သက်သာရာရသွားသော အမူအယာများ ထင်ဟပ်သွားပေ၏။

တပည့်များအနက်မှတစ်ယောက်က ပြောဆိုသည်။

"ဆရာသခင်က အမိန့်ပေးထားပါတယ်...တကယ်လို့ မင်းဟာမင်း အပြင်ထွက်လာရင် ငါတို့ မင်းကို စောင့်ကြပ်ပေးရတဲ့ လုပ်ငန်းတာဝန် ပြီးဆုံးသွားပြီ..ငါတို့တာဝန်ပြီးဆုံးသွားပြီဆိုတာကို ဆရာသခင်ဆီ သတင်းပြန်ပို့လိုက်အုံးမယ်"

"စီနီယာတို့ကို ကျေးဇူးတင်ပါတယ်"

လုယွီက ပြောဆိုသည်။

လောကီအင်မော်တယ်များ ထွက်ခွာသွားချိန်တွင် တာဟေးက စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလေ၏။

"ဘိုးဘေးလေး...ဒီရက်တွေထဲမှာ မင်း ဘာတွေလုပ်နေတာလဲ...ငါ့မှာ မင်းကိုရှာဖွေဖို့ လူတွေအများကြီးသုံးလိုက်ရတယ်"

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။

"ဘာကိစ္စ ရှိလို့လဲ"

တာဟေး ယခုကဲ့သို့စိတ်လှုပ်ရှားနေသည့် မျက်နှာအမူအယာမျိုးကို သူ ရှားရှားပါးပါးတွေ့မြင်ရခြင်းဖြစ်သည်။တာဟေးသည် မှီခိုအားထားချင်ဖွယ် မကောင်းသော်လည်း တချို့ကိစ္စများနှင့်ရင်ဆိုင်ရချိန်တွင် သူသည် အလွန်တည်ငြိမ်စွာ ကိုင်တွယ်ဖြေရှင်းလေ့ရှိသည်။

ယခုကဲ့သို့ တာဟေး အလွန်စိတ်လှုပ်ရှားနေခြင်းသည် ကိစ္စကြီးတစ်ခုနှင့် ကြုံတွေ့နေရသောကြောင့်သာ ဖြစ်ပေမည်။

"လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်တုန်းက နတ်ဆိုးဖိနှိပ်တောင်ကို စောင့်ကြပ်တဲ့ မဟာမိုးကောင်းကင်ရွှေအင်မော်တယ် အစားထိုးခံရတာကို မင်း သိလား"

တာဟေးသည် နီမြန်းနေသောမျက်လုံးများဖြင့် လုယွီအား စူးစိုက်ကြည့်ပြီး မေးမြန်းသည်။

လုယွီက ခေါင်းခါပြလေ၏။

"ကျုပ်က ဒီနေရာမှာပဲနေနေတာ...အပြင်ဘက်ကအခြေအနေတွေကို ဘာမှမသိဘူး"

နတ်ဆိုးဖိနှိပ်တောင်အား မဟာမိုးကောင်းကင်ရွှေအင်မော်တယ်တစ်ယောက်မှနေ၍ တစ်နှစ်ပတ်လုံး စောင့်ကြပ်သည်။

ထိုမဟာမိုးကောင်းကင်ရွှေအင်မော်တယ် တည်ရှိနေမှုကြောင့်သာလျှင် နတ်ဆိုးကမ္ဘာလောက၏အနက်ရှိုင်းဆုံးနေရာမှနတ်ဆိုးများ မဆင်မခြင်မကျူးကျော်ဝံ့ခြင်းဖြစ်သည်။

"ကောင်းကင်ဧကရာဇ်ရဲ့အမိန့်နဲ့ နတ်ဆိုးဖိနှိပ်အင်မော်တယ် အဝေးကိုပြောင်းရွှေ့ခံလိုက်ရတယ်...ဒါပေမယ့် အဲ့ဒီ သောက်ချေးအမိန့်တော်က အတုကြီးဆိုတာ သေချာတယ်...တစ်ယောက်ယောက်က ကောင်းကင်ဧကရာဇ်ရဲ့အမိန့်တော်ကို အတုလုပ်ပြီး နတ်ဆိုးဖိနှိပ်အင်မော်တယ်ရဲ့နေရာကို အမတ်ကြီးချွယ်နဲ့ အစားထိုးလိုက်တယ်"

တာဟေးသည် အံ့တင်းတင်းကြိတ်၍ ပြောဆိုနေပြီး သူ၏မျက်လုံးများအတွင်းတွင် နာကျည်းမုန်းတီးမှုများနှင့် ပြည့်နှက်နေပေ၏။

လုယွီက အံ့အားသင့်သွားသည်။

သူသည် ကောင်းကင်ဘုံတရားရုံးသို့ရောက်ရှိလာသော်လည်း မဟာမိုးကောင်းကင်ရွှေအင်မော်တယ်များနှင့် ဒဏ္ဍာရီလာကောင်းကင်ဘုံဧကရာဇ်ကို မြင်တွေ့ရခြင်းမရှိချေ။

ရှေးဟောင်းတာအိုကျမ်းစာများအရ မဟာစွန့်ပစ်ကုန်းမြေသည် ဖရိုဖရဲဖြစ်နေသော နယ်မြေတစ်ခုဖြစ်ခဲ့သည်။ထိုနယ်မြေအတွင်းသို့ နတ်ဆိုးများ ကျုးကျော်ဝင်ရောက်လာသဖြင့် လူအများ ဆင်းရဲဒုက္ခကြီးစွာခံစားကြရ၏။

ထိုအချိန်တွင် ကောင်းကင်ဘုံဧကရာဇ်ထွက်ပေါ်လာပြီး သိန်းသန်းချီသောနတ်ဆိုးများကိုဖိနှိပ်ကာ နတ်ဆိုးဖိနှိပ်တောင်၏ပြင်ပသို့ မောင်းထုတ်ခဲ့သည်။ကောင်းကင်ဘုံတရားရုံးသည် ထိုနယ်မြေတစ်ခုလုံးကို အပြည့်အဝထိန်းချုပ်ကာ အင်မော်တယ်နည်းစနစ်များကိုဖြန့်ဝေ၍ လူအများအား ထာဝရအသက်ကိုရရှိစေရန် ကူညီပေးခဲ့သည်။

ထိုကုသိုလ်ကောင်းမှုများကြောင့် ကောင်းကင်ဘုံဧကရာဇ်သည် ခေတ်အဆက်ဆက်၌ ဘုန်းတန်ခိုးကြီးမားခဲ့ပေ၏။

ထိုကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်၏အမိန့်တော်ကိုပင် အတုအယောင်ပြုလုပ်ဝံ့သည့်လူများ ရှိနေသေးသလော။

"ခင်ဗျားရဲ့အဆင့်အတန်းက မြင့်မားတယ်မဟုတ်လား...ဘာလို့ ကောင်းကင်ဘုံဧကရာဇ်ကို အကြောင်းမကြားတာလဲ"

