← Chapters

အခန်း (၃၂၈၉−၃၂၉၀)

Vol. 217 Ch. 3289-3290

အခန်း (၃၂၈၉−၃၂၉၀)

Vol. 217 Ch. 3289-3290

အခန်း ၃၂၈၉ - သူတော်စင်မျိုးနွယ်

နန်းတော်အရှင် ကောင်းကင်ဘုံကင်းမြီးကောက်က လေးနက်သော အသံဖြင့် ပြောလိုက်၏။

“ကောင်းကင်ဘုံပင့်ကူက အဓိပတိသာလွန်သူ ဆိုးယုတ်ဖျက်ဆီးခြင်းရဲ့ လက်ထဲမှာ သေခဲ့ရတာ… လက်စားချေဖို့ မလွယ်ဘူး။ ဒါပေမဲ့ အဓိကတရားခံ ဆူဇီမိုကိုတော့ အသက်ရှင်ခွင့် မပေးနိုင်ဘူး”

နန်းတော်အရှင် ကောင်းကင်ဘုံကင်းခြေများက သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ထုတ်ဖော်ပြီး ဘေးပတ်ဝန်းကျင်မှာရှိသော အဆိပ်အင်းဆက်များနှင့် ဆက်သွယ်ပြောဆိုနေ၏။ သူက မျက်မှောင်အနည်းငယ်ကြုတ်ပြီး ရေရွတ်ပြောဆိုလိုက်၏။

“သူက တောင်ပိုင်းဒေသက ကောင်းကင်ဘုံသာလွန်သူ တွေ့ဆုံပွဲကို သွားတာလား”

“တောင်ပိုင်းဒေသက ဒီနေရာနဲ့ အရမ်းကို ဝေးကွာတယ်… ငါတို့ အဆိပ်ငါးမျိုးနန်းတော်က ပေါင်းမိုးပြည်နယ်မှာ စွမ်းအားကြီးမားပေမဲ့ ငါတို့က အဲဒီနေရာကို မထိန်းချုပ်နိုင်ဘူး”

နန်းတော်အရှင် ကောင်းကင်ဘုံမြွေက သူ၏ ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်၏။

နန်းတော်အရှင် ကောင်းကင်ဘုံဖားပြုတ်က ပြောလိုက်၏။

“ဒါဆို ငါတို့ ဒီကိစ္စကို ဒီတိုင်းပဲ ထားလိုက်တော့မှာလား”

ကင်းမြီးကောက်တာအိုသာလွန်သူက ဝင်ပြောလိုက်၏။

“နန်းတော်အရှင်တို့... ဆူဇီမိုမှာ ဖန်တီးခြင်းအစိမ်းရောင်ကြာပန်းရဲ့ မျိုးဆက်သွေး ရှိနေတဲ့ပုံပဲ”

“အို... ဟုတ်လား”

နန်းတော်အရှင် ကောင်းကင်ဘုံကင်းခြေများက ထိုစကားကို ကြားသောအခါ သူ၏ မျက်လုံးက ဝင်းလက်သွားပြီး သူ၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွှတ်သွားလေသည်။ သူ၏ မျက်နှာပေါ်မှာ မကောင်းဆိုးဝါးဆန်ဆန်အပြုံးတစ်ခု ပေါ်ထွက်လာပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။

“ဒီကောင်လေးက တောင်ပိုင်းဒေသကို သွားမယ်ဆိုရင်လည်း ရတယ်… ငါတို့ ကိုယ်တိုင်တိုက်ခိုက်စရာတောင် မလိုတော့ဘူး… ငါတို့ အငှားဓားနဲ့ သူ့ကို သတ်နိုင်တယ်”

“ငါတို့က ဒီသတင်းကို လွှင့်ပေးရမယ်လို့ ပြောချင်တာလား”

နန်းတော်အရှင် ကောင်းကင်ဘုံကင်းမြီးကောက်က မေးလိုက်၏။

“ဟုတ်တယ်လေ”

နန်းတော်အရှင် ကောင်းကင်ဘုံကင်းခြေများက ပြောလိုက်၏။

“ဘာပဲပြောပြော အဲဒါက အရင်တုန်းက သူတော်စင်အရှင် ကစဉ့်ကလျားရဲ့ မျိုးဆက်သွေးပဲ… အထွတ်အမြတ်ခိုလှုံရာငါးခုမှာ ဖန်တီးခြင်းအစိမ်းရောင်ကြာပန်းကို စိတ်ဝင်စားတဲ့လူတွေ သေချာပေါက် ရှိမယ်လို့ ငါယုံတယ်”

“သူက ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာကို ရောက်သွားတာနဲ့ အသက်ရှင်လျက် ပြန်ထွက်လာဖို့ကို မေ့လိုက်တော့”

“နန်းတော်အရှင်... ခင်ဗျားက အမြော်အမြင် ရှိပါပေတယ်”

အဆိပ်ငါးမျိုးနန်းတော်မှ ကျင့်ကြံသူများက ချီးကျူးပြောဆိုလိုက်ကြ၏။

နန်းတော်အရှင် ကောင်းကင်ဘုံဖားပြုတ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

“ငါတို့က ဒီသတင်းကို လွှင့်မယ်ဆိုရင်တောင်မှ အထွတ်အမြတ်ခိုလှုံရာက လူတွေက ငါတို့ပြောတာကို ယုံပါ့မလား”

နန်းတော်အရှင် ကောင်းကင်ဘုံကင်းခြေများက ပြောလိုက်၏။

“ဒီသတင်းကို သခင်လွှင့်ပေးမယ်ဆိုရင်တော့ အထွတ်အမြတ်ခိုလှုံရာတွေက သံသယရှိမှာ မဟုတ်တော့ဘူး… ဘယ်လိုပဲဖြစ်ဖြစ် ကောင်းကင်ဘုံပင့်ကူ သေဆုံးသွားတာကို ငါတို့ အစီရင်ခံတင်ပြရဦးမှာပဲ”

“သခင်က ကောင်းကင်ဘုံပင့်ကူကို အချစ်ဆုံးပဲ… အခု သူ့ကို ဟိုတဇောက်ကန်းက သတ်သွားပြီ”

နန်းတော်အရှင် ကောင်းကင်ဘုံမြွေက သက်ပြင်းချလိုက်၏။

. . . . . .

အာကာသဥမင်ထဲမှာ...

