← Chapters

 စိတ်ဝိညာဉ် ဝါးမျိုခြင်း ခန္ဓာကိုယ်

Vol. 52 Ch. 770

 စိတ်ဝိညာဉ် ဝါးမျိုခြင်း ခန္ဓာကိုယ်

Vol. 52 Ch. 770

“လခွမ်း၊ ဒီလောက် ဝတဲ့လူက ကျင့်ကြံပြီး သိုင်းပညာရှင်ဖြစ်လာတာ ယုတ္တိ မရှိဘူး”

ကျင့်ရှန်က မထိန်းနိုင်ဘဲ လှောင်ပြောင်လိုက်သည်။

“သူက စွမ်းအားစစ်စစ် အမျိုးအစား သိုင်းပညာရှင်လား၊ ဂရိက အာရီနာအတွက် ပြဿနာတွေ ဖြစ်လာမယ့်ပုံပဲ” လို့ လင်းရှီက မျက်မှောင်ကြုတ်ပြီး ပြောသည်။

သူမသည် အမျိုးသမီး တစ်ဦးဖြစ်သောကြောင့် အခြား အမျိုးသမီးများ မည်သို့ ခံစားရမည်ကို သူမ အတိအကျ သိသည်။ ဇိုကာဝါကို ရင်ဆိုင်ရမည်ဟူသော အတွေးသည်ပင် သူတို့၏ ခေါင်းကိုက်စေရန် လုံလောက်နေသည်။

ပထမဆုံးအနေဖြင့် အော့အန်ခြင်းနှင့် ကြောက်ရွံ့ခြင်း ရှိသည်။ ဒုတိယအနေဖြင့် ပြိုင်ဘက်၏ တိုက်ခိုက်မှုနှင့် ကာကွယ်မှုတို့သည် အလွန် အားကောင်းပြီး အမျိုးသမီးတစ်ဦးထက် အများကြီး သာလွန်နေမည်မှာ သေချာသည်။

ရဲ့လင်းချန်က ပြောလိုက်သည်။

“ကြည့်နေလိုက်ပါ။ ဂရိက လူတွေက မြင်ရတာထက် ပိုတယ်လို့ ကျွန်တော် ခံစားရတယ်”

အာရီနာ၏ မျက်နှာသည် အစမှအဆုံးထိတိုင် တည်ငြိမ်နေပြီး သူမ၏ ခရမ်းရောင် ဆံပင်ရှည်က သူမကို မြင့်မြတ်ပုံ ပေါ်စေသည်။ တကယ်တော့ သူမ၏ မျက်နှာအမူအရာမှ မာနနှင့် မြင့်မြတ်မှုကို မြင်တွေ့နိုင်သည်။

“စ”

ဒိုင်လူကြီးက ခွင့်ပြုချက် ပေးသည်နှင့် အာရီနာသည် နောက်ဆုတ်လိုက်သည်။ သူမ၏ ဒိုင်းသည် သူမ၏ ရှေ့တွင် ရှိပြီး လှံက သူမ၏ နောက်တွင် ရှိသည်။ သူမသည် ထို အပြာရောင် မျက်ဝန်းများဖြင့် ဇိုကာဝါကို စိုက်ကြည့် နေသည်။

“ဘုန်း”

ဇိုကာဝါ၏ လက်ထဲမှ လေးလံသော တူကြီးသည် မြေပြင်ပေါ်သို့ ပြုတ်ကျခဲ့ပြီး ၎င်းတွင် နက်ရှိုင်းသော အပေါက် တစ်ခုကို ချက်ချင်း ချန်ထားခဲ့သည်။

သူသည် တိုက်ခိုက်ရန် အလောတကြီး မလုပ်ဘဲ တူကို ဆွဲကာ အာရီနာဆီသို့ တစ်လှမ်းပြီးတစ်လှမ်း လျှောက်လာသည်။

