မင်းကိုရှင်းဖို့ ငါက သက်သေလိုအပ်နေလို့လား
Vol. 41 Ch. 610
ဟော့ပုဖန်သည် ဤကဲ့သို့သော ကိစ္စမျိုးကို တစ်ကြိမ်မက လုပ်ခဲ့ပြီးပြီဖြစ်၏။
ဩဇာအာဏာကြီးမားသော ထိပ်တန်းအနုပညာရှင်တစ်ယောက်အနေနှင့် ဟော့ပုဖန်တွင် အဖော်ပြုပေးမည့် မိန်းမမရှားပေ။ ဖုန်းတစ်ချက်ဆက်လိုက်သည်နှင့် သန်းပေါင်းများစွာသော သူ့ပရိသတ်များမှာ သူ့အတွက် တန်းစီနေပေလိမ့်မည်။
သို့သော် သူ့ပုံရိပ်ကို ထိန်းသိမ်းထားရန်အတွက် လူကြီးလူကောင်းတစ်ယောက်၏ ဟန်ပန်ကို ဖန်တီးထားပြီး အမျိုးသမီးအနုပညာရှင်များနှင့်ပင် သင့်တော်သောအကွာအဝေးတစ်ခုကို ထိန်းသိမ်းခဲ့သည်။ လူကြီးလူကောင်းဆန်လှသော "လက်"ဟုခေါ်သည့် သူ့လက်ကို အများပြည်သူကပင် အကြိမ်ပေါင်းများစွာ ချီးကျူးခဲ့ကြသည်။
သို့သော် သူသည် အသက်ကြီးသော မိန်းမများကို သဘောမကျကြောင်း မည်သူမှ မသိခဲ့ကြပေ။ သူ့အကြိုက်ဆုံးပုံစံမှာ ယခုမှ ကျောင်းပြီးခါစမိန်းမငယ်လေးများပင်။ အသက်ငယ်လေ သူ ပိုပြီးစိတ်လှုပ်ရှားလေလေပင်။
သီချင်းဗီဒီယိုများတွင်ဖြစ်စေ ရုပ်ရှင်များအတွက် ဇာတ်ကောင်ရွေးချယ်ရာတွင်ဖြစ်စေ သူ့တွင် လှည့်ကွက်များစွာရှိသည်။ သူသည် ဘားကိုသွားရတာလည်း သဘောကျသည်။ ထိုနေရာတွင် မိန်းကလေးတော်တော်များများကို အသာလေးဆွဲဆောင်နိုင်သည်။ တစ်ခါတစ်ရံတွင် သူသည် ဝေးပေါ်တွင် သူ့သားကောင်ကို အမဲလိုက်လေ့ရှိပြီး အနုပညာရှင်သော သူ့အရှိန်အဝါကိုအသုံးချ၍ ချဉ်းကပ်တတ်သည်။
ဤအရှိန်အဝါကြောင့်ပင် မိန်းကလေးအများစုက သူ့ထောင်ချောက်ထဲသို့ သက်ဆင်းလာကြသည်။ အကြောင်းမှာ ထိပ်တန်းအဆင့် အနုပညာရှင်တစ်ယောက်၏ ချစ်သူဖြစ်ရခြင်းမှာ ကြွားဝါ၍ကောင်းသော အရာတစ်ခုပင်။ လူသိရှင်ကြားမကြေညာနိုင်သည့်တိုင် ဝင့်ကြွားချင်သည့် သူတို့စိတ်ကိုတော့ ကျေနပ်အားရစေမည်သာ။
တစ်ခါတလေတွင် ခဲရာခဲဆစ်နိုင်သော မိန်းကလေးများနှင့်လည်း ကြုံရတတ်သည်။ ဟော့ပုဖန်၏နည်းလမ်းများကလည်း ပိုရက်စက်လာပြီး ဘာအကြောင်းကြောင့်မှ မရပ်တန့်နိုင်သည်အထိပင်။
တကယ်တမ်းတွင် အလားတူဖြစ်ရပ်များစွာ ပေါ်ပေါက်ခဲ့ဖူးသော်လည်း ဟော့ပုဖန်၏စတူဒီယိုက လူထုဆက်ဆံရေးဌာနကို အမြန်ကိုင်တွယ်စေပြီး ငွေဖြင့် ဖြေရှင်းလိုက်လေ့ရှိသည်။
