← Chapters

ငါက ဖျော်ဖြေရေးလောကရဲ့ စည်းကမ်းထိန်းသိမ်းရေးတာဝန်ခံပဲ

Vol. 41 Ch. 611

ငါက ဖျော်ဖြေရေးလောကရဲ့ စည်းကမ်းထိန်းသိမ်းရေးတာဝန်ခံပဲ

Vol. 41 Ch. 611

"ချန်ပင်းနင်.. ငိုနေလို့ ဘာပြဿနာမှမပြေလည်သွားဘူးနော်။ မင်းက ရီရီရဲ့သူငယ်ချင်းမို့လို့ ငါ ဒီကိစ္စကို အဆုံးအထိ ဖြေရှင်းပေးမယ်"

ကျန်းမုန့်လောင်က ချန်ပင်းနင်အနားသို့ လျှောက်သွားကာ ပြောလိုက်သည်။

ချန်ပင်းနင်လည်း အငိုတိတ်သွားလေသည်။ လူတော်တော်များများက ယခုလိုအခြေအနေမျိုးတွင် ကြံရာမရဖြစ်တတ်ကြသည်။ အထူးသဖြင့် တစ်ဖက်လူက ဩဇာအာဏာကြီးမားပြီး လွှမ်းမိုးချုပ်ကိုင်နိုင်သော မိသားစုမှ ဆင်းသက်လာသူဖြစ်နေလျှင် ဤကိစ္စကို ရှေ့ဆက်လည်း အဖြေမပေါ်ဘဲ အဆုံးသတ်သွားတတ်သည်။

သို့သော် သူ(မ)ကတော့ မတူပေ။ သူ(မ)၏သူငယ်ချင်းက ကမ္ဘာ့အချမ်းသာဆုံးလူ၏ချစ်သူပင်။ သူ့အမြင်မှာတော့ ဤကမ္ဘာပေါ်တွင် သူမဖြေရှင်းနိုင်သော ကိစ္စဟူ၍ မရှိပေ။ ထိုလူများနှင့်ယှဉ်လျှင် သူ(မ)က အလွန်ကံကောင်းသည်။

"ငါ တစ်ခုလောက်ပဲမေးချင်တယ်။ မင်းရဲ့ဆုံးဖြတ်ချက်ကိုလည်း လေးစားပါတယ်။ မင်းသာ ဒီကိစ္စကို တိတ်တဆိတ်ဖြေရှင်းချင်တယ်ဆိုရင် တန်ဖိုးတစ်ခုသာပြောလိုက်။ မင်းအတွက် ရအောင်လုပ်ပေးမယ်။ ဒီကိစ္စကို ဆက်ဖြေရှင်းချင်တယ်ဆိုရင်လည်း သူ့ကို ထောင်ထဲဝင်ရအောင် လုပ်ပေးမယ်။ ပြီးတော့ မင်းနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တစ်ခုမှ မပေါက်ကြားစေရဘူးလို့ အာမခံတယ်"

အခန်းတစ်ခုလုံး ရုတ်ခြည်းတိတ်ဆိတ်သွားသည်။ ဟော့ပုဖန်ကလည်း ချန်ပင်းနင်၏တုံ့ပြန်မှုကို စောင့်နေသည်။ ကျန်းမုန့်လောင်က မည်မျှအထိ အင်အားကြီးမားသလဲဆိုသည်ကို သူ ကောင်းကောင်းသိသည်။ ယခုအချိန်အထိ သူ့ကို အနိုင်ယူနိုင်သူဟူ၍ တစ်ယောက်မှမရှိသေးချေ။ အကယ်၍ သူ့ဘက်ကသာ တိတ်တဆိတ်ဖြေရှင်းရန် ရွေးချယ်လိုက်ပါက ပမာဏက အဓိပ္ပာယ်မရှိသည့်ပမာဏမဟုတ်လျှင် သူ့ဘက်ကလည်း ထိုပြဿနာကို မြန်မြန်ရှင်းလိုက်မည်သာ။

ကျန်းမုန့်လောင်ကသာ သူပြောသည့်အတိုင်း အဆုံးအထိ ဆက်သွားမည်ဆိုပါက ဟော့ပုဖန်အနေနှင့် အခြားနည်းလမ်းများကိုပါ ထုတ်သုံးရပေလိမ့်မည်။ ကျန်းမုန့်လောင်က မည်မျှပင်အစွမ်းထက်နေပါစေ သူကတော့ မတိုက်ခိုက်ဘဲ အရှုံးပေးမည်မဟုတ်။

