မင်းရဲ့နာမည်ကို ဟူချန်းလို့ပြောင်းလိုက်တာ ပိုကောင်းမယ်
Vol. 41 Ch. 609
လမ်းမတော်တော်များများကို ကျော်ဖြတ်လာပြီးနောက် ခမ်းနားထည်ဝါလှသော အဆောက်အအုံကို မျက်စိရှေ့မှာတင် ကျန်းမုန့်လောင် မြင်လိုက်ရသည်။ ထို့ပြင် ၁၆လွှာရှိ သိသာထင်ရှားလှသော ဆိုင်းဘုတ်ကြီးကိုလည်း တွေ့လိုက်ရသည်။
"ဟော့ပုဖန်စတူဒီယို"
ဤရုံးအဆောက်အအုံကို အလွတ်တမ်းအနုပညာရှင်အမြောက်အများက သူတို့၏စတူဒီယိုအဖြစ် ငှားရမ်းထားသည်။ နာမည်ကြီးပြီး ပရိသတ်အင်အားတောင့်တင်းသော လူများကသာ ယခုလိုနေရာမျိုးကို ငှားရမ်းနိုင်ကြသည်ဖြစ်ရာ ဤအဆောက်အအုံ၏ လုံခြုံရေးကလည်း အလွန်တင်းကျပ်လှသည်။ ဤသည်မှာ တစ်ဖက်ပိတ်ပရိသတ်များ ခိုးမဝင်လာစေရန်နှင့် အထဲရှိ အနုပညာရှင်များကို ပြဿနာမရှာနိုင်စေရန် ကာကွယ်ထားခြင်းပင်။
သူတို့ ကားထဲကထွက်လိုက်သည်နှင့် အဆောက်အအုံရှေ့တွင် အရှေ့လျှောက်လိုက် အနောက်လျှောက်လိုက်ဖြစ်နေသော စွန်းရော့ဝမ်ကို တွေ့လိုက်ရသည်။ သူ(မ)၏မျက်နှာထက်တွင် စိုးရိမ်ပူပန်နေသော အရိပ်အယောင်များမှာ ထင်ရှားနေပြီး မျက်လုံးကလည်း အပေါ်ထပ်သို့ ခဏခဏလှမ်းကြည့်နေသည်။
ကျန်းမုန့်လောင်တို့တစ်သိုက် ရောက်လာသည်ကို မြင်လိုက်ရချိန်တွင် သူ(မ)လည်း ကယ်တင်ရှင်ပေါ်လာသည့်အလား ခံစားလိုက်ရသည်။
"နင်တို့ ရောက်လာပြီပဲ"
စွန်းရော့ဝမ်၏လေသံထဲတွင် ရှိုက်သံရောနေချေသည်။
"အခြေအနေက ဘယ်လိုရှိလဲ။ အဆက်အသွယ်မရသေးဘူးလား"
ကျန်းမုန့်လောင်က မေးလိုက်လေသည်။
"ဟုတ်တယ်။ သုံးနာရီတုန်းက ဝင်သွားတာ။ တခြားသရုပ်ဆောင်တွေနဲ့ လူတွေ့စစ်ဆေးမှုကိုလာတဲ့လူတွေလည်း အကုန်ထွက်လာပြီ။ ဒါပေမဲ့ ပင်းပင်းဆီက ဘာသတင်းမှမရသေးဘူး။ ဖုန်းလည်း ခဏခဏခေါ်ကြည့်ပြီးပြီ။ ဘယ်သူမှ ဖုန်းမကိုင်လာဘူး။ ခုနတုန်းကတောင် ထပ်ခေါ်ကြည့်လိုက်သေးတယ်။ ဖုန်းပိတ်ထားတယ်တဲ့"
"သွေးရိုးသားရိုးတော့မဟုတ်ဘူး"
ကျန်းမုန့်လောင် မျက်မှောင်ကြုတ်လိုက်လေသည်။
ချန်းပင်းနင်သည် အလုပ်များနေရုံသက်သက်ဖြင့်တော့ ဖုန်းပိတ်ထားမည်မဟုတ်။ သူ(မ)ကို ဆက်သွယ်၍မရပါက သူ(မ)၏သူငယ်ချင်းများ စိတ်ပူနေလိမ့်မည်ဖြစ်ကြောင်း ကောင်းကောင်းသိသည်။
ထို့ပြင် သူ(မ)က အချိန်မသိအခါမသိသူတစ်ယောက် မဟုတ်ပေ။ ယခုဆိုလျှင် ချိန်းထားသည့်အချိန်ထက် မိနစ်လေးဆယ်ပင် ကျော်သွားလေပြီ။ သူ(မ)အနေနှင့် မည်မျှပင် အလုပ်များစေကာမူ မက်ဆေ့ချ်တစ်စောင်တော့ ပို့နိုင်သည်မဟုတ်လား။
"တစ်ခုခုတော့ဖြစ်နေပြီ"
