← Chapters

အရှက်မရှိ ကြားဖြတ်ဝင်ခြင်း

Vol. 52 Ch. 771

အရှက်မရှိ ကြားဖြတ်ဝင်ခြင်း

Vol. 52 Ch. 771

“ထိတ်လန့်စရာကောင်းလောက်အောင် အံ့ဩဖို့ ကောင်းတာပဲ”

ဝူထျန်းပေါင်၏ အသံတွင် အံ့ဩမှုတို့ ထင်ရှားနေသည်။

“ကျုပ် ဘာပြောခဲ့လဲ၊ ငရဲတံခါးတွေ တိုးလာတာနဲ့အမျှ အရည်အချင်းရှိတဲ့ သိုင်းပညာရှင် ဦးရေလည်း တိုးပွား လာလိမ့်မယ်။ မျိုးဆက်တိုင်းက ရှေ့မျိုးဆက်ကို ကျော်လွန်နေပြီး ကျုပ်တို့ ဒီ့ထက် ပိုများတဲ့ လူတွေကြောင့် အံ့ဩရဖို့ မျှော်လင့်နေပါတယ်”

ပရိသတ်ထဲရှိ အထွတ်အထိပ် ဘုရင်အဆင့် လူငါးဦး၏ မျက်နှာများတွင် ကျေနပ်သော အပြုံးများ ပေါ်လွင်နေသည်။

ပြိုင်ပွဲဝင်များတွင် တည်ကြည်သော အမူအရာများ ရှိနေသည်။ သူတို့သည် မိမိကိုယ်ကို ပါရမီရှင်များဟု အမြဲ ဆိုခဲ့ကြသော်လည်း ထိုအချိန်တွင် သူတို့ကိုယ်တိုင်ထက် ပို၍ အရည်အချင်း ရှိသူများ ရှိနေသည်ကို သဘောပေါက် သွားကြသည်။ နိုင်ငံတကာ သိုင်းပညာ တံခွန်စိုက်ပြိုင်ပွဲ၏ ပြိုင်ကွင်းတွင် ပါရမီရှင် မည်မျှ ထွက်ပေါ်လာမည်ကို မည်သူမှ မသိပေ။

“သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအင်က ရေပန်းလိုပဲ ဘယ်တော့မှ မကုန်ခမ်းဘူး”

အာရီနာသည် တစ်ဖန် ကာကွယ်ခဲ့သော်လည်း ယခင်ကထက် သတိထားမှု လျော့နည်းစွာ လုပ်ဆောင်ခဲ့ပြီးနောက် ပြုံးကာ ပြောလိုက်သည်။

“ကျွန်မရဲ့ ထိုးဖောက်လှံကို စမ်းကြည့်ဖို့ အချိန်တန်ပြီ”

အာရီနာသည် စကားဆုံးသည်နှင့် တိုက်ခိုက်မှုကို စတင်လိုက်သည်။

သူမ၏ ခြေထောက်များကို နေရာချပြီးနောက် သူမသည် လျှပ်စီးကဲ့သို့ လျင်မြန်စွာ ရွေ့လျားခဲ့ပြီး ဘေးဖက်သို့ ယိမ်းကာ ခြေဖျားထောက် လိုက်သည်။

သူမသည် အရင်က လှုပ်ရှားမှု နှစ်ခုသာ လုပ်ခဲ့သည်။ တစ်ခုက နောက်ဆုတ်ခြင်း ဖြစ်ပြီး နောက်တစ်ခုက သူမ၏ ဒိုင်းကို မြှောက်ခြင်း ဖြစ်သည်။ သို့သော် ဆက်လက် လုပ်ဆောင်သော လှုပ်ရှားမှုများသည် ဆုံးဖြတ်ချက် ပြတ်သားသော လုပ်ဆောင်ချက်ဖြင့် လုပ်ဆောင်ခဲ့ပြီး လျှပ်စီးအမြန်နှုန်းထက် မလျော့သော အရှိန်ဖြင့် ဖြစ်သည်။