လုယွီက အလေးအနက်ထားသောအသံဖြင့် မေးမြန်းသည်။

တာဟေးကိုကြည့်ရသည်မှာ လိပ်ပြာလွင့်လုမတက် ကြောက်ရွံသွားပုံရသည်။

"မင်း မေ့သွားပြီလား...ဒီနေရာက လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာရဲ့ ပုံရိပ်ယောင်ကမ္ဘာလေ"

"ဒီနေရာမှာရှိတဲ့ မြက်တစ်ပင် သစ်ပင်တစ်ပင်ကအစ ပုံရိပ်ယောင်တွေချည်းပဲ...အကုန်လုံး အတုအယောင်တွေ...မင်းက ကိစ္စတွေကို နည်းနည်းလောက် ပြောင်းလဲလိုက်တာနဲ့ အကျိုးဆက်ကို မင်း ခံစားရလိမ့်မယ်"

"ကောင်းကင်ဘုံဧကရာဇ်နေတဲ့နေရာကို ငါ သွားခဲ့တယ်...တားမြစ်ထားတဲ့ကြားထဲကတောင် ငါ ချိုးဖျက်ဝင်ခဲ့တာ...ဒါပေမယ့် ငါ ဘာတွေ့ခဲ့လဲဆိုတာ မင်း သိလား...ငါ ဗလာဟင်းလင်းဖြစ်နေတဲ့နေရာကိုပဲ တွေ့ခဲ့ရတယ်...အဲ့ဒီနေရာမှာ ဘာမှရှိမနေဘူး...လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာက အစွမ်းထက်ပေမယ့် ကောင်းကင်ဘုံဧကရာဇ်ကို ပါဝင်ပတ်သက်စေတဲ့ထိ မလုံလောက်ဘူး"

တာဟေးက လုယွီအား စူးစိုက်ကြည့်ပြီး ​ပြောဆိုသည်။

"တကယ်လို့ ကိစ္စတွေသာ ဒီအတိုင်းဆက်ပြီးကြီးထွားနေမယ်ဆိုရင်...မင်းနဲ့ငါ ဒီနေရာမှာပဲ သေဆုံးသွားရမှာသေချာတယ်"

"ပြန်တွေးကြည့်ရင် နတ်ဆိုးဖိနှိပ်တောင်ကို အမတ်ကြီးချွယ်လက်လွှဲယူပြီး တစ်လမပြည့်ခင်အချိန်မှာပဲ မဟာနတ်ဆိုးဘိုးဘေးကိုးယောက်ရဲ့ ပူးပေါင်းတိုက်ခိုက်မှုနဲ့ နတ်ဆိုးဖိနှိပ်တောင် ပြိုလဲသွားခဲ့တယ်...အဆုံးသတ်မှာ ကောင်းကင်ဘုံတရားရုံးတစ်ခုလုံး ပျက်စီးသွားခဲ့ရတာပဲ...တကယ်လို့ အဲ့ဒီအချိန်အတွင်းမှာ လွတ်မြောက်အောင်မလုပ်နိုင်ဘူးဆိုရင်...နောက်ထပ်အိပ်မက်တစ်ခုစတင်လာတာနဲ့ မင်းရော ငါရော လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာရဲ့ရုပ်သေးရုပ်တွေ ဖြစ်သွားလိမ့်မယ်"

Chapter 1622

"ဒါဆိုရင် ဒီပုံရိပ်ယောင်ကမ္ဘာထဲကနေ ဘယ်လိုထွက်ခွါရမလဲဆိုတာ ခင်ဗျားသိလား"

လုယွီက မေးမြန်းသည်။

တာဟေး၏မျက်နှာထက်၌ အနည်းငယ်အခက်တွေ့နေသော အရိပ်အယောင်မျိုး ထင်ဟပ်လာပေ၏။သူက အံ့တင်းတင်းကြိတ်၍ ပြောဆိုသည်။

"ပြန်တွေးကြည့်ရင် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာရဲ့စိတ်ဝိညာဥ်နဲ့ငါနဲ့က မိတ်ဆွေတွေလို့​ပြောလို့ရတယ်...ငါက လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာရဲ့ အစစ်အမှန်စိတ်ဝိညာဥ်ကို သွားရှာလိုက်မယ်...တကယ်လို့ သူ ငါ့ကို မျက်နှာသာပေးရင်တော့ ငါတို့ အပြင်ထွက်လို့ရမှာပါ"

"မင်း ခုချိန်မှာ နတ်ဆိုးဖိနှိပ်တောင်အနားကို ထပ်မသွားနဲ့အုံး...မင်း အဲ့ဒီနေရာနဲ့ ဝေးဝေးနေသင့်တယ်"

တာဟေးသည် လုယွီအား သတိပေးပြီး အလျင်စလိုထွက်ခွာသွားတော့သည်။

တာဟေး၏အခက်တွေ့နေသောအမူအယာကို ကြည့်ခြင်းအားဖြင့် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏စိတ်ဝိညာဥ်နှင့် ညှိနှိုင်းရမည့်ကိစ္စသည် လွယ်ကူလိမ့်မည်မဟုတ်ချေ။

လုယွီသည် အချိန်တခဏကြာ တွေဝေစဥ်းစားနေပြီးနောက် နတ်ဆိုးဖိနှိပ်တောင်မှ ထွက်ခွာခဲ့တော့သည်။

နတ်ဆိုးဖိနှိပ်တောင်တစ်နေရာ၌ရှိနေသော ယွီဖုန်းသည် တရွေ့ရွေ့ထွက်ခွာသွားသော လုယွီ၏နောက်ကျောကို စူးစိုက်၍ကြည့်နေသည်။သူ၏မျက်နှာပေါ်၌ မောပန်းနေသောအရိပ်အယောင်များ ထင်ဟပ်နေပေ၏။

"အိမ်မက်က ထပ်ပြီးပြန်စတော့မှာလား"

ယွီဖုန်းသည် လေဟာနယ်တစ်နေရာသို့ကြည့်ပြီး ပြောဆိုလိုက်သည်။

"နောက်တစ်ကြိမ် အိမ်မက်ကျရင်...ငါ့ကို ထပ်မထည့်နဲ့"

ထိုလေဟာနယ်သည် ယွီဖုန်း၏စကားကို ငြင်းပယ်သည့်အလား ပြင်းပြင်းထန်ထန်လှုပ်ခတ်သွားသည်။

"ငါ အသက်ရှင်နေရတာ လုံလောက်ပြီ...ငါ သေသင့်တာ အချိန်အတော်ကြာနေပြီလေ...ဒီပုံရိပ်ယောင်ကမ္ဘာထဲမှာ ငါ နှစ်ဘယ်လောက်များများ နေထိုင်ခဲ့သလဲဆိုတာကိုတောင် မမှတ်မိတော့ဘူး"

"တစ်ချို့က အိမ်မက်ကနိုးထသွားတယ်...တချို့က အိမ်မက်ထဲကိုဝင်လာတယ်...ငါ တစ်ယောက်တည်းပဲ အမြဲတမ်းရှိနေခဲ့ရတာ...တခြား ဘာမှပြောင်းလဲမသွားဘူး.... ငါ တကယ်...တကယ့်ကို မောပန်းနေပြီ...ငါ့ကို သေခွင့်ပြုပါတော့"

