← Chapters

အခန်း (၃၂၉၇−၃၂၉၈)

Vol. 217 Ch. 3297-3298

အခန်း (၃၂၉၇−၃၂၉၈)

Vol. 217 Ch. 3297-3298

အခန်း ၃၂၉၇ - သန့်စင်ခြင်း

အသင်္ချေစိတ်ဝိညာဉ်တောင်ကြောရိုးမှာ အပူလှိုင်းတစ်ခု ဖြန့်ကြက်ပြီး မီးတောက်များက ကောင်းကင်ထက်ကို တလိပ်လိပ် ထိုးတက်နေ၏။

မီးတောက်တောင်ကြောရိုးလေးခုသည် ကောင်းကင်ဘုံသာလွန်သူတိုက်ပွဲအတွက် စမ်းသပ်ချက်တစ်ခုဖြစ်လာသည့် အကြောင်းရင်းမှာ ကောင်းကင်ဘုံမီးလေးမျိုးက အလွန်တရာ စွမ်းအားကြီးမားသောကြောင့်ဖြစ်သည်။

ဥပမာအားဖြင့် အသင်္ချေစိတ်ဝိညာဉ်တောင်ကြောရိုးမှာ လောင်ကျွမ်းနေသည့် အသင်္ချေစိတ်ဝိညာဉ်ရှေးဟောင်းမီးသည် ရွှေရောင်ဖြစ်ပြီး မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများ ထိန်းချုပ်နိုင်၊ ထုတ်ဖော်နိုင်သည့် အမျိုးမျိုးသော မီးတောက်များကနေ စုဖွဲ့ထားခြင်းဖြစ်၏။

အသင်္ချေစိတ်ဝိညာဉ်တောင်ကြောရိုးကို ဖြတ်ကျော်ခြင်းသည် အသင်္ချေစိတ်ဝိညာဉ်ရှေးဟောင်းမီး၏ လောင်မြိုက်မှုကို တောင့်ခံဖို့ လိုအပ်သည်သာမကပေ။

အမြင့်တစ်နေရာအထိ တက်လှမ်းလာပြီးနောက် အသင်္ချေစိတ်ဝိညာဉ်ရှေးဟောင်းမီးသည် တက်လှမ်းလာသူများကို တိုက်ခိုက်ဖို့အတွက် အမျိုးမျိုးသော သက်ရှိများအဖြစ် အသွင်ပြောင်းလဲသွားပေလိမ့်မည်။

တောင်ထွတ်နှင့် ပိုမိုနီးကပ်လာလေ၊ အသင်္ချေစိတ်ဝိညာဉ်ရှေးဟောင်းမီးကနေ ဆင့်ကဲပြောင်းလဲလာမည့် သက်ရှိများက ပို၍သန်မာလာလေပင်။

တောင်ထွတ်မှာဆိုလျှင် အသင်္ချေစိတ်ဝိညာဉ်ရှေးဟောင်းမီးကနေ ဆင်းခေါ်ထားသည့် ဖီးနစ်များနှင့် ဟင်္သပဒါးငှက်များကဲ့သို့ စွမ်းအားကြီးမားသော မျိုးနွယ်များ၏ တိုက်ခိုက်မှုနှင့်ပင် ကြုံတွေ့ရနိုင်သည်ဟု ဆိုကြလေသည်။

ဖယ်ရှားရှင်းလင်းတိုက်ပွဲ စတင်သည့်ခဏမှာပင် ဟင်္သပဒါးငှက် အဆင့်သတ်မှတ်ချက်ပေါ်ရှိ အဆင့်ရပ်တည်ချက်များက ကြိမ်ဖန်များစွာ ထပ်တလဲလဲ ပြောင်းလဲသွား၏။

ခဏတိုင်းမှာ ကျင့်ကြံသူများ၏ အဆင့်ရပ်တည်ချက်က တက်လိုက်ကျလိုက် ဖြစ်နေပေလိမ့်မည်။

အသင်္ချေစိတ်ဝိညာဉ်တောင်ကြောရိုးသည် မည်သို့ပင်ဆိုစေ ပထမဆုံး မီးတောက်တောင်ကြောရိုး ဖြစ်လေသည်။ ထိုအခိုက်အတန့်မှာ ကောင်းကင်ဘုံသာလွန်သူပညာရှင်များသည် သူတို့၏ အထွတ်အထိပ်အခြေအနေမှာ ရှိနေပြီး အလျင်အဟုန်ဖြင့် တက်လှမ်းနေကြ၏။

အချိန်ကြာလာပြီး ကောင်းကင်ဘုံသာလွန်သူပညာရှင်များသည် တောင်ထွတ်နှင့် နီးကပ်သထက် နီးကပ်လာသည်နှင့်အမျှ ကွာဟချက်က တဖြည်းဖြည်းပေါ်ထွက်လာ၏။

ကျင့်ကြံသူများစွာသည် အသင်္ချေစိတ်ဝိညာဉ်ရှေးဟောင်းမီး၏ လောင်မြိုက်မှုကို ခုခံရန် စွမ်းအင်များကို သုံးစွဲထားရပြီဖြစ်ပြီး အမျိုးမျိုးသော ရှေးဟောင်းမီးသက်ရှိများနှင့် သားရဲကောင်များနှင့် ရင်ဆိုင်ရသည့်အခါ ပို၍ပင် ရုန်းကန်လာရ၏။

ကောင်းကင်ဘုံသာလွန်သူပညာရှင်များသည် တောင်ခါးလယ်ကို ဖြတ်ကျော်လာပြီးနောက် သူတို့၏ အရှိန်အဟုန်က နှေးကွေးသွားလေသည်။

သူတို့ထဲမှ တချို့သည် ခြေတစ်လှမ်းပင် ရှေ့ကိုမလှမ်းနိုင်ကြတော့ပေ။

တကယ်ဆို ကောင်းကင်ဘုံသာလွန်သူတချို့သည် ရှေးဟောင်းမီးသက်ရှိများစွာ၏ တိုက်ခိုက်မှုများကို ခံနိုင်ရည်မရှိဘဲ သူတို့၏ ဟင်္သပဒါးငှက်တံဆိပ်ပြားများကို ဆင့်ခေါ်ကာ တိုက်ပွဲနယ်မြေကနေ ထွက်ခွာသွားရပြီဖြစ်၏။

ထိုအခိုက်အတန့်မှာ ကောင်းကင်ဘုံသာလွန်သူပညာရှင်တချို့သည် တောင်ပေါ်ကို တက်လှမ်းလာသည့် သူတော်စင်မျိုးနွယ်သက်ရှိငါးဦးကို ကံကောင်းထောက်မစွာဖြင့် မြင်တွေ့ခွင့်ရခဲ့၏။