ဖျော်ဖြေရေးလောကထဲရှိ ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက်အနေနှင့် သူ့နှစ်စဉ်ဝင်ငွေကို ဘီလီယံနှင့်ချီ၍ တွက်ချက်ရသည်။ ထို့ကြောင့် သူ့အနေနှင့် ဤပြဿနာများအတွက် သိန်းဂဏန်း သို့မဟုတ် သန်းဂဏန်းလောက် သုံးလိုက်ရခြင်းမှာ မပြောပလောက်ပေ။
ဤတစ်ခေါက်တွင်လည်း သူသည် ပုံမှန်အတိုင်း "ကိုယ်လုပ်တော်ရွေးချယ်ခြင်း"လုပ်ငန်းစဉ်ကို စတင်ခဲ့ပြီး ကျောင်းပြီးခါစ ချိုမြိန်သောမျက်နှာလေးနှင့် အရပ်ခပ်ရှည်ရှည် ချန်ပင်းနင်က သူ့သားကောင်ဖြစ်လာခဲ့သည်။
သို့သော် သကာရည်လောင်းထားသော သူ့လှည့်ကွက်များ ချန်ပင်းနင်ရှေ့တွင် လုံးဝအသုံးမဝင်ဖြစ်သွားလိမ့်မည်ဟုတော့ ထင်မထားပေ။
လုရီယောင်၏သူငယ်ချင်းဖြစ်သည့်အတွက် ချန်ပင်းနင်မှာ အရင်းအမြစ်အမြောက်အများကို သွယ်ဝိုက်သောနည်းဖြင့် ရရှိခဲ့သည်။ အိမ်လိုချင်သလား။ ကျန်းမု်န့လောင်က ကျန်းနန်မြို့ထဲတွင် သူ(မ)ကို တိုက်ခန်းကြီးတစ်လုံး ပေးထားပြီးသားပင်။ ထိုတိုက်ခန်းမှာ တန်ဖိုးအားဖြင့် တစ်စတုရန်းမီတာလျှင် တစ်သိန်းခန့်ရှိပြီး အကျယ်အဝန်းကလည်း နှစ်ရာစတုရန်းမီတာရှိ၏။
ကားလိုသလား။ နှစ်သန်းတန်သော Maseratiကားက သူ(မ)၏နေ့စဉ်စီးတော်ယာဉ်ဖြစ်လာသည်။ ထို့ပြင် ကျန်းမုန့်လောင် သူ(မ)ကိုပေးထားသော အကန့်အသတ်မရှိ ဓာတ်ဆီနှင့် ယာဉ်ထိန်းသိမ်းခကတ်များကြောင့် သူ(မ)အနေနှင့် တစ်ပြားတစ်ချပ်မှပင် ထုတ်မသုံးခဲ့ရပေ။
ထို့ပြင် လက်ဝတ်ရတနာအမျိုးမျိုးလည်း ရှိသေးသည်။ လုရီယောင်လောက်တော့ မခမ်းနားသော်လည်း အမေရိကန်ဒေါ်လာသောင်းဂဏန်းလောက်ရှိသည့် နားဆွဲများနှင့် လည်ဆွဲများလည်း အများကြီးရှိသည်။ ဟော့ပုဖန်၏ ပုံမှန်ဖြားယောင်းနည်းများမှာ သူ(မ)အပေါ် သက်ရောက်မှုမရှိချေ။
ချမ်းချမ်းသာသာကြီးပြင်းလာရခြင်းမှာ ဤသို့သော အကျိုးသက်ရောက်မှုမျိုးကို ရစေသည်။ ဟော့ပုဖန်ဘက်က ဆယ်ဆမတိုးသရွေ့တော့ သူ(မ)အတွက် ဘာအဓိပ္ပာယ်မှမရှိချေ။