ယွီဖုန်း၏အသံတွင် အဆုံးမရှိသောမောပန်းမှုများနှင့် ပြည့်နှက်နေပေ၏။

မမြင်နိုင်သောလေဟာနယ်အတွင်းမှနေ၍ စူးရှနာကျင်စွာအော်ဟစ်လိုက်သောအသံကြီး ရုတ်တရက် ထွက်ပေါ်လာပြီးနောက် ယွီဖုန်း၏ခန္ဓာကိုယ် တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

ယွီဖုန်း၏မျက်နှာထက်၌ စိတ်အေးချမ်းသွားသော အရိပ်အယောင်များ ထင်ဟပ်နေသည်။

"အပြင်လူတွေကို ထွက်သွားခွင့်ပြုလိုက်ပါ...ဧကရာဇ်မွေးမြူခဲ့တဲ့ ခွေးအပြင် ငါက အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ ကောင်လေးတစ်ယောက်ကို တွေ့ခဲ့ရတယ်...သူ့ကို ဒီနေရာမှာထိန်းသိမ်းထားမယ်ဆိုရင် အရမ်းနှမြောဖို့ကောင်းတယ်"

ယွီဖုန်း၏ နောက်ဆုံးတောင်းဆိုစကားကို တုန့်ပြန်နေသည့်အလား လေဟာနယ်သည် ထပ်မံ၍ ပြင်းပြင်းထန်ထန် တုန်ခါသွားပေ၏။

……

ခရမ်းမြူခိုးတောင်လှိုဏ်ဂူ...

လုယွီသည် ဤနေရာသို့ပြန်လာခဲ့ပြီးနောက် ကြိုးကြာခြံဝင်းအတွင်းသို့ ဝင်လိုက်၏။

တာဟေးသည် သူ့အား များစွာပြောဆိုခြင်းမရှိသော်လည်း ရောက်ရှိလာမည့်ကိစ္စရပ်များသည် သွေးလွှမ်းသောအရာများသာဖြစ်မည်ကို သူ ခန့်မှန်းနိုင်သည်။

ကောင်းကင်ဘုံတရားရုံးသည် ဤကမ္ဘာလောကအား အုပ်ချုပ်ခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ဤကဲ့သို့ အင်အားစုကြီးအား ဖျက်ဆီးနိုင်ခဲ့သောအရာသည် ခန့်မှန်း၍ပင်မရနိုင်သည်အထိ ကြီးမားသော စွမ်းအားမျိုးသာဖြစ်ပေမည်။

ကျွီ...

ခြံတံခါးအားတွန်းဖွင့်လိုက်စဥ်တွင် ကြိုးကြာများ၏အော်မြည်သံ ထွက်ပေါ်လာသည်။သို့ရာတွင် ထိုကြိုးကြာများအား အစာကျွေးနေသူသည် လီချမ်မဟုတ်ဘဲ လူစိမ်းအဖိုးအိုတစ်ယောက်ဖြစ်နေသည်။

"စီနီယာကို အရိုအသေပြုပါတယ်"

အဖိုးအိုသည် လုယွီဝင်လာသည်ကိုမြင်သည်နှင့် အရိုအသေပြုလိုက်၏။

ကျင့်ကြံခြင်းလောကတွင် ကျင့်ကြံဆင့်ပို၍မြင့်မားသူကိုသာ စီနီယာဟု ခေါ်ဆိုလေ့ရှိသည်။ထို့ကြောင့် အဖိုးအိုသည် လုယွီထက်အသက်ကြီးသော်လည်း သူက လုယွီအား စီနီယာဟု ခေါ်ဆိုခြင်းဖြစ်သည်။

လုယွီက ပတ်ဝန်းကျင်အားလှည့်ပတ်ကြည့်ပြီး မေးမြန်းလိုက်သည်။

"လီချမ်ရော...သူ ဘာလို့ ဒီနေရာမှာ ရှိမနေတာလဲ"

အဖိုးအိုသည် အချိန်တခဏကြာ ကြက်သေသေသွားပြီးမှ သူက ပြန်လည်မေးမြန်းလေ၏။

"စီနီယာ....လီချမ် သေသွားပြီဆိုတာကို စီနီယာမသိဘူးလား"

ဘာ....

လုယွီ၏မျက်လုံးများ အေးစက်တင်းမာသွားသည်။

"သူ ဘယ်လိုဖြစ်ပြီး သေသွားတာလဲ"

အဖိုးအိုက သူ၏ခေါင်းကိုခါယမ်းပြပြီး ပြောဆိုသည်။

"ကျွန်တော် တက်လှမ်းလာတာ မကြာသေးတော့...လီချမ်နဲ့တွေ့တယ်ဆိုရုံပဲ တွေ့လိုက်ရတယ်...အဲ့ဒီနေ့က သူ့ကို စီနီယာမုန့်ချာက ခေါ်ထုတ်သွားပြီးတော့ ညအတော်နောက်ကျမှပြန်လာတယ်...နောက်တစ်နေ့မနက်မှာ သူ ကြိုးကြာခြံဝင်းကနေ ထွက်သွားတော့တာပဲ...အချိန်အတော်ကြာပြီးမှ သူ သေသွားပြီဆိုတဲ့သတင်းကို ကျွန်တော် ကြားခဲ့ရတာ"

"မုန့်ချာ...ဟမ့်..."

လုယွီ၏မျက်လုံးအတွင်း၌ ပြင်းထန်သောသတ်ဖြတ်လိုခြင်းစ်တ်ဆန္ဒများ ဖြတ်ပြေးသွားပေ၏။

သူ ကောင်းကင်ဘုံတရားရုံးသို့ရောက်ရှိပြီး မည်သည့်အရာကိုမျှ ရှင်းရှင်းလင်းလင်းမသိရသေးခင်အချိန်တွင် လီချမ်က သူ့အား များစွာကူညီပေးခဲ့သည်။

အကယ်၍ ဤနေရာသည် ပုံရိပ်ယောင်ကမ္ဘာတစ်ခုဖြစ်ပြီး အတွင်းရှိလူများ အစစ်အမှန်မဟုတ်လျှင်ပင် လီချမ် သူ့အားကူညီခဲ့သည်ကို လုယွီ မေ့လျော့မည်မဟုတ်ချေ။

"မုန့်ချာ...အခု ဘယ်နေရာမှာရှိနေလဲ"

လုယွီက အေးစက်တင်းမာသောအသံဖြင့် မေးမြန်းသည်။

Chapter 1623

ခရမ်းမြူခိုးတောင်လှိုဏ်ဂူ...မြွေဝိညာဥ်တောင်ထိပ်

ဤနေရာသည် မုန့်ချာနေထိုင်သောနေရာဖြစ်သည်။မုန့်ချာနေထိုင်သောနေရာသည် အလွန်ခမ်းနားထည်ဝါပြီး တစ္ဆေအင်မော်တယ်များနေထိုင်သောအိမ်များလည်း အမြောက်အများရှိပေ၏။