ဆူဇီမိုသည် အဆိပ်ငါးမျိုးနန်းတော်အကြောင်းကို တွေးမိသွားပြီး မေးလိုက်၏။

“စီနီယာ... အရှေ့တောင်ဒေသက ပြည်နယ် ၁၀၈ ခုကို အဆိပ်ငါးမျိုးနန်းတော်လို အဖွဲ့အစည်းတွေက အုပ်ချုပ်ကြတယ်… သူတို့ဆီကနေ သူတော်စင်တစ်ပါး ပေါ်ထွက်လာတာ ကျုပ်ဘာလို့ မကြားမိရတာလဲ”

ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာ၏ ဖျက်ဆီးခံရမှုသည် လွန်ခဲ့သည့် နှစ်ပေါင်းခြောက်ဘီလီယံကျော်က ဖြစ်ခဲ့သည်။

သူတော်စင်တစ်ပါးဖြစ်လာဖို့ ဘယ်လောက်ပင် ခက်ခဲသည်ဖြစ်စေ ဤနှစ်များအားလုံးမှာ သူတော်စင်နယ်ပယ်ကို တစ်ယောက်မှ တက်လှမ်းနိုင်ခြင်းမရှိဟု ဆူဇီမိုက မယုံပေ။

အဓိပတိသာလွန်သူလင်းမင်နဲ့ အခြားသူများကတော့ ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာ ဖျက်ဆီးခံရပြီးနောက် သူတို့သည် မိုးမြေဖန်တီးခြင်းကားချပ်ထဲသို့ ဆွဲယူသွင်းခံရပြီး ပြီးခဲ့သည့်နှစ်များအတွင်း မဟာကမ္ဘာတစ်ထောင်လောကမှာ ဖြစ်ပျက်နေသည့်အရာများကို မသိရှိကြတော့ပေ။

ဦးလေးဖုန့်ကသာ သူ့ရင်ထဲရှိ သံသယတချို့ကို အဖြေပေးနိုင်ပေလိမ့်မည်။

“သူတော်စင်တွေ ပေါ်ထွက်မလာတာ မဟုတ်ဘူး”

ဦးလေးဖုန့်က ပြောလိုက်၏။

“မဟာကမ္ဘာတစ်ထောင်လောကမှာရှိတဲ့ သူတော်စင်အများစုက အထွတ်အမြတ်ခိုလှုံရာငါးခုရဲ့ အမိန့်အောက်မှာ ရှိနေတယ်… နောက်ပြီး သူတော်စင်တွေက အဖွဲ့အစည်းကြီးတွေကြား ပဋိပက္ခတွေနဲ့ ဝေးဝေးနေကြလိမ့်မယ်… သူတော်စင်နယ်ပယ်အောက်မှာရှိတဲ့ သက်ရှိတွေကို သူတို့က တိုက်ခိုက်ကြမှာ မဟုတ်ဘူး”

“ဘာလို့လဲ”

ဆူဇီမိုက မေးလိုက်၏။

ဦးလေးဖုန့်က ပြောလိုက်သည်။

“သူတော်စင်တွေက သူတော်စင်နယ်ပယ်အောက်မှာရှိတဲ့ သက်ရှိတွေကို သတ်ဖြတ်တဲ့အခါ သူတို့တွေက ကမ္မနဲ့ ငြိစွန်းခံရလိမ့်မယ်… မဟာတာအိုက ကမ္မနဲ့ ငြိစွန်းသွားတာနဲ့ သူတို့ရဲ့ တိုက်ခိုက်ရည်ခွန်အားပေါ် သက်ရောက်မှု ရှိလာလိမ့်မယ်… ပိုပြီးအရေးကြီးတာက အဲဒါက နတ်ဘုရားအပြစ်ဒဏ်တစ်ခုကို ဆွဲဆောင်မိရင် သူတို့က သေတောင်သေရနိုင်တယ်”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

ထိုသို့ဆိုလျှင် သူတော်စင်များသည် နတ်ဘုရားအပြစ်ဒဏ်၏ ခြိမ်းခြောက်မှုကြောင့် တကယ်ပင် ထိန်ချန်ငဲ့ကွက်ရပေလိမ့်မည်။

ဦးလေးဖုန့်က ပြောလိုက်၏။

“ဥပမာ ပေါင်းမိုးပြည်နယ်က အဆိပ်ငါးမျိုးနန်းတော်ကိုကြည့်… တကယ်တမ်းမှာ သူတို့ကိုလည်း နောက်ခံပေးထားတဲ့ သူတော်စင်တစ်ပါး ရှိတယ်… အဲဒီအဆိပ်အင်းဆက်ငါးကောင်က အဆိပ်သူတော်စင် မွေးမြူထားတဲ့ အကောင်တွေပဲ”

ဆူဇီမိုက မှင်တက်သွား၏။

အဆိပ်ငါးမျိုးနန်းတော်သည် နှစ်ပေါင်းများစွာကြာအောင် ပေါင်းမိုးပြည်နယ်မှာ စိုးမိုးခြယ်လှယ်လာခဲ့၏။ သို့သော်လည်း နန်းတော်အရှင်ငါးဦးသည် သူတော်စင်တစ်ပါး မွေးမြူထားသည့် အဆိပ်အင်းဆက်များသာ ဖြစ်နေ၏။

ဦးလေးဖုန့်က ဆက်ပြောလိုက်၏။

“ဒါပေမဲ့ အဓိပတိသာလွန်သူ ဆိုးယုတ်ဖျက်ဆီးခြင်းက အဲဒီအဆိပ်အင်းဆက်ငါးကောင်စလုံးကို သတ်ဖြတ်လိုက်မယ်ဆိုရင်တောင် သူတော်စင်အဆိပ်က သူ့ကို တိုက်ခိုက်ရဲမှာ မဟုတ်ဘူး”

သူတို့နှစ်ယောက် ပြောရင်းဆိုရင်း သူတို့သည် အာကာသဥမင်၏ အစပ်ကို ရောက်ရှိလာခဲ့ပြီဖြစ်၏။

လေဟာနယ်ထဲကနေ လျှောက်လှမ်းထွက်ပြီး ဆူဇီမိုသည် လှမ်းမျှော်ကြည့်ရှုလိုက်၏။ သူ၏ မြင်ကွင်းက အနီရောင်သန်းနေ၏။ ဘေးပတ်ဝန်းကျင်အပူချိန်က ပေါင်းမိုးပြည်နယ်မှာထက် သိသိသာသာ များစွာပိုမိုမြင့်မားနေပြီး အပူလှိုင်းတစ်ခုက သူ့ကို လွှမ်းခြုံထားလေသည်။

သဲများနှင့် ကျောက်စရစ်ခဲများက နေရာတိုင်းမှာ လွင့်ပျံနေပြီး နေရာတချို့မှာ လောင်ကျွမ်းနေသော မီးတောင်များပင် ရှိနေ၏။

