← Chapters

ကိုယ့်နိုင်ငံကိုယ်ပြန်တော့

Vol. 41 Ch. 615

ကိုယ့်နိုင်ငံကိုယ်ပြန်တော့

Vol. 41 Ch. 615

"ဘာဖြစ်ပြန်တာလဲ"

ကျိုးကျုံး၏ ထိတ်လန့်နေဟန်အမူအရာကို မြင်သောအခါ ဟော့ပုဖန်ခမျာ နှလုံးခုန်သံစည်းချက်လွဲသွားရသည်။ လွန်ခဲ့သည့်ရက်အနည်းငယ်တုန်းက သူ့ကို ကျန်းမုန့်လောင် လက်ပူးလက်ကြပ်ဖမ်းမိကတည်းက ကြီးကြီးမားမားကိစ္စတစ်ခု ဖြစ်လိမ့်မည်ဟု သူတွေးထင်ခဲ့မိချိန်ကပင် ကျိူးကျုံးမှာ ယခုလိုအမူအရာမျိုးကို မပြသခဲ့ဖူးပေ။

"မနှစ်တုန်းက ဘားထဲက ကောင်မလေးကို မှတ်မိလား"

"ယွီမုန့်ကျူးကိုပြောတာလား"

"ဟုတ်တယ်။ သူပဲ"

မိန်းကလေးတစ်ယောက်၏ပုံရိပ်က ဟော့ပုဖန်၏စိတ်ထဲ ချက်ချင်းပေါ်ပေါက်လာသည်။ သူ(မ)သည် မနှစ်တုန်းက သူ့သီချင်းဗီဒီယိုအသစ်အတွက် အင်တာဗျူလာဖြေခဲ့သော မိန်းကလေးပင်။ တကယ်တမ်းတွင် ဇာတ်ဆောင်မင်းသမီးကို အစောကတည်းက ရွေးချယ်ပြီးပြီသာ။ ထိပ်တန်းအမျိုးသမီးကြယ်ပွင့်တစ်ယောက်ပင်။

သို့သော် အပြင်လူများက မသိသေးသဖြင့် ဟော့ပုဖန်လည်း ထုံးစံအတိုင်း ထိုဆင်ခြေကိုအသုံးချပြီး သာမန်လူများထဲက "ကိုယ်လုပ်တော်ရွေးချယ်ရေး"ကို စတင်ခဲ့သည်။ ယွီမုန့်ကျူးကလည်း အင်တာဗျူးလာဖြေခဲ့သည်။

ထိုအချိန်တုန်းက ယွီမုန့်ကျူးသည် ငယ်ရွယ်မှုအထွတ်အထိပ်ကာလဖြစ်ပြီး ၁၇နှစ်ပြည့်ပြီးခါစအရွယ်လေးပင်။ သူ(မ)သည် ဟော့ပုဖန်ကို သဘောကျသောကြောင့် လူသစ်ရွေးချယ်ရေးတွင် စာရင်းသွင်းခဲ့သည်။ ၁၆၈စင်တီမီတာရှိသော သူ(မ)၏အရပ်အမောင်း၊ ရှည်သွယ်သွယ်ခြေတံနှင့် အချိုးအစားကျနသော ကိုယ်လုံးကို

ယ်ပေါက်တို့က သက်တူရွယ်တူမိန်းကလေးများအကြား ရှာမှရှားပင်။

ဟော့ပုဖန်ကလည်း သူ့လှည့်ကွက်ဟောင်းများကို ထုတ်သုံးခဲ့သည်။ ထို့နောက် ယွီမုန့်ကျူးအတွက် အကုန်ဝယ်ပေးခဲ့ရုံသာမက သူ(မ)ကို သူ့ချစ်သူဖြစ်ခွင့်ပေးမည်ဟုပါ ကတိပေးခဲ့သည်။ ရိုးအလှသော ယွီမုန့်ကျူးကတော့ ရူးမိုက်စွာပင် သူ့ကို ယုံစားခဲ့လေသည်။

