← Chapters

သူ လုံးဝပြိုလဲသွားပြီ

Vol. 41 Ch. 605

သူ လုံးဝပြိုလဲသွားပြီ

Vol. 41 Ch. 605

"ဆိုနီဂိမ်းက 'မိုးကြိုးစစ်ဆင်ရေး'ဂိမ်းအတွက် ကိုင်ဘွန်နိုင်ငံကိုယ်စားလှယ်အခွင့်အရေးကို အမေရိကန်ဒေါ်လာသန်းသုံးဆယ်နဲ့ ဝယ်ယူသွားပါတယ်"

"လေလာဂိမ်းက 'မိုးကြိုးစစ်ဆင်ရေး'ဂိမ်းအတွက် အနောက်ဥရောပနိုင်ငံကိုယ်စားလှယ်အခွင့်အရေးကို ယူရို၄၂သန်းနဲ့ ဝယ်ယူသွားပါတယ်"

"ယင်းချောင်ဂိမ်းကုမ္ပဏီက အမေရိကန်ဒေါ်လာ၄၆သန်းနဲ့…"

ကြွားဝါခြင်းနှင့် ပတ်သက်လာလျှင် တင်းဆန်ရှီနှင့် မာဟွားတို့က ကျန်းမုန့်လောင်နှင့် မယှဉ်နိုင်သော်ငြား စီးပွားရေးညှိနှိုင်းမှုများတွင်မူ ကျန်းမုန့်လောင်ကဲ့သို့ ရေဘုံဘိုင်ကတောင် ရေနံဆီများ စီးကျနေသည့် ချမ်းသာကြွယ်ဝသူတစ်ယောက် မဟုတ်သရွေ့ သူတို့သည် ပြိုင်ဘက်များကို စိစိညက်ညက်ကြေအောင် ချေမှုန်းရာတွင် အလွန်ကျွမ်းကျင်ကြသည်။

သူတို့၏လက်ရှိအနေအထားမှာ ရှင်းလှသည်။ ဂိမ်း၏ကိုယ်စားလှယ်အခွင့်အရေးကို လာတောင်းနေရသူမှာ တစ်ဖက်လူများဖြစ်ပြီး သူတို့၏ထန်ရွှင်းနှင့်ဝမ်ယိဂိမ်းကုမ္ပဏီများမဟုတ်ပေ။ သူတို့သာ စိတ်မဝင်စားဘူးဆိုလျှင် ဤအခွင့်အရေးကို စောင့်ဆိုင်းနေသော အခြားကုမ္ပဏီအများကြီး ရှိသေးသည်။

သူတို့အနေနှင့် ဤဂိမ်းကို ဆုံးရှုံးလိုက်ရသည်နှင့် ဈေးကွက်တည်မြဲမှုကို ဆုံးရှုံးလိုက်ရသလိုပင်။ သူတို့ဂိမ်းများ၏ လှုပ်ရှားမှုများလည်း ကျဆင်းလာမည်ဖြစ်လေရာ ဤအန္တရာယ်မှာ သူတို့ ရင်မဆိုင်နိုင်သောအရာပင်။

လိုင်စင်ကြေးရောင်းချရုံမျှဖြင့် သူတို့သည် ဒေါလာသန်းပေါင်းများစွာ ရရှိခဲ့ပြီး မကြာသေးခင်တုန်းက ဆုံးရှုံးမှုများကိုလည်း ချက်ချင်းပြန်ဖြည့်တင်းနိုင်ခဲ့သည်။

ဤသည်မှာ ကိုယ်စားလှယ်ခမျှသာ ရှိသေးသည်။ နောက်ပိုင်းတွင် ဂိမ်းတွင်းပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို ရောင်းချရာမှ ရလာမည့်ဝင်ငွေများမှာ ဒေါ်လာနှင့် ယူရိုအမြောက်အများ ဝင်လာဦးမည်ဖြစ်၏။

ထို့ပြင် ညှိနှိုင်းဆွေးနွေးမှုများမှတစ်ဆင့် ယခင်တုန်းက သဘောမတွေ့ခဲ့သော သဘောတူညီမှုများကို ပြောင်းပြန်လှန်နိုင်ပြီး ပိုမိုများပြားသော အကျိုးအမြတ်များကိုပါ အောင်အောင်မြင်မြင်ရယူနိုင်ခဲ့သည်။

...

