← Chapters

လက်နက်စစ်ပညာကျမ်း။ ဧကရာဇ်လက်နက်ကို ထိန်းချုပ်ခြင်း။

Vol. 6 Ch. 74

လက်နက်စစ်ပညာကျမ်း။ ဧကရာဇ်လက်နက်ကို ထိန်းချုပ်ခြင်း။

Vol. 6 Ch. 74

ညနေစောင်းအချိန်တွင် မရေမတွက်နိုင်သော မြင့်မြတ်နယ်မြေမှ တပည့်များမှာ ကြိုးစားပမ်းစား ကျင့်ကြံနေကြစဉ် ကောင်းကင်စွန်းတွင် လွင့်မျောနေသော အဖြူရောင်ဝတ်စုံနှင့် အရိပ်တစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။

ဤအရိပ် ပေါ်ထွက်လာသည်နှင့် ၊မရေမတွက်နိုင်သော အကြည့်များကို ဆွဲဆောင်နိုင်ခဲ့ပြီး မရေမတွက်နိုင်သော အော်ဟစ်သံများကို ဖြစ်ပေါ်စေခဲ့သည်။

ထိုအရိပ်မှာ စုရွှမ်ဖြစ်သည်မှာ သံသယဖြစ်စရာပင် မလိုချေ။

စုရွှမ်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဟွမ်သွမ့်နတ်အလင်းတန်းက ဖုံးလွှမ်းထားသဖြင့် အလွန်တရာမျှ လျှို့ဝှက်ဆန်းကြယ်ပြီး သဘာဝအတိုင်း ထူးကဲသော အရှိန်အဝါတစ်ခု ရှိနေသဖြင့် နတ်ပြည်မှ ဆင်းသက်လာသော နတ်မင်းတစ်ပါးနှင့်ပင် တူနေ၏။

“ဘုရားရေ... မြင့်မြတ်သားတော် ပြန်လာပြီ... တကယ်ကို ခန့်ညားတာပဲ...”

“မြင့်မြတ်သားတော်က အရှေ့ပိုင်းစွန့်ပစ်နယ်မြေရဲ့ ထူးဆန်းတဲ့ ဒဏ္ဍာရီ ခုနစ်ခုထဲက တစ်ခုဖြစ်တဲ့ ကြေးနီအမတနန်းတော် အသက်ရှင်လျက်နဲ့ ပြန်လာနိုင်ခဲ့တာပဲ...”

“ဟားဟား... ငါကြားပြီးပြီ... မြင့်မြတ်သားတော်က ဒီတစ်ခေါက်မှာ မရေမတွက်နိုင်တဲ့ ထိပ်တန်း ကောင်းကင်ပါရမီရှင်တွေကို ချေမှုန်းခဲ့ပြီး အင်အားကြီးအဖွဲ့အစည်းတွေရဲ့ အကြီးအကဲတွေကိုတောင် သတ်ဖြတ်ပြီးမှ ပြန်လာခဲ့တာတဲ့...”

“ဟုတ်တယ်... ငါကြားတာတော့ နဂါးဘိုးဘေးသိုက်နဲ့ ရွှေတောင်ပံ ငှက်မျိုးနွယ်တို့ လုံးဝ ပျက်သုဉ်းသွားပြီတဲ့... အင်အားအလွန်တရာကြီးမားတဲ့ အနောက်ဘက် ကောင်းကင်ဘုံဘုရားကျောင်းရဲ့ အမွေအနှစ်တောင် တစ်ဝက်မက ပြတ်တောက်သွားပြီတဲ့... ငါတို့ရဲ့ မြင့်မြတ်သားတော်ကို ရန်သွားရှာလို့ နေမှာပေါ့...”