သို့သော် ကယ်လီဖိုးနီးယားအမြောက်ဘုရင်ကြီးက မိန်းကလေးတစ်ယောက်တည်းနှင့် မည်သို့ကျေနပ်နိုင်မည်နည်း။ သူက အပြင်ဘက်တွင် ဆက်ပွေရှုပ်ကာ ယွီမုန့်ကျူးကိုပါ လျစ်လျူရှုထားခဲ့သည်။ နောက်ပိုင်းတွင် ယွီမုန့်ကျူး၏မိသားစုက သည်းမခံနိုင်တော့သဖြင့် အကြိမ်ကြိမ်ပြဿနာရှာခဲ့ကြသည်။ သို့သော် လူထုဆက်ဆံရေးနှင့် ငွေကြေးအင်အားက တောင့်တင်းနေခဲ့သောကြောင့် ဤကိစ္စကို ဖုံးဖိထားနိုင်ခဲ့သည်။

ယခုအချိန်တွင်မူ ယွီမုန့်ကျူးက ရှေ့ထွက်လာပြီး သက်သေအဖြစ် စကားပြောမှတ်တမ်းအများအပြားကို ထုတ်ပြလိုက်ပေသည်။

ဤသည်မှာ သာမန်စကားပြောမှတ်တမ်းမျှသာဆိုပါက "အတုတွေပါ"ဟု အသာလေးငြင်းလိုက်လို့ရသည်။ ယနေ့ခေတ်ကြီးတွင် မည်သူကများ ဖိုတိုရှော့မလုပ်တတ်လို့လဲ။

သို့သော် စကားပြောမှတ်တမ်းတစ်ခုတွင် ဟော့ပုဖန်က သူ့ဓာတ်ပုံကို ဆယ်လ်ဖီရိုက်ပို့ထားသည်။ ထို့နေ့မှာပင် သူသည် ရှိုးတစ်ခုကို ရိုက်ခဲ့သေးသည်။ ထိုအစီအစဉ်တွင် သူဝတ်ခဲ့သော အဝတ်အစားများ၊ ဘောင်းဘီများနှင့် ဖိနပ်များမှာ ဤဓာတ်ပုံထဲကအတိုင်း တစ်ထပ်တည်းပင်။ ရက်စွဲများကပါ တစ်ထေရာတည်းတူနေလေသည်။

ဤသည်မှာ သတင်းဆိုးပင်။ ဤသည်မှာ ခိုင်လုံသောသက်သေပင်။

ဟော့ပုဖန်အနေနှင့် ယုတ်မာသောနည်းလမ်းများကို သုံးခဲ့သည်ဖြစ်စေ၊ မသုံးခဲ့သည်ဖြစ်စေ အသက်မပြည့်သေးသော မိန်းကလေးတစ်ယောက်နှင့် ချစ်ကြိုက်ခြင်းမှာ မမှားနိုင်သောအချက်အလက်ပင်။

ဟော့ပုဖန်လည်း အလောတကြီးဖြင့် ဝေးပေါ်ကို ဖွင့်ကြည့်လိုက်၏။ ရှာဖွေမှုစာရင်းတွင် ထိပ်ဆုံး၌ အမြဲရပ်တည်နေသော ကျန်းမုန့်လောင်၏နေရာတွင် ယခုမူ ယွီမုန့်ကျူး၏သက်သေများက နေရာယူထားလေပြီ။ ခေါင်းစဉ်တွင်လည်း "ပေါက်ကွဲအားပြင်းသော"ဟူသော အနီရင့်ရင့်စာလုံးကြီးက နေရာယူထားသေးသည်။ ဤသည်မှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နာမည်ကြီးနေသော အကြောင်းအရာတစ်ခုပင်။