တောင်ထွတ်များစွာမှာ ဆူပွက်နေသော ချော်ရည်များက စီးဆင်းနေ၏။

ဤကဲ့သို့သော ပတ်ဝန်းကျင်တစ်ခုမှာ ရှင်သန်နိုင်မည့် သစ်ပင်ဝါးပင်များက အလွန်တရာရှားပါးပြီး ကီလိုမီတာ ငါးထောင်ပတ်လည်အတွင်း မည်သည့်စိမ်းလန်းမှုကိုမှ မတွေ့မြင်ရပေ။

ရှေ့တည့်တည့် မိုးကုတ်စက်ဝိုင်းမှာ မနှိုင်းယှဉ်သာအောင် ခန့်ညားထည်ဝါသော အဆောက်အအုံများစွာ ရှိနေ၏။ ထိုအဆောက်အအုံများသည် တိမ်စိုင်များကြားအထိ မြင့်မားပြီး ဧရာမ နတ်ဘုရားမီးတောင်များကဲ့သို့ အထပ်ထပ်ဆင့်နေ၏။

ဦးလေးဖုန့်က ခန့်ညားထည်ဝါသော အဆောက်အအုံများကို လက်ညှိုးထိုးပြလိုက်၏။

“ဘိုးဘေးမီး အထွတ်အမြတ်ခိုလှုံရာက ရှေ့တည့်တည့်မှာပဲ… ငါ မင်းကို ဒီနေရာမှာ ချပေးခဲ့မယ်… ကောင်းကင်ဘုံသာလွန်သူတိုက်ပွဲ စတင်ဖို့ ရက်နည်းနည်းလိုသေးတယ်… အဲဒီအချိန်ကျရင် မင်းက ဝင်ပါလိုက်ရုံပဲ”

“မင်းမှာ တခြား ဘာမေးစရာ ရှိသေးလဲ”

ဆူဇီမိုက ခဏမျှ စဉ်းစားပြီး မေးလိုက်၏။

“ကောင်းကင်ဘုံသာလွန်သူတိုက်ပွဲမှာ ဘယ်က ပညာရှင်တွေ ဝင်ပါမှာလဲ… ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာက လူတွေကော ပါမှာလား”

ဦးလေးဖုန့်က ပြုံး၍ ခေါင်းခါပြလိုက်၏။

“အထွတ်အမြတ်ခိုလှုံရာက တစ်ယောက်ယောက် ပါလာမယ်ဆိုရင် မင်းက အနှိုင်းမဲ့ဘွဲ့ကို ရဖို့အခွင့်အရေး ရှိမှာမဟုတ်တော့ဘူး”

“မဟာကမ္ဘာတစ်ထောင်လောကရဲ့ နယ်မြေဒေသကြီး ရှစ်ခုစလုံးက တူညီတဲ့ တွေ့ဆုံပွဲတွေကို ကျင်းပကြလိမ့်မယ်… များသောအားဖြင့်တော့ တခြားနယ်မြေဒေသက ပညာရှင်တွေက တောင်ပိုင်းဒေသရဲ့ အနှိုင်းမဲ့ကောင်းကင်ဘုံသာလွန်သူဘွဲ့အတွက်နဲ့ မိုင်ပေါင်းထောင်ချီ ဖြတ်ကျော်ပြီး ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာကို လာကြမှာ မဟုတ်ဘူး”

“အရှေ့တောင်ဒေသမှာ ပြည်နယ် ၁၀၈ ခု ရှိတယ်… တောင်ပိုင်းဒေသမှာတော့ စိတ်ဝိညာဉ်ကုန်းမြေ ၄၉ ခု ရှိတယ်… အဲဒါကြောင့် မင်းရင်ဆိုင်ရမယ့် ပြိုင်ဘက်တွေက စိတ်ဝိညာဉ်ကုန်းမြေ ၄၉ ခုက အသန်မာဆုံး ကောင်းကင်ဘုံသာလွန်သူပညာရှင်တွေ ဖြစ်ကြလိမ့်မယ်”

“ဒီလိုမျိုး တွေ့ဆုံပွဲတွေကို ပါရမီရှင်တွေကို ရွေးချယ်တဲ့ အထွတ်အမြတ်ခိုလှုံရာတွေရဲ့ နည်းလမ်းတစ်ခုလို့ ဆိုနိုင်တယ်… အထွတ်အမြတ်ခိုလှုံရာက လူတွေကလည်း ပါဝင်မယ်ဆိုရင် အဲဒါက သက်သက်အနိုင်ကျင့်တာ ဖြစ်နေလိမ့်မယ်”

ဆူဇီမိုက မှင်သေသေဖြင့် ရှိနေပြီး မေးလိုက်၏။

“တာအိုသုံးသပ်မှုနယ်ပယ်မှာပဲ ရှိနေတာတောင် အထွတ်အမြတ်ခိုလှုံရာက လူတွေက ပိုပြီးတော့ သန်မာကြတာလား”

ဦးလေးဖုန့်က ပြောလိုက်၏။

“အခုအချိန်မှာ မင်းက တာအိုသုံးသပ်မှုနယ်ပယ်ရဲ့ စဉ်းကျွမ်းကျင်မှုမှာ ရှိတယ်… မင်းရဲ့ကိုယ်ကာယ၊ မျိုးဆက်သွေးနဲ့ စိတ်ဝိညာဉ်ရတနာတွေရဲ့ အကူအညီနဲ့ မင်းက မင်းရဲ့ကျင့်ကြံမှုနယ်ပယ်ကို ကျော်လွန်ပြီး မဟာကောင်းကင်ဘုံသာလွန်သူတွေနဲ့ အန္တိမကောင်းကင်ဘုံသာလွန်သူတွေကိုတောင်မှ သတ်ဖြတ်ဖို့ ကြိုးစားကြည့်နိုင်တယ်… ဒါပေမဲ့ အထွတ်အမြတ်ခိုလှုံရာက လူတွေနဲ့ ရင်ဆိုင်ရရင်တော့ မင်းအတွက် လွယ်မှာမဟုတ်ဘူး”

“နောက်ပြီး အထွတ်အမြတ်ခိုလှုံရာမှာ သူတော်စင်မျိုးနွယ်ရဲ့ သွေးမျိုးဆက်တွေ ရှိကြတယ်”

“သူတော်စင်မျိုးနွယ်လား”

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး မေးလိုက်၏။

“ခင်ဗျားပြောတဲ့ သူတော်စင်မျိုးနွယ်ဆိုတာ ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာမှာဆိုရင် ဟင်္သပဒါးငှက်မျိုးနွယ် ဒါမှမဟုတ် ဖီးနစ်မျိုးနွယ်တွေကို ရည်ညွှန်းတာလား”