သူတော်စင်မျိုးနွယ်သက်ရှိငါးဦးသည် တူညီသောနေရာကို ဆင်းသက်မသွားကြပေ။ သို့သော်လည်း တောင်ပေါ်ကို တက်လှမ်းသည့် သူတို့၏ နည်းလမ်းများက ထပ်တူနီးပါး တူညီနေ၏။

အသင်္ချေစိတ်ဝိညာဉ်တောင်ကြောရိုးမှာ သူတော်စင်မျိုးနွယ်သက်ရှိငါးဦးသည် သူတို့၏ လက်နှစ်ဖက်ကို နောက်ပစ်ကာ ခေါင်းမော့ပြီး လျှောက်လှမ်းနေကြ၏။ သူတို့သည် မနှေးလွန်း မမြန်လွန်းဘဲ သူတို့၏ အမူအရာများက တည်ငြိမ်နေကြသည်။

တကယ်ဆို လောကတစ်ခုကို စုဖွဲ့ခြင်း၊ သူတို့၏ သွေးချီကို ထုတ်ဖော်ခြင်း သို့မဟုတ် နတ်ဘုရားလက်နက်များကို ဆင့်ခေါ်ခြင်းပင် မရှိဘဲ သူတို့ငါးဦးသည် အသင်္ချေစိတ်ဝိညာဉ်တောင်ကြောရိုး၏ တောင်ထွတ်ဆီသို့ သက်သောင့်သက်သာ ရောက်ရှိလာကြ၏။

သူတို့သည် သူတို့၏ ကိုယ်ကာယမျှနှင့် ပထမဆုံး မီးတောက်တောင်ကြောရိုးကို သက်သောင့်သက်သာ ဖြတ်ကျော်လာခဲ့ကြ၏။

သူတော်စင်မျိုးနွယ်သက်ရှိများသည် တောင်ပေါ်ကို နောက်ဆုံးမှ တက်လှမ်းလာသော်လည်း သူတို့သည် အသင်္ချေစိတ်ဝိညာဉ်တောင်ကြောရိုးကို အရင်ဆုံး ကျော်ဖြတ်ခဲ့ကြလေသည်။

သူတို့ငါးယောက်ထဲမှာ ကျူးလျန့်က အမြန်ဆုံးဖြစ်ပြီး ဟင်္သပဒါးငှက် အဆင့်သတ်မှတ်ချက်တွင် နံပါတ်တစ် ဖြစ်လေသည်။

မည်သို့ပင်ဆိုစေ သူ့မှာ ဟင်္သပဒါးငှက် မျိုးဆက်သွေး ရှိလေသည်။ ကောင်းကင်ဘုံမီးတောက်လေးခုကပင် သူ့အပေါ်မှာ သက်ရောက်မှု သိပ်ရှိလိမ့်မည် မဟုတ်ပေ။

ဘိုးဘေးမီး အထွတ်အမြတ်ခိုလှုံရာမှာ လမ်းမရှည်တစ်လျှောက် စားသောက်ဆိုင်များနှင့် တည်းခိုခန်းများထဲတွင် ကောင်းကင်ဘုံသာလွန်သူတိုက်ပွဲကို စောင့်ကြည့်ပြီး စိတ်လှုပ်တရှား ဆွေးနွေးပြောဆိုနေသည့် ကျင့်ကြံသူများစွာ ရှိနေ၏။

ဘိုးဘေးမီး အထွတ်အမြတ်ခိုလှုံရာမှာ ထိုသူများသည် ဖယ်ရှားရှင်းလင်းတိုက်ပွဲ၏ အခြေအနေအတိအကျကို မတွေ့မြင်နိုင်ကြပေ။

သို့သော်လည်း လူတိုင်းသည် ဟင်္သပဒါးငှက်အဆင့်သတ်မှတ်ချက်၏ အဆင့်ရပ်တည်ချက်များကို ကြည့်ပြီး အကြမ်းဖျင်း ခန့်မှန်းနိုင်ကြသည်။

“သူတော်စင်မျိုးနွယ် ဆိုတဲ့အတိုင်းပဲ… သူတို့က အားလုံးကို လိုက်မီပြီး ရှေ့ကနေ အပြတ်အသတ် ဦးဆောင်သွားပြီ”

“သူတော်စင်မျိုးနွယ်မှာ ဘိုးဘေးဗီဇမျိုးဆက်သွေး ရှိတယ်… သူတို့ရဲ့ ခန္ဓာကိုယ်တွေက အသွင်ပြောင်းလဲသွားပြီ… မီးတောက်တောင်ကြောရိုးလေးခုက သူတို့အတွက် စိန်ခေါ်မှု သိပ်မရှိတော့ဘူး… တကယ်တမ်း ကွာဟချက်က နောက်ဆုံးမှာ ဘယ်သူက အရင်ရောက်မလဲ ဆိုတာပဲ”

“ဟင်္သပဒါးငှက် အဆင့်သတ်မှတ်ချက်မှာ ဆူဇီမိုကို ငါ မတွေ့မြင်ရပါလား”

ဤတစ်ခေါက် တိုက်ပွဲမှာ ပါဝင်နေသော ကောင်းကင်ဘုံသာလွန်သူပညာရှင်များက တစ်သိန်းကျော် ရှိနေ၏။

သို့သော်လည်း ဟင်္သပဒါးငှက်အဆင့်သတ်မှတ်ချက်မှာ နာမည်တစ်ထောင်ကိုသာ ပြသပေးလေသည်။

“ငါ သတိထားကြည့်နေတာ... အစကနေ အခုအချိန်ထိ သူ့ရဲ့နာမည်က ဟင်္သပဒါးငှက်အဆင့်သတ်မှတ်ချက်မှာ ဘယ်တုန်းကမှ ပေါ်ထွက်မလာခဲ့ဘူး”

“ဖန်တီးခြင်းအစိမ်းရောင်ကြာပန်းရဲ့ မျိုးဆက်သွေးက အသင်္ချေစိတ်ဝိညာဉ်တောင်ကြောရိုးရဲ့ ဖိအားအောက်ကို သိသိသာသာ ရောက်သွားပြီထင်တယ်”

“ဘာပဲပြောပြော သူက တာအိုသုံးသပ်မှုနယ်ပယ်ရဲ့ စဦးကျွမ်းကျင်မှုမှာပဲ… အရမ်းကို အားနည်းလွန်းတယ်… ကောင်းကင်ဘုံသာလွန်သူတွေနဲ့ မဟာကောင်းကင်ဘုံသာလွန်သူတွေက အရင်ဆုံး ဖယ်ရှားရှင်းလင်းခံရလိမ့်မယ်”

