← Chapters

ခုန်းရှီ၏နည်းလမ်းများ

Vol. 31 Ch. 371

ခုန်းရှီ၏နည်းလမ်းများ

Vol. 31 Ch. 371

ကျန်းရွှမ်က ခေါင်းခါယမ်းပြပြီး ပြောဆိုလိုက်သည်။

"အဲ့ဒီလို မဟုတ်ဘူး...ကျွန်တော် ပြောချင်တာက သူတို့ဘက်က ပြောစကားတစ်ခုတည်းနဲ့ ဆုံးဖြတ်တာက နည်းနည်း ကလေးဆန်လွန်းတယ်လို့ ပြောချင်တာပါ..."

"ကောင်းပြီလေ... ငါ တခြားလူတွေကို မေးကြည့်မယ်"

တပ်မှူးရှန်က ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။

"မင်းတို့ထဲက ဘယ်သူကများ ဘာတွေဖြစ်ခဲ့တာလဲဆိုတာ မြင်လိုက်ကြလဲ"

"ကျွန်တော်တို့ ဘာမှမမြင်ပါဘူး..."

"ကျွန်တော်တို့ မသိပါဘူး..."

ပတ်ဝန်းကျင်ရှိ လူများသည် ပြဿနာကို သူတို့ဆီ ခေါ်မလာလိုကြသဖြင့် သူတို့အားလုံးသည် လက်ကာပြပြီး ငြင်းဆန်လိုက်ကြ၏။

"ဟမ့်...မင်းမှာ ဘာပြောစရာ ကျန်သေးလဲ"

တပ်မှူးရှန်က အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သည်။

ကျန်းရွှမ်သည် လူကောင်းလုပ်ရန် ကြိုးစားခြင်းသည် သူ့ကို ဤမျှထိ ကြီးမားသော ဒုက္ခကို ပေးနိုင်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ သူသည် မျက်မှောင်ကြုတ်ပြီး မေးမြန်းလိုက်၏။

"ခင်ဗျားက ဘာလုပ်ဖို့ ရည်ရွယ်ထားတာလဲ"

"အလုံးစုံသိမြင်ဂိုဏ်းရဲ့ ကူးပြောင်းရေးဝင်္ကပါနေရာမှာ ရန်ပွဲဖြစ်တာကို တားမြစ်ထားတယ်.... မင်းက စည်းကမ်းတွေကို လစ်လျူရှုပြီး လူတစ်ယောက်ကို ရည်ရွယ်ချက်ရှိရှိ နာကျင်စေခဲ့တယ်.... အခု ငါတို့က မင်းကို စစ်ဆေးမေးမြန်းဖို့ ခေါ်သွားမယ်.... အချက်အလက်တွေကို အတည်ပြုပြီးတာနဲ့ ငါတို့က မင်းရဲ့ကျင့်ကြံခြင်းဆင့်ကို တိုက်ရိုက်ဖျက်ဆီးပစ်မယ်"

တပ်မှူးရှန်က ထုတ်ပြန်ကြေညာလိုက်သည်။

"တပ်မှူးရှန်... သူက လူကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ရုံတင်မကဘဲနဲ့ ကျွန်တော့်ဆီကနေ ငွေတွေအများကြီးလည်း ခိုးယူသွားတယ်...တပ်မှူးမယုံရင် သူ့ရဲ့သိုလှောင်လက်စွပ်တွေကို ရှာကြည့်လို့ ရတယ်.."

လူလတ်ပိုင်းကြီးက အလျင်စလို ဖြည့်စွက်ပြောဆိုလိုက်သည်။

"သူခိုး ဟုတ်လား... မင်းရဲ့ သိုလှောင်လက်စွပ်ကို စစ်ဆေးဖို့ ပေးစမ်း"

တပ်မှူးရှန်က သူ၏လက်ကို ဆန့်တန်းလိုက်သည်။

"အကြောင်းမဲ့စွပ်စွဲချက်တစ်ခုတည်းအပေါ်မှာ အခြေခံပြီးတော့ ခင်ဗျားက ကျွန်တော်ကို ရှာဖွေချင်တယ်ပေါ့....အဲ့ဒီသဘောတရားအတိုင်းသာဆိုရင် ကျွန်တော်က ခင်ဗျားကို သူခိုးလို့ ပြောရင်...ခင်ဗျားရဲ့ သိုလှောင်လက်စွပ်ကို စစ်ဆေးဖို့အတွက် ကျွန်တော့်ကို ပြမှာလား"