အရင်တုန်းက ကောင်းကင်ဘုံခုံရုံး၏ အရှင်ကိုးပါးထဲမှာ ဟင်္သပဒါးကောင်းကင်ဘုံအရှင်၏ အစစ်အမှန်ပုံစံက ဟင်္သပဒါးငှက်ဖြစ်သည်။

မီးတောက်ကောင်းကင်ဘုံမှ ကျင့်ကြံသူတချို့သည် ဟင်္သပဒါးငှက်မျိုးဆက်သွေးကို ပိုင်ဆိုင်ထားသော်လည်း သူတို့က ဟင်္သပဒါးငှက်မျိုးနွယ်မှ မဟုတ်ကြပေ။

“တစ်ခုမှ မဟုတ်ဘူး”

ဦးလေးဖုန့်က ခေါင်းခါပြလိုက်၏။

“သူတော်စင်မျိုးနွယ်က သူတို့နဲ့ သီးခြားကွဲထွက်နေတယ်… သူတို့က အရေအတွက်နည်းနည်းပဲ ရှိတယ်…. သူတို့က ဟင်္သပဒါးငှက်မျိုးနွယ် မဟုတ်သလို ဖီးနစ်မျိုးနွယ်လည်း မဟုတ်ကြဘူး… အဲဒီမျိုးနွယ်နှစ်ခုက လူတွေကို အထွတ်အမြတ်ခိုလှုံရာရဲ့ တစ်စိတ်တစ်ပိုင်းလို့ပဲ သတ်မှတ်နိုင်မယ်… ဒါပေမဲ့ သူတို့က သူတော်စင်မျိုးနွယ်ရဲ့ သွေးမျိုးဆက်ရဲ့ တစ်စိတ်တစ်ပိုင်း မဟုတ်ဘူး”

ဆူဇီမိုက တုန်လှုပ်သွား၏။

ဖုန့်ဟွမ်နှင့် နဂါးဖီးနစ်တို့သည် အောက်ဘုံလောကမှာ တဗူးများအဖြစ် ကျော်ကြားပြီး ဟင်္သပဒါးငှက်များကို ရှေးဟောင်းကျမ်းစာများမှာ အထွတ်အမြတ်စိတ်ဝိညာဉ်များဟုပင် ဖော်ပြထားလေသည်။

သို့သော်လည်း ဟင်္သပဒါးငှက်မျိုးနွယ်နှင့် ဖီးနစ်မျိုးနွယ်တို့ပင် သူတော်စင်မျိုးနွယ်ထဲမှာ မပါဘူးလား။

သူတော်စင်မျိုးနွယ်ရဲ့ နောက်ခံက ဘာဖြစ်မလဲ။

ဦးလေးဖုန့်က ပြောလိုက်၏။

“ဟင်္သပဒါးငှက်ပဲ ဖြစ်ဖြစ်၊ ဖီးနစ်ပဲ ဖြစ်ဖြစ်၊ မီးတောက်မျိုးနွယ်ပဲ ဖြစ်ဖြစ်၊ ဘိုးဘေးဗီဇမျိုးဆက်သွေး ရှိတဲ့သူတွေကပဲ သူတော်စင်မျိုးနွယ် ဖြစ်လာနိုင်တယ်”

ဆူဇီမိုက နားလည်သဘောပေါက်လိုက်၏။

နှစ်ပေါင်းများစွာကြာအောင် သူ၏ ရင်ထဲမှာ ကိန်းအောင်းနေသော မေးခွန်းများအတွက်လည်း အဖြေတချို့ ရရှိလာ၏။

ဘိုးဘေးဗီဇမျိုးဆက်သွေးရှိသည့် ထိုသူများသည်သယ သူတော်စင်မျိုးနွယ်၏ တစ်စိတ်တစ်ပိုင်းဖြစ်လာဖို့ အဆင့်မီလေသည်။

သူကတော့ ဘိုးဘေးဗီဇမျိုးဆက်သွေးရှိသည့် လူနှစ်ဦးကို တွေ့မြင်ခဲ့ဖူးသည်။

ညဝိညာဉ်နှင့် ရှောင်းယောင်…

ထို့ကြောင့်လည်း ညဝိညာဉ်သည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကနေ အသက်ရှင်လျက် ထွက်လာနိုင်ခဲ့ခြင်းဖြစ်၏။

ညဝိညာဉ်၏ မျိုးဆက်သွေးမှာ ဘိုးဘေးဗီဇ ပါဝင်ပြီး မဟာကမ္ဘာတစ်ထောင်လောကမှာပင် သူသည် သူတော်စင်မျိုးနွယ်ထဲမှာ ပါဝင်လေသည်။ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို မပြောနှင့်၊ ကောင်းကင်ဘုံခုံရုံးမှ လူများပင်လျှင် သူ့ကို ထိခိုက်အောင် လုပ်ရဲလိမ့်မည် မဟုတ်ပေ။

ညဝိညာဉ်နှင့် ရှောင်းယောင်သည် ဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်လာပြီးနောက် မဟာကမ္ဘာတစ်ထောင်လောက၏ အင်အားတစ်ခုက သူတို့ကို အတင်းအကျပ်ခေါ်ဆောင်သွားခဲ့လေသည်။ သူတို့ကို အထွတ်အမြတ်ခိုလှုံရာများမှ ပညာရှင်များ ဆင့်ခေါ်လိုက်ခြင်း ဖြစ်ဖို့များလေသည်။

ဆူဇီမို ထွက်လာခဲ့တုန်းက ခွန်ဖန်းရှောင်းယောင်သည် ဧကရာဇ်နယ်ပယ်သို့ မတက်လှမ်းရသေးပေ။ သို့သော်လည်း မျောက်သည် ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းသည့်အခါ သူ့ကိုလည်းပဲ မဟာကမ္ဘာတစ်ထောင်လောက၏ တူညီသောစွမ်းအားက ခေါ်ဆောင်သွားခဲ့လေသည်။

မျောက်၏ မျိုးဆက်သွေးမှာလည်း ဘိုးဘေးဗီဇ ပါဝင်နေတာလား။

ထိုသို့ဆိုလျှင် ညဝိညာဉ်နှင့် မျောက်သည် မဟာကမ္ဘာတစ်ထောင်လောကမှာ အန္တရာယ်တစ်ခုခုနှင့် မကြုံတွေ့ရလောက်ပေ။

