ကျုပ်တို့ ချစ်ခြင်းမေတ္တာကို ထောက်ခံသင့်တယ်မဟုတ်လား
Vol. 41 Ch. 602
"မစ္စတာခွတ်ရှ်! မစ္စတာခွတ်ရှ်"
ညစာစားပွဲ၏ တိတ်ဆိတ်မှုကို အစေခံတစ်ယောက်၏ ထိတ်လန့်တုန်လှုပ်နေသော အော်ဟစ်သံက ဖြိုခွဲလိုက်သည်။
"ဘာဖြစ်တာလဲ။ ငါ ဒီမှာ မစ္စတာကျန်းနဲ့ အလုပ်ကိစ္စဆွေးနွေးနေတာကို မမြင်ဘူးလား"
ခွတ်ရှ်၏လေသံမျာ ချက်ချင်းဒေါသသံပေါက်သွားလေသည်။
"တောင်းပန်ပါတယ် မစ္စတာခွတ်ရှ် ဒါပေမဲ့… ခင်ဗျားရဲ့အိမ်မွေးတိရစ္ဆာန်တွေ…"
"သူတို့တွေ ဘာဖြစ်လို့လဲ"
သူ့အိမ်မွေးတိရစ္ဆာန်အကြောင်း ပြောလိုက်သည်နှင့် ခွတ်ရှ်လည်း ချက်ချင်းဆိုသလို စိတ်တင်းကျပ်သွားသည်။
သူ့အိမ်မွေးတိရစ္ဆာန် တစ်ကောင်ချင်းစီက ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိပြီး သူတို့ကို ထိန်းသိမ်းစောင့်ရှောက်ရာတွင်လည်း ကုန်ကျစရိတ်က အချိန်နှင့်အမျှ မြင့်တက်နေသည်။ အရေးအကြီးဆုံးအချက်မှာ အိမ်မွေးတိရစ္ဆာန်တစ်ကောင်ချင်းစီတိုင်းက တစ်မူထူးခြားနေခြင်းပင်။ အကယ်၍ တစ်ကောင်ကောင်များ ထိခိုက်ဒဏ်ရာရသွားခဲ့လျှင် သို့မဟုတ် သေဆုံးသွားခဲ့လျှင် သူ အသည်းကွဲရပေလိမ့်မည်။
"မစ္စတာကျန်းရဲ့ခွေးက..သူ..သူက.."
"ငါ သွားကြည့်လိုက်မယ်"
ခွတ်ရှ်က သူ့ဓားနှင့်ခက်ရင်းကို အမြန်ချကာ အပြင်သို့ ထွက်သွားလေသည်။
ဥယျာဉ်ထဲသို့ရောက်သည်နှင့် သူ ပြိုလဲရလေတော့သည်။
သူ့အိမ်မွေးတိရစ္ဆာန်များမှာ မြေပြင်အနှံ့ လဲကျနေပြီး နာကျင်မှုကြောင့် တအီအီညည်းတွားနေကြသည်။ တိုက်ပွဲကြီးတစ်ခုကို ဖြတ်သန်းခဲ့ရသည့်အလား သွေးစများကလည်း ယိုစီးနေသေးသည်။
"ဘာဖြစ်တာလဲ"
ကျန်းမုန့်လောင်လည်း အံ့အားသင့်သွားရသည်။ ဝမ်ချိုင်က သာမန်ခွေးတစ်ကောင် မဟုတ်သော်လည်း ကျန်းမုန့်လောင်ကိုယ်တိုင် လူသားများနှင့် အခြားတိရစ္ဆာန်များကို စိတ်ထင်သလို အန္တရာယ်မပေးဖို့ အကြိမ်ကြိမ်သတိပေးထားသည်။ သူ့အနေနှင့် ယခုလိုမျိုး ထိန်းချုပ်မှုကင်းမဲ့ပြီး ခွတ်ရှ်၏အိမ်မွေးတိရစ္ဆာန်များကို ကိုက်ဖြတ်ခြင်း သို့မဟုတ် ကုတ်ခြစ်ပစ်ခြင်းမျိုး မလုပ်သင့်ပေ။
"ဝမ်ချိုင် ဘယ်မှာလဲ"
ကျန်းမုန့်လောင်လည်း ထိုအစေခံကို မေးလိုက်၏။