ကျန်းရွှမ်က ဒေါသတကြီးဖြင့်အော်ဟစ်ပြီး တုံ့ပြန်မေးမြန်းလိုက်၏။

"မင်းက အတင့်ရဲလှချည်လား...မင်းက ခိုးမှုနဲ့ လူကို လက်လွတ်စပယ် ကိုယ်ထိလက်ရောက် ကျူးလွန်မှုတို့ကို ကျူးလွန်ခဲ့တာတောင် အခု ငါ့ကို ပြန်ပြီးစွပ်စွဲရဲသေးတယ်....မင်းက တော်တော်လေး သတ္တိကောင်းတာပဲ...သူ့ကို မြေအောက်အကျဥ်းထောင်ထဲ ခေါ်သွားပြီးတော့ သေသေချာချာ စစ်ဆေးကြစမ်း"

"ဟုတ်ကဲ့"

တပ်မှူးရှန်၏အမိန့်ကိုကြားသည်နှင့် သံချပ်ကာဝတ်အစောင့်အမြောက်အများ ချက်ချင်းရှေ့တက်လာပြီး ကျန်းရွှမ်ကို ဝိုင်းရံလိုက်ကြ၏။

"ခင်ဗျားတို့က ပူးပေါင်းကြံစည်နေကြတာပဲ... ဒါတွေအားလုံးက ဆင်ခြေတွေသက်သက်ပဲ..."

တစ်ဖက်လူသည် သူ၏ ရှင်းပြချက်ကို လျစ်လျူရှုပြီး သူ့အပေါ်သို့ ပြစ်မှုများအား ပြောင်ပြောင်တင်းတင်း ပုံချနေသည်ကို မြင်တွေ့ချိန်၌ မည်သို့ဖြစ်ပျက်နေသည်ကို ကျန်းရွှမ် နားလည်သဘောပေါက်သွားသည်။

ဤလူများသည် ပူးပေါင်းကြံစည်နေခြင်း မဟုတ်လျှင်ပင် နောက်ကွယ်၌ မသမာသော သဘောတူညီချက်တစ်ခု ရှိနေရပေမည်။ သူတို့သည် ငွေရှိသော်လည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် အာဏာမရှိသူများကို ပစ်မှတ်ထားပြီး အခွင့်ကောင်းယူ၍ တိုက်ခိုက်ကာ ပြစ်မှုတစ်ခုခုဖြင့် စွပ်စွဲကြသည်။ ထိုလူများသည် ခုခံနိုင်မှု မရှိသရွေ့ သူတို့သည် စည်းစိမ်ဥစ္စာများကို ညှစ်ထုတ်နိုင်သမျှ ရယူပြီး ရက်စက်ယုတ်မာစွာ ခြိမ်းခြောက်ငွေညှစ်ကြတော့သည်။

ဤသည်မှာ အမှန်တကယ်ကို ကောက်ကျစ်စဉ်းလဲသော အကြံအစည်ပင်။

ခရီးဝေးကူးပြောင်းသွားလာရေးစရိတ်သည် အလွန်ကြီးမြင့်လှသဖြင့် လူအများသည် ယေဘုယျအားဖြင့် မိသားစု၏အရင်းအမြစ်များနှင့်စည်းစိမ်ဥစ္စာများအားလုံးကို သယ်ဆောင်လာကာ တစ်ကြောင်းတည်းသွားသောခရီးစဉ်ကို ရွေးချယ်လေ့ရှိသည်။ အရေးအကြီးဆုံးမှာ သူတို့သည် စိမ်းသက်သောနယ်မြေမှ လူစိမ်းများဖြစ်ကြပြီး ပြဿနာမဖြစ်လိုဘဲ ထွက်ခွာသွားလိုကြသူများပင်။

ဤသည်မှာ သူတို့ကို အလွယ်တကူ ပစ်မှတ်ဖြစ်စေပြီး ထိုလူများသည် ပူးပေါင်းကြံစည်၍ စည်းစိမ်ဥစ္စာအမြောက်အများကို ညှစ်ထုတ်ယူရန် လွယ်ကူစေသည်။