ကျန်းမုန့်လောင်သည် အနုပညာလောကထဲရှိ အတင်းအဖျင်းများကို စိတ်မဝင်စားသော်ငြား တစ်ခါတစ်ရံတွင် ဝမ်လင်နှင့် စကားပြောရင်း သတင်းအချက်အလက်အမျိုးမျိုးကို ရတတ်သည်။
အဆိုတော်များနှင့် ကြယ်ပွင့်အမြောက်အများက လူရှေ့သူရှေ့တွင်သာ ကောင်းမွန်သောပုံရိပ်များကို ထိန်းသိမ်းပြနေသော်ငြား နောက်ကွယ်တွင်မူ ဖောက်ပြန်မှုများနှင့် အုပ်စုလိုက်ကျူးလွန်မှုများ အစရှိသော မကောင်းမှုအမျိုးမျိုးကို မရေမတွက်နိုင်အောင် ပြုလုပ်တတ်ကြသည်။ မကြာသေးခင်ကပင် အချိန်စီမံခန့်ခွဲရေးဆရာကြီးမစ္စတာလော့လည်း နာမည်ပျက်သွားခဲ့ရပြီမဟုတ်လား။
သို့သော် ယခင်ကသာဆိုလျှင် သူသည် ယခုလို အရှုပ်တော်ပုံများကို ကျူးလွန်ထားသူဖြစ်ကြောင်း မည်သူက သိနိုင်မည်နည်း။ ဤကိစ္စများတွင် လူထုဆက်ဆံရေးက မလျော်ကန်သော အပြုအမူများကို မွေးမြူရန်အတွက် အကောင်းဆုံးဆင်ခြေပင်။
ဟော့ပုဖန်ကိုတော့ ကျန်းမုန့်လောင် ကြားဖူးသည်။ သူသည် ဟွာရှားလူမျိုးမဟုတ်ပေ။ ကယ်လီဖိုးနီးယားမှဖြစ်၏။ ဟွာရှားနိုင်ငံရှိ သူ့ကျော်ကြားမှုက ငွေရှာရန် အသင့်တော်ဆုံးဖြစ်နေသောကြောင့် ဤနေရာသို့ ရောက်နေခြင်းသာ။ တစ်ခါတုန်းက ဝမ်လင်သည် ဟော့ပုဖန်ကို "ကယ်လီဖိုးနီးယားအမြောက်ဘုရင်"ဟု နာမည်ပြောင်ပေးထားကြောင်း သူ အမှတ်ရလိုက်သည်။
အမှန်ပင်။ ထိုအမှန်တရားမှာ သိပ်မရှင်းလင်းပေ။ မည်သို့ပင်ဖြစ်စေ ထိုလူသည် အလွန်ခံ့ညားပြီး ပရိသတ်အမြောက်အများရှိ၏။ သူသာ တစ်ကိုယ်တည်းသမားဖြစ်နေသရွေ့ နှစ်ဦးနှစ်ဖက်သဘောတူထားသည့် ဆက်ဆံရေးများမှာ မည်သူနှင့်မှမဆိုင်သော ကိစ္စများပင်။ ကျန်းမုန့်လောင်ကမူ ထိုကဲ့သို့သော အသေးအဖွဲကိစ္စလေးများကို စိတ်မဝင်စားသဖြင့် အတင်းအဖျင်းဟုသာ သဘောထားပြီး အမှားအမှန်ကို မစုံစမ်းခဲ့ပေ။
သို့သော် ယခုမူ ဤအခြေအနေကြောင့် ဝမ်လင်၏စကားများကို သံသယဝင်ဖို့ဖြစ်လာသည်။
"အပေါ်တက်ပြီး သွားကြည့်ရအောင်"
ကျန်းမုန့်လောင်က ဦးဆောင်၍ အထဲသို့ ချက်ချင်းဝင်သွားလိုက်သည်။
"တစ်ဆိတ်လောက်ပါ ဆရာ…ကြိုချိန်းဆိုထားတာများ ရှိလား"
လုံခြုံရေးအစောင့်တစ်ယောက်က သူ့ကို ချက်ချင်းတားလိုက်သည်။
"မရှိပါဘူး"
"ဒါဆို တောင်းပန်ပါတယ်။ ခင်ဗျား အထဲကိုဝင်လို့မရပါဘူး"
"ကျုပ် ဘယ်သူလဲဆိုတာ ခင်ဗျားသိလား"
ကျန်းမုန့်လောင်က ထိုလုံခြုံရေးကို စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။
ထိုလုံခြုံရေးက သူ့ကို ခေါင်းအစခြေအဆုံး စစ်ဆေးကြည့်လိုက်သည်။
"ခင်ဗျား ဘယ်သူလဲဆိုတာကို ကျွန်တော် ဂရုမစိုက်ပါဘူး။ ကြိုမချိန်းထားရင် အထဲကိုဝင်လို့မရပါဘူး"