တက်လှမ်းလာသောအင်မော်တယ်များနှင့်မတူညီဘဲ မုန့်ချာသည် နတ်ဘုရားတစ်ပါးဖြစ်သည်။

အကန့်အသတ်မဲ့တောအုပ်အတွင်း၌ မြောက်မြားစွာသောတောတွင်းလူရိုင်းမျိုးနွယ်စုများရှိသည်။ထိုမျိုးနွယ်စုများသည် ဤနေရာတွင် အတူစုရုံးပြီးတူညီသောကံကြမ္မာဖြင့်ချည်နှောင်ထားကြကာ နတ်ဘုရားတစ်ပါးကို ကိုးကွယ်ကြသည်။

ထိုအရာသည် မြွေနတ်ဘုရားပင်။

မုန့်ချာသည် ထိုလူရိုင်းမျိုးနွယ်စုများ ယုံကြည်ကိုးကွယ်သော​ မြွေနတ်ဘုရားဖြစ်ပေ၏။

သူသည် ကောင်းကင်နှင့်မြေပြင်အကြားမှ အလိုအလျောက်မွေးဖွားလာသူဖြစ်၍ ပြင်းပြင်းထန်ထန်ကျင့်ကြံရန် မလိုအပ်ချေ။လူအများ သူ့ကို ပို၍ယုံကြည်ကိုးကွယ်လာသည်နှင့်အမျှ သူ၏ခွန်အားများ ပို၍အစွမ်းထက်လာပေမည်။

ထို့ကြောင့် ခရမ်းမြူခိုးတောင်လှိုဏ်ဂူတွင် မုန့်ချာ၏အဆင့်အတန်းသည် အတော်အသင့်မြင့်မားပေ၏။

သူ၏အကျင့်စရိုက်သည် အလွန်မောက်မာဝံ့ကြွားပြီး တစ္ဆေအင်မော်တယ်များကို မကြာခဏဒုက္ခပေးလေ့ရှိသည်။သို့ရာတွင် သူ၏အဆင့်အတန်းမြင့်မားမှုကြောင့် လူအများစုသည် သူနှင့်ပြဿနာဖြစ်လိုခြင်းမရှိကြပေ။

ယနေ့တွင် မုန့်ချာသည် သူ၏လက်အောက်ခံများအားလုံးကို သူ၏နန်းတော်၌ စုဝေးစေခဲ့သည်။

"ဒီရက်တွေထဲမှာ လက်ဆောင်ပဏ္ဏာတွေရတာ နည်းလာတယ်...မင်းတို့ လျန့်ကျီးတောင်ကိုသွားပြီးတော့ လီပေါင်းထောင်ချီတောအုပ်ပေါ်ကို မိုး ပြင်းပြင်းထန်ထန်ရွာချခိုင်းလိုက်စမ်း...တကယ်လို့ လက်ဆောင်ပဏ္ဏာတွေက ဒီအတိုင်းမပြောင်းလဲသေးဘူးဆိုရင်...အဲ့ဒီမိုးကို မရပ်တန့်စေနဲ့"

ပလ္လင်ပေါ်၌ထိုင်နေသော မုန့်ချာက အမိန့်ပေးလိုက်၏။

အကယ်၍ အဆက်မပြတ်မိုးရွာသွန်းမှုနှင့်ကြုံတွေ့ရပါက အောက်ဘုံရှိနယ်မြေများမှ သက်ရှိများသေကြေပျက်စီးရပေမည်။သို့ရာတွင် သူတို့သည် မုန့်ချာအား မည်သည့်နည်းဖြင့် စောဒကတက်နိုင်မည်နည်း။

မုန့်ချာသည် သူ၏လက်အောက်ခံများဆီမှရရှိသော လက်ဆောင်ပဏ္ဏာများကိုကြည့်၍ ပျော်ရွှင်ဝမ်းမြောက်နေစဥ်တွင် သူ၏နန်းတော်တံခါးအား ပြင်ပမှနေ၍ ရုတ်တရက်ကန်ဖွင့်ခြင်း ခံလိုက်ရ၏။

ဘုန်း...

ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ ပြင်းထန်သောအားလှိုင်းကြောင့် တံခါးအနီး၌ရှိနေသော တစ္ဆေအင်မော်တယ်များ နောက်သို့လွင့်ထွက်သွားတော့သည်။

"ဒါက မင်းလား..."

မုန့်ချာသည် လုယွီကိုမြင်သည်နှင့် အံ့အားသင့်တုန်လှုပ်သွားသည်။

ထို့နောက် သူ၏အံ့အားသင့်မှုများသည် ဒေါသအဖြစ်သို့ ပြောင်းလဲသွားပေ၏။

"ကောင်းတယ်...ယဲ့ရွှင်း...ငါက မင်းကိုတောင် လာမရှာရသေးဘူး...မင်းက ငါ့ရှေ့ကို မင်းဟာမင်းရောက်လာဝံ့တယ်ပေါ့လေ...မင်းက ကျီစစ်နဲ့ကျီမို အင်မော်တယ်နှစ်ယောက်ကို မှီခိုပြီးတော့ နေရာတကာမှာ မဆင်မခြင်လုပ်လို့ရတယ်လို့ ထင်နေတာလား"

သူက လုယွီကိုလက်ညှိုးညွှန်၍ ကောက်ကျစ်ယုတ်မာသောအပြုံးနှင့်ပြောဆိုသည်။

"မင်းက ထိပ်သီးရွှယ်အင်မော်တယ်တစ်ယောက်ရဲ့နေရာကို ကျူးကျော်ဝင်လာခဲ့မှတော့...မင်းရဲ့နောက်မှာ ဘယ်သူပဲရှိနေရှိနေ အရေးမပါတော့ဘူး...ကောင်းကင်ဘုံတရားရုံးရဲ့စည်းမျဥ်းတွေအရ မင်း ပြင်းပြင်းထန်ထန်အပြစ်ပေးခံရတော့မယ်...သူ့ကို ဖမ်းလိုက်ကြစမ်း"

ထိုအမိန့်သံကိုကြားသည်နှင့် ပတ်ဝန်းကျင်ရှိ တစ္ဆေအင်မော်တယ်များအားလုံး လုယွီထံ တဟုန်ထိုးပြေးဝင်လာကြ၏။

"ထွက်သွားကြစမ်း"

လုယွီက အော်ဟစ်ကြုံးဝါးလိုက်ပြီး ချက်ချင်းဆိုသလိုပင် သူ၏နောက်၌ မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီး ထွက်ပေါ်လာသည်။

ထိုပုံရိပ်ယောင်ကြီးသည် ယခင်နှင့် များစွာကွဲပြားခြားနားသွားလေပြီ။သူသည် ပို၍ကြီးမားလာသည့်အပြင် သူ၏ခန္ဓာကိုယ်ပုံရိပ်သည် ပို၍ကျစ်လစ်သိပ်သည်းပြီးထင်ရှားလာကာ ခွန်အားလည်း ပိုမိုအစွမ်းထက်လာသည်။

မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီးသည် လက်သီးတစ်ချက်ထိုးနှက်လိုက်ရာ လုယွီထံတဟုန်ထိုးပြေးဝင်လာသော ရှေ့ဆုံးမှတစ္ဆေအင်မော်တယ်များ နောက်သို့လွင့်ထွက်သွားပြီး နံရံများနှင့်ဝင်ဆောင့်မိလေ၏။

လုယွီသည် ပလ္လင်အနီးသို့တိုးကပ်သွားပြီး မုန့်ချာအား ဖမ်းဆုပ်လိုက်သည်။

"မင်း သေချင်နေတာလား"

ရုတ်ချည်းဆိုသလိုပင် မုန့်ချာ၏ဦးခေါင်း နှစ်ခြမ်းကွဲသွားပေ၏။ထိုကွဲအက်သွားသော ခေါင်းနေရာမှနေ၍ မြွေငါးကောင်ဆန့်ထွက်လာသည်။ထိုမြွေခေါင်းများမှမျက်လုံးများသည် အေးစက်စက်တောက်ပနေပြီး လုယွီအား စူးစိုက်၍ကြည့်နေသည်။

မုန့်ချာ၏မြွေမျက်လုံးများသည် နတ်ဘုရားစွမ်းအားများနှင့် ပြည့်နှက်နေပေ၏။ထိုနတ်ဘုရားစွမ်းအားများနှင့်ထိတွေ့မိသော မည်သူမဆို နေရာမှာပင် တောင့်တင်းပြီး ကျောက်ရုပ်ဖြစ်သွားပေမည်။

သို့ရာတွင် ထိုစွမ်းအားသည် လုယွီပေါ်၌ အကျိုးသက်ရောက်မှုမရှိချေ။

"ပြန့်ကျဲသွားစမ်း"

မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီးသည် ရုတ်တရက် သူ၏မျက်လုံးများကိုဖွင့်လိုက်ရာ ပြင်းထန်သောစိတ်ဝိညာဥ်စွမ်းအားများထွက်ပေါ်လာပြီး မုန့်ချာ၏ဦးနှောက်အတွင်းသို့ ကျရောက်သွားသည်။

မုန့်ချာသည် သူ၏အသိစိတ် ဗလာဟင်းလင်းဖြစ်သွားသကဲ့သို့ခံစားလိုက်ရပြီး သူ၏မြွေခေါင်းကိုးခေါင်းလုံး ငိုက်စိုက်ကျသွားပေ၏။

လုယွီ၏အကြည့်တစ်ချက်ဖြင့်ပင် သူ့၏ဆယ်နှစ်ကြာကျင့်ကြံခဲ့မှုများ ဆုံးရှုံးသွားတော့သည်။

"ကျုပ် ခင်ဗျားကို မေးမယ်...လီချမ် ဘယ်ရောက်သွားတာလဲ"

လုယွီက အလေးအနက်ထားသောလေသံဖြင့် မေးမြန်းသည်။

"လီချမ်လား"

မုန့်ချာက အံ့အားတသင့်ရေရွတ်လိုက်သည်။

"ငါ မသိဘူးလေ...မင်း ဒီနေရာကိုလာတာ သူ့အတွက် လက်စားလာချေတာလား...မင်း ငါ့ကို နောက်နေတာလား...မင်းနဲ့သူက ရွှယ်အင်မော်တယ်နှစ်ယောက်ရဲ့ မိတ်ဆွေတွေဆိုကတည်းက ငါ သူကို ဘာမှမလုပ်တော့ဘူး...အခု သူ သေသွားခဲ့တယ်ဆိုတာက ငါနဲ့ဘာမှမဆိုင်ဘူး"

Chapter 1624

လုယွီက ခက်ထန်တင်းမာစွာ ပြောဆိုသည်။

"ခင်ဗျား ကျုပ်ကိုမလိမ်နဲ့...ကြိုးကြာခြံဝင်းကိုအသစ်ရောက်လာတဲ့လူက ကျုပ်ကို ပြောပြထားပြီးပြီ...ခင်ဗျား လီချမ်ကို ခေါ်ထုတ်သွားခဲ့တယ်ဆိုတာကို...ခင်ဗျား သူ့ကို ဘာလုပ်လိုက်တာလဲ"

မုန့်ချာသည် သူ၏မြွေခေါင်းကိုးလုံးကိုပြန်ရုတ်သိမ်းပြီး လူခေါင်းသို့ပြန်လည်ပြောင်းလဲကာ အော်ဟစ်ပြောဆိုလေ၏။

"ငါက သူ့ကို တောင်းပန်ဖို့သွားရှာခဲ့တာ...မင်းတို့ရဲ့နောက်ခံက ဒီလောက်ထိမြင့်မားနေမယ်လို့ ဘယ်သူက တွေးမိမှာလဲ...မင်းတို့က ကောင်းကင်ပျံဝဲနန်းတော်က ကျီစစ် ကျီမို ရွှယ်အင်မော်တယ်နှစ်ယောက်ရဲ့ အသိအမှတ်ပြုမှုကိုတောင်ရထားတယ်...ငါရဲ့အမှားတွေအတွက် လီချမ်ကိုရှာပြီး တောင်းပန်ခဲ့တာလေ"

"ဟုတ်တယ်...မြွေနတ်ဘုရားမလိမ်ဘူး...အဲ့ဒီကိစ္စက အမှန်ပါ"

"အဲ့ဒီအချိန်တုန်းက...မြွေနတ်ဘုရားက အောက်ဘုံကရတဲ့ တစ်နှစ်စာလက်ဆောင်ပဏ္ဏာတွေကိုတောင် လီချမ်ကိုပေးလိုက်တာပါ"

"အမှန်ပဲ...မြွေနတ်ဘုရား အရမ်းနှစ်သက်တဲ့ မြွေရေခွံသံချပ်ကာကိုတောင် လီချမ်ကိုပေးခဲ့တာ...ငါတို့ရဲ့မြွေနတ်ဘုရားက လီချမ်နဲ့ ရင်ကြားစေ့ဖို့ ခေါ်ခဲ့တာပါ....သူ့ကိုနာကျင်အောင်လုပ်ဖို့ ဘာရည်ရွယ်ချက်မှမရှိခဲ့ဘူး"

မုန့်ချာ၏နောက်လိုက် တစ္ဆေအင်မော်တယ်များက အလျင်စလို ဝင်ရောက်ရှင်းပြကြသည်။

လုယွီသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ၏စိတ်နှလုံးသားအတွင်းမှ ဒေါသများကို တည်ငြိမ်အောင် ပြန်လည်ထိန်းသိမ်းလိုက်၏။

သူ့ရှေ့ရှိလူများ လိမ်ညာပြောဆိုနေခြင်းမဟုတ်မှန်း သူ ကောင်းစွာသိရှိသည်။ထို့ကြောင့် လီချမ်သည် တခြားအကြောင်းအရင်းတစ်ခုကြောင့် သေဆုံးသွားခြင်းဖြစ်ပေမည်။

"လီချမ်ရဲ့အလောင်းက အခုဘယ်နေရာမှာလဲ"

