← Chapters

အခနး် (၁၆၂၆-၁၆၃၀)

Vol. 85 Ch. 1626-1630

အခနး် (၁၆၂၆-၁၆၃၀)

Vol. 85 Ch. 1626-1630

Chapter 1626

'ပြန်တွေးကြည့်တော့ သူ ရှာနေခဲ့တဲ့ သူ့ရဲ့ခင်ပွန်းက လီချမ်ဖြစ်နေပါလား'

လုယွီက စိတ်အတွင်းမှညည်းညူရင်း သက်ပြင်းတစ်ချက် ရှိုက်လိုက်မိ၏။သူက လင်းအီဟူသောအမျိုးသမီးသည် ကောင်းကင်ဘုံလှေကားထစ်များအား သူတို့ဖြတ်ကျော်စဥ်က တွေ့ဆုံခဲ့သော ဝတ်စုံဖြူဝတ်အမျိုးသမီးဖြစ်ကြောင်း အမှတ်ရမိသည်။

သူမသည် ကောင်းကင်ဘုံလမ်းကြောင်း၌ နှစ်ပေါင်းမည်မျှကြာမြင့်နေပြီမှန်း မသိနိုင်သော်လည်း ကောင်းကင်ဘုံတရားရုံးပြိုလဲပြီး ရှေးဟောင်းခေတ်အဆုံးသတ်သွားသော်လည်း သူမသည် ခင်ပွန်းဖြစ်သူအား စောင့်ဆိုင်းနေဆဲပင်။

လင်းအီက သူမ၏ခင်ပွန်းသည် ဤလောကအတွင်း၌ မရှိလောက်တော့ဟု တွေးကောင်းတွေးမိနိုင်သည်။သို့ရာတွင် သူမသည် ဤနေရာမှ ထွက်ခွါသွားဝံ့ခြင်းမရှိချေ။အကယ်၍ သူမသာ ခြေတစ်လှမ်းရှေ့တိုးလိုက်ပါက သူမ၏ခင်ပွန်းဖြစ်သူနှင့် နောက်ထပ်ဆုံစည်းရန် အခွင့်အရေးမရတော့မည်ကို သူမ စိုးရိမ်နေမိ၏။

လင်းအီသည် ကောင်းကင်ဘုံလမ်းကြောင်း၌ နှစ်ပေါင်းသန်းနှင့်ချီ၍ စောင့်ဆိုင်းနေခဲ့သည်။သူမသည် တစ္ဆေအင်မော်တယ်တစ်ယောက်ဖြစ်လာပြီးနောက် မဟာမိုးကောင်းကင်ရွှေအင်မော်တယ်တစ်ယောက်ဖြစ်လာရန် အခွင့်အရေးရှိသော်လည်း သူမ၏ခင်ပွန်းကိုသာ ဆက်လက်၍စောင့်ဆိုင်းနေဆဲပင်။

ကျီစစ်က ပြောဆိုသည်။

"မင်း လီချမ်ရဲ့အလောင်းကိုပြန်ယူဖို့ကိုတော့ မစွန့်စားသင့်ဘူး...သူက ဒီလိုမျိုးပြုလုပ်ခဲ့တာကြောင့် စည်းမျဥ်းတွေကို ချိုးဖောက်ခဲ့တဲ့သူဖြစ်သွားပြီ...တကယ်လို့ မင်းကပါ ထပ်လုပ်မယ်ဆိုရင် မဟာမိုးကောင်းကင်ရွှေအင်မော်တယ်တွေက မင်းကို သတ်လိမ့်မယ်"

လုယွီက ခေါင်းညိမ့်ပြပြီး နက်နက်နဲနဲစဥ်းစားတွေးတောနေသည်။ထိုအချိန်မှာပင် အလင်းတန်းတစ်တန်းက ရုတ်တရက် လုယွီ၏နံဘေးမှ ဖြတ်သန်းသွားသည်။

"ဟား ဟား ဟား...သူ သဘောတူလိုက်ပြီ....ငါ ရှိနေမှာတော့ အရာအားလုံးအောင်မြင်ရမှာပဲလေ"

အလွန်မောက်မာသောအသံတစ်သံက လုယွီ၏နောက်မှ ထွက်ပေါ်လာပေ၏။

မည်သူမည်ဝါရောက်ရှိလာသည်မှန်း လှည့်ကြည့်ရန်ပင် မလိုအပ်တော့ချေ။

တာဟေးသည် ကျီစစ် ကျီမို ရွှယ်အင်မော်တယ်နှစ်ယောက်ကိုမြင်သည်နှင့် လက်ဝှေ့ယမ်းပြပြီး ပြောဆိုသည်။

"လုံလောက်ပြီ...မင်းတို့အလုပ်ကိုမင်းတို့ ပြန်သွားလုပ်ကြတော့"

ကျီစစ်နှင့်ကျီမိုသည် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါယမ်းလိုက်ကြသည်။သူတို့နှစ်ယောက်သည် ဘိုးဘေးခွေးနက်ကြီး၏စိတ်နေစိတ်ထားကို ကောင်းစွာသိရှိထားသူများဖြစ်သဖြင့် ချက်ချင်းပင် ဦးညွှတ်၍အရိုအသေပြုကာ ထွက်ခွာခဲ့တော့သည်။

"လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျောက်စာရဲ့စိတ်ဝိညာဥ်က ငါ့ကိုကတိပေးလိုက်ပြီ...ငါတို့ ထွက်သွားနိုင်မယ့်လမ်းကြောင်းတစ်ကြောင်းကို ညွှန်ပြလိုက်တယ်....အဲ့ဒါက ငါ့ကို ကောင်းကင်ဘုံဧကရာဇ် ချိပ်ပိတ်ခဲ့တဲ့နေရာပဲ...ငါတို့ အဲ့ဒီနေရာကိုရောက်တာနဲ့ ဒီပုံရိပ်ယောင်ကမ္ဘာကနေ လွတ်မြောက်နိုင်ပြီ"

တာဟေး၏မျက်နှာထက်၌ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

လုယွီက မျက်မှောင်ကြုတ်ပြီး ပြောဆိုလိုက်၏။

"ဒါဆိုရင် တခြားလူတွေအတွက်ကရော...."

ပိုင်ဆုချင် လုရွှမ်အာ လင်ရှောင်းဂိုဏ်းဝင်များနှင့် အောင်းကွမ်းတို့နဂါးမျိုးနွယ်များသည် ဤပုံရိပ်ယောင်ကမ္ဘာအတွင်း၌ နစ်မြုပ်နေကြသည်။

အကယ်၍ ထိုသူများအား မကယ်တင်နိုင်ပါက သူတို့သည် ပုံရိပ်ယောင်ကမ္ဘာ၏အိမ်မက်အတွင်း ဆက်လက်မျောပါပြီး ရုပ်သေးရုပ်များအဖြစ် ပြောင်းလဲသွားကြပေမည်။

တာဟေးက အံ့တင်းတင်းကြိတ်၍ ပြောဆိုသည်။

"အခုချိန်မှာ ငါ သူတို့ကို ရှာဖွေဖော်ထုတ်လို့မရသေးဘူး...ဒါကြောင့် ငါ နည်းလမ်းတစ်ခုကို အသုံးပြုရလိမ့်မယ်"

"လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာရဲ့စိတ်ဝိညာဥ်က ငါ့ကို နည်းစနစ်တစ်ခု သင်ကြားပေးလိုက်တယ်...အဲ့ဒါက တခြားသူတွေရဲ့ နတ်ဘုရားစိတ်အာရုံကို ဖွင့်ပေးနိုင်တဲ့နည်းစနစ်ပဲ...အဲ့ဒီနည်းစနစ်ကိုသာအသုံးပြုရင် လူတွေအားလုံး သူတို့ရဲ့အစစ်အမှန်အသိစိတ်ကို ပြန်ရသွားလိမ့်မယ်...ဒါပေမယ့် ငါ အဲ့ဒီလိုလုပ်လိုက်မယ်ဆိုရင် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာရဲ့ပုံရိပ်ယောင်ကမ္ဘာထဲမှာ ရှိနေတဲ့သူအားလုံး သူတို့က အိမ်မက်တစ်ခုထဲကိုရောက်နေတယ်ဆိုတာ သိသွားကြလိမ့်မယ်"

"အဲ့ဒီလိုဆိုရင် မျှော်လင့်မထားတဲ့အရာတွေ ဖြစ်ပျက်လာမှာကို ငါ စိုးရိမ်မိတယ်"

တာဟေးပြောဆိုသည့်စကားများမှာ အမှန်အားဖြင့် ကျိုးကြောင်းဆီလျော်ပေ၏။

အကယ်၍ တစ်စုံတစ်ယောက်အား သူသည် အစစ်အမှန်မဟုတ်ဘဲ အိမ်မက်တစ်ခုအတွင်းရောက်ရှိနေသည်ဟု ပြောဆိုလိုက်ပါက ထိုသူ မည်သို့ ဖြစ်ပျက်သွားနိုင်သနည်း။

ထိုသူ ပြိုလဲသွားမည်မှာ သေချာပေ၏။

တာဟေး၏မျက်နှာသည် ရှုံ့တွနေပြီး ချီတုံချတုံဖြစ်နေသောအချိန်အခိုက်အတန့်မှာပင် ရုတ်တရက် ကောင်းကင်ဘုံတရားရုံး၏တစ်ဖက်ခြမ်းမှနေ၍ ကျယ်လောင်သောဆူညံသံကြီး မြည်ဟီးလာသည်။

ထိုအသံသည် အလွန်ကျယ်လောင်ပြီး ကောင်းကင်ဘုံတရားရုံး၏မည်သည့်အစွန်အဖျားနေရာမှမဆို ပီပြင်ပြတ်သားစွာ ကြားနိုင်သည်။

တာဟေးနှင့်လုယွီသည် ထိုနေရာသို့ တပြိုင်နက်တည်းလှည့်ကြည့်လိုက်ကြ၏။နတ်ဆိုးဖိနှိပ်တောင် တည်ရှိနေသောနေရာမှ မီးခိုးလုံးကြီးများ ထွက်ပေါ်လာသည်ကို သူတို့နှစ်ယောက် တွေ့မြင်မိသည်။

ကောင်းကင်ဘုံတရားရုံးအတွင်းရှိ လှိုဏ်ဂူသုံးဆယ့်ခြောက်လုံးနှင့်မြင့်မြတ်နေရာခုနှစ်ဆယ့်နှစ်နေရာတွင် ညအချိန်ဟူ၍ မည်သည့်အချိန်ကမျှ မရှိခဲ့ဖူးချေ။

သို့ရာတွင် ယခုအချိန်အခိုက်အတန့်၌ နတ်ဆိုးဖိနှိပ်တောင်၏တစ်ဖက်ခြမ်းမှနေ၍ အလွန်ကြီးမားသော အမှောင်ထုကြီး မျောလွင့်လာပြီး ကောင်းကင်ဘုံတရားရုံးထံသို့ ဦးတည်၍ရွေ့လျားလာပေ၏။

"ဝင်ရိုးစွန်းအမှောင်ည...ဝင်ရိုးစွန်းအမှောင်ညပါလား...ဒါက နောက်ထပ်တစ်လလောက်အကြာမှ ဖြစ်ရမှာလေ...ဘာလို့ အခုချိန် ဖြစ်လာရတာလဲ"

တာဟေးသည် မယုံကြည်နိုင်ဟန်ဖြင့် အံ့အားသင့်တုန်လှုပ်စွာ ရေရွတ်နေလေသည်။

ထိုအချိန်မှာပင် ကောင်းကင်ဘုံတရားရုံးအတွင်းရှိ လှိုဏ်ဂူများနှင့်မြင့်မြတ်နယ်မြေများအားလုံးထံမှနေ၍ အလင်းတန်းများ ဖြာထွက်လာသည်။

မရေမတွက်နိုင်သောအင်မော်တယ်များသည် နတ်ဆိုးဖိနှိပ်တောင်၏ခံစစ်နေရာဆီသို့ ဦးတည်၍ပျံဝဲသွားကြသည်။

နောက်ဆုံး၌ နတ်ဆိုးများ၏ကျူးကျော်တိုက်ခိုက်မှုကြီး စတင်လာလေပြီ။

မိုးကောင်ကင်ယံအတွင်း၌ အလွန်ကြီးမားသော ဝေဝါးဝါးပုံရိပ်ကိုးခု ထွက်ပေါ်လာပြီး အောက်ရှိ အင်မော်တယ်များကို စူးစိုက်၍ကြည့်နေသည်။

Chapter 1627

ကောင်းကင်ဘုံတရားရုံး၏အထက် မိုးကောင်းကင်သည် မှောင်မည်းနေပေ၏။

ကောင်းကင်ဘုံတရားရုံးစတင်တည်ထောင်စဥ်က မြောက်မြားစွာသော အခက်အခဲများစွာကြုံတွေ့ခဲ့ရသော်လည်း ဤှကဲ့သို့ အကျပ်အတည်းမျိုးနှင့် ကြုံတွေ့ဖူးခြင်းမရှိချေ။

တာဟေးက အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။

"မကောင်းတော့ဘူး....ဒီအနေအထားအရဆိုရင် နတ်ဆိုးဖိနှိပ်တောင်က ကြာကြာတောင့်ခံနိုင်မှာမဟုတ်ဘူး"

လုယွီကို စောင်းငဲ့ကြည့်ပြီး တာဟေးက အလေးအနက်ထားသောအသံဖြင့် ဆက်လက်ပြောဆိုလေ၏။

"နည်းလမ်းတစ်ခုပဲရှိတော့တယ်...အဲ့ဒါက ကောင်းကင်ပျံဝဲနန်းတော်ကိုသွားဖို့ပဲ...အဲ့ဒီနေရာမှာ ကောင်းကင်ဘုံဧကရာဇ်က ငါ့ကိုချိပ်ပိတ်ထားခဲ့တာ...ငါက ရှေးဟောင်းကောင်းကင်ဘုံတရားရုံးတစ်ခုလုံး ဖရိုဖရဲဖြစ်နေတဲ့အချိန်မှာတောင် အသက်ရှင်လွတ်မြောက်နိုင်ခဲ့တယ်...ဒါက ကောင်းကင်ပျံဝဲနန်းတော်ဟာ အလုံခြုံဆုံးနေရာဆိုတာ သက်သေပြနေတာပဲ"

လုယွီက မေးမြန်းသည်။

"အဲ့ဒါဆိုရင်...တခြားလူတွေအတွက်ကရော ဘယ်လိုလုပ်ကြမလဲ"

