အခန်း (၁၆၄၁-၁၆၄၅)
Vol. 85 Ch. 1641-1645
Chapter 1641
လျန့်ကျီးတောင်...
ဤနေရာအား လုယွီနှင့်တာဟေးတို့နှစ်ယောက် အရင်ဆုံးရောက်ရှိလာခြင်းဖြစ်သည်။
ယခုလက်ရှိချိန်တွင် မြူခိုးများအုံ့မှိုင်းနေသဖြင့် ပတ်ဝန်းကျင်ရှိအဆောက်အအုံးများ ဝေဝါးနေပေ၏။
သူတို့သည် ရှေးဟောင်းကောင်းကင်ဘုံတရားရုံးအတွင်းသို့ ပထမဆုံးဝင်ရောက်ခဲ့သည့်အချိန်တွင် မိုးကြိုးပင်လယ်ကြီးကို သတိမပြုမိချေ။
ကောင်းကင်ဘုံတရားရုံး၏ပုံရိပ်ယောင်ကမ္ဘာအတွင်း၌ရှိနေစဥ်တုန်းက လုယွီသည် မိုးကြိုးပင်လယ်ကြီး၏ ကြီးကျယ်ခမ်းနားပုံကို သတိပြုမိခဲ့သည်။သူသည် ရွှယ်အင်မော်တယ်နှစ်ယောက်နှင့်အတူ အဝေးမှကြည့်ခဲ့ခြင်းဖြစ်သော်လည်း မိုးကြိုးပင်လယ်ကြီးထံမှ ပြင်းထန်သောဖိအားအရှိန်အဝါကို ခံစားရပေ၏။
နှစ်သန်းပေါင်းများစွာ ကုန်လွန်လာခဲ့သည့်တိုင် မိုးကြိုးပင်လယ်ကြီးအတွင်း၌ စွမ်းအားအမြောက်အများ ကျန်ရှိနေဆဲပင်။
"မင်း ဒီကိစ္စကို သေချာပြန်စဥ်းစားသင့်တယ်...မင်းရဲ့ရုပ်ခန္ဓာကိုယ်က သာမာန်တစ္ဆေအင်မော်တယ်တွေထက်တော့ သာတယ်ဆိုပေမယ့်....မင်း မိုးကြိုးပင်လယ်ထဲကို ဝင်သွားမယ်ဆိုရင် ထိခိုက်ဒဏ်ရာရသွားနိုင်တယ်"
"ပြီးတော့ မင်းဆီမှာ မင်းကိုယ်မင်းကာကွယ်နိုင်တဲ့ မှော်ရတနာမရှိသေးဘူး...တကယ်လို့ မင်း မဆင်မခြင်တိုးဝင်သွားမယ်ဆိုရင် မိုးကြိုးပင်လယ်ရဲ့သက်ရောက်မှုခံရလိမ့်မယ်"
"ဒါက အဆင်ပြေပါတယ်"
လုယွီက တည်ငြိမ်စွာပြောဆိုသည်။သူ၏အကြည့်သည် ထူထပ်သိပ်သည်းသော မိုးကြိုးအလွှာများကို ဖြတ်သန်း၍ မိုးကြိုးပင်လယ်၏အနက်ရှိုင်းဆုံးတစ်နေရာထံသို့ ကျရောက်နေပေ၏။
ထိုနေရာတွင် မိုးကြိုးပင်လယ်၏အလယ်ဗဟို၌ တိတ်ဆိတ်ငြိမ်သက်စွာ ကွေးကောက်နေပြီး ခြောက်သွေ့နေသော လူသေလောင်းတစ်လောင်းရှိနေသည်။
ထိုအရာသည် လီချမ်၏ရုပ်အလောင်းပင်။
နှစ်သန်းပေါင်းများစွာ မိုးကြိုးများ၏ရိုက်ခတ်မှု ခံခဲ့ရခြင်းကြောင့် အရိုးစုမှအရိုးများသည် ကျောက်စိမ်းကဲ့သို့ တောက်ပြောင်နေပေ၏။
လုယွီသည် သူ၏ခြေထောက်ကိုမြှောက်၍ မိုးကြိုးပင်လယ်အတွင်းသို့ ခြေချလိုက်သည်။မိုးကြိုးလှိုင်းများက ချက်ချင်းပင် လုယွီ၏ခန္ဓာကိုယ်အား ထွင်းဖောက်သွားပေ၏။
လုယွီ၏လက်ရှိရုပ်ခန္ဓာကိုယ်သည် ရှေးဟောင်းတစ္ဆေအင်မော်တယ်များဖြင့်ပင် နှိုင်းယှဥ်နိုင်သည်။သူသည် အကြွင်းမဲ့မူလဘူတခန္ဓာကိုယ်နည်းစနစ်နှင့် မြင့်မြတ်ဧကရာဇ်၏ခန္ဓာကိုယ်နည်းစနစ်ဟူသော နည်းစနစ်နှစ်ခုကို ကျင့်ကြံထားသဖြင့် သူ၏ရုပ်ခန္ဓာကိုယ်သည် သာမာန်လူများထက် များစွာသာလွန်ထူးကဲပေ၏။
သို့သော် ထိုသို့ဆိုသည့်တိုင် လုယွီသည် နာကျင်မှုကို ခံစားနေရဆဲပင်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ အသိစိတ်များ ပျောက်ကွယ်သွားသည်ကိုခံစားရပြီး ခြေတစ်လှမ်းလှမ်းရန်ပင် သူ့အတွက် လွန်စွာခက်ခဲနေသည်။
ပတ်ဝန်းကျင်ရှိ မိုးကြိုးလှိုင်းများသည် လျှပ်စီးကဲ့သို့လျှင်မြန်သောအရှိန်ဖြင့် သူ၏ခန္ဓာကိုယ်အရေပြားကိုဖြတ်သန်း၍ သူ၏ရိုးတွင်းခြင်ဆီနှင့်အရေပြားများအထိ ထွင်းဖောက်သွားပေ၏။
လုယွီ၏ခန္ဓာကိုယ်တွင်းအင်္ဂါများအတွင်းသို့ မိုးကြိုးလှိုင်းများစီးဆင်းနေမှုကြောင့် သူ၏နှုတ်ခမ်းထောင့်မှ သွေးများယိုစီးကျလာသည်။
"ဒီကောင်စုတ်လေး...ရူးများရူးသွားတာလား"
တာဟေးသည် လုယွီ၏လှုပ်ရှားမှုများကိုကြည့်ပြီး ကူကယ်ရာမဲ့စွာ ကြက်သေသေသွားတော့သည်။
လီချမ်နှင့်လုယွီ၏ ဆုံတွေ့ခဲ့မှုသည် အိမ်မက်တစ်ခုသက်သက်ပင်။
တခြားစကားပြောင်းဆိုရလျှင် အစစ်အမှန်လီချမ်သည် လုယွီအားသိရှိခြင်းမရှိချေ။
သို့သော် ကံကြမ္မာအရဆုံတွေ့မှုတစ်ခုသာဖြစ်သော်လည်း လုယွီသည် သူ၏အသက်ကိုစွန့်လွှက်၍ လီချမ်အား ခေါ်ထုတ်လိုနေသည်။
"သောက်ချေးပဲ...ဒီကောင်စုတ်လေးက အရမ်းကိုသစ္စာရှိတဲ့ကောင်ပဲ...တကယ်လို့ ငါသာ ဘာမှမလုပ်ဘူးဆိုရင် အဲ့ဒီကောင်လေးနဲ့အတူ ငါပါ ပျောက်ကွယ်သွားလိမ့်မယ်"