သူ့တွင် ပရိသတ်သန်းငါးဆယ်ကျော်ရှိပြီး သူ့ဩဇာအာဏာမှာ အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ သူ့ဂုဏ်သတင်းကို ထိခိုက်လာသည့် မည်သူမဆို အမှန်တရားပင်ဖြစ်လင့်ကစား သူ့ပရိသတ်များက ခိုင်မာသောသက်သေမပါမချင်း အပြင်းအထန်တုံ့ပြန်ကြမည်သာ။

သို့သော် ဤတစ်ခေါက်တွင် သတင်းအချက်အလက်အားလုံးကို ကျန်းမုန့်လောင်ကိုယ်တိုင် ရှင်းလင်းပစ်လိုက်ပြီဖြစ်ရာ ဘာသက်သေအထောက်အထားမှ မစုဆောင်းနိုင်တော့ပေ။ သို့ဖြစ်လေရာ ခိုင်လုံသောသက်သေက ဘယ်ကရလာမည်နည်း။

အခြားနစ်နာသူများကို ကျန်းမုန့်လောင် ရှာနိုင်ခဲ့လျှင်ပင် သဲလွန်စအမြောက်အများကို ရှင်းလင်းပြီးဖြစ်သဖြင့် သက်သေထွက်ဆိုရန် ဆန္ဒရှိသူများကလည်း အနည်းငယ်သာ ရှိလိမ့်မည်။

ထို့ပြင် ကျန်းမုန့်လောင်၏စရိုက်ကို ထည့်သွင်းစဉ်းစားမည်ဆိုပါက ထိုမိန်းကလေးများကို ဆိုရှယ်မီဒီယာတွင် ထုတ်ဖော်ခြင်းမပြုဖို့သာ သူမျှော်လင့်မိသည်။

ထို့ကြောင့် ကျန်းမုန့်လောင်ဘက်က အဆုံးအထိသွားချင်လျှင်ပင် ဟော့ပုဖန်အနေနှင့် အရှုံးပေးစရာမလိုပေ။ တကယ်တမ်းတွင် ကျန်းမုန့်လောင်ဘက်က သက်သေမတင်ပြနိုင်ပါက သူကိုယ်တိုင် ပြဿနာတက်သွားနိုင်သည်။

မိနစ်အနည်းငယ်ကြာပြီးနောက် ချန်ပင်းနင်၏အသံ ထွက်ပေါ်လာသည်။

"ကျွန်မ ဒီကိစ္စကို အဆုံးအထိ ဆက်သွားချင်တယ်။ သူ့ကြောင့် နစ်နာခဲ့ရတဲ့လူတွေက တစ်ယောက်နှစ်ယောက်မကဘူလို့ ကျွန်မယုံထားတယ်။ ဒီလိုလူတစ်ယောက်ကို သူများတွေကို ထိခိုက်နစ်နာအောင် ထပ်မလုပ်စေချင်တော့ဘူး"

'အဲဒီလိုဆိုရင် သူ့ကို သင်းကွပ်လိုက်ရုံပဲပေါ့"

ကျန်းမုန့်လောင်က ကြမ်းတမ်းရက်စက်သော အပြုံးတစ်ပွင့်ကို လှစ်ဟပြလိုက်သည်။

"ခေါင်းဆောင်.. သင်းကွပ်တယ်ဆိုတာက ဘာအဓိပ္ပာယ်လဲ"

လုံခြုံရေးတစ်ယောက်က မေးလိုက်သည်။

"အဲဒါက မျိုးဆက်ဖြတ်တာကိုပြောတာ။ ပုံမှန်ဆိုရင် ကြောင်တွေနဲ့ခွေးတွေကို မျိုးဆက်မပြန့်ပွားနိုင်အောင် လုပ်တာ"

လုံခြုံရေးခေါင်းဆောင်က ခပ်တိုးတိုးပြောလိုက်သည်။

"ကြောင်တွေခွေးတွေနဲ့တောင် ယှဉ်တယ်ဆိုတော့ မစ္စတာကျန်းက တစ်ခုခုတော့တစ်ခုခုပဲ"

...

"မင်းကြားလိုက်လား"

ကျန်းမုန့်လောင်က ဟော့ပုဖန်ကို ပြန်ကြည့်လိုက်သည်။

"သတ်မှတ်ချက်က အတူတူပဲ။ မင်းလုပ်ခဲ့သမျှကို ဝန်ခံပြီး အနုပညာလောကထဲက အနားယူကြောင်းကြေညာပြီးရင် ကိုယ့်အပြစ်ကိုယ်ဝန်ခံလိုက်။ ဥပဒေအတိုင်း အပြစ်ပေးခံမယ်ဆိုရင် ငါ မင်းကို တခြားနည်းလမ်းနဲ့ အပြစ်မပေးတော့ဘူး"

"မစ္စတာကျန်း ကျွန်တော်.."