"ငါက လျှို့ဝှက်နည်းစနစ်ကို အသုံးပြုဖို့ပဲကျန်တော့တယ်....ကံဆိုးချင်တော့ အဲ့ဒီနည်းစနစ်ကို နောက်ဆုံးမလွှဲမရှောင်သာဖြစ်တဲ့ အချိန်မျိုးကျမှပဲ ငါ အသုံးပြုနိုင်မယ်...မဟုတ်ရင် ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ငါလည်း မသိဘူး"

သူတို့နှစ်ယောက်သည် လင်ရှောင်းနန်းတော်သို့ ထွက်ခွာလာခဲ့တော့၏။

ထိုနေရာသည် ကောင်းကင်ဘုံဧကရာဇ်နေထိုင်ရာနေရာဖြစ်၍ ကောင်းကင်ဘုံးတရားရုံးတစ်ခုလုံးတွင် ခမ်းနားထည်ဝါမှုအရှိဆုံးနေရာဖြစ်သည်။

သာမာန်နေ့ရက်များတွင် ဤနေရာ၌ အစောင့်အကြပ်များ ထူထပ်များပြားပေ၏။

သို့ရာတွင် ယခုလက်ရှိချိန်၌ ကောင်းကင်ဘုံတရားရုံးတစ်ခုလုံးသည် အကျယ်အတည်းအခြေအနေသို့ ရောက်ရှိနေပေရာ ဤနေရာအားစောင့်ကြပ်သော ကောင်းကင်စစ်ဗိုလ်ချုပ်များသည် နတ်ဆိုးဖိနှိပ်တောင်သို့သွား၍ ကူညီအားဖြည့်ပေးနေရသည်။

ကောင်းကင်ဘုံတရားရုံးတစ်ခုလုံးသည် ယခင်ကဲ့သို့ သာယာပျော်ရွှင်ဖွယ်ကောင်းသော အင်မော်တယ်နယ်မြေမဟုတ်တော့ဘဲ နေရာအနှံ့ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်နေပေ၏။

"မြန်မြန်...အထဲကိုဝင်ကြစို့"

တာဟေးသည် သော့တစ်ချောင်းကိုထုတ်ယူပြီး ကောင်းကင်ပျံဝဲနန်းတော်၏တံခါးအားဖွင့်လိုက်သည်။

ကျွီ...

ခပ်အုပ်အုပ်အသံတစ်သံနှင့်အတူ ကောင်းကင်ပျံဝဲနန်းတော်၏တံခါးကြီး ဖြည်းဖြည်းချင်း ပွင့်သွားတော့သည်။

နန်းတော်၏အတွင်းဘက်၌ မှောင်မည်းနေပြီး ပြတင်းပေါက်များအားလုံးကိုပိတ်ထားပေ၏။

တာဟေးက စိတ်လှုပ်ရှားသောအသံဖြင့် ပြောဆိုသည်။

"မင်း အရင်ဝင်သွားလိုက်...ငါ တခြားသူတွေကို သွားခေါ်လိုက်အုံးမယ်"

တာဟေးသည် အလွန်စိတ်လှုပ်ရှားနေသော်လည်း လုယွီကိုကြည့်ရသည်မှာ စိတ်လှုပ်ရှားပုံမရချေ။

အကြောင်းအရင်းမှာ လုယွီက တစ်စုံတစ်ခုမှားယွင်းနေသည်ဟု ခံစားရသောကြောင့်ပင်။

လုယွီ အတွင်းသို့ မဝင်ရောက်သေးသည်ကိုကြည့်ပြီး ဒေါသတကြီး ပြောဆိုလေ၏။

"မင်း ဘာတွေကို စောင့်နေတာလဲ"

လုယွီသည် နန်းတော်တံခါးကို လက်ဖြင့်ဆုပ်ကိုင်ပြီး အရိပ်အယောင်မပေါ်စေဘဲ သူ့စိတ်ဝိညာဥ်၏စွမ်းအားကို အသုံးပြုလိုက်သည်။တစ်ချိန်တည်းမှာပင် သူက တာဟေး၏မျက်နှာအမူအယာကိုလည်း စောင်းငဲ့၍ကြည့်လေ၏။

ဤအချိန်တွင် တာဟေး၏အမူအယာသည် ယခင်ကဲ့သို့ ပြောင်ချော်ချော်အမူအယာမျိုး မဟုတ်တော့ချေ။ဆန့်ကျင်ဘက်အနေဖြင့် တာဟေးသည် ရက်စက်ကြမ်းကြုတ်သည့် အမူအယာမျိုးရှိနေသည်။

တာဟေး၏မျက်လုံးများသည် နီမြန်းနေပြီး ငရဲမှတွားသွားတက်လာသော နတ်ဆိုးတစ်ကောင်နှင့် တူညီနေပေ၏။

ဘုန်း...

လုယွီသည် ရုတ်တရက် နောက်သို့ပြန်လှည့်ပြီး ထိုက်ယွမ်လက်ဝါးကိုအသုံးပြုကာ တာဟေးအား နောက်သို့လွင့်ထွက်သွားစေသည်။

"မင်း ဘယ်သူလဲ"

လုယွီသည် တည်ငြိမ်သောအသံဖြင့် မေးမြန်းလိုက်သော်လည်း သူ၏စိတ်နှလုံးသားအတွင်းတွင် မုန်တိုင်းထန်နေသည်။

ဤနေရာသို့ တာဟေးနှင့်သူ ရောက်ရှိလာရသည့် အကြောင်းအရင်းအား မည်သူတစ်ဦးတစ်ယောက်ကိုမျှ ပြောဆိုခဲ့ခြင်းမရှိချေ။မည်သည့်ကြောင့် တစ်စုံတစ်ယောက်သည် တာဟေး၏ပုံစံမျိုး အယောင်ဆောင်၍ ရောက်ရှိလာသနည်း။

ထို့ပြင် တစ်ဖက်လူသည် တာဟေး၏လျှို့ဝှက်ချက်တချို့ကိုပင် သိရှိထားသည်။

"အင်း...မင်းက သတိအရမ်းကောင်းနေမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

တာဟေး၏အသံသည် အဘိုးအိုတစ်ယောက်အလား အလွန်အက်ရှရှဖြစ်နေသည်။

သူက ခနဲ့တဲ့တဲ့အပြုံးမျိုးပြုံးပြီး ဆက်လက်ပြောဆိုလေ၏။

"မင်းက ငါ့စိတ်ဝိညာဥ်ရဲ့အမျှင်တန်းတစ်ခုကို ဝါးမျိုခဲ့တာလေ...ဘာလို့ မင်း ငါ့ကို မမှတ်မိတာလဲ...ငါက နဝမမြောက်ကလေးငယ် နတ်ဆိုးဘိုးဘေးပဲ"

အမ်...