ညဝိညာဉ်အတွက်တော့ သူသည် သူတော်စင်မျိုးနွယ်သို့ ဝင်ရောက်ပြီး ၎င်း၏ မျိုးရိုးကို ရရှိသွားသည်နှင့် သူ့အတွက် ကြီးမားသည့် အခွင့်အလမ်းတစ်ခု သေချာပေါက် ဖြစ်လာပေလိမ့်မည်။ သူ၏ အနာဂတ်အောင်မြင်ထွန်းပေါက်မှုက ဆူဇီမိုထက် မနိမ့်ကျလောက်ပေ။

သို့သော်လည်း ညဝိညာဉ်ကို ဘယ်အထွတ်အမြတ်ခိုလှုံရာက ခေါ်ဆောင်သွားသည်ကို ဆူဇီမို မသိရှိပေ။

ဆူဇီမိုက ထပ်မံ၍ မေးတော့မည့်ဆဲဆဲမှာပင် ကျင့်ကြံသူတချို့က အနားကနေ ဖြတ်သွားပြီး လှည့်ကြည့်လာကြ၏။

သူ့ကို သတိမထားမိစေချင်သည့်အလား ဦးလေးဖုန့်က လေဟာနယ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွား၏။

“အထွတ်အမြတ်ခိုလှုံရာမှာ မင်း လက်နက်တွေကို သုံးလို့မရဘူး… အခုကစပြီး မင်း ကိုယ့်အားကိုယ်ကိုးတော့”

ထိုသို့ပြောပြီး ဦးလေးဖုန့်က ပျောက်ကွယ်သွားလေသည်။

အခန်း ၃၂၉၀ - ပေါက်ကြားသွားခြင်း

“ဒီလူက ငါတို့ တောင်ပိုင်းဒေသက ကောင်းကင်ဘုံသာလွန်သူတစ်ဦးနဲ့ မတူဘူး”

“သူက လူသားတစ်ဦး ဖြစ်တဲ့ပုံပဲ”

“ဟားဟား... တာအိုသုံးသပ်မှုနယ်ပယ်မှာရှိတဲ့ ကောင်းကင်ဘုံသာလွန်သူတစ်ဦးက အနှိုင်းမဲ့ဘွဲ့အတွက် ယှဉ်ပြိုင်တိုက်ခိုက်ဖို့ ငါတို့အထွတ်အမြတ်ခိုလှုံရာကို ရောက်လာတယ်ပေါ့လေ”

“ဟားဟား... သူက ဒီတိုင်း ပွဲလာကြည့်တာ နေမှာပါ”

စောစောက ကျင့်ကြံသူအုပ်စုသည် မလှမ်းမကမ်းကနေ ဖြတ်သွားပြီး ဆူဇီမိုရှိရာဘက်သို့ကြည့်ကာ ရယ်မောပြောဆိုနေကြ၏။ သူတို့၏ အသံများကို ဖုံးကွယ်ထားခြင်း မရှိပေ။

မီးလျှံစိတ်ဝိညာဉ်ကုန်းမြေ…

တောင်ပိုင်းဒေသ၏ စိတ်ဝိညာဉ်ကုန်းမြေ ၄၉ ခုထဲမှ တစ်ခု…

ဤလူအုပ်စုသည် မီးလျှံစိတ်ဝိညာဉ်ကုန်းမြေ၏ ထိပ်တန်းကောင်းကင်ဘုံသာလွန်သူပညာရှင်များ ဖြစ်ကြသည်။ သူတို့သည် ဆူဇီမို၏ ကျင့်ကြံမှုနယ်ပယ်နှင့် သူက တစ်ယောက်တည်းဖြစ်သည်ကို တွေ့မြင်သောအခါ သူတို့က သူ့ကို အလေးနက်မထားကြပေ။

ဦးဆောင်လာသူ အမျိုးသားမှာ အနီရောင်ဆံပင်၊ ဖီးနစ်မျက်လုံးများနှင့် တည်ငြိမ်သော သွင်ပြင်ဟန်ပန် ရှိသည်။ သူသည် ဆူဇီမိုကို ခဏကြာ ငေးကြည့်ပြီးနောက် ညင်သာစွာ ပြောလိုက်၏။

“ဒီလူ့မှာ လှည့်ကွက်တချို့ ရှိလောက်တယ်… သူက ကြည့်ရတာ အားမနည်းလောက်ဘူး”

“စီနီယာအစ်ကိုဖန်း... ခင်ဗျား သူ့ကို မြှောက်ပင့်ပြောဆိုနေတာပဲ”

အခြားသူများက လက်မခံဟန်ဖြင့် ပြုံးလိုက်ကြ၏။

သိပ်မကြာခင် ထိုလူအုပ်စုသည် ဆူဇီမိုဘေးကနေဖြတ်ပြီး ဘိုးဘေးမီး အထွတ်အမြတ်ခိုလှုံရာသို့ ဝင်ရောက်သွားကြ၏။

ဆူဇီမိုက ခဏကြာ တိတ်တဆိတ် မတ်တတ်ရပ်နေပြီးနောက် သူကလည်းပဲ အထွတ်အမြတ်ခိုလှုံရာသို့ ဦးတည်လိုက်လေသည်။

ဘိုးဘေးမီး အထွတ်အမြတ်ခိုလှုံရာကို စောင့်ကြပ်နေသော ကောင်းကင်ဘုံသာလွန်သူပညာရှင် များစွာရှိပြီး လူတိုင်းသည် ရင်းမြစ်ကျောက်တုံးတချို့ကို ပေးချေပြီးမှ အထဲကို ဝင်ရောက်နိုင်ကြသည်။

ဆူဇီမိုသည် ရင်းမြစ်ကျောက်တုံးတချို့ကို ထုတ်ပေးလိုက်၏။ အနီးနားမှာရှိသော အစောင့်များက သူတစ်ယောက်တည်းဖြစ်သည်ကို တွေ့မြင်သောအခါ သူ့ကို တစ်ချက်နှစ်ချက်ကြည့်ပြီးနောက် အထွတ်အမြတ်ခိုလှုံရာသို့ ဝင်ခွင့်ပေးလိုက်၏။

ဘိုးဘေးမီး အထွတ်အမြတ်ခိုလှုံရာက အလွန်တရာ စည်ကားသက်ဝင်နေသည်။

အထဲမှာရှိသော ဗိသုကာလက်ရာများအားလုံးသည် မီးဖြင့်ဆက်စပ်နေ၏။ အဆောက်အအုံတချို့သည် မီးတောက်များ၏ ပုံသဏ္ဌာန်မှာ ရှိပြီး တချို့ကို မီးတောက်ရုပ်ပုံလွှာများဖြင့် ထွင်းထုထားလေသည်။

