အခန်း (၅၇)
Vol. 6 Ch. 57
ဒီတပည့်ရင်း တွေက အားထုတ်မှု မြောက်မြားစွာနဲ့ ပျိုးထောင်ခဲ့ရတဲ့သူတွေပါ။
ကြက်နဲ့ ခွေးတွေကို သတ်သလို အသတ်ခံလိုက်ရတာလား
သူက 'သွေးသန့်စင်ခြင်းအဆင့်' မှာ အသေးစားအောင်မြင်မှု့ပဲ ရှိသေးတာမဟုတ်ဘူးလား
သူ ထပ်ပြီး အောင်မြင်မှု ရသွားတာလား
ဒါပေမဲ့ 'သွေးသန့်စင်ခြင်းအဆင့် အကြီးစားအောင်မြင်မှု'ရခဲ့ရင်တောင် ဟွမ်ထောင်လည်း အဲဒီ အဆင့်မှာပဲ ရှိပြီး သူ့ပတ်ဝန်းကျင်မှာ အကူအညီပေးသူတွေ အများကြီး ရှိခဲ့တာတောင်မှ ဘယ်လိုလုပ် အကုန်လုံး အသတ်ခံရတာလဲ၊ သူတို့ အားလုံး အသုံးမကျတာလား
ထိတ်လန့်မှုတွေ ပျောက်ကွယ်သွားပြီးနောက် မစ္စတာဝူကဒေါသတရားတွေနဲ့ ဖုံးလွှမ်းသွားပြန်တယ်သူ ဟိန်းဟောက်လိုက်တယ် "မင်း အရမ်း လွန်သွားပြီ မဟုတ်လား လာသူ့ကို ငါ့အတွက် ဖမ်းလိုက်"
အရင်က ကြောက်လန့်ပြီး ထွက်ပြေးသွားတဲ့ တပည့်တွေဟာ အခုတော့ 'အရိုးဖွဲ့စည်းမှု့အဆင့်' သိုင်းပညာရှင် မစ္စတာ ဝူ ကိုယ်တိုင် ဦးဆောင်တာကို မြင်တော့ သူတို့ရဲ့ ရဲစွမ်းသတ္တိတွေ ပြန်ရလာပြီး သတိထားပြီး သူတို့ရဲ့ ဓားတွေကို ဆွဲထုတ်ကာ ဗိုင်ဟူမြင်းဆီကို ဖြည်းဖြည်းချင်း ချဉ်းကပ်လာကြတယ်။
"ဘယ်သူ လှုပ်ရှားရဲသလဲ"
ဒီလို အချိန်မှာပဲ
အသက်အရွယ် အနည်းငယ် ရင့်ကျက်ပြီး အာဏာပါတဲ့ အသံတစ်ခု ထွက်ပေါ်လာတယ်။
ရွှီဝမ်ချိုင်ကအသက်ရှူမှားစွာ ပြန်ရောက်လာတာကို မြင်ရတယ်။
သူ့နောက်ကတော့ ပိုယန် ခြေလျင်တပ်ရင်းက အရာရှိတွေ လိုက်ပါလာကြတယ်။
ဦးဆောင်လာသူက ရာစုမှုးဖန် ဖြစ်ပြီး၊ သူ့နောက်မှာ ရွီဘင်၊ကျူထုံ၊ ဝမ်လီနဲ့ တခြားသူတွေ ပါလာကြတယ်။
သူတို့ အားလုံးပေါင်း လေးဆယ်ငါးဆယ်လောက် ရှိတယ်။
"..."
