← Chapters

ပါဝင်ပတ်သက်သူများ၏ တုံ့ပြန်မှုများ

Vol. 31 Ch. 367

ပါဝင်ပတ်သက်သူများ၏ တုံ့ပြန်မှုများ

Vol. 31 Ch. 367

အလယ်ပိုင်းဒေသရှိ ကြီးမားပြီး မြင့်မားသော လင်းကျိုတောင်ရှိ ရှေးဟောင်းဇင်ဘုရားကျောင်းတစ်ခုတွင် နှေးကွေးသော ခပ်အုပ်အုပ်ခေါင်းလောင်းသံများ ပဲ့တင်ထပ်နေသည်။

ဗောဓိပင်အောက်တွင် ဗုဒ္ဓဂိုဏ်းဝင်အမြောက်အများသည် တည့်မတ်စွာ ထိုင်နေကြပြီး အလယ်ရှိ အဆင်မြင့်ဘုန်းတော်ကြီးကို ဝတ်ပြုနေကြသည်။

ဗုဒ္ဓဂိုဏ်း၏တည်ထောင်သူ...ဗုဒ္ဓအရှင်ရှစ်ကျား...

"ထုံးတမ်းစဥ်လာကံကြမ္မာက လောကကြီးထဲမှာ နောက်တစ်ကြိမ် ပေါ်ထွန်းလာပြီ...အပြာရောင်တိမ်တိုက်အရှင်... အပြင်ကို ခရီးတစ်ခေါက် ထွက်ပြီးတော့ ဒီကံကြမ္မာပိုင်ရှင်ကို ရှာဖွေပြီး ငါတို့ဂိုဏ်းကို ဝင်ရောက်ဖို့ ဖိတ်ခေါ်ခဲ့ပါ..."

အပြာရောင်တိမ်တိုက်အရှင် လက်အုပ်ချီပြီး မတ်တတ်ထရပ်လိုက်၏။

"ဗုဒ္ဓအရှင်ရဲ့အမိန့်တော်ကို လေးလေးစားစား နာခံပါ့မယ်... ဒါပေမယ့် သူသာ ဆန္ဒမရှိဘူးဆိုရင် ဘာလုပ်သင့်လဲ..."

ပဲ့တင့်ထပ်နေသော အသံတစ်သံက တုံ့ပြန်အဖြေပေးသည်။

"သူက ငါတို့ဂိုဏ်းနဲ့ ရေစက်ရှိတယ်...ဒါကြောင့် သူ သေချာပေါက် လာလိမ့်မယ်... မလာဘူးဆိုရင်တော့ သူက အမွေအနှစ်နဲ့ မထိုက်တန်ဘူးဆိုတာ သက်သေပြနေတာကြောင့် ကောင်းကင်ကံကြမ္မာကို ပြန်ယူလာခဲ့တော့..."

"ဟုတ်ကဲ့..."

အပြာရောင်တိမ်တိုက်အရှင်၏ မျက်နှာအမူအယာ တည်ကြည်လေးနက်သွားပြီး သူ၏ပွယောင်းယောင်းသင်္ကန်း လူးလွန့်သွားပြီး နောက်သို့လှည့်ထွက်သွားကာ မျက်တောင်တစ်ခတ်စာအချိန်အတွင်း၌ တောင်ထိပ်မှ ပျောက်ကွယ်သွားတော့သည်။

"အော် မီ တော ဖော..."

"ဗုဒ္ဓက ကြီးမားတဲ့ သနားဂရုဏာနဲ့ ပြည့်စုံတယ်.."

ဘုန်းတော်ကြီးများအားလုံးသည် လက်အုပ်ချီပြီး တိုးညှင်းစွာ ရွတ်ဆိုလိုက်ကြ၏။

...

ကံကြမ္မာခန်းမ ဌာနချုပ်…

ယွမ်ရှန်း နန်းတော်သခင်သည် တိမ်တိုက်များကြားထိ ထိုးဖောက်ဝင်ရောက်နေသော မြင့်မားသည့် ကံကြမ္မာခန်းမ၏ထိပ်တွင် မတ်တတ်ရပ်ကာ မြို့တော်တစ်ခုလုံးကို အပေါ်စီးမှကြည့်နေသည်။

"ကျိုးကျီက တစ်ချိန်တုန်းက ဘယ်လို ကန့်သတ်ချက်ကိုမှ ဂရုမစိုက်ဘဲ အရမ်းကို ပုန်ကန်တတ်ပြီးတော့ ထိန်းမနိုင်သိမ်းမရ ဖြစ်ခဲ့တယ်.. သူက ဒီလိုမျိုး အရေးပေါ်အစီအစဉ်မျိုး ထားခဲ့လိမ့်မယ်လို့ ငါ ထင်မှတ်မထားမိဘူး..."