လုယွီက မေးမြန်းလိုက်သည်။

မုန့်ချာ၏နံဘေးရှိ တစ္ဆေအင်မော်တယ်တစ်ယောက်က လေသံဖျော့ဖျော့ဖြင့် ပြောဆိုလေ၏။

"သူက သူ့ကိုယ်သူသတ်သေတာလို့ ငါ ကြားထားတယ်...သူက အောက်ဘုံကိုသွားဖို့ လျန့်ကျီးတောင်ကို ရောက်သွားခဲ့တာ...ဒါပေမယ့် လီချမ်က မိုးကြိုးပင်လယ်ကို ဖြတ်ကူးတဲ့အချိန်မှာ လမ်းတစ်ဝက်မှာပဲ သေဆုံးသွားခဲ့တယ်"

"လျန့်ကျီးတောင်လား"

လုယွီသည် ထိုနာမည်အားတီးတိုးရွတ်ဆိုပြီး မုန့်ချာ၏နန်းတော်မှ ထွက်ခွာခဲ့တော့သည်။

လုယွီ၏နောက်ကျောကိုကြည့်ပြီး မုန့်ချာ၏မျက်လုံးအတွင်း၌ တုန်လှုပ်ချောက်ချားမှုများ ထင်ဟပ်လာပေ၏။အစောပိုင်းက လုယွီ သူနှင့်နီးကပ်လာစဥ်တွင် သူ မည်သည့်တုံ့ပြန်မှုမှ မပြုလုပ်နိုင်ချေ။

အကယ်၍ လုယွီသာ သူ့အားသတ်ဖြတ်လိုပါက သူ မည်သို့မျှခုခံတိုက်ခိုက်နိုင်မည်မဟုတ်မှန်း သူ ကောင်းစွာသိရှိထားသည်။

လွန်ခဲ့သောရက်အနည်းတုန်းက ယဲ့ရွှင်းသည် တက်လှမ်းလာခါစ တစ္ဆေအင်မော်တယ်တစ်ယောက်သာဖြစ်သည်။မည်သည်ကြောင့် ယဲ့ရွှင်းသည် ရုတ်တရက်ကြီး အလွန်သန်မာအားကောင်းသွားသနည်း။

မုန့်ချာသည် အလွန်ဒေါသထွက်နေသော်လည်း သူ၏ဒေါသများကို မပြသဝံ့တော့ချေ။အကြောင်းအရင်းမှာ လုယွီ၏မူရင်းဇစ်မြစ်သည် နိမ့်ပါးမည်မဟုတ်မှန်း သူ ခန့်မှန်းမိသောကြောင့်ပင်။

……

လျန့်ကျီးတောင်...

နတ်ဆိုးဖိနှိပ်တောင်ကဲ့သို့ပင် လျန့်ကျီးတောင်ကို ကောင်းကင်ဘုံရေအိုင်နှင့် ပိုင်းခြားထားပြီး အင်မော်တယ်နယ်မြေနှင့် အောက်ဘုံကို ခွဲခြားထားသည်။

အကယ်၍ အောက်ဘုံမှလူများ တက်လှမ်းလိုပါက အင်မော်တယ်တစ်ယောက်ဖြစ်လာရန် မြောက်များစွာသောစမ်းသပ်မှုများနှင့် ကောင်းကင်ဘုံမိုးကြိုးကပ်ဘေးကို ရင်ဆိုင်ရပေမည်။

အောက်ဘုံမှလူများ အင်မော်တယ်နယ်မြေသို့တက်လှမ်းရန်မှာ လွယ်ကူသည့်ကိစ္စမဟုတ်ချေ။

ထို့ပြင် ကောင်းကင်ဘုံတရားရုံးမှလူများ အောက်ဘုံသို့သွားရောက်ရန်မှာလည်း မလွယ်ကူပေ။

မဟာမိုးကောင်းကင်ရွှေအင်မော်တယ်များမှလွဲ၍ အောက်ဘုံသို့သွားရောက်လိုသော မည်သူမဆို အမိန့်တော်ကိုယူဆောင်သွားခြင်းမရှိပါက စည်းမျဥ်းများကိုချိုးဖောက်သည်ဟု ယူဆခံရပြီး အမြစ်ပြတ်သုတ်သင်ခြင်းခံရပေမည်။

လမ်း၌ လုယွီသည် ရင်းနှီးကျွမ်းဝင်ပြီးဖြစ်သောမြင်ကွင်းတစ်ခုကို တွေ့မြင်မိပေ၏။

မြင့်မားသောတိုက်ပွဲစင်မြင့်တစ်ခုပေါ်တွင် အင်မော်တယ်တချို့ ဓားရေးယှဥ်ပြိုင်နေကြပြီး သူတို့၏နံဘေး၌ လက်နက်စင်များရှိနေသည်။

ဧရာမကျောက်တုံးသားရဲရုပ်ထုကြီးများသည် စင်မြင့်၏ဘေးတစ်ဖက်တစ်ချက်၌ တိတ်ဆိတ်ငြိမ်သက်စွာ တည်ရှိနေပေ၏။

ဤသည်က သူတို့ ကောင်းကင်ဘုံလမ်းကြောင်းတွင် လျှောက်လှမ်းခဲ့စဥ်အချိန်က ရောက်ရှိခဲ့သော နေရာဖြစ်သည်။

ယခု သူ ဤနေရာသို့ပြန်လည်ရောက်ရှိခဲ့စဥ်တွင် လွန်ခဲ့သောနှစ်သန်းပေါင်းများစွာကြာမြင့်ခဲ့သော အချိန်ဖြစ်နေသဖြင့် လုယွီသည် ကူကယ်ရာမဲ့စွာ အသိစိတ်လွတ်ကင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။

"တစ္ဆေအင်မော်တယ်...ငါ့ရှေ့ကနေ လမ်းဖယ်ပေးစမ်း"

ထိုအချိန်မှာပင် ကျယ်လောင်သောအော်ငေါက်သံတစ်သံက လုယွီ၏နားအတွင်းသို့ ဝင်ရောက်လာပေ၏။

လုယွီက လှည့်ကြည့်လိုက်ရာ တောက်နေသောရွှေရောင်အလင်းတန်းများကို တွေ့မြင်မိသည်။သူသည် ထိုရွှေရောင်အလင်းတန်းနှင့် အစိမ်းသက်သက်မဟုတ်ချေ။ပြန်တွေးကြည့်လျှင် သက်ရှည်မက်မုံပွဲတော်ကျင်းပရာ စင်မြင့်ပေါ်၌ ကောင်းကင်ရထားလုံး ထွက်ပေါ်လာချိန်တွင် ဤကဲ့သို့ရွှေရောင်အလင်းတန်းများ အတူယှဥ်တွဲပါလာသည်။

ကောင်းကင်ဘုံတရားရုံးအတွင်း၌ ကြီးကျယ်မြင့်မြတ်သောပုဂ္ဂိုလ်များ ထွက်ပေါ်လာသည့် အချိန်ကျမှသာ ဤကဲ့သို့အလင်းရောင်မျိုး ထွက်ပေါ်လေ့ရှိသည်။