"ဒီငတုံးတွေက ဂိမ်းတစ်ခုရဲ့ကိုယ်စားလှယ်ကြေးကို ဒီလောက်အများကြီးပေးနေတာ တော်တော်တုံးတာပဲ"

မိုက်ကယ်က နာလန်ပြန်ထလာပြီးနောက် တီးတိုးရေရွတ်လိုက်၏။ သူ့လက်နှစ်ဖက်မှာ သက်သာလုနီးပါးဖြစ်သွားပြီဆိုသော်ငြား အမာရွတ်တော့ ကျန်နေဆဲပင်။

"သူဌေး.. အဲဒီကုမ္ပဏီတွေက အွန်လိုင်းဂိမ်းတွေကို အဓိကအာရုံစိုက်တာလည်း မဟုတ်သလို သူတို့ရဲ့လုပ်ဆောင်နိုင်စွမ်းကလည်း တော်တော်နိမ့်ကျပါတယ်။ သူတို့အနေနဲ့ သူများဂိမ်းကို မှီခိုအားထားဖို့ပဲ ရွေးချယ်စရာရှိတော့တာ"

မိုက်ကယ်၏လက်ထောက်က မှတ်ချက်ပေးလိုက်သည်။

"အမှန်ပဲ"

မိုက်ကယ်က ယုံကြည်မှုအပြည့်ဖြင့် ကြေညာမောင်းခတ်လိုက်သည်။

"တကယ်လို့ ငါတို့ ဒီဂိမ်းမှာ အရှုံးပေါ်ခဲ့ရင်တောင် ကိုယ်တိုင်ဖန်တီးထားတဲ့ တခြားဂိမ်းတွေအများကြီးရှိသေးတယ်။ 'World of Warcraft'ကတော့ ငါတို့ရဲ့ထာဝရဘရန်းတစ်ခုဖြစ်နေဦးမှာ"

"ဒီရက်ပိုင်း အခြေအနေဘယ့်နှယ့်လဲ"

မိုက်ကယ်က မေးလိုက်သည်။

"အုပ်စိုးသူအရှင်ဂိမ်းရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တစ်ခုလုံးကို ဖျက်သိမ်းပြီး ဂိမ်းအသစ်ဖန်တီးထုတ်လုပ်ရေးမှာ ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားတယ်။ တကယ်လို့ ရလဒ်ထွက်မလာရင် သုတေသနဲ့ဖွံ့ဖြိုးတိုးတက်ရေးဒါရိုက်တာနဲ့ လုပ်ငန်းလည်ပတ်ရေးဒါရိုက်တာကို လူစားထိုးရမှာပဲ"

"မပူပါနဲ့ သူဌေး.. အခြေအနေက တော်တော်ကောင်းပါတယ်"

လက်ထောက်လေးက တင်ပြလိုက်သည်။

"ကျွန်တော်တို့ သုတေသနနဲ့ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ကို တစ်ဝက်လောက် တိုးချဲ့ထားပြီးပါပြီ။ နောက်ဆုံးမြေပုံအသစ်ပြောင်းလဲမှုမှာ မြေပုံအသစ်သုံးခုနဲ့ ဂိမ်းပုံစံအသစ်တစ်ခု ထပ်ထည့်ထားပါတယ်။ ဒီကာလအတွင်း ကျွန်တော်တို့ဂိမ်းရဲ့အွန်လိုင်းအသုံးပြုသူအရေအတွက်က အရင်တုန်းက အမြင့်ဆုံးဖြစ်ခဲ့တဲ့အခြေအနေထက် ၃၀ရာခိုင်နှုန်း ပိုမြင်တက်ခဲ့ပါတယ်။ ဒုတိယလဝက်ရဲ့ဝင်ငွေက ပထမလဝက်ဝင်ငွေထက် နှစ်ဆနီးပါးရှိပါတယ်"