လုယွီသည် သူ၏ဦးနှောက် ဗလောင်ဆူသွားသကဲ့သို့ ခံစားလိုက်ရ၏။

တစ်ဖက်လူသည် မဟာနတ်ဆိုးဘိုးဘေးဖြစ်သော်လည်း မည်သူမျှမသိအောင် ကောင်းကင်ဘုံတရားရုံးအတွင်းသို့ ခိုးဝင်လာနိုင်ခဲ့သည်။

ဤနည်းလမ်းသည် အလွန်အမင်း တုန်လှုပ်ချောက်ချားဖွယ်ကောင်းလှ၏။

"ဒီထဲကို မင်းတို့အပြင်လူတွေ ဘယ်လောက်များများ ဝင်လာတာလဲ...ဒါပေမယ့် မင်း မပြောလည်းရတယ်...ငါ ရှာဖွေဖော်ထုတ်နိုင်တယ်...အချိန်ကျလာရင် ငါက တစ်ယောက်ယောက်ရဲ့ခန္ဓာကိုယ်ကို အပိုင်စီးပြီးတာနဲ့ ဒီနေရာကနေ အသက်ရှင်ရက် ထွက်သွားနိုင်မှာပဲ"

နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေးသည် ခနဲ့တဲ့တဲ့အပြုံးနှင့်အတူ လုယွီထံသို့ တဟုန်ထိုးပြေးဝင်လာသည်။

သို့သော် သူ လုယွီနှင့် နီးကပ်လာသောအချိန်တွင် ခရမ်းရောင်နှင့်အစိမ်းရောင်ဓားနှစ်လက်က သူ၏ရှေ့သို့ ကျဆင်းလာပေ၏။

ဘုန်း...ဘုန်း...

ကြီးကျယ်ခမ်းနားသောဓားချီလှိုင်းသည် မိုင်ပေါင်းများစွာအကွာအဝေးထိ ပျံ့နှံ့သွားပြီး နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေးအား ပိတ်ပင်ဟန့်တားထားလေသည်။

"အတင့်ရဲလိုက်တဲ့နတ်ဆိုး...မင်းက ကောင်းကင်ဘုံတရားရုံးထဲကို မဆင်မခြင် ခိုးဝင်လာဝံ့တယ်ပေါ့လေ"

ဒေါသတကြီးအော်ငေါက်သံနှစ်သံ မြည်ဟီးလာသည်။ထို့နောက် ကျီစစ်နှင့်ကျီမို ရွှယ်အင်မော်တယ်နှစ်ယောက်က လုယွီ၏ရှေ့၌ ထွက်ပေါ်လာပေ၏။

Chapter 1628

"ဓားအင်မော်တယ်တွေလား"

နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေးက အံ့အားတသင့် ရေရွတ်လိုက်၏။

ကောင်းကင်ဘုံတရားရုံးအတွင်းရှိ အင်မော်တယ်များသည် ကွဲပြားခြားနားသော အင်မော်တယ်နည်းစနစ်များကို ကျင့်ကြံကြသော်လည်း ဓားအင်မော်တယ်များသည် အစွမ်းထက်ဆုံးအင်အားစုဖြစ်သည်။

ထို့ပြင် ကျီစစ်နှင့်ကျီမို ရွှယ်အင်မော်တယ်နှစ်ယောက်သည် ကောင်းကင်ဘုံဧကရာဇ်၏အနီး၌ နေထိုင်ရသူများဖြစ်၍ သူတို့၏တိုက်ခိုက်မှုစွမ်းရည်သည် သာမာန်ထက်သာလွန်ထူးကဲပေ၏။

"မင်းတို့က သူ့ကို ကာကွယ်ပေးချင်တာလား...ဟား ဟား ဟား...မင်းတို့က ပုံရိပ်ယောင်ကမ္ဘာကနေ ဖန်တီးထားတဲ့လူတွေသက်သက်ပဲ...မင်းတို့ကိုယ်မင်းတို့တောင် ထွင်းဖောက်မမြင်နိုင်ဘဲနဲ့ သူ့ကို ကယ်တင်ချင်သေးတာလား"

နဝမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေးက ခနဲ့တဲ့တဲ့အပြုံးနှင့် ပြောဆိုသည်။

"ငါတို့က တကယ့်ကို ပုံရိပ်ယောင်ကမ္ဘာကနေ ဖန်တီးထားတယ်ဆိုရင်တောင် မင်းကို ဒီနေရာကနေ အသက်ရှင်ရက်ထွက်သွားခွင့် မပြုနိုင်ဘူး"

ကျီစစ်က တည်ငြိမ်စွာ ပြောဆိုသည်။

"ကောင်းကင်ဘုံဧကရာဇ်က နတ်ဆိုးတွေနဲ့အင်မော်တယ်တွေရဲ့ စိတ်ဝိညာဥ်တွေကို လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာထဲမှာ ချိပ်ပိတ်ထားခဲ့တယ်...မင်းတို့နတ်ဆိုးတွေ ဒီနေရာကနေ ခြေလှမ်းတစ်ဝက်တောင်ထွက်သွားဖို့ မစဥ်းစားနဲ့"

နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေးက ဒေါသတကြီး အော်ဟစ်လိုက်၏။

"ရွှယ်အင်မော်တယ်အဆင့်နှစ်ယောက်ကများ...ငါ့ကို ဟန့်တားဝံ့တယ်ပေါ့လေ...မင်းတို့က သေချင်နေတာပါလား"

ပတ်ဝန်းကျင်၌ နတ်ဆိုးအော်ရာများ မြင့်တက်လာသည်။ကြောက်မက်ဖွယ်နတ်ဆိုးအော်ရာများသည် အဘက်ဘက်သို့ ပျံ့နှံ့သွားပြီး ဓားချီလှိုင်းနှစ်လှိုင်းကို ချေဖျက်လိုက်၏။

"ဒီနေရာပတ်ဝန်းကျင်မှာ နတ်ဆိုးအော်ရာတွေ အရမ်းများတယ်...ငါ မင်းကို ဓားချီတစ်လှိုင်း ပေးလိုက်မယ်...အဲ့ဒါက မင်းကို ဒီနေရာကနေအဝေးကို ခေါ်ဆောင်သွားလိမ့်မယ်"

ကျီမိုက အင်္ကျီလက်စကိုဝှေ့ယမ်းလိုက်ရာ ထူထပ်သိပ်သည်းသောဓားချီတစ်လှိုင်းထွက်ပေါ်လာပြီး လုယွီ၏ရှေ့ရှိ အမှောင်ထုကြီးကို ထွင်းဖောက်သွားသည်။

"သွားတော့"

ကျီမိုက လုယွီ၏ပခုံးကို ညင်သာစွာတွန်းလိုက်၏။လုယွီသည် သူ၏ခန္ဓာကိုယ်ပေါ်သို့ ကြီးမားသောအားလှိုင်းတစ်ရပ် ကျရောက်လာသည်ကိုခံစားမိပြီး သူ့အား ဓားပျံပေါ်သို့တွန်းပို့ကာ အဝေးသို့ ပျံဝဲသွားစေသည်။

သူသည် 'ကောင်းကင်ပျံဝဲနန်းတော်'နေရာမှ ထွက်ခွာခဲ့ပြီးနောက် ပတ်ဝန်းကျင်ရှိ အင်မော်တယ်အရှိန်အဝါများသည် နတ်ဆိုးအရှိန်အဝါများအဖြစ်သို့ ပြောင်းလဲစပြုနေပြီဖြစ်ကြောင်းကို သတိပြုမိသွားပေ၏။

နေရာအနှံ့ စူးရှနာကျင်စွာအော်ဟစ်နေပြီး တိုက်ခိုက်နေသံများကို အဆက်မပြတ်ကြားနေရသည်။

နတ်ဆိုးများ ကျုးကျော်ဝင်ရောက်လာခြင်းသည် အလွန်လျှင်မြန်ပေ၏။

နတ်ဆိုးဖိနှိပ်တောင်ရှိစွမ်းအားများ ဆုံးရှုံးသွားပုံရပြီး ကောင်းကင်ဘုံတရားရုံးတစ်ခုလုံး ပြိုလဲလုဆဲဆဲဖြစ်နေလေပြီ။