ထိုအချိန်မှာပင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရောက်လာပြီး သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ အရိုအသေပေးလိုက်သည်။

"ဒီလူကို ကျွန်တော်တို့ ခေါ်ယူသင့်လား..."

ယွမ်ရှန်းနန်းတော်သခင်က ခေါင်းခါယမ်းလိုက်၏။

"လောလောဆယ် မလိုသေးဘူး... စိတ်ချပါ... တခြားသူတွေက ငါတို့ထက် ပိုပြီး စိတ်လှုပ်ရှားနေကြလိမ့်မယ်..."

လူလတ်ပိုင်းအရွယ် အမျိုးသားက အချိန်တခဏကြာ တွေဝေတုံ့ဆိုင်းသွားပြီးနောက် ပြောဆိုသည်။

"ကျွန်တော် စုဆောင်းရရှိထားတဲ့ သတင်းအရ... အဲ့ဒီကောင်းကင်ကံကြမ္မာကို ရရှိသွားတဲ့သူက... ကံကြမ္မာခန်းမက အရင်တုန်းက လိုက်လံဖမ်းဆီးခဲ့တဲ့ ဖရိုဖရဲကံကြမ္မာကျင့်ကြံသူ ဖြစ်နေနိုင်ခြေ အရမ်းများနေတယ်..."

"ဖရိုဖရဲကံကြမ္မာကျင့်ကြံသူလား..."

ယွမ်ရှန်းနန်းတော်သခင်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။

"ယဉ်ကျေးသိမ်မွေ့မှုထုံးတမ်းစဥ်လာ ဈာပနထုံးတမ်းစဥ်လာ စစ်ရေးထုံးတမ်းစဥ်လာ ဧည့်ဝတ်ထုံးတမ်းစဥ်လာနဲ့ ဂုဏ်ပြုပွဲထုံးတမ်းစဥ်လာ အမွေဆက်ခံသူတွေကို သတင်းပို့လိုက်စမ်း..... သူတို့ကို ပြောလိုက်ပါ... ထုံးတမ်းစဥ်လာကံကြမ္မာရဲ့ အထွတ်အထိပ် လျှို့ဝှက်နည်းစနစ် ထွက်ပေါ်လာတဲ့အပေါ်မှာ လိုက်နာမလား ခိုးယူမလား ဆိုတာ သူတို့ရဲ့ဆုံးဖြတ်ချက်ပေါ်ပဲ မူတည်လိမ့်မယ်"

"ဟုတ်ကဲ့..."

လူလတ်ပိုင်းအရွယ် အမျိုးသားက ခေါင်းညိတ်ပြီး မြင့်မားသော မျှော်စင်ပေါ်မှ ဆင်းသွားလေ၏။

"အခြေခံအုတ်မြစ်မရှိတဲ့ ဖရိုဖရဲကံကြမ္မာကျင့်ကြံသူတစ်ယောက်က ဒုတိယတန်းစား ကောင်းကင်ကံကြမ္မာကို ဆက်ခံဖို့ မျှော်လင့်နေတာက... ကံကောင်းတာလား ကံဆိုးတာလားဆိုတာတောင် မသိနိုင်ဘူး...."

ယွမ်ရှန်းနန်းတော်သခင်က သူ၏လက်များကိုနောက်ပစ်ပြီး အဝေးသို့ လှမ်းမျှော်ကြည့်လိုက်သည်။

"ပထမအကြိမ်တုန်းကလည်း ဒီလိုပဲ... အခု ဒုတိယအကြိမ်ဆိုတော့ ဒါက မဖြစ်နိုင်မှာမှာကို ငါ စိုးရိမ်မိတယ်... ငါ သဘောတူရင်တောင် တခြားလူတွေက သဘောတူမှာ မဟုတ်ဘူး..."

...