“သူက ဟင်္သပဒါးငှက်အဆင့်သတ်မှတ်ချက်ထဲတောင် မဝင်နိုင်ဘူးပဲ… ငါတို့ သူ့ကို အထင်ကြီးခဲ့မိကြတာပဲ”

ဟင်္သပဒါးငှက်အဆင့်သတ်မှတ်ချက်သည် ကျင့်ကြံသူများအားလုံးကို ပြသနိုင်မည်ဆိုလျှင် ဆူဇီမိုက ယခုအချိန်တွင် သေချာပေါက် အောက်ဆုံးမှာ ရှိနေပေလိမ့်မည်။

သူသည် အသင်္ချေစိတ်ဝိညာဉ်တောင်ကြောရိုးကို ခြေချကတည်းက သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးခြင်း မရှိပေ။ ထိုအစား သူသည် နေရာမှာပင် မလှုပ်မယှက်ရပ်ပြီး သူ၏ ဘေးပတ်လည်ရှိ လောင်ကျွမ်းနေသော အသင်္ချေစိတ်ဝိညာဉ်ရှေးဟောင်းမီးကို ကြည့်နေ၏။

တစ်ယောက်ယောက်က သူ့အနားကနေ ဖြတ်သွားမည်ဆိုလျှင် ဆူဇီမို၏ မျက်လုံးနှစ်ဖက်က ထူးဆန်းသော ခရမ်းရောင်မီးတောက်နှစ်ခုဖြင့် လောင်ကျွမ်းနေသည်ကို သူတို့က အံ့အားသင့်ဖွယ်ရာ တွေ့ရှိရပေလိမ့်မည်။

စိတ်ဝိညာဉ်ပနံသင့်ပညာရပ်၊ တစ်ယောက်မြင်သည်ကို တစ်ယောက်မြင်ရခြင်း…

သိုင်းတာအိုပင်မခန္ဓာသည် သွေးပင်လယ်ထဲမှာ ပိတ်မိနေပြီး မဟာကမ္ဘာတစ်ထောင်လောကကို တက်လှမ်းမလာနိုင်သော်လည်း စိတ်ဝိညာဉ်ပနံသင့်ပညာရပ်နှင့်အတူ အစိမ်းရောင်ကြာပန်းအစစ်မှန်ခန္ဓာ၏ မျက်လုံးများကနေတစ်ဆင့် သူသည် မဟာကမ္ဘာတစ်ထောင်လောကမှာ ရှိသည့် အရာရာတိုင်းကို တွေ့မြင်နိုင်၏။

မီးတောက်တောင်ကြောရိုးလေးခုသည် တခြားသူများအတွက် စမ်းသပ်ချက်အလွှာများ ဖြစ်လေသည်။

သို့သော်လည်း သူတို့သည် သိုင်းတာအိုပင်မခန္ဓာအတွက် ရှားရှားပါးပါး အခွင့်အလမ်းများ ဖြစ်နေ၏။

သိုင်းတာအိုပင်မခန္ဓာသည် တမလွန်တစ္ဆေမီးကို ထိန်းချုပ်နိုင်ခဲ့ပြီးသားဖြစ်သည်။

သူသည် အခြားသော ကောင်းကင်ဘုံမီးသုံးမျိုးကို ထိန်းချုပ်နိုင်မည်ဆိုလျှင် သိုင်းတာအိုပင်မခန္ဓာသည် သိသာထင်ရှားသော တိုးတက်မှုတစ်ရပ်ကို သေချာပေါက် လက်ခံရရှိပေလိမ့်မည်။

ဒါ့အပြင် သူသည် ကောင်းကင်ဘုံမီးကို ထိန်းချုပ်နိုင်သည်နှင့် သူ့အနေဖြင့် မီးတောက်တောင်ကြောရိုးလေးခုကို ဖြတ်ကျော်ဖို့က များစွာပိုမိုလွယ်ကူသွားပေလိမ့်မည်။

သိုင်းတာအိုပင်မခန္ဓာသည် တာအိုမီးကိုးမျိုးကို ထိန်းချုပ်ပြီး သူ၏ သိုင်းစိတ်ဝိညာဉ်ကပင် မီးတောက်လုံးတစ်လုံး ဖြစ်လေသည်။

သိုင်းတာအိုအပြင် သိုင်းတာအိုပင်မခန္ဓာအနေဖြင့် နားလည်ဆင်ခြင်ဖို့ အလွယ်ကူဆုံး မဟာတာအိုက မီးမဟာတာအို ဖြစ်သည်။

ထိုအခြေခံအုတ်မြစ်နှင့်အတူ သိုင်းတာအိုပင်မခန္ဓာအနေဖြင့် အသင်္ချေစိတ်ဝိညာဉ်ရှေးဟောင်းမီးကို နားလည်ဆင်ခြင်ဖို့ မခက်ခဲပေ။

ဒါ့အပြင် သိုင်းတာအိုပင်မခန္ဓာ၏ လက်ရှိကျင့်ကြံမှုသည် တာအိုကြီးစိုးမှုနယ်ပယ်ကို ဝင်ရောက်သွားခဲ့ပြီဖြစ်၏။ သူ၏ ကျင့်ကြံမှုက ပိုမိုမြင့်မားလာလေ၊ သူ့အနေဖြင့် အသင်္ချေစိတ်ဝိညာဉ်ရှေးဟောင်းမီးကို သန့်စင်ဖို့ ပို၍လွယ်ကူလာလေပင်။

သိပ်မကြာခင် ဆူဇီမိုက ဆတ်ခနဲ တုန်ယင်သွားပြီး သူ၏ မျက်လုံးထဲမှာ ရွှေရောင်မီးတောက်တစ်ခု ပေါ်ထွက်လာ၏။ ၎င်းသည် အသင်္ချေစိတ်ဝိညာဉ်ရှေးဟောင်းမီး ဖြစ်သည်။

ထို့နောက် ဆူဇီမိုက ရှေ့သို့လျှောက်လှမ်းသွား၏။

အစက သူ့ရှေ့မှာ လောင်ကျွမ်းနေသော အသင်္ချေစိတ်ဝိညာဉ်ရှေးဟောင်းမီးသည် သူ့အတွက် လမ်းကြောင်းတစ်ခု ဖွင့်လှစ်ပေးပြီး သူ့ကို မည်သည့်ပျက်စီးထိခိုက်မှုမှ မဖြစ်စေပေ။