"ပြီးတော့ သိပ်မကြာခင်က ဂိမ်းဒေတာတွေ ကောင်းမွန်လာတဲ့အတွက် ကျွန်တော်တို့ဂိမ်းကို ကိုယ်စားလှယ်ယူဖို့ ချီတုံချတုံဖြစ်နေတဲ့ အော်ပရေတာသုံးဦးက ဆက်သွယ်လာပါတယ်။ အဲဒီအပြင် အရင်နှုန်းထားထက် ဆယ်ရာခိုင်နှုန်းပိုများတဲ့ဈေးနှုန်းကို ကမ်းလှမ်းလာတဲ့အပြင် ကျွန်တော်တို့ရဲ့ကော်မရှင်နှုန်းထားတွေကိုပါ လက်ခံပေးထားပါတယ်"

"ဟားဟားဟား သိပ်ကောင်းတယ်။ ဒီလိုပဲဖြစ်သင့်တာ"

မိုက်ကယ်က ကျေနပ်အားရစွာ ရယ်မောလိုက်သည်။

"ပစ်ခတ်ရေးဂိမ်းဆိုတာ မုန့်တစ်ဖဲ့စာပဲရှိတယ်။ သူတို့ တစ်ဖဲ့လိုချင်တယ်ဆိုရင်လည်း ပေးလိုက်ပါ။ ငါတို့ကတော့ ဝင်မပါဘဲ ကိုယ့်ဖွံ့ဖြိုးတိုးတက်ရေးကိုပဲ ဆက်လုပ်ကြမယ်။ ဈေးကွက်ထဲမှာ ငါတို့ဂိမ်းတွေ လုပ်ဆောင်ချက်ကောင်းနေသရွေ့ တစ်ခုတည်းကို ထူးချွန်အောင်လုပ်ဖို့လိုတယ်"

"ငါတို့ သူတို့ကို ကိုယ်စားလှယ်လုပ်ခွင့်ပေးမယ်။ ဒါပေမဲ့ ကိုယ်စားလှယ်ခကိုတော့ အရင်နှုန်းထားထက် နှစ်ဆယ်ရာခိုင်နှုန်း ပိုပေးရမယ်"

မိုက်ကယ်က ကြေညာချက်ထုတ်လိုက်၏။

"သူတို့ဘက်က မလိုချင်ဘူးဆိုရင် တခြားလူကိုရှာမယ်။ ငါတို့ရဲ့ဂိမ်းကို ကိုယ်စားလှယ်ယူချင်တဲ့လူတွေမှ အများကြီးပဲ"

"ဟုတ်ကဲ့ သူဌေး"

မိုက်ကယ်က ကျေနပ်အားရစွာဖြင့် လက်ဖက်ရည်ကို တစ်ငုံသောက်ပြီးနောက် သူ့ကွန်ပျူတာကို ဖွင့်ကြည့်လိုက်လေသည်။

"ဒီဂိမ်းက ဘာကြီးလဲ"

ရုတ်ခြည်းပင် Cashewကုမ္ပဏီ၏စတိုးပေါ်တွင် ဂိမ်းအသစ်တစ်ခုပေါ်လာကြောင်း သူ သတိထားမိလိုက်သည်။ ဒေါင်းလုတ်အရေအတွက်က သုညဖြစ်နေသေးသော်ငြား အကြံပြုစာရင်းထဲတွင် နံပါတ်တစ်နေရာမှ ရပ်တည်နေသည်။

ပုံမှန်ဆိုလျှင် ဤအဓိပ္ပာယ်မှာ ဂိမ်းထုတ်လုပ်သူသည် အလွန်နာမည်ကြီးပြီး ဝင်ငွေအများအပြားရရှိထားသည့် စံချိန်ကောင်းများရှိသည်ဟု ဆိုလိုသည်။ သို့မဟုတ် Cashewကုမ္ပဏီဘက်က သူတို့ကို ထိပ်ဆုံးနေရာတွင် ထားပေးမည်ဟု ကမ်းလှမ်းထားခြင်းမျိုးဖြစ်နိုင်သည်။