တကယ်တော့ ချန်ပင်းနင်လည်း နားမလည်နိုင်ဖြစ်ရသည်။ သူ(မ)မှာ ဟော့ပုဖန်၏ပရိသတ်ဖြစ်လာခဲ့သည်မှာ ငါးနှစ်ခြောက်နှစ်ခန့်ရှိပြီဖြစ်၏။ သူ(မ)၏စိတ်ထဲတွင် ဟော့ပုဖန်က ထူးချွန်ထက်မြက်သူတစ်ယောက်ဖြစ်သောကြောင့် ယနေ့ အမျိုးသမီးဇာတ်ဆောင်ရွေးချယ်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းပင်။ သို့သော် ဟော့ပုဖန်၏ အခြားစရိုက်တစ်မျိုးကို တွေ့လိုက်ရလိမ့်မည်ဟု သူ(မ ) ထင်မထားပေ။
ချန်ပင်းနင်သည် ခိုင်မာသောစည်းမျဉ်းများကို ကိုင်စွဲထားသည့် မိန်းကလေးတစ်ယောက်ပင်။ ထိုသို့သော အခြေအနေမျိုးနှင့် ကြုံတွေ့ရချိန်တွင် ချက်ချင်းလှည့်ပြန်ရန် ဆုံးဖြတ်လိုက်သော်လည်း တစ်ဖက်လူ၏နည်းလမ်းက အလွန်စက်ဆုပ်ရွံရှာဖို့ကောင်းနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူ(မ)မှာ ဘာမှမတုံ့ပြန်နိုင်တော့ဘဲ သတိလစ်သွားခဲ့ရသည်။
"မစ္စတာကျန်း.. ခင်ဗျား ကျွန်တော့်ရဲ့စတူဒီယိုကို လာလိမ့်မယ်လို့ ထင်မထားဘူး။ ကျွန်တော် ခင်ဗျားကို လေးစားနေတာကြာပါပြီ"
ဟော့ပုဖန်က ဘောင်းဘီကို အမြန်ဆွဲတင်ကာ သူ့ရွှေရောင်အပ်မှိုလေးကို အမြန်ဖုံးကွယ်လိုက်သည်။
ကျန်းမုန့်လောင်ဆိုသည်မှာ မည်သူနည်း။ တစ်နှစ်ကျော်ကြာအောင် သတင်းမွှေးနေခဲ့သည့် ကျန်းမုန့်လောင်အကြောင်းကိုမှ မသိလျှင် သူသည် လူ့အဖွဲ့အစည်းကြီးနှင့် အဆက်အသွယ်ပြတ်နေပြီဟု ဆိုနိုင်သည်။ ကျန်းမုန့်လောင်ဆိုသည်မှာ ခန့်မှန်း၍မရနိုင်သော လူတစ်ယောက်ပင်။ သူသည် ပုံမှန်စည်းမျဉ်းများနှင့် သွေဖည်နေပြီး နက်နဲလှသော အတွေးများကိုလည်း ပိုင်ဆိုင်ထားသည်။
တစ်ခါတလေတွင် သူသည် စည်းစိမ်ဖြုန်းနေသော လူကု့ထံသူဌေးသားတစ်ယောက်နှင့် တူသော်ငြား တစ်ခါတစ်ရံတွင် တရားမျှတမှုဖြင့် ပြည့်စုံသော ဒေါသူပုန်ထနေသည့် လူငယ်လေးတစ်ယောက်နှင့် တူပြန်သည်။ ကျန်းမုန့်လောင် ယနေ့ ဤနေရာသို့ ဘာကြောင့်ရောက်လာရသလဲဆိုသည်ကို ဟော့ပုဖန် နားမလည်နိုင်ပေ။ ပူးပေါင်းဆောင်ရွက်မှုတစ်ခုခုရှိလို့လား။ သို့တည်းမဟုတ် ဖြတ်သွားဖြတ်လာကြုံကြိုက်ခြင်းလေလား။
ချန်ပင်းနင်က ကျန်းမုန့်လောင်နှင့် ဆက်ဆံရေးတစ်ခုခုများ ရှိနေလေသလား။
ဤဖြစ်နိုင်ခြေကို တွေးမိသောအခါ ဟော့ပုဖန်တစ်ယောက် တုန်ယင်သွားရသည်။ ချန်ပင်းနင်ကသာ ကျန်းမုန့်လောင်၏ချစ်သူဖြစ်နေပါက သူတော့ ကိစ္စတုံးလေပြီ။