ချန်ဆန်းရှီက ရွှီဝမ်ချိုင်ကို အရင်က သတိမထားမိခဲ့ဘူး သူ လူခေါ်ဖို့ ပြန်သွားခဲ့ပုံရတယ်။
စစ်တန်းလျား အရာရှိတွေက လှံရှည်တွေ ကိုင်ဆောင်ပြီး သူ့ရဲ့ ဘေးနှစ်
ဖက်မှာ တန်းစီလိုက်ကြကာ သိုင်းပညာခန်းမကတပည့်တွေကို ရင်ဆိုင်လိုက်ကြတယ်။
"ဆရာ"
ရွှီဝမ်ချိုင်က အသက်ရှူမဝစွာ ပြောတယ် "ရာစုမှဝမ်နဲ့ ထောင်စုမှုးရှန်ကစခန်းထဲမှာ မရှိဘူးရာစုမှုးဖန်ကိုပဲ ကျွန်တော် ရှာနိုင်ခဲ့တယ်"
"ဘာလို့ အလောင်းတွေ ဒီလောက် များနေရတာလဲ"
ရာစုမှုးဖန်ကမြေပြင်ပေါ်က အလောင်းတွေကို ကြည့်ပြီး အခြေအနေက ဆိုးရွားနေပြီဆိုတာ သိလိုက်တယ်။
သူ စိတ်ကို တင်းလိုက်ပြီး လက်နှစ်ဖက်ကို ယှက်ကာ ဦးညွှတ်လိုက်
တယ်"မစ္စတာ ဝူ၊ တစ်ခုခု နားလည်မှု လွဲနေတာများ ရှိသလား"
"နားလည်မှု လွဲတယ် မင်း အမေ ခေါင်း"
'မစ္စတာဝူကသူ့ရဲ့ စိတ်ခံစားမှုတွေကို မထိန်းချုပ်နိုင်တော့ဘဲ"မင်းတို့ ငါ့လူတွေ အများကြီးကို သတ်ပြီးတော့ နားလည်မှု လွဲနေတယ်လို့ ပြောရဲတယ်လား
"မင်းတို့ လူအများကြီးနဲ့ ဒီကို လာပြီး ငါ့ကိုပါ သတ်ဖို့ ကြံနေကြတာလား"
"သေချာပေါက် မဟုတ်ပါဘူး"
ရာစုမှုးဖန်ကကြားဝင် စေ့စပ်ဖို့ ကြိုးစားတယ် "ဒီလိုလုပ်ပါ၊အလံမှုး ချန်ကိုကျွန်တော်တို့နဲ့ အတူတူ အရင် ပြန်ခေါ်သွားပါရစေ ပြီးတော့ ထောင်စုမှုးပြန်လာတဲ့အခါ ဒါကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ ဆွေးနွေးကြတာပေါ့"
"မင်းတို့ကို ငါ မလိုအပ်ဘူး"
မစ္စတာဝူကဒေါသကြောင့် အရူးအမူး ဖြစ်နေတယ် "ဒီနေ့ ငါ သူ့ကို ကိုယ်တိုင် အရှင်ဖမ်းပြီး ရှန်ထင်ချွန်ဆီ ခေါ်သွားမယ်သူ ငါ့ကို ဘယ်လို ရှင်းပြမလဲဆိုတာ ကြည့်ရသေးတာပေါ့"
သူ ပြောနေရင်းနဲ့ သူ့ဘေးနားက တပည့်တစ်ယောက်ရဲ့ လက်ထဲက ဓားကို လှမ်းယူလိုက်ပြီး ကိုယ်တိုင် စတင် လှုပ်ရှားဖို့ ပြင်လိုက်တယ်။
"အလံမှုးချန်"
ရာစုမှုးဖန်က အသံကို နိမ့်ပြီး အကြံပေးတယ်"ခင်ဗျား အရင် ထွက်သွားသင့်တယ် ကျွန်တော်တို့ သူတို့ကို ခဏ ဆွဲထားပေးမယ်... ခဏ၊ ခင်ဗျား ဘာလုပ်နေတာလဲ"