တကယ်တမ်းမှာ အသင်္ချေစိတ်ဝိညာဉ်ရှေးဟောင်းမီးကို ယခုတင် နားလည်ဆင်ခြင်ပြီး ကျွမ်းကျင်တတ်မြောက်သွားသည့်လူက သိုင်းတာအိုပင်မခန္ဓာသာ ဖြစ်လေသည်။

အစိမ်းရောင်ကြာပန်းအစစ်မှန်ခန္ဓာက ၎င်းကို ယခုအချိန်ထိ နားလည်ဆင်ခြင်နိုင်ခြင်း မရှိသေးပေ။

သို့သော်လည်း အစစ်မှန်ခန္ဓာနှစ်ခုသည် တူညီသော ရင်းမြစ်ကနေလာပြီး စိတ်ချင်းဆက်နေကြ၏။

စိတ်ဝိညာဉ်ပနံသင့်ပညာရပ်၏ အကူအညီနှင့်အတူ သိုင်းတာအိုပင်မခန္ဓာသည် သူ၏မျက်လုံးများကနေတစ်ဆင့် အသင်္ချေစိတ်ဝိညာဉ်ရှေးဟောင်းမီး၏ အော်ရာကို ထုတ်ဖော်နိုင်သည်။

အသင်္ချေစိတ်ဝိညာဉ်ရှေးဟောင်းမီး၏ အသိသညာမှာ ဆူဇီမိုသည် မူမမှန်မှုတစ်ခု မဟုတ်ဘဲ သူတို့နှင့် အတူတူပင်ဖြစ်၏။

ဆူဇီမိုသည် အလွန်တရာ မြန်ဆန်သော အလျင်အဟုန်ဖြင့် တောင်ထွတ်ပေါ်သို့ လျှောက်လှမ်းလာ၏။

ဘေးမှာရှိသော ကျင့်ကြံသူတစ်ဦးက ထိုသည်ကို တွေ့မြင်သောအခါ သူ၏မျက်လုံးက မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်သွား၏။

တစ်ဖက်မှာတော့ သူတို့သည် အသင်္ချေစိတ်ဝိညာဉ်ရှေးဟောင်းမီး၏ လောင်မြိုက်မှုကို ခုခံရပြီး ရှေးဟောင်းမီးကနေ အသွင်ပြောင်းလဲလာသည့် သက်ရှိများ၏ တိုက်ခိုက်မှုကိုလည်း ခုခံရလေသည်။

ကောင်းကင်ဘုံသာလွန်သူပညာရှင်များသည် ရှေ့ကို ဖြည်းဖြည်းချင်း တက်လှမ်းပြီး ခြေလှမ်းတိုင်းကို သတိကြီးကြီးထားပြီး လှမ်းနေရ၏။

တစ်ယောက်ယောက်က ဤကဲ့သို့သော နည်းလမ်းဖြင့် အသင်္ချေစိတ်ဝိညာဉ်တောင်ကြောရိုးပေါ်သို့ တက်လှမ်းလာသည်ကို သူတို့က ဘယ်လိုလုပ် တွေ့မြင်ဖူးပါ့မလဲ။

သူတော်စင်မျိုးနွယ်သက်ရှိများပင်လျှင် အသင်္ချေစိတ်ဝိညာဉ်ရှေးဟောင်းမီးကို ခုခံဖို့အတွက် သူတို့၏ ကိုယ်ကာယများအပေါ် မှီခိုရပြီး သူတို့သည် တစ်လမ်းလုံး အရှိန်အဟုန်ဖြင့် မတက်လှမ်းနိုင်ကြပေ။

ဆူဇီမိုကတော့ အသင်္ချေစိတ်ဝိညာဉ်တောင်ကြောရိုးမှာ လုံးဝအဆင်ပြေသည့်အလား သူက ပြုမူလှုပ်ရှားနေ၏။ သူသည် မည်သည့်အဟန့်အတားမှ မရှိဘဲ ညီညာသော မြေပြင်ပေါ်မှာ လျှောက်လှမ်းနေသည့်အလားပင်။

ဆူဇီမိုသည် တောင်ထွတ်ပေါ်သို့ ရောက်ရှိတော့မည့်ဆဲဆဲမှာ သူသည် နောက်ကနေ လိုက်မီလာပြီး ဟင်္သပဒါးငှက်အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးတစ်ထောင်ထဲ ဝင်ရောက်လာပြီဖြစ်သည်။

“ငါ နောက်ဆုံးတော့ မင်းကို ရှာတွေ့ပြီ”

ထိုစဉ်မှာပင် အေးစက်စက် ရယ်မောသံတစ်သံက ဘေးကနေ ထွက်ပေါ်လာ၏။ ထိုသူသည် သူ၏ရာထူးကနေ ဖြုတ်ချခံထားရသည့် ကောင်းကင်ဘုံသာလွန်သူ ချန်ချိုးဖြစ်လေသည်။

“မင်းက အသင်္ချေစိတ်ဝိညာဉ်တောင်ကြောရိုးမှာ ငါနဲ့ဆုံပြီး ဒီကပ်ဘေးနဲ့ ကြုံတွေ့ရဖို့ ကံပါလာခဲ့ပြီးသားပဲ”

ချန်ချိုးက လောကတစ်ခုကို မြှောက်တင်ပြီး သူ၏ သွေးချီကို ထုတ်ဖော်ကာ ဘေးပတ်ဝန်းကျင်မှာရှိသော ဂမ္ဘီရဟွမ့်များနှင့် ဂမ္ဘီရဖုန့်များ၏ ရိုက်ခတ်မှုကို ခုခံရင်း ဆူဇီမိုရှိရာသို့ ခြေလှမ်းကျဲဖြင့် လျှောက်လှမ်းလာ၏။

သူသည် ရှေးဟောင်းမီး မဟာတာအိုကို ကျင့်ကြံထားသည်။

အသင်္ချေစိတ်ဝိညာဉ်တောင်ကြောရိုးမှာ သူ၏ တိုက်ခိုက်ရည်ခွန်အားကို အကန့်အသတ်ထိ ထုတ်ဖော်နိုင်၏။

“အမ်...”