လှံသည် အဆိပ်ရှိသော မြွေကဲ့သို့ ကောင်းကင်ကို ထိုးဖောက်ခဲ့ပြီး ဇိုကာဝါ၏ ခါးကို တည့်တည့် ထိုးသွင်းခဲ့သည်။

ဒိုင်း နှင့် လှံ နှစ်ခုစလုံးကို ခပ်ဖျော့ဖျော့ အဖြူရောင် အလင်းတန်းဖြင့် ဖုံးလွှမ်းနေသည်။ ၎င်းသည် နတ်ဘုရားဆန္ဒ ဖြစ်သည်။ နတ်ဘုရား စွမ်းအား ဖြစ်သည်။

ဆန္ဒသည် လက်နက်ကို ဖုံးလွှမ်းခဲ့ပြီး ၎င်း၏ တိုက်ခိုက်ရေး ခွန်အားကို အများဆုံးအဆင့်အထိ တိုးမြှင့် ပေးခဲ့သည်။

“ဝီ”

ဇိုကာဝါသည် တူကိုလည်း ကောက်ယူလိုက်ပြီး ၎င်းသည် သူ၏ လက်များပေါ်တွင် အလေးချိန် အနည်းငယ်သာ ရှိနေပုံရသည်။ ၎င်းကို အားစိုက်ထုတ်မှု မရှိဘဲ ဘေးတစ်ဖက်စီသို့ ဝှေ့ယမ်းခဲ့ပြီး အာရီနာဆီသို့ တည့်တည့် ရိုက်ချလိုက်သည်။

“သူတို့ နှစ်ဦးစလုံးရဲ့ တိုက်ခိုက်မှု အမြန်နှုန်းက အရမ်း မြန်လွန်းတယ်”

ကျန်းတလီက ပြောသည်။

“ခလွမ်”

လှံသည် လေးလံသော တူကြီးနှင့် တိုက်မိခဲ့သည်။ သို့သော် ဇိုကာဝါသည် တူကို မြေပြင်ပေါ် ပြန်ချပြီးနောက် နောက်သို့ သုံးလမ်း တွန်းပို့ခံခဲ့ရသည်။ ထို့နောက် သူသည် အာရီနာကို တအံ့တဩ ကြည့်လိုက်သည်။

အဖြစ်အပျက်ကို မြင်လိုက်ရသည့် လူတိုင်း ထပ်တူ အံ့အားသင့်သွားကြသည်။

ဘယ်သူမှ ပင့်သက်မရှိုက်နိုင်ခင်မှာပင် အာရီနာ၏ ခန္ဓာကိုယ်သည် လေထဲတွင် အနည်းငယ် ယိမ်းသွားသည်။ သူမသည် ထိပ်တိုက် တိုက်မိခြင်းမှ ခွန်အားကို လမ်းကြောင်း ပြောင်းလိုက်ပြီး ဇိုကာဝါကို တစ်ဖန် တိုက်ခိုက် ခဲ့သည်။

သူမသည် လှံကို မြှောက်၍ သူ့ကို တည့်တည့် ထိုးချလိုက်သည်။

ဇိုကာဝါသည် ဟစ်အော်လိုက်ပြီး သူ၏ တူကို လှုပ် ကာ သူမ၏ လှံကို တိုက်ရိုက် ရိုက်ထုတ်လိုက်သည်။

“ခလန်၊ ခလန်၊ ခလန်”

လက်နက်ချင်း ပွတ်တိုက်မိသံသည် တစ်လျှောက်လုံး ပဲ့တင်ထပ်နေပြီး လူတိုင်း၏ အမူအရာများသည် ပို၍ပို၍ လေးနက် လာခဲ့သည်။

ထိုအချိန်တွင် အာရီနာသည် ဇိုကာဝါကို လှည့်စားနေသကဲ့သို့ ထင်ရသည်။

“အံ့ဩစရာပဲ။ ဒီနှစ်ယောက်က တကယ့် ပါရမီရှင်တွေပဲ!”