ကြည့်ရသည်မှာ ဤသည်က တစ်ဖက်လူများအတွက် ပထမဆုံးအကြိမ် မဟုတ်သည့်ပုံပင်။ ထိုမြေးအဘိုးအိုနှစ်ယောက်ပင်လျှင် သွေးဆူလွယ်သူများကို တမင်သက်သက် မျှားခေါ်ရန်အတွက် ကြံစည်ထားသော အစီအစဉ်၏တစ်စိတ်တစ်ပိုင်း ဖြစ်ကောင်းဖြစ်နိုင်သည်။

"ကောင်စုတ်လေး... မင်းက အစောင့်တွေကို လက်ပါရဲတယ်ဆိုတော့ မင်းရဲ့ပြစ်မှုက အဆင့်တစ်ဆင့် ပိုတိုးသွားပြီ...မင်း သေမှာတော့မဟုတ်ပေမဲ့ အရေခွံနွှာခံရလိမ့်မယ်... မင်း ခုခံဖို့မကြိုးစားနဲ့....အဖမ်းခံဖို့သာ ပြင်ထားလိုက်တော့"

အစောင့်အမြောက်အများသည် ကျန်းရွှမ်ကို ဝိုင်းရံထားသည်အား မြင်တွေ့ချိန်၌ လူလတ်ပိုင်းကြီး၏မျက်လုံးများတွင် သရော်တော်တော် အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။

ကျန်းရွှမ် ခန့်မှန်းထားသည့်အတိုင်းပင် ဤလူလတ်ပိုင်းကြီးသည် ဤကဲ့သို့ အကြိမ်များစွာ လုပ်ခဲ့ဖူးပြီး အကြိမ်တိုင်းတွင် အမြတ်အစွန်း များစွာရရှိခဲ့သည်။ ထိုကြောင့် ဤလူငယ်သည်လည်း ကံဆိုးမိုးမှောင် ကျရောက်တော့ပေမည်။

အစောင့်များသည် သူတို့၏ဆေဘာဓားရှည်များကို ဆွဲထုတ်ပြီး ရှေ့သို့ချိန်ရွယ်လိုက်ကြ၏။

ကျန်းရွှမ်သည် မျက်ခုံးပင့်လိုက်ပြီး ပြန်လည်၍တိုက်ခိုက်ရန် ဟန်ပြင်လိုက်စဉ်မှာပင် အတွေးတစ်ခု ဝင်ရောက်လာသည်။

သူ အစောပိုင်းက ပေါင်းစပ်ထားသော အခိုးအငွေ့များကို စမ်းသပ်ကြည့်လျှင် မည်သို့ ဖြစ်လာနိုင်သနည်း...

ဝှစ်....

သူ၏လက်ချောင်းကို တစ်ချက်တောက်လိုက်သည်နှင့် ကောင်းကင်ဘုံကံကြမ္မာနှင့် မြေခွေးညှို့ငင်ကံကြမ္မာတို့၏ ပေါင်းစပ်စွမ်းအားသည် မမြင်နိုင်သော ကြိုးမျှင်ငယ်လေးများအဖြစ် ပြောင်းလဲသွားကာ အဝေးသို့ ပျံ့လွင့်သွားသည်။

မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ထိုအရာများသည် မောက်မာထောင်လွှားနေသော လူလတ်ပိုင်းကြီးအပေါ်သို့ ကျရောက်သွားပေ၏။ ထိုလူ၏ခန္ဓာကိုယ် ရုတ်တရက် တောင့်တင်းသွားပြီးနောက် ရူးသွပ်သွားသည့်အလား ရှေ့သို့ ဒရောသောပါး ပြေးဝင်သွားသည်။ ထို့နောက် သူ၏လက်ဝါးကို ဆန့်တန်းပြီး မလှမ်းမကမ်းတွင် ရပ်ကြည့်နေသော တပ်မှူးရှန်ကို ပါးရိုက်လိုက်သည်။

တပ်မှူးရှန်သည် ထိုလူလတ်ပိုင်းကြီး ဝင်ရောက်တိုက်ခိုက်မည်ဟု ထင်မှတ်မထားသဖြင့် သူ မတုံ့ပြန်နိုင်ခင်မှာပင် ပါးဖြတ်ရိုက်ခံလိုက်ရသည်။

ဖြောင်း....

ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ် ကျင့်ကြံသူတစ်ဦး၏စွမ်းအားသည် ပင်လယ်ရေလှိုင်းလုံးကြီးတစ်ခု အလားပင်။ ရွှေရောင်သံချပ်ကာဝတ် အစောင့်ခေါင်းဆောင်သည် အသက်ရှူပင် ရပ်တန့်သွားလုမတတ် ခံစားလိုက်ရပြီး နောက်သို့ လွင့်ထွက်သွားပေ၏။ သူသည် မြေပြင်ပေါ်သို့ ပြုတ်ကျပြီး သူ၏ပါးစပ်မှ သွေးများအန်ထုတ်လိုက်ရသည်။

"မင်း..."

တပ်မှူးရှန်သည် ရုန်းကန်၍ မတ်တတ်ထရပ်ပြီးလူလတ်ပိုင်းကြီးကို မည်သို့ဖြစ်ပျက်သွားသည်ကို မေးမြန်းရန် ဟန်ပြင်လိုက်သည်။ ထိုအချိန်မှာပင် ထိုလူသည် သံချပ်ကာဝတ်အစောင့်အုပ်စုကြားသို့ ပြေးဝင်သွားပြီး တစ်ယောက်ချင်းစီကို သူ၏လက်ဖြင့် လိုက်လံ၍ရိုက်နှက်နေသည်ကို မြင်တွေ့လိုက်ရသည်။ အသက်ရှူချိန် နှစ်ချိန်စာအတွင်းမှာပင် ကျန်းရွှမ်ကို ဝိုင်းရံထားသော လူများအားလုံး မြေပြင်ပေါ်သို့ လဲကျသွားပြီး မလှုပ်ရှားနိုင်တော့ချေ။

"ယောင်ချွမ်ဝမ်... မင်းက ငါတို့ကို လက်ပါရဲတယ်ပေါ့...အတင့်ရဲလှချည်လား"

တပ်မှူးရှန်၏မျက်နှာသည် ဒေါသကြောင့် နီမြန်းသွားပေ၏။ သူသည် ကျန်းရွှမ်ကို အပြစ်တင်ရန် ဂရုမစိုက်တော့ဘဲ သူ၏ဓားကို ဆွဲထုတ်ကာ သူ၏လက်ကိုဝှေ့ယမ်းပြီး ယောင်ချွမ်ဝမ်ဟု ခေါ်သော လူလတ်ပိုင်းကြီးကို ခုတ်ပိုင်းလိုက်သည်။

သူသည် သန်မာအားကောင်းသော်လည်း ကြယ်စင်မြစ်နယ်ပယ် စတုတ္ထအဆင့်တွင်သာ ရှိနေသေးရာ ဆဋ္ဌမအဆင့်တွင်ရှိနေသူတစ်ဦး၏ ပြိုင်ဘက် မည်သို့ ဖြစ်နိုင်မည်နည်း။ ယောင်ချွမ်ဝမ်သည် သူ၏လက်ချောင်းကို တောက်လိုက်ရုံဖြင့် သူ့ထံတိုးဝင်လာသော ဓားရှည်ကို လမ်းကြောင်းလွှဲလိုက်ပြီး ချက်ချင်းဆိုသလိုပင် သူ၏လက်သီးဖြင့် တုံ့ပြန်ထိုးနှက်လိုက်သည်။

တပ်မှူးရှန်သည် ဆယ်မီတာကျော်အကွာသို့ လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ဒူးထောက်ရက်သား လဲကျသွားကာ သွေးများ အဆက်မပြတ် အန်ထုတ်ရင်း စကားပင် မပြောနိုင်တော့ချေ။

"ဘာ..."

"ဘာတွေ ဖြစ်ကုန်တာလဲ"

"ငါလည်း မသိတော့ဘူး..."

