← Chapters

ခုနစ်ရက် ဆုတောင်းခြင်း။ ကျူးရှန်းဓား၊ တိုက်ခိုက်ခြင်းကျမ်းနှင့် မျက်လုံးနှစ်လွှာ (၂)

Vol. 6 Ch. 80

ခုနစ်ရက် ဆုတောင်းခြင်း။ ကျူးရှန်းဓား၊ တိုက်ခိုက်ခြင်းကျမ်းနှင့် မျက်လုံးနှစ်လွှာ (၂)

Vol. 6 Ch. 80

ကျိချန်တောက်၏ မျက်နှာထက်တွင် တုန်လှုပ်သောအမူအရာများ ပေါ်လာသည်။

“ဝူတောက်က လေဟာနယ်ခန္ဓာကို ပိုင်ဆိုင်ပြီး လေဟာနယ်ကျမ်းကို ကျင့်ကြံထားတာ... အလယ်ပိုင်းဒေသ မျိုးဆက်သစ်လူငယ်တွေကြားမှာတောင် အထွတ်အထိပ် ဖြစ်တည်မှုတစ်ခုပဲ... အရှေ့ပိုင်းစွန့်ပစ်နယ်မြေကို ရောက်သွားတော့ သက်တူရွယ်တူ ကျင့်ကြံသူတစ်ယောက်က တစ်ကွက်တည်းနဲ့ အနိုင်ယူလိုက်တယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ...”

“တကယ်အမှန်ပါ သခင်ကြီး... ဖြစ်ခဲ့တဲ့ အကြောင်းအရာက ဒီအတိုင်းပါပဲ... ကျွန်တော်တို့ ပြောတာတွေအားလုံး အမှန်တရားတွေပါ...”

နှစ်ဦးသား၏ ခန္ဓာကိုယ်များမှာ တုန်ယင်နေပြီး အလျင်အမြန် ဆိုလိုက်ကြသည်။

“ဒါဆို မင်းတို့နှစ်ယောက်... ဘာလို့ သခင်လေးကို ကောင်းကောင်း မကာကွယ်ပေးခဲ့တာလဲ...”

ဘုန်း...။

ဖိအားတစ်ခု ကျဆင်းလာသည်။

နှစ်ဦးသားမှာ တိုက်ရိုက် သွေးအိုင်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။

ကျယ်ဝန်းသော ခန်းမကြီးထဲတွင် ကျိချန်တောက်မှာ သူ၏သားကို ကြည့်၍ သူ၏ မျက်နှာထက်တွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာသည်။

“ဝူတောက်... မင်းက ဒီလိုပုံစံ ဖြစ်သွားမှတော့ ဒီလေဟာနယ်ခန္ဓာက မင်းကိုယ်ပေါ်မှာ ရှိနေတာ အလဟဿပဲ ဖြစ်‌နေလိမ့်မယ်... ငါ့ကို ပေးတာက ပိုကောင်းလိမ့်မယ်...”

...

ဒင်..လက်ထပ်ပြီး နှစ်ဆယ်ရက်မြောက်နေ့တွက် ဆုလာဘ် မှာ ဆယ်နှစ်တာ ကျင့်ကြံမှုဖြစ်သည်

ဒင်..လက်ထပ်ပြီး နှစ်ဆယ့်တစ်ရက်မြောက်နေ့တွက် ဆုလာဘ်မှာ ဧကရာဇ်လက်နက် ကျူးရှန်းဓားဖြစ်သည်

ဒင်..လက်ထပ်ပြီး နှစ်ဆယ့်နှစ်ရက်မြောက်နေ့တွက် ဆုလာဘ် မှာ အနှစ်နှစ်ဆယ် ကျင့်ကြံမှုဖြစ်သည်

လက်ထပ်ပြီး…နှစ်ဆယ့်သုံးရက်မြောက်နေ့တွက် ဆုလာဘ်မှာ အနှစ်သုံးဆယ် ကျင့်ကြံမှုဖြစ်သည်

ဒင်..လက်ထပ်ပြီး နှစ်ဆယ့်လေးရက်မြောက်နေ့တွက် ဆုလာဘ်မှာ တိုက်ခိုက်ခြင်းကျမ်းဖြစ်သည်