“နဂါးဘိုးဘေးသိုက်နဲ့ ရွှေတောင်ပံ ဌက်မျိုးနွယ်ဆိုတာ အင်အားအလွန်တရာကြီးမားတဲ့ အဖွဲ့အစည်းတွေပဲ... ငါတို့ တာယန်မြင့်မြတ်နယ်မြေထက် မနိမ့်ဘူး...ဒါကို ချက်ချင်း ပျက်သုဉ်းသွားတယ်တဲ့လား... ပြီးတော့ အနောက်ဘက် ကောင်းကင်ဘုံဘုရားကျောင်းဆိုတာ အမွေအနှစ်တွေက အဆုံးမရှိဘူး... အဲဒီနေရာတောင်မှ အမွေအနှစ် တစ်ဝက်မက ပြတ်တောက်သွားတယ်တဲ့လား... ကြောက်စရာကောင်းတယ်... တကယ်... တကယ်ကို ကြောက်စရာကောင်းတာပဲ...”

မြင့်မြတ်နယ်မြေထဲတွင် မရေမတွက်နိုင်သော တပည့်များထံမှ ဆူညံသံများ ထွက်ပေါ်လာပြီး စုရွှမ်၏ လုပ်ရပ်များကြောင့် အားလုံး တုန်လှုပ်ခြောက်ခြားသွားကြသည်။

“မြင့်မြတ်သားတော်က... တကယ်ကို ခန့်ညားတာပဲ... ကျွန်မတော့ ရှင့်ကို ပစ်ကြွေသွားပြီ...”

“မြင့်မြတ်သားတော်... ကျွန်မ ရှင့်အတွက် မျောက်ကလေးတွေ မွေးပေးချင်တယ်...”

စုရွှမ် ပြန်လာသည်ကို မြင်သည်နှင့် အမျိုးသမီး ကျင့်ကြံသူအများအပြားမှာ စိတ်လှုပ်ရှားစွာဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။

စုရွှမ်မှာမူ ၊ ဤအရာများကို တိုက်ရိုက် လျစ်လျူရှုလိုက်ပြီး မြင့်မြတ်သားတော်တောင်ထိပ်သို့ တန်းတန်းမတ်မတ် ပျံသန်းသွား၏။

ယနေ့ခရီးစဉ်မှာ အလွန်ပင် ပင်ပန်းလှသဖြင့် ကောင်းစွာ အနားယူရန် လိုအပ်သည်။

မြင့်မြတ်သားတော်တောင်ထိပ်သို့ ပြန်ရောက်သောအခါ စုရွှမ်မှာ တင်ပျဉ်ခွေ ထိုင်လိုက်သည်။

သူသည် ကြေးနီအမတနန်းတော်မှ ရရှိခဲ့သော မသေမျိုးဆေးပင်နှစ်ပင်နှင့် သူတော်စင်ဆေးအချို့ကို ထုတ်ယူလိုက်သည်။

စုရွှမ်မှာ ထိုဆေးပင်များကို တိုက်ရိုက် မျိုချလိုက်၏။

ချက်ချင်းပင် သန့်စင်ပြီး ကြွယ်ဝသော စွမ်းအားများမှာ စုရွှမ်၏ ခန္ဓာကိုယ်ထဲတွင် ပေါက်ကွဲထွက်လာသည်။

အဆုံးမရှိသော ဝိညာဉ်စွမ်းအင်များသည် တာယန်မြင့်မြတ်နယ်မြေ၏ လေးဘက်လေးတန်မှ မြင့်မြတ်သားတော်တောင်ထိပ်သို့ အရူးအမူး စီးဝင်လာကြသည်။

ထိုစွမ်းအင်များမှာ ဒီရေကဲ့သို့ စုရွှမ်၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွား၏။

ခဏအကြာတွင် စုရွှမ်၏ စိတ်ထဲ၌ သတိပေးသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဒင်!... ပိုင်ရှင်က အမတနတ်ဆေးကို သောက်သုံးလိုက်သည့်အတွက် ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာ နိုးထမှု တိုးတက်နှုန်း +၆%။

တစ်ချိန်တည်းမှာပင် စုရွှမ်၏ ကျင့်ကြံမှုအဆင့်သည် လေးဆင့်ဆက်တိုက် ထိုးတက်သွားပြီး၊ ချမ်သွမ့်အဆင့် ၉ သို့ ရောက်ရှိသွားကာ ဘုရင်အဆင့်သို့ တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုတော့သည်။

သူ စိတ်ကူးလိုက်သည်နှင့် အပြာရောင်ဖျော့ဖျော့ စနစ်မျက်နှာပြင်တစ်ခုက စုရွှမ်၏ မျက်စိရှေ့တွင် ပေါ်လာသည်။