အစေခံကလည်း သူတို့ဘေးရှိ ချုံပုတ်တစ်ခုကို လက်ညှိုးထိုးပြလေသည်။ ထိုနေရာတွင် အော်ဟစ်ဟိန်းဟောက်သံများကို ကြားနေရသည်။ ထိုအသံမှာ ပေါ်တိဟုခေါ်သော ကျားဖြူမလေးထံမှ ဖြစ်ဟန်တူသည်။
ထိုကျားမလေးမှာ ခွတ်ရှ်၏အချစ်ဆုံးအိမ်မွေးတိရစ္ဆာန်တစ်ကောင်ဖြစ်ပြီး သွေးထိုးလှုံ့ဆော်ခံလိုက်ရသော သိုးတစ်ကောင်အလား ချုံပုတ်များကို တွန်းတိုက်ကာ တစ်ဖက်ခြမ်းသို့ လှိမ့်သွားလေသည်။
မြင်လိုက်ရသည့်မြင်ကွင်းကြောင့် သူ အံ့ဩသွားချေသည်။
ဝမ်ချိုင်ကမူ ပေါ်တိဟုခေါ်သော ကျားဖြူမလေး၏အနောက်တွင် တက်ခွကာ စည်းချက်ညီစွာ ရှေ့တိုးနောက်ဆုတ်လုပ်နေပြီး ပါးစပ်ကလည်း ထူးဆန်းလှသည့် အသံအမျိုးမျိုးကို ထုတ်လွှတ်နေပေသည်။
ကျားမလေးက ငြင်းဆန်ချင်နေသည်မှာ သိသာလှ၏။ သာမန်ခွေးတစ်ကောင်သာဆိုလျှင် ဤကျားဖြူမလေး၏ ရိုက်ချက်ကို ခံနိုင်ရည်ရှိမည်မဟုတ်။
သူ(မ)သည် အိမ်မွေးတိရစ္ဆာန်တစ်ကောင်နှယ် ယဉ်ပါးနေပြီး အရိုင်းဆန်မှု လျော့နည်းနေပါသော်ငြား နေ့စဉ်နေ့တိုင်း အသားပမာဏအများကြီးကို စားသောက်နေဆဲဖြစ်ပြီး သူ(မ)ကို လေ့ကျင့်ပေးမည့် အထူးကျွမ်းကျင်သူများလည်း ရှိ၏။ သူ(မ)က တောထဲရှိ ကျားတစ်ကောင်နှင့် မတူနိုင်သော်ငြား အစာငတ်နေသော ကုလားအုတ်တစ်ကောင်က မြင်းထက်တော့ ပိုကြီးသေးသည်သာ။ သူ(မ)က ကျားတစ်ကောင်၏ ဗီဇတော့ ရှိနေသေးသည်။
သို့သော် ဝမ်ချိုင်ကလည်း သာမန်ခွေးတစ်ကောင်မဟုတ်ချေ။ ထျန်းယွမ်အဆင့်ရှိသော သိုင်းပညာရှင်တစ်ယောက်ကိုပင် သူက ကြိုးဖြင့်တွဲလောင်းဆွဲပြီး ရိုက်နှက်ပစ်မည်သာ။ ဤကဲ့သို့သော ကျားမဆယ်ကောင်လောက်ကို လက်တစ်ဖက်တည်းနှင့်ပင် ထိန်းထားနိုင်သည်။
"ဝိုး"
ကျန်းမုန့်လောင်မှာမူ ဤမြင်ကွင်းကြောင့် မရယ်ဘဲ မနေနိုင်တော့ချေ။
ခွေးတစ်ကောင်က ကျားမတစ်ကောင်ကို တက်စီးရဲသတဲ့လား။ ဤသည်မှာ နေ့တိုင်းမြင်နိုင်သော မြင်ကွင်းမျိုး မဟုတ်ပေ။
"ဝုတ် ဝုတ် ဝုတ်"
ဝမ်ချိုင်က ခေါင်းလှည့်လာပြီးနောက် ကျန်းမုန့်လောင်ကို မော့ကြည့်ကာ "အစ်ကိုကြီး.. ကျွန်တော် မမိုက်ဘူးလား"ဟု မေးနေသည့်အလားပင်။
"မင်းက သောက်ရမ်းကိုမိုက်တာ"
"သောက်ကျိုးနည်း! အဲဒီလောက်တောင်ကြီးတာလား"
ကျန်းမုန့်လောင်မှာ ဝမ်ချိုင်၏"အငယ်လေး"ကို သတိထားမိလိုက်သည်။ ခွေးတစ်ကောင်အနေနှင့် သူသည် ခွေးများအကြား စင်စစ် ဘုရင်တစ်ပါးပါပင်။