တာဟေးသည် သူ၏လက်မောင်းကြားမှနေ၍ အမိန့်တော်တစ်ခုကို ချက်ချင်းပင်ထုတ်ယူလိုက်၏။
ဤသည်က အိမ်မက်ထဲတွင်အသုံးပြုခဲ့သော အမိန့်တော်မျိုးမဟုတ်ဘဲ တွန့်လိမ်နေသောအမိန့်စာလွှာတစ်ခုဖြစ်သည်။တာဟေးသည် ထိုအရာအား မည်မျှကြာကြာထိန်းသိမ်းထားခဲ့သည်မှန်း မသိနိုင်ချေ။
ထိုအမိန့်စာလွှာအား ဖြည်ချလိုက်ချိန်တွင် အတွင်းမှနေ၍ ရှေးကျသောမူလဘူတအရှိန်အဝါတစ်ရပ် ထွက်ပေါ်လာသည်။
ဤသည်က ကောင်းကင်ဘုံဧကရာဇ်၏အမိန့်တော်ပင်။ကောင်းကင်ဘုံဧကရာဇ်၏လက်ရေးပါဝင်နေသဖြင့် အမိန့်စာလွှာရှိဥပဒေသများ အပြည့်အဝပျောက်ကွယ်သွားခြင်းမရှိသေးချေ။
"ဖြန့်ကျက်စမ်း"
တာဟေးက အော်ဟစ်ကြုံးဝါးလိုက်သည်နှင့် အမိန့်တော်မှ ဥပဒေသစွမ်းအားများသည် မိုးကြိုးပင်လယ်အတွင်းသို့ တဟုန်ထိုးတိုးဝင်သွားပေ၏။
မူလက တည်ငြိမ်နေသော မိုးကြိုးပင်လယ်သည် ဆီပူပွက်လာသကဲ့သို့ စတင်၍ဗလောင်ဆူလာသည်။နေရာအနှံ့အပြားမှနေ၍ မြောက်မြားစွာသောမိုးကြိုးလှိုင်းများ ကျရောက်လာလေ၏။
သို့ရာတွင် အမိန့်စာလွှာမှထွက်ပေါ်နေသော အားလှိုင်းအရှိန်အဝါသည် ထိုစုစည်းနေသောမိုးကြိုးလှိုင်းများကိုဖြတ်တောက်၍ တဖြည်းဖြည်းနေရာတကွဲတပြားဆီသို့ ပျံ့နှံ့သွားစေသည်။
မိုးကြိုးများ ပျောက်ကွယ်သွားသဖြင့် လုယွီသည် လီချမ်၏အရိုးစုထံသို့ အလျှင်အမြန် ရောက်ရှိသွားတော့သည်။
လီချမ်၏အရိုးစုလက်မောင်းကြားတွင် အဆောင်လက်ဖွဲ့တစ်ခုက မှိန်ပျပျလင်းလက်နေဆဲပင်။ထိုအဆောင်လက်ဖွဲ့သည် သူ၏ကိုယ်ပိုင်ကံကြမ္မာနှင့် လဲလှယ်ခဲ့ရသောအရာဖြစ်ပေ၏။
သို့ရာတွင် သူ ထိုအရာကိုအသုံးပြုရန် အခွင့်အရေးမရခဲ့ချေ။
"လီချမ်...အိမ်ပြန်ဖို့အချိန်ကျပြီ"
လုယွီသည် လီချမ်၏အရိုးစုကိုကောက်ယူပြီး သူ လာခဲ့သည့်လမ်းအတိုင်းပြန်ထွက်ရန် လျှောက်လှမ်းလိုက်၏။
ခရက်...
သို့သော် ထိုအချိန်မှာပင် မူလက မိုးကြိုးပင်လယ်ကြီးကို ထိန်းချုပ်ထားသော အမိန့်စာလွှာသည် ရုတ်တရက် အလယ်ဗဟိုမှနေ၍ အပိုင်းပိုင်းပြတ်တောက်သွားသည်။
Chapter 1642
ထိုအမိန့်စာလွှာ အပိုင်းပိုင်းအစစဖြစ်သွားမှုနှင့်အတူ မူလကပြန့်ကျဲသွားသော မိုးကြိုးလှိုင်းများ လုယွီပေါ်သို့ ထပ်မံ၍ကျရောက်လာသည်။လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးမှနေ၍ ကျယ်လောင်သောအက်ကွဲသံများ ထွက်ပေါ်နေပေ၏။
"လုယွီ...."
ထိုအခြင်းအရာကိုကြည့်ပြီး ပိုင်ဆုချင်နှင့်တခြားလူများသည် လုယွီအားကယ်တင်ရန် တဟုန်ထိုးပြေးထွက်လာကြသည်။
တာဟေးက နောက်သို့ပြန်လှည့်ပြီး ပြောဆိုလိုက်၏။
"ရပ်လိုက်ကြစမ်း...ဒါက ကောင်းကင်ဘုံတရားရုံးရဲ့ ဘုံနှစ်ခုကြားက နယ်စပ်ပဲ...မင်းတို့ အထဲကိုပြေးဝင်သွားမယ်ဆိုရင် မင်းတို့ရဲ့အသက်ကိုလွှင့်ပစ်လိုက်တာနဲ့အတူတူပဲ"
ပိုင်ဆုချင်က စိုးရိမ်ပူပန်တကြီး ပြောဆိုသည်။
"ဒါဆို ကျွန်မတို့က ဘာလုပ်ရမှာလဲ...အဲ့ဒီအထဲကိုဝင်သွားရင် ရှေးဟောင်းအင်မော်တယ်တွေတောင် သေဆုံးသွားရတာ...လုယွီ အဲ့ဒီအထဲမှာတစ်ခုခုဖြစ်နေမှာကို ကျွန်မတို့က ဘာမှမလုပ်ဘဲ ထိုင်ကြည့်နေရမှာလား"
တာဟေးသည် စိတ်လှုပ်ရှားစွာဖြင့် လမ်းပတ်လျှောက်နေပြီး သူက မျက်မှောင်တင်းတင်းကြပ်ကြပ်ကြုတ်ထားသည်။
"မိုးကြိုးပင်လယ်က တိတ်ဆိတ်ငြိမ်သက်နေခဲ့တာ အချိန်အကြာကြီးရှိနေပြီ...တကယ်လို့ မင်းတို့ မဆင်မခြင်တိုးဝင်သွားမယ်ဆိုရင် တားမြစ်ကန့်သတ်ချက်တချို့ကို အစပျိုးသလိုဖြစ်သွားနိုင်တယ်...အဲ့ဒီအချိန်ကျရင် ဒီကိစ္စကိုအဆုံးသတ်ဖို့ ပိုပြီးခက်ခဲသွားလိမ့်မယ်"
တာဟေးသည် မိုးကြိုးပင်လယ်အတွင်းရှိ လုယွီကိုကြည့်ပြီး သက်ပြင်းတစ်ချက်ရှိုက်ကာ ဆက်လက်ပြောဆိုသည်။
"အခုတော့ အရာအားလုံးက သူ့ရဲ့ကံကောင်းမှုပေါ်မှာပဲ မူတည်တော့မယ်"
မိုးကြိုးပင်လယ်အတွင်း၌...