ပရိသတ်သည် တိုက်ပွဲမြေပြင်ပေါ်မှ မြင်ကွင်းကြောင့် အနည်းငယ် စိတ်ရှုပ်ထွေး သွားကြသည်။ အဘယ်ကြောင့်ဆိုသော် တစ်ဦးက ရှေ့သို့ တိုးနေသော်လည်း အခြားတစ်ဦးက နောက်သို့ ဆုတ်နေသောကြောင့် ဖြစ်သည်။

“ဒါ မကောင်းဘူး”

ကျန်းတလီက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီး တည်ကြည်သော အသံဖြင့် ပြောသည်။

“ဘာဖြစ်တာလဲ၊ နင် တစ်ခုခု သတိထားမိတာ ရှိလို့လား”

ချန်ရှောင်ရှောင်က မေးလိုက်သည်။

“ဒီလို ဆက်သွားနေရင် အာရီနာ ရှုံးသွားလိမ့်မယ်”

ကျန်းတလီက ရှင်းပြသည်။

“ဇိုကာဝါက ငါ့နည်းတူပဲ၊ စွမ်းအား-အမျိုးအစား သိုင်းပညာရှင်၊ ဒီလို သိုင်းပညာရှင်မျိုးမှာ စွမ်းအင် စုဆောင်းခြင်း ဆိုတဲ့ ထူးခြားချက် တစ်ခု ရှိတယ်။ သူတို့ စွမ်းအား ပိုစုဆောင်းနိုင်လေ၊ သူတို့ရဲ့ ပေါက်ကွဲအား ပိုများလေပဲ။ အခြေအနေအများစုမှာ အနိုင်ရဖို့ သေချာသလောက်ပဲ”

“ဇိုကာဝါ မတိုက်ခိုက်သေးတာက သူ အရှိန်ယူနေလို့ပဲ၊ သူ ထုတ်ဖော်လိုက်တာနဲ့ ရုတ်ရုတ်သဲသဲ ဖြစ်မှာ သေချာတယ်”

“ဒီဂရိက ကောင်မလေးရဲ့ တိုက်ပွဲ နားလည်မှုက နည်းနည်း ညံ့ဖျင်းနေပုံရတယ်၊ မဟုတ်ဘူးလား”

ကျင့်ရှန် က မျက်မှောင်ကြုတ်သည်။

“တိုက်ခိုက်ရေး အတွေ့အကြုံ နည်းနည်းရှိသူတိုင်း သူတို့ရဲ့ ပြိုင်ဘက်တွေကို ဒီလိုလုပ်ဖို့ ခွင့်ပြုမှာ မဟုတ်ဘူး။ ဂျပန်နိုင်ငံက တကယ် ကံကောင်းတယ်”

လူတိုင်း သေသေချာချာ စောင့်ကြည့်နေကြသည်။

နောက်ဆုံးတွင် ဇိုကာဝါသည် သူ၏ လက်ကောက်ဝတ်ကို ရုတ်တရက် လှုပ်လိုက်သည့် အချိန်တစ်ခု ရောက်လာသည်။ သူ၏ ကိုယ်သည် နိမ့်ဆင်းသွားပြီး သူ၏ ဝသော ခန္ဓာကိုယ်ပုံသဏ္ဌာန်သည် မမျှော်လင့်ဘဲ သားကောင်ကို ချောင်းမြောင်းနေသော ကျားတစ်ကောင်နှင့် ဆင်နေသည်။

“ဒုန်း”

သူ၏ ခြေဖဝါးနှင့် မြေကြီးကို ဆောင့်ချပြီးနောက် သူ၏ ခန္ဓာကိုယ်သည် ရုတ်တရက် လေထဲသို့ မြင့်တက် လာသည်။ သူသည် မျက်တောင်တစ်ခတ်အတွင်း နှစ်မီတာခန့် ရှေ့သို့ လွှားခနဲ ရောက်သွားပြီး လေးလံသော တူကြီး ကို ကောင်းကင်မှ ဝှေ့ယမ်းကာ အာရီနာဆီသို့ ရိုက်ချိုးလိုက်သည်။