နတ်ဆိုးများသည် လုယွီထွက်ပေါ်လာသည်ကို သတိပြုမိသွားသဖြင့် သူ့ထံသို့ တဟုန်ထိုးပြေးဝင်တိုက်ခိုက်ကြသည်။

သို့ရာတွင် ကျီမို၏ဓားချီသည် နေကိုထွင်းဖောက်သွားသော သက်တန့်တစ်ခုအလား ပတ်ဝန်းကျင်ရှိနတ်ဆိုးများသည် လုယွီ၏အနီးသို့ ချဥ်းကပ်နိုင်ခြင်းမရှိချေ။

ဓားချီနားသို့ချဥ်းကပ်လာဝံ့သော နတ်ဆိုးတချို့သည်လည်း အစွမ်းထက်ဓားချီလှိုင်း၏သက်ရောက်မှုကြောင့် အခိုးအငွေ့များအဖြစ်ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။

လုယွီသည် အလွန်လျှင်မြန်သောအရှိန်ဖြင့် ဓားပျံအားစီးနင်းလာပြီး နောက်ဆုံး၌ အစစ်အမှန်ကောင်းကင်ပျံဝဲနန်းတော်သို့ ရောက်ရှိလာပေ၏။

ဤအချိန်တွင် ကောင်းကင်ဘုံတရားရုံးအတွင်းရှိ နေရာအနှံ့အပြားတွင် အမှောင်ထုကြီးဖုံးလွှမ်းနေသည်။ယခင်က အင်မော်တယ်များနှင့်ပြည့်နှက်နေသော လှိုဏ်ဂူများသည် ယခုလက်ရှိချိန်၌ တိတ်ဆိတ်ငြိမ်သက်မှု လွှမ်းခြုံနေပေ၏။နန်းတော်တချို့၌သာလျှင် အင်မော်တယ်တချို့ ကျန်ရှိတော့သည်။

လုယွီသည် ကောင်းကင်ပျံဝဲနန်းတော်၏တံခါးမကြီးထံကြည့်လိုက်ရာ တာဟေးသည် သူ့အား စောင့်ဆိုင်းနေသည်ကို တွေ့မြင်မိပေ၏။တာဟေး၏နောက်၌ သူ မသိကျွမ်းသောလူတချို့ ရှိနေသည်။

"ငါက လူတိုင်းရဲ့မှတ်ဥာဏ်တွေကိုနိုးထစေဖို့အတွက် လျှို့ဝှက်နည်းစနစ်ကို အသုံးပြုခဲ့ရတယ်"

တာဟေးက စိုးရိမ်ပူပန်နေသောမျက်နှာအမူအယာနှင့် ဆက်လက်ပြောဆိုသည်။

"သောက်ချေးပဲ...ဒီလျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျောက်စာက နတ်ဆိုးတွေကိုချိပ်ပိတ်ဖို့ ကောင်းကင်ဘုံဧကရာဇ်ကအထူးအသုံးပြုခဲ့တဲ့အရာပဲ...ငါက ကြီးမားတဲ့အရှုပ်အထွေးကြီးကို ဖြစ်စေမိပြီ"

လုယွီသည် သူ့ရှေ့ရှိခွေးနက်ကြီးကို စေ့စေ့စပ်စပ်ကြည့်ပြီး အစစ်အမှန်တာဟေးဖြစ်သည်ကို နောက်ဆုံး၌ အတည်ပြုလိုက်နိုင်သည်။

ဤအချိန်တွင် ကောင်းကင်ပျံဝဲနန်းတော်၏ပြင်ပ၌ အမှောင်ထုကြီးက အပြည့်အဝလွှမ်းခြုံနေလေပြီ။

နောက်ဆုံး၌ အင်မော်တယ်အလင်းရောင် အနည်းငယ်တောက်ပနေသော နန်းတော်တချို့မှအလင်းရောင်များ ငြိမ်းသေသွားပြီး ကောင်းကင်ပျံဝဲနန်းတော်တစ်ခုတည်းသာ အလင်းရောင်များတောက်ပ၍ ကြွင်းကျန်နေသည်။

"ဒီနေရာမှာ လုံခြုံစိတ်ချရတဲ့ တစ်ခုတည်းသောနေရာက ငါ နေထိုင်ခဲ့တဲ့ခေါင်းတလားပဲ...အဲ့ဒီထဲကိုဝင်လိုက်တာနဲ့ ငါတို့က ဝင်ရိုးစွန်းအမှောင်ညကိုရှောင်ရှားနိုင်ပြီးတော့ ပြင်ပလောကကို ပြန်ရောက်နိုင်လိမ့်မယ်"

"ဒါပေမယ့် ငါတို့ထဲမှာ နတ်ဆိုးတွေရောနှောပါမလာစေဖို့အတွက် ငါ စစ်ဆေးကြည့်ဖို့လိုအပ်တယ်"

တာဟေး၏နောက်ရှိလူများအနက်မှ တစ်ယောက်က စိတ်မရှည်သောအသံဖြင့် ပြောဆိုသည်။

"ဘာမှစစ်ဆေးမနေနဲ့တော့...အထဲကိုဝင်ကြစို့...နတ်ဆိုးတွေ ရောက်လာတော့မယ်"

ထိုစကားအားပြောဆိုလိုက်သူသည် အသက်အရွယ်အိုမင်းခြင်းမရှိသေးသော လူငယ်တစ်ယောက်ဖြစ်ပေ၏။

တာဟေးက အခိုင်အမာဆုံးဖြတ်ချက်ချထားသောလေသံဖြင့် ပြောဆိုသည်။

"မရဘူး...ငါတို့အားလုံး ဒီနေရာမှာပဲနေရင် နေရပါစေ ...ဘယ်နတ်ဆိုးကိုမှ ငါ အပြင်ထွက်ခွင့် မပေးနိုင်ဘူး"

Chapter 1629

တာဟေးသည် များသောအားဖြင့် ပြောင်ချော်ချော်နေလေ့ရှိသူဖြစ်သော်လည်း ယခုလက်ရှိချိန်တွင်မူ သာမာန်ထက်ထူးကဲ၍ တည်ကြည်လေးနက်နေသည်။

သူက အေးစက်တင်းမာသောအကြည့်ဖြင့် လူအားလုံးကို ဝေ့ကြည့်လိုက်သည်။

"ဒီနေရာမှာရှိတဲ့နတ်ဆိုးတွေက အတိတ်တုန်းက ကောင်းကင်ဘုံတရားရုံးကိုတောင် ဖျက်ဆီးခဲ့တဲ့ တည်ရှိမှုကြီးတွေပဲ...တကယ်လို့ သူတို့သာ အသက်ရှင်ရက် လွတ်မြောက်သွားမယ်ဆိုရင် လောကကြီးတစ်ခုလုံးပျက်စီးသွားလိမ့်မယ်...တကယ်လို့ မင်းတို့က အပြစ်သားတစ်ယောက်မဖြစ်ချင်ဘူးဆိုရင် ရိုးရိုးသားသားအစစ်ဆေးခံကြပါ"

ယခုလက်ရှိချိန်၌ တာဟေး၏အရှိန်အဝါသည် အလွန်အမင်း ပြင်းထန်နေပြီး လူများအားလုံးကို လွှမ်းမိုးချုုပ်ကိုင်နိုင်စွမ်းရှိနေသည်။