အမည်: စုရွှမ်

အဆင့်အတန်း: မြောက်ပိုင်းနယ်မြေ စုမိသားစု သခင်ငယ်၊ အရှေ့ပိုင်းစွန့်ပစ်နယ်မြေ တာယန်မြင့်မြတ်နယ်မြေ မြင့်မြတ်သားတော်

ကျင့်ကြံမှုအဆင့်: ချမ်းသွမ့်အဆင့် ၉

ကျင့်စဉ်: တာယန်မြင့်မြတ်ကျမ်း၊ စုမိသားစု ဧကရာဇ်ကျမ်း (မပြည့်စုံ)၊ ထာဝရကောင်းကင်ဧကရာဇ်ကျမ်း

သိုင်းပညာ: တာယန်ဓားကိုးစင်း၊ ပြန်လည်မွေးဖွားခြင်းလမ်းခြောက်သွယ်၊ နတ်ဆင်အကျဉ်းထောင်ဖိနှိမ်ခြင်း...

ခန္ဓာကိုယ်: ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာ (နိုးထမှု ၁၈ %)

“ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာက ၁၈% နိုးထပြီးပြီပဲ... ငါထင်ထားတာထက် အများကြီး ပိုမြန်နေပါလား...”

တိတ်ဆိတ်သော အခန်းထဲတွင် စုရွှမ်သည် တိုးတိုးလေး ရေရွတ်လိုက်၏။

ညမှာ ရေကဲ့သို့ အေးမြနေပြီး ကြည်လင်သော လရောင်မှာ ပြတင်းပေါက်မှတစ်ဆင့် စုရွှမ်၏ ကိုယ်ပေါ်သို့ ကျဆင်းနေသည်။

စုရွှမ်မှာ မတ်တပ်ထရပ်လိုက်ပြီး ပြတင်းပေါက်ဘေးသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။

ပြတင်းပေါက်ကို ဖွင့်လိုက်သောအခါ အေးမြသော လေပြေတစ်ခုက သူ့မျက်နှာကို လာရောက် ထိခတ်သွားသည်။

စုရွှမ်သည် သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီး သူ၏ မျက်မှောင်များမှာ ပြေလျော့သွားကာ ခပ်ဖွဖွ ပြုံးလိုက်သည်။

“ဒီတစ်ခေါက် ခရီးက အလဟဿ မဖြစ်ခဲ့ဘူးပဲ...”

နောက်တစ်နေ့တွင် စုရွှမ်သည် သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်နှင့်။

ဒင်!... လက်ထပ်ပြီး တစ်ဆယ့်ခြောက်ရက်မြောက်နေ့အတွက် ဆုလာဘ်မှာ စစ်လက်နက်ကျမ်းဖြစ်ပါသည်။

စစ်လက်နက်ကျမ်း: ရန်သူနှင့် ရင်ဆိုင်သောအခါ အဖိုးတန် ဧကရာဇ်လက်နက်များကို ဖိနှိမ်နိုင်သည်၊ အရာခပ်သိမ်းကို လက်နက်အဖြစ် ထိန်းချုပ်နိုင်ပြီး လက်နက်အားလုံးကို ချိုးဖျက်နိုင်သည်၊ ကျင့်ကြံမှုအဆင့် သွေးမျိုးရိုးတို့ဖြင့် ကန့်သတ်မထားချေ။ ဤသည်မှာ လက်နက်ပြုလုပ်ခြင်း လျှို့ဝှက်ပညာပင် ဖြစ်သည်။

ရှီး...

စနစ်၏ သတိပေးသံကြောင့် စုရွှမ်မှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားသည်။

စစ်လက်နက်ကျမ်းတဲ့လား။

ဤကဲ့သို့သော အဖိုးတန်ပညာရပ် ရှိနေပါက သူသည် လက်နက်များကို လွယ်ကူစွာ ထိန်းချုပ်နိုင်တော့မည် ဖြစ်သည်။

ဧကရာဇ်လက်နက်ပင် ဖြစ်စေကာမူ ထိန်းချုပ်နိုင်လိမ့်မည်။

All Chapters