ဝူထျန်းပေါင်က ရှင်းပြသည်။

“ဇိုကာဝါမှာ မဆုံးနိုင်တဲ့ စိတ်ဝိညာဉ် ခွန်အား ရှိပေမဲ့ အာရီနာရဲ့ နတ်ဘုရားစွမ်းအားကတော့ အဲ့အတိုင်း မဟုတ်ဘူး၊ အဲ့ဒါကြောင့် သူမဟာ စွမ်းအင်ကို အလဟသ ဖြုန်းတီးလို့ မရဘဲ အမြန်တိုက်ပွဲ နည်းဗျူဟာကို ကျင့်သုံး နေတယ်။ ဒါပေမဲ့ ဇိုကာဝါမှာလည်း လုံလောက်သော ခွန်အား ရှိတယ်။ သူဟာ အာရီနာရဲ့ တိုက်ခိုက်မှုတွေကို အကြိမ်ကြိမ် ပိတ်ဆို့နိုင်ခဲ့ပြီး အဲဒီ လေးလံတဲ့ တူကြီးက သူ့လက်ထဲမှာ မယုံနိုင်လောက်အောင် နေတယ်”

“ဟူး … ဟူး …”

ထိုသို့သော လျင်မြန်သော တိုက်ခိုက်မှုများကြောင့် အာရီနာ၏ မျက်နှာသည် အနည်းငယ် နီမြန်းလာခဲ့သည်။ ထိုနေရာတွင် ရှိသူတိုင်း သူမ၏ အသက်ရှူခြင်းတွင် လေးလံမှုကို ခံစားနိုင်ကြပြီး အင်အားကို အစွမ်းကုန် ထုတ်သုံး နေရကြောင်း ထင်ရှားသည်။

တစ်ဖက်တွင် ဇိုကာဝါ၏ ဝိညာဉ်စွမ်းအင်သည် အဆုံးမဲ့ စမ်းရေတွင်းကဲ့သို့ ဖြစ်နေသည်။ သူ့ကိုယ်ခန္ဓာသည် ချွေးများဖြင့် ဖုံးလွှမ်းနေသော်လည်း သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသာ ကုန်ခမ်းခဲ့ပြီး သူ၏ ဝိညာဉ်စွမ်းအင်သည် လုံလောက်နေဆဲ ဖြစ်သည်။

အာရီနာ၏ အမြန်နှုန်း နှေးကွေးလာသည်နှင့်အမျှ ဇိုကာဝါ၏ မျက်လုံးများ တောက်ပလာပြီး သူ ဆွဲယူနေသော လေးလံသော တူကြီးကို ရုတ်တရက် မြှောက်လိုက်သည်။ သူသည် ၎င်းကို တစ်ဖန် ဝှေ့ယမ်းခဲ့ပြီး အာရီနာကို တည့်တည့် ရိုက်ချလိုက်သည်။

ထိုနှစ်ဦးကြားမှ တိုက်ပွဲသည် အစမှအဆုံး တစ်ပတ်လည်ပြီး မူလ အခြေအနေသို့ ပြန်ရောက်သွားပုံရသည်။ ဇိုကာဝါ၏ အားသာချက်သည် ပို၍ပို၍ ထင်ရှားလာခဲ့သည်။

တူကြီး၏ ရိုက်ချက် သုံးချက်သည် ဒိုင်းဖြင့် အလားတူ ပိတ်ဆို့ခံခဲ့ရသော်လည်း အာရီနာ၏ ကိုယ်ခန္ဓာသည် သိသိသာသာ အားနည်းလာပုံရသည်။

“ဝီ”

တူကြီး၏ စတုတ္ထမြောက် ထိုးနှက်ချက်သည် လေပွေကို ဖြစ်ပေါ်စေခဲ့ပြီး စိတ်ဝိညာဉ် စွမ်းအင်သည် ကောင်းကင်သို့ မြင့်တက် သွားသည်။ သူ၏ ခွန်အားသည် ရုတ်တရက် ထပ်မံ တိုးလာပြီး ဒိုင်းပေါ်သို့ ထပ်မံ ရိုက်ချ လိုက်သည်။

“ဒုန်း”