ဒုန်း...ဒုန်း...ဒုန်း

ကောင်းကင်ပျံဝဲနန်းတော်၏တံခါးမကြီးအား ထုရိုက်နေသောအသံများ အဆက်မပြတ်မြည်ဟီးလာပေ၏။

နန်းတော်ပြင်ပ၌ အမှောင်ထုကြီးက ကြီးစိုးနေသည်။လူသားပုံစံဟုတ်သည့် ထူးဆန်းသောကြောက်မက်ဖွယ်ပုံရိပ်ကြီးများအား ပြတင်းပေါက်များမှတဆင့် မြင်တွေ့ရပေ၏။

"မြန်မြန်...မင်း ငါတို့ကို ဘယ်လိုစစ်ဆေးမှာလဲ...အရင်ဆုံး ငါတို့ ထွက်သွားကြရအောင်"

အဖိုးအိုတစ်ယောက်က ရုတ်တရက် ပြောဆိုသည်။

သူသည် ထန်နိုင်ငံတော်၏ဧကရာဇ်လီကျီးဖြစ်ပေ၏။

တာဟေးက သူ၏ပါးစပ်အတွင်းမှနေ၍ အမိန့်စာလွှာတစ်ခုကို ထွေးထုတ်လိုက်သည်။ထို့နောက် သူ၏လက်သည်းများကိုဆန့်ထုတ်ပြီး အမိန့်စာလွှာကို ဖြည်ချလိုက်၏။ထိုအရာမှနေ၍ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာပြီး ဆွဲငင်အားလှိုင်းတစ်ခုထွက်ပေါ်လာကာ နန်းတော်၏အနက်ရှိုင်းဆုံးနေရာထံသို့ ဦးတည်၍ပျံဝဲသွားသည်။

ဤအချိန်အခိုက်အတန့်တွင် ကောင်းကင်ပျံဝဲနန်းတော်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါလာပေ၏။ထိုအရာသည် လူဘီလူးကြီးတစ်ကောင်သည် ပြင်ပမှနေ၍ ကောင်းကင်ပျံဝဲနန်းတော်အား ပြင်းပြင်းထန်ထန်ထုရိုက်နေသည့်အလားပင်။

"ခင်ဗျား ဘာလုပ်နေတာလဲ...မြန်မြန်သွားကြရအောင်"

ပထမဆုံးစကားပြောဆိုလိုက်သောလူငယ်သည် အလွန်စိတ်လှုပ်ရှားနေသောအသံဖြင့် စကားပြောဆိုလိုက်၏။

တာဟေးက ထိုလူငယ်ကို အေးစက်တင်းမာသောအကြည့်ဖြင့်ကြည့်ပြီး အော်ငေါက်လိုက်သည်။

"ထွက်လာခဲ့စမ်း"

ဝှစ်...

ရွှေရောင်ဓားရှည်တစ်ချောင်းသည် လေထုအတွင်းမှဆွဲထုတ်ခံလိုက်ရသည့်အလား တာဟေး၏ရှေ့သို့ တမဟုတ်ချင်း ရောက်ရှိလာပေ၏။

"ဒါက တစ်ချိန်တုန်းက ကောင်းကင်ဘုံဧကရာဇ်အသုံးပြုခဲ့တဲ့ ထိုက်အန်းဓားမဟုတ်လား...အဲ့ဒီဓားမှာ ကိုယ်ပိုင်အသိစိတ်ရှိတယ်...တကယ်လို့ ဒီလူတွေကြားထဲမှာ နတ်ဆိုးတွေပုန်းအောင်းနေမယ်ဆိုရင်...အဲ့ဒီဓားကနေ ဓားချီတွေထွက်လာပြီး သူတို့ကို သတ်ပစ်လိမ့်မယ်"

အဖိုးအိုသည် ထိပ်ဆုံးမှဦးဆောင်၍ စမ်းသပ်လိုက်ရာ မည်သည့်မတော်တဆကိစ္စမျှ ဖြစ်ပွါးခြင်းမရှိချေ။

"ဘယ်လောက်တောင် ထက်ရှတဲ့ဓားသွားလဲ...ကောင်းကင်ဘုံဧကရာဇ်ကိုင်ဆောင်ခဲ့တဲ့ဓားကို စူးစမ်းလေ့လာခွင့်ရမယ်လို့ ငါ ဘယ်တုန်းကမှ ထင်မထားမိဘူး"

အဖိုးအိုက သက်ပြင်းတစ်ချက်ရှိုက်ပြီး ပြောဆိုသည်။

လုယွီကလည်း ရှေ့ထွက်၍ အစစ်ဆေးခံလိုက်၏။

ထိုက်အန်းဓားမှနေ၍ ခြစ်ခြစ်တောက်ပူပြင်းလောင်ကျွမ်းနေသော အရှိန်အဝါများထွက်ပေါ်လာပြီး လုယွီ၏မျက်နှာအား ရိုက်ခတ်မိသည်။မည်သည့်အကြောင်းအရင်းကြောင့်ဟု မသိရသော်လည်း လုယွီသည် ထိုဓားအား အလွန်ရင်းနှီးကျွမ်းဝင်နေသကဲ့သို့ခံစားချက်မျိုး ရရှိနေသည်။

မကြာမီမှာပင် လူများသည် ထိုက်အန်းဓား၏စစ်ဆေးမှုကို တစ်ယောက်ပြီးတစ်ယောက် ခံယူကြပြီး အစောပိုင်းက စကားပြောဆိုနေသော လူငယ်တစ်ယောက်သာ ကျန်ရှိတော့သည်။

လူငယ်ကိုကြည့်ရသည်မှာ အနည်းငယ်တွန့်ဆုတ်နေပုံရပြီး သံသယဝင်နေသောလေသံမျိုးဖြင့် မေးမြန်းလေ၏။

"ဒီဓားက တကယ်အသုံးဝင်လို့လား"

"မြန်မြန်လုပ်...သူရဲဘောကြောင်မနေစမ်းနဲ့"

တာဟေးက စိတ်မရှည်ဟန်ဖြင့် အော်ငေါက်လိုက်၏။

"မဟုတ်ဘူး...ငါ မင်းတို့နဲ့ပြန်လိုက်လို့မရဘူး"

ရုတ်တရက် လူငယ်က ကောက်ကျစ်ယုတ်မာသောအပြုံးမျိူးပြုံးလိုက်သည်။

"အဲ့ဒီအချိန်တုန်းက ငါ လုယွီကို အလစ်တိုက်ခိုက်ခဲ့တယ်...တကယ်လို့ ငါ ပြန်သွားနိုင်ရင်တောင် သူက ငါ့ကို အလွတ်ပေးမှာမဟုတ်ဘူး...ဟား ဟား ဟား...မင်းတို့အားလုံးလည်း အတူတူသေသင့်တယ်"

လူငယ်၏မျက်လုံးအတွင်း၌ အနီရောင်အလင်းတန်းများ ဖြတ်ပြေးသွားသည်။သူသည် နှင်းဘုရင်ဖြစ်ပေ၏။

ထိုအချိန်တုန်းက သူသည် လုယွီအား တိုက်ခိုက်ခဲ့သဖြင့် လူအားလုံးသည် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏ လွှမ်းမိုးခြင်းအား ခံခဲ့ရသည်။