သူ စကားမဆုံးခင်မှာပဲ သူ့ဘေးနားက လူငယ်လေးက သူ့လှံကို မြှောက်ပြီး မြင်းကို စီးကာ ရှေ့ကို တိုးလိုက်တယ်။
"သူက အရိုးဖွဲ့စည်းမှု့အဆင့်သိုင်းပညာရှင်ဗျ"
တပ်မှုးဖန်က သူ့ကို တားလို့မရတော့ဘဲ နှစ်ဖက်စလုံးက အလွန်လျင်မြန်တဲ့ အရှိန်နဲ့ တိုက်ခိုက်နေတာကိုသာ ဘာမှမတတ်နိုင်ဘဲ ကြည့်နေရတော့တယ်။
"သွေးသန့်စင်ခြင်းအဆင့်နဲ့ အရိုးဖွဲ့စည်းခြင်းအဆင့်ကြားမှာ ကွာခြားချက်က အများကြီးပဲ မင်း ဘယ်ကနေ သတ္တိတွေ ရလာတာလဲ"
မစ္စတာဝူရဲ့ သွေး-ချီတွေ ပေါက်ကွဲထွက်လာပြီး သူ့ခန္ဓာကိုယ်ထဲက သွေးကြောတွေ ရုတ်တရက် ဖူးယောင်လာတယ် သူ့အရိုးတွေကို ပဲလှော်ပေါက်သံလိုမျိုး အသံတွေနဲ့ တစ်လက်မချင်းစီ ရစ်ပတ်လိုက်ပြီး၊ သူ့ရဲ့ ကြွက်သားတွေက လူ့ပုံသဏ္ဍာန်ရှိတဲ့ သားရဲတစ်ကောင်လို ဖောင်းကားလာတယ်။
သူ လှုပ်ရှားလိုက်တဲ့ အချိန်မှာပဲ သူ့ခြေထောက်တွေက ရွှံ့ဝါတွေထဲမှာ အနက်ရှိုင်းဆုံး ချိုင့်ခွက်တွေကို ထားခဲ့တယ် ဘေးနှစ်ဖက်က ရှုခင်းတွေက လျင်မြန်စွာ နောက်ပြန်ဆုတ်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာ သူကဗိုင်ဟူမြင်းနဲ့ဆယ်လှမ်းလောက်ပဲ ကွာတော့တယ် သူ့ရဲ့ ရတနာဓား က မိုးခြိမ်းသံလို အော်ဟစ်ပြီး လျှပ်စီးလို မြန်ဆန်နေတယ်။
'မိုးကြိုးဓားပညာ '
မစ္စတာဝူကဒေါသတရားတွေနဲ့ ဖုံးလွှမ်းနေတယ်။
သူက လူငယ်လေးရဲ့ လက်ထဲမှာ မြှောက်ထားတဲ့ ကျူရွက်လှံကို အာရုံစိုက်လိုက်ပြီး ဒီထိုးချက်ကို ရှောင်တိမ်းဖို့ စီစဉ်လိုက်တယ်။ ပြီးတော့ အမြန်ဆုံး ဝင်ရောက်ပြီး ပထမဆုံး စစ်မြင်းကို သတ်မယ်၊ ပြီးမှ လူငယ်လေးရဲ့ လက်မောင်းကို ဖြတ်ပြီး အရှင်ဖမ်းမယ်။
သူတို့ ခုနစ်လှမ်းလောက် ကွာဝေးတဲ့အခါ အေးစက်တဲ့ အလင်းတစ်ခု ရုတ်တရက် လင်းလက်လာတယ်။
ဘယ်အချိန်ကမှန်းမသိ၊ လှံထိပ်က ရှေ့ကို ထိုးထွက်လာတယ်
မစ္စတာဝူက သူ့ရဲ့ အာရုံစိုက်မှု အားလုံးကို လှံရှည်ပေါ်မှာ စုစည်းထားပေမဲ့ ပြိုင်ဘက် ဘယ်အချိန်က လှုပ်ရှားလိုက်လဲဆိုတာ သတိမထားမိလိုက်ဘူး၊ သူ ဘယ်လို လုပ်လိုက်တာလဲ
သူ လျင်မြန်စွာ တိုက်ခိုက်နေတဲ့ ပုံစံကို စွန့်လွှတ်ပြီး သူ့ရဲ့ ရတနာဓားနဲ့ ကာကွယ်လိုက်တယ်။