ခမ်းနားထည်ဝါသော တော်ဝင်နန်းတော်အတွင်းတွင် ကျယ်ဝန်းသော ခန်းမဆောင်ကြီး တည်ရှိပြီး ဘေးတစ်ဖက်တစ်ချက်စီတွင် အမတ်ကြီးအမြောက်အများ တန်းစီ၍ မတ်တတ်ရပ်နေကြသည်။ ရွှေရောင်နဂါးဝတ်ရုံ ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက အလယ်ဗဟိုရှိ ပလ္လင်ပေါ်တွင် ထိုင်နေသည်။

ဤသည်မှာ ရင်းမြစ်ကမ္ဘာ၏ အင်အားအကြီးဆုံး အင်ပါယာဖြစ်သည့် ယွမ်အင်ပါယာပင်။

ပလ္လင်ပေါ်တွင် ထိုင်နေသူမှာမူ ရင်းမြစ်ကမ္ဘာပေါ်တွင် အစွမ်းထက်ဆုံး လူသားကျင့်ကြံသူဖြစ်သည့် ဧကရာဇ်ဖူရှန်းပင်။

ဧကရာဇ်ဖူရှန်းသည် သူ၏လက်ချောင်းများကို ဒူးပေါ်တွင် တင်ထားရင်း သူ၏မျက်လုံးများကို မှေးစင်းထားသည်။ သူ့ထံမှနေ၍ အသံတစ်သံ ထွက်ပေါ်လာကာ ဒေါသမပါသော်လည်း ဖိနှိပ်ချုပ်နိုင်သော အရှိန်အဝါတစ်ရပ် ရောယှက်နေသည်။

"ထုံးတမ်းစဥ်လာကံကြမ္မာကို ဆက်ခံမယ့်သူ တစ်ယောက် ထပ်ပေါ်လာပြန်ပြီ... ယန်ချူးယောင် ဂီတနဲ့ထုံးတမ်းစဥ်လာက တသားတည်းဖြစ်နေတာကြောင့် မင်းက သူ့ကို စည်းရုံးပြီး ငါတို့ရဲ့အင်အားစုထဲကို ဝင်ရောက်လာဖို့ ဖိတ်ခေါ်ရမယ်..."

"အမိန့်တော်အတိုင်းပါ..."

ပြေပြစ်လှပသော ခန္ဓာကိုယ်အချိုးအစားရှိသည့် အမျိုးသမီးတစ်ဦးက ရှေ့သို့ခြေတစ်လှမ်းတိုးလာပြီး သူမ၏လက်နှစ်ဖက်ကို ပူးဆုပ်လိုက်၏။

"အရှင်မင်းကြီး... အဲ့ဒီလူက အရင်တုန်းက ကျိုးကျီလိုပဲ ခေါင်းမာပြီး သွန်သင်လို့ မရတဲ့သူ ဖြစ်နေမှာကို ကျွန်တော် စိုးရိမ်မိပါတယ်..."

အမတ်ကြီးတစ်ဦးက ရှေ့သို့ထွက်လာပြီး ပြောဆိုသည်။

ဧကရာဇ်ဖူရှန်း၏မျက်နှာအမူအယာသည် ဝမ်းနည်းခြင်းလည်းမရှိ ပျော်ရွှင်ခြင်းလည်း မရှိပေ။

"ငါတို့ရဲ့ ဖိတ်ခေါ်မှုကို လက်ခံလိုစိတ်ရှိရင် သူ့ကို လုံလောက်တဲ့ လေးစားမှုနဲ့ ဂုဏ်ပြုမှုကို ပေးလိုက်ပါ... ဆန္ဒမရှိဘူးဆိုရင်တော့ သူက ဒုတိယတန်းစား ကောင်းကင်ကံကြမ္မာကို အပြည့်အဝ မဆက်ခံရသေးတာကို ထည့်မပြောနဲ့အုံး... ဆက်ခံပြီးရင်တောင်မှ သူ့ကို ပျောက်ကွယ်သွားအောင် လုပ်ဖို့က သိပ်ပြီးမခက်ခဲပါဘူး..."

"ဒီအရာရှိက နားလည်ပါပြီ..."

ထိုအမတ်ကြီးသည် နားလည်သဘောပေါက်သွားပြီး စကားဆက်မပြောတော့ပေ။

ယန်ချူးယောင်၏မျက်လုံးများ တောက်ပသွားပြီး စကားတစ်ခွန်းမျှမဆိုဘဲ လူအုပ်အကြားသို့ ပြန်ဝင်သွားလေ၏။

...