ချန်ချိုးက အနားကို ချဉ်းကပ်မလာနိုင်ခင် သူ့မျက်နှာပေါ်မှာ တွေဝေရှုပ်ထွေးသော အမူအရာတစ်ခု ဖျတ်ခနဲပေါ်ထွက်လာ၏။

ဘေးပတ်ဝန်းကျင် အသင်္ချေစိတ်ဝိညာဉ်ရှေးဟောင်းမီးကနေ ဆင့်ခေါ်ထားသည့် သားရဲတောကောင်များနှင့် သက်ရှိများသည် သူ့ကို ဘာကြောင့် မတိုက်ခိုက်ကြတာလဲ။

သူ မတုံ့ပြန်နိုင်ခင် ဆူဇီမိုက သူ့မျက်လုံးထဲရှိ ရွှေရောင်မီးတောက်များနှင့်အတူ ချန်ချိုးကို လှည့်ကြည့်လိုက်၏။ သူ၏ စိတ်ဝိညာဉ်အသိစိတ်က လှုပ်ရှားသွားလေသည်။

ဂီး…

ဘေးပတ်ဝန်းကျင်မှာရှိသော အသင်္ချေစိတ်ဝိညာဉ်ရှေးဟောင်းမီး၏ မီးတောက်များက သိပ်သည်းစုဖွဲ့လာပြီး မရေမတွက်နိုင်သော ဟင်္သပဒါးငှက်များအဖြစ် အသွင်ပြောင်းလဲသွားလေသည်။ သူတို့ကို ရွှေရောင်ချော်ရည်များကပင် လွှမ်းခြုံထားပြီး သူတို့က ချန်ချိုး ရှိရာသို့ အရူးအမူးစွာ ပြေးဝင်လာကြသည်။

အခန်း ၃၂၉၈ - အဆက်မပြတ်တက်လှမ်းခြင်း

“ဘာလဲဟ”

ချန်ချိုးက ထိုသည်ကို တွေ့မြင်သောအခါ သူ၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး အံ့အားတသင့် ရေရွတ်လိုက်၏။

ဤနေရာသည် တောင်ထွတ်နှင့် အနည်းငယ်ဝေးကွာဆဲဖြစ်၏။ အသင်္ချေစိတ်ဝိညာဉ်ရှေးဟောင်းမီးသည် ဟင်္သပဒါးငှက်ကဲ့သို့ စွမ်းအားကြီးမားသော သက်ရှိများကို မဆင့်ခေါ်သင့်ပေ။ အလွန်ဆုံး ဂမ္ဘီရဖုန့်နှင့် ဂမ္ဘီရဟွမ့်တို့ကိုသာ ဖြစ်ပေါ်လာသင့်သည်။

သို့သော်ယခု အသင်္ချေစိတ်ဝိညာဉ်ရှေးဟောင်းမီးသည် ဟင်္သပဒါးငှက်များအဖြစ် အသွင်ပြောင်းလဲသွားရုံသာမက သူတို့သည် သူ့ကိုပင် ဝိုင်းပတ်လာခဲ့၏။ သို့သော်လည်း သူတို့သည် ဆူဇီမိုအပေါ် မည်သည့်ရန်လိုစိတ်မှ မရှိပေ။

ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

ချန်ချိုးက အဲဒါနှင့်ပတ်သက်၍ များစွာစဉ်းစားနေဖို့အချိန်မရပေ။ ဟင်္သပဒါးငှက်ရာချီက ချဉ်းကပ်လာခဲ့ပြီဖြစ်ပြီး သူ၏ လောကရှိရာသို့ အဆက်မပြတ်တိုက်ခိုက်မှုများကို ထုတ်ဖော်လိုက်၏။

သူသည် ရှေးဟောင်းမီးမဟာတာအိုကို ကျင့်ကြံပြီး အသင်္ချေစိတ်ဝိညာဉ်တောင်ကြောရိုးမှာ သူက ရေထဲကငါးတစ်ကောင်လို ဖြစ်သင့်သည်။

ယခုတော့ သူသည် အသင်္ချေစိတ်ဝိညာဉ်ရှေးဟောင်းမီးမှာ ဤကဲ့သို့ တန်ပြန်ရိုက်ခတ်မှုတစ်ခုနှင့် ကြုံတွေ့ရလေသည်။

ဘုန်း… ဘုန်း… ဘုန်း…

ဟင်္သပဒါးငှက်တိုင်းသည် ရူးသွပ်သွားပုံရပြီး သူရှိရာသို့ အဆက်မပြတ်တိုးဝင်လာကြ၏။

ချန်ချိုးသည် ဆူဇီမိုကို တိုက်ခိုက်ဖို့နေနေသာ အခြားမည်သည့်အရာကိုမှ ဂရုစိုက်ဖို့ ဆက်လက်၍အာရုံမရတော့ပေ။

အနားကနေဖြတ်သွားသော ကျင့်ကြံသူများက ထိုသည်ကို တွေ့မြင်သောအခါ သူတို့ကလည်း တုန်လှုပ်သွားကြ၏။

ချန်ချိုး၏ တိုက်ခိုက်ရည်ခွန်အားက ဘယ်လောက်ပင် သန်မာသည်ဖြစ်စေ သူသည် အတောမသတ်နိုင်သော ဟင်္သပဒါးငှက်များ၏ တိုက်ခိုက်မှုများကို မခုခံနိုင်ပေ။

မည်သို့ပင်ဆိုစေ ဤဟင်္သပဒါးငှက်များသည် တောင်ကြောရိုးမှာရှိသော အသင်္ချေစိတ်ဝိညာဉ်ရှေးဟောင်းမီးကနေ အသွင်ပြောင်းလဲလာခြင်းဖြစ်ပြီး အဆုံးမဲ့စီးကြောင်းတစ်ခုလိုဖြစ်နေ၏။

ချန်ချိုးသည် သူတို့တစ်အုပ်စုကို သတ်ဖြတ်လိုက်မည်ဆိုလျှင်တောင် ပို၍ပို၍ များပြားလာသော ဟင်္သပဒါးငှက်များက ဘေးပတ်ဝန်းကျင်မျာ စုစည်းလာလေသည်။

နောက်ဆုံးမှာတော့ သူ၏ ခန္ဓာကိုယ်က နစ်မြုပ်သွားပြီဖြစ်၏။

ခဏနေပြီးနောက် သူ၏ လောကက လဲပြိုကျတော့မည့်မည့်ဆဲဆဲဖြစ်၏။

“မဖြစ်နိုင်ဘူး… ဘယ်လိုမှမဖြစ်နိုင်ဘူး”

ချန်ချိုး၏ ခပ်စူးစူးအသံက မီးတောက်များကြားကနေ ထွက်ပေါ်လာပြီး မချင့်မရဲမှုဖြင့် ပြည့်နှက်နေ၏။

ဘုန်း…

သိပ်မကြာခင် သူ၏ လောကကို ဟင်္သပဒါးငှက်မျာစွာက ချိုးဖျက်လိုက်၏။

သူ့လောက၏ ကာကွယ်မှုမရှိဘဲ ချန်ချိုးသည် သူ၏ ကိုယ်ကာယ၊ မျိုးဆက်သွေး၊ နတ်ဘုရားလက်နက်နှင့် စိတ်ဝိညာဉ်ရတနာတို့မျှနှင့် ဟင်္သပဒါးငှက်များ၏ တိုက်ခိုက်မှုများကို မခုခံနိုင်တော့ပေ။