တစ်ချက် ထိခိုက်လိုက်တာနဲ့ နှစ်ဖက်စလုံး ရှေ့ဆက်နေတာ မရပ်ဘဲ တစ်ယောက်နဲ့တစ်ယောက် ကျော်ဖြတ်သွားကြတယ်။
မစ္စတာဝူရဲ့ လက်ထဲက ဓားက တုန်ခါနေတုန်းပဲ။ သူ့ဒေါသတွေ လျော့နည်းသွားပြီး အံ့အားသင့်မှုနဲ့ အစားထိုးသွားတယ်။
'ဒီ တိုက်ကွက်'
သူ ဘာ အားသာချက်မှ မရလိုက်ဘူး အများဆုံးတော့ သူ့ရဲ့ အဆင့်ကို သုံးပြီး ပြိုင်ဘက်ကို ဖိနှိပ်လိုက်တာပဲခွန်အားမှာ နည်းနည်းလေး အသာစီး ရလိုက်တာ။
ချန်ဆန်းရှီလည်း သူ့မြင်းကို ပြန်ထိန်းလိုက်ပြီး တင်းမာနေတုန်းပဲ။
မစ္စတာဝူကအရိုးဖွဲ့စည်းခြင်းအဆင့် စဝင်စပဲ ရှိသေးတာတောင် ဒီလို ပြင်းထန်တဲ့ စွမ်းအားမျိုးကို ပိုင်ဆိုင်နေတယ်အရိုးဖွဲ့စည်းမှု့အဆင့်သိုင်းပညာရှင်တွေကို အထင်မသေးသင့်ဘူး။
ကံကောင်းစွာနဲ့ပဲ သူက 'နဂါးဆင်သွေး စွမ်းအား' ရဲ့ အားဖြည့်မှုကို ရရှိထားတာကြောင့် ကွာခြားချက် အများစုကို လျော့ချပေးနိုင်ခဲ့တယ် သူ နောက်ထပ် လုပ်ရမှာက သူ့ရဲ့ စွမ်းအား အားလုံးကို ထုတ်သုံးဖို့ပဲ၊ ဒါဆိုရင် ပြိုင်ဘက်နဲ့ ယှဉ်နိုင်မှာ သေချာတယ်။
"ထပ်လုပ်"
မစ္စတာဝူက နောက်ထပ် တိုက်ခိုက်မှုတစ်ခု စတင်လိုက်တယ်။
ကျန်တဲ့လူတွေက သူတို့ရဲ့ တိုက်ပွဲကို ကြည့်နေကြပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေကြတယ်။
"သူက အကြီးစားအောင်မြင်မှု့ဘဲရသေးတာ၊ ဒါကို အရိုးဖွဲ့စည်းခြင်းအဆင့်ကသိုင်းပညာရှင်နဲ့ ယှဉ်ပြိုင်နိုင်တယ်"
ရာစုမှုးဖန်က မယုံနိုင်ဘူး ဖြစ်နေတယ်။
ဒါပေမဲ့ အခြေအနေက အရေးပေါ်နေတာမို့ အံ့သြနေဖို့ အချိန်မရှိဘူး "သူတို့ ဆက်တိုက်ခိုက်ခွင့် မပေးနိုင်ဘူး၊ ဘယ်သူ ဒဏ်ရာရရ၊ အလွယ်တကူ ပြီးဆုံးမှာ မဟုတ်ဘူးငါ ထောင်စုမှုးကို သွားရှာရမယ်"
တိုက်ဆိုင်လိုက်တာ။
မကြာခင်ကမှ စစ်တန်းလျားက စစ်သည် အများအပြားကို ခေါ်သွားခဲ့တယ်။
ဝမ်ကျီ၊ လျူကျင်ကွေ့နဲ့ တခြား ရာစုမှုးအရာရှိတွေ အပါအဝင် သူတို့ကမြို့နယ်ထဲကို တစ်ခုခုကို လှည်းနဲ့ ပို့ဆောင်နေကြတာ၊ မစ်ရှင်တစ်ခု ရှိပုံရတယ်။
စခန်းထဲမှာ ကျန်ခဲ့သူတွေက ချန်ဆန်းရှီနဲ့ ဆက်ဆံရေးရှိသူတွေပဲ၊ သဘာဝအတိုင်း ဘာပြဿနာဖြစ်လဲဆိုတာ လာကြည့်ကြရမှာပေါ့။