သို့မဟုတ်ပါက တစ်ဖက်ကုမ္ပဏီက ဤနေရာကိုရရန် ငွေအမြောက်အများထုတ်သုံးထားခြင်းပင်။

သို့တိုင် စစ်မြေပြင်နှင့်တူလှသော ဤအက်ပ်ဈေးကွက်ထဲတွင် လူတိုင်းက ငွေပေးပြီး ဤထိပ်ဆုံးနေရာသို့ မရောက်နိုင်ပေ။

မိုက်ကယ်လည်း သိချင်စိတ်ကြောင့် ထိုဂိမ်းကို ဖွင့်ကြည့်လိုက်၏။

ထုတ်လုပ်သူ : ထန်ရွှင်းဂိမ်း၊ ဝမ်ယိဂိမ်း

"သူတို့ပဲလား"

မိုက်ကယ်၏ရင်ထဲတွင် ရှင်းပြရခက်သော ထိတ်လန့်မှုတစ်ခုကို ခံစားလိုက်ရသည်။ သူ့လည်ချောင်းထဲတွင်လည် တစ်စုံတစ်ခုတစ်ဆို့နေသည့်အလားပင်။

"ကစားသမားအမြောက်အများပါဝင်ရသည့် Role-Playingဂိမ်းလား"

ဂိမ်းအမျိုးအစားကို မြင်သောအခါ မိုက်ကယ်၏အမူအရာကား ပိုရတက်မအေးဖြစ်သွားလေသည်။ သူတို့၏ 'World of Warcraft'ကလည်း ကစားသမားအမြောက်အများပါဝင်သော Role-Playingဂိမ်းအမျိုးအစားပင်။

"မဖြစ်နိုင်ဘူး။ ဒီလိုဂိမ်းမျိုးက မိုဘိုင်းဂိမ်းအနေနဲ့ ဘယ်လိုလုပ်ပြီးအောင်မြင်နိုင်မှာလဲ။ ဖန်သားပြင်က ဒီလောက်သေးတာ… ကွန်ပျူတာလိုမျိုး အထူးသက်ရောက်မှုတွေကို ထုတ်ပြလို့မှမရတာ"

မိတ်ဆက်စာကို သူ ဆက်ဖတ်ကြည့်လိုက်သည်။

"ဗွီအာဂိမ်းများ၊ 'မိုးကြိုးစစ်ဆင်ရေး'၏ မူရင်းအဖွဲ့မှ ထုတ်လုပ်ထားသည်"

ထိုအချိန်မှာမူ မိုက်ကယ် အံ့ဩမှင်တက်သွားရလေပြီ။

"သူဌေး… တစ်ခုခုတော့မှားနေပြီ"

ထိုအချိန်မှာပင် လက်ထောက်တစ်ယောက်က အသည်းအသန်ပြေးဝင်လာသည်။

"ဘာဖြစ်တာလဲ"

"သူဌေး.. ကျွန်တော်တို့ရဲ့ တရားဝင်ဖိုရမ် အဟက်ခံလိုက်ရပြီ"

"ဘာ?"

မိုက်ကယ်ခမျာ ချက်ချင်းမတ်တတ်ထရပ်လိုက်မိသည်။

"ဘာဖြစ်တာလဲ။ ငါ့ကို သေချာရှင်းပြ"

"ဒီည၈နာရီတိတိမျာ ကျွန်တော်တို့ရဲ့တရားဝင်ဖိုရမ်မှာ ကမ္ဘာတစ်ဝှမ်းက ဝင်ထွက်မှုတွေ ရုတ်တရက်မြင့်တက်လာပြီး 'နတ်ဘုရားဧကရာဇ်လောက'ဆိုတဲ့ ဂိမ်းတစ်ခုကို ရုတ်တရက်ကြီးကြော်ငြာဆင်းနေကြတယ်"