ယခုမူ ကြောင်များ၊ ခွေးများနှင့် လာမာတို့အားလုံး မြေပြင်ပေါ်တွင် ဘာကြောင့် အတုံးအရုံးတိုက်ပွဲကျကုန်ကြသလဲဆိုသည်ကို သူ နားလည်လိုက်လေပြီ။ သူတို့ခမျာ ထပင်မထနိုင်ရှာဘဲ နေရာအနှံ့တွင် သွေးစွန်းနေကြသည်။ ထိုကဲ့သို့သော အရွယ်အစားမျိုးရှိသည့် သတ္တဝါများမှာ ဤကဲ့သို့သောဆက်ဆံမှုမျိုးကို မခံနိုင်ကြပေ။
ဤကျွန်းပေါ်တွင် ခွတ်ရှ်၏ ကျားဖြူမလေးတစ်ကောင်တည်းကသာ ဝမ်ချိုင်နှင့် အင်အားချင်းတူပေလိမ့်မည်။
ခွတ်ရှ်ခမျာ မိုက်ခနဲဖြစ်သွားသည်။
သူ့အိမ်မွေးတိရစ္ဆာန်များကို ဟက်စကီးတစ်ကောင်က ဗလက္ကာယပြုကျင့်ခဲ့ခြင်းတဲ့လား။
သူ့အိမ်မွေးတိရစ္ဆာန်များမှာ အသန့်စင်ဆုံးမျိုးရိုးများပင်။ မျိုးပွားရန်အတွက်ဆိုလျှင်ပင် အကောင်းဆုံးမိတ်ဖက်များကိုသာ ရှာဖွေမည်ဖြစ်၏။ သို့သော် လက်ရှိမြင်ကွင်းမှာမူ သူ့အတွက် လက်ခံရခက်ခဲပေသည်။
သူစိမ်းခွေးတစ်ကောင်က သူ့ပိုင်နက်ထဲတွင် သူ့အစားအသောက်များကို စားသွားရုံမျှမက သူ့အိမ်မွေးတိရစ္ဆာန်များကိုပါ မတော်တလျော်ပြုသွားလေပြီ။ ဤသည်မှာ နတ်ဘုရားများနှင့် လူသားများအားလုံးအတွက် မခံမရပ်နိုင်ဖွယ်ကိစ္စတစ်ခုပင်။
"မစ္စတာခွတ်ရှ်… တန်ခိုးကြီးတဲ့နဂါးတစ်ကောင်က ဒေသခံမြွေတစ်ကောင်ကိုလည်း နှိမ်နင်းနိုင်တာပဲလို့ ကျုပ် ရုတ်တရက်ကြီးတွေးလိုက်မိတယ်။ ခင်ဗျားရော အဲဒီလိုမထင်ဘူးလား"
ကျန်းမုန့်လောင်က ခေါင်းစောင်းငဲ့လျက် ဝမ်ချိုင့်ကို ကြည့်လိုက်၏။
"မစ္စတာကျန်း ခင်ဗျားခွေးက ကျွန်တော့်အိမ်မွေးတိရစ္ဆာန်တွေကို ဒီလိုလုပ်ထားတာလေ။ ခင်ဗျား ဖြေရှင်းချက်တစ်ခုခုတော့ ပေးမှဖြစ်မယ်"
အခြားတိရစ္ဆာန်များက အဆင်ပြေကောင်းပြေနိုင်သော်လည်း အဖိုးတန်လှသော ဂျာမန်သိုးထိန်းနှင့် ရော့ဒ်ဝေလာကတော့ လုံးဝပျက်စီးသွားလေပြီ။
ဝမ်ချိုင်၏ကြမ်းတမ်းခက်ထန်သောစရိုက်ကြောင့် သူတို့လည်း ထူးဆန်းသော သတ္တဝါတချို့ကို မွေးလာနိုင်သည်ဖြစ်ရာ သူ့ခွေးများ၏မျိုးရိုးကို လုံးဝပျက်စီးသွားစေလိမ့်မည်။
ဒေါ်လာသန်းအနည်းငယ်မျှကြောင့်တော့ သူ အသည်းကွဲမည်မဟုတ်။ သို့သော် ဤခွေးများ၏မျိုးရိုးတန်ဖိုးဆိုသည်မှာ ငွေနှင့် တိုင်းတာ၍မရနိုင်ချေ။