ရင်းမြစ်ကမ္ဘာကို လွှမ်းမိုးထားသော အင်အားစုကြီးများနှင့်မျိုးနွယ်စုများကြားတွင် အလားတူ မြင်ကွင်းများ ဖြစ်ပေါ်နေသည်။ ဒုတိယတန်းစား ကောင်းကင်ကံကြမ္မာသည် ရှားပါးလှသဖြင့် ဆက်ခံသူ ရုတ်တရက် ထွက်ပေါ်လာခြင်းသည် မရေမတွက်နိုင်သော တည်ရှိမှုကြီးများ၏ အာရုံစိုက်မှုကို ချက်ချင်းဆွဲဆောင်နိုင်ခဲ့သည်။

အသက်ပင်လယ်နယ်ပယ် ထိပ်သီးကျင့်ကြံသူများသည် စိတ်လှုပ်ရှားလာကြပြီးရုတ်တရက် ကံကောင်းလာသော ကျင့်ကြံသူကို နေရာအနှံ့အပြား၌ ရှာဖွေနေကြသည်။

ကောင်းကင်ကံကြမ္မာကို အပြည့်အဝ မဆက်ခံမီအချိန်တွင် လုယူနိုင်သဖြင့် ကံကြမ္မာကို လက်ဆင့်ကမ်းနိုင်သူများတွင် အင်အားကြီး မျိုးနွယ်စုများ သို့မဟုတ် ဂိုဏ်းကြီးများ၏ ကျောထောက်နောက်ခံ ရှိနေကြသည်။

တစ်စုံတစ်ယောက်သည် တိုက်ခိုက်ခြင်းဖြင့် စတုတ္ထတန်းစား သို့မဟုတ် ပဉ္စမတန်းစား ကံကြမ္မာကို ရရှိခြင်းကပင် ကံကောင်းခြင်းဖြစ်နေလေပြီ။ ထိုကြောင့် ဒုတိယတန်းစားကံကြမ္မာကို ရရှိထားသူသည် အမွေအနှစ်ကို အပြည့်အဝမရသေးမီ အချိန်ထိ ထိန်းသိမ်းထားနိုင်ရန်မှာ မလွယ်ကူလှချေ။

ထို့ကြောင့် ဤသတင်းထွက်လာသည်နှင့် မရေမတွက်နိုင်သော အစွမ်းထက် ပုဂ္ဂိုလ်များသည် ကျိုးယီမြို့ဆီသို့ အလုအယက် ပြေးလာကြသည်။

သို့ရာတွင် ကျန်းရွှမ်နှင့်တခြားသူများသည် ကျီးလန်တောင်ကြားမှ ထွက်ခွာလာသည်နှင့် ကျိုးယီမြို့သို့ ပြန်မသွားရန်ဆုံးဖြတ်ချက်ချထားခဲ့ကြသည်။ ထိုသို့မဟုတ်ပါက သူတို့သည် မြို့ထဲတွင် လှောင်ပိတ်မိနေပြီး ထွက်ပြေးနိုင်တော့မည် မဟုတ်ပေ။

"ခုန်းရှီ... ဖရိုဖရဲကံကြမ္မာကျင့်ကြံသူဆိုတာက ဘာလဲဟင်... ပြီးတော့ ခင်ဗျားက ဘယ်လိုလုပ်ပြီးတော့ အဲ့ဒီလိုသတ်မှတ်ခံရပြီးတော့ တခြားလူတွေရဲ့လိုက်လံဖမ်းဆီးတာကို ခံရတာလဲ..."

ဖီးနစ်လင်းယုန်ပေါ်တွင် ထိုင်နေရင်း ကျန်းရွှမ်က စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်၏။

သူသည် ရင်းမြစ်ကမ္ဘာသို့ ခုန်းရှီနှင့် အချိန်တပြိုင်နက်တည်းနီးပါး ရောက်ရှိခဲ့သော်လည်း သူသည် ဇဝေဇဝါဖြစ်နေသော မြင်းထိန်းတစ်ယောက်သာ ဖြစ်နေချိန်တွင် တစ်ဖက်လူကမူ အမဲလိုက်ခံရသော ဖရိုဖရဲကံကြမ္မာကျင့်ကြံသူ ဖြစ်နေသည်။ ဤသည်မှာ သူ့အတွက် အနည်းငယ် နားမလည်နိုင်ဖြစ်နေသော ကိစ္စတစ်ရပ်ပင်။

သူသည် လင်းပုယန်နှင့်တခြားသူများ၏ ရှင်းပြချက်များကို ကြားဖူးသော်လည်း ကောင်းစွာနားမလည်သေးချေ။