“အရမ်းမြန်တယ်”

လူတိုင်း အံ့အားသင့်သွားကြသည်။ ထိုမျှလောက် ဝသော ခန္ဓာကိုယ်တွင် ထိုသို့ အားကောင်းသော ပေါက်ကွဲအား ရှိလိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပေ။ သူ၏ အရှိန်သည် လုံးဝ မနှေးပေ။

လူအုပ်သည် သူတို့၏ စိုးရိမ်သော အကြည့်များကို အာရီနာထံသို့ ပြောင်းလိုက်ကြသည်။ ထိုအချိန်တွင် သူမသည် အချိန်မရွေး အသားပြား ဖြစ်သွားအောင် ရိုက်ချိုးခံရမည့် သိုးငယ်တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။

အံ့ဩစရာကောင်းသည်မှာ အာရီနာသည် ထို တူကြီးကို ရင်ဆိုင်ရန် သူမ၏ လက်ထဲမှ ဒိုင်းကို မြှောက်ရုံသာ မြှောက်လိုက်သည်။

“ဒုန်း”

လေးလံသော တူကြီးသည် ဒိုင်းကို ရိုက်လိုက်ရာ ထွက်ပေါ်လာသော လေလှိုင်းသည် ကြီးမားလှပြီး ပတ်ဝန်းကျင်သို့ ပျံ့နှံ့သော ကြီးမားသော စိတ်ဝိညာဉ် မုန်တိုင်းကို ဖြစ်ပေါ်စေကာ မြေပြင်ပေါ်တွင် နက်ရှိုင်းသော အပေါက် တစ်ခု ချန်ထားခဲ့သည်။ သို့သော် အာရီနာသည် ရှစ်လှမ်းသာ နောက်ဆုတ်ပြီး ရပ်လိုက်ကာ သူမသည် လုံးဝ မထိခိုက် ပုံရသည်။

“ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ”

အခြားသူများအပြင် ရဲ့လင်းချန်သည်လည်း အံ့ဩသွားခဲ့ရသည်။

ရဲ့လင်းချန်ပင် ထိုထိုးနှက်ချက်ကို ပေါ့ပေါ့တန်တန် ခံယူရန် မရဲသောကြောင့် ၎င်းသည် ယုတ္တိနှင့် အသိဉာဏ် အားလုံးကို ကျော်လွန်သွားခဲ့သည်။

“မှော်လက်နက်၊ အဲဒီ ဒိုင်းက မှော်လက်နက်ပဲ”

ကျင့်ရှန်က ထအော်လေသည်။

“ဂရိက ကလိမ်ကျတယ်”

စွန်းဟုန်ထောင်က သူ့ကို အမြန် ဆွဲပြီး သူ့ပါးစပ်ထဲသို့ သစ်သားတစ်ချပ်ကို ထိုးထည့်လိုက်သည်။ စွန်းဟုန်ထောင်၏ မျက်နှာက နီရဲနေပြီး အသံတိုးတိုးဖြင့် ပြစ်တင် ပြောဆိုလိုက်သည်။

“မင်း မသိရင် ပါးစပ်ပိတ်ထား။ ငါတို့ကို ရှက်စရာ မဖြစ်စေနဲ့”

ထို့နောက် သူက ဆက်ပြောသည်။

“ဒါ ဂရိရဲ့ စွမ်းအားပဲ၊ သူတို့က ဒါကို နတ်ဘုရားရဲ့ စွမ်းအားလို့ ခေါ်တယ်”

“နတ်ဘုရားရဲ့ စွမ်းအား၊ ဒါက အရမ်း အံ့ဩစရာကောင်းတဲ့ နာမည်ပဲ”