လုယွီ ကြောင်အနေသည်ကိုကြည့်ပြီး ရွှေရောင်အလင်းတန်း၏နံဘေးရှိ ကောင်းကင်စစ်ဗိုလ်ချုပ်သည် အလွန်ဒေါသထွက်သွားပြီး သူ့အားမောင်းထုတ်ရန် ကြံရွယ်လိုက်၏။

"နေဦး...သူက ငါတို့ရဲ့မိတ်ဆွေပဲ...သူ့ကို အပေါ်တက်လာခိုင်းလိုက်"

ရွှေရောင်အလင်းတန်းများကြားမှနေ၍ အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာသည်။

ကောင်းကင်စစ်ဗိုလ်ချုပ်သည် သူ၏ဒေါသများကို ပြန်ရုတ်သိမ်းပြီး နံဘေးသို့ကပ်၍ မတ်တတ်ရပ်လိုက်သည်။

ထိုအချိန်မှာပင် ရွှေရောင်အလင်းတန်းများက လုယွီနှင့် နီးကပ်လာသည်။ကောင်းကင်ရထားလုံးတစ်စီး သူ့ရှေ့၌ ထွက်ပေါ်လာသည်ကို လုယွီ မြင်တွေ့လိုက်ရ၏။

"အပေါ်ကိုတက်ခဲ့"

ရထားလုံး၏လိုက်ကာမြောက်တက်သွားပြီးနောက် ကျီစစ် ကျီမို ရွှယ်အင်မော်တယ်နှစ်ယောက်၏မျက်နှာ ထွက်ပေါ်လာသည်။

Chapter 1625

လုယွီသည် ကျီစစ်နှင့်ကျီမိုထိုင်နေသော ရထားလုံးအတွင်းသို့ ဝင်လိုက်၏။

"မင်းရဲ့မိတ်ဆွေသေဆုံးသွားရတဲ့အကြောင်းအရင်းကို ငါတို့ သိထားပြီးပြီ...သူက သူ့သေလမ်းကို သူရှာသွားတာ...မင်း တခြားဘယ်သူ့ကိုမှ အပြစ်တင်မနေနဲ့"

ကျီစစ်က လုယွီအား တဲ့တိုးပြောဆိုသည်။

ကောင်းကင်ရထားလုံးသည် လျန့်ကျီးတောင်၏အစွန်းဖက်တစ်နေရာသို့ ရောက်ရှိလာခဲ့သည်။

ရထားလုံး၏ပြတင်းပေါက်မှတဆင့် လျန့်ကျီးတောင်နံဘေး၌ရှိနေသော မိုးကြိုးပင်လယ်ကြီးကို လုယွီက တွေ့မြင်မိပေ၏။

ထိုမိုးကြိုးပင်လယ်ကြီးတည်ရှိနေမှုကြောင့် အင်မော်တယ်နယ်မြေနှင့် အောက်ဘုံကို ပိုင်းခြားပြီးဖြစ်သည်။

ယခုလက်ရှိ သူတို့ရောက်ရှိနေသောနေရာအား လျန့်ကျီးတောင်၏တားမြစ်နယ်မြေဟု ယူဆနိုင်သည်။သို့ရာတွင် ကျီစစ် ကျီမို ရွှယ်အင်မော်တယ်နှစ်ယောက်သည် ကောင်းကင်ဘုံဧကရာဇ်၏နံဘေး၌ နေထိုင်သူများဖြစ်၍ သူတို့၏အဆင့်အတန်းမှာ သာလွန်ထူးကဲသည်။ထို့ကြောင့် တားမြစ်နယ်မြေအနီးသို့ သူတို့ချဥ်းကပ်လာသည့်တိုင် မည်သူကမျှ သူတို့အား မတားဆီးဝံ့ချေ။

"ဘိုးဘေးက လီချမ်ကိုစောင့်ရှောက်ဖို့ မှာကြားထားတာကြောင့် ငါ အဲ့ဒီကိစ္စကို သေချာစုံစမ်းခဲ့တယ်...အဲ့ဒီအချိန်တုန်းက မုန့်ချာက တောင်းပန်တဲ့အနေနဲ့ သူ့ရဲ့မြွေရေခွံသံချပ်ကာဝတ်စုံ လီချမ်ကိုပေးခဲ့တယ်...လီချမ်က သူ့ရဲ့မိန်းမကိုအရမ်းလွမ်းဆွတ်တမ်းတနေတာ...အဲ့ဒီသံချပ်ကာဝတ်စုံကိုရတာနဲ့ သူက မိုးကြိုးပင်လယ်ကိုကျော်ဖြတ်ပြီး အောက်ဘုံကိုသွားဖို့ အတင်းအကြပ်ကြိုးစားတော့တာပဲ"

ကျီစစ်က သက်ပြင်းတစ်ချက်ရှိုက်ပြီး ဆက်လက်ပြောဆိုသည်။

"သနားဖို့ကောင်းတာတစ်ခုက သူက တစ္ဆေအင်မော်တယ်အဆင့်ပဲရှိတာ...မြွေရေခွံသံချပ်ကာက သူ့ကိုကာကွယ်ပေးထားပေမယ့် သူ့ရဲ့ခွန်အားက လုံလောက်မှုမရှိဘူး...မိုးကြိုးပင်လယ်ရဲ့တစ်ဝက်လောက်အရောက်မှာ သူ့ရဲ့အင်မော်တယ်စွမ်းအင်တွေ ကုန်ခမ်းသွားပြီးတော့ ရှေ့ဆက်မသွားနိုင်တော့ဘူး"

လုယွီ၏စိတ်ဝိညာဥ်စွမ်းအားသည် အဆုံးမရှိသော မိုးကြိုးပင်လယ်ကြီးကိုဖြတ်သန်း၍ နေရာတစ်နေရာသို့ ကျရောက်သွားသည်။

ထိုနေရာတွင် အလောင်းတစ်လောင်းရှိနေပြီး မိုးကြိုးပင်လယ်ကြီး၏အလယ်၌ ထိုင်လျက်အနေအထားဖြင့် သေဆုံးနေပေ၏။

ထိုအလောင်း၏လက်အတွင်း၌ တစ်စုံတစ်ခုကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးကိုကွေးညွှတ်၍ သူ့လက်မောင်းများကိုပိုက်ကာ ထိုအရာကို ကာကွယ်ထားသည်။

"တကယ်တော့....လီချမ်သာ ဆက်ပြီးကျင့်ကြံနေမယ်ဆိုရင် သူက မဟာမိုးကောင်းကင်ရွှေအင်မော်တယ်တစ်ယောက်ဖြစ်ဖို့ အလားအလာရှိတဲ့သူပဲ...သူက ရွှေခရမ်းနဂါးတစ်ကောင်ဖြစ်ပြီးတော့ နောင်တစ်ချိန်မှာ အထက်ကိုးကောင်ကင်ဘုံကို ပျံဝဲနိုင်မယ့်လူလို့ ငါ ဟောကိန်းထုတ်ခဲ့တယ်"

ကျီစစ်က ထပ်မံ၍ သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။

"ဒါပေမယ့် သူက ခရမ်းမြူခိုးတောင်လှိုဏ်ဂူရဲ့အင်မော်တယ်နဲ့ အပေးအယူတစ်ခုလုပ်ခဲ့တယ်...သူရဲ့ကိုယ်ပိုင်ကံကြမ္မာတွေအားလုံးကို အဆောင်လက်ဖွဲ့တစ်ခုနဲ့ လဲလှယ်ခဲ့တယ်"