"သေစမ်း။ ဆန်ကုန်မြေလေး.. သူက ဒီလိုကိစ္စမျိုးကို လုပ်မှာမဟုတ်ဘူးလို့ ငါထင်ထားခဲ့တာ"

"သူ့အကြောင်း ကောင်းကောင်းမသိသေးတဲ့ပရိသတ်တွေ.. ခိုင်လုံတဲ့သက်သေတွေ လိုချင်သေးလား။ ဒီရိုက်ချက်က မင်းတို့အတွက် သိပ်ပြင်းသွားသလား။ အခု မင်းတို့အဖေကို ဆက်ကာကွယ်ကြဦးလေ"

"မစ္စတာကျန်း တောင်းပန်ပါတယ်။ ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မ ရှင့်ကိုတောင် သံသယဖြစ်မိသွားတယ်။ ကြည့်ရတာတော့ ရှင်က အခုကစပြီး အနုပညာလောကရဲ့ စည်းကမ်းထိန်းသိမ်းရေးတာဝန်ကို ယူသင့်တယ်ထင်တယ်"

"သေစမ်း။ ငါက ဘယ်သူ့ကို အိုင်ဒေါတော်ထားမိတာလဲ။ ရာဇဝတ်သားတဲ့လား။ ငါ့လူငယ်ဘဝတော့ အလဟဿဖြစ်ကုန်ပါပြီ"

...

ဤမျှထုတ်ဖော်ပြောဆိုနေပါသည့်တိုင် ဟော့ပုဖန်ဘက်က ကာပြောပေးနေသော ပရိသတ်များလည်း အများအပြားရှိနေဆဲပင်။ တချို့က ယွီမုန့်ကျူးနှင့် ဆက်သွယ်ရန်ပင် ကြိုးစားနေပြီး သူ(မ)အား ဆဲဆိုနေကြချေသည်။

"အဲဒီမိန်းကလေးက ဘယ်လိုခေါ်သလဲတော့မသိပေမဲ့ တော်တော်သတ္တိရှိတာပဲ"

ကျန်းမုန့်လောင်လည်း ယွီမုန့်ကျူးကို လေးစားမိသည်။

ထိုအသက်အရွယ်မျိုးတွင် မိန်းကလေးဘယ်နှယောက်ကများ အသားယူခံခဲ့ရဖူးလေသလဲ။ ကိုယ့်အိုင်ဒေါနှင့် အိပ်ရခြင်းမှာ ကြွားရလောက်သော ကိစ္စတစ်ခုပင်။ ကျန်းမုန့်လောင် ထိုအချက်ကို အပြည့်အဝနားလည်ပေးနိုင်သည်။

သို့သော် ကျန်းမုန့်လောင် လေးစားမိသည့်အရာမှာ ရှေ့ထွက်ပြီး ပြောရဲသည့် သူ(မ)၏သတ္တိပင်။ သူ(မ)အနေနှင့် ဟော့ပုဖန်ကို ဆွဲချနိုင်ခဲ့လျှင်ပင် နောက်နောင်မှာ ထုတ်မပြောအပ်သော ခေါင်းစဉ်များဖြင့် သမုတ်ခံရတော့မည်ဖြစ်ပြီး အရောင်စွန်းသောအမြင်များဖြင့် ရှုမြင်ခံရတော့မည်သာ။ အချိန်ကြာသွားလျှင်ပင် သူ(မ)၏ဒုက္ခများက မှေးမှိန်သွားမည်မဟုတ်ချေ။

သူ(မ)ကို ဘယ်အရာက တွန်းအားပေးခဲ့သည်ဖြစ်စေ ဟော့ပုဖန်လို လူစားမျိုးကို ဖော်ထုတ်ခြင်းဖြင့် ယခုလိုလူလိမ်လူကောက်တစ်ယောက်ကြောင့် အခြားမိန်ကလေးများကို ဒုက္ခမရောက်စေချင်တော့ချေ။ ဤသည်မှာ ကောင်းမွန်သောကိစ္စတစ်ခုပင် မဟုတ်ပါလော။