ပြီးခဲ့သည့်တစ်ခေါက်တုန်းက ကျန်းမုန့်လောင်နှင့် ဝမ်လင်တို့မှာ ဝမ်ယိဂီတထုတ်လုပ်ရေး၏ သူဌေးကို အလားတူဖြစ်ရပ်ဖြင့် လက်ပူးလက်ကြပ်ဖမ်းမိပြီးနောက် ထိုလူမှာ ထောင်နန်းစံခဲ့ရသည်။ ထို့ပြင် ဝမ်ယိဂီတကုမ္ပဏီမှာ ဝမ်ယိအနှိပ်ခန်းအဖြစ် ပြောင်းလဲသွားရသည်။ သူ့စတူဒီယိုလေးက ဝမ်ယိဂီတကုမ္ပဏီလောက်တောင် မကြီးပေ။
"ဝတ်မနေနဲ့တော့။ ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့ပဲပင်ပေါက်လေးကို ငါ သေချာတောင်မမြင်ရဘူး"
ကျန်းမုန့်လောင်က အထင်သေးဟန်ဖြင့် ပြောလိုက်၏။
"အာ.. အရပ်ကဖြင့် တစ်မီတာရှစ်ဆယ်ကျော်လောက်ရှိတာကို။ ကြည့်ရတာတော့ ရှိသမျှအကုန်လုံးက အရပ်အမောင်းထဲမှာ စုပြုံသွားပုံပဲ"
ဟော့ပုဖန်၏မျက်နှာကြွက်သားများမှာ တွန့်ရှုံ့သွားလေတော့သည်။ ယခင်တုန်းက မိန်းမတော်တော်များများက မိမိသဘောဆန္ဒအလျောက် သူ့ကို တကယ်သဘောကျသလို ဟန်ဆောင်ပေးခဲ့ကြသဖြင့် သူလည်း သူ့ကိုယ်သူ အထင်ကြီးဖို့ကောင်းသည်ဟု ယုံကြည်ခဲ့သည်။ အစောတုန်းက ကျန်းမုန့်လောင်ကြားလိုက်ရသည့်စကားမှာ သူ့ပုံမှန်အဖွင့်စကားတစ်ခွန်း ဖြစ်လာခဲ့သည်။
"အဲဒီကြွက်လိုကောင် တင်းမျိုးရိုးကတောင် မင်းထက် နှစ်ဆလောက်သာသေးတယ်။ အဖြစ်ဆိုးလိုက်တာနော်.."
ထိုအခိုက်ဝယ် လူတစ်စုက အခန်းထဲသို့ ရုတ်တရက်ဝင်ရောက်လာသဖြင့် ဟော့ပုဖန်ခမျာ ဘောင်းဘီကျွတ်ကျတော့မတတ် ထိတ်လန့်သွားရသည်။
"ပင်းနင်"
ချန်ပင်းနင်၏ ဖိုသီဖတ်သီဖြစ်နေဟန် အသွင်အပြင်ကို မြင်သောအခါ လုရီယောင်နှင့် စွန်းရော့ဝမ်တို့ကလည်း သူ(မ)အနားသို့ ဝိုင်းထားလိုက်ကြသည်။
ချန်ပင်းနင်ကမူ ဆေးအရှိန်ကြောင့် မူးဝေနေဆဲပင်။
ကျန်းမုန့်လောင်နှင့်အတူ ထူးရှယ်နတ်ဘုရားကျောင်းတော်တွင် ပညာတချို့သင်ယူထားသဖြင့် လုရီယောင်သည် သူ(မ)၏အစွမ်းဖြင့် ချန်ပင်းနင်၏ခန္ဓာကိုယ်ထဲမှ မူးယစ်ဆေးများကို တိတ်တဆိတ်သန့်စင်ပေးလိုက်ပြီး သူ(မ)၏ဇီဝလျှပ်စစ်ကိုသုံးကာ သတိပြန်လည်လာအောင် လုပ်ပေးလိုက်၏။
လူအုပ်ကြီးထံမှ အဝိုင်းခံထားရသည့်အတွက် ချန်ပင်းနင်လည်း သူ(မ)၏အခြေအနေကို သဘောပေါက်လိုက်ချိန်ဝယ် စိတ်ဓာတ်ကျသွားပြီး လုရီယောင်နှင့် စွန်းရော့ဝမ်တို့၏ ရင်ခွင်ထဲ၌ ခေါင်းမြှုပ်ထားကာ ခပ်တိုးတိုးငိုရှိုက်နေတော့သည်။