မိုက်ကယ်လည်း ဂိမ်းဖိုရမ်ကို ချက်ချင်းဖွင့်ကြည့်လိုက်သည်။ ဤကာလအတွင်းမှာ 'World of Warcraft'ကို ပြန်လည်ပြုပြင်မွမ်းမံထားသဖြင့် ဝါရင့်ကစားသမားများစွာ ပြန်လာခဲ့ကြပြီး အွန်လိုင်းအသုံးပြုသူအရေအတွက်ကလည်း သမိုင်းတွင်လောက်သည့် အမြင့်ဆုံးအဆင့်အထိ ရောက်ရှိနေသောကြောင့် ဖိုရမ်၏လှုပ်ရှားမှုကလည်း အလွန်မြင့်တက်နေခဲ့သည်။

မှော်ဝင်မိန်းမပျိုမိုက်ကယ် : ဒီခေတ်ကြီးမှာ 'World of Warcraft'လိုမျိုး ဒိတ်အောက်နေတဲ့ဂိမ်းကို ကစားကြတုန်းလား"

အနန္တချောက်နက် မိုက်ကယ် : အားလုံးပဲ 'နတ်ဘုရားဧကရာဇ်လောက'ကို ကြည့်ကြည့်လိုက်။ အသစ်စက်စက်ဂိမ်းနော်။ ဂရက်ဖစ်ကလည်း အရမ်းလက်ရာမြောက်တာ။ ဂိမ်းမြေပုံကလည်း 'World of Warcraft'ထက် ဆယ်ဆလောက် ပိုကြီးတယ်။ ရိုးရိုးဖုန်းနဲ့ ကွန်ပျူတာတွေနဲ့ပါ ကစားလို့ရတယ်"

လိင်တူကြိုက်မိုက်ကယ် : ဂိမ်းကို အခုချက်ချင်းဒေါင်းလိုက်ကြ။ 'မိုက်ကယ့်အမေရဲ့ညည်းညူသံ'ဆိုတဲ့ အထူးပစ္စည်းကို အရယူနိုင်တဲ့အခွင့်အရေးတစ်ခုလည်း ရဦးမှာ။ ဇိမ်ခံရွက်လှေတစ်စီးက မင်းတို့ကို‌ စောင့်မျှော်နေတယ်နော်"

...

"ကျန်းမုန့်လောင် မင်းပဲလား။ ကျန်းမုန့်လောင်"

မိုက်ကယ်ခမျာ ဒေါသစိတ်ကြောင့် လက်သီးတင်းတင်းဆုပ်ထားမိသည်။ ဤထရိုးအကောင့်များကို မည်သူငှားရမ်းထားသလဲဆိုသည်ကို သူ ခန့်မှန်းနေစရာမလိုပေ။

သို့သော် ဤအိုင်ပီလိပ်စာများမှာ ကမ္ဘာအနှံ့ကပင်။ သူ့အနေနှင့် ကျန်းမုန့်လောင်ကို စွပ်စွဲ၍ပင် မရချေ။

အစတုန်းကတော့ ကစားသမားများမှာ ထိုစကားကို ပေါ့ပေါ့တန်တန်သဘောထားခဲ့ကြသည်။ ဂိမ်းတစ်ခု အဆင်ပြေနေလျှင် မနာလိုသူများရှိသည်မှာ သေချာပေါက်ပင်။ ဤစကားများကြောင့်တော့ ဝါရင့်ကစားသမားများက 'World of Warcraft'ကို ပစ်ပယ်ပြီး 'နတ်ဘုရားဧကရာဇ်လောက'ဟူသော ဂိမ်းဆီသို့ ပြောင်းသွားကြမည်မဟုတ်။

သို့သော် ဤဂိမ်းမှာ ကစားသမားသန်းပေါင်းများစွာရှိပြီး ၂၀၁၄တစ်ခုတည်းမှာပင် ဇာတ်ကောင်အရေအတွက်က သန်းငါးရာကျော်သည်ဟု မှတ်တမ်းတင်ထားသည်။