တိုက်ခိုက်ခြင်းကျမ်း - တိုက်ခိုက်ခြင်းကျမ်း ပေါ်ထွက်လာသောအခါ နတ်မင်းတစ်ပါး ကောင်းကင်သို့ ပျံတက်ပြီး တိုက်ခိုက်သတ်ဖြတ်ခြင်းနတ်စွမ်းရည်ကို အသုံးပြု၏။ ထိုစွမ်းရည်ကို တိုက်ပွဲအောင်နိုင်ခြင်းဟုခေါ်ပြီး အသွင်ပြောင်းလဲမှု ထောင်ပေါင်းများစွာရှိကာ အလွန်တရာ သိမ်မွေ့ပြီး ပြိုင်ဘက်ကင်းသည်၊ တိုက်ပွဲတိုင်းတွင် အောင်နိုင်ပြီး တိုက်ခိုက်မှုတိုင်းတွင် ချိုးနှိမ်နိုင်သည်၊ ဤသည်မှာ တိုက်ခိုက်သတ်ဖြတ်ခြင်း လျှို့ဝှက်ပညာပင် ဖြစ်သည်။

ဒင်..လက်ထပ်ပြီး နှစ်ဆယ့်ငါးရက်မြောက်နေ့တွက် ဆုလာဘ်မှာ အနှစ်ငါးဆယ် ကျင့်ကြံမှုဖြစ်သည်

ဒင်..လက်ထပ်ပြီး နှစ်ဆယ့်ခြောက်ရက်မြောက်နေ့တွက် ဆုလာဘ်မှာ မျက်လုံးနှစ်သွယ်ဖြစ်သည်

ကျင့်ကြံသူများအတွက်မူ ကျင့်ကြံခြင်းတွင် အချိန်ကာလဟူ၍ မရှိချေ။

ခုနစ်ရက်တာ အချိန်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွား၏။

ခုနစ်ရက်အတွင်းတွင် စုရွှမ်သည် စနစ်၏ ဆုလာဘ်များကို အမှီပြု၍ ဘုရင်နယ်ပယ် အဆင့်(၃)သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။

ထိုမျှမက စုရွှမ်သည် ဧကရာဇ်လက်နက်တစ်ခုကိုလည်း ရရှိခဲ့သည်။

ကျူးရှန်းဓား - အဆုံးစွန် သတ်ဖြတ်ခြင်း ဓား။

ထို့အပြင် စုရွှမ်သည် ရှေးဟောင်း လျှို့ဝှက်ကျမ်းကိုးစောင်ထဲမှ တိုက်ခိုက်ခြင်းကျမ်းကိုလည်း ရရှိခဲ့သည်။

တိုက်ခိုက်ခြင်းကျမ်းမှာ တိုက်ခိုက်မှုကို အဓိကထားသဖြင့် စုရွှမ်၏ တိုက်ခိုက်စွမ်းအားကို နောက်တစ်ဆင့် တိုးတက်စေ၏။

ပို၍ အရေးကြီးသည်မှာ စုရွှမ်မှာ မျက်လုံးနှစ်သွယ်ကို ပေါင်းစပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

မျက်လုံးနှစ်သွယ်။

၎င်းမှာ ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာကဲ့သို့ပင် ခန္ဓာသုံးထောင်တွင် ထိပ်ဆုံးဆယ်နေရာ၌ ရပ်တည်နေသော ဖြစ်တည်မှုတစ်ခု ဖြစ်သည်။

ရှေးပဝေသဏီကတည်းက လူသိများသော စကားတစ်ခွန်း ပျံ့နှံ့ခဲ့ဖူး၏။

“မျက်လုံးနှစ်သွယ်က ကောင်းကင်နှင့်မြေကြီးကို ဖွင့်လှစ်မယ်….ရှေးပဝေသဏီကတည်းက လူ့လောကတွင် ရှုံးနိမ့်ခြင်းမရှိ”

ဤစကားတစ်ခွန်းတည်းဖြင့်ပင် မျက်လုံးနှစ်သွယ်ဟူသော ဤခန္ဓာကိုယ်၏ အားကောင်းမှုကို သိရှိနိုင်၏။