"စကားများမနေနဲ့တော့။ ငါ မင်းကို သုံးရက်အချိန်ပေးမယ်။ တကယ်လို့ အဲဒီသုံးရက်အတွင်း မင်းရဲ့စတူဒီယိုက ဘာထုတ်ပြန်ချက်မှမမြင်ရရင် ငါ့နည်းငါ့ဟန်နဲ့ ဆက်ဖြေရှင်းမယ်"

"ရီရီ သွားကြမယ်"

ထိုသို့ပြောပြီးနောက် ကျန်းမုန့်လောင်က မိန်းကလေးသုံးယောက်ကိုခေါ်ပြီး ဟော့ပုဖန်၏စတူဒီယိုထဲက ထွက်လာခဲ့လိုက်သည်။

...

"အစ်ကိုကျိုး… ဒီကိစ္စကို ဘယ်လိုသဘောရလဲ"

ကျန်းမုန့်လောင် ထွက်သွားပြီးနောက် ဟော့ပုဖန်၏အသားအရောင်မှာ ချက်ချင်းမည်းမှောင်သွားပြီး ကျန်းမုန့်လောင်ကိုလည်း အတိုင်းအတာတစ်ခုအထိ ကြောက်လန့်မိသည်။

ကျိုးကျုံးသည် ဟော့ပုဖန်၏မန်နေဂျာလည်းဖြစ်ပြီး လက်ထောက်လည်းဖြစ်သည်။ သူသည် အရှက်မရှိသောလုပ်ရပ်များတွင် အကောင်းဆုံးကြံရာပါလည်းဖြစ်၏။ မိန်းကလေးတော်တော်များများကို ထိခိုက်နစ်နာစေခဲ့ပြီး အတွင်းကျကျပါဝင်ပတ်သက်နေသူပင်။ အဖွဲ့လိုက်လှုပ်ရှားမှုများမှာပင် ဟော့ပုဖန်နှင့်အတူ ပါဝင်ခဲ့ဖူးသည်။ သူတို့၏ဆက်ဆံရေးက ညီအစ်ကိုဆက်ဆံရေးထက် ပိုနီးစပ်သည်။

"ပုဖန်.. ငါတို့တော့ ပြဿနာအကြီးကြီးတက်လောက်တယ်"

ကျိုးကျုံး၏မျက်နှာလည်း ဆိုးဝါးနေချေသည်။

"ကျန်းမုန့်လောင်က ဘယ်လိုလူစားမျိုးလဲဆိုတာ မင်းလည်းသိတာပဲ။ သူက အပြောသမားမဟုတ်ဘူး။ ငါတို့သာ သုံးရက်အတွင်း သူ့ကို စိတ်ကျေနပ်အောင်မလုပ်နိုင်ရင် ခုနတုန်းက သူပြောသွားတဲ့စကားတွေက ခြောက်ရုံသက်သက်မဟုတ်ဘူးနော်"

"ကျွန်တော် တကယ်အနားယူပြီး အပြစ်ဝန်ခံလိုက်ရမှာလား"

ငယ်ငယ်ရွယ်ရွယ်ဖြင့် နာမည်ကြီးလာခဲ့ပြီး ပရိသတ်သန်းပေါင်းများစွာရှိသော ဟော့ပုဖန်သည် တစ်နေ့တွင် နာမည်ပျက်ပြီး ဘာမှမကျန်တော့သည့်အဖြစ်ကို လုံးဝလက်ခံနိုင်မည်မဟုတ်။

"ဘယ်ဟုတ်ပါ့မလဲ"

ကျိုးကျုံးက ပြောလိုက်၏။

"ဒါပေမဲ့ ကျန်းမုန့်လောင်က သူ့ဩဇာအာဏာကိုသုံးပြီး မင်းကို တိုက်ခိုက်လာရင်တောင် ငါတို့ဘက်က ပြန်တိုက်ခိုက်နိုင်လောက်တဲ့ အစွမ်းအစတစ်ခုခုတော့ရှိထားမှဖြစ်မယ်"

"ဘယ်လိုလုပ်မှာလဲ"