"ဒီအကြောင်းအရာကို ရေပန်းအစားဆုံးစာရင်းထဲမှာ ထိန်းထားလိုက်။ သူ့ပို့စ်တွေကို ပျောက်မသွားစေနဲ့"

ကျန်းမုန့်လောင်က ဝေးပေါ်ရှိ လူများကို ချက်ချင်းညွှန်ကြားလိုက်၏။ ထို့နောက် သူ့အေအိုင်ပရိုဂရမ်ကို အင်တာနက်ပေါ်တွင် စောင့်ကြည့်ခိုင်းထားပြီး ယွီမုန့်ကျူးကိုဆဲဆိုထားသူ သို့မဟုတ် သူ(မ)ကို အွန်လိုင်းတိုက်ခိုက်မှုပြုလုပ်သူများကို ဘလော့ပစ်ရန် ညွှန်ကြားထားသည်။

"သူ့ကို တစ်ဘီလီယံထောက်ပံ့လိုက်"

ကျန်းမုန့်လောင်က ဟုန်းရီကို ပြောလိုက်၏။

"တကယ်လို့ သူ့အနာဂတ်သာ ပျက်စီးသွားရင် ဒီပိုက်ဆံက အနည်းဆုံးတော့ သူ့ကို မျိုးရိုးအဆက်ဆက် ကောင်းကောင်းမွန်မွန်နေနိုင်အောင် ထားနိုင်တယ်လေ"

ကျန်းမုန့်လောင်၏အမြင်တွင် ယခုအချိန်တွင် ယွီမုန့်ကျူးက အသုံးချခံတစ်ခုသာ။ သို့သော် လူသားတစ်ယောက်အနေနှင့် သူ သူ(မ)ကိုလေးစားဆဲသာ။ သူ(မ)က ဤလမ်းကြောင်းကို ရွေးချယ်လိုက်သည့်အတွက် ကျန်းမုန့်လောင်လည်း သူ(မ)ကိုကူညီရန် တစ်ခုခုလုပ်သင့်သည်ဟု ခံစားရသည်။

ဤသတင်းက ပျံ့နှံ့သွားသည်နှင့် သက်ဆိုင်ရာဌာနများကလည်း အဆုံးတွင် အရေးယူကြလေတော့သည်။ ယခင်တုန်းက သက်သေအထောက်အထားမလုံလောက်သဖြင့် အမြောက်ဘုရင်ကို မဖြေရှင်းနိုင်ခဲ့ပေ။ သို့သော် ယခုမူ သူတို့ထံတွင် ခိုင်လုံသော သက်သေအထောက်အထားရှိနေပြီဖြစ်ရာ လှည့်စားနေလည်း အပိုပင်။

"နာမည်ပျက်အနုပညာရှင်များနှင့်ပတ်သက်ပြီး အရေးပေါ်သတိပေးချက်"ဟူသော သတိပေးစာတစ်စောင်ကို ဌာနချုပ်မှ ထုတ်ပြန်ခဲ့သည်။ ထိုစာထဲတွင် အမြောက်ဘုရင်၏လုပ်ရပ်များကို ပြင်းပြင်းထန်ထန်ရှုံ့ချထားသည်။ သူတို့က ဘရန်းများအားလုံးနှင့် လုပ်ငန်းစုများကိုလည်း အမြောက်ဘုရင်၏လုပ်ရပ်ကြောင့် ဖြစ်ပေါ်လာမည့် အပျက်သဘောဆောင်သည့် အကျိုးသက်ရောက်မှုများကို ရှောင်ရှားရန်အတွက် ထိရောက်စွာအရေးယူဖို့လည်း သတိပေးထားသေးသည်။