ဤသို့သော အပြောင်းအလဲမျိုး ဖြစ်လာလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။ လူများအားလုံးသည် နားမလည်နိုင်သော မျက်နှာများဖြင့် အချင်းချင်း ကြည့်နေကြပြီး ခုန်းရှီပင်လျှင် နားမလည်နိုင်စွာဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။

ကျန်းရွှမ်၏မျက်လုံးများသာ တောက်ပနေပေ၏။

ဤပေါင်းစပ်ထားသော အခိုးအငွေ့သည် ဤမျှ ထိ အစွမ်းထက်လိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။

"ငါက ဒီမိတ်ဆွေလေးကို တမင်တကာ အကွက်ဆင်ခဲ့မိတာပါ....သူက အပြစ်ကင်းပါတယ်...အခု ငါက သူ့ကို တောင်းပန်တဲ့အနေနဲ့ ငါ့ရဲ့ ပိုင်ဆိုင်မှုအားလုံးကို ပေးပါ့မယ်"

ယောင်ချွမ်ဝမ်သည် ရပ်တန့်သွားပြီးနောက် သူ၏လက်မှ သိုလှောင်လက်စွပ်ကို ချွတ်ကာ ကျန်းရွှမ်ထံသို့ လက်ကမ်းပေးလိုက်သည်။

ကျန်းရွှမ်သည် ထိုသိုလှောင်လက်စွပ်ကိုယူပြီး သူ၏လက်ဖြင့် ညင်သာစွာ ပွတ်သပ်လိုက်ရာ အစစ်အမှန်စွမ်းအားများ ချက်ချင်းဝင်ရောက်သွားပြီး စိတ်ဝိညာဉ်အမှတ်အသားကို လျင်မြန်စွာ ဖျက်ပစ်လိုက်သည်။ ထို့နောက် သူ၏ ကိုယ်ပိုင်အမှတ်အသားကို ခတ်နှိပ်ပြီး အတွင်းသို့ ကြည့်လိုက်၏။

သိုလှောင်လက်စွပ်အတွင်းရှိ နေရာလွတ်သည် အလွန်ကြီးမားကျယ်ပြန့်ခြင်း မရှိသော်လည်း ထောင့်တစ်နေရာတွင် ကံကြမ္မာချပ်ပြားများ အပုံလိုက်ရှိနေသည်ကို မြင်တွေ့လိုက်ရကာ ခုနစ်ထောင် ရှစ်ထောင်ခန့် ရှိနေသည်။

"ခင်ဗျားက ဒီလောက်ထိ ရိုးရိုးသားသား တောင်းပန်မှတော့ ကျွန်တော် လက်ခံလိုက်ပါ့မယ်..."

စကားဆက်ပြောရန် ပျင်းရိနေသဖြင့် ကျန်းရွှမ်သည် ထိုသိုလှောင်လက်စွပ်ကို ရွှမ်ကမ္ဘာထဲသို့ သိမ်းဆည်းလိုက်သည်။ ထိုသို့ပြုလုပ်ပြီးနောက် သူသည် မလှမ်းမကမ်းရှိ တပ်မှူးရှန်ကို ကြည့်လိုက်၏။

"တပ်မှူး... ခင်ဗျား မြင်တဲ့အတိုင်းပါပဲ... သူ အမှားလုပ်မိကြောင်း ဝန်ခံလိုက်ပြီ... ပြီးတော့ ကျွန်တော်က ဘာမှ စပြီးမလုပ်ခဲ့ဘူး...ဒါဆို အခု ဘာပြဿနာမှ မရှိတော့ဘူး မဟုတ်လား"

"မင်း... မင်း... ပြဿနာ မရှိတော့ဘူး"

တပ်မှူးရှန်သည် ဒဏ်ရာရနေသော ရင်ဘတ်ကိုဖိကာ ရုန်းကန်၍ မတ်တတ်ထရပ်လိုက်ပြီး ယောင်ချွမ်ဝမ်ကို နာကျည်းမုန်းတီးသော မျက်လုံးအကြည့်ဖြင့် ကြည့်လိုက်သည်။

"လာကြစမ်း .. ယောင်ချွမ်ဝမ်ကို ဖမ်းလိုက်ကြစမ်း... သူက အစောင့်တွေကို တိုက်ခိုက်ပြီး အလုံးစုံသိမြင်ဂိုဏ်းထဲမှာ ရုန်းရင်းဆန်ခတ်တွေ ဖြစ်စေတယ်... သူ့ကို ဖမ်းကြစမ်း..."