"မင်းရဲ့ပုံရိပ်ကို ပိုခိုင်မာအောင်လုပ်ထားလိုက်"

ကျိုးကျုံးက ပြောလိုက်သည်။

"မင်းတည်ဆောက်ထားတဲ့ လူကြီးလူကောင်းပုံရိပ်ကို ပိုခိုင်မာအောင်လုပ်ဖို့လိုတယ်။ သိပ်မကြာခင် ပရဟိတအခမ်းအနားတစ်ခု ကျင်းပမှာမလား။ ကော်ဇောနီအခမ်းအနားလည်း ရှိလိမ့်မယ်။ အနုပညာလောကထဲက အမျိုးသမီးအနုပညာရှင်တစ်ဝက်လောက် တက်ရောက်ကြလိမ့်မယ်။ အဲဒီအချိန်ကျရင် လူကြီးလူကောင်းဆန်ဆန်ပြုမူပြလိုက်။ ပိုက်ဆံလည်း နည်းနည်းလှူပေါ့"

"နားလည်ပြီ"

ဟော့ပုဖန်လည်း ကျိုးကျုံး၏ဆိုလိုရင်းကို သဘောပေါက်လိုက်သည်။ သူ့အနေနှင့် လက်ရှိပုံရိပ်ကို ထိန်းသိမ်းထားနိုင်သရွေ့ ကျန်းမုန့်လောင်က သူ့ကို တိုက်ခိုက်လာလျှင်ပင် ခိုင်မာသည့်သက်သေအထောက်အထား မရှိသရွေ့ သူ့ကို အလွယ်တကူဖြုတ်ချနိုင်မည်မဟုတ်ချေ။

ဟော့ပုဖန်က မိန်းမလိုက်စားတဲ့ ဆန်ကုန်မြေလေးတစ်ယောက်လို့ ပြောလိုက်တာလား။ ဒီလောက်များတဲ့ အမျိုးသမီးအနုပညာရှင်တွေအများကြီးကိုတောင် ခပ်ခွာခွာနေပြီး လူကြီးလူကောင်းဆန်တဲ့ပုံရိပ်ကို ထိန်းသိမ်းထားတာလေ။ မလိုအပ်တဲ့ အထိအတွေ့တွေကို ရှောင်ရှားတာက လူကြီးလူကောင်းဆန်တဲ့လုပ်ရပ်ပဲ။ သက်သေမရှိဘဲ စွပ်စွဲတာက အသရေဖျက်နေတာပဲ!

ဤသည်မှာ သူတို့လိုချင်သော ရလဒ်ပင်။

ထိုသိုသောဖြစ်ရပ်တစ်ခုကြောင့် မွေးနေ့ပွဲလည်း ပျက်သွားရသည်။ ကျန်းမုန့်လောင်မှာ ချန်ပင်းနင်ကို အိမ်ပြန်ပို့လိုက်ပြီး စွန်းရော့ဝမ်ကတော့ သူ(မ)ကို ကြည့်ရှုစောင့်ရှောက်ရန် နေခဲ့သည်။ ထို့ကြောင့် ကျန်းမုန့်လောင်လည်း လုရီယောင်နှင့်အတူ အိမ်ကိုသာ တန်းတန်းမတ်မတ်ပြန်လာခဲ့လိုက်သည်။

လမ်းတစ်လျှောက်တွင် ကျန်းမုန့်လောင်၏မျက်နှာမှာ သုန်မှုန်နေခဲ့သည်။

"မွေးနေ့ပွဲတစ်ခုက ဒီလိုပျက်စီးသွားရတယ်လို့ ဟူး…"

"မုန့်လောင်.. ကမ္ဘာပေါ်မှာ ဒီလိုလူတွေ ဘာလို့ဒီလောက်တောင်များနေတာလဲ"

"အဲဒါက လူ့သဘာဝမို့လို့နေမှာပေါ့"

ကျန်းမုန့်လောင် ခေါင်းခါယမ်းလိုက်သည်။

"လူတစ်ယောက်မှာ တစ်ခုခုချို့တဲ့နေလေလေ သူတို့က အဲဒါကို စွဲလမ်းလေလေပဲ။ အဲဒီဟော့မျိုးရိုးကလည်း နှာဘူးကျတဲ့ သူ့နှလုံးသားကို ကျေနပ်စေဖို့အတွက် ဒီလိုနည်းလမ်းမျိုးကို လိုအပ်နေပုံပဲ"

"ငါ ဝမ်လင့်ကို တအားသဘောမကျခဲ့ပေမဲ့ အခု ယှဉ်ကြည့်လိုက်တော့ သူကမှ အများကြီးပိုသာသေးတယ်"