ထို့ပြင် အသက်မပြည့်သေးသည့် မိန်းကလေးများအပေါ် ကျူးလွန်ခဲ့သည့် ဟော့ပုဖန်၏ ရွံရှာဖွယ်ကောင်းသော လုပ်ရပ်များနှင့်ပတ်သက်သည့်ကိစ္စကို အဆုံးအထိ စုံစမ်းဖော်ထုတ်သွားမည်ဟုလည်း ကြေညာထားသည်။

တရားဝင်ကြေညာစာက ဤအဖြစ်ကို အတည်ပြုပေးလိုက်ပြီဖြစ်ရာ သက်ဆိုင်ရာဌာနများက ထုတ်ပြောလာသည်နှင့် ပြန်လည်ချေပချက်များမှာ အဓိပ္ပာယ်မရှိတော့ပေ။

တရားဝင်ထုတ်ပြန်စာနှင့်အတူ ဖျော်ဖြေရေးလောကတစ်ခုလုံးကပါ ဟော့ပုဖန်ကို အမည်ပျက်စာရင်းသွင်းလိုက်ကြသည်။ ရိုက်ကူးလက်စ သီချင်းဗီဒီယိုများနှင့် မှတ်တမ်းများမှာ ရုတ်ခြည်းရပ်တန့်သွားသည်။ ရသစုံရှိုးများတွင်လည် သူ့နေရာကို လူစားထိုးလိုက်ကြသည်။ ဖျော်ဖြေရေးလောကထဲတွင် သူသည် အပယ်ခံတစ်ယောက်ဖြစ်သွားခဲ့သည်။

ဟော့ပုဖန်၏ပုံရိပ်လည်း ပြိုလဲသွားချေသည်။ ဤသည်မှာ ပရဟိတသမား လူကြီးလူကောင်းဟော့ပုဖန်မှ ဟုတ်ပါလေစ။ သူသည် တကယ်တမ်းတွင် အရှက်ကင်းမဲပြီး စက်ဆုပ်ဖွယ်ကောင်းသော လူတစ်ယောက်ဖြစ်နေခဲ့သည်။

ပရိသတ်များလည်း လုံးဝပြိုလဲကုန်သည်။

ပရိသတ်သန်းငါးဆယ်ကျော်ခမျာ အချိန်တိုအတွင်း အရေအတွက်ထိုးကျသွားပြီး သူ့ကိုဖောလိုးမဖြုတ်ခဲ့ကြသူများပင် ဆဲဆိုနေကြပြီဖြစ်၏။

ကျန်းမုန့်လောင်ထင်ထားသည့်အတိုင်း ပရိသတ်များမှာ အစတုန်းက တက်တက်ကြွကြွငြင်းပေးခဲ့ကြသော်ငြား ယခုမူ သူတို့ကပါ ဟော့ပုဖန်ကို ဆဲနေကြသည်။

"အမှိုက်ကောင် ဟွာရှားကထွက်သွား"

"ထွက်သွားစမ်း။ တစ်ခွန်းပဲပြောမယ်"

"အခုကျတော့ ဘာလို့ဘာမှမပြောတော့တာလဲ။ နင့်အတွက် စာတင်ပေးမယ့်လူတစ်ယောက်ကို ရှာနေတာလား"

"အမြောက်ဘုရင်.. ကျွန်မတို့ ရှင့်ကိုယုံတယ်။ ရှင်က ဒီလိုလူစားမျိုးမဟုတ်ဘူး (ခွေးခေါင်း)"

"တကယ်တော့ ကျွန်မ ရှင်နဲ့အိပ်ဖို့ စိတ်ကူးယဉ်မိသေးတယ်။ ရှင့်ဟာက တအားသေးနေတော့ မှန်ဘီလူးနဲ့ကြည့်ရင်တောင် မြင်ရမှာမဟုတ်ဘူး။

"အပ်မြင်တာနဲ့ မေ့လဲသွားတတ်တဲ့ ကောင်မလေးတွေနဲ့ပဲ သူ တွေ့ရမှာ။ အဲဒါမှ မူးယစ်ဆေးတွေ သုံးစရာမလိုမှာပေါ့"