နှင်းဘုရင်က သူသည် တာဟေးနှင့်လုယွီအား ရန်စမိပြီဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်းနားလည်သဘောပေါက်ထားသည်။အကယ်၍ သူ ပြင်ပသို့ထွက်နိုင်လျှင်ပင် သူ အသတ်ခံရနိုင်သည်။

သူ့အား သတ်ဖြတ်ကြမည်ကို စောင့်ဆိုင်းနေသည်ထက် နတ်ဆိုးများအား ရင်ဆိုင်သည်က သူ့အတွက် ပို၍ကောင်းမွန်ပေမည်။ဤသည်က သူ့အတွက် အသက်ရှင်သန်နိုင်မည့်အခွင့်အရေး ဖြစ်ကောင်းဖြစ်သွားနိုင်ပေ၏။

"မင်း လုပ်ရဲလား"

တာဟေး၏အော်ငေါက်သံနှင့်အတူ အမိန့်စာလွှာတစ်ခုက သူ၏နောက်မှ ပျံဝဲ၍ထွက်ပေါ်လာသည်။

ထိုအမိန့်စာလွှာထွက်ပေါ်လာသည်နှင့် ကျယ်ပြန့်ပြီးအစွမ်းထက်သော ရောင်စဥ်တန်းများထွက်ပေါ်လာကာ နှင်းဘုရင်အား ပြင်းပြင်းထန်ထန် ရိုက်ခတ်လိုက်၏။

ဘုန်း...

ထိုအမိန့်စာလွှာနှင့်ရိုက်ခတ်မိသည်နှင့် နှင်းဘုရင်၏ခန္ဓာကိုယ်ပေါ်၌ အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။

"မဟုတ်ဘူး...ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

နှင်းဘုရင်က စူးရှနာကျင်စွာ အော်ဟစ်လိုက်သည်။သူ ပိုင်ဆိုင်ထားသောခန္ဓာကိုယ်သည် တစ္ဆေအင်မော်တယ်တစ်ယောက်၏ခန္ဓာကိုယ်ဖြစ်သည်။သို့ရာတွင် ထိုအမိန့်စာလွှာအောက်၌ ခုခံတိုက်ခိုက်နိုင်စွမ်းပင် မရှိခဲ့ချေ။

"မင်းတို့ ငါ့ကို သတ်လို့မရဘူး...ငါက အကန့်အသတ်မဲ့နှင်းလွင်ပြင်ရဲ့အစွမ်ထက်ဆုံး ကျင့်ကြံသူတစ်ယောက်လေ...ဘယ်လိုလုပ်ပြီး ငါက ဒီနေရာမှာ သေရမှာလဲ"

အက်ကွဲနေသောခန္ဓာကိုယ်ကြီးမှနေ၍ နှင်းဘုရင်၏စိတ်ဝိညာဥ် ပျံဝဲထွက်လာပြီး နန်းတော်တံခါးအားတွန်းဖွင့်လိုက်၏။

Chapter 1630

ဘုန်း...ဘုန်း...

နတ်ဆိုးများသည် ပြင်ပမှနေ၍ ထုရိုက်နေကြသည့်တိုင် ကောင်းကင်ပျံဝဲနန်းတော်တံခါးကြီးသည် ဖျက်ဆီး၍မရနိုင်သောအရာတစ်ခုနီးပါး ခိုင်ခံပေ၏။သို့ရာတွင် နန်းတော်အတွင်းမှတွန်းဖွင့်လျှင်မူ အလွန်လွယ်ကူသည်။

နှင်းဘုရင် တံခါးအားတွန်းဖွင့်လိုက်စဥ်တွင် ပြင်ပရှိမြင်ကွင်းများသည် လူများအားလုံး၏မျက်လုံးများအတွင်းသို့ ကျရောက်လာပေ၏။

မူလက သာယာပျော်ရွှင်ဖွယ်ကောင်းသော အင်မော်တယ်နယ်မြေကြီး ပျောက်ကွယ်သွားလေပြီ။

ထိုအစား အမှောင်ထုကြီးကိုသာ တွေ့မြင်ရတော့သည်။ကောင်းကင်ဘုံတရားရုံး၏နေရာအနှံ့ နတ်ဆိုးအငွေ့အသက်များ လောင်ကျွမ်းနေသောမီးတောက်များဖြင့်သာ ပြည့်နှက်နေသည်။

အမှောင်ထုအတွင်းမှနေ၍ ဧရာမပုံရိပ်ကြီးတချို့ထွက်ပေါ်လာကြီး အေးစက်စက်မျက်လုံးများဖြင့် ကောင်းကင်ပျံဝဲနန်းတော်မှလူများကို စူးစိုက်ကြည့်နေပေ၏။

"ငါ အရှုံးပေးတယ်...ငါ မင်းတို့ကို အပြင်ခေါ်ထုတ်ပေး....."

နှင်းဘုရင်သည် ထိုမြင်ကွင်းကိုမြင်သည်နှင့် သူ၏စိတ်နှလုံးသားတစ်ခုလုံး တုန်လှုပ်ချောက်ချားသွားပြီး အလျင်စလိုအော်ဟစ်လိုက်သည်။

သို့သော် သူ၏စကားမဆုံးမီမှာပင် အမှောင်ထုအတွင်းမှ ကြီးမားသောလက်ကြီးတစ်ဖက်ထွက်ပေါ်လာပြီး သူ၏လည်ပင်းကိုဖမ်းဆုပ်လိုက်၏။

ဂျွတ်...

ခပ်အုပ်အုပ်အသံနှင့်အတူ နှင်းဘုရင်၏လည်ပင်း လိမ်ချိုးခံလိုက်ရပြီး သူ၏စိတ်ဝိညာဥ်ပျောက်ကွယ်သွားတော့သည်။

"သူတို့က အကြွင်းအကျန်အင်မော်တယ်တွေပဲ"

"လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာရဲ့စိတ်ဝိညာဥ်က အရမ်းမောပန်းနေပြီ...သူက မဟာမိုးကောင်းကင်ရွှေအင်မော်တယ်တွေရဲ့စိတ်ဝိညာဥ်ကိုတောင် ထိန်းသိမ်းနိုင်စွမ်းမရှိတော့ဘူး...ပြီးတော့ ခွေးနက်ကြီး...မင်းရဲ့အကူအညီကြောင့်သာမဟုတ်ရင် ငါတို့က လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာထဲမှာ ဆက်ပြီးနစ်မြုပ်နေအုံးမှာ"

"ဟား ဟား ဟား...ကောင်းကင်ဘုံဧကရာဇ်က ကိစ္စတွေအများကြီးကို ကြိုတင်တွက်ချက်ခဲ့တယ်...ဒါပေမယ့် သူ တွက်ချက်မထားခဲ့တဲ့ အရာတစ်ခုရှိတယ်....နောက်ဆုံးတော့ သူ မွေးမြူထားတဲ့ခွေးက သူ့ရဲ့အကြံအစည်တွေအားလုံးကို ဖျက်ဆီးပစ်လိုက်တာပဲ"

သရဲတစ္ဆေများ၏အသံများအလား စူးရှသောအသံများက တစ်သံပြီးတစ်သံ ထွက်ပေါ်လာပေ၏။ထိုအသံများတွင် နတ်ဆိုးအော်ရာများနှင့် ပြည့်နှက်နေသဖြင့် ကြားရသူအပေါင်းအား စိတ်မသက်မသာခံစားရစေသည်။

"နောက်ဆုတ်ကြ...ခေါင်းတလားထဲကိုသွားပြီး ပုန်းအောင်းကြမယ်"

တာဟေးသည် ရုတ်တရက် စူးရှနာကျင်စွာအော်ဟစ်ပြီးနောက် သူ၏လက်မှ အမိန့်စာလွှာများထွက်ပေါ်လာပြီး လေထုအတွင်းသို့ ပစ်လွှက်လိုက်၏။

ထိုအမိန့်စာလွှာများပေါ်၌ ရေးသားထားသော စာလုံးများသည် အလွန်ရှေးကျပြီးရှုပ်ထွေးသည်။

ဘုန်း...ဘုန်း...ဘုန်း...