"ဟုတ်ကဲ့"

တံခါး၏အပြင်ဘက်မှနေ၍ နောက်ထပ် သံချပ်ကာဝတ် အစောင့်တစ်စု ချက်ချင်းပြေးဝင်လာပြီး သတီးကြီးစွာထား၍ ယောင်ချွမ်ဝမ်ကို ဝိုင်းရံလိုက်ကြသည်။

သူသည် ထပ်မံ၍ ပြင်းပြင်းထန်ထန် ပြန်လည်တိုက်ခိုက်လိမ့်မည်ဟု သူတို့အားလုံး ယူဆထားကြသည်။ သို့ရာတွင် သူသည် ကြောက်ရွံ့၍လော သို့မဟုတ် အင်အားကုန်ခမ်းသွား၍လောဟု မသိရဘဲ ထင်မှတ်မထားသော ကိစ္စတစ်ခု ဖြစ်ပွားလာခဲ့သည်။ အစောပိုင်းကမှ တပ်မှူးရှန်ကို လက်သီးတစ်ချက်ဖြင့် လွင့်ထွက်သွားအောင် ထိုးနှက်ခဲ့သော ယောင်ချွမ်ဝမ်၏ ခြေထောက်များ ရုတ်တရက် ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားကာ သတိလစ်သွားလေ၏။

"သူ့ကို ခေါ်သွားကြစမ်း"

တပ်မှူးရှန်သည် ယောင်ချွမ်ဝမ် ဟန်ဆောင်နေခြင်း ဟုတ်မဟုတ်ကို ဂရုမစိုက်တော့ဘဲ သူ့ကို အကြိမ်ကြိမ် နင်းချေကာ ရင်ဘတ်ရိုး ခြေထောက်ရိုးနှင့်လက်ရိုးများကို ချိုးပစ်လိုက်၏။ ယောင်ချွမ်ဝမ် ထပ်မံ၍ မခုခံနိုင်တော့ကြောင်း သေချာသွားပြီးနောက် သူက အော်ဟစ်လိုက်သည်။

အစောင့်များသည် ထိုလူကို ချက်ချင်းထူမကာ ခေါ်ထုတ်သွားကြသည်။

တပ်မှူးရှန်က ကျန်းရွှမ်ကို အေးစက်စက်အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သည်။ သူသည် ပြဿနာရှာလိုသော်လည်း အကြောင်းပြချက် မရှိသဖြင့် သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ပြီး ခန်းမ၏ပြင်ပသို့ ထွက်ခွာသွားသည်။

ခန်းမထဲတွင် တဖန်ပြန်၍ တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။

ကျန်းရွှမ်သည် သူ၏နေရာ၌ ပြန်ထိုင်ရန် ဟန်ပြင်လိုက်စဥ်မှာပင် အစောပိုင်းက မြေးအဘိုးနှစ်ယောက်သည် စိုးရိမ်ပူပန်တကြီးအမူအယာဖြင့် ပြေးလာကြ၏။

"သခင်လေး... ခုဏကလူ... ယောင်ချွမ်ဝမ်က ငါတို့ရဲ့ ကံကြမ္မာချပ်ပြားနှစ်ထောင်ကို ယူသွားတာပါ....ပြီးတော့ သူက သူ့ရဲ့သိုလှောင်လက်စွပ်ကို သခင်လေးကို ပေးလိုက်တယ်လေ...အဲ့ဒါလေး တွေကိုထုတ်ပြီး ကျွန်တော်တို့ကို ပြန်ပေးလို့ ရမလား..."

အဘိုးအိုက စိုးရိမ်ပူပန်တကြီးဖြင့် ကျန်းရွှမ်ကို ကြည့်လိုက်သည်။

"အဲ့ဒါက ငါတို့ရဲ့အသက်ကို ကယ်တင်ဖို့ ငွေတွေပါ....သခင်လေးရဲ့ တရားမျှတမှုကို မြတ်နိုးမှုနဲ့ ကရုဏာကြီးမားတဲ့ စိတ်ထားကြောင့် ငါတို့မြေးအဘိုးနှစ်ယောက် အိုးမဲ့အိမ်မဲ့ဖြစ်ပြီးတော့ လမ်းဘေးမှာ အစာငတ်သေရမယ့်အဖြစ်မျိုး ရောက်အောင် အဲ့ဒီငွေတွေကို ယူထားမှာတော့ မဟုတ်ဘူးမလား"

All Chapters