လုယွီသည် လီချမ်၏အရိုးစုကို သူ၏နောက်ကျောတွင်ပိုး၍ ခြေလှမ်းတစ်လှမ်းချင်း ခက်ခက်ခဲခဲရှေ့သို့လျှောက်လှမ်းနေသည်။
သူ လီချမ်အား ကယ်တင်ခဲ့ရသည့်အကြောင်းအရင်းမှာ လီချမ်သည် ပုံရိပ်ယောင်ကမ္ဘာအတွင်း၌ သူ့အား တစ်ကြိမ်ကယ်တင်ခဲ့ခြင်းကြောင့်ပင်။လုယွီသည် ကြင်နာသနားတက်သောစိတ်နေစိတ်ထားရှိသူဖြစ်သည်။တစ်ဖက်လူသည် သူ့အား တစ်ကြိမ်ကယ်တင်ခဲ့သဖြင့် သူသည် လီချမ်၏အရိုးစုအား မိုးကြိုးပင်လယ်အတွင်း၌ ထားခဲ့နိုင်ခြင်းမရှိချေ။
သို့ရာတွင် သူ့ရှေ့ရှိ မိုးကြိုးလှိုင်းများသည် သူ ခန့်မှန်းထားသည်ထက် များစွာပို၍ကျော်လွန်နေပေ၏။ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးဖြင့် နှိုင်းယှဥ်၍ရသည်အထိ ပြင်းထန်သော မိုးကြိုးများသည် လုယွီအား အဆက်မပြတ် ရိုက်ခတ်နေသည်။
ဤှအချိန်အခိုက်အတန့်တွင် လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံး ဖူးယောင်နေပြီး တချို့နေရာများတွင် အရိုးဖြူများပင် ထွက်ပေါ်နေပေ၏။
"သူ့ကို ထားခဲ့လိုက်...မင်း အသက်ရှင်နိုင်မယ့်နည်းလမ်းတစ်ခုတော့ ရှိလာမှာပါ"
တာဟေး၏အသံက ထပ်မံ၍ထွက်ပေါ်လာသည်။
မည်သို့ပင်ဆိုစေကာမူ လီချမ်သည် ရှေးဟောင်းအင်မော်တယ်တစ်ယောက်ဖြစ်ပေ၏။သူ၏အရိုးများသည် တောင်ကြီးတစ်လုံးကဲ့သို့ လေးလံသည်။
လုယွီ တစ်ယောက်တည်းပင်လျှင် မိုးကြိုးပင်လယ်အတွင်း၌ ရှေ့သို့ဆက်လှမ်းရန် အလွန်ခက်ခဲနေပြီဖြစ်သည်။ဤအချိန်တွင် သူ၏နောက်ကျော၌ ဝန်ထုပ်ဝန်ပိုးတစ်ခုကို တင်ဆောင်ထားသဖြင့် သူ့အား ပို၍လေးလံနှေးကွေးစေသည်။
လုယွီက ပြောဆိုသည်။
"ငါ ဒီနေ့ သူ့ကို မရရအောင်ခေါ်ထုတ်မယ်"
တာဟေးသည် သက်ပြင်းတစ်ချက်ရှိုက်ပြီး ထပ်မံ၍အကြံပေးပြောဆိုခြင်း မပြုတော့ချေ။
တခြားသူများသည်လည်း အလွန်စိုးရိမ်ပူပန်နေကြ၏။သို့ရာတွင် တာဟေး ပြောဆိုထားသောစကားများရှိခြင်းကြောင့် သူတို့သည် စိုးရိမ်ပူပန်စွာ စောင့်ဆိုင်းနေရုံမှလွဲ၍ တခြားဘာမှမတက်နိုင်ချေ။
လီကျီးက လုယွီကို စောင်းငဲ့ကြည့်ပြီး အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။
"ချွယ်လွင်...မင်းက ဆေးပညာထူးချွန်တယ်...မင်း အဲ့ဒီနေရာမှာသွားနေ...တကယ်လို့ လုယွီ ထွက်လာနိုင်ရင် မင်း သူ့ကို ချက်ချင်းကုသပေးလိုက်"
"ငယ်သားက အမိန့်နာခံပါတယ်"
လီကျီး၏နောက်မှနေ၍ အနီရောင်ဝတ်စုံဝတ်မိန်းမစိုးတစ်ယောက်ထွက်လာပြီး မိုးကြိုးပင်လယ်၏အစွန်အနားသို့ လျှောက်လှမ်းသွားသည်။
မည်သည့်လှုပ်ရှားမှုမျှ မပြုသည့်လူများမှာ ယန်ရှန်းကုံး လုဝူယာ နှင့် စီနီယာမှော်ဆရာကျူးတို့လူစုဖြစ်ပေ၏။
သူတို့သည် နံဘေးဘက်မှထိုင်ကြည့်ရန် ရွေးချယ်လိုက်ကြပြီး နှစ်ထောင်းအားရဖြစ်နေပုံပင် ပေါ်လွင်နေသည်။
လုဝူယာက သရော်တော်တော်လေသံဖြင့် ပြောဆိုလေ၏။
"သူက သူရဲ့အကန့်အသတ်ကိုတောင် သူ မသိဘူးလား...လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာက သူ့ကိုရွေးချယ်လိုက်တာနဲ့...သူ့ကိုယ်သူ ကောင်းကင်ဘုံရဲ့ချီးမြှောက်ခံလို့များ ထင်နေတာလား"
"လျန့်ကျီးတောင်က ဘယ်လိုနေရာမျိုးမလို့လဲ...အဲ့ဒီနေရာကိုသွားပြီး အလောင်းတစ်လောင်းကို သယ်ထုတ်လာတယ်ဆိုမှတော့ သူက တကယ့်ကို ရူးသွပ်မိုက်မဲတဲ့ကောင်ပဲ"
လုဝူယာသည် လူတစ်စုကိုဦးဆောင်၍ ရတနာသိုက်အတွင်းရှိ မှော်ရတနာများကို သယ်ဆောင်လာခဲ့သည်။
ထိုအင်မော်တယ်မှော်ရတနာများအား သာမာန်သိုလှောင်အိတ်အတွင်းတွင် ထည့်သွင်း၍မရသဖြင့် သူတို့သည် ထိုအရာများကို အဝတ်များဖြင့်ရစ်ပတ်ကာ နောက်ကျောတွင်သိုင်းထားရ၏။
သူတို့လူစု၏နောက်ကျော၌ အထုတ်ကြီးအထုတ်ငယ်များကို စုပြုံ၍သယ်ဆောင်ထားလေရာ အလွန်ရယ်ရွှင်ဖွယ်ကောင်းနေသည်။
ထိုအချိန်မှာပင် လုယွီ၏ခန္ဓာကိုယ် ရုတ်တရက် တုန်ရီသွားသည်။သူသည် မိုးကြိုးပင်လယ်အတွင်း၌ ရုတ်တရက် ဆောင့်ကြောင့်ထိုင်ချလိုက်ရပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ်တုန်ရီနေပေ၏။
"ဒါက ငါ့ရဲ့အကန့်အသတ်လား"
လုယွီက ညည်းတွားပြီးနောက် သူ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းတန်းများ ဖြတ်ပြေးသွားသည်။
"တကယ်လို့ ငါ သူ့ကိုတောင် မိုးကြိုးပင်လယ်ထဲကနေ ခေါ်မထုတ်နိုင်ရင် ငါ တက်နိုင်တာဘာရှိသေးလဲ...ငါ ရှန်းလင်းလုံကို ဘယ်လိုနည်းနဲ့ လက်စားချေမှာလဲ"
"လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာထဲမှာ မိုးကြိုးနည်းစနစ်တစ်ခုအကြောင်းကို မှတ်တမ်းတင်ထားတယ်...အဲ့ဒီထဲမှာပါတာကတော့ မိုးကြိုးတွေကို ငါ့ရဲ့ခန္ဓာကိုယ်ထဲကို ဆွဲသွင်းပြီး ထိန်းညှိရမယ်...ငါက ခုအခြေအနေကို အခွင့်ကောင်းယူပြီး ရှေးဟောင်းအင်မော်တယ်တွေရဲ့ မိုးကြိုးကျင့်ကြံနည်းစနစ်ကို ကြိုးစားကြည့်ရမယ်"
ရုတ်ချည်းဆိုသလိုပင် လုယွီသည် သူ၏ခန္ဓာကိုယ်အားကာကွယ်ထားသည့် မှော်စွမ်းအားများကို ပြန်ရုတ်သိမ်းပြီး ကြွင်းကျန်သောမှော်စွမ်းအားများအားလုံးဖြင့် သူ၏နှလုံးကိုသာ ကာကွယ်ထားလိုက်တော့သည်။
Chapter 1643
ဤအချိန်အခိုက်အတန့်တွင် လုယွီသည် သူ၏ခုခံကာကွယ်ထားမှုများအားလုံးကို ရုတ်သိမ်းထားသဖြင့် မြောက်မြားစွာသောမိုးကြိုးလှိုင်းများ သူ၏ခန္ဓာကိုယ်အတွင်းသို့ ကျရောက်လာသည်။
ရုတ်ချည်းဆိုသလိုပင် လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံး အက်ကွဲလာပြီး မူလက ကြံခိုင်ပြီးသန်မာသော သူ၏ခန္ဓာကိုယ်ကြွက်သားများလည်း ပွင့်ထွက်သွားပေ၏။
"လုယွီ...."