ခုန်းရှီက ရှင်းပြသည်။

"ငါလည်း အသေးစိတ်တော့ သေချာမသိဘူး... ပြောကြတာတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်အကြာက ရင်းမြစ်ကမ္ဘာမှာ အရမ်းထူးချွန်တဲ့ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာခဲ့တယ်... မျိုးရိုးအမွေအနှစ် အခြေခံအုတ်မြစ် ဘာမှမရှိဘဲနဲ့ သူက တစ်နေရာရာကနေ အရမ်းအစွမ်းထက်တဲ့ ကောင်းကင်ကံကြမ္မာကို နားလည်သဘောပေါက်ခဲ့တာကြောင့် ရင်းမြစ်ကမ္ဘာကို ထိန်းချုပ်ထားသူတွေ ကမောက်ကမဖြစ်သွားခဲ့တယ်... အရေးအကြီးဆုံးကတော့ ဒီလူက ကံကြမ္မာရဲ့ပြောင်းလဲမှုတွေကို မလေးစားဘူး... တိကျတဲ့ ကံကြမ္မာ မရှိတဲ့အတွက် သူ့ကို ရှာဖွေဖို့တောင် မဖြစ်နိုင်ဘူး..."

"ကံကြမ္မာရဲ့ ပြောင်းလဲမှုတွေကို မလေးစားဘူး... တိကျတဲ့ ကံကြမ္မာ မရှိဘူးလား..."

ကျန်းရွှမ်သည် အချိန်တခဏကြာခန့် တွေဝေတုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်လိုက်၏။

"တကယ်တော့ ငါတို့က အဲ့ဒီလူနဲ့ တူနေတာပါလား..."

သူတို့သည် ကိုယ်ပိုင်နယ်မြေများ၏ အရှင်သခင်များ ဖြစ်ကြသဖြင့် သူတို့၏ ကံကြမ္မာသည် ကမ္ဘာသစ်နှင့် ယှက်နွှယ်နေပြီး ကောက်ချက်ချရန် သို့မဟုတ် စုံစမ်းစစ်ဆေးရန် မဖြစ်နိုင်ချေ။ ထိုထက်ပို၍အရေးကြီးသည်မှာ မည်သည့်အထောက်အထားမှမရှိဘဲ ရုတ်တရက် ထွက်ပေါ်လာသူတစ်ဦးတွင် မည်သို့သော အခြေခံအုတ်မြစ် သို့မဟုတ် အမွေအနှစ် ရှိနိုင်မည်နည်း။

ရင်းမြစ်ကမ္ဘာတွင် နေထိုင်ခဲ့သည်မှာ ကြာပြီဖြစ်၍ သူသည် မသိနားမလည်သူတစ်ယောက် မဟုတ်တော့ချေ။

ကောင်းကင်ကံကြမ္မာတိုင်းတွင် သက်ဆိုင်ရာ အမွေအနှစ်များနှင့်အင်အားစုများ မဟာမိတ်များ ရှိကြသည်။ ဤသည်မှာ သူ၏ယခင်ဘဝက အထက်တန်းလွှာများကဲ့သို့ပင် သူတို့သည် အဆင့်အတန်းခွဲခြားမှုတစ်ခုကို ဖွဲ့စည်းထားပြီး ဖြစ်သည်။ သာမန်လူတန်းစားတစ်ဦးသည် ရုတ်တရက် ထွက်ပေါ်လာပြီး သူ၏ကံကြမ္မာကို ပြောင်းလဲလိုကာ ကံကြမ္မာအရ သတ်မှတ်ထားသော အရေအတွက်ကို နေရာဖယ်ရှားပြီး သူတို့ထဲမှတစ်ယောက် ဖြစ်လိုခြင်းသည် အထက်တန်းလွှာများ၏ စုပေါင်းတိုက်ခိုက်မှုကို ဖြစ်ပေါ်စေပေလိမ့်မည်။

"ငါ ရောက်လာတုန်းကလည်း ဒီကိစ္စတွေကို မသိခဲ့ဘူး..."