သူက အခြေအနေကို မထိန်းချုပ်နိုင်ဘူး။
ဒေါသနဲ့ မျက်စိမမြင်သူတွေကို ဘယ်သူမှ မတားနိုင်ဘူး။
"ညီအစ်ကိုတို့၊ သတ်"
"ဟမ်"
ကျူထုံရဲ့ မျက်လုံးတွေ ပြူးကျယ်လာပြီး သူ သူ့ရဲ့ စစ်သံတူကို ဝှေ့ယမ်းကာ ရှေ့ကို တိုးဖို့ အသင့်ပြင်လိုက်တယ်။
"မင်း အဖေကို သတ်"
ရာစုမှုးဖန်ဆူလိုက်တယ်"မင်း စစ်မြေပြင်မှာ ရှိနေတယ်လို့ ထင်နေတာလားမင်း ရူးနေတာလား ရွီဘင်၊ သူတို့ကို မျက်ခြည်မပြတ် စောင့်ကြည့်ထား၊ ငါ ရာစုမှုး ဝမ်ကို သွားရှာမယ်။ အခြေအနေကို တည်ငြိမ်အောင် လုပ်ရမယ်၊ ဒီ့ထက် ပိုမဆိုးသွားစေရဘူး"
သူ လျင်မြန်စွာ မြို့ဆီကို အပြေးသွားတယ်။
"ကျွန်တော်တို့ တကယ်ပဲ ဒီမှာ ရပ်ကြည့်နေရတော့မှာလား"
ကျူထုံက သိုင်းပညာခန်းမက တပည့်တွေကို လက်ညှိုးထိုးပြီး"သူတို့ အများကြီးပဲ၊ ကျွန်တော်တို့ ချန်ဆန်းရှီကို တစ်ယောက်တည်း ရင်ဆိုင်ခိုင်းရတော့မှာလား"
မစ္စတာဝူနဲ့ လူငယ်လေးတို့ မလှမ်းမကမ်းမှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြတော့ သိုင်းပညာခန်းမတပည့်တွေက ဝင်ရောက်ဖို့ စိတ်အားထက်သန်နေကြတယ် လူငယ်လေး ယိုင်လဲတာ ဒါမှမဟုတ် ဒဏ်ရာရတာ တစ်ခုခု မြင်တာနဲ့ ဝိုင်းအုံ တိုက်ခိုက်ဖို့ စီစဉ်ထားကြတယ်။
"မင်း ရွီဘင်"
ကျူထုံက ဆဲဆိုလိုက်တယ် "ချန်ဆန်းရှီက မင်းကို ပုံမှန်အချိန်တွေမှာ ဘယ်လို ဆက်ဆံခဲ့လဲ၊ ငါ့မင်းကို မလေးစားလုပ်မိအောင် မလုပ်နဲ့"
"ဟာကွာ၊ မင်း ငါ့ကို ပြောပြဖို့ လိုတယ် ထင်နေတာလား"
ရွီဘင်က သူ့ရဲ့ ကျူရွက်လှံကို ဆွဲထုတ်ပြီး "ညီအစ်ကိုတို့၊ သိုင်းပညာခန်းမက လူတွေကို ဝိုင်းလိုက်"
"တပ်မှူး ဖန်က အလျင်စလို မလုပ်ဖို့ ပြောထားတယ်"
နောက်ထပ် စစ်သည်တော်လေးတစ်ယောက်က ဝင်ရောက် တားဆီးဖို့ ကြိုးစားတယ်။
ရွီဘင်က သူ့ကို လျစ်လျူရှုလိုက်တယ်။
ကျူထုံ ပြောတာ မှန်တယ်။
ချန်ဆန်းရှီနဲ့ တွေ့ဆုံပြီးကတည်းက ရွီဘင်က ချန်ဆန်းရှီကသူ့ကို ဘယ်လို ဆက်ဆံခဲ့လဲဆိုတာ ကောင်းကောင်း သိတယ်။
ဒီလို အချိန်မျိုးမှာ သူ မကူညီရင် သူ လူသား ဖြစ်ပါဦးမလား