မျက်လုံးနှစ်သွယ်ဟူသော ဤခန္ဓာကိုယ်မှာ ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာကဲ့သို့ပင် ခေတ်ပေါင်းများစွာအတွင်း ပေါ်ထွက်လာရန် ခက်ခဲသော ကြောက်မက်ဖွယ် ခန္ဓာကိုယ်တစ်ခု ဖြစ်သည်။

ဤနေ့တွင် တားမြစ်နယ်မြေ၌ ရှိနေခဲ့သော စုရွှမ်သည် မျက်လုံးဖွင့်လိုက်ရာ သူ၏ နက်မှောင်သော ဆံနွယ်များမှာ လွင့်မျောနေပြီး မျက်လုံးသူငယ်အိမ်မှာ စူးရှနေခဲ့သည်။

သေချာစွာ ကြည့်ရှုပါက သိရှိနိုင်ပေလိမ့်မည်။

စုရွှမ်၏ မျက်လုံးတစ်စုံမှာ အဆုံးမရှိသော စကြဝဠာ၊ ကျယ်ပြောသော ကြယ်တာရာများနှင့် တူနေ၏။

ထိုအတွင်း၌ မရေမတွက်နိုင်သော လောကများ ပါဝင်နေသကဲ့သို့ ပေါ်လိုက်ပျောက်လိုက် ဖြစ်ကာ ဖန်တီးခြင်းနှင့် ဖျက်ဆီးခြင်းများ ဖြစ်ပေါ်နေသည်။

စုရွှမ်သည် သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်နှင့် ၊ ဟွမ်သွမ့်ချီသည် သူ၏ မျက်လုံးသူငယ်အိမ်များမှ ပျံ့နှံ့ထွက်ပေါ်လာပြီး ကောင်းကင်နှင့်မြေကြီးကို လွှမ်းခြုံသွား၏။

“စုရွှမ်... မင်းရဲ့... ဒါက မျက်လုံးနှစ်သွယ်လား ...”

တာယန်ဘိုးဘေးကြီးပင် ဖြစ်စေကာမူ ယခုအခါတွင် စုရွှမ်ကြောင့် အလွန်တရာမျှ တုန်လှုပ်ခြောက်ခြားသွား၏။

မျက်လုံးနှစ်သွယ်၏ ရှုံးနိမ့်ခြင်းမရှိ ဒဏ္ဍာရီကို တာယန်ဘိုးဘေးကြီးသည်လည်း သဘာဝအတိုင်း ကြားဖူး၏။ ၎င်းမှာ စစ်မှန်သော ပြိုင်ဘက်ကင်း ခန္ဓာကိုယ်တစ်ခု ဖြစ်သည်။

မျက်လုံးနှစ်သွယ်ကို ပိုင်ဆိုင်ထားခြင်းသည် ခေတ်တစ်ခုကို လွှမ်းမိုးနိုင်သည့် အလွန်တရာမျှ တောက်ပသော အရင်းအနှီးကို ရရှိခြင်းပင် ဖြစ်သည်။

ထို့အပြင် စုရွှမ်သည် မျက်လုံးနှစ်သွယ်တစ်ခုတည်းကိုသာ ပိုင်ဆိုင်ထားခြင်း မဟုတ်ဘဲ သူမှာ ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာနှင့် အဓိပတိရိုးကိုပါ ပိုင်ဆိုင်ထားသော ယောက်ျားတစ်ယောက် ဖြစ်သည်။

ဟူး...

တာယန်ဘိုးဘေးကြီးမှာ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး သူမ၏ လှပသော မျက်ဝန်းများတွင် ထူးဆန်းသော အရောင်များ တောက်ပလာ၏။

ဤသို့သော အရည်အချင်းမျိုးဖြင့် စုရွှမ်သည် ထွန်းတောက်လာသည်နှင့်အမျှ ကောင်းကင်ဘုံအားလုံးကို အလွန်ကြီးမားသော တုန်လှုပ်ခြောက်ခြားမှုကို ဧကန်မုချ ယူဆောင်လာပေလိမ့်မည်။

...

All Chapters