"သေစမ်း"
ကျန်းမုန့်လောင်ခမျာ ဒေါသလည်းထွက်သလို ရယ်လည်းရယ်ချင်မိသည်။ ဘယ်ခေတ်မှာများ နေနေလို့ သူ့ကိုတောင် မမှတ်မိရတာလဲ။
"ငါ အပေါ်ကိုတက်နှင့်မယ်"
အခြေအနေက ဘယ်လိုဖြစ်နေမှန်း မသိရသဖြင့် လုံခြုံရေးနှင့် အချိန်ဖြုန်းနေဖို့မတတ်နိုင်သဖြင့် သံတံခါးကို ကျော်ဖြတ်ကာ ခဏလေးအတွင်း လှေကားဘက်သို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။
"ဟေး.. အထဲဝင်လို့မရဘူးလို့"
ယခုလိုလျင်မြန်ဖျတ်လတ်လှသော လူငယ်လေးတစ်ယောက်နှင့် မကြုံဖူးသည့်အတွက် လုံခြုံရေးလည်း ထိတ်ပျာသွားချေသည်။
"အဆောက်အအုံထဲကို ခွင့်ပြုချက်မရှိဘဲ ဝင်လာတဲ့လူတစ်ယောက်ရှိတယ်။ အဆောက်အအုံထဲကို ခွင့်ပြုချက်မရှိဘဲ ဝင်လာတဲ့လူတစ်ယောက်ရှိတယ်"
လုံခြုံရေးက အထဲရှိ လူများထံသို့ ချက်ချင်းအကြောင်းကြားလိုက်သည်။
ထို့နောက် သူက လုရီယောင်တို့တစ်သိုက်ကို ရန်လိုသောမျက်နှာထားဖြင့် ကြည့်လိုက်လေသည်။ ကျန်းမုန့်လောင်ကို မတားနိုင်ခဲ့လျှင်ပင် ဤမိန်းကလေးသုံးယောက်ကိုတော့ တားနိုင်သေးသည်မဟုတ်လား။
"အစ်မဟုန်းရီလား။ မုန့်လောင်နဲ့ ကျွန်မက ကျင်းချန်အဆောက်အဦးမှာ ရောက်နေတာ.. ဟုတ်တယ်။ ကျွန်မသူငယ်ချင်း ပြဿနာတက်နေလို့။ ဒီလုံခြုံရေးကလည်း ကျွန်မတို့ကို ဝင်ခွင့်မပေးဘူးတဲ့"
ချန်ပင်းနင် ပျောက်နေသဖြင့် လုရီယောင်လည်း အတန်ငယ်စိတ်လှုပ်ရှားနေမိသည်။ သို့သော် ကျန်းမုန့်လောင်ကိုလည်း စောင့်မနေနိုင်သဖြင့် ဟုန်းရီကိုသာ ဖုန်းဆက်လိုက်ရသည်။
"ဘာ? မစ္စတာကျန်းက ဒီကိုရောက်နေတယ် ဟုတ်လား"
ကျင်းချန်အဆောက်အအုံ၏တာဝန်ခံခမျာ ဤသတင်းကိုကြားသော် တည်တည်ငြိမ်ငြိမ်မနေနိုင်တော့ပေ။ ကျင်းချန်အဆောက်အအုံကို ထန်ဟွေ့လုပ်ငန်းစုက ပိုင်ဆိုင်သည်။ ဤသည်မှာ ဟုန်းရီအဖေ၏ပိုင်ဆိုင်မှုပင်ဖြစ်၏။ တစ်နည်းဆိုရသော် ကျင်းချန်အဆောက်အအုံမှာ ကျန်းမုန့်လောင်၏ပိုင်ဆိုင်မှုပင်။
"သူ ဒေါသတကြီးနဲ့ အတင်းဝင်သွားတာလား"
ကျင်းချန်အဆောက်အအုံ၏ တာဝန်ခံမှာ တစ်စုံတစ်ခုဖြစ်နေကြောင်း ခံစားမိလိုက်သည်။ ကျန်းမုန့်လောင်ကို ဤမျှအထိ စိတ်လိုက်မာန်ပါပြုမူစေသော အကြောင်းအရင်းက ဘာများလဲ။
"မြန်မြန်လေး..အားလုံးကို အကြောင်းကြားထားလိုက်။ ကျင်းချန်အဆောက်အအုံထဲက လုံခြုံရေးတွေကို အလျင်စလိုမပြုမူကြနဲ့လို့။ မစ္စတာကျန်းရဲ့လုံခြုံရေးက အဓိကဦးစားပေးပဲ။ မစ္စတာကျန်းဘက်က အကူအညီတစ်ခုခုလိုခဲ့ရင် ဥပဒေဘောင်အတွင်းကနေ အားလုံးဖြည့်ဆည်ပေးလိုက်"
...