တစ်ခဏချင်းမှာပင် ချန်ချိုးသည် ဒဏ်ရာများဖြင့် ပြည့်နှက်သွားပြီဖြစ်ပြီး သူ၏ သွေးချီက များပြားစွာ လျော့ကျသွား၏။

ဖောက်…

ဟင်္သပဒါးငှက်တစ်ကောင်က သူ၏ ရင်ဘတ်ကို ထိုးဆိတ်လိုက်ပြီး သူ၏ အသားများက ပေါက်ကွဲထွက်ကာ သွေးသံရဲရဲဧရာမအပေါက်တစ်ပေါက် ဖြစ်ပေါ်လာ၏။

ချန်ချိုး၏ မျက်နှာက မုန်းတီးမှုဖြင့် ပြည့်နှက်နေပြီး ဟင်္သပဒါးငှက်တံဆိပ်ပြားကို ဆင့်ခေါ်လိုက်ရ၏။ သူ၏ ခန္ဓာကိုယ်က ဝင်းလဲ့တောက်ပသွားပြီး တံဆိပ်ပြားက သူ့ကို အသင်္ချေစိတ်ဝိညာဉ်တောင်ကြောရိုးကနေ ခေါ်ထုတ်သွား၏။

အစကနေ ယခုအချိန်ထိ ဆူဇီမိုက တိုက်ခိုက်ခဲ့ခြင်းမရှိပေ။

သူက ရွှေရောင်မီးတောက်များဖြင့် လောင်ကျွမ်းနေသော သူ၏ မျက်လုံးများနှင့်အတူ ဖြစ်စဉ်တစ်ခုလုံးကို တိတ်တဆိတ်စောင့်ကြည့်နေရုံသာဖြစ်သည်။

ဘေးပတ်ဝန်းကျင်မှာရှိသော ကျင့်ကြံသူများသည် ဆူဇီမို၏ ရွှေရောင်မျက်လုံးများနှင့် အကြည့်ချင်းဖလှယ်ပြီးနောက် ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားကြ၏။

ကြောက်စရာကောင်းသော ထိုမျက်လုံးများ၏ နောက်ကွယ်မှာ အလွန်တရာကြောက်စရာကောင်းသော တည်ရှိမှုတစ်ခု ပုန်းကွယ်နေပုံရ၏။

ဆူဇီမိုသည် တစ်ဘက်သို့လှည့်ပြီး တောင်ထိပ်သို့ ဆက်တက်သွား၏။ ခရီးစဉ်က ချောမွေ့နေပြီး သိပ်မကြာခင် သူသည် အသင်္ချေစိတ်ဝိညာဉ်တောင်ကြောရိုးကို ဖြတ်ကျော်ကာ ဒုတိယမြောက် မီးတောက်တောင်ကြောရိုး၏ အခြေကို ရောက်ရှိလာ၏။

လောင်ကျွမ်းကောင်းကင်ဘုံတောင်ကြောရိုး…။

သူသည် လောင်ကျွမ်းကောင်းကင်ဘုံတောင်ကြောရိုးသို့ ခြေချသည့်ခဏမှာပင် ဆူဇီမိုက နောက်တစ်ဖန်ရပ်တန့်သွားသည်။ သူ၏ မျက်လုံးထဲရှိ ရွှေရောင်မီးတောက်များက ပျက်ပြယ်သွားပြီး ခရမ်းရောင်မီးတောက်များက ထွန်းညှိလာ၏။

သိုင်းတာအိုပင်မခန္ဓာသည် ဤတောင်ကြောရိုးမှာ လောင်ကျွမ်းကောင်းကင်ဘုံခရမ်းရောင်မီးတောက်များကို ဆက်လက်၍ သန့်စင်နေ၏။

ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာမှာ။

“ကြည့်စမ်း… ဆူဇီမိုက ဟင်္သပဒါးအဆင့်သတ်မှတ်ချက်ထဲ ဝင်လာပြီ”

“သူက ထိပ်ဆုံးတစ်ထောင်ထဲ ဝင်ရောက်လာနိုင်တယ်ဆိုတော့ ဒီလူက တကယ့်ကို အစွမ်းအစရှိတာပဲ”

“ငါ့အထင်တော့ သူက သိပ်ကြာကြာထိန်းထားနိုင်မှာမဟုတ်ဘူး… ကောင်းကင်ဘုံမီးလေးခုထဲမှာ အသင်္ချေစိတ်ဝိညာဉ်ရှေးဟောင်းမီးက အလွယ်ဆုံးပဲ”

“အမှန်ပဲ… လောင်ကျွမ်းကောင်းကင်ဘုံခရမ်းရောင်မီးက အဆုံးစွန်ယန်မီးပဲ… အဲဒါပြီးရင် နောက်ထပ်လာမယ့် တင်းခြောက်ပါးနတ်ဘုရားမီးက အဆုံးစွန်ယင်မီးပဲ… အဆုံးစွန်ယန်ကနေ အဆုံးစွန်ယင်ဆီ ကူးပြောင်းမှုကတင် အန္တိမကောင်းကင်ဘုံသာလွန်သူအများစု ခံနိုင်ရည်ရှိတဲ့အရာမဟုတ်ဘူး… နောက်ပြီး ဆက်လာမယ့် တမလွန်တစ္ဆေမီးကို ထည့်ပြောနေစရာတောင် မလိုတော့ဘူး”

လူတိုင်းဆွေးနွေးနေစဉ် ဟင်္သပဒါးငှက်အဆင့်သတ်မှတ်ချက်ပေါ်မှာ ဆူဇီမို၏ ရပ်တည်မှုက ပျောက်ကွယ်သွားပြီး အခြားသောကျင့်ကြံသူများက အစားထိုးဝင်ယူလာ၏။

ထိုသည်ကိုတွေ့မြင်သောအခါ ကျင့်ကြံသူများစွာက အံ့အားသင့်သွာခြင်းမရှိဘဲ ရယ်မောလိုက်ကြ၏။

ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာမှ ကျင့်ကြံသူများသည် လက်ရှိမှာ ဆူဇီမိုက လောင်ကျွမ်းကောင်းကင်ဘုံခရမ်းရောင်မီးကို သန့်စင်နေပြီး မလှုပ်မယှက်ရှိနေသည်ကို မသိကြပေ။ ထို့ကြောင့်ပင် သူ့ကို နောက်မှရောက်လာသူများက ကျော်တက်သွားခြင်းဖြစ်၏။