ရွီဘင်က အမြဲတမ်း ကိုယ်ချင်းစာတရားရှိပြီး တာဝန်ယူတတ်သူဖြစ်လို့ သူ့လူတွေက သူ့ကို လေးစားကြပြီး သူ့အမိန့်ကို လိုက်နာဖို့ ဆန္ဒရှိကြတယ်။
ဝမ်လီနဲ့ တခြားသူတွေကတော့ ပြောစရာတောင် မလိုဘူး။
သူတို့ ခုမှ ကျေးဇူးပြုခြင်း ခံခဲ့ရတာ၊ မကူညီရင်တောင် သူတို့ရဲ့ အကြီးအကဲ အငိုက်မိပြီး တိုက်ခိုက်ခံရတာကို လက်ပိုက်ကြည့်နေလို့ မဖြစ်ဘူး။
ကူညီဖို့ ဆန္ဒရှိတဲ့ နောက်ထပ် စစ်သည်တော်လေးတစ်ယောက်လည်း ရှိသေးတယ်။
ယန်ဘင်းရွာကို လာတဲ့ အစိုးရစစ်သား ငါးဆယ်မှာ သုံးဆယ်က ရှေ့ကို တိုးပြီး သိုင်းပညာခန်းမကတပည့်တွေကို ဝိုင်းရံလိုက်ကြတယ်။
"မင်းတို့ ဘာလုပ်နေတာလဲ"
သိုင်းပညာခန်းမတပည့်တွေက သိပ်သည်းနေတဲ့ လှံရှည်တွေကို ကြည့်ပြီး "မင်းတို့က အရင် သွေးထွက်သံယို လုပ်ခဲ့တာ အခု မင်းတို့က ငါတို့ကို ဝိုင်းထားရဲသေးတယ်၊ မင်းတို့က အပြစ်မဲ့သူတွေကို သတ်ဖို့ စီစဉ်နေတာလား"
"အပြစ်မဲ့သူတွေက ငရဲကို သွား"
ကျူထုံက စကားပြောတဲ့သူရဲ့ ရင်ဘတ်ကို သူ့သံတူရွင်းနဲ့ ရိုက်ချလိုက်တယ်။ သူ ချက်ချင်း သွေးအန်ပြီး သတိလစ်သွားတယ်။
ကျန်တဲ့ သိုင်းပညာခန်းမတပည့်တွေ ချက်ချင်း တိတ်ဆိတ်သွားကြတယ်။
"ဘယ်သူမှ မလှုပ်နဲ့"
ရွီဘင်က ဟိန်းဟောက်လိုက်တယ်"မကောင်းတဲ့ ရည်ရွယ်ချက်ရှိသူတိုင်းကို မညှာမတာ ကွပ်မျက်မယ်"
သိုင်းပညာခန်းမတပည့်တွေက အများစုက မိုက်ရူးရဲဆန်တဲ့လူတွေ ဖြစ်ကြပေမဲ့ ချက်ချင်းပဲ အမိန့်နာခံပြီး ရပ်လိုက်ကြတယ်။ သူတို့ အားလုံးက သူတို့ရဲ့ အကြီးအကဲ မစ္စတာ ဝူကိုသာ ခိုးကြည့်နေကြတယ်။
မစ္စတာ ဝူသာ အဲဒီကောင်လေးကို အနိုင်ယူနိုင်ရင် သူတို့ အကြမ်းပတမ်း လုပ်ဖို့ အလျင်လိုစရာ မရှိသေးဘူး။
ဆန့်ကျင်ဘက်အားဖြင့် မစ္စတာ ဝူရဲ့ ထောက်ခံမှု မရှိရင် သူတို့ တကယ်ပဲ အသေခံပြီး တိုက်ခိုက်ဖို့ သတ္တိ မရှိကြဘူး။
...
ရွီဘင်က စိတ်ပူပန်စွာနဲ့ တိုက်ပွဲကို ကြည့်နေတယ်။
တိုက်ခိုက်နေတဲ့ လူနှစ်ယောက်က သူ လုံးဝ ပါဝင်လို့ မရတဲ့ အဆင့်မှာ ရှိနေတယ်။
ရာစုမှုးဖန်အကူအညီ ခေါ်လာတဲ့အထိ ချန်ဆန်းရှီတောင့်ခံနိုင်ဖို့သာ သူ မျှော်လင့်နိုင်တော့တယ်။