အထွတ်အမြတ်ခိုလှုံရာထဲရှိ လမ်းများကိုပင် ဟင်္သပဒါးငှက်များနှင့် ဖီးနစ်များ၏ အမည်များပါဝင်အောင် ပေးထားလေသည်။

ကျန်ရှိနေသော အရာများအားလုံးက မော်တယ်လောကနှင့် များစွာမကွာခြားပေ။ လမ်းမပေါ်မှာ ဆိုင်ခန်းငယ်တချို့ ခင်းကျင်းထားသည့် ကျင့်ကြံသူများရှိပြီး သူတို့က တခြားသူများနှင့် ဆက်သွယ်ပြောဆိုနေကြ၏။

လမ်းမရှည်၏ ဘေးတစ်ဖက်တစ်ချက်စီမှာ စားသောက်ဆိုင်များနှင့် တည်းခိုခန်းများစွာလည်း ရှိနေ၏။

အထွတ်အမြတ်ခိုလှုံရာမှာ ဝင်ထွက်သွားလာနေသော ကျင့်ကြံသူများအားလုံးနီးပါးသည် တာအိုပြယုဂ်နယ်ပယ်၏ အထက်မှာ ဖြစ်ကြ၏။ ဧကရာဇ်ပညာရှင်များကိုပင် အလွန်တရာ တွေ့မြင်ရခဲလေသည်။

ရှည်လျားသော ဘဝသက်တမ်းနှင့် သက်ရှိများစွာအတွက် အစားအသောက်နှင့် ဝိုင်ကနေ ပေးသော ဝမ်းသာပျော်ရွှင်မှုကို အစားထိုး၍ မရနိုင်သေးပေ။

ဆူဇီမိုသည် လူအုပ်ကြီးနှင့်အတူ ရောနှောပြီး စတည်းချဖို့အတွက် လမ်းဘေးမှာရှိသော တည်းခိုခန်းတစ်ခုကို သာမန်ကာလျှံကာ ရှာဖွေကာ ကောင်းကင်ဘုံသာလွန်သူတိုက်ပွဲ စတင်မည့်အချိန်ကို စောင့်ဆိုင်းနေ၏။

တည်းခိုခန်းထဲရှိ အခန်းတိုင်းကို စိတ်ဝိညာဉ်အသိစိတ်ထောက်လှမ်းမှုနှင့် အသံများကို ပိုင်းခြားပေးနိုင်သည့် လျှို့ဝှက်ဆန်းကြယ်သော အစီအရင်ဝင်္ကပါများဖြင့် လွှမ်းခြုံထားလေသည်။ ၎င်းကို ပညာရှင်တစ်ဦး ပြုလုပ်ထားသည်မှာ သိသာ၏။

ဘိုးဘေးမီး အထွတ်အမြတ်ခိုလှုံရာမှာ တည်းခိုခန်းတစ်ခု ဖွင့်လှစ်နိုင်သော ထိုသူများကလည်း တစ်မူထူးခြားကြပေမည်။ ဆူဇီမိုသည် သူ၏ အချိန်အများစုကို အခန်းထဲမှာ ကျင့်ကြံခြင်းဖြင့် ကုန်ဆုံးစေ၏။

သို့သော်လည်း သူသည် နေ့ရက်တိုင်းမှာ အချိန်တချို့ယူပြီး တည်းခိုခန်းထဲရှိ ခန်းမ၏ ထောင့်တစ်နေရာသို့သွားကာ ဝိုင်ကို အရသာခံသောက်ရင်း ဘေးပတ်ဝန်းကျင်ကျင့်ကြံသူများ၏ ဆွေးနွေးပြောဆိုသံများကို နားထောင်နေတတ်၏။ ထိုသို့ဖြင့် သူက သတင်းအချက်အလက်ကို ရရှိနိုင်မည်ဖြစ်သည်။

သူ့အတွက်တော့ တောင်ပိုင်းဒေသနှင့်ပတ်သက်သည့် အရာရာတိုင်းက အလွန်တရာ စိမ်းသက်နေ၏။

သူ့မှာ ဝှက်ဖဲများစွာ ရှိလျှင်တောင် သူသည် အခြားသူများကို အထင်မသေးရဲဘဲ စိတ်ဝိညာဉ်ကုန်းမြေ ၄၉ ခုမှ အသန်မာဆုံး အန္တိမကောင်းကင်ဘုံသာလွန်သူများအကြောင်းကို စနည်းနာနေ၏။

သို့သော်လည်း ပြီးခဲ့သည့်နှစ်ရက်မှာ အနည်းငယ် ထူးဆန်းလာ၏။

ဘိုးဘေးမီး အထွတ်အမြတ်ကုန်းမြေမှာ ကောင်းကင်ဘုံသာလွန်သူများ၏ အရေအတွက်က အတော်လေး တိုးလာလေသည်။ တကယ်ဆို အခြားသော ဝတ်စားဆင်ယင်ပုံများနှင့် ကျင့်ကြံသူများစွာပင် ရောက်ရှိလာကြ၏။ သူတို့သည် တောင်ပိုင်းဒေသက မဟုတ်သည်မှာ သိသာနေ၏။

ဤနေ့မှာ…

ခါတိုင်းလိုပင် ဆူဇီမိုသည် ခန်းမ၏ ထောင့်တစ်နေရာသို့ ရောက်ရှိလာပြီး ဝိုင်တစ်အိုးကို မှာယူလိုက်၏။ သူက ဝိုင်ကို ဖြည်းဖြည်းချင်းသောက်ပြီး ခန်းမထဲရှိ ကျင့်ကြံသူများစွာ၏ အပြန်အလှန်ပြောဆိုသံများကို နားစွင့်နေ၏။

“မင်းကြားပြီးပြီလား… ဒီတစ်ခေါက် ငါတို့တောင်ပိုင်းဒေသရဲ့ ကောင်းကင်ဘုံသာလွန်သူတွေ့ဆုံပွဲက ယင်ယန်အထွတ်အမြတ်ခိုလှုံရာကို တကယ်ပဲ ဆွဲဆောင်နိုင်ခဲ့ပြီ… ယင်ယန်အထွတ်အမြတ်ခိုလှုံရာက လူတစ်အုပ်စု မနေ့က ရောက်လာတာ ငါမြင်ခဲ့တယ်”

“ယင်ယန်အထွတ်အမြတ်ခိုလှုံရာတင် ဘယ်ကပါ့မလဲ”

နောက်ထပ်ကျင့်ကြံသူတစ်ဦးက ပြောလိုက်၏။

“တခြားအထွတ်အမြတ်ခိုလှုံရာ လေးခုက လူတွေကလည်း ရောက်လာကြတယ်… နောက်ပြီး သူတော်စင်မျိုးနွယ်က အန္တိမကောင်းကင်ဘုံသာလွန်သူတစ်ဦးတောင် ဒီကို ရောက်လာတယ်”

“အား...”