အာရီနာ၏ ကိုယ်ခန္ဓာသည် ရုတ်တရက် နိမ့်ဆင်းသွားပြီး ဒူးတစ်ဖက်ထောက် လိုက်ရသည်။ ပြင်းထန်သော စွမ်းအားသည် မြေပြင်ကို ဖြတ်၍ စီးဝင် သကဲ့သို့ သူမကို ဖြတ်၍ ကူးစက်ခဲ့ပြီး ဒဏ်ရာ အများအပြားကို ဖြစ်ပေါ်လာစေခဲ့သည်။ အာရီနာ၏ လက်အရိုးနှင့် ဒူးခေါင်းများ ကျိုးပဲ့သွားသော အသံကို လူတိုင်း ရှင်းရှင်းလင်းလင်း ကြားနိုင်ခဲ့သည်။

“ဝေါ့”

အာရီနာသည် သွေးများ အန်လာသည်။

သို့သော်လည်း ပရိသတ်များ တအံ့တဩ ထရပ်ကြသည်။

ဝူထျန်းပေါင်သည်လည်း ထိတ်လန့် သွားပြီး ပြောလိုက်သည်။

“ဒါက ရိုးရိုး ပိတ်ဆို့ခြင်းပဲ၊ သူ နတ်ဘုရားရဲ့ စွမ်းအားကို မသုံးဘဲ သူ့ရဲ့ ဒိုင်းနဲ့ ခန္ဓာကိုယ်ကိုပဲ သုံးပြီး ဟန့်တားလိုက်တာပဲ”

သူ၏ ရှင်းပြချက်က တစ်ဝက်တစ်ပျက် ဖြစ်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် အာရီနာ၏ လှံသည် ဒိုင်းအောက်မှ တည့်တည့် ထိုးထွက်လာသောကြောင့် ဖြစ်သည်။ ထိုလှံထိုးချက်သည် ကြာမြင့်စွာ စုဆောင်းထားသော စွမ်းအား ရှိသည့် သက်တံတစ်ခုနှင့် ဆင်တူနေပြီး ဇိုကာဝါ၏ ခါးကို တည့်တည့် ထိုးဖောက် ခဲ့သည်။

ဇိုကာဝါသည် ခန္ဓာကိုယ်ကြီးသော အဝလွန်သူ ဖြစ်ပြီး ၎င်းကို ရှောင်ရှားရန် မဖြစ်နိုင်ပေ။

သို့သော်လည်း ထိုအချိန်တွင် ကွင်းအပြင်ဘက်မှ အားကောင်းသော စွမ်းအားတစ်ခုက ရုတ်တရက် ထွက်ပေါ် လာသည်။ ၎င်းသည် ဇိုကာဝါ၏ ကိုယ်ခန္ဓာဆီသို့ တည့်တည့် ရောက်ရှိသွားပြီး ခန္ဓာကိုယ်ကို အဝေးသို့ လွင့်သွားစေသောကြောင့် လှံ၏ တိုက်ခိုက်မှုကို ရှောင်ရှား နိုင်ခဲ့သည်။

လူတိုင်း မော့ကြည့်လိုက်ရာ ထိုလုပ်ဆောင်ချက်သည် ဂျပန်နိုင်ငံ၏ ဘုရင်အဆင့် ခေါင်းဆောင်မှ စတင်ခဲ့ကြောင်း တွေ့ရသည်။ သူသည် နှုတ်ခမ်းမွှေးရှိသော ပိန်ပိန်ပါးပါး အဘိုးအိုတစ်ဦး ဖြစ်သည်။

အဘိုးအိုက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

“ငါတို့ အရှုံးပေးတယ်”

“ဇိုကာဝါက ငါတို့နိုင်ငံအတွက်ရော၊ ကမ္ဘာမြေအတွက်ပါ ပါရမီရှင်တစ်ဦး ဖြစ်နေတယ်၊ ဒီလှံက သူ့ရဲ့ အသက်ကို နုတ်သွားမှာ သေချာတယ်၊ ဒါကို ငါ ကြည့်မနေနိုင်လို့ ဝင်ပါခဲ့တာပါ၊ နားလည်ပေးပါ။ ငါတို့ ပထမပွဲကို အရှုံးပေးတယ်”