"မစ္စတာခွတ်ရှ်.. ခင်ဗျားမှားနေပြီ"
ကျန်းမုန့်လောင်ကား ခေါင်းတခါခါ..။
"ဒါက သဘာဝရဲ့ဆွဲဆောင်မှုလေ။ သူတို့က မျိုးစိတ်မတူ မျိုးရိုးမတူပေမဲ့ သူတို့ကို လက်ထပ်ထိမ်းမြားပေးလို့မရပေမဲ့ လွတ်လပ်တဲ့အချစ်ကိုတော့ ကျုပ်တို့ ထောက်ခံအားပေးသင့်တယ်"
သူကတော့ ဤကိစ္စနှင့်ပတ်သက်ပြီး နည်းနည်းလေးသော်မျှ အပြစ်ရှိသလို မခံစားရပေ။ သူ့ဝမ်ချိုင်က နတ်ခွေးတစ်ကောင်ဖြစ်၏။ အကယ်၍ ဤသည်မှာ မြင်မြင်ချင်းအချစ်ဖြစ်ခဲ့လျှင် ဂျာမန်သိုးထိန်းခွေးနှင့် ရော့ဒ်ဝေလာတို့မှ မွေးဖွားလာမည့် ခွေးပေါက်လေးများကလည်း သေချာပေါက်ထူးခြားလိမ့်မည်။
ထိုအချိန်ကျလျှင် ခွတ်ရှ်တွင် စိတ်စွမ်းအားရှင်များနှင့် သိုင်းပညာရှင်များကို အံတုနိုင်သည့် ခွေးသက်တော်စောင့်တစ်သိုက်ကို ပိုင်ဆိုင်နိုင်မည်ဖြစ်၏။ ဤသည်မှာ သူ့အတွက် အကျိုးရှိသည်မဟုတ်ပါလား။
ဝမ်ချိုင့်ထံမှ သဘောကျခြင်းကို ခံရသည်မှာ သူ့အိမ်မွေးတိရစ္ဆာန်များအတွက် ဂုဏ်ယူစရာပင်။
ထိုကြောင်များ၊ လာမာနှင့် ကျားဖြူမလေးတို့အတွက်တော့ ကျန်းမုန့်လောင်အနေနှင့် ဘာမှလုပ်မပေးနိုင်ပေ။ သူသည် မြင့်မြတ်သောမယ်တော်တစ်ပါးလည်း မဟုတ်ချေ။ ထို့ကြောင့် အပျိုရည်ပျက်သွားပြီဆိုလျှင်လည်း ပျက်သွားပြီဟုသာ မှတ်ရမည်။ အလွန်ဆုံးရှိလှ သူ့ဘက်က ဝမ်ချိုင့်အတွက် တင်တောင်းကြေးပေးလိုက်ရုံပင်။
"လွတ်လပ်တဲ့အချစ်…"
ခွတ်ရှ်ခမျာ ဒေါသထွက်ရလွန်းသောကြောင့် သွားဖုံးမှ သွေးများယိုစီးတော့မတတ်ပင်။ ဤမြင်ကွင်းကို ကြည့်ပါလေ။ ဤသည်မှာ လွတ်လပ်သည့်အချစ်နှင့်များ တူနေလေသလား။
ပိုင်ရှင်လည်း အရှက်မရှိသလို ခွေးကလည်း အထိန်းအကွပ်မရှိပေ။
"ခင်ဗျားက ကျုပ်ရဲ့ဝမ်ချိုင်ကို မြင့်မြတ်တဲ့မျိုးရိုးမရှိတဲ့ သာမန်ဟက်စကီးတစ်ကောင်လို့ထင်နေမှန်း ကျုပ်သိတယ်။ ဒါပေမဲ့ အဲဒါက ရင်ထဲထိရှဖို့ကောင်းတယ်လို့ မထင်ဘူးလား"
"ထိရှတယ်တဲ့လား"
"ဟုတ်တယ်လေ။ ဆင်းရဲသားတစ်ယောက်က အဆင့်အတန်းခွဲခြားမှုကို ဖောက်ဖျက်ပစ်လိုက်သလိုမျိုးပေါ့။ ခင်ဗျား တိုက်တန်းနစ်ဇာတ်ကားကို ကြည့်ဖူးလား။ ဒါက ရို့စ်နဲ့ဂျက်ကြားက ဇာတ်လမ်းကို သတိမရစေဘူးလား"
"အဟင်း.. ဟုတ်တော့ဟုတ်ပေမဲ့.."