"ဘာအဆောင်လက်ဖွဲ့လဲ"

"တကယ်လို့ သေမျိုးတစ်ယောက်က တက်လှမ်းချင်တယ်ဆိုရင် သောင်းနဲ့ချီတဲ့ ကပ်ဘေးမိုးကြိုးတွေကို ရင်ဆိုင်ရမယ်...ဒါပေမယ့် တခြားနည်းလမ်းတစ်ခုရှိတယ်...အဲ့ဒါက ဆင့်ခေါ်အဆောင်လက်ဖွဲ့တစ်ခုကိုအသုံးပြုပြီး တိုက်ရိုက်တက်လှမ်းတာပဲ"

ကျီမိုက လေသံဖျော့ဖျော့ဖြင့် ဆက်လက်ပြောဆိုသည်။

"ဒါက ဖြတ်လမ်းနည်းပဲ...ဒါပေမယ့် အဲ့ဒီဆင့်ခေါ်အဆောင်လက်ဖွဲ့ကို မဟာမိုးကောင်းကင်ရွှေအင်မော်တယ်တွေကပဲ ဖန်တီးနိုင်တယ်...လီချမ်က သူရဲ့အနာဂတ်ကံကြမ္မာကောင်းတွေကို သူ့ဇနီးတိုက်ရိုက်တက်လှမ်းနိုင်မယ့် ဆင့်ခေါ်အဆောင်လက်ဖွဲ့နဲ့လဲလှယ်ခဲ့တယ်....အဲ့ဒီနေ့ကနေ့စပြီးတော့ သူက တစ္ဆေအင်မော်တယ်အဆင့်မှာပဲ သူ့ရဲ့ဘဝတလျှောက်လုံး နေထိုင်သွားရတော့မယ်...သူ နောက်ထပ် အဆင့်ချိုးဖျက်နိုင်တော့မှာမဟုတ်ဘူး"

လုယွီက လီချမ်၏အလောင်းကိုကြည့်ပြီး ပြောဆိုလိုက်၏။

"သူက ဆင့်ခေါ်အဆောင်လက်ဖွဲ့နဲ့တောင် လဲလှယ်နိုင်မှတော့ ဘာလို့ မဟာမိုးကောင်းကင်ရွှေအင်မော်တယ်ဆီကနေ အောက်ဘုံကိုသွားနိုင်တဲ့အမိန့်တော်ကို မတောင်းတာလဲ"

ကျီစစ်က ခေါင်းခါပြလေ၏။

"သေမျိုးအမိန့်တော်ကို အလွယ်တကူ မရနိုင်ဘူး...ကောင်းကင်ဘုံနယ်မြေက အင်မော်တယ်တွေက အရမ်းအစွမ်းထက်တယ်...တကယ်လို့ သူတို့က အခွင့်အာဏာမရှိဘဲ အောက်ဘုံကိုဆင်းသွားမယ်ဆိုရင် သေးငယ်တဲ့အမှားအယွင်းတစ်ခုလုပ်မိရင်တောင် လောကကြီးတစ်ခုလုံးကို ဖရိုဖရဲဖြစ်စေနိုင်တယ်...ဒါ့ပြင် မဟာမိုးကောင်းကင်ရွှေအင်မော်တယ်တစ်ယောက်က သေမျိုးအမိန့်တော်ကိုရေးဖို့ အကြောင်းပြချက်လိုအပ်တယ်...မဟုတ်ရင် သူက ကောင်းကင်ဘုံဧကရာဇ်ရဲ့ဆူပူကြိမ်းမောင်းမှုကို ခံရနိုင်တဲ့အပြင် ထုတ်ပယ်ခံရတဲ့ထိတောင်ဖြစ်နိုင်တယ်"

သူက သက်ပြင်းတစ်ချက်ရှိုက်ပြီး ဆက်လက်ပြောဆိုသည်။

"တစ်ရက်မှာ ကောင်းကင်ဘုံရောက်ပြီး တစ်နှစ်ကြာရင် အောက်ဘုံကို ရောက်နိုင်တာပဲလေ...လီချမ်က မစောင့်ဆိုင်းနိုင်ခဲ့ဘူး..သူ့ရဲ့မိန်းမကို အမြန်တက်လှမ်းစေချင်ခဲ့တယ်...ဒါပေမယ့်....."

"ဒါပေမယ့် သူ့ရဲ့မိန်းမကလည်း သူ့အတွက်နဲ့ စောင့်ဆိုင်းနေတုန်းပဲ"

ကျီစစ်သည် အင်မော်တယ်စွမ်းအင်အမျှင်တန်းတစ်ခုကို ပစ်လွှက်လိုက်ရာ လေထုအတွင်း၌ ကြေးမုံမှန်တစ်ခု ထွက်ပေါ်လာသည်။

ထိုကြေးမုံမှန်ပေါ်၌ ခမ်းနားထည်ဝါသောတံခါးကြီးတစ်ခုဆီသို့ ဦးတည်ထားသော ရှည်လျားသောလှေကားတစ်ခုရှိနေပေ၏။

လုယွီက ထိုနေရာသည် ကောင်းကင်ဘုံလှေကားထစ်များဖြစ်ကြောင်း အမှတ်ရလိုက်သည်။

ထို့နောက် ရှည်လျားသောလှေကားထစ်များ၏အဆုံးသတ်ခြေရင်းတွင် အမျိုးသမီးတစ်ယောက်က အဝေးတစ်နေရာသို့ ငေးမောကြည့်နေပေ၏။

သူမသည် ထိုနေရာ၌ထိုင်နေပြီး ရံဖန်ရံခါ ကျင့်ကြံနေကာ ရံဖန်ရံခါ တစ်စုံတစ်ယောက်အား စောင့်ဆိုင်းနေသကဲ့သို့ အဝေးအား လှမ်းမျှော်ကြည့်နေသည်။

"အဲ့ဒီအမျိုးသမီးရဲ့နာမည်က လင်းအီ...လီချမ်ရဲ့ဇနီးပဲ"

"လင်းအီက လီချမ်ရောက်လာမယ့်အချိန်ကို စောင့်ဆိုင်းနေခဲ့တယ်...လီချမ် တက်လှမ်းသွားပြီဆိုတာ သူ မသိခဲ့ဘူး...ဒါကြောင့် သူက အဲ့ဒီနေရာမှာပဲ တစ်ချိန်လုံး စောင့်ဆိုင်းနေခဲ့တယ်...တကယ်လို့ လီချမ်သာ ရောက်မလာဘူးဆိုရင်...သူက ဘယ်တော့မှ တက်လှမ်းတော့မှာမဟုတ်ဘူး"

"ကံဆိုးစွာနဲ့ သူ စောင့်ဆိုင်းနေတဲ့လူက ဘယ်တော့မှပေါ်လာမှာ မဟုတ်တော့ဘူး"

Thank For Reading.

All Chapters