သူတော်စင်မျိုးနွယ်အကြောင်း ပြောဆိုချိန်မှာ လူအုပ်ကြီးက အုန်းအုန်းကျက်ကျက် ဖြစ်သွားကြ၏။

ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများစွာက စုအုံလာကြလေသည်။ တစ်စုံတစ်ယောက်က စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်၏။

“သူတော်စင်မျိုးနွယ်က လူတွေက ဒီကောင်းကင်ဘုံသာလွန်သူတွေ့ဆုံပွဲမှာ ဝင်ပါကြမလို့လား”

“ဒါဆိုရင်တော့ စိတ်ဝိညာဉ်ကုန်းမြေ ၄၉ခုက ပါရမီရှင်တချို့က အနှိုင်းမဲ့ကောင်းကင်ဘုံသာလွန်သူဘွဲ့အတွက် ယှဉ်ပြိုင်တိုက်ခိုက်ဖို့ အခွင့်အရေး မရှိလောက်တော့ဘူး”

“အမှန်ပဲ… သူတော်စင်မျိုးနွယ်က သူတို့နဲ့ အဆင့်တူတွေကြားမှာ ပြိုင်ဘက်ကင်းနေပြီ… သူတို့က ဘိုးဘေးဗီဇမျိုးဆက်သွေးကို ပိုင်ဆိုင်ထားတယ်… သူတော်စင်မျိုးနွယ်ကပဲ သူတော်စင်မျိုးနွယ်ကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်မယ်… တခြားမျိုးနွယ်က သက်ရှိတွေကတော့ ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး”

“ဒီကိစ္စက ထူးဆန်းနေတယ်… ငါတို့ တောင်ပိုင်းဒေသက အနှိုင်းမဲ့ကောင်းကင်ဘုံသာလွန်သူဘွဲ့က တခြားနယ်မြေဒေသက ပညာရှင်တွေကို ဘယ်လိုလုပ်ပြီး ဆွဲဆောင်မိသွားတာလဲ… သူတော်စင်မျိုးနွယ်တွေတောင် ပါလာပြီဆိုတော့...”

“အဲ့ဒါ ဒီတစ်ခေါက် နောက်ဆုံးဆုလာဘ်အတွက် ပေးမယ့်ရတနာက အရမ်းကို ထူးခြားနေလို့များလား”

“နောက်ဆုံးအချိန်ထိ ဆုလာဘ်အတွက် ဘယ်ရတနာကို ပေးမယ်ဆိုတာ ဘယ်သူကမှ မသိရဘူး”

လူတိုင်းက စုအုံလာပြီး စိတ်အားထက်သန်စွာဖြင့် ဆွေးနွေးပြောဆိုနေသော်လည်း သူတို့က ကောက်ချက်မချနိုင်ပေ။

လူအုပ်ကြားထဲမှာ လူတစ်ယောက်က ညင်သာစွာ ချောင်းဟန့်ပြီး အူမြူးအားရသည့်ဟန်ဖြင့် ပြောလိုက်၏။

“ငါ ကြားထားတဲ့ ကောလာဟလတစ်ခု ရှိတယ်”

“ပြောပါဦး... ငါတို့ကို ပြောပြစမ်းပါဦး”

“ဟေး... နွားနှာခေါင်း... အိုက်တင်ခံမနေနဲ့တော့”

လူတိုင်းက လောဆော်လိုက်ကြ၏။

နွားနှာခေါင်းနှင့် ဆင်တူသည့် နှာခေါင်းရှိသော တာအိုပညာရှင်လူအိုကြီးက သူ၏ မေးနှင့်မုတ်ဆိတ်ကို ညင်သာစွာ သပ်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ငါသိရသလောက်ဆိုရင် အထွတ်အမြတ်ခိုလှုံရာလေးခုက သူတော်စင်မျိုးနွယ်က ဒီကိုရောက်လာတယ်ဆိုတာ အနှိုင်းမဲ့ကောင်းကင်ဘုံသာလွန်သူဘွဲ့အတွက် မဟုတ်ဘူး… နောက်ဆုံးဆုလာဘ်အတွက်လည်း မဟုတ်ဘူး… ဒါပေမဲ့ အဲ့ဒါက...”

ထိုနေရာအရောက်မှာ တာအိုပညာရှင်လူအိုကြီးက တမင်သက်သက် သံလေးဆွဲပြီး တုန်လှုပ်စရာကောင်းသော အသံဖြင့် ပြောလိုက်၏။

“ဖန်တီးခြင်း အစိမ်းရောင်ကြာပန်း အတွက်ပဲ”

“ဘာဖြစ်တယ်...”

အံ့အားတသင့် ရေရွတ်သံများက လူအုပ်ကြားထဲမှာ ဆက်တိုက်ထွက်ပေါ်လာ၏။

“ဖန်တီးခြင်းအစိမ်းရောင်ကြာပန်းက ပေါ်လာပြီလား”

“အရင်တုန်းက သူတော်စင်အရှင် ကစဉ့်ကလျားက ဖန်တီးခြင်းအစိမ်းရောင်ကြာပန်း ဖြစ်တယ်လို့ ငါကြားဖူးတယ်… သူသေသွားပြီးတဲ့နောက် ဖန်တီးခြင်းအစိမ်းရောင်ကြာပန်းက တစ်စွန်းတစ်စမကျန် ပျောက်ကွယ်သွားတယ်”

“ဖန်တီးခြင်း မဟာတာအို၊ သစ်သားမဟာတာအိုနဲ့ အသက်ဓာတ် မဟာတာအိုကို ကျင့်ကြံထားတဲ့ ကောင်းကင်ဘုံသာလွန်သူတွေအတွက်တော့ ဖန်တီးခြင်းအစိမ်းရောင်ကြာပန်းကနေ အကျိုးအမြတ် ကြီးကြီးမားမား ရရှိလိမ့်မယ်… အဲ့ဒါက မဟာတာအိုကို ပိုပြီးလွယ်လွယ်ကူကူ နားလည်ဆင်ခြင်နိုင်အောင် သူတို့ကို ကူညီပေးနိုင်တယ်”

ထိုစကားကို ကြားသောအခါ ထောင့်တစ်နေရာမှာ ရှိနေသော ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။