"ဒီအထဲကို ဘယ်လိုလုပ်ပြီး အတင်းဝင်လာတာလဲ။ အကုန်ထွက်ကြ"
ဤမြင်ကွင်းကြောင့် ဟော့ပုဖန်နှင့် သူ့အေးဂျင့်တို့မှာ ထိတ်လန့်ကုန်ကြသည်။ ကာယကံရှင်များသာ ရှိနေသည်ဆိုလျှင် တစ်ခုခုဖြစ်ခဲ့သည့်တိုင် ကိုင်တွယ်၍ရနိုင်သေးသည်။ သို့သော် အပြင်လူများပါ ပါဝင်ပတ်သက်လာလျှင်မူ အခြေအနေတစ်ခုလုံးကို ထိန်းချုပ်၍မရနိုင်တော့ပေ။
သို့သော် သူတို့ထင်မှတ်မထားသည်မှာ လုံခြုံရေးဝန်ထမ်းများက ဟော့ပုဖန်၏အမိန့်ကို လုံးဝမလိုက်နာဘဲ တုတ်တုတ်မျှပင် မလှုပ်ကြပေ။
"မစ္စတာကျန်း.. မန်နေဂျာက ကျွန်တော်တို့ကို ခင်ဗျားရဲ့လုံခြုံရေးအတွက် လွှတ်လိုက်တာပါ။ ကျွန်တော်တို့ကို အမိန့်ပေးလိုက်ပါ"
လုံခြုံရေးခေါင်းဆောင်က တလေးတစားပြောလိုက်၏။
ပုံမှန်ဆိုလျှင် သူတို့အနေနှင့် ဟော့ပုဖန်၏စတူဒီယိုကို ပြဿနာမရှာရဲပေ။ သို့သော် သူ့သူဌေးက ဤအဆောက်အအုံတစ်ခုလုံးကို ကမ္ဘာ့အချမ်းသာဆုံးလူ ကျန်းမုန့်လောင်ပိုင်ကြောင်း အစောကပင် ပြောပြခဲ့သည်။ ဟော့ပုဖန်၏စတူဒီယိုက ကျန်းမုန့်လောင်လောက် ဩဇာညောင်းနိုင်မည်လား။ ဘယ်ဘက်ကိုရွေးမလဲဆိုသည်ကို စဉ်းစားနေစရာပင် မလိုပေ။
"တံခါးတွေပိတ်ထားလိုက်။ ဒီနေရာမှာ ဘာဖြစ်ခဲ့တယ်ဆိုတာ ဘယ်သူမှပြောခွင့်မရှိဘူး။ ဒီနေ့ဖြစ်ခဲ့တဲ့ကိစ္စကို သိထားတဲ့လူတွေလည်း အလွတ်မပေးဘူး။ ဒီအခန်းရဲ့စောင့်ကြည့်မှတ်တမ်းကို ဖျက်ပစ်လိုက်"
"ဟုတ်ကဲ့ မစ္စတာကျန်း"
လုံခြုံရေးခေါင်းဆောင်က အမိန့်အတိုင်း ဆောင်ရွက်ရန် ချက်ချင်းထွက်သွားသည်။
"မုန့်လောင်… အဲဒီမှတ်တမ်းတွေကို ဘာလို့ဖျက်ပစ်မှာလဲ။ အဲဒါက သက်သေတွေလေ"
လုရီယောင်က အထိတ်တလန့်ပြောလိုက်သည်။
"သေချာစဉ်းစားကြည့်။ ဘာကပိုအရေးကြီးလဲ။ သက်သေလား။ ဒါမှမဟုတ် ဒီကောင်မလေးရဲ့ဂုဏ်သိက္ခာလား"
ကျန်းမုန့်လောင်က စီစီတီဗီကို လက်ညှိုးထိုးပြ၍ ပြောလိုက်သည်။
"ဒီလိုအခြေအနေမျိုးမှာ ဓာတ်ပုံတွေ ဗီဒီယိုတွေနဲ့ ခြိမ်းခြောက်ခံရပြီး ကြောက်လို့မပြောရဲကြတဲ့လူတွေ ဘယ်နှယောက်တောင်ရှိလဲ။ ချန်ပင်းနင်ရဲ့ ဒီမှတ်တမ်းကို ဥပဒေစိုးမိုးရေးအဖွဲ့ဝင်တွေအပါအဝင် ဘယ်သူ့ကိုမှ မမြင်စေချင်ဘူးမလား"
"ဒါပေမဲ့.."