ရဲ့လင်းချန်က အံ့အားသင့်စွာဖြင့် စွန်းဟုန်ထောင်ကို ကြည့်သည်။

“ငါ မင်းကို ဂရိကို အာရုံစိုက်ဖို့ ပြောရတဲ့ အကြောင်းရင်းက ဒါကြောင့်ပဲ”

စွန်းဟုန်ထောင်က ပွင့်ပွင့်လင်းလင်း မှတ်ချက်ချသည်။

“ဂရိမှာ ဒဏ္ဍာရီတွေနဲ့ ပုံပြင်တွေ အများကြီး ရှိတယ်။ ဥပမာ- ဉာဏ်ပညာနဲ့ အောင်ပွဲရဲ့ နတ်ဘုရားမ အသီနာ၊ နတ်ဘုရားတွေရဲ့ အုပ်စိုးရှင် ဇုစ်၊ စစ်နတ်ဘုရား အပိုလို အစရှိသဖြင့်ပေါ့။ သူတို့ဟာ ဘုရားကျောင်းတွေမှာ ကျင့်ကြံကြပြီး သူတို့ရဲ့ ကျင့်ကြံမှုမှာ ဒီ ဒဏ္ဍာရီလာ နတ်ဘုရားတွေရဲ့ လမ်းညွှန်မှုကို အားကိုးကြတယ်”

“နတ်ဘုရားတွေက သူတို့ကို ကျင့်ကြံဖို့ လမ်းညွှန်တာလား၊ ဒါက အဓိပ္ပာယ်မရှိဘူးလား?”

ကျင့်ရှန်က သူ၏ ပါးစပ်မှ သစ်သားကို ထုတ်ပြီး ဆက်လက် အော်ဟစ်သည်။

သို့သော် နောက်တစ်ခဏတွင် စွန်းဟုန်ထောင်က ၎င်းကို ပြန်ထည့်လိုက်သည်။

“အဲဒါက လူတိုင်း ကျင့်ကြံတဲ့ နည်းလမ်းပဲ။ အမှန်လား၊ အမှားလားဆိုတာ ဘယ်သူမှ မသိဘူး။ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ ကျင့်ကြံမှုကိုတော့ နတ်ဘုရားရဲ့ စွမ်းအားလို့ခေါ်တာ အမှန်ပဲ”

စွန်းဟုန်ထောင်၏ လေသံတွင် အံ့အားသင့်မှုအချို့ ပါဝင်နေသည်။

“ဒဏ္ဍာရီအရ နတ်ဘုရားတွေရဲ့ဆန္က အရာအားလုံးကို ဖန်တီးနိုင်ပြီး သက်ရှိအားလုံးကို ပေးသနား နိုင်တယ်လို့ ဆိုတယ်။ အဲ့လို ဘုရားသခင် စွမ်းအားကို နတ်ဘုရားဆန္ဒလို့လည်း ခေါ်တယ်”

“သူတို့ရဲ့ စွမ်းအားက အရာဝတ္ထုတစ်ခုရဲ့ ဂုဏ်သတ္တိတွေကို ပြောင်းလဲနိုင်တဲ့ ဆန္ဒတစ်မျိုးနဲ့ တကယ်တမ်း ဆင်တူတယ်လို့ ပြောချင်တာလား”

ရဲ့လင်းချန်က မေးသည်။

“ဟုတ်တယ်”

စွန်းဟုန်ထောင်က ခေါင်းညိတ်သည်။

“ဥပမာ - ထက်မြက်စေလိုသော ဆန္ကို ဓားပေါ်မှာ အသုံးချလိုက်ရင် ဓားဟာ အဆုံးမရှိ ထက်မြက်ပြီး ပြိုင်ဘက်ကင်း လိမ့်မယ်၊ သူတို့ ခွန်အားကို ဆန္ဒပြုပြီး လက်သီးထိုးချက်မှာ အသုံးချရင် အဲဒီ လက်သီးထိုးချက်ရဲ့ စွမ်းအားဟာ အရမ်း အစွမ်းထက်လာလိမ့်မယ်”