မင်းရဲ့မြင်းကို သတိရပါ့လား။ မင်းကိုယ်မင်း ပါးနပ်လှပြီလို့ ထင်နေတာလား။ သိပ်ယဉ်ကျေးနေတယ်ပေါ့လေ။ မင်းရဲ့သောက်ခွေးက ငါ့ပိုင်နက်ထဲမှာ ငါ့အိမ်မွေးတိရစ္ဆာန်တွေကို မတော်တလျော်ပြုကျင့်ခဲ့တာတောင်မှ မင်းက ပေါက်ကရတွေပြောနေတုန်းပေါ့…
ထိုအချိန်မှာ ဝမ်ချိုင်သည် သူ့ကာယစွမ်းအင်များကို အကုန်ဖွင့်ထုတ်ပြီးသွားပြီဖြစ်၏။ ပေါ်တိဟုခေါ်သော ကျားဖြူမလေးကတော့ မြေပြင်ထက်တွင် အင်အားချည့်နဲ့စွာ လဲလျောင်းရင်း တအီအီအော်ညည်းလျက် ခွတ်ရှ်အား သနားစဖွယ်ကောင်းသော မျက်ဝန်းလေးများဖြင့် ကြည့်နေလေသည်။ ကိုယ်ထိလက်ရောက်စော်ကားခံထားရသော မိန်းမငယ်လေးတစ်ယောက်က သူ့အဖေအား ကြည့်နေသလိုပင်။
"မစ္စတာခွတ်ရှ်…. ဝမ်ချိုင့်ရဲ့ရိုင်းပျမှုနဲ့ အလျင်စလိုပြုမူမှုအတွက် ကျုပ် တောင်းပန်ပါတယ်"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"ဒီနေ့ကစပြီး ကျုပ် တစ်နှစ်ကို အမေရိကန်ဒေါ်လာဆယ်သန်းပေးမယ် ဝမ်ချိုင့်အတွက် တင်တောင်းကြေးအနေနဲ့ပေါ့"
"တင်တောင်းကြေး…"
ခွတ်ရှ်ခမျာ ဒေါသစိတ်ကြောင့် မွန်းကျပ်သွားရသော်ငြား ဖြစ်ပြီးသွားမှတော့ သူက ဘာပြောနိုင်မည်နည်း။
"ဒါတွေ တစ်ယောက်ယောက်ကို ရှင်းခိုင်းထားလိုက်။ သူတို့လေးတွေ ဒဏ်ရာရသွားသေးလားဆိုတာကိုလည်း စစ်ဆေးကြည့်လိုက်။ ဒဏ်ရာရသွားရင် အခုချက်ချင်းကုသဖို့အတွက် တိကုဆေးရုံကို ခေါ်သွား"
ခွတ်ရှ်ခမျာ သက်ပြင်းတချချလုပ်လိုက်မိသည်။ ယနေ့ကား သူ့ပြဿဒါးနေ့ပင်တည်း။
"အကုန်အဆင်ပြေတယ် မစ္စတာခွတ်ရှ်.. ကျုပ် စာချုပ်ကို ဖတ်ကြည့်ပြီးပြီ"
ညစာစားပွဲသို့ ပြန်ရောက်သောအခါ ကျန်းမုန့်လောင်က တစ်ဖက်လူအား စာချုပ်လှမ်းပေးလိုက်သည်။
"ဂိမ်းဖြန့်ချိရေးကိစ္စနဲ့ပတ်သက်ပြီး ကျုပ်ဘက်ကတော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ ရှယ်ယာအမြတ်ငွေကို ပြောင်းမှဖြစ်မယ်"