“မင်း အရှက်ကို မရှိဘူုး၊ ဖူဂျီတာနီ”

ဂရိ၏ ခေါင်းဆောင်က အေးစက်စွာ အော်ဟစ်လိုက်သည်။ သူ့ ကိုယ်ခန္ဓာတစ်ခုလုံးမှ အရှိန်အဝါများ ပေါက်ကွဲ ထွက်လာပြီး သူသည် ဒေါသဖြင့် ဆူပွက်နေသည်။

“ဒါက ပြိုင်ပွဲပဲ၊ အာရီနာက ဇိုကာဝါရဲ့ ထိုးနှက်ချက်ကို အတင်းအကျပ် ခံယူခဲ့ပြီး ဒဏ်ရာ အပြင်းအထန် ရခဲ့တယ်၊ သူ့ရဲ့ တိုက်ကွက်အတွက် သူ သေလုနီးပါး ဖြစ်ခဲ့တာ၊ မင်း ဘာလို့ ဝင်ပါရတာလဲ”

“သူက အဲဒီ ထိုးနှက်ချက်ကို ခံယူဖို့ ဆုံးဖြတ်ခဲ့တာပဲ။ မင်းတို့ ပိတ်ဆို့ပြီး အရှုံးပေးခဲ့မယ်ဆိုရင် ငါတို့လည်း ဘာမှ ပြောမှာ မဟုတ်ဘူး”

ဖူဂျီတာနီက အေးအေးလူလူ ပြောလိုက်သည်။

“မင်း ငါတို့နဲ့ တိုက်ချင်တာလား”

ဂရိနိုင်ငံ၏ အဖွဲ့ခေါင်းဆောင်က ရုတ်တရက် မေးလိုက်သည်။

“ဟဲဟဲ၊ ငါက အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး။ ငါတို့ အရှုံးပေးပြီးပြီလေ၊ မင်းက ဘာတွေ လိုချင်သေးတာလဲ၊ ဇိုကာဝါရဲ့ အသက်ကို နုတ်ပြီးမှ မင်း ကျေနပ်မှာလား”

အခြေအနေက တင်းမာလာသည်။

လူအများစုတွင် အခဲမကျေသော အကြည့်များ ရှိနေသည်။

“ဒါ အရှက်မရှိတာပဲ၊ ဂျပန်နိုင်ငံက လူတွေက အမြဲတမ်း အရှက်ကို မရှိဘူး”

ကျင့်ရှန်သည် ဒေါသဖြင့် နီရဲနေပြီး ကျိန်ဆဲလိုက်မိသည်။

“ချီးပဲ၊ ခွေးမသား! အရာအားလုံး အလကား ဖြစ်သွားပြီ၊ ဇိုကာဝါက ဒီတိုက်ပွဲမှာ ရှုံးနိမ့်ခဲ့ပေမဲ့ သူ ဘာဒဏ်ရာမှ မရခဲ့ဘူး၊ သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအင်ကလည်း အဆုံးမဲ့ပဲ၊ ဒါကြောင့် သူ ခဏနားပြီးရင် အမြင့်ဆုံး တိုက်ပွဲဝင် ခွန်အားကို ပြန်ရလိမ့်မယ်။ တခြားနိုင်ငံတွေက သိုင်းပညာရှင်တွေ အားလုံး ဒဏ်ရာရတဲ့အခါ မထိခိုက်ဘဲ ကျန်နေတဲ့သူကပဲ အဆုံးအဖြတ်ပေးသွားမှာ၊ ဂျပန်နိုင်ငံက တွက်ချက်ပြီး လုပ်ခဲ့တာ၊ အဲ့လိုဆိုတော့ အာရီနာရဲ့ ဆုံးဖြတ်ချက်ကြောင့် ရရှိခဲ့တဲ့ ဒဏ်ရာတွေက လုံးဝ တန်ဖိုးမရှိတော့ဘူး”

“ယီးပဲ၊ မိန်းမတစ်ယောက်ကတောင် သူတို့ထက် ပိုသတ္တိရှိသေးတယ်”