ကျန်းမုန့်လောင်သည် ကြမ်းကြုတ်ရက်စက်သော ကျားတစ်ကောင်အလား လှေကားကို လွှားခနဲဖြတ်ကျော်သွားသည်။ ဓာတ်လှေကာထက်ပင် ပိုမြန်သေးသည်။ လှေကားပေါ်တွင် လမ်းလျှောက်နေကြသူများမှာ လေပြင်းတစ်ချက် ဖြတ်တိုက်သွားသည်ကိုသာ ခံစားလိုက်ရသည်။ တစ်စုံတစ်ခု အလျင်အမြန်ဖြတ်သွားသည်ကိုသာ ခံစားလိုက်ရပြီး ဘာမှတော့ မမြင်လိုက်ရချေ။
သူသည် ချန်းပင်းနင်ကို တစ်ခါသာတွေ့ဖူးသောကြောင့် သူ(မ)၏ကိုယ်သင်းနံ့ကို မမှတ်မိပေ။ ထို့ကြောင့် အသံကိုအားကိုး၍သာ ရှာဖွေရသည်။
အဆောက်အအုံတစ်ခုလုံးမှာ သူ့ခေါင်းထဲတွင် မြေပုံတစ်ခုအလား ထင်ရှားနေသည်။
"မစ္စတာကျန်း.. အခန်း ၁၆၀၈နဲ့ ၁၆၃၂မှာ လှုပ်ရှားမှုတွေရှိပါတယ်"
ယဲ့ရင်ကလည်း ချန်းပင်းနင်ကို ရှာဖွေရာတွင် ကူညီပေးပြီး ထိုနေရာနှစ်ခုကို ချက်ချင်းပစ်မှတ်ထားလိုက်သည်။
"သိပြီ"
ထိုအချိန်မှာပင် ကျန်းမုန့်လောင်က ၁၆လွှာသို့ ရောက်နေပြီဖြစ်ရာ အခန်း၁၆၀၈ထဲသို့ ချက်ချင်းဝင်သွားလိုက်သည်။
အထဲတွင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်က နမ်းရှိုက်နေကြသည်။ သို့သော် ထိုအမျိုးသမီးက ချန်ပင်းနင်တော့မဟုတ်ပေ။ သူတို့သည် ဟော့ပုဖန်စတူဒီယိုရှိ အချင်းချင်းချစ်ကြိုက်နေကြသော ဝန်ထမ်းနှစ်ယောက် ဖြစ်ဟန်တူသည်။ သူတို့၏ ထိတ်လန့်နေဟန်အမူအရာက ထိုအချက်ကို သက်သေပြနေလေသည်။
"ဆောရီး ဆောရီး ဆက်လုပ်ကြပါ"
ကျန်းမုန့်လောင်လည်း ထိုလူငယ်စုံတွဲကို နှောင့်ယှက်မိသည့်အတွက် အားတုံ့အားနာဖြင့် ချက်ချင်းပြန်ထွက်လာခဲ့လိုက်သည်။
ထို့နောက် အခန်း၁၆၃၂သို့ ချက်ချင်းသွားလိုက်သည်။ ဤတစ်ခေါက်တွင်မူ သူ့အကြားအာရုံကို ဤအခန်းထဲသို့ ဂရုတစိုက်ဖြန့်ကြက်လိုက်သည်။
"ဘေဘီ..ကိုယ့်ဟာက အရမ်းကြီးတော့ မင်း နည်းနည်းတော့သည်းခံရလိမ့်မယ်"
အီလက်ထရောနစ်ဆန်သော အသံတစ်သံက ကျန်းမုန့်လောင်၏အာရုံထဲတွင် ပဲ့တင်ထပ်လာသဖြင့် သူ့ဖုန်းအားပင် အားပြည့်လုမတတ်ဖြစ်သွားသည်။ ဤလေသံမှာ သံသယဖြစ်နေစရာပင်မလိုချေ။ ကယ်လီဖိုးနီးယားလျှပ်စစ်ငါးရှဉ့် ဟော့ပုဖန်၏အသံပင်တည်း။