မဟာကမ္ဘာတစ်ထောင်လောကမှာ အစိမ်းရောင်ကြာပန်းမျိုးဆက်သွေးကို ဆက်လက်၍ ဖုံးကွယ်ထားဖို့ မဖြစ်နိုင်ဘူးဆိုတာ သူသိထား၏။

သို့သော်လည်း ဤကိစ္စသည် အထွတ်အမြတ်ခိုလှုံရာများထံသို့ ဤမျှမြန်မြန်ဆန်ဆန် ပျံ့နှံ့သွားမည်ဟု သူထင်မှတ်မထားခဲ့ပေ။

ဦးလေးဖုန့်က သူ၏မျိုးဆက်သွေးကို သိရှိထားသော်လည်း ဤသတင်းကို ဖြန့်ခဲ့သည့်သူက ဦးလေးဖုန့် မဟုတ်လောက်ပေ။

လက်သည်တရားခံက အဆိပ်ငါးမျိုးနန်းတော် ဖြစ်နိုင်သည်။

သူတို့သည် အငှားဓားဖြင့် သူ့ကိုသတ်ဖို့ ကြိုးစားနေကြသည်။

ဆူဇီမို၏ အတွေးများက ခုန်ပေါက်သွားပြီး သိပ်မကြာခင် အဆိပ်ငါးမျိုးနန်းတော်၏ အကွက်ချကြံစည်မှုကို ခန့်မှန်းမိသွားပြီး သူ၏ မျက်လုံးနှစ်ဖက်က အေးစက်စက် အလင်းရောင်ဖြင့် တောက်ပလာ၏။

တာအိုပညာရှင် လူအိုကြီးက ဆက်ပြောလိုက်သည်။

“ဖန်တီးခြင်း အစိမ်းရောင်ကြာပန်းက ပေါ်ထွက်လာရုံတင် မကဘူး… အဲ့ဒါက ကျင့်ကြံသူတစ်ဦးနဲ့ ပေါင်းစည်းသွားပြီလို့တောင် ငါကြားထားတယ်… နောက်ပြီး သူက မကြာသေးခင် နှစ်တွေထဲမှာ တက်လှမ်းလာတဲ့ တက်လှမ်းလာသူတစ်ဦးပဲ… သူကလည်း အခု ဘိုးဘေးမီး အထွတ်အမြတ်ခိုလှုံရာမှာ ရှိနေတယ်”

“ဒါကြောင့် အထွတ်အမြတ်ခိုလှုံရာလေးခုက ပေါ်ထွက်လာတာကိုး… သူတော်စင်မျိုးနွယ်က လူတွေတောင်မှ ဒီကို ရောက်လာတယ်ဆိုတော့...”

“ငါသာ ဖန်တီးခြင်းအစိမ်းရောင်ကြာပန်း ဖြစ်မယ်ဆိုရင် အခုနေ ဒီကနေ ထွက်သွားလောက်ပြီ”

တာအိုပညာရှင် လူအိုကြီးက လှောင်ရယ်လိုက်၏။

“လက်နက်တွေကို ဘိုးဘေးမီး အထွတ်အမြတ်ခိုလှုံရာမှာ အသုံးမပြုနိုင်ဘူး… အဲ့ဒါကြောင့် သူက နောက်ထပ်ရက်နည်းနည်းတော့ အသက်ရှင်နိုင်ဦးမယ်… ဒါပေမဲ့ သူ ဒီကနေ ထွက်တာနဲ့ သေမှာပဲ”

“အဲ့ဒီလူက ဘယ်လိုပုံစံ ရှိသလဲ… သူ့ရဲ့ကျင့်ကြံမှုက ဘယ်အဆင့်မှာလဲ”

ကျင့်ကြံသူ တစ်ယောက်က မေးလိုက်၏။

တာအိုပညာရှင် လူအိုကြီးက ပြန်ဖြေလိုက်၏။

“ငါက ကံကောင်းပြီးတော့ သူ့ရဲ့ပုံတူပန်းချီကားကို တွေ့မြင်ခဲ့ရတယ်… သူက အနက်ရောင်ဆံပင်၊ အစိမ်းရောင်ဝတ်ရုံနဲ့ အမျိုးသားတစ်ဦးပဲ… သူ့မှာ ကြော့ရှင်းသန့်ပြန့်တဲ့ သွင်ပြင်ရှိတယ်… သူက စာပေပညာရှင်တစ်ဦးနဲ့ တူတယ်… သူ့ရဲ့ ကျင့်ကြံမှုနယ်ပယ်က တာအိုပြယုဂ်နယ်ပယ်ရဲ့ စဦးကျွမ်းကျင်မှုမှာပဲ ရှိတယ်”

“အဲ့ဒီလူက ပျက်သုဉ်းရဖို့ သေချာနေပြီ မဟုတ်လား”

“နွားနှာခေါင်း... အခု အဲ့ဒါကို မင်းပြောမှပဲ ငါ အဲ့ဒီလူကို တစ်နေရာရာမှာ တွေ့မြင်ခဲ့ဖူးတဲ့ပုံပဲ”

ဆူဇီမိုက ထိုစကားကို ကြားသောအခါ သူက မတ်တတ်ရပ်ပြီး ထွက်ခွာဖို့ ပြင်နေပြီဖြစ်၏။

ထိုစဉ်မှာပင် လူတစ်ယောက်က အမှတ်တမဲ့ လှည့်ကြည့်ပြီး ရုတ်တရက် အော်ပြောလိုက်၏။

“ဟိုမှာပဲ…”

ထိုအော်သံသည် လူတိုင်း၏ စိတ်အာရုံကို ချက်ချင်းပင် ရရှိသွား၏။

ချက်ချင်းပင် ခန်းမထဲရှိ ကျင့်ကြံသူပေါင်းထောင်ချီက လှည့်ကြည့်လာကြပြီး သူတို့၏ အကြည့်များက ဆူဇီမိုထံသို့ စုပြုံကျရောက်လာ၏။

တစ်ချိန်တည်းမှာပင် အန္တိမကောင်းကင်ဘုံသာလွန်သူလေးဦးသည် ခန်းမထဲသို့ လျှောက်လှမ်းဝင်လာပြီး သူတို့၏ ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ရှုနေ၏။ သူတို့က တစ်ခုခုကို ရှာဖွေနေသည့်အလားပင်။

သိပ်မကြာခင် အန္တိမကောင်းကင်ဘုံသာလွန်သူလေးဦး၏ အကြည့်များက သတ်ဖြတ်လိုစိတ် တစ်စွန်းတစ်စနှင့်အတူ ဆူဇီမိုအပေါ်သို့ ကျရောက်လာလေသည်။

All Chapters