လောင်ကျွမ်းကောင်းကင်ဘုံခရမ်းရောင်မီးသည် အဆုံးစွန်ယန်မီးဖြစ်သည်။

သိုင်းတာအိုပင်မခန္ဓာအနေဖြင့် ဤမီးတောက်ကို သန့်စင်ရသည်က အသင်္ချေစိတ်ဝိညာဉ်ရှေးဟောင်းမီးထက်ပင် ပို၍လွယ်ကူနေ၏။

ဤအချိန်အတောအတွင်း ဆူဇီမို၏ ညာဘက်မျက်လုံးထဲရှိ မီးပဒေသာကျောက်တုံးကလည်း စွမ်းအားတစ်ခုကို ဖြာထုတ်ပေးပြီး အစစ်အမှန်ခန္ဓာနှစ်ခုကြား ဆက်သွယ်မှုတစ်ခုကို တည်ဆောက်ပေးကာ လောင်ကျွမ်းကောင်းကင်ဘုံခရမ်းရောင်မီးကို နားလည်ဆင်ခြင်နိုင်ရန် သိုင်းတာအိုပင်မခန္ဓာကို ကူညီပေးနေ၏။

မီးပဒေသာဂမ္ဘီရကျောက်တုံးမှာ အသန့်စင်ဆုံး အဆုံးစွန်ယန်စွမ်းအားပါဝင်နေသည်။

၎င်းသည် လောင်ကျွမ်းကောင်းကင်ဘုံခရမ်းရောင်မီး၏ စွမ်းအားကိုလည်း ခြုံငုံမိလေသည်။

သိပ်မကြာခင် ဆူဇီမိုသည် လောင်ကျွမ်းကောင်းကင်ဘုံတောင်ကြောရိုး၏ တောင်ထွတ်ရှိရာသို့ ဆက်လက်လှုပ်ရှားလိုက်၏။ ခရီးစဉ်က ချောမွေ့နေပြီး အလွန်တရာမြန်ဆန်နေ၏။ ဘေးပတ်ဝန်းကျင်မှာရှိသော လောင်ကျွမ်းကောင်းကင်ဘုံခရမ်းရောင်မီးက သူ့ကို မည်သည့်ပျက်စီးထိခိုက်မှုမှ မဖြစ်စေပေ။

သူသည် တောင်ခါးလယ်သို့ ရောက်ရှိသောအခါ လောင်ကျွမ်းကောင်းကင်ဘုံတောင်ကြောရိုးက ရုတ်တရက်လှုပ်ခါသွား၏။

“မကောင်းတော့ဘူး… မီးတောင်က ပေါက်ကွဲသွားပြီ.. ကောင်းကင်ဘုံလောင်ကျွမ်းခရမ်းရောင်မီးမိုးက ကျဆင်းလာတော့မယ်”

ဘေးမှာရှိသော ကျင့်ကြံသူတစ်ဦးကတုန်လှုပ်နေ၏။

ဤသည်မှာ လောင်ကျွမ်းကောင်းကင်ဘုံတောင်ကြောရိုးကို ဖြတ်ကျော်သော ကျင့်ကြံသူများအတွက် အကြီးမားဆုံး စမ်းသပ်ချက်ဖြစ်သည်။

မီးတောင်ပေါက်ကွဲလာသည်နှင့် တောင်ထွတ်ကနေ ချစ်ချစ်တောက်ပူပြင်းသော ချော်ရည်များပန်းထွက်လာမည်သာကမ ၎င်းသည် ကောင်းကင်တစ်ခွင်ပြည့်နှက်နေသော မီးမိုးများအဖြစ် ပြောင်းလဲပြီး အရာရာတိုင်းကို မှောက်လှန်ပစ်ပေလိမ့်မည်။

သူတို့က သတိတစ်ချက်ပေါ့လျော့မိလျှင် ဤနေရာမှာ သေဆုံးသွားရပေလိမ့်မည်။

ကျင့်ကြံသူများစွာသည် ပေါ့ပေါ့ဆဆ မပြုမူရဲဘဲ သူတို့၏ လက်ဖဝါးထဲမှာ ဟင်္သပဒါးငှက်တံဆိပ်ပြားများကို အလောတကြီးဆုပ်ကိုင်လိုက်ကြ၏။ သူတို့သည် အခြေအနေမကောင်းတော့သည်နှင့် အချိန်မရွေးထွက်ပြေးဖို့ ပြင်ထားလေသည်။

ဆူဇီမိုသည် သူ့ခေါင်းကို အနည်းငယ်မော့၍ တစ်ချက်ကြည့်လိုက်ရုံသာဖြစ်ပြီး သူ၏ အရှိန်ကို လျှော့ချခြင်းမရှိဘဲ တောင်ထိပ်ရှိရာသို့ ဆက်လက်၍ တက်လှမ်းသွား၏။

သိပ်မကြာခင် အနက်ရောင်မီးခိုးများက‌ လေထဲမှာပြည့်နှက်လာပြီး သူ၏စိတ်ဝိညာဉ်အသိစိတ်အမြင်အာရုံကို ပိတ်ဆို့လာ၏။

ထို့နောက်ကောင်းကင်ထက်ကနေ ခရမ်းရောင်မီးမိုးတစ်ခု ဆင်းသက်လာလေသည်။

သို့သော်လည်း ခရမ်းရောင်မီးမိုးသည် သူ့ပေါ်သို့ ဆင်းသက်သောအခါ မည်သည့်ဝဲဂယက်မှ ဖြာမထွက်ဘဲ ပင်လယ်ထဲသို့ ကျဆင်းသွားသော ကျောက်တုံးများကဲ့သို့ ပျောက်ကွယ်သွားသည်။

တောင်ထိပ်ကနေ စီးဆင်းလာသော ချော်ရည်များသည် ဆူဇီမိုရှိရှေ့သို့ ရောက်ရှိလာ၏။ ၎င်းသည် အသိစိတ်ရှိသည့်အလား အလိုလိုရှောင်ကွင်းပြီး သူ့အတွက် လမ်းဖယ်ပေးလိုက်လေသည်။

ဆူဇီမိုသည် အနက်ရောင်မီးခိုးနှင့် မီးမိုးအလွှာများကို ဖြတ်ကျော်ပြီး သိပ်မကြာခင် လောင်ကျွမ်းကောင်းကင်ဘုံတောင်ကြောရိုး၏ တောင်ထွတ်သို့ ရောက်ရှိလာ၏။