ကျန်းမုန့်လောင်သည် အခန်းထဲတွင် မိန်းကလေးတစ်ယောက်ရှိကြောင်း သတိထားမိပါသော်ငြား အကြောင်းတစ်စုံတစ်ရာကြောင့် သူ(မ)သည် ဆိုဖာပေါ်တွင် လဲလျောင်းနေလေသည်။ ကျန်းမုန့်လောင်လည်း စွမ်းအင်ကို အာရုံခံကြည့်လိုက်ရာ သူ(မ)၏ဇီဝလျှပ်စီးကြောင်းက အားနည်းနေပြီး တစ်စုံတစ်ရာက သူ(မ)၏ခန္ဓာကိုယ်လုပ်ဆောင်ချက်များကို ကန့်သတ်ထားသကဲ့သို့ ဖြစ်နေလေသည်။
ဟော့ပုဖန်၏စကားများနှင့် ပေါင်းစပ်ကြည့်လိုက်သောအခါတွင်မူ သူ့ခေါင်းထဲ၌ စာလုံးနှစ်လုံးက ချက်ချင်းပေါ်လာသည်။
"MJ?"
ကျန်းမုန့်လောင်၏ရင်ထဲတွင် ဒေါသများ ချက်ချင်းတောက်လောင်လာသည်။ အထဲရှိ မိန်းကလေးမှာ ချန်ပင်းနင်ဖြစ်နိုင်ခြေများလှသည်။ စတူဒီယိုထဲတွင် ယခုလိုကိစ္စမျိုး ဖြစ်ပျက်နေသတဲ့လား။ ဤသည်မှာ စတူဒီယိုရော ဟုတ်သေးရဲ့လား။
ကျန်းမုန့်လောင်လည်း အခန်းတံခါးကို ကန်ဖွင့်ပစ်လိုက်လေရာ အဝတ်အစားမလုံ့တလုံဖြစ်နေသော မိန်းကလေးတစ်ယောက်က ဆိုဖာပေါ်တွင် ဖိုသီဖတ်သီဖြင့် လဲလျောင်းကာ တစ်ကိုယ်လုံးနီးပါးပေါ်နေချေသည်။
ကျန်းမုန့်လောင်လည်း သူ့ဂျာကင်ကိုချွတ်၍ ထိုမိန်းကလေးပေါ်သို့ ပစ်တင်လိုက်သည်။ ဟော့ပုဖန်ကတော့ သူ့အား အထိတ်တလန့်ဖြင့် ကြည့်နေချေသည်။
"မင်း..မင်းက ကျန်းမုန့်လောင်လား"
ကျန်းမုန့်လောင်က ဤနေရာတွင် ပေါ်လာလိမ့်မည်ဟု ဟော့ပုဖန် လုံးဝထင်မထားပေ။ သူက နေရာတိုင်းတွင် ရှိနေခြင်းလေလား။ သူ အောင်မြင်တော့မည့်ဆဲဆဲမှာပင် အရာအားလုံး ပျက်စီးရလေပြီ။
"မင်းက ဒါကို ကြီးတယ်လို့ပြောနေတာလား"
ကျန်းမုန့်လောင်မှာ သူ့အောက်ကို စက်ဆုပ်ရွံရှာစွာကြည့်လျက် မှတ်ချက်ပေးလိုက်သည်။
"နားကြပ်တံလောက်လေးပဲ ရှိတာကို။ မြင်ရတာတောင် ရှက်မိတယ်"
"မင်း နာမည်ပြောင်းသင့်တယ်လို့ထင်တာပဲ။ မင်းကိုယ်မင်း ဟော့ပုဖန်လို့မခေါ်တော့ဘဲ ဟူချန်းလို့သာ ခေါ်တော့"
******************