"မစ္စတာကျန်း ကျွန်တော် မှတ်တမ်းတွေကို ဖျက်ပြီးပါပြီ"
လုံခြုံရေးခေါင်းဆောင်က အလွန်လက်မြန်ခြေမြန်ရှိ၏။
"ကောင်းတယ်"
ကျန်းမုန့်လောင်က ဟော့ပုဖန်ဘက်သို့ လှည့်လိုက်သည်။
"ဒီနေ့ဖြစ်ခဲ့တဲ့ကိစ္စကို ရှင်းပြစမ်း"
အစတုန်းက ထိတ်လန့်နေခဲ့သော ဟော့ပုဖန်ခမျာ ကျန်းမုန့်လောင်က မှတ်တမ်းဖိုင်များကို တကယ်ဖျက်ပစ်လိုက်ပြီဖြစ်ကြောင်း ကြားလိုက်ရချိန်တွင် ရဲရင့်လာသည်။
ကျန်းမုန့်လောင်က ဤမျှအရေးကြီးသော သက်သေခံဖိုင်များကို တကယ်ဖျက်ခိုင်းလိမ့်မည်ဟု သူ ထင်မထားပေ။
ဒီလူ ရူးနေတာလား။ ပေါက်ကြားသွားမည်ကို ကြောက်နေပါက မူရင်းဖိုင်ကိုဖျက်ပစ်ပြီး ကော်ပီဖိုင်ကို သိမ်းထား၍ရသည်မဟုတ်လား။ ယခုတော့ သူ့ဘက်က ငြင်းနေသရွေ့ သက်သေကလည်း မရှိတော့သဖြင့် ဖျော်ဖြေရေးလောကထဲရှိ လူကြီးလူကောင်းဆန်သော သူ့ပုံစံကြောင့် မည်သူကမှ သူ့ကို ယခုလိုလူစားမျိုးဖြစ်ကြောင်း ယုံကြည်ကြမည်မဟုတ်ချေ။
"မစ္စတာကျန်း.. ကျွန်တော်တို့ ညှိနှိုင်းလို့ရနေတုန်းမှာ အဖြေတစ်ခုရှာတာ ပိုကောင်းလိမ့်မယ်ထင်တယ်"
ဟော့ပုဖန်က ပြောလိုက်သည်။
"ဘာမှညှိနှိုင်းနေစရာမလိုဘူး"
ကျန်းမုန့်လောင်က ဆက်ငြင်းခုံချင်ဟန်မရှိသော လေသံဖြင့် ပြောလိုက်သည်။
"မင်းလုပ်ခဲ့တာတွေကို ဝန်ခံလိုက်။ အနုပညာလောကထဲက အနားယူတော့မယ်လို့ ကြေညာပြီး ကိုယ်တိုင်အဖမ်းခံလိုက်။ အဲဒါက မင်းရဲ့တစ်ခုတည်းသောလွတ်လမ်းပဲ"
"မစ္စတာကျန်း… ကျွန်တော့်ဘက်က ဆွေးနွေးမယ်ဆိုတဲ့စကားက လေးစားမှုပြတဲ့သဘောပါ။ အခု ခင်ဗျားမှာလည်း ဘာသက်သေမှမရှိတော့ဘူး။ ဒီတော့ နှစ်ဦးနှစ်ဖက် ရန်မလိုတာ ပိုကောင်းမယ်ထင်တယ်နော်။ ကျွန်တော့်ပရိသတ်တွေရဲ့အင်အားက ခင်ဗျားရဲ့ငွေနဲ့ အနိုင်ယူလို့ရတဲ့အရာမျိုးမဟုတ်ဘူး"
"ဪ တကယ်လား"
ကျန်းမုန့်လောင် ရယ်လိုက်မိသည်။
"မင်းက သက်သေလိုချင်တာလား။ ဒါပေမဲ့ ငါက မင်းကို ဆွဲချဖို့အတွက် သက်သေလိုအပ်နေတယ်လို့များ မင်း တကယ်ထင်နေတာလား"
*******************