ပိုင်ဆုချင်သည် တုန်လှုပ်ချောက်ချားစွာ အော်ဟစ်ပြီး သူမက ထပ်မံ၍မကြည့်ဝံ့တော့ချေ။
သူမတင်မကဘဲ နံဘေးပတ်ဝန်းကျင်တွင်ရှိနေသူများသည် နှစ်ပေါင်းများစွာကျင့်ကြံခဲ့သူများဖြစ်သည့်တိုင် သူတို့၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားကြသည်။
ဤှကျင့်ကြံနည်းစနစ်သည် ကိုယ့်ကိုကိုယ်သတ်သေသည်နှင့် ခြားနားမှုမရှိချေ။
"ငါ ဒီလိုရူးသွပ်မိုက်မဲတဲ့လူမျိုးကို တစ်ခါမှမမြင်ဖူးဘူး...အလောင်းတစ်လောင်းအတွက်နဲ့များ သူ့အသက်ကို သူ စွန့်လွှက်နေတယ်"
"ငါက ဒီလိုမျိုးစိတ်ကြီးဝင်မောက်မာတက်တဲ့လူစားမျိုးတွေကို အရင်ကလည်းမြင်တွေ့ဖူးတယ်...ဒါပေမယ့် မြင့်မားတဲ့သစ်ပင်တွေဟာ လေပြင်းကြောင့် ပျက်စီးရတယ်....သူတို့က စိတ်ကြီးဝင်ပြီး မဆင်မခြင်လုပ်တက်တော့ ကောင်းကင်ဘယ်လောက်မြင့်မားပြီး မြေကြီးဘယ်လောက်ထိနက်တယ်ဆိုတာ မသိကြဘူး....ဒါကြောင့် သူတို့က အချိန်တခဏအတွင်းမှာပဲ လောကကြီးထဲကနေ ပျောက်ကွယ်သွားကြတယ်"
"ဘယ်လောက်တောင် စိတ်ပျက်ဖို့ကောင်းလိုက်လဲ...လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျောက်စာက ရှေးဟောင်းမဟာတာအိုကျမ်းစာသုံးခုထဲကတစ်ခုဖြစ်ပြီးတော့....ဘယ်လိုမျိုး အမြင်မှားပြီး ဒီလို မောက်မာပြီး မဆင်မခြင်လုပ်တက်တဲ့ကောင်လေးမျိုးကို ရွေးချယ်ခဲ့ပါလိမ့်"
ယခုလက်ရှိချိန်တွင် လုဝူယာတို့လူစုသည် အလွန်ပင် ကျေနပ်အားရဖြစ်နေသည်။သူသည် ယခင်က လုယွီ၏ဖိနှိပ်ခြင်းကို အကြိမ်ကြိမ်ခံခဲ့ရ၏။ယခုချိန်၌ လုယွီ သေဆုံးတော့မည်ကိုမြင်ချိန်တွင် သူ အလွန်အပျော်လွန်သွားခဲ့သည်။
လုဝူယာသည် မိုးကြိုးပင်လယ်အတွင်းရှိလုယွီကိုကြည့်ပြီး ခနဲ့တဲ့တဲ့ပြောဆိုလိုက်၏။
"ကြည့်ပါအုံး...သူ့ရဲ့ရုပ်ခန္ဓာကိုယ်က အားကောင်းပေမယ့်...ဒီလိုမျိုး ပြင်းထန်တဲ့မိုးကြိုးလှိုင်းတွေအောက်မှာ ကြာကြာတောင့်ခံနိုင်မှာမဟုတ်ဘူး"
သို့ရာတွင် သူ၏စကား အဆုံးသတ်သွားသော အချိန်မှာပင်.....