သန်းပေါင်းများစွာသော ဤကစားသမားများထဲမှ တော်တော်များများကလည်း သိချင်စိတ်ကြောင့် 'နတ်ဘုရားဧကရာဇ်လောက'ဂိမ်းကို ဒေါင်းလုတ်လုပ်ခဲ့ကြသည်။ ဤလူများမှာ 'မိုးကြိုးစစ်ဆင်ရေး'ဂိမ်းကို ဒေါင်းလုတ်လုပ်ပြီး ဗွီအာစက်များ ဝယ်ယူထားသူများပင်။

ဂိမ်းက ပျော်စရာကောင်းသည်ဖြစ်စေ ၊ မကောင်းသည်ဖြစ်စေ သူတို့၏အထူးပြုကိရိယာများကိုမူ အလဟဿအဖြစ်မခံနိုင်ချေ။

စမ်းကစားကြည့်ပြီးနောက်တွင်မူ ဤဂိမ်းက သူတို့ထင်ထားသည်ထက် ပိုကောင်းနေသဖြင့် အံ့အားသင့်သွားရသည်။ အရည်အသွေးကလည်း ရှင်သန်လွတ်မြောက်ရေးဂိမ်းအမျိုးအစားထဲရှိ 'မိုးကြိုးစစ်ဆင်ရေး'ဂိမ်းနှင့် တစ်တန်းတည်းပင်။

ယှဉ်ကြည့်လိုက်ပါက 'World of Warcraft'မှာ အပြတ်အသတ်ချေမှုန်းခံလိုက်ရလေပြီ။

"ငါကစားကြည့်ပြီးပြီ။ ဒီဂိမ်းအသစ်က အရမ်းကောင်းတယ်။ လူတိုင်း ကစားကြည့်သင့်တယ်"

"ဘုရားရေ.. ဒီဗွီအာအဆင့်က တကယ့်အစစ်အတိုင်းပဲ။ ငါတော့ ကမ္ဘာသစ်တစ်ခုမှာ တိုက်ခိုက်နေရသလို ခံစားရတယ်"

...

ရက်အနည်းငယ်အတွင်းမှာပင် "နတ်ဘုရားဧကရာဇ်လောက"ဂိမ်း၏ ဒေါင်းလုတ်လုပ်နှုန်းမှာ သုညမှ မြင့်တက်လာပြီး 'မိုးကြိုးစစ်ဆင်ရေး'ဂိမ်း၏ ကနဦးဒေါင်းလုတ်အရေအတွက်ကိုပင်‌ ကျော်တက်သွားခဲ့သည်။

"ကစားသမားလှုပ်ရှားမှု ၃၄ရာခိုင်နှုန်း ကျဆင်းသွားပါပြီ။ ဝင်ငွေလည်း ၄၇.၅ရာခိုင်နှုန်း ကျဆင်းသွားပါပြီ"

"သူဌေး.. အဲဒီကိုယ်စားလှယ်တွေက ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းနေကြပါတယ်။ သူတို့တွေက ဟွာရှားနိုင်ငံကို ညတွင်းချင်းသွားနေကြပြီလို့တောင် ကြားထားတယ်"

"သူဌေး… ဒီသုံးပတ်အတွင်းမှာ ကျွန်တော်တို့တွေ 'World of Warcraft'မှာ ပိုရင်းနှီးမြှုပ်နှံထားပေမဲ့ 'နတ်ဘုရားဧကရာဇ်လောက'ဂိမ်းက ကျွန်တော်တို့ကို ဖိနှိပ်ထားတုန်းပါပဲ။ ကျွန်တော်တို့ရဲ့သုံးစွဲသူအရေအတွက်ကလည်း ဆက်တိုက်ထိုးကျနေပါတယ်။ ကျွန်တော်တို့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လုပ်သင့်လား"

မိုက်ကယ်ခမျာ ဖန်သားပြင်ကို အကြောင်သားစိုက်ကြည့်နေမိသည်။ သူ လုံးဝပြိုလဲသွားလေပြီ။

****************

All Chapters