“ထူးဆန်းတဲ့ စွမ်းရည်ပါလား။ သူတို့ ဒီ ဆန္ဒနဲ့ ကမ္ဘာကြီးကို ပြောင်းလဲနိုင်မှာလား”

“သီအိုရီအရဆိုရင် ဟုတ်တယ်။ ကွဲအက်သွားတဲ့ မှန်ကို ပြန်စပ်နိုင်တယ်။ ဖိတ်စင်သွားတဲ့ ရေကို ပြန်စုနိုင်တယ်။ ဒါတွေအားလုံးက သီအိုရီအရ ဖြစ်နိုင်တယ်”

*အဲ့လိုဆိုရင် တကယ် စိတ်ဝင်စားဖို့ ကောင်းမှာပဲ*

သို့သော်လည်း သီအိုရီအရ ဖြစ်နိုင်တာတွေကို လက်တွေ့မှာ မဖြစ်နိုင်ကြောင်း ရဲ့လင်းချန်လည်း သိသည်။ သိုင်းပညာရှင်တစ်ဦးသည် သီအိုရီအရ လက်သီးတစ်ချက်ဖြင့် ကမ္ဘာမြေကို ရိုက်ချိုးနိုင်သော်လည်း မည်သူမဆို ထိုအဆင့်အထိ တကယ် ကျင့်ကြံနိုင်ပါ့မလား။

သူတို့ ပြောဆိုနေစဉ်တွင် ဇိုကာဝါသည် အာရီနာကို သုံးကြိမ် ထပ်မံ တိုက်ခိုက်ခဲ့ပြီး ၎င်းတို့အားလုံးကို ထို ဒိုင်းလေးဖြင့် ပိတ်ဆို့ခဲ့သည်။

“အံ့ဩစရာ ကာကွယ်မှုပါလား။ ဇိုကာဝါရဲ့ တူရိုက်ချက် တစ်ချက်စီတိုင်းဟာ မူလစိတ်ဝိညာဉ် အလယ်အလတ်အဆင့်ရဲ့ အပြည့်အဝ ထိုးနှက်ချက်နဲ့ ညီမျှတယ်။ ဒါပေမဲ့ အာရီနာက သူ့ကိုယ်သူ ထိခိုက်မှုမရှိဘဲ ခံနိုင်ရည် ရှိနေတုန်းပဲ။ ဒါဟာ တကယ်ကို အံ့ဩစရာပဲ။ သူ ဇိုကာဝါကို လုံးဝ အားကုန်သွားအောင် လုပ်ဖို့ စီစဉ်နေတာလား”

ဝူထျန်းပေါင်က မှတ်ချက်ချသည်။

လူတိုင်းသည် ဇိုကာဝါ သူ၏ နည်းဗျူဟာကို ပြောင်းလဲလိမ့်မည်ဟု ယူဆခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုအတိုင်း ဆက်လုပ်ပါက သူ့အတွက်သာ ဆိုးကျိုး ဖြစ်လိမ့်မည်။

သို့သော် နောက်ထပ် မြင်ကွင်းက လူတိုင်းကို အံ့အားသင့်စေခဲ့သည်။

ဇိုကာဝါသည် သူ၏ တူဖြင့် မရပ်မနား ထိုးနှက်နေသည်။ ထိုးနှက်ချက်တိုင်းသည် ယခင်ထက် ပိုမို လျင်မြန် လာပြီး အလေးချိန် သည်လည်း တိုးလာခဲ့သည်။

တစ်မိနစ်။

တူထိုးချက် အချက် သုံးဆယ်။

လူတိုင်းသည် ထိုအချိန်တွင် စိတ်လှုပ်ရှားမှု အပြည့် ရှိနေကြသည်။ ထိုအချက် သုံးဆယ်၏ စိတ်ဝိညာဉ် စွမ်းအင်သည် မူလစိတ်ဝိညာဉ် အလယ်အလတ်အဆင့် သိုင်းပညာရှင် ငါးဦးနှင့် ညီမျှသည်။