လီချမ်၏လက်အတွင်းမှ အဆောင်လက်ဖွဲ့သည် ရုတ်တရက် လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။
ဤသည်က ရှေးဟောင်းကောင်းကင်ဘုံတရားရုံးရှိ မဟာမိုးကောင်းကင်ရွှေအင်မော်တယ်တစ်ယောက်မှနေ၍ သူ၏အင်မော်တယ်စွမ်းအားများကို အသုံးပြု၍ ရေးဆွဲခဲ့သောအရာပင်။
ထိုအရာသည် သေမျိုးတစ်ယောက်ကိုပင် ကောင်းကင်ဘုံနယ်မြေသို့ ပို့ဆောင်ပေးနိုင်သော ဆင့်ခေါ်အဆောင်လက်ဖွဲ့ဖြစ်သည်။ထိုအဆောင်လက်ဖွဲ့အတွင်း၌ပါဝင်သော အင်မော်တယ်စွမ်းအားများသည် ပျက်စီးခြင်းများကို စွမ်းအားများအဖြစ်သို့ အကြွင်းမဲ့ပြောင်းလဲပေးနိုင်လေ၏။
ဆင့်ခေါ်အဆောင်လက်ဖွဲ့မှ အင်မော်တယ်စွမ်းအားများ လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာသည်နှင့် သူ၏ခန္ဓာကိုယ်ပေါ်ရှိ မူလကအရိုးများထွက်ပေါ်နေသော နေရာများမှနေ၍ အသွေးအသားများ ပြန်လည်ပေါက်ဖွားလာပြီး ကြံခိုင်သောကြွက်သားများအဖြစ် တဖန်ပြန်၍ပြောင်းလဲသွားသည်။
ယခုပေါက်ဖွားလာသော အသွေးအသားများသည် လုယွီ၏နဂိုမူလရုပ်ခန္ဓာကိုယ်ထက် အဆများစွာပို၍ သန်မာအားကောင်းသည်။
တာဟေး၏လက် ရုတ်တရက် တုန်ရီသွားပေ၏။
"အင်မော်တယ်ခန္ဓာကိုယ် ပြန်ဖွဲ့စည်းခြင်း...ဒါက သေမျိုးလောကကနေ ပျောက်ကွယ်သွားပြီမဟုတ်လား...ဒါက ဟုတ်တောင်ဟုတ်သေးရဲ့လား"
နံဘေးဘက်၌ရှိနေသော အောင်းကွမ်းက မေးမြန်းသည်။
"ဘိုးဘေး...အဲ့ဒီအဆောင်လက်ဖွဲ့က ဘယ်လိုဟာမျိုးလဲ"
"အရင်က လုယွီရဲ့ရုပ်ခန္ဓာကိုယ်က တစ္ဆေအင်မော်တယ်တွေကြားမှာတောင် အကောင်းဆုံးလို့ပြောလို့ရတယ်...ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သူက နှောင်းပိုင်းမျိုးဆက်က ကျင့်ကြံသူတစ်ယောက်လေ...သူက အစစ်အမှန်အင်မော်တယ်တစ်ယောက်မဟုတ်ဘူး"
တာဟေးက ဆက်လက်၍ရှင်းပြသည်။
"ဒါပေမယ့် အဲ့ဒီအဆောင်လက်ဖွဲ့နဲ့ဆိုရင် အရာအားလုံးက ကွဲပြားခြားနားသွားပြီ...အဲ့ဒါက ရှေးဟောင်းခေတ်ကကျန်ခဲ့တဲ့ နောက်ဆုံးဆင့်ခေါ်အဆောင်လက်ဖွဲ့ပဲ...ဒါက သာမာန်သေမျိုးတွေရဲ့ခန္ဓာကိုယ်ကိုတောင် အင်မော်တယ်ခန္ဓာကိုယ်အဖြစ် ပြောင်းလဲပေးနိုင်တယ်...အခုချိန်ကစပြီး သူက အစစ်အမှန်အင်မော်တယ်တစ်ယောက်ဖြစ်သွားပြီ"
"ဒါဆို သူက ထာဝရအသက်ကို ရသွားပြီလား"
အောင်းကွမ်းက သူ့လျှာသူပြန်ကိုက်ပြီး မေးမြန်းလိုက်၏။
သူတို့သည် ယခင်က အိမ်မက်အတွင်း၌ ရှေးဟောင်းအင်မော်တယ်တစ်ယောက်၏အတွေ့အကြုံများကို ခံစားခဲ့ရသည်။အင်မော်တယ်ခန္ဓာကိုယ်အားပိုင်ဆိုင်ထားပါက အကယ်၍ ထိုသူသည် အဆင့်နိမ့်ဆုံးတစ္ဆေအင်မော်တယ်တစ်ယောက်ဖြစ်နေလျှင်ပင် ထာဝရအသက်ကို ရရှိနိုင်သည်။
တာဟေးက ခေါင်းခါပြလေ၏။
"အဲ့ဒီလောက် ချဲ့ကားပြောစရာမလိုပါဘူး...အခုချိန်မှာ ဟာတာအိုက မပြည့်စုံသေးတော့ အစစ်အမှန်အင်မော်တယ်ဆိုတာမရှိတော့ဘူး...သူက အများဆုံး နှစ်တစ်သောင်းလောက်တော့ အသက်ရှင်နိုင်လိမ့်မယ်...အဲ့ဒီထက်တော့မပိုဘူး"
နှစ်တစ်သောင်း...ချဲ့ကားပြောဆိုရန်မလိုဟုဆိုသလော။
မြောက်များစွာသော ကြက်သေသေနေသည့် မျက်လုံးအကြည့်များက တာဟေးပေါ်သို့ ကျရောက်လာသည်။ထိုခွေးနက်ကြီးသည် ဘဝသက်တမ်း၏အရေးပါပုံကို အမှန်တကယ်ကိုပင် မသိသလော။
သူတို့ထဲမှတချို့သည် အင်မော်တယ်များဖြစ်သည့်တိုင် အများဆုံး နှစ်ရာနှင့်ချီ၍သာ အသက်ရှင်နိုင်သည်။
သက်တမ်းနှစ်တစ်သောင်းသည် သူတို့အတွက် စိတ်ကူးယဥ်ကြည့်၍ပင်မရနိုင်သော အရာဖြစ်သည်။
ခရက်....
လုဝူယာသည် ဒေါသကြောင့် တုန်ရီနေပေ၏။သူ၏မသိစိတ်မှနေ၍ ရှေးဟောင်းအုတ်ချပ်တစ်ခုပေါ်သို့ ခြေဆောင့်နင်းမိရာ အက်ကွဲသံတစ်သံထွက်ပေါ်လာသည်။
သူသည် လုယွီအား ပြက်ရယ်ပြုခဲ့သော်လည်း ယခုလက်ရှိချိန်၌ သူသည်သာ ရယ်ရွှင်ဖွယ်ကောင်းသူဖြစ်သွားခဲ့သည်။
ထိုအရာသည် သက်တမ်းနှစ်တစ်သောင်းပင်။
ထို့ပြင် လုယွီသည် ကံကြမ္မာ၏ကောင်းချီးပေးမှုကိုရရှိပြီး အင်မော်တယ်တစ်ယောက်ပင် ဖြစ်သွားလေပြီ။