"၇အချိုး၃က ကျုပ်အတွက် အဆင်ပြေပါတယ်။ ဒါပေမဲ့ ခုနစ်ဆကိုကျုပ်ယူမှာ။ ခင်ဗျားက ၃ဆယူရမယ်"
"မဖြစ်နိုင်တာ"
ခွတ်ရှ်ကလည်း ပြတ်ပြတ်သားသားငြင်းချက်ထုတ်လိုက်သည်။
"ခင်ဗျားတောင်းတာ အရမ်းများလွန်းတယ်"
"မဟုတ်ဘူး။ မဟုတ်ဘူး။ မစ္စတာခွတ်ရှ်…. ခင်ဗျား အခြေအနေကို ကောင်းကောင်းသဘောမပေါက်သေးဘူးထင်တယ်"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"အမေရိကမှာ ခင်ဗျားရဲ့အကူအညီမပါဘဲ ဂိမ်းတစ်ခုကိုစတင်ဖို့ ကြိုးစားရင် တခြားလူတွေကသာ ဒုက္ခရောက်ချင်ရောက်မယ်။ တန်ခိုးကြီးတဲ့နဂါးတစ်ကောင်က ဒေသခံမြွေတစ်ကောင်ကို အနိုင်မတိုက်နိုင်ဘူးဆိုတဲ့ စကားကိုလည်း လက်ခံပါတယ်"
"ဒါပေမဲ့ ကျုပ်ရဲ့ခွေးက ခင်ဗျားရဲ့ပိုင်နက်ထဲမှာတင် ခင်ဗျားရဲ့ကျားမကို အနိုင်ယူပြခဲ့တာလေ။ ဒီတော့ ကျုပ်ဆိုတဲ့နဂါးကရော ဒေသခံမြွေတစ်ကောင်ကို မလွှမ်းမိုးနိုင်တော့ဘူးလား"
"ကျုပ်.."
ခွတ်ရှ်ခမျာ ပြန်ခံမငြင်းနိုင်တော့ဘဲ ဆွံ့အသွားချေသည်။
ခွေးကိစ္စကို ထည့်မပြောလို့မရဘူးလား။
"ပြီးတော့ ကျုပ်အမြင်မှာ ခင်ဗျားက ဒေသခံမြွေတစ်ကောင်တောင်မဟုတ်ဘူး။ တီကောင်နဲ့တောင် ပိုတူနေသေးတယ်"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ကျုပ် ခင်ဗျားကို ပြောရဦးမယ်။ ကျုပ်က မိုးကြိုးစစ်ဆင်ရေးဂိမ်းတစ်ခုတည်းကိုပဲ ဖန်တီးထားတာမဟုတ်ဘူးနော်"
ခွတ်ရှ် အံ့အားသင့်သွားလေသည်။ "မိုးကြိုးစစ်ဆင်ရေး"၏အရည်အသွေးကို လူတိုင်းတွေ့မြင်ထားပြီးဖြစ်၏။ ထိုကဲ့သို့သော ဂိမ်းမျိုးကို ဖန်တီးရန်အတွက် ကြိုးစားအားထုတ်မှုအများကြီး စိုက်ထုတ်ရသည်။ ထိုကဲ့သို့သောဂိမ်းများက နောက်ထပ်ရှိနေသေးသလား။
"ဒီတော့ ဂိမ်းလုပ်ငန်းရဲ့အနာဂတ်အတွက် ကျုပ်ဆိုတဲ့ ကျန်းမုန့်လောင်ကပဲ အဆုံးအဖြတ်ပေးမှာ"
******************