အထွတ်အထိပ် ဘုရင်အဆင့် သိုင်းပညာရှင် ငါးဦးပင် အတော်လေး လေးနက်နေ၏။

“ဒါက သဘာဝ နတ်ဘုရား စွမ်းအားလား၊ ဒါမှမဟုတ် စိတ်ဝိညာဉ် ဝါးမျိုခြင်း ခန္ဓာကိုယ်လား”

ကျိုးကျန်းက မျက်လုံးကို မှေးပြီး မေးသည်။

“ဒါဟာ စိတ်ဝိညာဉ်ကို ဝါးမျိုတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ ဖြစ်နိုင်တယ်”

အင်္ဂလန်မှ အမျိုးသမီးက ပြောသည်။

“သူ့ရဲ့ တူထိုးချက်တိုင်းက ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို အခြေခံတာ မဟုတ်ဘဲ စိတ်ဝိညာဉ်စွမ်းအင်တွေ ပါဝင် နေတယ်”

“ဒါက စိတ်ဝိညာဉ် ဝါးမျိုခြင်း ခန္ဓာကိုယ် တကယ်ဖြစ်ခဲ့ရင် အလားအလာက လုံးဝကို ကြောက်စရာပဲ”

တစ်စုံတစ်ယောက်က ပြောသည်။

သိုင်းပညာရှင်တစ်ဦး ဘုရင်အဆင့်သို့ တက်လှမ်းနိုင်သည့် လက္ခဏာများထဲမှ တစ်ခုမှာ သူတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်စွမ်းအင်၏ သဟဇာတဖြစ်မှု ဖြစ်သည်။ သူတို့ ခန္ဓာကိုယ်တစ်ခုလုံး၏ စိတ်ဝိညာဉ်စွမ်းအင်သည် အဆုံးမဲ့ ဖြစ်ပြီး မကုန်ခမ်းနိုင်ပေ။ တစ်ဖက်တွင် ထိုထူးခြားသော လက္ခဏာသည် စိတ်ဝိညာဉ် ဝါးမျိုခြင်း ခန္ဓာကိုယ်၏ မွေးရာပါ ဖြစ်သည်။

စိတ်ဝိညာဉ် ဝါးမျိုခြင်း ခန္ဓာကိုယ် ရှိသူအတွက် ဘုရင်အဆင့်သို့ တက်လှမ်းရန်မှာ အချိန်တစ်ခုမျှသာ လိုသည်။

ပြောရမည်ဆိုလျှင် ရဲ့လင်းချန်၏ ကျွမ်းကျင်သော ခံနိုင်ရည် လေ့ကျင့်မှုကြောင့်သာ သူ၏ ကိုယ်ခန္ဓာသည် သူ၏ စိတ်ဝိညာဉ်စွမ်းအင်နှင့် ပိုမို လွယ်ကူစွာ ပေါင်းစပ်နိုင်စေခဲ့သည်။ စိတ်ဝိညာဉ် ဝါးမျိုခြင်း ခန္ဓာကိုယ်မှ ရရှိလာမည့် အကျိုးသက်ရောက်မှုများ လုံးဝ မရှိခဲ့ပေ။

“ဒီလူဝကြီးက ယုတ္တိရှိတာ အားလုံးကို ဆန့်ကျင်နေတာပဲ”

ဇိုကာဝါသည် သူ၏ တိုက်ခိုက်မှု နည်းလမ်းကို ပြောင်းလဲရန် ဖိအားပေး ခံရလိမ့်မည်ဟု မူလက ယူဆခဲ့ကြ သော်လည်း ယခုအခါတွင် အာရီနာသည် အရာများကို ပြောင်းလဲရန် လိုအပ်နေပုံရသည်။

All Chapters