လုဝူယာ၏စိတ်နှလုံးသားတစ်ခုလုံး မနာလိုမှုများ ဒေါသများဖြင့် ကြီးစိုးနေပေ၏။
သို့ရာတွင် ယခုလက်ရှိချိန်၌ သူ မလှုပ်ရှားဝံ့ချေ။မည်သို့ပင်ဆိုစေကာမူ လုယွီ၏ဘက်၌ လူအင်အားများစွာရှိနေသည်။
"မင်း ဒီနေရာမှာတော့ မောက်မာထားအုံးပေါ့...မင်း အပြင်ကိုထွက်တာနဲ့ ငါ့အကြောင်း ကောင်းကောင်းသိစေရမယ်"
လုဝူယာ၏မျက်လုံးအတွင်း၌ ရန်ငြှိုးမုန်းတီးမှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
Chapter 1644
အချိန်များတရွေ့ရွေ့ ကုန်ဆုံးသွားလေပြီ။
နောက်ဆုံး၌ လုယွီသည် လီချမ်၏အရိုးစုအား သူ၏နောက်ကျောတွင် ထမ်းပိုး၍ မိုးကြိုးပင်လယ်အတွင်းမှ ထွက်ခွာလာခဲ့တော့၏။
"သူက ခုထိ ငါ့ကို ကူညီပေးနေတုန်းပဲ"
လုယွီ၏ခန္ဓာကိုယ်သည် တုန်ရီနေပြီး သူ၏မျက်နှာသည် စက္ကူဖြူတစ်ချပ်ကဲ့သို့ ဖြူရော်နေသည်။
အစောပိုင်းက မိုးကြိုးပင်လယ်အတွင်း၌ရှိနေစဥ် သူ အလွန်အမင်းပင်ပန်းနွမ်းနယ်နေခဲ့ပြီး သူ၏အကန့်အသတ်သို့ ရောက်ရှိနေလေပြီ။အကယ်၍ မတော်တဆတိုက်ဆိုင်မှုမရှိဘဲ အဆောင်လက်ဖွဲ့၏အကူအညီကိုသာမရရှိပါက သူ မိုးကြိုးပင်လယ်အတွင်းမှ ထွက်လာနိုင်မည်မဟုတ်ချေ။
"ဒီအရိုးစုကြီးကို မင်း ဘယ်နေရာမှာထားမှာလဲ...ရှေးဟောင်းအင်မော်တယ်တွေရဲ့ခန္ဓာကိုယ်တစ်ခုလုံးက ရတနာတွေချည်းပဲ...သူ့ရဲ့အရိုးတွေနဲ့ ဆေးလုံးတွေ မှော်လက်နက်တွေအများကြီး သန့်စင်လို့ရတယ်...တကယ်လို့ မင်း ဒီအရိုးစုကြီးကို အပြင်သယ်ထုတ်သွားမယ်ဆိုရင် တခြားသူတွေရဲ့လောဘရမ္မက်ကို နှိုးဆွပေးသလိုဖြစ်လိမ့်မယ်"
တာဟေးက သတိပေးလေ၏။
လုယွီက ခေါင်းခါယမ်းပြပြီး စကားတုံ့ပြန်ပြောဆိုခြင်းမပြုချေ။
ထိုအချိန်မှာပင် လှေကားထစ်များ၏ထိပ်ဆုံးတွင် ရုတ်တရက်မြူများထူထပ်လာသည်။
ထိုမြူများသည် သူတို့ ကောင်းကင်ဘုံလှေကားထစ်များသို့ ပထမဆုံးရောက်စဥ်ကမြူများနှင့် လွန်စွာတူညီပေ၏။
အောင်းကွမ်းက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"မြန်မြန်...မြန်မြန်ပြေးကြစို့"
ထိုမြူခိုးများအတွင်း၌ အေးစိမ့်မှုများနှင့်ပြည့်နှက်နေသည်ကို ယခင်က သူတို့အားလုံး ကြုံတွေ့ပြီးဖြစ်သည်။ကျင့်ကြံမှုအဆင့်မည်မျှပင်ရှိနေပါစေ ထိုအေးစိမ့်မှုအရှိန်အဝါအောက်တွင် ရေခဲရုပ်ထုအဖြစ် ပြောင်းလဲသွားရသည်။
မည်သည့်တုံ့ဆိုင်းခြင်းမျှမရှိဘဲ သူတို့အားလုံးသည် ကောင်းကင်ဘုံတရားရုံး၏အနက်ပိုင်းသို့ဦးတည်၍ ထွက်ပြေးခဲ့ကြတော့သည်။
"ငါတို့ ဘယ်နေရာကိုသွားရင် လွတ်မြောက်နိုင်လဲ"
အကြီးအကဲရှင်းက မျက်မှောင်ကြုတ်၍ ပြောဆိုလေ၏။
"အတိတ်တုန်းက ကောင်းကင်ဘုံလမ်းကြောင်းတွေမှာ မိုးကောင်းကင်တာအိုကနေ လမ်းညွှန်ပေးတယ်...ငါတို့ ဒီလိုမျိုး ခေါင်းမရှိတဲ့ယင်ကောင်တွေလို တစ်ခါမှပတ်ပြေးမနေဖူးဘူး"
ဤသည်က လူတိုင်း၏စိတ်အတွင်း၌ ဇဝေဇဝါဖြစ်နေသောအရာပင်။
"အရင်ဆုံး ထွက်ပြေးကြတာပေါ့"
အောင်းကွမ်းက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
ထိုမြူများ၏အရှိန်သည် အလွန်အမင်းမြန်ဆန်ပြီး မြင်ကွင်းအတွင်းရှိ အရာအားလုံးကို ရေခဲရုပ်ထုများအဖြစ် ပြောင်းလဲသွားစေသည်။
ကောင်းကင်ဘုံတရားရုံးအတွင်းရှိ တောက်ပနေသောနန်းတော်အမြောက်အများကို ထိုလေအေးများ ဖြတ်သန်းစီးဆင်းသွားသည်နှင့် တစ်ခုပြီးတစ်ခု ရေခဲရုပ်ထုများအဖြစ် ပြောင်းလဲသွားပေ၏။
သူတို့သည် လမ်းတလျှောက်လုံးပြေးလွှားလာခဲ့ရာ နောက်ဆုံး၌ ကောင်းကင်ဘုံတရားရုံး၏အမြင့်ဆုံးနေရာတွင်ရှိသော ကောင်းကင်ပျံဝဲနန်းတော်သို့ ရောက်ရှိလာသည်။
ဤသည်က အတိတ်မှကောင်းကင်ဘုံဧကရာဇ်၏ နေထိုင်ရာနန်းတော်ပင်။
နတ်ဆိုးများသည် ရှေးဟောင်းကောင်းကင်ဘုံတရားရုံးကို ဖျက်ဆီးခဲ့သည့်တိုင် ဤနန်းတော်အတွင်းရှိ အရာရာတိုင်းအား မဖျက်ဆီးနိုင်ခဲ့ချေ။
တာဟေးသည် သူ၏လက်သည်းများကိုဆန့်ထုတ်၍ ကောင်းကင်ပျံဝဲနန်းတော်၏တံခါးမကြီးအား ဖွင့်လိုက်သည်။
ဘန်း....