လုရီယောင်က ပြောလိုက်သည်။

"ဟုတ်တယ်"

ကျန်းမုန့်လောင် ခေါင်းညိတ်ပြလိုက်သည်။

"ဝမ်လင်က အချစ်ရေးကိစ္စတွေ ရှုပ်ထွေးပေမဲ့ အနည်းဆုံးတော့ သူ ချစ်ကြိုက်တဲ့အခါတိုင်း စိတ်နှစ်ထားတာ။ ပိုက်ဆံဖြုန်းချင်တယ်။ အဲဒီအတွက်လည်း တရားဝင်နည်းလမ်းတွေကိုပဲ သုံးတယ်။ ရည်းစားထည်လဲတွဲတာပဲရှိတာ။ ဒါပေမဲ့ အနည်းဆုံးတော့ နှစ်ဦးသဘောတူလေ"

"ဒါပေမဲ့ တချို့လူတွေက ယုတ်မာကြတယ်။ ရွံဖို့ကောင်းတဲ့နည်းလမ်းတွေကို သုံးတတ်ကြတယ်။ အဲဒီလိုလူတွေကို အမုန်းဆုံးပဲ"

ကျန်းမုန့်လောင်က ပြောရင်း ဒေါသပိုထွက်လာသည်။

"ကယ်လီဖိုးနီးယားသားတစ်ယောက်က ငါတို့ဟွာရှားမှာနေပြီး ဟွားရှားနိုင်ငံသူတွေကို စော်ကားနေတာ။ ဒါတောင် ဦးနှောက်မရှိတဲ့ ပရိသတ်တစ်သိုက်က သူ့ကို ထောက်ခံနေလိုက်ကြသေးတယ်။ ဟာသပဲ"

"ဖျော်ဖြေရေးလောကကြီးက ဒီလိုပဲလေ။ မင်းမြင်နေရတဲ့အရာက မင်းကိုမြင်စေချင်တဲ့အရာတွေပဲ။ ဒီနယ်ပယ်ထဲမှာ ဟော့ပုဖန်လိုလူတွေ ဘယ်နှယောက်လောက်များ ရှိနေမလဲ"

"အရင်တုန်းက ဝမ်လင်က ဖျော်ဖြေရေးလောကထဲက စည်းကမ်းထိန်းသိမ်းရေးတာဝန်ခံလို နေပြခဲ့သေးတယ်။ အခုတော့ ဒီတာဝန်ကို ငါယူရတော့မဲ့ပုံပဲ"

ကျန်းမုန့်လောင်က ဆို၏။

"ဒီကိစ္စကို အဖြေပေါ်အောင် ငါလုပ်မယ်"

...

သုံးရက်ဟူသောအချိန်က အမြန်ကုန်ဆုံးသွားခဲ့သည်။ ဟော့ပုဖန် စီစဉ်ထားသည့်အတိုင်း ပရဟိတပွဲတော်တွင် ရေဘေးသင့်ဒေသများအတွက် သူ့နာမည်ဖြင့် ငွေငါးသန်းလှူဒါန်းခဲ့သည်။

ကော်ဇောနီလျှောက်လမ်းတွင် သူသည် အမျိုးသမီးအနုပညာရှင်များနှင့် အကွာအဝေးတစ်ခု ထိန်းသိမ်းထားပြီး မလိုအပ်သော အထိအတွေ့များကိုလည်း အလွန်ပါးနပ်စွာ ရှောင်ရှားခဲ့သည်။

သူ့စတူဒီယိုကလည် သူ့အတွက် ခေါင်းစီးသတင်းနေရာတစ်ခုကို ဝယ်ယူလိုက်သည်။ "ဟော့ပုဖန်၏လူကြီးလူကောင်းဆန်သောလက်"နှင့် "ဟော့ပုဖန်၏လူကြီးလူကောင်းဆန်သောအထိအတွေ့"ဟူ‌သော ခေါင်းစီးများက ဝေးပေါ်တစ်ခုလုံးတွင် ပြည့်နှက်သွားခဲ့သည်။

သူ့ပရိသတ်များကလည်း သူ့အား အရူးအမူးထောက်ခံခဲ့ကြပြီး သူ့အပြုအမူကို ချီးကျူးခဲ့ကြသည်။ သူ့ကျော်ကြားမှုကလည်း ဤသုံးရက်အတွင်း အရူးအမူးမြင့်တက်လာခဲ့သည်။

******************

All Chapters