အမိန့်စာလွှာများမှနေ၍ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောစွမ်းအားများ ပွင့်အံထွက်လာသည်။တောက်ပသောရွှေရောင်အလင်းတန်းများသည် ကောင်းကင်နန်းတော်ပြင်ပရှိ အမှောင်ထုကြီးကိုပင် လွင့်ပြယ်သွားစေ၏။

"ဒီတော့ ကောင်းကင်ဘုံဧကရာဇ်က မင်းနဲ့အတူ အမိန့်စာလွှာတွေ ချန်ခဲ့တာပေါ့လေ...ဟား ဟား ဟား....တကယ်လို့ သူ ကိုယ်တိုင်ကိုယ်ကျရောက်လာမယ်ဆိုရင် ငါ ကြောက်ရွံကောင်းကြောက်ရွံနိုင်တယ်...ဒါပေမယ့် မင်းက ကောင်းကင်ဘုံဧကရာဇ်မွေးထားတဲ့ ခွေးအဆင့်ပဲရှိတာ...မင်းတစ်ယောက်တည်းနဲ့ ငါတို့ကိုဆန့်ကျင်တိုက်ခိုက်ဖို့ ရည်ရွယ်နေတာလား"

အမှောင်ထုကြီးအတွင်းမှနေ၍ နတ်ဆိုးအရှိန်အဝါများပြည့်နှက်နေသော လက်ကြီးတစ်ဖက်ထွက်ပေါ်လာပြီး အမိန့်စာလွှာများအား ပြင်းပြင်းထန်ထန်ရိုက်နှက်လိုက်၏။

ထိုလက်ကြီးနှင့်အမိန့်စာလွှာများ ထိခတ်မိသောအချိန်အခိုက်အတန့်တွင် မူလကအမိန့်စာလွှာမှထွက်ပေါ်နေသည့် ကြီးကျယ်ခမ်းနားသောအရှိန်အဝါများ ချက်ချင်းဆိုသလို ပျက်ပြယ်သွားပေ၏။

ထိုအမိန့်စာလွှာများသည် စွမ်းအားများအားလုံး ဆုံးရှုံးသွားပုံရပြီး အစွမ်းအစမဲ့စွာဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျလာတော့သည်။

ဤသည်က လက်ဝါးရိုက်ချက်တစ်ချက်မျှပင်။

တာဟေး၏မျက်လုံးများ နီမြန်းသွားပေ၏။

"ငါ မင်းနဲ့တိုက်ခိုက်မယ်"

မြောက်များစွာသော အမိန့်စာလွှာများသည် နှင်းပွင့်လွှာများအလား အမှောင်ထုအတွင်းမှ တည်ရှိမှုကြီးထံ ပျံဝဲသွားသည်။အမိန့်စာလွှာများသည် ထိုတည်ရှိမှုကြီးအားမယှဥ်ပြိုင်နိုင်သော်လည်း ကောင်းကင်ဘုံဧကရာဇ်၏ကြီးကျယ်ခမ်းနားသောအရှိန်အဝါများ အမြောက်အများထွက်ပေါ်လာမှုကြောင့် အမှောင်ထုအတွင်းမှလက်ကြီး၏လှုပ်ရှားမှု အနည်းငယ်နှေးကွေးသွားပေ၏။

ထိုအခြေအနေကိုအခွင့်ကောင်းယူ၍ လူများသည် ခေါင်းတလားကြီးဆီသို့ အလျှင်အမြန် သွားလိုက်ကြသည်။

ခေါင်းတလားကြီးအတွင်း၌ နေရာလွတ်ဝင်္ကပါတစ်ခုရှိနေသဖြင့် နေရာကျယ်ဝန်းပေရာ သူတို့အားလုံး ချောင်ချောင်ချိချိနေထိုင်နိုင်သည်။

သူတို့လွတ်မြောက်လာသည့် အချိန်တခဏတွင် အမှောင်ထုအတွင်းမှနေ၍ လက်ကြီးတစ်ဖက် ရုတ်တရက်ပျံဝဲထွက်လာပြီး ခေါင်းတလားအဖုံးအား ပြင်းပြင်းထန်ထန်ရိုက်နှက်လိုက်၏။

ဘုန်း

ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ ခေါင်းတလားအဖုံးကြီး အစိတ်စိတ်အမွှာမွှာ ကြေမွှသွားတော့သည်။

လူများအားလုံး တုန်လှုပ်ချောက်ချားသွားသည်။

ခေါင်းတစ်လားအဖုံးသည် တိုက်ခိုက်မှုတစ်ခုကိုပင် ခုခံကာကွယ်နိုင်စွမ်းမရှိချေ။

"သောက်ချေးပဲ...ဒါက မဖြစ်နိုင်ဘူး...ဒီဘိုးဘေးက ဒီနေရာမှာ အချိန်အကြာကြီးအဆင်ပြေပြေနေလာခဲ့တာ...ဘယ်လိုလုပ်ပြီး မင်းက လက်ဝါးရိုက်ချက်တစ်ချက်တည်းနဲ့ ဒါကိုဖျက်ဆီးနိုင်ရတာလဲ"

တာဟေးသည် မယုံကြည်နိုင်မှုဖြင့် စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်၏။

အမှောင်ထုအတွင်းမှနေ၍ ပုံရိပ်ကိုးခုက တဖြည်းဖြည်းလျှောက်လှမ်းထွက်လာသည်။

ပုံရိပ်တစ်ခုစီထံမှ အလွန်အားကောင်းသော ဖိအားအရှိန်အဝါ ထွက်ပေါ်နေပေရာ လူအများအား သူတို့၏နှလုံးသားအောက်ခြေမှနေ၍ တုန်လှုပ်ချောက်ချားမှုကို ခံစားရစေသည်။

"ငါတို့ရဲ့မှတ်ဥာဏ်တွေကို နိုးထစေတဲ့အတွက် မင်းကို ကျေးဇူးအများကြီးတင်ပါတယ်"

"မင်းကိုကာကွယ်ဖို့အတွက်နဲ့ ကောင်းကင်ဘုံဧကရာဇ်က အထူးသီးသန့်ဝင်္ကပါတစ်ခုကို ခင်းကျင်းထားခဲ့တယ်....တကယ်လို့ ခေါင်းတလားအဖုံးပိတ်နေမယ်ဆိုရင် ပိုက်ကွန်ထဲကလွတ်သွားတဲ့ငါးတွေလိုပဲ ငါတို့ မင်းတို့ကို ဖမ်းနိုင်မှာမဟုတ်ဘူး... ဒါပေမယ့် ခေါင်းတလားအဖုံးပွင့်နေရင်တော့ ဒါက သာမာန်အင်မော်တယ်ရတနာပစ္စည်းတစ်ခုပဲ...ငါ အလွယ်တကူ ဖျက်ဆီးပစ်နိုင်တယ်"

All Chapters