မမျှော်လင့်ဘဲ တံခါး၏ထိပ်မှနေ၍ ရွှေရောင်အလင်းတန်းကြီးထွက်ပေါ်လာပြီး တာဟေး၏လက်သည်းကို ပုတ်ထုတ်လိုက်ရာ နောက်သို့လွင့်ထွက်သွားခဲ့သည်။
တာဟေးသည် လက်လျှော့အရှုံးပေးခြင်းမရှိဘဲ ထပ်မံ၍ကြိုးစားသော်လည်း သူ ထပ်မံ၍ လွင့်ထွက်သွားပြန်၏။
လုဝူယာသည် စိုးရိမ်ပူပန်တကြီးဖြင့် သူ၏ခြေထောက်ကိုဆောင့်နင်းပြီး ပြောဆိုသည်။
"ပုံရိပ်ယောင်ကမ္ဘာထဲမှာတုန်းက မင်း ဒီတံခါးကို လွယ်လွယ်လေးဖွင့်နိုင်တယ်လေ...အခု ဘာလို့မရတာလဲ"
တာဟေးသည် ယုံကြည်လက်ခံနိုင်ခြင်းမရှိချေ။သူသည် တံခါးအနီးသို့သွားပြီး အချိန်အတော်ကြာ လေ့လာဆန်းစစ်လိုက်၏။ရုတ်တရက် သူက အံ့အားတသင့်ရေရွတ်လိုက်သည်။
"ဘယ်အချိန်ကစပြီး ဒီတံခါးမှာ စည်းတံဆိပ်တွေ ပိုပြီးရှိသွားတာလဲ"
ကောင်းကင်ပျံဝဲနန်းတော်၏တံခါးမကြီးပေါ်၌ အလွန်ရှုပ်ထွေးသောဝင်္ကပါတစ်ခု အမှန်တကယ်ကိုပင် ရှိနေခဲ့သည်။
ယခုလက်ရှိနေရာ၌ရှိနေသူများအားလုံးအနက် မည်သူမျှ ထိုဝင်္ကပါကို ထွင်းဖောက်မြင်နိုင်ခြင်းမရှိချေ။
လုယွီပင်လျှင် မျက်မှောင်ကြုတ်လိုက်၏။
သူရှေ့ရှိဝင်္ကပါသည် ရှေးဟောင်းအချိန်ကာလများမှ ကျန်ရစ်ခဲ့ပုံရပြီး ရှုပ်ထွေးသည့်ဝင်္ကပါဖွဲ့စည်းပုံ အမြောက်အများ ပါဝင်နေသည်။
အတွေ့အကြုံရှိသော ဝင်္ကပါပညာရှင်ပင်လျှင် ဤဝင်္ကပါအား အချိန်တခဏကြာစူးစိုက်ကြည့်မိရုံဖြင့် မူးဝေမှုကို ခံစားရပေမည်။
အကယ်၍ သူ ဤဝင်္ကပါအား ချိုးဖျက်နိုင်မည်ဆိုလျှင်ပင် အချိန်များစွာ ယူရပေလိမ့်မည်။
"အဲ့ဒီမြူခိုးတွေက လာနေပြီ...မင်းက ဘာလုပ်နေတာလဲ...အမှိုက်ကောင်ပဲ"
လုဝူယာ၏နောက်လိုက်များအနက်မှ တစ်ယောက်သည် တုန်လှုပ်ချောက်ချားစွာဖြင့် အော်ဟစ်လိုက်၏။
တာဟေးက ပြုံးလိုက်သည်။မည်သူမျှ သူ၏လှုပ်ရှားမှုကို မမြင်လိုက်ရသော်လည်း အနက်ရောင်အရိပ်တစ်ခုဖြတ်သန်းသွားပြီးနောက် ထိုအော်ဟစ်လိုက်သူ၏ခေါင်း ချက်ချင်းဆိုသလို မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
"ဆူညံပူညံတွေ မလုပ်ကြစမ်းနဲ့...ငါ ဒေါသထွက်လာရင် မင်းတို့ မြူခိုးတွေကြောင့် ရေခဲရုပ်ထုဘဝမရောက်ခင်မှာပဲ ငါ သတ်လို့သေကုန်လိမ့်မယ်"
တာဟေးက ရက်စက်ကြမ်းကြုတ်သောအပြုံးနှင့် ပြောဆိုသည်။
လုဝူယာ၏မျက်နှာ ရှုံမဲ့နေပေ၏။ခွေးနက်ကြီးသည် ဤမျှထိအစွမ်းထက်မည်ဟု သူ မျှော်လင့်မထားမိချေ။
စောင့်ကြည့်နေရင်းမှပင် မြူခိုးလေအေးများ၏အရှိန်အဝါများက လူအားလုံးပေါ်သို့ သက်ရောက်လာခဲ့သည်။
တာဟေး၏မျက်နှာအမူအယာပင် ပျက်ယွင်းနေပေ၏။
"ငါ့မှာ နောက်ဆုံးချန်ထားတဲ့ အမိန့်စာလွှာ နည်းနည်းတော့ရှိသေးတယ်"
တာဟေးက မလိုလားဟန်ဖြင့် ညည်းညူသည်။
လုယွီက လက်ဝှေ့ယမ်းပြလေ၏။
"မလိုဘူး...ကျုပ် လုပ်မယ်"
Chapter 1645
လုယွီသည် ရုတ်တရက် ရှေ့သို့တိုးပြီး လူအားလုံး၏ရှေ့၌ မတ်တတ်ရပ်လိုက်သည်။
သူ့ရှေ့ရှိမြူခိုးများကိုကြည့်ပြီး လုယွီက သူ၏ပါးစပ်ကိုဖွင့်ဟကာ အသံနက်ကြီးဖြင့်ပြောဆိုသည်။
"စီနီယာ...ကျွန်တော်ရဲ့ကတိကို ဖြည့်ဆည်းပေးပြီးပါပြီ...ကျေးဇူးပြုပြီး ထွက်လာခဲ့ပါ"
သူ၏အသံတွင် လူးလွန့်နေသောမှော်စွမ်းအားများပါဝင်သဖြင့် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပေ၏။
မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် လုယွီ၏အသံအား နေရာအနှံ့အပြားမှ ကြားနိုင်ပေသည်။
ဘုန်း...
လုယွီ စကားပြောဆိုလိုက်သော အချိန်အခိုက်အတန့်တွင် သူတို့ရှေ့ရှိမြူခိုးများ ချက်ချင်းဆိုသလို ရပ်တန့်သွားသည်။
မြူခိုးလေအေးများကြားမှနေ၍ အမျိုးသမီးတစ်ယောက်၏ပုံရိပ် ထွက်ပေါ်လာသည်။သူမသည် အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး သူမ၏ဆံပင်များက မြေပြင်ပေါ်၌ ပြန့်ကျဲနေပေ၏။သူမ၏မျက်လုံးများအတွင်း၌ အမူအယာကင်းမဲ့နေသဖြင့် သူမ မည်သည့်နေရာသို့ကြည့်နေမှန်း မည်သူမျှမသိနိုင်ချေ။
ထိုအမျိုးသမီးကိုမြင်သည်နှင့် လူတိုင်း တုန်လှုပ်ချောက်ချားသွားပေ၏။
"မင်း ရူးနေတာလား...တကယ်လို့ တစ်ယောက်ယောက်ကို ခေါ်ထုတ်ချင်တယ်ဆိုရင်တောင် ဒီလိုနတ်ဆိုးမျိုးကို ခေါ်ထုတ်ရလား"
လုဝူယာသည် သူ၏ခေါင်းကိုငုံပြီး ညည်းတွားပြောဆိုလေ၏။
ထိုအမျိုးသမီးသည် ကောင်းကင်ဘုံလှေကားထစ်များ၌ သူတို့နှင့် တစ်ကြိမ်ဆုံတွေ့ပြီးဖြစ်သည်။လူတိုင်း သူမ၏ခွန်အားကို သိရှိပေ၏။
ယခုလက်ရှိနေရာတွင်ရှိနေသူများအနက် မည်သူကမျှ သူမ၏ပြိုင်ဘက်မဖြစ်နိုင်ချေ။
အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးသည် ခြေလှမ်းတစ်လှမ်းခြင်း လျှောက်လှမ်းလာလေရာ လူတိုင်း သူမ၏ခန္ဓာကိုယ်ပေါ်မှ ရေခဲတမျှအေးစိမ့်သောအရှိန်အဝါနှင့်အတူ ဖိအားလှိုင်းတစ်ရပ်ကိုလည်း ခံစားမိသည်။