ခုန်းရှီက သူ၏ အတွေ့အကြုံများကို အသေးစိတ် ပြောပြလိုက်သည်။

ဝေးလံခေါင်သီသော အဖြူရောင်ကျောက်တုံးမြို့သို့ ရောက်ရှိသွားသော ကျန်းရွှမ်နှင့် မတူဘဲ ခုန်းရှီသည် ကျိုးယီတော်ဝင်မြို့တွင် ထွက်ပေါ်လာခဲ့သည်။ သူသည် တိုတောင်းသော နှစ်ရက်တာ အချိန်ကာလအတွင်းမှာပင် ရတနာသိုက်တစ်ခုကို တွေ့ရှိခဲ့ကာ ရင်းမြစ်စွမ်းအင်ပြောင်းလဲနည်းကို နားလည်သဘောပေါက်ပြီး ကြယ်စင်မြစ်နယ်ပယ်သို့ တစ်ဟုန်ထိုး ရောက်ရှိသွားခဲ့သည်။

သူသည် ထူးကဲသော ပါရမီဖြင့် ရုတ်တရက် ပေါ်ထွက်လာသဖြင့် မကြာမီမှာပင် လူအများ၏ အာရုံစိုက်မှုကို ခံခဲ့ရပြီး အင်အားစုအမြောက်အများ၏ဧည့်သည်တော် ဖြစ်လာခဲ့သည်။ သူသည် ဗဟုသုတများ ဝေမျှခြင်း ဟောပြောပွဲများ ပြုလုပ်ခြင်းနှင့် သူ၏အတွေ့အကြုံများကို မှတ်တမ်းတင်ခြင်းတို့တွင် တွန့်တိုခြင်းမရှိခဲ့ချေ။ ထို့ကြောင့် ကံကြမ္မာကို ရွေးချယ်ပြီးသားဖြစ်သော လူအမြောက်အများအား သူတို့၏ ယခင်ဆရာများကို စွန့်ခွာပြီး သူ၏နောက်သို့ လိုလိုလားလား လိုက်ပါလာအောင် ဆွဲဆောင်နိုင်ခဲ့သည်။

ရလဒ်အနေဖြင့် ကျိုးယီမြို့တစ်မြို့လုံး ပရမ်းပတာ ဖြစ်သွားပြီး ကံကြမ္မာခန်းမက ဝင်ရောက်ထိန်းသိမ်းခဲ့ရသည်။

နောက်ပိုင်းတွင် ခုန်းရှီအား ဖမ်းဆီးရန် ကြိုးပမ်းမှုများစွာ ပြုလုပ်ခဲ့သော်လည်း သူသည် ထိခိုက်မှုမရှိဘဲ ကျန်ရစ်ခဲ့ကာ ကံကြမ္မာခန်းမမှာမူ ကြီးမားသော ဆုံးရှုံးမှုများ ခံစားခဲ့ရကြောင်း လူသူအများ သိရှိသွားကြသည်။ ထိပ်သီးကျင့်ကြံသူများ ပို၍များပြားစွာ ထွက်ပေါ်လာသဖြင့် ခုန်းရှီသည် ထွက်ပြေးရန်မှတပါး ရွေးချယ်စရာမရှိတော့ချေ။ သူသည် ထွက်ပြေးရင်း ကျီးလန်တောင်ကြားထဲသို့ မတော်တဆ ရောက်ရှိသွားခဲ့ပေ၏။ ထိုနေရာတွင် သူ သေဆုံးရတော့မည်ဟု ထင်ခဲ့သော်လည်း ကောင်းကင်ကံကြမ္မာနယ်မြေ၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်ခဲ့ပြီး ကျိုးကျီ၏အသိအမှတ်ပြုမှုကို ရရှိလိမ့်မည်ဟု သူ အိပ်မက်ပင် မမက်ခဲ့မိချေ။

"ကံကောင်းတာကတော့ ထုံးတမ်းစဥ်လာကံကြမ္မာနဲ့ ဖွဲ့စည်းထားတဲ့ နတ်ဘုရားနယ်မြေ ဖြစ်နေလို့ပဲ... တခြားနယ်မြေသာဆိုရင် ဒီလိုမျိုး အတင်းအကြပ် ကျူးကျော်ဝင်ရောက်မှုက အသက်အန္တရာယ် ရှိနိုင်တယ်..."

ခုန်းရှီ၏ဇာတ်လမ်းကို နားထောင်ပြီးနောက် ကျန်းရွှမ်က သက်ပြင်းချလိုက်ပြီး အတွေးတစ်ခု ထွက်ပေါ်လာသည်။

"ဒါကလည်း ကံကြမ္မာရဲ့အလိုဆန္ဒ ဖြစ်ကောင်းဖြစ်နိုင်တယ်... အဲ့ဒီလိုမဟုတ်ရင် ပါမောက္ခကုန်းမြေကနေ အတူတူ ထွက်လာပြီးတော့ ဘာလို့ သူက ဒီနေရာကို ရောက်လာပြီးတော့ ငါက ဝေးလံခေါင်သီတဲ့နေရာကို ရောက်သွားရတာလဲ..."

All Chapters