ဤတစ်ခေါက်မှာ သူသည် ကျင့်ကြံသူအများစုကို ကျော်တက်လာခဲ့ပြီဖြစ်၏။

ဟင်္သပဒါးငှက်အဆင့်သတ်မှတ်ချက်မှာ သူ၏ အဆင့်ရပ်တည်ချက်က ၁၃၂ ဖြစ်လာသည်။

လောင်ကျွမ်းကောင်းကင်ဘုံတောင်ကြောရိုးပြီးလျှင် တင်းခြောက်ပါးတောင်ကြောရိုးလာလေသည်။

ဆူဇီမိုသည် တင်းခြောက်ပါးတောင်ကြောရိုးသို့ တက်လှမ်းပြီး သိုင်းတာအိုပင်မခန္ဓာသည် တင်းခြောက်ပါးနတ်ဘုရားမီးကို ဆက်လက်၍ သန့်စင်နေ၏။

သူ၏ ဘယ်ဘက်မျက်လုံးထဲရှိ တမလွန်မီးရောင်ဂမ္ဘီရကျောက်တုံး၏ အကူအညီနှင့်အတူ သိုင်းတာအိုပင်မခန္ဓာက တင်းခြောက်ပါးနတ်ဘုရားမီးကို သန့်စင်သည့်အလျင်အဟုန်က တုန်လှုပ်စရာကောင်းနေ၏။

တင်းခြောက်ပါးနတ်ဘုရားမီးက အဆုံးစွန်ယင်မီးဖြစ်လေသည်။

တောင်ကြောရိုးမှာ မည်သည့်လောင်မြိုက်အပူမှ မရှိပေ။ ထိုအစား သူသည် ရေခဲမြစ်ထဲသို့ ကျဆင်းသွားသည့်အလားပင်။ အပူချိန်က ယတိပြတ်ထိုးဆင်းသွားပြီး အရာရာတိုင်းက အေးခဲတောင့်တင်းနေ၏။

ကောင်းကင်ဘုံသာလွန်သူပညာရှင်များစွာသည် စောစောကတင် လောင်ကျွမ်းကောင်းကင်ဘုံတောင်ကြောရိုးကို ဖြတ်ကျော်ပြီး လောင်ကျွမ်းကောင်းကင်ဘုံခရမ်းရောင်မီး၏ လွှမ်းခြုံမှုကို ကြုံတွေ့ထားခဲ့ရ၏။ သူတို့သည် တင်းခြောက်ပါးတောင်ကြောရိုးသို့ ခြေချမိသောအခါ သူတို့သည် အပူနှင့်အအေး ရုတ်တရက်ပြောင်းလဲမှုကို ခံနိုင်ရည်မရှိဘဲ ဒဏ်ရာအပြင်းအထန်ရရှိသွားကြ၏။ သူတို့သည် ရွေးချယ်စရာမရှိဘဲ အနှိုင်းမဲ့ကောင်းကင်ဘုံသာလွန်သူအတွက် ယှဉ်ပြိုင်မှုကနေ ထွက်ခွာသွားရလေသည်။

“ဟီးဟီး… ဆူဇီမိုက ရှေ့ကနေ ဦးဆောင်နေပေမယ့် သူကလည်း တင်းခြောက်ပါးတောင်ကြောရိုးကို ခံနိုင်ရည်ရှိမှာမဟုတ်ဘူး”

“အမှန်ပဲ… အခုချိန်မှာ သူက တင်းခြောက်ပါးတောင်ကြောရိုးမှာ အေးခဲတောင့်တင်းနေပြီ တစ်လက်မတောင်မလှုပ်ရှားနိုင်တော့ဘူး… သူက အဆုံးစွန်ယင်နဲ့ အဆုံးစွန်ယန်ရဲ့ ပဋိပက္ခနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာ ဖြစ်နိုင်တယ်”

ကောင်းကင်ဘုံသာလွန်သူများသည် ဆူဇီမိုက တင်းခြောက်ပါးတောင်ကြောရိုးမှာ မလှုပ်မယှက်ရပ်နေသည်ကို တွေ့မြင်သောအခါ ဆူဇီမိုသည် တင်းခြောက်ပါးနတ်ဘုရားမီး၏ အဟန့်အတားနှင့်ကြုံတွေ့ပြီး တက်လှမ်းဖို့ ခက်ခဲနေသည်ဟု တွေးထင်လိုက်ကြ၏။

သို့သော်လည်း လူတိုင်း၏ ဆွေးနွေးသံများမပျောက်သေးခင် ဆူဇီမို၏ ပုံရိပ်က ရိပ်ခနဲဖြစ်သွားပြီး လေးကြိုးကနေ ပစ်လွှတ်လိုက်သောမြားတစ်စင်းကဲ့သို့ လူတိုင်း၏ မြင်ကွင်းကနေ ပျောက်ကွယ်သွား၏။

ကျင့်ကြံသူများ၏ အမူအရာများက အေးခဲတောင့်တင်းသွားပြီး သူတို့က ကြက်သေသေနေကြ၏။

ဤတစ်ခေါက်မှာ ဟင်္သပဒါးငှက်အဆင့်သတ်မှတ်ချက်မှာ ဆူဇီမို၏ အဆင့်ရပ်တည်ချက်သည် များစွာကျဆင်းမသွားဘဲ သူကနောက်တစ်ဖန်လှုပ်ရှားကာ တင်းခြောက်ပါးတောင်ကြောရိုး၏ တောင်ထွတ်ရှိရာသို့ ဦးတည်လိုက်လေသည်။

တောင်ခါးလယ်မှာ တင်းခြောက်ပါးတောင်ကြောရိုးကလည်း ပြင်းထန်စွာ လှုပ်ခါသွား၏။

မီးတောင်တစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။

လောင်ကျွမ်းကောင်းကင်ဘုံတောင်ကြောရိုးနှင့်မတူဘဲ တင်းခြောက်ပါးတောင်ကြောရိုး၏ မီတောင်ပေါက်ကွဲမှုသည် ကောင်းကင်တစ်ခွင်ပြည့်နှက်နေသော ဆီးနှင်းများအဖြစ် ဆင့်ကဲပြောင်းလဲသွား၏။ ၎င်းကျဆင်းလာသောအခါ တောင်ကြောရိုးပေါ်ရှိ အပူချိန်က နောက်တစ်ဖန်ထိုးဆင်းသွားလေသည်။

ဤအရာများအားလုံးသည် ဆူဇီမိုအပေါ်မှာ သက်ရောက်မှုမရှိပေ။

သူသည် တင်းခြောက်ပါးတောင်ကြောရိုး၏ တောင်ထွတ်ပေါ်သို့ ခြေချသောအခါ သူသည် ဟင်္သပဒါးငှက်အဆင့်သတ်မှတ်ချက်တွင် အဆင့် ၃၂ ကို ရောက်ရှိလာခဲ့ပြီဖြစ်သည်။

All Chapters