စကားနည်းသော ထျဲကျွင့်သည်ပင် မကျိန်ဆဲဘဲ မနေနိုင်တော့ပေ။

“ဒီလိုငပျော့အဖွဲ့က ငရဲတံခါးတွေကို ဘယ်လို ရင်ဆိုင်နိုင်မှာလဲ”

နောက်ဆုံးတွင် ဂျပန်နိုင်ငံ၏ ရှက်ကြောက်မှု ကင်းမဲ့ခြင်းကို ပြောဆိုရုံသာ တတ်နိုင်ခဲ့ပြီး ထိုမှနေ၍ ခိုင်မာသော အရာ ဘာတစ်ခုမျှ ထွက်ပေါ်လာမည် မဟုတ်ပေ။

“နောင်မှာ ဒိုင်လူကြီး ဒါမှမဟုတ် ပြိုင်ပွဲတာဝန်ခံကသာ မည်သည့် လုပ်ဆောင်ချက်ကိုမဆို ဆောင်ရွက်ခွင့် ရှိတယ်၊ ပြင်ပ ပုဂ္ဂိုလ်အားလုံး ဝင်စွက်ဖက်ခြင်းကို ခွင့်မပြုပါဘူး၊ အဲ့လိုမှမဟုတ်ရင် သူတို့ကို ပြိုင်ပွဲကနေ ချက်ချင်း ဖယ်ရှား ရလိမ့်မယ်”

ဘုရင်အဆင့် သိုင်းပညာရှင်တစ်ဦးက ပြောလိုက်သည်။

အရည်အချင်းသည် အရေးကြီးသော်လည်း သိုင်းပညာရှင်တစ်ယောက်၏ ဂုဏ်သိက္ခာသည် ပို၍ပင် အရေးကြီးသည်။ ထို့အပြင် တိုးတက်မှုဖြစ်စဉ်တွင် ဆုံးရှုံးခဲ့သော ပါရမီရှင်များက မနည်းပေ။ စစ်မှန်သော ပါရမီရှင် များသည် အမျိုးမျိုးသော စမ်းသပ်မှုများနှင့် ဆင်းရဲဒုက္ခများကို ကျော်ဖြတ်နိုင်သူများသာ ဖြစ်သည်။

“အာရီနာ ပထမအဆင့် အနိုင်ရ သွားပါပြီ၊ တိုက်ပွဲ ဆက်တိုက်ပါမယ်”

ဒိုင်လူကြီးက ကြေညာလိုက်သည်။

ထို့နောက် ဂျပန်နိုင်ငံမှ လူငယ်တစ်ဦးသည် ပြိုင်ကွင်းထဲသို့ ဖြည်းဖြည်းချင်း လမ်းလျှောက် ဝင်လာသည်။ သူသည် အစိမ်းရောင် ဖဲပြားနှင့် ဂျပန် ဆာမူရိုင်း ခေါင်းစည်းပုဝါ ကို ဝတ်ဆင်ထားသည်။

ထိုကောင်လေးသည် ပိန်ပါးသော ခန္ဓာကိုယ်ရှိပြီး အရပ် သိပ်မရှည်သောကြောင့် ဇိုကာဝါနှင့် ပြင်းထန်စွာ ကွာခြား နေသည်။ သို့သော်လည်း သူ၏ တုန်လှုပ်ဖွယ် ကြွက်သားများနှင့် အံ့ဩစရာ ပေါက်ကွဲအားကို အလွယ်တကူ မြင်နိုင်သည်။ သူ၏ လက်နက်မှာ ကာတာနာ ဖြစ်သည်။ ဂျပန် ကာတာနာ ဖြစ်သည်။

အာရီနာသည် သူမ၏ လှံကို မြေပြင်ပေါ် ထောက်လိုက်ပြီး မတ်တပ်ရပ်ရန် ရုန်းကန်နေခဲ့သည်။ သူမသည် သူမ၏ ပြိုင်ဘက်ကို အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

ဂရိ၏ခေါင်းဆောင်က သက်ပြင်းချပြီး မချိတင်ကဲဖြင့် ပြောလိုက်သည်။

“အရှုံးပေးတယ်”

All Chapters