"ကျဆုံးသွားတဲ့သူငယ်ချင်းကြီးအတွက် အမျှဝေပါတယ်။ မီတာလေးဆယ်ရှည်တဲ့ ငါ့ဓားက ပြန်သိမ်းဖို့နောက်ကျသွားပြီ။ နောက်ဘဝကျရင် စကားပြောဆင်ခြင်ပါ"

"ဟယ်လို အမြောက်ဘုရင်.. အနုပညာလောကထဲက ထွက်မယ်လို့ ခင်ဗျားကြေညာလိုက်ပြီဆိုတော့ ခင်ဗျားရဲ့အပေါင်းအပါတွေက ဘယ်သူလဲဆိုတာကိုပါ ပြောခဲ့ပါဦး"

…

ဘရန်းများအားလုံးကတော့ ပျော်မြူးနေကြသည်။ အထူးသဖြင့် ကျန်းမုန့်လောင်၏စကားများမှာ အမှန်ဖြစ်ကြောင်း လောင်းကြေးထပ်ခဲ့ကြသူများပင်။ သူတို့က လျော်ကြေးငွေကို ပြန်ရလိုက်ရုံသာမက ဟော့ပုဖန်၏စတူဒီယိုကြောင့် ပျက်စီးခဲ့ရသော ဘရန်း၏ပုံရိပ်အတွက်ပါ လျော်ကြေးတောင်းခံနိုင်ခဲ့သည်။

ဟော့ပုဖန်ခမျာ ပိုက်ဆံဘယ်လောက်ဆုံးရှုံးသွားသလဲဟု တွက်မရတော့ဘဲ အကြွေးဘယ်လောက်တင်သွားသလဲဟုပင် တွက်ရပေမည်။

ဘရန်းတစ်ခုချင်းစီ၏ ကြော်ငြာခက သန်းတစ်ဆယ်နှစ်ဆယ်ခန့်လည်း ရှိသလို သန်းရှစ်ဆယ်ကိုးဆယ်အထိလည်း ရှိ၏။ ဈေးကြီးလှသော ဤစာချုပ်များ၏နောက်ကွယ်တွင် ဘရန်းပုံရိပ်သာ ပျက်စီးခဲ့ပါက ကုန်ကျစရိတ်များမှာ စင်စစ်ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။

ဘရန်းတစ်ခုက သန်းနှစ်ဆယ်သုံးဆယ်ရှိပြီး အခြားတစ်ခုကမူ သန်းလေးဆယ်ငါးဆယ်ခန့်ရှိ၏။ ဘရန်းများကိုပေါင်းလိုက်ပါက လျော်ကြေးပေးရမည့်ပမာဏမှာ တစ်ဘီလီယံအထိ ရှိနိုင်သည်။

ယခုအချိန်အထိ ဟော့ပုဖန်ခမျာ အများဆုံးရှိလှ နှစ်ဘီလီယံသုံးဘီလီယံမျှသာ ရှာရသေးသည်။ ဤပိုက်ဆံတချို့ကို အိမ်ဝယ်ရာတွင်လည်း သုံးထားသလို တချို့ကိုလည်း ရင်းနှီးမြှုပ်နှံထားသဖြင့် သူ့အနေနှင့် ဤလျော်ကြေးငွေများကို ပေးချေရန် ငွေမလောက်ပေ။

အိမ်များ၊ ကုမ္ပဏီများနှင့် ရှယ်ယာများကို ထုတ်ရောင်းပြီးသည့်တိုင် သူ့ခမျာ အကြွေးလည်နစ်နေဆဲသာ။ ထိုအကြွေးရှင်များမှာ သူပုန်းအောင်းနေသောနေရာကိုပင် ရှာမတွေ့ပေ။

*****************

All Chapters