ပတ်ဝန်းကျင်ရှိအေးစိမ့်မှုအရှိန်အဝါကြောင့် မည်သူမျှ ထိုအမျိုးသမီး၏အနီးသို့ မချဥ်းကပ်ဝံ့ချေ။
အမြဲတစေစိတ်ကြီးဝင်မောက်မာတက်သော တာဟေးပင်လျှင် အမြှီးကုပ်နေပြီး ထိုအမျိုးသမီး၏မျက်နှာကို စေ့စေ့မကြည့်ဝံ့ပေ။
နှစ်သန်းပေါင်းများစွာ ကုန်လွန်ပြီးလေပြီ။
ကောင်းကင်ဘုံတရားရုံး ပျက်စီးပြိုလဲပြီး အင်မော်တယ်လမ်းကြောင်းလည်း ပျောက်ကွယ်ပြီးဖြစ်သည်။သို့ရာတွင် သူမသည် မဟာမိုးကောင်းကင်ရွှေအင်မော်တယ်တစ်ယောက် ဖြစ်နေပေ၏။
ဤကမ္ဘာလောကကြီးတစ်ခုလုံး၌ သူမသည်သာ တစ်ဦးတည်းကျန်ရစ်သော မဟာမိုးကောင်းကင်ရွှေအင်မော်တယ်ပင်။
လုယွီသည် ဖိအားအရှိန်အဝါကို ခံစားမိသည်နှင့် သူ၏နောက်၌ ထမ်းပိုးထားသော လီချမ်၏အရိုးစုကို အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးထံ ပေးအပ်လိုက်သည်။
"လီချမ်က စီနီယာ သူ့ကိုစောင့်နေမယ်ဆိုတာ သိပြီးသားပါ...ဒါပေမယ့် သူက တိုက်ဆိုင်မှုတစ်ခုနဲ့ ကြုံတွေ့ပြီး မတော်တဆတက်လှမ်းခဲ့ရတယ်...သူက စီနီယာကို အချိန်အကြာကြီး မစောင့်ဆိုင်းစေချင်ဘူး...ဒါကြောင့် သူက သူ့ရဲ့အနာဂတ်ကံကြမ္မာကိုစွန့်လွှက်ပြီး စီနီယာတက်လှမ်းနိုင်ဖို့ ဆင့်ခေါ်အဆောင်လက်ဖွဲ့နဲ့ လဲလှယ်ခဲ့တယ်"
"ဒါပေမယ့် သူက မိုးကြိုးပင်လယ်ရဲ့အလယ်ဗဟိုကိုအရောက်မှာ ထပ်ပြီးဆက်မသွားနိုင်တော့ဘူး...ကျွန်တော်က သူ့ရဲ့အရိုးစုကို ပြန်ယူဆောင်လာခဲ့တယ်...ဒါက ကျွန်တော် စီနီယာကိုပေးခဲ့တဲ့ကတိကြောင့်မဟုတ်ဘူး...သူက ကျွန်တော်ရဲ့မိတ်ဆွေဖြစ်နေလို့ပဲ"
လုယွီသည် အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးအားကြည့်ပြီး ဖြစ်စဥ်တစ်ခုလုံးကို ရှင်းပြလိုက်၏။
"ဆင့်ခေါ်အဆောင်လက်ဖွဲ့ကတော့...."
"ဆင့်ခေါ်အဆောင်လက်ဖွဲ့က နင့်ရဲ့ခန္ဓာကိုယ်ပေါ်ကို ရောက်သွားမှတော့ ဒါက နင့်ရဲ့အပိုင်ပဲ...ငါ ပြန်ယူမှာမဟုတ်ဘူး"
အမျိုးသမီးသည် ရှေ့သို့တိုးပြီး သူမ၏လက်ဖြင့် လီချမ်၏အရိုးစုအား ထွေးပွေ့လိုက်သည်။သူမ၏မျက်လုံးအတွင်း၌ ချစ်မြတ်နိုးမှုများ ကြေကွဲဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေသည်။
သူမသည် လီချမ်၏အရိုးစုကို သူမ၏နောက်ကျော၌ ထမ်းပိုးလိုက်၏။ဤမြင်ကွင်းကိုကြည့်ရသည်မှာ အလွန်ထူးဆန်းသော်လည်း မည်သူမျှ စကားတစ်လုံးမှမဆိုဝံ့ကြချေ။
"လီချမ်ကို စီနီယာဆီ ပြန်ပေးပြီးပြီဆိုမှတော့...စီနီယာနဲ့ကျွန်တော်ကြားက ကံကြမ္မာကြွေးလည်း အဆုံးသတ်သွားပြီ"
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
ထိုစကားကိုကြားသည်နှင့် လူတိုင်း အံ့အားသင့်တုန်လှုပ်သွားသည်။
လုဝူယာတို့လူစုသည် သူတို့၏စိတ်နှလုံးသားအတွင်းမှနေ၍ လုယွီအား ကျိန်ဆဲနေကြ၏။
'မင်း ဒီထက်ပိုပြီး ယဥ်ယဥ်ကျေးကျေးပြောလို့ မရဘူးလား...အဲ့ဒီအမျိုးသမီးက တကယ့်ကို ပြိုင်ဘက်ကင်းအစွမ်းထက်တဲ့သူ...တကယ်လို့ မင်း သူစိတ်ဆိုးအောင်လုပ်မိရင်...ငါတို့အားလုံးတစ်ယောက်မှ အသက်ရှင်ရက်ကျန်မှာမဟုတ်ဘူး"
အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးသည် ရုတ်တရက် လုယွီကိုကြည့်ပြီး ပြောဆိုလေသည်။
"နင်တို့အားလုံး အခုထွက်သွားလို့ မရသေးဘူး"
ဘာ...
ထိုစကားသံကိုကြားသည်နှင့် လူတိုင်း၏စိတ်နှလုံးသားများ လေးလံသွားသည်။
လုဝူယာက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"လုယွီ...တကယ်လို့ ငါတို့သေရရင်...အကုန်လုံးက မင်းရဲ့အပြစ်ကြောင့်ပဲ"
လုယွီသည် တခြားသူများကိုလျစ်လျူရှုထားပြီး အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးအား မေးမြန်းသည်။
"စီနီယာ ဘာများလိုအပ်တာရှိသေးလို့လဲ"
အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးက ပြောဆိုလေ၏။
"နင့်ရဲ့နောက်မှာရှိတဲ့နန်းတော်က နင် ကျင့်ကြံဖို့အတွက် နောက်ဆုံးနေရာပဲ...အဲ့ဒီနေရာကို ငါ့အတွက် ကောင်းကင်ဘုံတရားရုံးမှာနောက်ဆုံးကျန်ရစ်ခဲ့တဲ့ မဟာမိုးကောင်းကင်ရွှေအင်မော်တယ်တွေက ပြင်ဆင်ပေးထားခဲ့တာ....ငါ ဒီနေရာကိုရောက်တာနဲ့ သူတို့က ကံကြမ္မာကောင်းတစ်ခု ငါ့ကို လက်ဆင့်ကမ်းပေးခဲ့တယ်"
ပတ်ဝန်းကျင်မှနေ၍ ရုတ်တရက် လေအေးရှိုက်သွင်းသည့်အသံများ ထွက်ပေါ်လာသည်။
မဟာမိုးကောင်းကင်ရွှေအင်မော်တယ်များမှ လက်ဆင့်ကမ်းပေးခဲ့သော ကံကြမ္မာကောင်းဟူသည်မှာ မည်ကဲ့သို့သောအရာဖြစ်သနည်း။
အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးသည် သူမ၏လက်ကိုမြှောက်၍ ကောင်းကင်ပျံဝဲနန်းတော်၏တံခါးမကြီးကို ရိုက်နှက်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် ကောင်းကင်ပျံဝဲနန်းတော်အတွင်းမှနေ၍ မြောက်မြားစွာသော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပေ၏။
Thank For Reading.